Issues
Nibbāna Gāminipaṭipadā Vol 2
Nibbāna Gāminipaṭipadā Vol 2

NGP-Vol2-[593] သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် အော

Author: IAPT

သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် အောင်မြင်ပြီ

ဤတွင် ---

  • ၁။ အဇ္ဈတ္တ၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းခြင်း,
  • ၂။ ဗဟိဒ္ဓ၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းခြင်း,
  • ၃။ အဇ္ဈတ္တ-ဗဟိဒ္ဓ၌ ကာယ-ဝေဒနာ-စိတ္တ-ဓမ္မတို့ကို သိမ်းဆည်းခြင်း ---

ဟူသော သတိပဋ္ဌာန်လေးပါးလုံး၌ ဒုတိယဆင့် ကျင့်စဉ်ကား အောင်မြင်ပြီးဆုံးပြီ ဖြစ်ပေသည်။ ကာယာနုပဿနာ သတိပဋ္ဌာန်တွင် အကျုံးဝင်သော အာနာပါနဿတိသမာဓိကို ဝိပဿနာ၏ အခြေပါဒကပြု၍ ရုပ်နာမ်တို့ကို အဇ္ဈတ္တ ဗဟိဒ္ဓ နှစ်ဌာနတို့၌ သိမ်းဆည်းပုံ အစီအရင်ပင် ဖြစ်ပေသည်။

ယခုအခါ အသင်သူတော်ကောင်းသည် အာနာပါနကမ္မဋ္ဌာန်းကို အစီအစဉ်တကျ တစ်ဆင့်ပြီး တစ်ဆင့်ပွားများ အားထုတ်ခြင်းဖြင့် ကာယ-ဝေဒနာ-စိတ္တ-ဓမ္မဟူသော သတိ၏ တည်ရာ ဝိပဿနာဉာဏ်၏ တည်ရာအာရုံလေးမျိုးကို = သတိပဋ္ဌာန်လေးပါးကို သိမ်းဆည်း ရှုပွားခြင်း ကိစ္စလည်း အကျုံးဝင်သွားပြီ ဖြစ်သည်ကို သဘောပေါက်သင့်လောက်ပေပြီ။