၂။ ဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်
ယဿ ဝေဒနာ ပါကဋာ ဟောတိ၊ သောပိ “န ကေဝလံ ဝေဒနာဝ ဥပ္ပဇ္ဇတိ၊ တာယ သဒ္ဓိံ တဒေဝါရမ္မဏံ ဖုသမာနော ဖဿောပိ ဥပ္ပဇ္ဇတိ၊ သဉ္ဇာနနမာနာ သညာပိ၊ စေတယမာနာ စေတနာပိ၊ ဝိဇာနနမာနံ ဝိညာဏမ္ပိ ဥပ္ပဇ္ဇတီ”တိ ဖဿပဉ္စမကေယေဝ ပရိဂ္ဂဏှာတိ။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)
= အကြင် ယောဂါဝစရပုဂ္ဂိုလ်၏ အသိဉာဏ်၌ ဝေဒနာသည် ထင်ရှား၏၊ ထိုဝေဒနာ ထင်ရှားသော ပုဂ္ဂိုလ်သည်လည်း --- “ဝေဒနာ တစ်ခုတည်းသက်သက်သာ ဖြစ်ပေါ်လာသည်ကား မဟုတ်သေး၊ ထိုဝေဒနာနှင့် အတူတကွ ထိုအာရုံကိုပင် တွေ့ထိတတ်သော ဖဿသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် မှတ်သားတတ်သောသညာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံပေါ်သို့ သမ္ပယုတ်တရားတို့ကို ရောက်အောင် စေ့ဆော်ပေးတတ်သော စေတနာသည်လည်း ဖြစ်ပေါ်လာ၏၊ ထိုအာရုံကိုပင် ပိုင်းပိုင်းခြားခြား သိတတ်သော ဝိညာဏ်သည်လည်း ဖြစ်ပေါ်လာ၏”ဟု ဤသို့ နှလုံးပိုက်၍ ဖဿလျှင် ငါးခုမြောက်ရှိသော ဖဿပဉ္စမကတရားတို့ကိုပင်လျှင် သိမ်းဆည်း၏ ဉာဏ်ဖြင့် ပိုင်းခြားယူ၏။ (အဘိ၊ဋ္ဌ၊၂၊၂၅၂။ မ၊ဋ္ဌ၊၁၊၂၈၀။)