ဖန္ဒနံ စပလံ စိတ္တန္တိ = ဟူသော။
ဣမံ ဓမ္မဒေသနံ = ကို။
သတ္ထာ = သည်။
စာလိကာယ စာလိကာယ။ စလတိ စလမာနာ ဝိယ ဥပဋ္ဌာတီတိ စာလိကာ၊ [စလ+ဏွု+အာ၊] စာလိကာတောင်သည် စာလိကာမြို့အနီး၌ ရှိ၏ ၊ မြို့တည်စဉ်က ပတ်ဝန်းကျင်း၌အနက်ရောင်ရွံ့ညွန်များ လှုပ်ရှားလျက်ရှိခြင်းကြောင့် ၎င်းမြို့သည် "စာလိကာ" ဟုအမည်ရသည်၊ သာဝတ္ထိမြို့သွားသည့်လမ်း,ကောသမ္ဗီမြို့အနီတွင် ရှိသည်၊ ယခုအခါဣန္ဒိယနိုင်ငံအလယ်ပိုင်း ဗာန်ဒါအရပ်၌ တည်ရှိသည်ဟု ဆို၏ ၊ ၎င်းစာလိကာမြို့၏အနီး၌ရှိသော တောင်ကိုလည်း တစ်တောင်လုံး ဖြူဖွေးနေသဖြင့် လဆုတ်ဥပုသ်နေ့မှာကြည့်သူတို့အား လှုပ်ရှားနေသလို ထင်ရသောကြောင့် "စာလိကာ"ဟု ခေါ်သည်၊ ဤ၌ ထိုတောင်ပေါ်ဝယ် ဆောက်လုပ်ထားအပ်သော ကျောင်းတိုက်ကြီးကို ဌာနူပစာရအားဖြင့် ယူပါ ၊ ဘုရားရှင်သည် ၁၃ဝါမြောက်, ၁၈ဝါမြောက်, ၁၉ဝါမြောက်အားဖြင့်၃ကြိမ်တိုင် စာလိကာတောင်ပေါ်ကျောင်း၌ ကြွရောက်ဝါကပ်တော်မူခဲ့သည်။ (အံ . ဋ္ဌ-၃, ၂၅၈, ဥဒါန . ဋ္ဌ-၁၉၆၊ ဗုသာ-၂၇၇-၈၊ မဇ္ဈိမ-၇၇) =စာလိကာမည်သော ။
ပဗ္ဗတေ = တောင်၌။
ဝါ = တောင်ပေါ်ကျောင်း၌။
ဝိဟရန္တော = စဉ်။
အာယသ္မန္တံ မေဃိယံ = ကို။
အာရဗ္ဘ ကထေသိ။
တဿ = ထိုအရှင်မေဃိယ၏။
ဝတ္ထုံ = ဝတ္ထုကို။
ဝိဘာဝနတ္ထံ
အာဝိဘာဝတ္ထံ။ "တအတ္ထငှာ, တုံငှာတစ်ထွေ, ဝိသေသန, ဟိတ်လည်းရ,ထွန်းပြတ္ထံနက်(ရွှေ-၁၆၃)" ဟူသော နိယံအရ တ္ထံ၏အနက်သည် "ထင်ရှားပြခြင်းအကျိုးငှာ"ဟု ပေးရသော တဒတ္ထအနက်နှင့် တုမတ္ထအနက်, "ထင်ရှားပြလို၍"ဟု ပေးရသော ကြိယာဝိသေသနအနက်,"ထင်ရှားပြလိုသောကြောင့်"ဟု ပေးရသောဟိတ်အနက်,"ထင်ရှားပြလိုသော်"ဟု ပေးရသော လက္ခဏအနက်" ဟု သဒ္ဒါကျမ်းသုံးအနက်အားဖြင့် ၅မျိုးရှိသည်၊ "ဟိတ်လည်းရ"ဖြင့် လက္ခဏအနက်ကို ဆည်းယူသည် ၊ သဒ္ဒါကျမ်းသုံးအားဖြင့် အနက်၅မျိုးဖြစ်သော်လည်း မြန်မာနက်အားဖြင့်"ကြေင့်-၍-သော်-ငှာ, နက်၄ဖြာ,ပေးပါ တ္ထံနက်"နှင့်အညီ ၄နက်သာတည်း၊ ဤ၌တဒတ္ထအနက်အပြင် "ထြင်ရှားပြလိုလသော်၊(ထင်ရှင်းချင်လျှင်)"ဟူသော လက္ခဏအနက်လည်း ရနိုင်သည်။ = ထင်ရှားပြခြင်းငှာ။
သဗ္ဗံ မေဃိယသုတ္တန္တံ ( ဥဒါ.၃၁) ဝိတ္ထာရေတဗ္ဗံ.