Issues
Select Version
叶均居士
中文
相似nissaya—小善慧
中文
Khuddasikkhā-abhinavaṭīkā
  • Ganthārambhakathā
  • Ganthārambhakathāvaṇṇanā
  • Mātikāvaṇṇanā
  • 1. Pārājikaniddesavaṇṇanā
  • 2. Saṅghādisesaniddesavaṇṇanā
  • 3. Cīvaraniddesavaṇṇanā
  • 4. Rajananiddesavaṇṇanā
  • 5. Pattaniddesavaṇṇanā
  • 6. Thālakaniddesavaṇṇanā
  • 7. Pavāraṇāniddesavaṇṇanā
  • 8. Kālikaniddesavaṇṇanā
  • 9. Paṭiggāhaniddesavaṇṇanā
  • 10. Akappiyamaṃsaniddesavaṇṇanā
  • 11. Nissaggiyaniddesavaṇṇanā
  • 12. Pācittiyaniddesavaṇṇanā
  • 13. Samaṇakappaniddesavaṇṇanā
  • 14. Bhūminiddesavaṇṇanā
  • 15. Upajjhācariyavattaniddesavaṇṇanā
  • 16. Vaccapassāvaṭṭhānikaniddesavaṇṇanā
  • 17. Āpucchakaraṇaniddesavaṇṇanā
  • 18. Nagganiddesavaṇṇanā
  • 19. Nhānakappaniddesavaṇṇanā
  • 20. Avandiyaniddesavaṇṇanā
  • 21. Cammaniddesavaṇṇanā
  • 22. Upāhananiddesavaṇṇanā
  • 23. Anolokiyaniddesavaṇṇanā
  • 24. Añjanīniddesavaṇṇanā
  • 25. Akappiyasayananiddesavaṇṇanā
  • 26. Samānāsanikaniddesavaṇṇanā
  • 27. Asaṃvāsaniddesavaṇṇanā
  • 28. Kammaniddesavaṇṇanā
  • 29. Micchājīvavivajjanāniddesavaṇṇanā
  • 30. Vattaniddesavaṇṇanā
  • 31. Vikappanāniddesavaṇṇanā
  • 32. Nissayaniddesavaṇṇanā
  • 33. Kāyabandhananiddesavaṇṇanā
  • 34. Pathavīniddesavaṇṇanā
  • 35. Parikkhāraniddesavaṇṇanā
  • 36. Bhesajjaniddesavaṇṇanā
  • 37. Uggahaniddesavaṇṇanā
  • 38. Dūsananiddesavaṇṇanā
  • 39. Vassūpanāyikaniddesavaṇṇanā
  • 40. Avebhaṅgiyaniddesavaṇṇanā
  • 41. Pakiṇṇakaniddesavaṇṇanā
  • 42. Desanāniddesavaṇṇanā
  • 43. Chandadānaniddesavaṇṇanā
  • 44. Uposathaniddesavaṇṇanā
  • 45. Pavāraṇāniddesavaṇṇanā
  • 46. Saṃvaraniddesavaṇṇanā
  • 47. Suddhiniddesavaṇṇanā
  • 49. Caturārakkhaniddesavaṇṇanā
  • 50. Vipassanāniddesavaṇṇanā
  • Nigamanakathāvaṇṇanā
  • Nigamanakathā
Khuddasikkhā-abhinavaṭīkā
  • Ganthārambhakathā
  • Ganthārambhakathāvaṇṇanā
  • Mātikāvaṇṇanā
  • 1. Pārājikaniddesavaṇṇanā
  • 2. Saṅghādisesaniddesavaṇṇanā
  • 3. Cīvaraniddesavaṇṇanā
  • 4. Rajananiddesavaṇṇanā
  • 5. Pattaniddesavaṇṇanā
  • 6. Thālakaniddesavaṇṇanā
  • 7. Pavāraṇāniddesavaṇṇanā
  • 8. Kālikaniddesavaṇṇanā
  • 9. Paṭiggāhaniddesavaṇṇanā
  • 10. Akappiyamaṃsaniddesavaṇṇanā
  • 11. Nissaggiyaniddesavaṇṇanā
  • 12. Pācittiyaniddesavaṇṇanā
  • 13. Samaṇakappaniddesavaṇṇanā
  • 14. Bhūminiddesavaṇṇanā
  • 15. Upajjhācariyavattaniddesavaṇṇanā
  • 16. Vaccapassāvaṭṭhānikaniddesavaṇṇanā
  • 17. Āpucchakaraṇaniddesavaṇṇanā
  • 18. Nagganiddesavaṇṇanā
  • 19. Nhānakappaniddesavaṇṇanā
  • 20. Avandiyaniddesavaṇṇanā
  • 21. Cammaniddesavaṇṇanā
  • 22. Upāhananiddesavaṇṇanā
  • 23. Anolokiyaniddesavaṇṇanā
  • 24. Añjanīniddesavaṇṇanā
  • 25. Akappiyasayananiddesavaṇṇanā
  • 26. Samānāsanikaniddesavaṇṇanā
  • 27. Asaṃvāsaniddesavaṇṇanā
  • 28. Kammaniddesavaṇṇanā
  • 29. Micchājīvavivajjanāniddesavaṇṇanā
  • 30. Vattaniddesavaṇṇanā
  • 31. Vikappanāniddesavaṇṇanā
  • 32. Nissayaniddesavaṇṇanā
  • 33. Kāyabandhananiddesavaṇṇanā
  • 34. Pathavīniddesavaṇṇanā
  • 35. Parikkhāraniddesavaṇṇanā
  • 36. Bhesajjaniddesavaṇṇanā
  • 37. Uggahaniddesavaṇṇanā
  • 38. Dūsananiddesavaṇṇanā
  • 39. Vassūpanāyikaniddesavaṇṇanā
  • 40. Avebhaṅgiyaniddesavaṇṇanā
  • 41. Pakiṇṇakaniddesavaṇṇanā
  • 42. Desanāniddesavaṇṇanā
  • 43. Chandadānaniddesavaṇṇanā
  • 44. Uposathaniddesavaṇṇanā
  • 45. Pavāraṇāniddesavaṇṇanā
  • 46. Saṃvaraniddesavaṇṇanā
  • 47. Suddhiniddesavaṇṇanā
  • 49. Caturārakkhaniddesavaṇṇanā
  • 50. Vipassanāniddesavaṇṇanā
  • Nigamanakathāvaṇṇanā
  • Nigamanakathā

49. Caturārakkhaniddesavaṇṇanā

Author: 相似nissaya—小善慧 @ sumedhā

သမ္မာတိ ကား။ အဝိပရီတံ မဖောက်မပြန် မှန်ကန်စွာ။
ဟိ မှန်။ သမ္ဗုဒ္ဓေါတိ ဧတ္ထ ဟူသော ပါဌ်၌။ သံ-သဒ္ဒေါ ကို။ (ဒဋ္ဌဗ္ဗော-၌ စပ်) သယန္တိ ဧတဿ ဟူသော ဤပုဒ်၏။ သတ္ထဿ ကို။ ဗောဓကော သိစေတတ်သည်ဟူ၍။ ဒဋ္ဌဗ္ဗော ၏။
တတ္ထာတိ ကား။ တသ္မိံ အဿမေ ထိုသင်္ခမ်းကျောင်း၌။
ဣမေ သတ္တာ ဤသတ္တဝါတို့သည်။ အဝေရာ ခိုက်ရန်ဒေါသ အာဃာတမရှိကြကုန်သည်။ ‌ဟောန္တု ဖြစ်ပါစေကုန်သနည်း။ အဗျာပဇ္ဈာ စိတ်ဆင်းရဲခြင်းမရှိကြကုန်သည်။ ဟောန္တု တည်း။ အနီဃာ ကိုယ်ဆင်းရဲမရှိကုန်သည်။ ဟောန္တု တည်း။ သုခီ ကိုယ်စိတ်နှစ်ဖြာချမ်းသာရှိကြကုန်သည်။ (ဟုတွာ ဖြစ်ကြ၍)။ အတ္တာနံ မိမိကိုယ်ကို။ ပရိဟရန္တု ပြုစုစောင့်ရှောက်မွေးမြူနိုင်ကြပါစေကုန်သတည်း။ပရိဟရန္တုပုဒ်၏ ဋ္ဌဋီအဖွင့် ။ ။ အဋ္ဌကထာ ၌ ပရိဟရတိပုဒ်ကို "ဇဂ္ဂတိ ပေါသေတိ ‌ဂေါပေတိ- မွေးမြူ၏၊ ပြုစုစောင့်ရှောက်၏" ဟု ဖွင့်၏၊ အတ္တာနံ ပရိဟရတီတိ နိဂ္ဂုဏံ အတ္တာနံ ဂေါပယတိ။ အင်္ဂုတ္တိုရ်အဋ္ဌကထာ၊ ဒု-၅၉ (ဒုကနိပါတ်စာပိုဒ် _ ၁၃၅- သုတ်အဖွင့်)။ ကာယပရိဟာရိက- ခန္ဓာကိုယ်ကို မွေးမြူတတ်သော သင်္ကန်းသပိတ်စသော ပရိက္ခရာ၊ ကုစ္ဆိပရိဟာရိက- ဝမ်းကို မွေးမြူတတ်သော ပရိက္ခရာ။
ဤပါဠိများကို နည်းမှီး၍ "သုခီ အတ္တာနံ ပရိဟရန္တု" ဟူသော ဤမေတ္တာပို့ ဝါကျ၌လည်း ထို့အတိုင်း မြန်မာပြန်လျှင် အဋ္ဌကထာ အဖွင့်နှင့် တထပ်တည်းတူညီ၏၊ သတ္တဝါတို့သည် နေ့စဉ် နေ့စဉ် အချိန်မရွေးခန္ဓာကိုယ်၏ အလိုလိုက်ပြီး မိမိတို့ခန္ဓာကိုယ်ကို ကျွေးမွေးစောင့်ရှောက်ပြုစုနေကြရ၏၊ ယင်းသို့ ပြုစုနေကြရာ၌ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် ကျွေးမွေးပြုစုစောင့်ရှောက်နိုင်ကြပါစေဟု မေတ္တာပို့ ပါဠိဆိုလိုသောကြောင့် အဓိပ္ပာယ်လည်းကောင်း၏။
ယခုအခါ၌မူ "ပရိဟရန္တု- ရွက်ဆောင်နိုင်ကြပါစေကုန်သတည်း" ဟု မြန်မာပြန်ရိုးထုံးစံ ဖြစ်နေ၏။ ယင်းသို့ မြန်မာပြန်ရာ၌ "မိမိခန္ဓာကိုယ်ဟူသော ဝန်ထုပ်ဝန်ပိုးကို ရွက်ဆောင်သည် (သို့မဟုတ်) ခန္ဓာကိုယ်တာဝန်ကို ထားဆောင်သည်" ဟုအဓိပ္ပာယ်ယူသင့်၏။ ကျန်းမာရေးချို့တဲ့၍ အားနည်းနေသောသူများသည်မိမိတို့ ခန္ဓာကိုယ် ဝန်ထုပ်ကို ပေါ့ပေါ့ပါးပါး ချမ်းချမ်းသာသာ ရွက်ဆောင်နိုင်ကြသည်မဟုတ်၊ ရောဂါအသည်းအသန်ဖြစ်နေ၍ အိပ်ရာထဲက မထနိုင်အောင် တုံးလုံးလဲ နေသူသူမှာမူ မိမိ ခန္ဓာကိုယ်တာဝန်ကို ကိုယ်တိုင်ထမ်းဆောင်နိုင်တော့သည် မဟုတ်သော ကြောင့် အခြားသူများက ဝိုင်းဝန်းကူညီထမ်းဆောင်ပေးကြရ, ပြုစုစောင့် ရှောက်ကြရ၏၊ ထို့ကြောင့် သတ္တဝါအားလုံးတို့ ယင်းသို့ မဖြစ်ကြရအောင် "သုခီ အတ္တာနံ ပရိဟရန္တု- ကိုယ်စိတ်နှစ်ဖြာ ချမ်းသာစွာဖြင့် မိမိတို့ ခန္ဓာကိုယ်တာဝန်အရပ်ရပ်ကို ရွက်ဆောင်နိုင် ထမ်းဆောင်နိုင်ကြပါစေ" ဟု ဆိုလိုသောကြောင့် "ရွက်ဆောင်" ဟူသော မြန်မာပြန်သည်လည်း အဓိပ္ပာယ်ကောင်းသည်ပင်ဖြစ်၏။
တနည်းဆိူရသော် ခန္ဓာကိုယ် ကို ရွက်ဆောင်၏ ဟူသည် ခန္ဓာကိုယ်ကို ကျွေးမွေးပြုစုစောင့်ရှောက်ခြင်းပင် ဖြစ်သောကြောင့် ရွက်ဆောင်ခြင်းအနက်ကို ပရဓာတ်၏ မူရင်းအနက် (သဒ္ဒတ္ထ) ဟု ဆို၍ အဋ္ဌကထာ၏ ဇဂ္ဂန,ပေါသန,ဂေါသန (ကျွေးမွေးပြုစု စောင့်ရှောက်ခြင်း) အနက်ကိုမူ အဓိပ္ပာယ်အနက်ဟု ဆိုလိုက ဆိုနိုင်ပါ၏။
တိစိဝရံ တာဝ နိဝါသေတွာ စ ပါရုပိတွာ စ ဝိစရဏကာလော ကာယံ ပရိဟရတိ ပေါသေတီတိ ကာယပရိဟာရိကံ ဟောတိ၊ စီဝရကဏ္ဏေနဥဒကံ ပရိဿာဝေတွာ ပိဝနကာလေ ခါဒိတဗ္ဗလာဖလဂဟဏကာလေစ ကုစ္ဆိံ ပရိဟရတိ ပေါသေတီတိ ကုစ္ဆိပရိဟာရိကံ ဟောတိ။ စတုက္ကနိပါတ်စာပိုဒ် (၁၉၈) အတ္တန္တ ပသုတ်အဋ္ဌကထာ (နှာ- ၃၈၀)၊ သီလက္ခန်အဋ္ဌကထာ (၁၈၄- ၅)၊ ကာယံ ပရိဟရန္တိ ပေါသေန္တီတိ ကာယပရိဟာရိကာ၊ တထာ ကုစ္ဆိပရိဟာရိကာ ဝေဒိတဗ္ဗာ။ သီလက္ခန်ဋီကာ။ ၂၅၅။
ဝါ ဆောင်ရွက်နိုင်ကြပါစေကုန်သတည်း။ ဣတိ ဤသို့။ အဗျာပန္နစိတ္တော ဖောက်ပြန်ခြင်းသို့ ရောက်သော ဒေါသမူစိတ်မရှိသည်။ အပ္ပဒုဋ္ဌမနသင်္ကပ္ပေါ ဒေါသသည် ဖျက်ဆီးအပ်သော စိတ်အကြံမရှိသည်။ ဟောတိ ၏။
ပန ထိုမှတပါး။ ဝစသာ ဖြင့်။ သဇ္ဈာယော ကို။ ကာတဗ္ဗော ယထာ သို့။ တထေဝ လျှင်။ မနသာပိ ဖြင့်လည်း။ သဇ္ဈာယော ကို။ ကာတဗ္ဗော ၏။
ဟိ ယုတ္တံ စွ။ ဝစသာ ဖြင့်။ သဇ္ဈာယော သည်။ မနသာ ဖြင့်။ သဇ္ဈာယဿ ၏။ ပစ္စယော သည်။ ဟောတိ ၏။
ဝိက္ခေပပဋိဗာဟနတောတိ ကား။ ကမ္မဋ္ဌာနံ ကို။ ဝိဿဇ္ဇေတွာ စွန့်၍။ ဗဟိဒ္ဓါ ၌။ ပုထုတ္တာရမ္မဏေ အထူးထူးသော သဘောရှိသော အာရုံ၌။ စေတသော စိတ်ကို။ ဝါ စိတ်၏။ ဝိက္ခေပေါ ဖောက်ပြန်သော ပစ်လွှင့်ခြင်းကို။ ပဋိဗာဟိတဗ္ဗော မြစ်အပ်၏။
ပရိစ္တေဒတော ဖြင့်။ ကေသာ တို့ကို။ သီသဝေဌနစမ္မေ ဦးခေါင်းကိုရစ်သောအရေ၌။ ဝီဟဂ္ဂမတ္တံ စပါးအမြီးဖျားအတိုင်းအရှည်။ (ဝီဟိမည်သော စပါး၌ အမြီးဖျားပါသတတ်) ပဝိသိတွာ ဝင်၍။ ပတိဋ္ဌိတေန တည်သော။ ဟေဋ္ဌာ ၌။ အတ္တနော ၏။ မူလတလေန အမြစ်ပြင်ဖြင့်။ ဥပရိ ၌။ အာကာသေန ဖြင့်။ တိရိယံ ဖီလာ၌။ အညမညေန အချင်းချင်းဖြင့်။ ပရိစ္ဆိန္နာ ကုန်၏။ (ကထံ အဘယ်သို့နည်း။) ဒွေ ကေသာ တို့သည်။ ဧကတော တည်း။ နတ္ထိ ကုန်။ ဣတိ သို့။ ပရိစ္ဆိန္နာ ကုန်၏။ အယံ ဤဆိုခဲ့သောအပိုင်းအခြားသည်။ သဘာဂပရိစ္ဆေဒေါ မိမိ၏အဖို့ဖြင့် အပိုင်းအခြားတည်း ပြည်နိသျဟောင်း၌ ဤအရာတွင် အယံ၊ ဤသို့ တပေါင်းတည်းမရှိသောအားဖြင့် ပိုင်းခြားခြင်းသည်။ သဘာဝပရိစ္ဆေဒေါ၊ တူသော အဖို့ရှိသော အပိုင်းအခြားသည်။ ဟောတိ၊ ၏-ဟု ပြန်ထား၏။ နှာ-၁၅၂၌ ဆိုခဲ့သော အနက်-ဋီကာအဖွင့်တို့နှင့်မညီ။ (ဆ-သံ-သော)။
ကေသာ တို့သည်။ န လောမာ လောမမမည်ကုန်။ လောမာ တို့သည်လည်း။ န ကေသာ ကေသာမမည်ကုန်။ ဣတိ ဧဝံ သို့။ ဝါ ဤနည်းဖြင့်။ အဝသေသဧကတိံသကောဋ္ဌာသေဟိ ကြွင်းသော သုံးဆယ့်တပါးသောကောဋ္ဌာသတို့နှင့်။ အမိဿီကတာ ရောရှက်ခြင်းမရှိသည်ကို ပြုအပ်ကုန်သော။ ဝါ မရောရှက်စေအပ်ကုန်သော။ ကေသာ နမာ ဆံပင်တို့မည်သည်။ ပါဋိယေက္ကော အသီးတပုံဖြစ်သော။ ကောဋ္ဌာသော တည်း။ ဣတိ အယံ ဤသို့ရောရှက်ခြင်း မရှိသည်ကို ပြုသောအားဖြင့် ပိုင်းခြားခြင်းသည်။ ဝိသဘာဂပရိစ္ဆေဒေါ သည်။ ဟောတိ ၏။
ဣဒံ ဤဆိုခဲ့သော မှတ်သားပိုင်းခြားခြင်းသည်။ ကေသာနံ တို့ကို။ ဝဏ္ဏာဒိတော ဖြင့်။ ဝဝတ္ထာပနံ မည်၏။
၁၆၈။ ယောနိသောတိ ကား။ ဥပါယေန သင့်သောအကြောင်းအားဖြင့်။
ဧဝံ သို့။ ပဝတ္တယတောယေဝ ဖြစ်စေစဥ်ပင်လျှင်။ ဝါ ဖြစ်စေသည်သာဖြစ်သော။ ဧကစ္စဿ အချို့သော(တိက္ခိန္ဒြိယဉာဏုတ္တရ) ပုဂ္ဂိုလ်အား။ နီဝရဏာနိ တို့သည်။ ဝိက္ခမ္ဘန္တိ ကွာကုန်၏။ မရဏာရမ္မဏာ သေခြင်းလျှင်အာရုံရသော။ သတိ သည်။ သဏ္ဌာတိ ကောင်းစွာတည်၏။ ဥပစာရပ္ပတ္တမေဝ ဥပစာရသို့ ရောက်သည်သာလျှင် ဖြစ်သော။ ကမ္မဋ္ဌာနံ သည်။ (တနည်း) ကမ္မဋ္ဌာနံ သည်။ ဥပစာရပ္ပတ္တမေဝ သည်သာလျှင်။ ဟောတိ ၏။
တတ္ထ ထို ဥပသံဟရဏအားဖြင့် မရဏကို အောက်မေ့ရြ၌။ ယသမဟတ္တတော အခြံအရံစည်းစိမ်များသည်၏ အဖြစ်အားဖြင့်၎င်း။ ပုညမဟတ္တတော ကောင်းမှုဘုန်းကံ ကြီးမားသည်၏ အဖြစ်အားဖြင့်၎င်း။ ထာမမဟတ္တတော ဝီရိယစွမ်းပကား ကြီးမားသောအားဖြင့်၎င်း။ ဣဒ္ဓိမဟတ္တတော တန်ခိုးကြီးသောအားဖြင့်၎င်း။ ပညာမဟတ္တတော ပညာကြီးကျယ်သောအားဖြင့်၎င်း။ ပစ္စေကဗုဒ္ဓတော ပစ္စေကဘုရားအဖြစ် အားဖြင့်၎င်း။ သမ္မာသမ္ဗုဒ္ဓတော သမ္မာသမ္ဗုတဘုရားအဖြစ်အားဖြင့်၎င်း။ ဣတိ သို့။ သတ္တဟာကာရေဟိ တို့ဖြင့်။ ဥပသံဟရဏတော အားဖြင့်။ မရဏံ ကို။ အနုဿရိတဗ္ဗံ ၏။
တာဝ ကမ္မဋ္ဌာန်းအားမထုတ်မီ ရှေးဦးစွာ။ စတုဗ္ဗိဓံ ၄ပါး‌အပြားရှိသော။ သီလံ ကို။ ဝိသောဓေတဗ္ဗံ သုတ်သင်ရာ၏။
ဟိ အကျိုးကား။ ဧဝံ သို့။ ဝိသုဒ္ဓသီလဿ စင်ကြယ်သော သီလရှိသော ပုဂ္ဂိုလ်၏။ ဘာဝနာ ကမ္မဋ္ဌာန်း ပွားစေခြင်းသည်။ သမ္ပဇ္ဇတိ ပြည့်စုံ၏။

အာဝါသော စ ကျောင်းနေရာ၎င်း။ ကုလံ ကုလ၎င်း။ လာဘော လာဘ်၎င်း။ ဂဏော ဂိုဏ်၎င်း။ ပဉ္စမံ ငါးခုမြောက်သော။ ကမ္မဉ္စ အမှုသစ်၎င်း။

[ယထာဝုတ္တသီလ ဝိသောဓနတော ပရံ၊]အာဝါသောစ နေရာကျောင်းဟူသော။ ပလိဗောဓ လည်းကောင်း။ ကုလံ အလုပ်အကျွေး, ဆွေမျိုးဟူသော ပလိဗောဓ လည်းကောင်း။ လာဘော ပစ္စည်းလေးရပ်, လာဘ်ဟူသော ပလိဗောဓ လည်းကောင်း။ ဂဏော ဂိုဏ်းဟူသော ပလိဗောဓလည်းကောင်း။ ကမ္မေန နဝကမ္မဖြင့်။ ပဉ္စမံ ၅ ခုမြောက် ပလိဗောဓလည်းကောင်း။

အဒ္ဓါနံ ခရီးရှည်သွားဖွယ်ဟူသော ပလိဗောဓလည်းကောင်း။ ဉာတိ မကျန်းမမာ, ဆရာ ဆွေမျိုးစသော ပလိဗောဓလည်းကောင်း။အာဝါသ ပလိဗောဓ။ ။အာဝါသောတိ အာဝါသပလိဗောဓော၊ ကျောင်းအခန်း တစ်ခု, ပရိဝုဏ်တစ်ခု, ကျောင်းတစ်တိုက်လုံးကို “အာဝါသ”ဟု ဆို၏၊ ထိုအာဝါသ၌ ငဲ့ကွက်တွယ်တာနေလျှင် ထိုအာဝါသသည် ကမ္မဋ္ဌာန်းအလုပ်ကို တားဆီးပိတ်ပင်တက်သော ကြောင့် ပလိဗောဓဖြစ်၏၊ ပလိဗောဓမဖြစ်၊ [ကမ္မဋ္ဌာနဘာဝနံ ပရိဗုန္ဓတိ-တရားအလုပ်ကို နှောင့်ယှက်တတ်၏၊ ဣတိ ပလိဗောဓော၊ (ရကိုလပြု)၊ အာဝါသောယေဝ+ပလိဗောဓော အာဝါသပလိဗောဓော။]
ကုလ စသည်။ ။ဆွေမျိုး, အလုပ်အကျွေး ဒါယကာအမျိုး ၂ မျိုးလုံးသည်ပင် ကုလမည်၏၊ ပစ္စည်း ၄ ပါးသည် လာဘမည်၏၊ မိမိကိုမှီခိုနေသော သုတ္တန်ဆောင်ဂိုဏ်း အဘိဓမ္မာဆောင်ဂိုဏ်း စသော သံဃာအများကို “ဂဏ”ဟု ခေါ်၏၊ ကျောင်းပြင်ခြင်း၊ ကျောင်းဆောက်ခြင်းစသော အမှုကို “ကမ္မ”ဟုဆို၏၊ “ကမ္မေန ပဉ္စမံ" ဝယ် “ကမ္ဘာ့ ပဉ္စမံ”ဟု မူကွဲရှိ၏၊ ခရီးဝေးသွားဖွယ် ကိစ္စကို "အဒ္ဓါန” ဟု ဆို၏၊ ကျောင်း၌ ဆရာ ဥပဇ္ဈာယ်တပည့် စသည်ကိုလည်းကောင်း, အိမ်၌ မိဘဆွေမျိုးကိုလည်းကောင်း "ဉာတိ”ဟုဆို၏၊ ထိုသူများ မမာဖြစ်နေ၍ ပြုစုရမည့် တာဝန်ကို “ပလိဗောဓ”ဟု ခေါ်၏။ ကုလတုန်းကမူ ငဲ့ကွက်တွယ်တာနေသည်ကို “ပလိဗောဓ”ဟု ဆိုသည်၊ မိမိ၏ မကျန်းမာခြင်းကို “အာဗာဓ”ဟု ဆို၏၊ ပရိယတ္တိကျမ်းစာကို ဂန္ထဟုခေါ်၏။ ထိုဂန္ထ ကို ဆောင်နေခြင်း ပို့ချသင်ယူခြင်းကို “ဂန္တ ပလိဗောဓ”ဟု ဆို၏၊ ပုထုဇဉ်ဘဝ၌ ရရှိသောတန်ခိုးသည် ပျက်ပြယ်လွယ်သောကြောင့် ထိုတန်ခိုးကိုလည်း ဝိပဿနာအလုပ်၏ “ပလိဗောဓ” ဟု ဆိုသည်၊ ဝိပဿနာကို အားထုတ်လိုလျှင် ထို၁၀ပါးလုံးကိုဖြတ်, သမထ အားထုတ်လိုလျှင် ရှေ့၉ပါးကို ဖြတ်ရမည်။
အာဗာဓော အနာရောဂါဟူသော ပလိဗောဓ လည်းကောင်း။ ဂန္ထော ကျန်းဂန်ဟူသော ပလိဗောဓလည်းကောင်း။ ဣဒ္ဓိ ထိုပုထုဇဉ်တို့၏ တန်ခိုးဟူသော ပလိဗောဓလည်းကောင်း။ ဣတိ သို့။ တေ ထို ပလိဗောဓတို့သည်။ ဒသ တို့သည်။ (ဟောန္တိ န်၏။)
ဣတိဧဝံ သို့။ ဝုတ္တေသု ဟောတော်မူအပ်ကုန်သော။ ဒသသု န်သော။ ပလိဗောဓေသု တို့တွင်။ ယောပလိဗောဓော သည်။ အတ္ထိ၊ သော ကို။ ဥပစ္ဆိန္ဒိတဗ္ဗော ဖြတ်တောက်ထိုက်၏။
ပိယော စ (သီတင်းဖြူစင်သည်ဖြစ်၍) ချစ်ခင်အပ်သည်၎င်း။ ဂရု စ ကျောက်ထီးကဲ့သို့ အလေးပြုအပ်သည်၎င်း၊ ဝါ (လူသာမန်တို့ စင်စစ်ချီပိုးဆောင်ရွက်နိုင်ခဲသော သီလ သမာဓိ သန္တောသ စသော မိမိအပေါ်၌ တင်ရွက်ထားသော ကျေးဇူးဝန်ကြီးတို့ဖြင့်) ကျောက်ထီးကဲ့သို့ လေးလံသည်၎င်း။ ဘာဝနီယော စ ချီးမွမ်းအပ်သည်၎င်း၊ ဝါ မေတ္တာစိတ်ဖြင့် ပွါးစေအပ်သည်၎င်း။ ဝတ္တာ စ သူတပါးကို ဆိုဆုံးမတတ်သည်၎င်း။ ဝစနက္ခမော စ သူတပါး၏အဆိုကို ခံနိုင်သည်၎င်း။
တံ ထိုကမ္မဋ္ဌာန်းသည်။ သဗ္ဗတ္ထကကမ္မဋ္ဌာနဉ္စ သဗ္ဗတ္ထက ကမ္မဋ္ဌာန်းလည်းကောင်း။ ပါရိဟာရိကကမ္မဋ္ဌာနဉ္စ လည်းကောင်း။ (ဣတိ) ဒုဝိဓံဟောတိ၊တတ္ထ ထို ၂ပါးတို့တွင်။
သဗ္ဗတ္ထကကမ္မဋ္ဌာနံနာမ မည်သည်။ ဘိက္ခုသံဃာဒီသု ရဟန်းသံဃာ အစရှိသော ပုဂ္ဂိုလ်တို့အပေါ်၌။ မေတ္တာ မေတ္တာပွားခြင်းလည်းကောင်း။ မရဏဿတိစ သေခြင်းကို အောက်မေ့ခြင်း လည်းကောင်းတည်း။ အသုဘသညာ လည်းကောင်း။ ဣတိပိ လည်း။ ဧကေ တို့သည်။ (ဝဒန္တိ)၊ [ဤ ၃ ပါး၌ ဗုဒ္ဓါနုဿတိထည့်၍“စတုရာရက္ခ (ကိုယ်စောင့်)တရား ၄ပါး”ဟု လည်း ခေါ်သည်၊]
တေန ကြောင့်။ အဿ ထိုကမ္မဋ္ဌာနိကရဟန်း၏။ ဝါ သည်။ ဧတံ တယံ ထိုကမ္မဋ္ဌာန်းသုံးပါး ‌အပေါင်းကို။ ဧဝံ ဤ‌ဆိုအပ်ပြီးသောနည်းဖြင့်။ ဗဟူပကာရတ္တာ ‌များစွာ‌လျော်သော ကျေးဇူးရှိသည်၏ အဖြစ်ကြောင့်။ သဗ္ဗတ္ထ အလုံးစုံသော ရဟန်းကိစ္စ၌။ ဝါ အလုံးစုံသော ကမ္မဋ္ဌာန်းအားထုတ်မှု၌။ အတ္ထယိတဗ္ဗံ ဣစ္ဆိတဗ္ဗံ အလိုရှိ ထိုက်၏။ ဣတိကတွာ ဤသို့ပြု၍လည်းကောင်း။ ဝါ ဤ‌အကြောင်းကြောင့် လည်းကောင်း။ အဓိပ္ပေတဿ အလိုရှိအပ်သော။ ယောဂါနုယောဂကမ္မဿ အားထုတ်အပ်သော ကမ္မဋ္ဃာန်းကို အဖန်ဖန်အားထုတ်မှု၏။ ပဒဋ္ဌာနတ္တစ ပြီးစီးခြင်း၏ အကြောင်း၏ အဖြစ်ကြောင့်လည်းကောင်း။ **သဗ္ဗတ္ထကကမ္မဋ္ဌာနိနန္တိ** ဟူ၍။ ဝုစ္စတိ ၏။ [ယောဂဿ+ အနုယောဂေါ ယောဂါနုယောဂေါ။]
ပန ကား။ [သဗ္ဗတ္ထက ကမ္မဋ္ဌာန်းမှတစ်ပါး ပါရိဟာရိယ ကမ္မဋ္ဌာန်းကား၊] အဋ္ဌတ္တိံသာရမဏေသု ၃၈ ပါးသော ကမ္မဋ္ဌာန်းအာရုံတို့တွင်။ ယံ အကြင်အာရုံ သည်။ ယဿ အကြင်ရဟန်း၏။ စရိတာနုကူလံ စရိုက်အားလျော်၏။ တံ (အာရမဏံ) သည်။ တဿ ထိုရဟန်း၏။ ဝါ သည်။ နိစ္စံ အမြဲ။ ပရိဟရိ တဗ္ဗတ္တာ ဆောင်အပ်သည်၏အဖြစ်ကြောင့်လည်းကောင်း။ ယထာဝုတ္တေနေဝ အကြင်အကြင် ဆိုအပ်ပြီးသည်သာလျှင်ဖြစ်သော။ နယေန ကြောင့်လည်းကောင်း။ **ပါရိဟာရိယ ကမ္မဋ္ဌာနန္တ**ပိ ဟူ၍လည်း။ ဝုစ္စတိ

မဟာဝါသံ နဝါဝါသံ။ ပ။ မဂ္ဂံ သပ္ပဋိဘယံ ယထာတိ ဟူသော။ ဧတံ-ဝစနံ ကို။ ဝုတ္တမ္ပိ ၏။

[မဟာဝါသံ ကြီးလွန်းသောကျောင်း၎င်း`` ဌာန-သဒ္ဒါကိုငဲ့၍ နပုံးလိင်နှင့်ဆိုသည်ဟု ဋီကာ၌ ပြ၏၊ ထိုကြောင့် ပြည်ဆရာတော် ဘုရားကြီး၏ နိသျ၌ ''ကြီးလွန်သောကျောင်းရပ်၎င်း'' စသည်ဖြင့် ရပ်-ပါထည့်၍ ပြန်ထား၏၊ ဤ၌ကား စကားချောစေရန် ရပ်-ကို နုတ်ပယ်ထားသည်။(ဆ-သံ-သော) ``။ နဝါဝါသံ အသစ်ဖြစ်သောကျောင်း၎င်း။ ဇရာဝါသဉ္စ ဝါးခြမ်းအမိုး ဆွေးမြည့်ကျိုးသော ကျောင်း၎င်း။ ပန္ထနိံ ခရီးကိုမှီသောကျောင်း၎င်း၊

ဝါ ခရီး၌ဖြစ်စေအပ်သောကျောင်း၎င်း။ သောဏ္ဍိဉ္စ ကျောက်ကန်ရှိသော ကျောင်း၎င်း။ ပဏ္ဏဉ္စ ဟင်းရွက်တောကိုမှီသော ကျောင်း၎င်း။ ပုပ္ဖဉ္စ ပန်းတောဥယျာဉ်ကို မှီသောကျောင်း၎င်း။ ဖလဉ္စ သစ်သီးတောကိုမှီသော ကျောင်း၎င်း။ ပတ္ထိတမေဝ စ လူတို့သည်တောင့်တချီးမွမ်းအပ်သောကျောင်း၎င်း။

မဟာဝါသံ ကြီးသောကျောင်းကို လည်းကောင်း။ နဝါဝါသံ ကျောင်းသစ်ကို လည်းကောင်း။ ဇရာဝါသဉ္စ ကျောင်းအို ကျောင်းဟောင်းကိုလည်းကောင်း။ ပန္ထနိံ လမ်းခရီးကိုမှီသော ကျောင်းကိုလည်းကောင်း။ သောဏ္ဍိံ သောဏ္ဍီမည်သော ကျောက်ရေကန်ရှိသောကျောင်းကိုလည်းကောင်း။ ပဏ္ဏဉ္စ ဟင်းရွက်ခင်းရှိသော ကျောင်းကိုလည်းကောင်း။ ပုပ္ဖဉ္စ ပန်းခြံရှိသောကျောင်းကိုလည်းကောင်း။ ဖလံ သစ်သီးအာရာမ်ရှိသော ကျောင်းကိုလည်းကောင်း။ ပတ္ထိတမေဝ စ လောက၌ ထင်ရှားသည် ဖြစ်၍ လူတို့ မြတ်နိုးတောင့်တအပ်သော ကျောင်းကိုလည်းကောင်း—

နဂရံ မြို့ရွာကိုမှီသောကျောင်း၎င်း။ ဒါရုနာ သစ်တောဝါးတောကိုမှီသောကျောင်းနှင့်။ သဟ ကွ။ ခေတ္တံ လယ်တောကိုမှီသောကျောင်း၎င်း။ ဝိသဘာဂေန ဝိသဘာဂရဟန်းတို့၏ နေရာကျောင်းနှင့်။ သဒ္ဓိံ ကွ။ ပဋ္ဋနံ ရေကြောင်း ကြည်းကြောင်း ဆိပ်တည်ဈေးပွဲနီးသောကျောင်း၎င်း။

ပစ္စန္တသီမာသပ္ပါယံ ပစ္စန္တရစ်တိုင်းကိုမှီသောကျောင်း, တိုင်းကြပ်ကို မှီသောကျောင်း, မလျောက်ပတ်သောကျောင်း၎င်း။ ယတ္ထ အကြင်ကျောင်း၌။ မိတ္တော ကို။ န လဗ္ဘတိ မရအပ်။ တမ္ပိ ထိုကလျာဏမိတ္တကို မရရာကျောင်း၎င်း။

ဒါရုနာ ထင်းတောကို မှီသောကျောင်းနှင့်တကွ။ နဂရံ မြို့ကိုမှီသောကျောင်းကိုလည်းကောင်း။ ခေတ္တံ လယ်ကိုမှီသော ကျောင်းကိုလည်းကောင်း။ ဝိသဘာဂေန ဝိသဘာဂပုဂ္ဂိုလ်နေသော ကျောင်းနှင့်တကွ။ ပဋ္ဋနံ သင်္ဘောဆိပ်ကိုမှီသာ ကျောင်းကို လည်းကောင်း။ ပစ္စန္တသီမာသပ္ပါယံ ပစ္စန္တရာစ်အရပ်ကို မှီသောကျောင်း မင်းနှစ်ဦးတို့၏နိုင်ငံအပိုင်းအခြား နိုင်ငံစပ်ကို မှီသောကျောင်း မလျောက်ပတ်သောကျောင်းကိုလည်းကောင်း။ ယတ္ထ အကြင်ကျောင်း၌။ မိတ္တော ကလျာဏမိတ္တကို။ န လဗ္ဘတိ မရအပ်။ တံ ထိုကျောင်းကိုလည်းကောင်း—

အဋ္ဌာရသ ကုန်သော။ ဧတာနိ ဌာနာနိ တို့ကို။ ဣတိ ဝိညာယ သိလတ်၍။ သပ္ပဋိဘယံ ဘေးရှိသော။ မဂ္ဂံ ယထာ ကဲ့သို့။ ပဏ္ဍိတော သည်။
ဣတိ ဤသို့။ အဋ္ဌာရသ ၁ဂ-ပါးကုန်သော။ ဧတာနိ ဌာနာနိ ဤအရပ်ဌာနတို့ကို။ ပဏ္ဍိတော ပညာရှိဖြစ်သော ယောဂီပုဂ္ဂိုလ်သည်။ ဝိညာယ သိ၍။ သပ္ပဋိဘယံ ဘေးရန်ရှိသော။ မဂ္ဂံ ယထာ လမ်းခရီးကိုကဲ့သို့။ အာရကာ ဝေးစွာ။ ပရိဝဇ္ဇေယျ ရှောင်ကြဉ်ရာ၏—
ဘိက္ခဝေ တို့။ ဣဓ ဤသာသနာတော်၌။ သေနာသနံ အိပ်ရာနေရာကျောင်းသည်။ နာတိဒူရံ (ဆွမ်းခံရွာမှ) အလွန်မဝေးသည်။ (ဆွမ်းခံရွာနှင့် ဂါဝုတ်ထက်ဝက် မကွာလှမ်းသည်ဖြစ်၍ အလွန်မဝေးသည်။) နာစ္စာသန္နံ ဆွမ်းခံရွာမှ အလွန်မနီးသည်။ (အောက်ထစ်ဆုံးအားဖြင့် ဆွမ်းခံရွာနှင့် ကုပ်လုပ်လေးတာ အပြန်ငါးရာ ကွာလှမ်းသည်ဖြစ်၍ ဆွမ်းခံရွာနှင့် အလွန်မနီးသည်။) ဂမနာဂမနသမ္ပန္နံ (ဘေးရန်ကင်းရှင်း) သွားနိုင်ခြင်း, ပြန်လာနိုင်ခြင်းနှင့် ပြည့်စုံသည်။ (ဘေးရန်မသန်းခရီးလမ်းရှိသဖြင့် အေးချမ်းသာယာ ဆွမ်းခံရွာသို့ သွားနိုင်ခြင်း, ကျောင်းသို့ပြန်လာနိုင်ခြင်းနှင့် ပြည့်စုံသည်။) ဒိဝါ နေ့အခါ၌။ အပ္ပါကိဏ္ဏံ လူတို့နှင့်မရောပြွမ်းသည်ဇ။ [အပ္ပသဒ္ဒါသည် "အပ္ပိစ္ဆော" စသော ပုဒ်တို၌ကဲသို့ အဘာဝ အနက်ဟောတည်း။] ရတ္တိံ ညဉ့်အခါ၌။ အပ္ပသဒ္ဒံ လူသံမရှိသည်။ အပ္ပနိဂ္ဃေါသံ လူစုလူဝေး ဟစ်ကြွေးဆူညံ အသံဗလံ မရှိသည်။ အပ္ပဍံသမကသဝါတာတပသရိသမသမ္မဿံ မှတ်, ခြင်, လေ, နေပူ, မြွေကင်းတို့၏ ကိုက်ခဲ ထိပါး အတွေ့နှစ်ပါး မရှိသည်။ ဟောတိ ၏။
ပန ထို့အပြင်။ တသ္မိံ သေနာသနေ ထိုအိပ်ရာနေရာကျောင်း၌။ ဝိဟရန္တဿ နေထိုင်လသော်။ ဝါ နေထိုင်သော ရဟန်းမှာ။ စီဝရ, ပိဏ္ဍပါတ, သေနာသန, ဂိလာနပစ္စယဘေသဇ္ဇပရိက္ခာရာ သင်္ကန်း, ဆွမ်း, အိပ်ရာနေရာကျောင်း, ဂိလာန၏ ပစ္စည်းဖြစ်သော ဆေးအသုံးအဆောင်တို့သည်။ အပ္ပကသိရေန မခက်ခဲသောအားဖြင့်။ ဥပ္ပဇ္ဇန္တိ ဖြစ်ပေါ်ရရှိကုန်၏။
ပန ထို့အပြင်။ တသ္မိံ သေနာသနေ ၌။ ဗဟုဿုတာ သုတ္တဂေယျ စသည်များစွာ ကြားနာသင်ယူအပ်ပြီးသော ဘုရားစကားတော်ရှိကုန်သော။ အာဂတာပမာ နှုတ်တက်လာငြား ဆောင်ထားသင်ယူအပ်ပြီးသော အာရုံပရိယတ်ကျမ်းဂန်ရှိကုန်သော။ ဓမ္မဓရာ သုတ်အဘိဓမ္မာ တရားကိုဆောင်ကုန်သော။ ဝိနယဓရာ ဝိနည်းပိဋကတ်ကို ဆောင်ကုန်သော။ မာကိရာဓရာ (ထိုသုတ်အဘိဓမ္မာဝိနည်းတို့၏) ခေါင်းစဉ်မာတိကာကို ဆောင်ကုန်သော။ ထေရာ ထေရ်ရှင်ဆရာတော်ဖြစ်ကုန်သော။ ဝါ သီလစသောဂုဏ်တို့၏ မြဲမြံခိုင်ခံ့သည်အဖြစ်သို့ ရောက်သော ဆရာတော်ဖြစ်ကုန်သော။ [ထိရ ထိရဘာဝ မြဲမြံသည်အဖြစ်။ ဝိရံ အာပဇ္ဇန္တီတိ ထေရာ ] ဝါ မြဲမြံခိုင်ခံ့သော သီလစသော ဂုဏ်တော်ပိုင်ရှင်ဆရာတော်သခင်ဖြစ်ကုန်သော။ [ထိရာ သီလာဒိဂုဏာ ဧတေသံ အတ္ထီတိထေရာ။] ဘိက္ခူ ရဟန်းတို့သည်။ ဝိဟရန္တိ နေတော်မူကြကုန်၏။
တဿ ထိုရဟန်းအား။ တေ အာယသ္မန္တော ထိုထေရ်အရှင်မြတ်တို့သည်။ အဝိဝဋဉ္စေဝ မဖွင့်ပြအပ်သေးသော ပါဠိအနက်ကိုလည်း။ ဝိဝရန္တိ ဖွင့်ပြကြကုန်၏။ (အခြားနေရာ အခန်းကဏ္ဍမှ ပါဠိသာဓက ဆောင်ပြဖွင့်ဆိုပေးကြကုန်၏။) အနုတ္တာနကတဉ္စ ပေါ်လွင်အောင် မပြုအပ်သေးသော ပါဋိအနက်ကိုလည်း။ ဥတ္တာနိံ ကရောန္တိ (ယုတ္တိဖွင့်ဖော်) ထင်ပေါ်အောင် ပြုကြကုန်၏။ အနေကဝိဟိတေသု များသော အမျိုးအစား အပြားရှိကုန်သော။ ကင်္ခါဌာနိယေသု ယုံမှားသံသယ၏ တည်ရာအကြောင်းဖြစ်ကုန်သော။ ဓမ္မေသု စ ခက်ဆစ်ခက်ရာ ပါဠိရပ်တို့၌လည်း။ ကင်္ခ ယုံမှားတွေဝေခြင်းကို။ ပဋိဝိနောဒေန္တိ (မှန်ကန်စွာ ဆုံးဖြတ်ပေးခြင်းဖြင့်) ပယ်ဖျောက်ကြကုန်၏။