Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Sattakanipāta-aṭṭhakathā
Sattakanipāta-aṭṭhakathā

4. Devatāvaggo

Author: miuthi-မိုးထိ @ IAPT

စတုတ္ထဿ၊ စတုတ္ထဝဂ်၏။ ပဉ္စမေ၊ ပဉ္စမသုတ်၌။ **ဒုဒ္ဒဒန္တိ**၊ ဒုဒ္ဒဒံဟသည်ကား။ ဒုပ္ပရိစ္စဇံ၊ စွန့်နိုင်ခဲသော။ မဟာရဟံ၊ မြတ်သောသူတို့အားထိုက်သော။ ဘဏ္ဍကံ၊ ဥစ္စာကို။
**ဒုက္ကရံကရောတီ**တိ၊ ဒုက္ကရံကရောတိဟူသည်ကား။ ကာတုံ၊ ပြုခြင်းငှာ။ အသုကရံကမ္မံ၊ ပြုခြင်းငှာမလွယ်သောအမှုကို။ ကရောတိ၊ ပြု၏။
**ဒုက္ခမံခမတီ**တိ၊ ဒုက္ခခံခမတိဟူသည်ကား။ သဟာယဿ၊ အပေါင်းအဖော်၏။ အတ္တာယ၊ အကျိုးငှာ။ ဒူရတိသမ္ဘဝံ၊ သည်းခံနိုင်ခဲသောအရာကို။ အဓိဝါသေတိ၊ သည်းခံ၏။
**ဂုယှဿအာဝိကရောတီ**တိ၊ ဂုယှဿအာဝိကရောတိဟူသည်ကား။ အတ္တနော၊ မိမိ၏။ ဂုယှံ၊ လျှို့ဝှက်အပ်သောအမှုကို။ တဿ၊ ထိုအဆွေခင်ပွန်းအား။ အာဝိကရောတိ၊ ထင်စွာပြု၏။
**ဂုယှဿပရိဂုဟတီ**တိ၊ ဂုယှဿပရိဂုဟတိဟူသည်ကား။ တဿ၊ ထိုအဆွေခင်ပွန်း၏။ ဂုယှံ၊ လျှို့ဝှက်အပ်သောအမှုကို။ အညေသံ၊ တပါးသောသူတို့အား။ နာစိက္ခတိ၊ မကြား။
**ခီဏေနာတိမညတီ**တိ၊ ခီဏေနာတိမညတိဟူသည်ကား။ တဿ၊ ထိုအဆွေခင်ပွန်းအား။ ဘောဂေ၊ စည်းစိမ်သည်။ ခီဏေ၊ ကုန်သည်ရှိသော်။ တေနခီဏေန၊ ထိုစည်းစိမ်ဥစ္စာ၏ကုန်ခြင်းကြောင့်။ တံ၊ ထိုအဆွေခင်ပွန်းကို။ နာတိမညတိ၊ မထေမဲ့မြင်မပြု။ တသ္မိံ၊ ထိုစည်းစိမ်ဥစ္စာကုန်ပြီးသောအဆွေခင်ပွန်း၌။ ဩမာနံ၊ အယုတ်အားဖြင့်အောက်မေ့ခြင်းကို။ အတ္တနိစ၊ မိမိ၌လည်း။ အတိမာနံ၊ အလွန်အားဖြင့်အောက်မေ့ခြင်းကို။ နကရောတိ၊ မပြု။
ဆဋ္ဌေ၊ ဆဋ္ဌေသုတ်၌။ **ဝတ္တာ**တိ၊ ဝတ္တာဟူသည်ကား။ ဝစနကုသလော၊ ဆိုဆုံးမကြောင်းဖြစ်သောစကား၌လိမ္မာသည်။
**ဝစနက္ခမော**တိ၊ ဝစနက္ခမောဟူသည်ကား။ ၀စနံ၊ ဆုံးမကြောင်းဖြစ်သောစကားကို။ ခမတိ၊ သည်းခံနိုင်၏။ ဒိန္နံ၊ ပေးအပ်သော။ ဩဝါဒံ၊ အဆုံးအမကို။ ကရောတိ၊ လိုက်နာ၏။
**ဂမ္ဘီရန္တိ**၊ ဂမ္ဘီရံဟူသည်ကား။ ဂုယှံရဟဿံ၊ လျှို့ဝှက်အပ်သော။ ဈာနနိဿိတံဝိပဿနာမဂ္ဂဖလနိဗ္ဗာနနိဿိတံ၊ ဈာန်ကိုမှီသောစကား၀ိပဿနာမဂ်ဖိုလ်နိဗ္ဗာန်ကိုမှီသောစကားဟုဆိုအပ်သော။
သတ္တမေ၊ သတ္တမသုတ်၌။ ဣဒံမေစေတသောလီနတ္တန္တိ၊ ဣဒံမေစေတသောလီနတ္တံဟူသည်ကား။ စေတသော၊ စိတ်၏။ လီနတ္တေ၊ တွန့်တိုသည်၏အဖြစ်သည်။ ဥပ္ပန္နေ၊ ဖြစ်သည်ရှိသော်။ ဣဒံ၊ ဤသည်ကား။ မေ၊ ငါ၏။ စေတသော၊ စိတ်၏။ လီနတ္တံ၊ တွန့်တိုသည်အဖြစ်တည်း။ ဣတိ၊ ဤသို့။ ယထာသဘာဝတော၊ သဘောအားလျော်စွာ။ ဇာနာတိ၊ သိ၏။
**အဇ္ဈတ္တံ**၊ အတွင်းသဏ္ဌာန်၌။ **သံခိတ္တံ**နာမ၊ တွန့်သောစိမည်သည်ကား။ ထိနမိဒ္ဓါနုဂတံ၊ ထိနမိဒ္ဓသို့အစဉ်လိုက်သောစိတ်တည်း။
**ရဗဟိဒ္ဓါ**၊ အပ၌။ **ဝိက္ခိတ္တံ**နာမ၊ ပျံ့လွင့်သောစိတ်မည်သည်ကား။ ပဉ္စသု၊ ငါးပါးကုန်သော။ ကာမဂုဏေသု၊ ကာမဂုဏ်တို့၌။ ဝိက္ခိတ္တံ၊ ပျံ့လွင့်သောစိတ်တည်း။
**ဝေဒနာ**တိအာဒီနိ၊ ဝေဒနာဤသို့အစရှိသောပုဒ်တို့ကို။ ပပဉ္စမူလဝသေန၊ တဏှာမာနမြို့တည်းဟူသောပပဉ္စတရား၏အကြောင်း၏အစွမ်းအားဖြင့်။ ဂဟိတာနိ၊ ယူအပ်ကုန်၏။
ဟိသစ္စံ၊ မှန်၏။ ဝေဒနာ၊ ဝေဒနာသည်။ တဏှာယ၊ တဏှာ၏။ မူလံ၊ အကြောင်းရင်းသည်။ ဟောတိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ သုခဝသေန၊ သုခဝေဒနာ၏အစွမ်းအားဖြင့်။ တဏှုပ္ပတ္တိတော၊ တဏှာ၏ဖြစ်ခြင်းကြောင့်တည်း။ သညာ၊ သညာသည်။ ဒိဋ္ဌိယာ၊ ဒိဋ္ဌိ၏။ မူလံ၊ အကြောင်းရင်းသည်။ ဟောတိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ အဝိဘူတရမ္မဏေ၊ မထင်ရှားသောအာရုံ၌။ ဒိဋ္ဌိဥပ္ပတ္တိတော၊ ဒိဋ္ဌိ၏ဖြစ်ခြင်းကြောင့်တည်း။ ဝိတက္ကော၊ ဝိတက်သည်။ မာနဿ၊ မာန၏။ မူလံ၊ အကြောင်းရင်းသည်။ ဟောတိ၊ ဖြစ်၏။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ ဝိတက္ကဝသေန၊ ဝိတက်၏အစွမ်းအားဖြင့်။ အဟံ၊ ငါသည်။ အသ္မိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ မာနုပ္ပတ္တိတော၊ မာန၏ဖြစ်ခြင်းကြောင့်တည်း။
**သပ္ပါယာသပ္ပါယေသူ**တိ၊ သပ္ပါယာသပ္ပါယေသုဟူသည်ကား။ ဥပကာရာနုပကာရေသု၊ ကျေးဇူးပြုတက်သောတရား ကျေးဇူးမပြုတတ်သောတရားဟုဆိုအပ်ကုန်သော။
**နိမိတ္တန္တိ**၊ နိမိတ္တံဟူသည်ကား။ ကာရဏံ၊ အကြောင်းကို။
သေသံ၊ အကြွင်းသည်။ သဗ္ဗတ္ထု၊ အလုံးစုံတို့၌။ ဥတ္တာနတ္ထမေ၊ ပေါ်သောအနက်ရှိသည်သာလျှင်တည်း။ ဣတိ၊ ဤသည်လျှင်ဒေဝတာဝဂ်၏အဖွင့်ကိုဆိုရာစကားတရပ်အပြီးသတ်တည်း။
စတုတ္ထော၊ လေးခုမြောက်သော။ ဒေဝတာဝဂ္ဂေါ၊ ဒေဝတာဝဂ်တည်း။