တတိယဿ၊ တတိယဝဂ်၏။
ပဌမေ၊ ပဌမသုတ်၌။
**ဥတ္တရကုရုကာ**တိ၊ ဥတ္တရကုရုကာဟူသည်ကား။
ဥတ္တရကုရုဝါသိနော၊ ဥတ္တရကုရုကျွန်း၌နေလေ့ရှိသောသူတို့သည်။
**အဓိဂဏှန္တီ**တိ၊ အဓိဂဏှန္တိဟူသည်ကား။
အဓိဘဝန္တိ၊ နှိပ်စက်ကုန်၏။
အဓိကာ၊ လွန်ကုန်သည်။
ဝိသိဋ္ဌာ၊ ထူးကုန်သည်။
ဇေဋ္ဌကာ၊ အကြီးအကဲတို့သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
**အမမာ**တိ၊ အမမာဟူသည်ကား။
နိတ္တဏှာ၊ အဝတ်တန်ဆာ အဖျော် ဘောဇဉ် အစရှိသည်တို့၌ တပ်သောတဏှာမရှိကုန်သည်။
**အဋ္ဌကထာယံပန**၊ အဋ္ဌကထာ၌ကား။
နိဒ္ဒုက္ခာတိ၊ နိန္ဒူက္ခာဟူ၍။
ဝုတ္တံ၊ ဟောအပ်၏။
**အပရိဂ္ဂဟာ**တိ၊ အပရိဂ္ဂဟာဟူသည်ကား။
ဣဒံဧသာ၊ ဤမိန်းမသည်။
မယှံ၊ ငါ၏။
ဘရိယာ၊ မယားတည်း။
ဣတိ၊ ဤသို့။
ပရိဂ္ဂဟရဟိတာ၊ သိမ်းဆည်းခြင်းမှကင်းကုန်သည်။
**နိယတာယုကာ**တိဧတ္ထ၊ နိယတာယုကာဟူသောဤပါဌ်၌။
ဟိဝိတ္ထာရော၊ အကျယ်ကို။
မယာ၊ ငါသည်။
ဝုစ္စတေ၊ ဆိုဦးအံ့။
တေသံ၊ ထိုဥတ္တရကုရုကျွန်းသူတို့၏။
အာယု၊ အသက်သည်။
နိဗ္ဗဒ္ဓါ၊ အမြဲ။
ဝဿသဟဿမေဝ၊ အနှစ်တစ်ထောင်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
တေသံ၊ ထိုဥတ္တရကုရုကျွန်းသူတို့။
ဂတိပိ၊ ဂတိသည်လည်း။
နိဗ္ဗဒ္ဓါ၊ အမြဲ။
ဟောတိ၊ ဖြစ်၏။
တတော၊ ထိုဥတ္တရကုရုကျွန်းမှ။
စဝိတွာ၊ စုတေ၍။
သဂ္ဂေယေဝ၊ နတ်ပြည်၌သာလျှင်။
နိဗ္ဗတ္တန္တိ၊ ဖြစ်ကုန်၏။
**သတိမန္တောတိ**ဧထ္ထ၊ သတိမန္တောဟူသောဤပုဒ်၌။
ဟိဝိတ္တာရော၊ အကျယ်ကို။
မယာ၊ ငါသည်။
ဝုစ္စတေ၊ ဆိုဦးအံ့။
ဒေဝတာနံ၊ နတ်တို့အား။
ဧကန္တသုခိတာယ၊ စင်စစ်ချမ်းသာသည်၏ အဖြစ်ကြောင့်။
သတိ၊ သတိသည်။
ထိရံ၊ မြဲမြံသည်။
နာဟောတိ၊ မဖြစ်။
နေရယိကာနံ၊ ငရဲသူသတ္တဝါတို့အား။
ဧကန္တဒုက္ခိတာယ၊ စင်စစ်ဆင်းရဲသည်၏အဖြစ်ကြောင့်။
သတိ၊ သတိသည်။
ထိရံ၊ မြဲမြံသည်။
န ဟောတိ၊ မဖြစ်။
ဣမေသံပန၊ ဤဇမ္ဗူဒိပ်ကျွန်းသူတို့အားကား။
ဝေါကိဏ္ဏသုခဒုက္ခတ္တာ၊ ရောပြွမ်းသော ချမ်းသာ ဆင်းရဲရှိသည်၏အဖြစ်ကြောင့်။
သတိ၊ သတိသည်။
ထိရံ၊ မြဲမြံသည်။
ဟောတိ၊ ဖြစ်၏။
**ဣဓ ဗြဟ္မစရိယဝါသော**တိ၊ ဣဓ ဗြဟ္မစရိယဝါသောဟူသည်ကား။
ဇမ္ဗူဒီပေ၊ ဇမ္ဗူဒိပ်ကျွန်း၌။
ဗုဒ္ဓပစ္စေကဗုဒ္ဓါနံ၊ ဘုရားပစ္စေကဗုဒ္ဓါတို့၏။
ဥပ္ပဇ္ဇနတော၊ ဖြစ်သည်၏အဖြစ်ကြောင့်။
အဋ္ဌင်္ဂိကမဂ္ဂဗြဟ္မစရိယဝါသောပိ၊ ရှစ်ပါးသောအင်္ဂါနှင့်ပြည့်စုံသော မဂ်တည်းဟူသော မြတ်သောအကျင့်ဖြင့်နေခြင်းသည်လည်း။
ဣမေဝ၊ ဤဇမ္ဗူဒိပ်ကျွန်း၌သာလျှင်။
ဟောတိ၊ ဖြစ်၏။