နဝမေ၊ နဝမသုတ်၌။
**ဂယာယန္တိ**ဧတ္ထ၊ ဂယာယံဟူသောဤပါဌ်၌။
ဂါမောပိ၊ ရွာကိုလည်းကောင်း။
တိထ္တံပိ၊ ဆိပ်ကိုလည်းကောင်း။
**ဂယာ**တိ၊ ဂယာဟူ၍။
ဝုစ္စတိ၊ ဆိုအပ်၏။
ဟိတဒေဝသစ္စံ၊ ထိုစကားသည်မှန်၏။
ဂယာဂါမဿ၊ ဂယာရွာ၏။
အပိဒူရေ၊ မနီးမဝေးသောအရပ်၌။
ဝိဟရန္တော၊ နေတော်မူသည်ရှိသော်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဂယာယံ၊ ဂယာရွာ၌။
ဝိဟရတိ၊ နေတော်မူ၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ဂယာတိတ္ထဿ၊ ဂယာဆိပ်အား။
တထာ၊ ထိုအတူ။သမီပါဓာရပင်တည်း။
ဟိ သစ္စံ၊ ထိုစကားသည်မှန်၏။
ဂယာတိတ္ထန္တိ၊ ဂယာတိတ္ထံဟူသည်ကား။
ဂယာဂါမဿ၊ ဂယာရွာ၏။
အဝိဒူရေ၊ မနီးမဝေးသောအရပ်၌။
ဧကော၊ တစ်ခုသော။
ပေါက္ခရဏီ၊ လေးထောင့်ကန်သည်။
အတ္ထိ၊ ရှိ၏။
နဒီပိ၊ မြစ်သည်လည်း။
အတ္ထိ၊ ရှိ၏။
တဒုဘယံ၊ ထိုနှစ်ပါးစုံကို။
ပါပပဝါဟနတိတ္ထန္တိ၊ ပါပပဝါဟနဆိပ်ဟူ၍။
လောကိယမဟ၁ဇနော၊ လောကီ လူအပေါင်းသည်။
တိယသ္မာ၊ အကြင်ကြောင့်။
သမုဒါစရတိ၊ ခေါ်ဝေါ်သမုတ်အပ်၏။
**ဂယာသီသေ**တိ၊ ဂယာသီသေဟူသည်ကား။
တတ္ထ၊ ထိုအရပ်၌။
ရာဇကရီသေန၊ မင်းပယ်ဖြင့်။
အဋ္ဌကရီသပရိမာဏော၊ ရှစ်ပယ်ပမာဏရှိသော။
ဂဇသီသသဒိသသိခရော၊ ဆင်၏ဦးကင်းနှင့်တူသောအထွဋ်ရှိသော။
ဂယာသီသနာမကော၊ ဂယာသီသအမည်ရှိသော။
ဧကော၊ တစ်ခုသော။
ပဗ္ဗတော၊ တောင်သည်။
အတ္ထိ၊ ရှိ၏။
ဟတ္ထ၊ အကြင်ဂယာသီသတောင်၌။
ဟတ္ထိကုမ္ဘသဒီသေ၊ ဆင်ဦးကင်းနှင့်တူသော။
ပိဋ္ဌိပါသာဏေ၊ ကျောက်ဖျာ၌။
ဘိက္ခုသဟဿဿ၊ ရဟန်းတစ်ထောင်၏။
ဩကာသော၊ နေရာသည်။
ဟောတိ၊ ဖြစ်၏။
တတြပါသာဏေ၊ ထိုကျောက်ဖျာ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝိဟရတိ၊ နေတော်မူ၏။
တေန၊ ထိုကြောင့်။
**ဂယာယံဝိဟရတိဂယာသီသေ**တိ၊ ဂယာယံဝိဟရတိဂယာသီသေဟူ၍။
ပါဠိယံ၊ ပါဠိတော်၌။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
**ဇဋိလာ**တိ၊ ဇဋိလဟူသည်ကား။
တာပသာ၊ ရသေ့တို့တည်း။
ဟိသစ္စံ၊ ထိုစကားသည်မှန်၏။
တေ၊ ထိုရသေ့တို့ကို။
ဇာဋာဓာရိတာယ၊ ဆံကျစ်ဆောင်ကုန်သောကြောင့်။
ဇဋိလာတိ၊ ဇဋိလတို့ဟူ၍။
ဝုတ္တာ၊ ဆိုအပ်ကုန်၏။
**အန္တရဋ္ဌကေဟိမပါတသမယေ**တိ၊ အန္တရဋ္ဌကေဟိမပါတသမယေဟူသည်ကား။
ဟေမန္တဿဥတုနော၊ ဆောင်းဥတု၏။
အဗ္ဘန္တရဘူတေ၊ အတွင်းဖြစ်၍ဖြစ်သော။
မာဃမာသဿ၊ တပို့တွဲလ၏။
အဝသာနေ၊ အဆုံး၌။
စတ္တာရော၊ လေးရက်တို့လည်းကောင်း။
ဖေဂ္ဂုဏမာသဿ၊ တပေါင်းလ၏။
အာဒိမှိ၊ အစ၌။
စတ္တာရော၊ လေးရက်တို့လည်းကောင်း။
ဣတိ၊ ဤသို့။
အဋ္ဌဒိဝသပရိမာဏေ၊ ရှစ်ရက်ပမာဏရှိသော။
ဟိမပါတနသမယေ၊ ဆီးနှင်းကျသောအခါ၌။
**ဂယာယံဥမ္မုဇ္ဇန္တီ**တိ၊ ဂယာယံဥမ္မုဇ္ဇန္တိ ဟူသည်ကား။
ကေစိ၊ အချို့သောသူတို့သည်။
တသ္မိံကာလေ၊ ထိုအဗ္ဘန္တရရှစ်ရက်၌။
တတ္ထသမ္မတေ၊ ထိုဂယာဟူ၍သမုတ်အပ်သောမြစ်၌။
ဥဒကေ၊ ရေ၌။
ပဋ္ဌမံ၊ ရှေးဦးစွာ။
နိမုဂ္ဂသကလသရီရာ၊ ငုတ်သောအလုံးစုံသောကိုယ်ရှိကုန်သည်ဖြစ်၍။
တတော၊ ထိုငုတ်ရာမှ။
ဥမ္မုဇ္ဇန္တာ၊ ပေါ်ကုန်လျက်။
ဝုဋ္ဌဟန္တိ၊ ထကုန်၏။
ပိလဝန္တိ၊ ပေါ်ကုန်၏။
**နိမုဇ္ဇန္တီ**တိ၊ နိမုဇ္ဇန္တိဟူသည်ကား။
သသီသံ၊ ဦးခေါင်းနှင့်တကွ။
ဥဒကေ၊ ရေ၌။
ဩသီဒန္တိ၊ ငုတ်ကုန်၏။
**ဥမ္မုဇ္ဇနိမုဇ္ဇမ္ပိကရောန္တီ**တိ၊ ဥမ္မုဇ္ဇနိမုဇ္ဇမ္ပိကရောန္တိဟူသည်ကား။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
ဥမ္မုဇ္ဇနနိမုဇ္ဇာနာနိ၊ ပေါ်ကုန်ငုတ်ကုန်သည်တို့ကို။
ကရောန္တိ၊ ပြုကုန်၏။
တတ္ထ၊ ထိုငုတ်ခြင်းပေါ်ခြင်းကိုပြုရာ၌။
ကေစိ၊ အချို့သောသူတို့သည်။
ဧကဥမ္မုဇ္ဇနေန၊ တစ်ကြိမ်ပေါ်သဖြင့်။
ပါပသုဒ္ဓိ၊ မကောင်းမှုမှစင်ကြယ်သည်။
ဟောတိ၊ ဖြစ်၏။
ဣတိဧဝံဒိဋ္ဌိကာ၊ ဤသို့မှားသောအယူရှိကုန်သည်။
ဟိယသ္မာ၊ အကြင်ကြောင့်။
ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိတသ္မာ၊ ထိုကြောင့်။
တေ၊ ထိုသူတို့သည်။
ဥမ္မုဇ္ဇနမေဝ၊ တစ်ကြိမ်ပေါ်သည်ကိုသာလျှင်။
ကတွာ၊ ပြု၍။
ဂစ္ဆန္တိ၊ သွားကုန်၏။
နိမုဇ္ဇနမန္တရေန၊ ငုတ်ခြင်းမှကင်းသော။
ဥမ္မုဇ္ဇနံနာမ၊ ပေါ်ခြင်းမည်သည်။
နတ္ထိ၊ မရှိသလျှင်ကတည်း။
ဣတိတသ္မာ၊ ထို့ကြောင့်။
အဝိနာဘာဝတော၊ မကင်းသည်၏ အဖြစ်ကြောင့်။
နိမုဇ္ဇနမ္ပိ၊ ငုတ်ခြင်းကိုလည်း။
တေ၊ ထိုသူတို့သည်။
ကရောန္တိယေဝ၊ ပြုကုန်သည်သာလျှင်တည်း။
ယေပိ၊ အကြင်သူတို့သည်လည်း။
ဧကနိမုဇ္ဇနေနေဝ၊ တစ်ကြိမ် ငုတ်သဖြင့်သာလျှင်။
ပါပသုဒ္ဓိ၊ မကောင်းမှုမှ စင်ကြယ်သည်။
ဟောတိ၊ ဖြစ်၏
ဣတိဧဝံဒိဋ္ဌိကာ၊ ဤသို့မှားသောအယူရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေပိ၊ ထိုသူတို့သည်လည်း။
ဧကဝါရမေဝ၊ တစ်ကြိမ် သာလျှင်။
နိမုဇ္ဇိတွာ၊ ငုတ်၍။
ဝုတ္တနယေန၊ ဆိုအပ်ပြီးသောနည်းဖြင့်။
အဝိနာ ဘာဝတော၊ မကင်းသည်၏အဖြစ်ကြောင့်။
ဥမ္မုဇ္ဇနမ္ပိ၊ ပေါ်သည်ကိုလည်း။
ကတွာ၊ ပြု၍။
ပက္ကမန္တိ၊ ဖဲကုန်၏။
ယေပန၊ အကြင်သူတို့သည်ကား။
တသ္မိံတိတ္တေ၊ ထိုဂယာသီသဆိပ်၌။
နိမုဇ္ဇနေနေဝ၊ ငုတ်သဖြင့်သာလျှင်။
ပါပသုဒ္ဓိ၊ မကောင်းမှုမှစင်ကြယ်ခြင်းသည်။
ဟောတိ၊ ဖြစ်၏။
ဣတိဧဝံဒိဋ္ဌိကာ၊ ဤသို့မှားသော အယူရှိကုန်သည်။
ဟောန္တီ၊ ဖြစ်ကုန်၏။
တေ၊ ထိုသူတို့သည်။
တတ္တ၊ ထိုဂယာသီသဆိပ်၌။
နိမုဇ္ဇိတွာ၊ ငှတ်၍။
အဿာသပဿာသေ၊ ထွက်သက်ဝင်သက်တို့ကို။
သန္နိရုဇ္ဇိတွာ၊ ချုင်၍။
ပဗ္ဗတပပါတပတိတာဝိယ၊ တောင်ကြားကမ်းပါးပြတ်တို့မှ ကျသောသူတို့ကဲ့သို့။
တတ္ထေဝ၊ ထိုငုတ်ရာအရပ်၌ပင်လျှင်။
ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။
ပါပုဏန္တိ၊ ရောက်ကုန်၏။
အပရေ၊ တပါးကုန်သောသူတို့သည်။
ပုနပ္ပုနံ၊ အဖန်တလဲလဲ။
ဥမ္မုဇ္ဇနနိမုဇ္ဇနာနိ၊ ပေါ်ခြင်းငုတ်ခြင်းတို့ကို။၏
ကတွာ၊ ပြု၍။
နာတေ၊ ရေချိုးကုန်သည်ရှိသော်။
ပါပသုဒ္ဓိ၊ မကောင်းမှုမှစင်ကြယ်သည်။
ဟောဟိ၊ ဖြစ်၏။
ဣတိဧဝံဒိဋ္ဌိကာ၊ ဤသို့မှားသောအယူရှိကုန်သည်။
ဟောန္တိ၊ ဖြစ်ကုန်၏။
တေ၊ ထိုသူတို့သည်။
ကာလေနကာသံ၊ ရံခါရံခါ။
ဥမ္မုဇ္ဇနနိမုဇ္ဇနာနိ၊ ပေါ်ခြင်းငုတ်ခြင်းတို့ကို။
ကရောန္တိ၊ ပြုကုန်၏။
တေသဗ္ဗေပိ၊ ထိုအလုံးစုံကုန်သောသူတို့ကိုလည်း။
သန္ဓာယ၊ ရည်၍။
**ဥပ္ပဇ္ဇန္တိပိနိမုဇ္ဇန္တိဝိဥမ္မုဇ္ဇနိနုဇ္ဇမ္ပိကရောန္တီ**တိ၊ ဥမ္မုဇ္ဇန္တိပိနိမုဇ္ဇန္တိပိ ဥမ္မုဇ္ဇနိမုဇ္ဇမ္ပိကရောန္တိဟူ၍။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
ဧတ္ထစ၊ ဤဝါကျ၌လည်း။
ဥမ္မုဇ္ဇနံ၊ ပေါ်ခြင်းသည်။
နိမ္မုဇ္ဇနပုဗ္ဗကံ၊ ငုတ်ခြင်းရှေးရှိသည်။
ကိဉ္စာပိဟောတိ၊ အကယ်၍ကားဖြစ်၍ရှင့်။
ပန၊ ထိုသို့ဖြစ်သော်လည်း။
နိမုဇ္ဇနမေဝ၊ တစ်ကြိမ်ငုတ်ခြင်းကိုသာလျှင်။
ကရောန္တော၊ ပြုသည်ရှိသော်။
ကတိပယာ၊ နှစ်ကြိမ်သုံးကြိမ်။
ဥမ္မုဇ္ဇနဉဉ္စ၊ ပေါ်သည်ကိုလည်းကောင်း။
တဒုဘယဉ္စ၊ ထိုငုတ်ခြင်း ပေါ်ခြင်း နှစ်ပါးကိုလည်းကောင်း။
ကရောန္တာ၊ ပြုကုန်သောသူတို့သည်။
ဗဟူပိ၊ များကုန်သော်လည်း။
တေသံ၊ ထိုပေါ်သောသတ္တဝါတို့၏။
ယေဘုယျဘာဝဒဿနတ္ထံ၊ များသောအဖြစ်ကိုပြခြင်းငှါ။
ဥမ္မုဇ္ဇနံ၊ ပေါ်ခြင်းကို။
ပဌဓံ၊ ရှေးဦးစွာ။
ဝုတ္တံ၊ ဆိုအပ်၏။
ဇဋိလာနံ၊ ဆံကျစ်ထုံးသောရသေ့တို့၏။
ယေဘုယျတာယ၊ များသည်၏ အဖြစ်ကြောင့်။
တထာ၊ ထိုအတူဇဋိလဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
မုဏ္ဍာပိဗြာဟ္မကာ၊ မုဏ္ဍအမည်ရှိသောပုဏ္ဏားတို့သည်လည်းကောင်း။
သိခဏ္ဍိနောဝိစဗြာဟ္မဏာ၊ သိခဏ္ဍိအမည်ရှိသောပုဏ္ဏားတို့သည်လည်းကောင်း။
ဥဒကသုဒ္ဓိကာ၊ ရေဖြင့်မကောင်းမှုမှစင်ကြယ်ကုန်၏ဟုအယူရှိကုန်သည်ဖြစ်၍။
တသ္မိံကာလေ၊ ထိုအန္တရဌကရက်၌။
တတ္ထ၊ ထိုဂယာသီသဆိပ်၌။
တထာ၊ ထိုရသေ့တို့အတူ။
ကရောန္တိ၊ ပြုကုန်၏။
**ဩသိဉ္စန္တီ**တိ၊ ဩသိဉ္စန္တိဟူသည်ကား။
ကေစိ၊ အချို့သောသူတို့သည်။
ဂယာယ၊ ဂယာမြစ်မှ။
ဥဒကံ၊ ရေကို။
ဟတ္ထေန၊ လက်ဖြင့်။
ဂဟေတွာ၊ ယူ၍။
အတ္တနော၊ မိမိ၏။
သီသေစ၊ ဦးခေါင်း၌လည်းကောင်း။
သရီရေစ၊ ကိုယ်၌လည်းကောင်း။
ဩသိဉ္စန္တိ၊ သွန်းလောင်းကုန်၏။
အပရေ၊ တပါးသောသူတို့သည်။
ဃဋေဟိ၊ အိုးတို့ဖြင့်။
ဥဒကံ၊ ရေကို။
ဂဟေတွာ၊ ယူ၍။
တီရေ၊ ကမ်းနား၌။
ဌတွာ၊ ရပ်၍။
တထာ၊ ထိုအတူ။
ကရောန္တိ၊ ပြုကုန်၏။
**အဂ္ဂိံဇုဟန္တီ**တိ၊ အဂ္ဂိံဇုဟန္တိဟူသည်ကား။
ကေစိ၊ အချို့သောသူတို့သည်။
ဂယာတီရေ၊ ဂယာမြစ်ကမ်း၌။
ဝေဒိံ၊ ယဇ်မြေကို။
သဇ္ဇေတွာ၊ စီရင်၍။
ဣဓုမုရမ္ဘဇာဒိကေ၊ ယဇ်စာချက်အိုးယဇ်မွှေယောင်းမအစရှိကုန်သော။
ဥပကရဏေ၊ အဆောက်အဦတို့ကို။
ဥပနေတွာ၊ ယူဆောင်၍။
အဂ္ဂိဟုတံ၊ မီးအားပူဇော်ခြင်းကို။
ဇုဟန္တိ၊ ပူဇော်ကုန်၏။
အဂ္ဂိဟုတံပရိစရန္တိ**ဣမိနာသုဒ္ဓီ**တိ၊ အဂ္ဂိဟုတံပရိစရန္တိဣမိနာသုဒ္ဓိသူဟူသည်ကား။
ဂယာယံ၊ ဂယာမြစ်ရေ၌။
ဣမိနာဥမ္မုဇ္ဇနာဒိနာစ၊ ဤပေါ်ခြင်းအစရှိသည်ဖြင့်လည်းကောင်း။
**ဣမိနာအဂ္ဂိပရိစရနေနစ၊ ဤသို့မီးအားလုပ်ကျွေးခြင်းအစရှိသည်ဖြင့်လည်းကောင်း။
ပါပမလတော၊ မကောင်းမှု အညစ်အကြေးမှ။
သုဒ္ဓိ၊ စင်ကြယ်ခြင်းသည်။
ပါပပဝါဟနံ၊ မကောင်းမှုကိုမြှောခြင်းသည်။
သံသာရသုဒ္ဓိဧဝဝါ၊ သံသရာမှစင်ကြယ်ခြင်းသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဣတိဧဝံဒိဋ္ဌိကာ၊ ဤသို့မှားသောအယူရှိကုန်သည်။
ဟုတွာ၊ ဖြစ်ကုန်၍။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ဧတ္ထ၊ ဤအရာ၌။
ဥမ္မုဇ္ဇနာဒိစ၊ ဥမုဇ္ဇနစသည်ကိုပြခြင်းသည်လည်း။
နိဒဿနမတ္တံ၊ နိဒဿနနည်းမျှသာဟူ၍။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
ဣတိ၊ ဤသို့။
ဒဋ္ဌဗ္ဗံ၊ မှတ်အပ်၏။
ဟိသစ္စံ၊ ထိုစကားသည်မှန်၏။
တေသု၊ ထိုဂယာမြစ်သို့ရောက်လာသောသူအပေါင်းတို့တွင်။
ကေစိ၊ အချို့သောသူတို့သည်။
ဥဒကဝါသံ၊ ရေ၌နေခြင်းကို။
ဝသန္တိ၊ နေကုန်၏။
ကေစိ၊ အချို့သောသူတို့သည်။
ဥဒကံ၊ ရေကို။
အဉ္ဇလိံ၊ လက်အုပ်ချီခြင်းကို။
ကရောန္တိ၊ ပြုကုန်၏။
ကေစိ၊ အချို့သောသူတို့သည်။
တသ္မိံ ဥဒကေ၊ ထိုရေ၌။
ဌတွာ၊ တည်ကုန်၍။
စန္ဒိမသူရိယေ၊ ယနေတို့ကို။
အနုပရိဝတ္တန္တိ၊ အစဉ်လိုက်ကုန်၏။
အနေကသဟဿဝါရံ၊ အကြိမ်တစ်ထောင်မက။
သာဝတ္တိအာဒိကေ၊ သာဝတ္တိအစရှိသောကျမ်းတို့ကို။
ဇပန္တိ၊ ရွတ်ဖတ်သရဇ္ဈာယ်ကုန်၏။
ကေစီ၊ အချို့သောသူတို့သည်။
ဣန္ဒံအာဂစ္ဆတီတိအာဒိနာ၊ ဣန္ဒံအာဂစ္ဆာဟိဤသို့အစရှိသည်ဖြင့်။
ဝိဇ္ဇာဇပံ၊ မန်းမှုတ်ရွတ်သဖြင့်။
အဝှါယန္တိ၊ နတ်ခေါ်ကုန်၏။
ကေစိ၊ အချို့သော သူတို့သည်။
မဟတုဥပဋ္ဌာနံ၊ ဗြဟ္မာအားတောင်းပန်ခြင်းကို။
ကရောန္တိ၊ ပြုကုန်၏။
ဧဝဉ္စ၊ ဤသို့လျှင်။
ကရောန္တော၊ ပြုကုန်လျက်။
ကေစိ၊ အချို့သောသူတို့သည်။
ဩတရန္တိ၊ သက်ဆင်းကုန်၏။
ကေစိ၊ အချို့သောသူတို့သည်။
ဥတ္တရန္တိ၊ ကူးကုန်၏။
ကေစိ၊ အချို့သော သူတို့သည်။
ဥတ္တရိတွာ၊ ကူး၍။
သုဒ္ဓိကအာစမနံ၊ စင်ကြယ်စွာဆေးကြောခြင်းကို။
ကရောန္တိ၊ ပြုကုန်၏။
ကေမိ၊ အချို့သောသူတို့သည်။
အန္တောဥဒကေ၊ ရေ၏အတွင်း၌။
ဌိတာပိ၊ တည်ကုန်လျက်လည်း။
တာနိ၊ ထိုရေတို့ကို။
ဘရန္တိ၊ လုပ်ကျွေးကုန်၏။
ကေစိ၊ အချို့သောသူတို့သည်။
ပီဏံ၊ စောင်းကို။
ဝါဒေန္တိ၊ တီးကုန်၏။
ဣတိဧဝမာဒိကာ၊ ဤသို့အစရှိကုန်သော။
နာနပ္ပကာရကိရိယာ၊ အထူးထူးအပြားပြားသောအမူအရာတို့ကို။
ဒဿေန္တိ၊ ပြကုန်၏။
ဝါ၊ တစ်နည်းကား။
တေ၊ ထိုရသေ့စသော သူတို့သည်။
ဧဝရူပါ၊ ဤသို့သဘောရှိကုန်သော။
ဝိကာရ ကိရိယာ၊ ဖောက်ပြန်သောအမူအရာတို့ကို။
ကရောန္တာပိ၊ ပြုကုန်သော်လည်း။
တသ္မိံ ဥဒကေ၊ ထိုရေ၌။
နိမုဇ္ဇနပုဗ္ဗကမေဝ၊ ငုတ်ခြင်း ရှေးရှိသဖြင့် သာလျှင်။
ယသ္မာ၊ အကြင်ကြောင့်။
ကရောန္တိ၊ ပြုကုန်၏။
တသ္မာ၊ ထိုကြောင့်။
တံသဗ္ဗံ၊ ထိုအလုံးစုံကို။
နိမ္မုဇ္ဇနမ္ဗုဇ္ဇနန္တောဂဓမေဝ၊ ငုတ်ခြင်းပေါ်ခြင်းအတွင်း၌ဝင်သည်ကိုသာလျှင်။
ကတွာ၊ ပြု၍။
ဥမ္မုဇ္ဇန္တိပီတိအာဒိ၊ ဥမ္မုဇ္ဇန္တိပိဤသို့အစရှိသောစကားကို။
ဝုတ္တံ၊ ဆိုအပ်၏။
ဧဝံ၊ ဤသို့ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။
ထတ္ထ၊ ထိုဂယါမြစ်၌။
အာကုလဗျာကုလေ၊ နောက်ရှက်အုတ်အော် အထူးသဖြင့် ကြွေးကြော်သောင်းသဲ ရေငုတ်ပွဲသည်။
ဝတ္တမာနေ၊ ဖြစ်သည်ရှိသော်။
ဥပရိပဗ္ဗတေ၊ တောင်ထိပ်၌။
ဌိတော၊ ရပ်လျက်။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တေသံ၊ ထိုရသေ့အပေါင်းအစရှိကုန်သောရေငုတ်သောသူတို့၏။
တံကောလာဟလံ၊ ထိုအုတ်အုတ်ကျက်ကျက်အသံကို။
သုတွာ၊ ကြားတော်မူ၍။
ဧတံ၊ ဤအုတ်အုတ်ကျက်ကျက်အသံကား။
ကိံနုခေါ၊ အဘယ်ဖြစ်သနည်း။
ဣတိ၊ ဤသို့။
ဩလောကေန္တော၊ ကြည့်တော်မူလဘ်သော်။
တံကိရိယာဝိကာရံ၊ ထိုဖောက်ပြန်သော အမူအရာကို။
အဒ္ဒသ၊ မြင်တော်မူ၏။
တံအဒ္ဒသနံ၊ ထိုသို့မြင်တော်မူခြင်းကို။
သန္ဓာယ၊ ရည်၍။
**အဒ္ဒသခေါဘဂဝါ၊ ပ-ဣမိနာသဒ္ဓီ**တိ၊ အဒ္ဒသခေါဘဂဝါ၊ပ၊ဣမိနာသုဒ္ဓိဟူ၍။
ဝုတ္တံ၊ ဆိုအပ်၏။
တံအတ္ထံ၊ ထိုအဒ္ဒသခေါဘဂဝါစသောဝါကျ၏ အနက်သည်။
ဝုတ္တတ္ထမေဝ၊ ဆိုအပ်ပြီးသောအနက်ရှိသည်သာလျှင်တည်း။
**ဧတမတ္ထံဝိဒိတွာ**တိ၊ ဧတမတ္ထံဝိဒိတွာဟူသည်ကား။
ဥဒကောရောဟနာဒိ၊ ရေသို့သက်သဖြင့် မကောင်းမှုမှစင်ကြယ်ခြင်းအစရှိသော။
အသုဒ္ဓိမဂ္ဂေ၊ ကိလေသာမစင်ကြယ်ခြင်း၏အကြောင်း၌။
တေသံ၊ ထိုမိစ္ဆာဒိဋ္ဌိရသေ့တို့၏။
ဧတံပရာမသနဉ္စ၊ ထိုမှားသောအားဖြင့်သုံးသပ်ခြင်းကိုလည်းကောင်း။
သစ္စာဒိကေ၊ သစ္စာအစရှိသော။
သုဒ္ဓိမဂ္ဂေ၊ ကိလေသာမှစင်ကြယ်ခြင်း၏အကြောင်း၌။
အတ္တနော၊ ကိုယ်တော်၏။
ဧတံအဝိပရိတာဝဗောဓဉ္စ၊ ထိုသို့မဖောက်မပြန်ထိုးထွင်း၍သိခြင်းကိုလည်းကောင်း။
သဗ္ဗာကရတော၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်။
ဝိဒိတွာ၊ သိတော်မူ၍။
**ဣမံဥဒါနန္တိ**၊ ဣမံဥဒါနံဟူသည်ကား။
ဥဒကသုဒ္ဓိယာ၊ ရေဖြင့်စင်ကြယ်ခြင်း၏။
အသုဓိမဂ္ဂဘာဝဒီပကဉ္စ၊ မကောင်းမှုမှစင်ကြယ်ခြင်း၏အကြောင်းမဟုတ်သည်၏အဖြစ်ကိုပြတတ်သည်လည်းဖြစ်သော။
သစီစာဒိဓမ္မာနဉ္စ၊ သစ္စာအစရှိသောတရားတို့၏လည်း။
ယာထာဝတော၊ ဟုတ်မှန်သောအားဖြင့်။
သုဒ္ဓိမဂ္ဂဘာဝဒီပကဉ္စ၊ မကောင်းမှုမှစင်ကြယ်ခြင်း၏အကြောင်း၏ အဖြစ်ကိုပြတတ်သည်လည်းဖြစ်သော။
ဣမံဥဒါနံ၊ ဤနဥဒကေနသုစိဟောတိ အစရှိသောဥဒါန်း တရားတော်ကို။
ဥဒါနေသိ၊ ကျုးရင့်တော်မူ၏။
တတ္ထတိဿံဥဒါနဂါထာယံ၊ ထိုဥဒါန်းဂါထာ၌။
**နဥဒကေနသုစိဟောတီ**တိ၊ နဥဒကေနသုစိဟောဟူသောဤပါဌ်၌။
**ဥဒကေနာ**တိ၊ ဥဒကေနဟူသည်းကား။
ဥဒကုမ္မုဇ္ဇနာဒိနာ၊ ရေ၌ပေါ်ခြင်း အစရှိသည်ဖြင့်။
ဥဒကုမ္မုဇ္ဇနာဒီတိဣဒံ၊ ဥဒကုမ္မုဇ္ဇနာဒိဟူသောဤပါဌ်ကို။
ဥတ္တရပဒလောပေန၊ ဥမ္မုဇ္ဇနာဟူသောနောက်ပုဒ်ကို ချေသောအားဖြင့်။
ဥဒကန္တိံ၊ ဥဒကံဟူ၍။
ဝုတ္တံ၊ ဆိုအပ်၏။
ကိံဝိယ၊ အဘယ်ပါဌ်တို့၌ကဲ့သို့နည်းဟူမူကား။
ရူပဘဝေါရူပန္တိယထာ၊ ရူပဘဝေါဆိုလိုလျက်ဘဝပုဒ်ကိုချေဖျက်သဖြင့်ရူပံဟူ၍ဆိုသကဲ့သို့တည်း။
အထဝါ၊ တစ်နည်းကား။
**ဥဒကေနာ**တိ၊ ဥဒကေနဟူသည်ကား။
ဥမ္မုဇ္ဇနာဒိကြိယယ၊ ပေါ်ခြင်းအစရှိသောကြိယာဖြင့်။
လာဓန ဘူတေန၊ ပြီးစေတတ်သည်ဖြစ်၍သော။
ဥဒကေန၊ ရေဖြင့်။
သတ္တဿ၊ သတ္တဝါ၏။
သုစိသုဒ္ဓိနာမ၊ မကောင်းမှုမှစင်ကြယ်သော မည်သည်။
နဟောတိ၊ မဖြစ်။
နတ္ထိ၊ မရှိ။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
အထဝါ၊ တစ်နည်းကား။
**သုစီ**တိ၊ သုစီဟူသည်ကား။
ယထာဝုတ္တေန၊ အကြင်အကြင် ဆိုအပ်ခဲ့ပြီးသော။
တေနဥဒကေန၊ ထိုရေဖြင့်။
ပါပမလတော၊ မကောင်းမှုအညစ်အကြေးမှ။
သုစိသုဒ္ဓေါ၊ စင်ကြယ်သော။
သတ္တောနာမ၊ သတ္တဝါမည်သည်။
နဟောတိ၊ မဖြစ်။
ကသ္မာ၊ အဘယ်ကြောင့် နည်းဟူမူကား။
ဟိယသ္မာ၊ အကြင်ကြောင့်။
ဧတ္ထ၊ ဤဂယာမည်သောဆိပ်၌။
ဗဟု**ဇနော**၊ များစွာသောလူအပေါင်းသည်။
**နှာယတိ**၊ ရေချိုး၏။
ဟိသစ္စံ၊ ထိုစကားသည်မှန်၏။
ယထာဝုတ္တေန၊ ကြင်ကြင်ဆိုအပ်ပြီးသော။
ဥဒကောရောဟနာဒိနာ၊ ရေသို့သက်ခြင်းအစရှိသည်ဖြင့်။
ပါပသုဒ္ဓိနာမ၊ မကောင်းမှုမှစင်ကြယ်ခြင်းမည်သည်။
ယဒိသိယာ၊ အကယ်၍ဖြစ်အံ့။
ဧတ္ထဥဒကေ၊ ဤငရ၌။
ဗဟု၊ များစွာသော။
မာတုဃာတာဒိ ပါပကမ္မကာရိ၊ အမိကိုသတ်ခြင်းအစရှိသောမကောင်းမှုကိုပြုလေ့ရှိသော။
ဇနော၊ လူအပေါင်းသည်။
နှာယတိ၊ ရေချိုး၏။
အညောစ၊ ထိုမှတပါးလည်းဖြစ်သော။
ဂေါမဟိံသာဒိကော၊ နွားကျွဲအစရိုသော။
အန္တမသော၊ အယုတ်သဖြင့်။
မစ္ဆကစ္ဆပေ၊ ငါးလိပ်တို့ကို။
ဥပါဒါယ၊ အစပြု၍။
သဗ္ဗဿာပိ၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်လည်း။
တဿသတ္တသမူဟဿ၊ ထိုသတ္တဝါအပေါင်းအား။
ပါပသုဒ္ဓိ၊ မကောင်းမှုမှစင်ကြယ်သည်။
သိယာ၊ ဖြစ်ရာ၏။
ဧဝံပန၊ ဤသို့မူကား။
နဟောတိ၊ မဖြစ် ပါခဲ့။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
နှာနဿ၊ ရေးချိုးခြင်း၏။
ပါပဟေတုနံ၊ မကောင်းမှုအကြောင်းတို့၏။
အပ္ပဋိပက္ခဘာဝတော၊ ဆန့်ကျင်ဘက်မဟုတ်သည်၏အဖြစ်ကြောင့်တည်း။
ဟိသစ္စံ၊ ထိုစကားသည်မှန်၏။
ယံအကုသလကမ္မံ၊ အကြင်အကုသိုလ်ကံကို။
ယံကုသလကမ္မံ၊ အကြင်ကုသိုလ်ကံသည်။
ဝိနာသေတိ၊ ဖျက်ဆီး၏။
သောအကုသလဓမ္မော၊ ထိုအကုသိုလ်တရားသည်။
တဿကုသလဓမ္မဿ၊ ထိုကုသိုလ်တရား၏။
ပဋိပက္ခော၊ ဆန့်ကျင်ဘက်သည်။
ဟောတိ၊ ဖြစ်၏။
ကိမိဝ၊ လောကဥပမာ အဘယ်ကဲ့သို့နည်းဟူမူကား။
အာလောကော၊ အလင်းသည်။
အန္ဓကာရဿ၊ အမိုက်တိုက်၏။
ပဋိပက္ခောယထာ၊ ဆန့်ကျင်ဘက်ဖြစ်သကဲ့သို့လည်းကောင်း။
အဝိဇ္ဇာစ၊ အဝိဇ္ဇာသည်လည်း။
ဝိဇ္ဇာယ၊ ဝိဇ္ဇာ၏။
ပဋိပက္ခော ယထာစ၊ ဆန့်ကျင်ဘက်ဖြစ်သကဲ့သို့လည်းကောင်း။
ဧဝံတထာ၊ ထိုအတူ။
နှာနံ၊ ရေချိုးခြင်းသည်။
ပါပဿ၊ မကောင်းမှု၏။
ပဋိပက္ခော၊ ဆန့်ကျင် ဘက်သည်။
ယသ္မာ၊ အကြင်ကြောင့်။
နဟောတိ၊ မဖြစ်။
တသ္မာ၊ ထိုကြောင့်။
ဧတ္ထ၊ ဤအရာ၌။
ဥဒကေန၊ ရေဖြင့်။
သုစိ၊ မကောင်းမှုမှစင်ကြယ်သည်။
နဟာတိ၊ မဖြစ်။
ဣတိ၊ ဤသို့။
နိဋ္ဌံ၊ ဆုံးဖြတ်ခြင်းသို့။
ဂန္တဗ္ဗံ၊ ရောက်အပ်၏။
ယေနပန၊ အကြင်ကုသိုလ်တရားဖြင့်ကား။
သုစိ၊ မကောင်းမှုမှစင်ကြယ်သည်။
ဟောတိ၊ ဖြစ်၏။
တံ၊ ထိုကုသိုလ်တရားကို။
ဒဿေတုံ၊ ပြတော်မူခြင်းဌါ။
**ယမှိသစ္စဉ္စာ**တိအာဒိံ၊ ယမှိသစ္စဉ္စဤသို့အစရှိသောစကားကို။
အာဟ၊ ဟောတော်မူ၏။
တတ္ထတသ္မိံဝါကျေ၊ ထိုဝါကျ၌။
**ယမှီ**တိ၊ ယမှိဟူသည်ကား။
ယသ္မိံ ပုဂ္ဂလေ၊ အကြင်ပုဂ္ဂိုလ်၌။
**သစ္စန္တိ**၊ သစ္စံဟူသည်ကား။
ဝစီသစ္စံ၊ ဝစီသစ္စာသည်လည်းကောင်း။
ဝိရတိသစ္စံ၊ ဝိရတိသစ္စာသည်လည်းကောင်း။
အထဝါ၊ တစ်နည်းကား။
သစ္စန္တိ၊ သစ္စံဟူသည်ကား။
ဉာဏသစ္စံစေဝ၊ ဉာဏသစ္စာသည်လည်းကောင်း။
ပရမတ္ထသစ္စဉ္စ၊ ပရမတ္ထသစ္စာသည်လည်းကောင်း။
**ဓမ္မော**တိ၊ ဓမ္မဟူသည်ကား။
အရိယမဂ္ဂဓမ္မောစ၊ အရိယမဂ်တရားသည်လည်းကောင်း။
ဖလဓမ္မော၊ အရိယဖိုလ်တရားသည်လည်းကောင်း။
ဿေသဗ္ဗောပိ၊ ထိုအလုံးစုံကိုလည်း။
ယသ္မိံ ပုဂ္ဂလေ၊ အကြင် ပုဂ္ဂိုလ်၌။
ဥပလဗ္ဘတိ၊ ရအပ်၏။
**သောသုစိသောစဗြာဟ္မဏော**တိ၊ သောသုစိသောစဗြာဟ္မဏောဟူသည်ကား။
ဝိသေသတော၊ အထူးအားဖြင့်။
ခီဏာသဝေါ၊ ကုန်ပြီးသောအာသဝေါရှိသော။
သောအရိယပုဂ္ဂလော၊ ထိုအရိယာပုဂ္ဂိုလ်သည်။
အစ္စန္တသုဒ္ဓိယာ၊ စင်စစ်သဖြင့်မကောင်းမှုမှစင်ကြယ်သည်၏အဖြစ်ကြောင့်။
သုစိဝ၊ မကောင်းမှုမှစင်ကြယ်သောသူမည်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဗြာဟ္မဏောစ၊ မြတ်သောပုဏ္ဏားသည်လည်း။
ဟောတိ၊ ဖြစ်၏။
ပနစောဒေမိ၊ စောဒနဦးအံ့။
ကသ္မာ၊ အဘယ်ကြောင့်။
ဧတ္ထ၊ ဤသုတ်၌။
သစ္စံ၊ သစ္စာကို။
ဓမ္မတော၊ တရားမှ။
ဝိသုံ၊ အသီး။
ကတွာ၊ ပြု၍။
ဂဟိတံ၊ ယူတော်မူအပ်သနည်း။
သစ္စဿ၊ သစ္စာ၏။
ဗဟုကာရတ္တာ၊ များသောအပြားရှိသည်၏အဖြစ်ကြောင့်တည်း။
တထာတံဝစနံ၊ ထိုစကားသည်။
ဟိသစ္စံ၊ မှန်၏။
သစ္စံ၊ သစ္စာတရားသည်။
ဝေ၊ စင်စစ်။
အမတာဝါစာ၊ အမြိုက်နိဗ္ဗာန်သဖွယ်ဖြစ်သောစကားမည်၏။
သစ္စံ၊ သစ္စာသည်။
ဟဝေ၊ စင်စစ်။
ရသာနံ၊ ရသာတကာတို့ထက်။
သာဓုတရံ၊ လွန်မြတ်သောအရသာမည်၏။
သန္တော၊ ဘုရားအစရှိသောသူတော်ကောင်းတို့သည်။
သစ္စေ၊ သစ္စာတရား၌။
ပတိဋ္ဌိတာ၊ တည်ကုန်လျက်။
အတ္ထေစ၊ အကျိုးတို့ကိုလည်းကောင်း။
ဓမ္မေစ၊ အကြောင်းတို့ကိုလည်းကောင်း။
အာဟု၊ ဆိုတော်မူကုန်၏။
သမဏဗြာဟ္မဏာ၊ ရဟန်းပုဏ္ဏားတို့သည်။
သစ္စေ၊ သစ္စာ၌။
ဌိတာ၊ တည်ကုန်၏။
ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။
အနေကေသု၊ များစွာကုန်သော။
သုတ္တပဒေသု၊ သုတ်ပုဒ်တို့၌။
သစ္စဂုဏာ၊ သစ္စာကျေးဇူးတို့ကို။
ပကာသိတာ၊ ပြတော်မူအပ်ကုန်၏။
ဣတိ၊ ဤသည်လျှင်စကားတစ်ရပ်တည်း။
နဝမသုတ္တဝဏ္ဏနာ၊ နဝမသုတ်အဖွင့်သည်။
နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။