လတာ စ သဇ္ဇာ ပဝရာ စ ဒေဝတာတိ ဣဒံ၊ လတာ စ သဇ္ဇာ ပဝရာ စ ဒေဝတာဟူသောဤဝိမာနဝတ္ထုသည်။
လတာဝိမာနံ၊ လတာဝိမာန ဝတ္ထုတည်း။
တဿ၊ ထိုဝတ္ထု၏။
ဥပ္ပတ္တိ၊ ဖြစ်ကြောင်းသည်ကား။
ကာ၊ အဘယ်နည်း။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
သာဝတ္ထိယံ၊ သာဝတ္ထိပြည်၏အနီးဖြစ်သော။
ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။
ဝိဟရတိ၊ နေတော်မူ၏။
တေန စ သမယေန၊ ထိုအခါ၌လည်း။
သာဝတ္ထိဝါသိနော၊ သာဝတ္ထိပြည်၌နေသော။
အညတရဿ၊ တစ်ယောက်သော။
ဥပါသကဿ၊ ဥပါသကာ၏။
ဓီတာ၊ သမီးသည်။
လတာ နာမ၊ လတာအမည်ရှိ၏။
ပဏ္ဍိတာ၊ ပညာရှိ၏။
ဗျတ္တာ၊ လိမ္မာ၏။
မေဓါဝိနီ၊ ထိုးထွင်းသော ဉာဏ်ရှိ၏။
ပတိကုလံ၊ လင်၏အိမ်သို့။
ဂတာ၊ လိုက်သွားရသည်ရှိသော်။
ဘတ္တု စ၊ လင်အားလည်းကောင်း။
သဿုသသုရာနဉ္စ၊ ယောက္ခမမိန်းမသူ ယောက္ခမယောက်ျားသူတို့အားလည်းကောင်း။
မနာပစာရိနီ၊ နှစ်သက်ဘွယ်သော အကျင့်ကို ကျင့်လေ့ရှိသည်။
ပိယဝါဒိနီ၊ ချစ်မြတ်နိုးဘွယ်သော စကားကို ပြောဆိုလေ့ရှိသည်။
ပရိဇနဿ၊ အစေအပါး အခြွေအရံဖြစ်သော လူအပေါင်းအား။
သင်္ဂဟကုသလာ၊ သင်္ဂြိုဟ်ခြီးမြှောက်ခြင်း၌လိမ္မာသည်။
ကုလဂေဟေ၊ အမျိုးအိမ်၌။
ကုဋုမ္ဗဘာရဿ၊ ဥစ္စာတည်းဟူသော ဝန်ကို။
နိတ္ထရဏသမတ္ထာ၊ ထုတ်တောင်ခြင်းငှါစွမ်းနိုင်သည်။
အဟောသိ၊ ဖြစ်၏။
အက္ကောဓနာ၊ အမျက်ဒေါသနည်းသည်။
သီလာစာရသမ္ပန္နာ၊ သီလအကျင့်နှင့်ပြည့်စုံသည်။
ဒါနသံဝိဘာဂရတာ၊ ပေးကမ်းစွန့်ကြဲခြင်း၌မွေ့လျော်သည်။
အခဏ္ဍပဉ္စသီလာ၊ မကျိုးမပေါက်သော ငါးပါးသီလရှိသည်။
ဥပေါသထရက္ခဏေ စ၊ ဥပုသ်သီတင်းသုံးခြင်း၌လည်း။
အပ္ပမတ္တာ၊ မမေ့မလျော်သောသတိရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
သာ၊ ထိုလတာသည်။
အပရဘာဂေ၊ နောက်အဘို့၌။
ဝေဿဝဏဿ၊ ဝေဿဝဏ်အမည်ရှိသော။
မဟာရာဇဿ၊ နတ်မင်းကြီး၏။
ဓီတာဓီတာယ၊ သမီး၏။
ဟုတွာ ဘာဝေန၊ အဖြစ်ဖြင့်။
နိဗ္ဗတ္တိ၊ ဖြစ်လေ၏။
အညဒေဝတာဘာဝေန၊ တစ်ပါးသော နတ်တို့၏အဖြစ်ဖြင့်။
နနိဗ္ဗတ္တိ၊ မဖြစ်။
လတာတွေဝ၊ လတာဟူ၍သာလျှင်။
နာမံ၊ အမည်သည်။
အဟောသိ၊ ဖြစ်ပြီ။
တဿာ၊ ထိုလတာအား။
အညာပိ၊ တစ်ပါးလည်းဖြစ်ကုန်သော။
သဇ္ဇာ၊ သဇ္ဇာလည်းကောင်း။
ပဝရာ၊ ပဝရာလည်းကောင်း။
အစ္ဆိမတီ၊ အစ္ဆိမတီလည်းကောင်း။
သုတာ၊ သတာလည်းကောင်း။
ဣတိ၊ ဤသို့။
စတဿော၊ လေးယောက်ကုန်သော။
ဘဂိနိယော၊ ညီမတို့သည်။
အဟေသုံ၊ ဖြစ်ကုန်ပြီ။
ပဉ္စပိ၊ ငါးယောက်လည်းဖြစ်ကုန်သော။
တာ၊ ထိုနတ်သမီးတို့သည်။
သက္ကေန ဒေဝရာဇေန၊ သိကြားနတ်မင်းသည်။
အာနေတွာ၊ ဆောင်၍။
နာဋကိတ္ထိဘာဝေန၊ ကချေသည်မောင်းမ၏အဖြစ်ဖြင့်။
ပရိစာရိကဋ္ဌာနေ၊ အလုပ်အကျွေးအရာ၌။
ဌပိတာ၊ ထားအပ်ကုန်၏။
လတာ ပန၊ လတာသည်ကား။
နစ္စဂီတာဒီသု၊ ကခြင်း သီခြင်းစသည်တို့၌။
ဆေကတာယ၊ လိမ္မာသည်၏အဖြစ်ကြောင့်။
သက္ကေန၊ သိကြားနတ်မင်းသည်။
ဣဋ္ဌတရာ၊ အလွန်နှစ်သက်မြတ်နိုးအပ်သည်။
အဿအဟောသိ၊ ဖြစ်ပြီ။
ဧကတော၊ တစ်ပေါင်းတည်း။
သမာဂန္တွာ၊ စည်းဝေးကုန်သည်ဖြစ်၍။
သုခနိသဇ္ဇာယ၊ ချမ်းသာသော ထိုင်နေခြင်းဖြင့်။
နိသိန္နာနံ၊ ထိုင်နေကုန်သော။
တာသံ၊ ထိုငါးယောက်ကုန်သော နတ်သမီးတို့အား။
သံဂီတနေဝ၊ ပေါင်းရုံး၍ ကခြင်း သီခြင်းဖြင့်သာလျှင်။
ပဉှံ၊ အမေးကို။
ပဋိစ္စ၊ စွဲ၍။
ဝိဝါဒေါ၊ အငြင်းအခုံစကားသည်။
ဥပ္ပန္နော၊ ဖြစ်လတ်ပြီ။
သဗ္ဗာပိ၊ အလုံးစုံလည်းဖြစ်ကုန်သော။
တာ၊ ထိုနတ်သမီးတို့သည်။
ဝေဿဝဏဿ မဟာရာဇဿ၊ အဘဖြစ်သော ဝေဿဝဏ်နတ်မင်းကြီး၏။
သန္တိကံ၊ အထံသို့။
ဂန္တွာ၊ သွား၍။
တာတ၊ ခမည်းတော်။
အမှာကံ၊ ငါတို့ငါးယောက်တို့တွင်။
ကတမာ၊ အဘယ်သူသည်။
နစ္စာဒီသု၊ ကခြင်း စသည်တို့၌။
ကုသလာ၊ လိမ္မာသနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိံသု၊ မေးကုန်၏။
သော၊ ထိုဝေဿဝဏ်နတ်မင်းကြီးသည်။
ဧဝံ၊ ဤသို့။
အာဟ၊ ဆို၏။
ကိံအာဟ၊ အဘယ်သို့ဆိုသနည်း။
ဓီတရော၊ သမီးတို့။
ဂစ္ဆထ၊ သွားလေကုန်။
အနောတတ္တဒဟတီရေ၊ အနဝတတ်အိုင်၏ ကမ်းနား၌။
ဒေဝသမာဂမေ၊ နတ်တို့၏ အစည်းအဝေး၌။
သံဂီတံ၊ ပေါင်းစု၍ ကခြင်း သီခြင်းကို။
ပဝတ္တေထ၊ ဖြစ်စေကုန်လော။
တတ္ထ၊ ထိုအစည်းအဝေး၌။
ဝေါ၊ သင်တို့အား။
ဝိသေသော၊ ထူးသော အဖြစ်သည်။
ပါကဋော၊ ထင်ရှားသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
တာ၊ ထိုနတ်သမီးတို့သည်။
တထာ၊ နတ်မင်းကြီးဆိုတိုင်း။
အကံသု၊ ပြုကုန်၏။
တတ္ထ၊ ထိုအစည်းအဝေး၌။
ဒေဝပုတ္တာ၊ နတ်သားတို့သည်။
လတာယ၊ လတာနတ်သမီးသည်။
နစ္စမာနာယ၊ ကသည်ရှိသော်။
အတ္တနော၊ မိမိ၏။
သဘာဝေန၊ မြကတေ့သဘောအားဖြင့်။
ဌာတုံ၊ တည်တန့်ခြင်းငှါ။
နာသက္ခိံသု၊ မတတ်နိုင်ကုန်။
သဉ္ဇာတပဟာသာ၊ ကြီးစွာသော ရယ်ရွှင်မြူးတူးခြင်းရှိကုန်သည်ဖြစ်၍။
အစ္ဆရိယဗ္ဘုတစိတ္တဇာတာ၊ အံ့ဘွယ်သရဲမဖြစ်ဘူးမြဲသော စိတ်ရှိကုန်သည်ဖြစ်၍။
နိရန္တရံ၊ အခါမပြတ်။
သာဓုကာရံ၊ ကောင်းချီးကို။
ဒေန္တာ၊ ပေးကုန်လျက်။
ဥက္ကုဋ္ဌိသဒ္ဒေ စ၊ ကြွေးကြော်သော အသံတို့ကိုလည်းကောင်း။
စေလုက္ခေပေ စ၊ ပုဆိုးဉီးရစ် ပစ်မြှောက်သည်တို့ကိုလည်းကောင်း။
ပဝတ္တေန္တာ၊ ဖြစ်စေကုန်လျက်။
ဟိမဝန္တံ၊ ဟိမဝန္တာတောသုံးတောင်ကို။
ကမ္ပယမာနာ ဝိယ၊ တုန်လှုပ်စေသကဲ့သို့။
မဟန္တံ၊ ကြီးစွာသော။
ကောလာဟလံ၊ အုတ်အုတ်ကျက်ကျက်ကို။
အကံသု၊ ပြုကုန်၏။
ဣတရာသု၊ လတာမှတပါးကုန်သော နတ်သမီးတို့သည်။။
နစ္စန္တီသု ပန၊ ကကုန်သည်ရှိသော်ကား။
သိသိရကာလေ၊ သိသိရဥတုကာလ၌။
ကောကိလာ၊ ဥဩငှက်တို့သည်။
တုဏှီဘူတာ၊ ဆိတ်ဆိတ်ဖြစ်ကုန်၍။
နိသီဒိံသုဝိယ၊ နေကုန်သကဲ့သို့။
ဧဝံ၊ ဤအတူ။
တတ္ထ သံဂီတေ၊ ထိုသို့ပေါင်းစု၍ ကခုန်ရာ၌။
လတာယ၊ လတာနတ်သမီးအား။
ဝိသေသော၊ ထူးသော အဖြစ်သည်။
ပါကဋော၊ ထင်ရှားသည်။
အဟောသိ၊ ဖြစ်၏။
အထ၊ ထိုအခါ၌။
သုတာယ၊ သုတာအမည်ရှိသော။
ဒေဝဓီတာယ၊ နတ်သမီးအား။
ဧတံဧသော ပရိဝိတက္ကော၊ ဤသို့သော အကြံသည်။
အဟောသိ၊ ဖြစ်၏။
ကိံအဟောသိ၊ အဘယ်သို့ဖြစ်သနည်း။
ကိံ ကမ္မံ၊ အဘယ်သို့သော ကုသိုလ်ကံကို။
ကတွာ၊ ပြုခဲ့ဘူးသောကြောင့်။
အယံ လတာ၊ ဤငါတို့၏ အစ်မကြီးဖြစ်သော လတာနတ်သမီးသည်။
အမှေ၊ ငါတို့လေးယောက်တို့ကို။
ဝဏ္ဏေန စေဝ၊ အဆင်းအရောင်ဖြင့်လည်းကောင်း။
ယသသာ စ၊ အခြံအရံဖြင့်လည်းကောင်း။
အဘိဘုယျ၊ လွှမ်းမိုးနှိပ်စက်၍။
တိဋ္ဌတိ နုခေါ၊ တည်လေသနည်း။
ယံနူနယဒိပန၊ အကယ်၍။
အဟံ၊ ငါသည်။
လတာယ၊ အစ်မဖြစ်သော လတာ၏။
ကတကမ္မံ၊ ရှေးဘဝ၌ ပြုခဲ့ဘူးသော ကုသိုလ်ကံကို။
ပုစ္ဆေယျံ၊ မေးအံ့။
ဣတိ၊ ဤသို့သော အကြံသည်။
အဟောသိ၊ ဖြစ်၏။
သာ၊ ထိုသုတာနတ်သမီးသည်။
တံ၊ ထိုအစ်မလတာနတ်သမီးကို။
ပုစ္ဆိ၊ မေး၏။
ဣတရာပိ၊ လတာနတ်သမီးသည်လည်း။
တဿာ၊ ထိုညီမသုတာအား။
ဧတမတ္ထံ၊ ထိုအနက်ကို။
ဝိဿဇ္ဇေသိ၊ ဖြေဆိုပေ၏။
တယိဒံ ဣဒံသဗ္ဗံ၊ ထိုအလုံးစုံသော စကားရပ်ကို။
ဝေဿဝဏမဟာရာဇာ၊ ဝေဿဝဏ်နတ်မင်းကြီးသည်။
ဒေဝစာရိကဝသေန၊ နတ်ပြည်ဒေသစာရီကြွချီဖြန့်မြန်းတော်မူသည်၏ အစွမ်းအားဖြင့်။
ဥပဂတဿ၊ ကပ်ရောက်လာသော။
အာယသ္မတော မဟာမောဂ္ဂလ္လာနဿ၊ အရှင်မဟာမောဂ္ဂလာန်မထေရ်အား။
အာစိက္ခိ၊ ကြားလျှောက်၏။
ထေရော၊ မထေရ်မြတ်သည်။
တမတ္ထံ၊ ထိုအကြောင်းကို။
ပုစ္ဆာယ၊ ပုစ္ဆာ၏။
မူလကာရဏတော၊ အကြောင်းအရင်းမှ။
ပဋ္ဌာယ၊ စ၍။
ဘဂဝတော၊ မြတ်စွာဘုရားအား။
အာရောစေန္တော၊ ကြားလျှောက်လိုသည်ဖြစ်၍။
လတာ၊ လတာအမည်ရှိသော။
ဒေဝတာစ၊ နတ်သမီးလည်းကောင်း။
သဇ္ဇာ၊ သဇ္ဇာအမည်ရှိသော။
ဒေဝတာစ၊ နတ်သမီးလည်းကောင်း။
ပဝရာ၊ ပဝရာအမည်ရှိသော။
ဒေဝတာစ၊ နတ်သမီးလည်းကောင်း။
အစ္ဆိမတီ၊ အစ္ဆိမတီအမည်ရှိသော။
ဒေဝတာစ၊ နတ်သမီးလည်းကောင်း။
သီရိမတော၊ ဘုန်းပညာရှိသော။
ရာဇဝရဿ၊ နတ်မင်းကြီးလေးယောက်တို့ထက်မြတ်သော။
ဘန္တေ၊ မြတ်စွာဘုရား။
ဝေဿဝဏဿ၊ ဝေဿဝဏအမည်ရှိသော။
ရညော၊ နတ်မင်းကြီး၏။
ဓီတာ၊ သမီးဖြစ်ကုန်သော။
သက္ကဿ၊ သိကြားနတ်မင်း၏။
ပရိစာရိကာ၊ အလုပ်အကျွေးဖြစ်ကုန်သော
သုတာ၊ သုတာအမည်ရှိသော။
ဒေဝတာစ၊ နတ်သမီးလည်းကောင်း။
ဣတိ၊ ဤသို့။
ရာဇိ၊ ထွန်းတောက်ပသော တန်ခိုးအာနုဘော်လည်းရှိကုန်ထသော။
မတိ၊ ကြီးကျယ်သော ပညာလည်းရှိကုန်ထသော။
ဒေဝတာ၊ နတ်သမီးတို့သည်။
ဓမ္မဂုဏေဟိ၊ တရားနှင့်လျော်ကုန်သော ကျေးဇူးတို့ဖြင့်။
သောဘထ၊ တင့်တယ်ကုန်၏။
ဘန္တေ၊ မြတ်စွာဘုရား။
ပဉ္စ၊ ငါးယောက်ကုန်သော။
နာရိယော၊ နတ်သမီးတို့သည်။
ဧတ္ထ၊ ဤဟိမဝန္တာတောအရပ်၌။
သီတောဒကံ၊ ချမ်းအေးသောရေရှိသော။
ဥပ္ပလိနိံ၊ ကြညို ကြာဖြူစသော ပန်းရှိသော။
သိဝံ၊ ဘေးဥပဒ္ဒဝေါမရှိသော။
နဒိံ၊ အနဝတတ်အိုင်မှ ထွက်သော မြစ်သို့။
နှာယိတုံ၊ ရေချိုးခြင်းငှါ။
အာဂမံသု၊ လာရောက်ကုန်၏။
တာ ဒေဝတာ၊ ထိုနတ်မိန်းမတို့သည်။
တတ္ထ၊ ထိုမြစ်၌။
နှာယိတွာ၊ ရေချိုးကုန်၍။
ရမိတွာ၊ မွေ့လျော်ပျော်ပါးကုန်၏။
နစ္စိတွာ၊ ကမြူးကုန်၍။
ဂါယိတွာ၊ သီချင်းသီကုန်၍။
ဝိဟရိံသု၊ နေကုန်၏။
ဟာသု၊ ထိုငါးယောက်သော နတ်သမီးတို့တွင်။
သုတာ၊ သုတာအမည်ရှိသော နတ်သမီးသည်။
လတံ၊ လတာနတ်သမီးကို။
ဗြဝိ၊ ဆို၏။
ဥပ္ပလမာလဓါရိနိ၊ ကြာပန်းကို ပန်ဆင်ခြင်းရှိထသော။
အာဝေဠိနိ၊ နားသွယ်ပန်းလည်းရှိထသော။
ကဉ္စနသန္နိဘတ္တစေ၊ သိင်္ဂီရွှေစင်အဆင်းကဲ့သို့ ပြောင်ပြောင်တောက်ပသော အရေအဆင်းလည်း ရှိထသော။
တိမိရတမ္ဗက္ခိ၊ ပိတုံးရောင်နှင့်တူသော မျက်လုံးအဆင်းနီသော မျက်ရေး တို့နှင့် ပြည့်စုံသော မျက်စိလည်း ရှိထသော။
နဘေဝ သောဏေ၊ ကောင်းကင်ကဲ့သို့ စင်ကြယ်သန့်ရှင်းသော အင်္ဂါကြီးငယ်တို့ဖြင့် ထွန်းပခြင်းလည်းရှိသော။
ဒီဃာယုကီ၊ ရှည်သော အသက်ရှိသော။
ဘဂိနိ၊ အစ်မလတာ။
တံ၊ သင့်ကို။
ပုစ္ဆာမိ၊ ကျွန်တော်မ လျှောက်မေးပါ၏။
ကေန၊ အဘယ်သို့သဘောရှိသော ကုသိုလ်ကံကြောင့်။
တဝ၊ သင်အား။
ယသော၊ အခြံအရံ၏ ပြည့်စုံခြင်းကို။
ကတော၊ ပြုအပ်လေသနည်း။
ဘဒ္ဒေ၊ ကောင်းမြတ်ခြင်းရှိသော။
ဘဂိနိ၊ အစ်မကြီးလတာ။
ကေန၊ အဘယ်ကုသိုလ်ကံကြောင့်။
တွံ၊ သင်သည်။
ပတိနော၊ လင်၏။
ပိယတရာ၊ ချစ်မြတ်နိုးအပ်သော မိန်းမသည်။
အသိ၊ ဖြစ်သနည်း။
ရူပတော၊ အဆင်းသဏ္ဍာန်၏ပြည့်စုံခြင်းဖြင့်။
ဝိသိဋ္ဌကလျာဏိတရာ၊ အထူးသဖြင့်ကောင်းမြတ်သော တင့်တယ်ခြင်းရှိသည်။
အသိ၊ ဖြစ်သနည်း။
နစ္စနစ္စေ၊ ကခြင်း၌လည်းကောင်း။
ဂီတဝါဒိတေ၊ သီခြင်း တီးမှုတ်ခြင်း၌လည်းကောင်း။
ပဒက္ခိဏာ၊ အထူးသဖြင့် ကြွမ်းကြင်လိမ္မာသည်။
အသိ၊ ဖြစ်သနည်း။
နရနာရိပုစ္ဆိတာ၊ နတ်သား နတ်သမီးတို့သည် အဘယ်မှာ လတာရှိသနည်း ဟု မေးအပ်ကုန်သည်။
အဿု၊ ဖြစ်ကုန်၏။
တွံ၊ သင်သည်။
နော၊ ကျွန်တော်မ တို့အား။
အာစိက္ခ၊ ဖြေကြားလော။
သုတာယ၊ သုတာအမည်ရှိသော နတ်သမီးသည်။
ပုစ္ဆိတာ၊ မေးအပ်သော။
ဘဂိနိ၊ ညီမသုတာ။
အဟံ၊ ငါသည်။
မနုဿေသု၊ လူတို့၌။
မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်။
ဥဠာရဘောဂေ၊ များမြတ်သော စည်းစိမ်ဥစ္စာရှိသော။
ကုလေ၊ အမျိုး၌။
သုဏိသာ၊ ချွေးမသည်။
အဟောသိံ၊ ဖြစ်ခဲ့ဘူး၏။
အက္ကောဓနာ၊ အမျက်ဒေါသနည်းသည်။
ဘတ္တု ဝသာနိဝတ္တိနီ၊ လင်၏အလိုအားလျော်စွာကျင့်လေ့ရှိသည်။
ဥပေါသထေ၊ ဥပုသ်ဆောက်တည်ခြင်း၌။
အပ္ပမတ္တာ၊ မမေ့မလျော့သောနှလုံးရှိသည်။
အဟောသိံ၊ ဖြစ်ခဲ့ဘူး၏။
ဘဂိနိ၊ ညီမသုတာ။
မနုဿဘူတာ၊ လူ၏အဖြစ်သို့ရောက်သည်ရှိသော်။
အဟံ၊ ငါသည်။
ဒဟရာ၊ ငယ်ရွယ်သူပင်ဖြစ်သော်လည်း။
အပါပိကာ၊ ယုတ်မာခြင်းမရှိသည်။
အဟောသိ၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။
ပသန္နစိတ္တာ၊ ကြည်ညိုသော စိတ်ရှိသည်ဖြစ်၍။
သဒေဝရံ၊ မတ်နှင့်တကွသော။
သသဿသုရံ၊ ယောက္ခမမိန်းမသူ ယောက္ခမယောက်ျားသူနှင့်တကွသော။
သဒါသကံ၊ ကျွန်ယောက်ျား ကျွန်မိန်းမနှင့်တကွသော။
ပတိံ၊ လင်ကို။
အဘိရာဓယိံ၊ လွန်စွာနှစ်သက်စေပြီ။
တမှိ၊ ထိုချွေးမဖြစ်သော ကာလ၌။
မမ၊ ငါသည်။
တံနိဗ္ဗတ္တကံ၊ ထိုနတ်ပြည်၌ အခြံအရံများခြင်းကို ဖြစ်စေတတ်သော။
ပုညံ၊ ကောင်းမှုကို။
နိဗ္ဗတ္တနေန၊ ဖြစ်စေသော အားဖြင့်။
ယသော၊ အခြံအရံ၏ပြည့်စုံခြင်းကို။
ကတော၊ ပြုအပ်၏။
ဘဂိနိ၊ ညီမသုတာ။
သာဟံ၊ ထိုငါသည်။
ကုသလေန၊ အပြစ်မရှိကောင်းသော အကျိုးကိုပေးခြင်းလက္ခဏာရှိသော။
တေန ကမ္မုနာ၊ ထိုကံကြောင့်။
စတုဗ္ဘိ ဌာနေဟိ၊ လေးပါးကုန်သော အကြောင်းတို့ဖြင့်။
အညာဟိ၊ တစ်ပါးကုန်သော နတ်သမီးတို့ထက်။
ဝိသေသံ၊ ထူးမြတ်လွန်ကဲသော။
အဇ္ဈဂါ၊ ရ၏။
အာယုဉ္စ၊ အသက်ရှည်ခြင်းကိုလည်းကောင်း။
ဝဏ္ဏဉ္စ၊ အဆင်းသဏ္ဍာန်ကိုလည်းကောင်း။
သုခဉ္စ၊ ချမ်းသာကိုလည်းကောင်း။
ဗလဉ္စ၊ ခွန်အားကိုလည်းကောင်း။
အနပ္ပကံ၊ များသော။
ခိဍ္ဍာစ၊ မြူးထူးခြင်းကိုလည်းကောင်း။
ရတိံ စ၊ မွေ့လျော်ခြင်းကိုလည်းကောင်း။
ပစ္စနုဘောမိ၊ သုံးဆောင်ခံစားရ၏။
ဘဂိနိယော၊ အစ်မတို့။
အမှာကံ၊ ကျွန်တော်မတို့၏။
ဇေဋ္ဌဘဂိနိ၊ အစ်မကြီးဖြစ်သော။
အယံ လတာ၊ ဤလတာသည်။
ယံဝစနံ၊ အကြင်စကားကို။
ဘာသတိ၊ ဆို၏။
တံ၊ ထိုစကားကို။
တုမှေဟိ၊ သင်တို့သည်။
သုတံ နု၊ ကြားအပ်ကုန်ပြီလော။
နော၊ ကျွန်တော်မ တို့သည်။
ယံပဉှံ၊ အကြင်သိခြင်းငှါ အလိုရှိ၍မေးအပ်သောအနက်ကို။
အပုစ္ဆိမှ၊ မေးပါကုန်၏။
တံ၊ ထိုသိခြင်းငှါ အလိုရှိ၍မေးအပ်သောအနက်ကို။
နော၊ ကျွန်တော်မ တို့အား။
အကိတ္တယီ၊ ဖြေကြားပြီ။
နော၊ ကျွန်တော်မ တို့၏။
ပတိ ကိရ၊ လင်မည်သည်ကား။
နာရီနံ၊ မိန်းမဖြစ်ကုန်သော။
အမှာကံ၊ ကျွန်တော်မတို့၏။
ဝိသိဋ္ဌာ၊ ထူးသော။
ဂတီ စ၊ ကိုးကွယ်လည်းလျောင်းရာသည်လည်း။
ဟောတိ၊ ဖြစ်၏။
တာသံ၊ ထိုကျွန်တော်မတို့၏။
ပဝရာ၊ မြတ်သော။
ဒေဝတာစ၊ နတ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဘဂိနိယော၊ အစ်မတို့။
ယတ္ထ၊ အကြင်လင်တို့အားကျင့်ရာသော ဝတ်ကို။
စရိယမာနေ၊ ကျင့်သည်ရှိသော်။
ဣတ္ထိယော၊ မိန်းမတို့သည်။
ပတိဗ္ဗတာ၊ ပတိဗ္ဗတာအမည်ရှိကုန်သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
သဗ္ဗာ၊ ခပ်သိမ်းကုန်သော။
မယံ၊ ကျွန်တော်မ တို့သည်။
ပတီသု၊ လင်တို့၌။
ဓမ္မံ၊ ကျင့်အပ်သောတရားကို။
ပစရိတွာ၊ ကျင့်ခြင်းကြောင့်။
အယံ လတာ၊ ဤလတာသည်။
ဧတရဟိ၊ ယခုအခါ၌။
သမ္ပတ္တိံ၊ စည်းစိမ်ချမ်းသာကို။
လဘာမီတိ၊ ရ၏ဟူ၍။
ယံဝစနံ၊ အကြင်စကားကို။
ဘာသတိ၊ ဆို၏။
တံ၊ ထိုစကားကို။
သဗ္ဗာ၊ ခပ်သိမ်းကုန်သော။
မယံ၊ ကျွန်တော်မတို့သည်။
လစ္ဆာမသေ၊ ရကုန်လတ္တံ့။
ဘဂိနိယော၊ အစ်မတို့။
ပဗ္ဗတသာနုဂေါစရော၊ တောချုံတောအုပ်တို့၌ကျက်စားလေ့ရှိသော။
မံသဘောဇနော၊ သားဟင်းမျိုးသာလျှင်အစာရှိသော။
သီဟော၊ ကေသရာဇအမည်ရှိသော ခြင်္သေ့သည်။
မဟိန္ဓရံ၊ မြေကိုဆောင်တတ်သော။
ပဗ္ဗတံ၊ တောင်၌။
အာဝသိတွာဝသန္တော၊ နေလျက်။
ဣတရေ၊ မိမိမှတစ်ပါးကုန်သော။
စတုပ္ပဒေ၊ အခြေလေးချောင်းရှိကုန်သော။
ခုဒ္ဒေ၊ အားနည်းကုန်သော။
မိဂေ၊ သားတို့ကို။
ပသယှအဘိဘဝိတွာ၊ လွှမ်းမိုးနှိပ်နင်း၍။
ဟန္တွာ၊ သတ်၍။
ခါဒတိ ယထာ၊ စားသကဲ့သို့။
တထေဝ၊ ထိုအတူသာလျှင်။
ဣဓ၊ ဤလောက၌။
သဒ္ဓါ၊ ယုံကြည်ခြင်းရှိသော။
အရိယသာဝိကာ၊ ဘုရားအစရှိသော အရိယာတို့၏ အဆုံးအမကိုနာခံ၍ ကျင့်လေ့ရှိသော။
နာရီ၊ မိန်းမသည်။
ဘတ္တာရံ၊ ကျွေးမွေးတတ်သော။
ပတိံသာမိကံ၊ လင်ကို။
နိဿာယ၊ မှီ၍။
ဝသန္တီ၊ နေလျက်။
အနုဗ္ဗတာ၊ လင်အား လျော်သော အကျင့်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
ကောဓံ၊ အမျက်ဒေါသကို။
ဝဓိတွာ၊ ဖျက်ဆီး၍။
မစ္ဆေရံ၊ သိမ်းဆည်းအပ်သော ဝတ္ထုတို့၌ဖြစ်ထိုက်သော မစ္ဆေရကို။
အဘိဘုယျ၊ နှိပ်နင်း၍။
ဓမ္မစာရိနီ၊ တရားကို ကျင့်လေ့ရှိသည်။
ဟောတိ၊ ဖြစ်၏။
သာ၊ ထိုမိန်းမသည်။
သဂ္ဂမှိ၊ နတ်ပြည်၌။
မောဒတိ၊ မွေ့လျော်စံပျော်ရ၏။
ဣတိ၊ ဤသို့။
လတာ၊ လတာသည်။
သုတာယ၊ ညီမသုတာအား။
ဝိဿဇ္ဇနန္တိ၊ ဖြေဆိုသည်ဖြစ်၍။
အာဟ၊ ဆိုပြီ။
တတ္ထ၊ ထိုဂါထာတို့၌။
လတာ စ သဇ္ဇာ ပဝရာ အစ္စိမတီ သုတာတိ၊ လတာ စ သဇ္ဇာ ပဝရာ အစ္စိမတီ သုတာဟူသည်ကား။
တာသံ၊ ထိုငါးယောက်သော နတ်သမီးတို့၏။
နာမံ၊ အမည်တည်း။
စ သဒ္ဒေါ၊ စသဒ္ဒါသည်။
သမုစ္စယတ္ထော၊ ပေါင်းဆည်းခြင်းအနက်ရှိ၏။
ရာဇဝရဿာတိ၊ ရာဇဝရဿဟူသည်ကား။
စတုန္နံ မဟာရာဇာနံ၊ နတ်မင်းကြီးလေးယောက်တို့ထက်။
ဝရဿ သေဋ္ဌဿ၊ မြတ်သော။
ဒေဝရာဇဿ၊ နတ်တကာတို့၏မင်းဖြစ်သော။
သက္ကဿ၊ သိကြားမင်း၏။
ပရိစာရိကာ၊ အလုပ်အကျွေးဖြစ်ကုန်သော။
ဣတိအယံ၊ ဤသည်ကား။
အဓိပ္ပါယော၊ အဓိပ္ပါယ်တည်း။
ရညောတိ၊ ရညောဟူသည်ကား။
မဟာရာဇဿ၊ ဝေဿဝဏ်နတ်မင်းကြီး၏။
တေနာဟ၊ ထိုကြောင့်။
ဝေဿဝဏဿ ဓီတာ တိ၊ ဝေဿဝဏဿ ဓီတာ ဟူ၍။
အာဟ၊ မိန့်ပြီ။
ဣဒံ ပဒံ၊ ဤဓိတာဟူသော ပုဒ်ကို။
ပစ္စေကံ၊ အသီးအသီး။
ယောဇေတဗ္ဗံ၊ ယှဉ်အပ်၏။
ဝါ၊ တစ်နည်းကား။
ဝစနဝိပလ္လာသော၊ ဝစနဝိပလ္လာသတည်း။
ဓီတရော၊ သမီးဖြစ်ကုန်သော။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ရာဇတိ ဝိဇ္ဇောတတိ၊ ထွန်းတောက်ပတတ်၏။
ဣတိတသ္မာ၊ ထိုကြောင့်။
ရာဇီ၊ ရာဇီမည်၏။
မတီတိ၊ မတီဟူသည်ကား။
ပညာဝတာ၊ ကြီးကျယ်သော ပညာရှိကုန်သော။
ဒေဝတာ၊ နတ်သမီးတို့သည်။
ရာဇီမတီတိ၊ ရာဇိမတီဟူသော။
ဣဒံ၊ ဤပုဒ်သည်။
သဗ္ဗာသံ၊ ခပ်သိမ်းကုန်သော။
တာသံ၊ ထိုနတ်သမီးတို့အား။
ဝိသေသနံ၊ အထူးပြု၏။
ဧတံ၊ ဤရာဇိမတိဟူသော သဒ္ဒါသည်။
ဧကိဿာ၊ တစ်ယောက်သော။
ဒေဝတာယ၊ နတ်သမီး၏။
နာမမေဝ၊ အမည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
ကေစိ၊ အချို့သောဆရာတို့သည်။
ဝဒန္တိ၊ ဆိုကုန်၏။
တေသံ၊ ထိုကေစိဆရာတို့၏။
မတေန၊ အလိုအားဖြင့်။
ပဝရာတိ ဣဒံ၊ ပဝရာဟူသော ဤပုဒ်သည်။
သဗ္ဗာသံ၊ ခပ်သိမ်းကုန်သော နတ်သမီးတို့၏။
ဝိသေသနမေဝ၊ ဝိသေသနသာလျှင်တည်း။
ဓမ္မဂုဏေဟီတိ၊ ဓမ္မဂုဏေဟိ ဟူသည်ကား။
ဓမ္မိယေဟိ၊ တရားနှင့်လျော်ကုန်သော။
ဓမ္မတော၊ တရားမှ။
အနပေတေဟိ၊ မကင်းမလွတ်ကုန်သော။
ဂုဏေဟိ ယထာဘုစ္စဂုဏေဟိ၊ မဖောက်မပြန်ဟုတ်မှန်သော ဂုဏ်တို့ဖြင့်။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
သောဘထာတိ၊ သောဘထဟူသည်ကား။
ဝိရောစထ၊ တင့်တယ်ကုန်၏။
ပဉ္စေတ္ထ နာရိယောတိ၊ ပဉ္စေတ္ထ နာရိယောဟူသည်ကား။
ယထာဝုတ္တနာမာ၊ အကြင်အကြင်ဆိုအပ်ခဲ့ပြီးသော အမည်ရှိကုန်သော။
ပဉ္စ၊ ငါးယောက်ကုန်သော။
ဒေဝဓီတရော၊ နတ်သမီးတို့သည်။
ဧတ္ထ ဣမသ္မိံ ဟိမဝန္တပဒေသေ၊ ဤဟိမဝန္တာအရပ်၌။
သီတောဒကံ ဥပ္ပလိနိံ သိဝံ နဒိန္တိ ဣဒံ၊ သီတောဒကံ ဥပ္ပလိနိံ သိဝံ နဒိဟူသော ဤပုဒ်ကို။
အနောတတ္တဒဟတော၊ အနဝတတ်အိုင်မှ။
နိက္ခန္တနဒိမုခံ၊ စီးထွက်သော မြစ်ဝကို။
သန္ဓါယ၊ ရည်၍။
ဝဒတိ၊ ဆို၏။
နစ္စိတွာ ဂါယိတွာတိ ဣဒံဝစနံ၊ နစ္စိတွာဂါယိတွာဟူသော ဤစကားကို။
ပိတု၊ အဘဖြစ်သော။
ဝေဿဝဏဿ၊ ဝေဿဝဏ်နတ်မင်းကြီး၏။
အာဏာယ၊ အာဏာဖြင့်။
ဒေဝသမာဂမေ၊ နတ်တို့၏ အစည်းအဝေး၌။
တာဟိ၊ ထိုနတ်သမီးတို့သည်။
ကတဿ၊ ပြုအပ်သော။
နစ္စဂီတဿ၊ ကခြင်း သီခြင်း၏။
ဝသေန၊ အစွမ်းအားဖြင့်။
ဝုတ္တံ၊ ဆိုအပ်၏။
သုတာ လတံ ဗြဝီတိ၊ သုတာလတံဗြဝိဟူသည်ကား။
သုတာ ဒေဝဓီတာ၊ သုတာအမည်ရှိသော နတ်သမီးသည်။
အတ္တနော၊ မိမိ၏။
ဘဂိနိံ၊ အစ်မကြီးဖြစ်သော။
လတံ၊ လတာအမည်ရှိသော နတ်သမီးကို။
ကထေသိ၊ ဆို၏။
သုတာ လတံ ဗြဝုန္တိဝါ၊ သုတာလတံဗြဝုံဟူ၍လည်း။
ပဌန္တိ၊ ရွတ်ကုန်၏။
ဝေဿဝဏဿ မဟာရာဇဿ၊ ဝေဿဝဏ်နတ်မင်းကြီး၏။
သုတာ ဓီတရော၊ သမီးတို့သည်။
လတံ၊ လတာအမည်ရှိသော အစ်မကြီးကို။
ကထေသုံ၊ ဆိုကုန်၏။
ဣိတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
တိမိရတမ္ဗက္ခီတိ၊ တိမိရတမ္ဗက္ခီ ဟူသည်ကား။
နိစုလကေသရဘာသသဒိသေဟိ၊ ကျည်းပွင့်၏ ဝတ်ဆံအရောင်အဆင်းနှင့် တူကုန်သော။
တမ္ဗရာဇီဟိ၊ နီသော မျက်ရေးတို့နှင့်။
သမန္နာဂတက္ခိ၊ ပြည့်စုံသော မျက်စိရှိသော။
နဘေဝ သောဘဏေတိ၊ နဘေဝ သောဘဏေဟူသည်ကား။
နဘံ ဝိယ၊ ကောင်းကင်ကဲ့သို့။
သောဘမာနေ၊ တင့်တယ်ခြင်းရှိသော။
သရဒသမယေ၊ တန်ဆောင်မုန်းလအခါ၌။
အဗ္ဘမဟိကာဒိဥပက္ကိလေသဝိမုတ္တံ၊ တိမ်တိုက်ဆီးနှင်းစသော အညစ်အကြေးမှ လွတ်သော။
နဘံ ဝိယ၊ ကောင်းကင်ကဲ့သို့။
သုဝိသုဒ္ဓင်္ဂပစ္စင်္ဂတာယ၊ အလွန်စင်ကြယ်သော အင်္ဂါကြီးငယ်ရှိသည်၏ အဖြစ်ကြောင့်။
ဝိရာဇမာနာ၊ တင့်တယ်ထွန်းပခြင်းရှိသည်ဖြစ်၍။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
အထ ဝါ၊ တစ်နည်းသော်ကား။
နဘေဝါတိ၊ နဘေဝဟူသည်ကား။
နဘေ ဧဝ၊ ကောင်းကင်၌တည်သော ဗိမာန်၌လည်းကောင်း။
ဧဝသဒ္ဒေါ၊ ဧဝသဒ္ဒါသည်။
သမုစ္စယတ္ထော၊ ပေါင်းစည်းခြင်းအနက်ရှိ၏။
အာကာသဋ္ဌဝိမာနေသု စ၊ ကောင်းကင်၌တည်သော ဗိမာန်တို့၌လည်းကောင်း။
ဟိမဝန္တယုဂန္ဓရာဒိဘူမိပဋိဗဒ္ဓဋ္ဌာနေသု စ၊ ဟိမဝန္တာယုဂန္ဓိုရ်တောင်အစရှိသော မြေနှင့်စပ်သော အရပ်တို့၌လည်းကောင်း။
ဣတိ၊ ဤသို့။
သဗ္ဗတ္ထေဝ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့၌သာလျှင်။
သောဘမာနေ၊ တင့်တယ်ခြင်းရှိသော။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ကေန ကတောတိ၊ ကေန ကတောဟူသည်ကား။
ကေန ကီဒိသေန၊ အဘယ်သို့သဘောရှိသော။
ပုညေန၊ ကောင်းမှုကံကြောင့်။
နိဗ္ဗတ္တော၊ ဖြစ်သနည်း။
ယသောတိ၊ ယသော ဟူသည်ကား။
ပရိဝါရသမ္ပတ္တိ စ၊ အခြံအရံ၏ ပြည့်စုံခြင်းသည်လည်းကောင်း။
ကိတ္တိသဒ္ဒေါ စ၊ ကျော်စောသော အသံသည်လည်းကောင်း။
ယသော၊ ယသမည်၏။
ကိတ္တိသဒ္ဒဂ္ဂဟဏေန စ၊ ကိတ္တိသဒ္ဒါကိုယူသဖြင့်လည်း။
ကိတ္တိသဒ္ဒဟေတုဘူတာ၊ ကိတ္တိသဒ္ဒါ၏အကြောင်းဖြစ်၍ဖြစ်ကုန်သော။
ဂုဏာ၊ ဂုဏ်ကျေးဇူးတို့ကို။
ဂယှန္တိ၊ ယူအပ်ကုန်၏။
ပတိနော ပိယတရာတိ၊ ပတိနောပိယတရာဟူသည်ကား။
သာမိနော၊ လင်၏။
ပိယတရာ၊ အထူးသဖြင့်ချစ်မြတ်နိုးအပ်သော။
သာမိဝလ္လဘာ၊ လင်နှင့်အကျွမ်းဝင်သော မိန်းမသည်။
အသိ၊ ဖြစ်၏။
တေနဝစနေန၊ ထိုစကားဖြင့်။
အဿာ၊ ထိုလတာနတ်သမီး၏။
သုဘဂတံ၊ တင့်တယ်ခြင်းရှိသည်၏အဖြစ်ကို။
ဒဿေတိ၊ ပြ၏။
ဝိသိဋ္ဌကလျာဏိတရဿူ ရူပတောတိ၊ ဝိသိဋ္ဌကလျာဏိတရဿူ ရူပတောဟူသည်ကား။
ရူပသမ္ပတ္တိယာ၊ အဆင်းသဏ္ဍာန်၏ ပြည့်စုံခြင်းဖြင့်။
ဝိသိဋ္ဌာ ဥတ္တမာ၊ အထူးသဖြင့်မြတ်သော။
ကလျာဏိတရာ၊ အလွန်ကောင်းမြတ်တင့်တယ်ခြင်းရှိသည်။
အသိ၊ ဖြစ်၏။
အဿူတိ ဣဒံ၊ အဿုဟူသော ဤပုဒ်သည်။
နိပါတမတ္တံ၊ နိပါတ်ပုဒ်မျှသာတည်း။
ဝိသိဋ္ဌကလျာဏိတရာသိ ရူပတော တိ စ၊ ဝိသဋ္ဌကလျဏိတရာဘိရူပတောဟူ၍လည်း။
ပဌန္တိ၊ ရွတ်ကုန်၏။
ပဒက္ခိဏာတိ၊ ပဒက္ခိဏာဟူသည်ကား။
ပကာရေဟိ၊ အပြားတို့ဖြင့်။
ဝါ၊ တစ်နည်းကား။
ဝိသေသေန၊ အထူးသဖြင့်။
ဒက္ခိဏာ ကုသလာ၊ လိမ္မာ၏။
နစ္စနဂီတဝါဒိတေတိ ဧတ္ထ၊ နစ္စဂီတ ဝါဒိတေဟူသော ဤပုဒ်တွင်။
နစ္စနာတိ ဧတ္ထ၊ နစ္စဟူသော ဤပုဒ်၌။
ဝိဘတ္တိလောပေါ၊ သတ္တမီဝိဘတ်၏ကျေခြင်းကို။
ကတော၊ ပြုအပ်၏။
နစ္စေ စ၊ ကခြင်း၌လည်းကောင်း။
ဂီတေ စ ဝါဒိတေ စ၊ သီခြင်း တီးမှုတ်ခြင်း၌လည်းကောင်း။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
နရနာရိပုစ္ဆိတာတိ၊ နရနာရိပုစ္ဆိတာဟူသည်ကား။
ဒေဝပုတ္တေဟိ စ၊ နတ်သားတို့သည်လည်းကောင်း။
ဒေဝဓီတာဟိ စ၊ နတ်သမီးတို့သည်လည်းကောင်း။
လတာ၊ လတာနတ်သမီးသည်။
ကဟံ၊ အဘယ်မှာနည်း။
လတာ၊ လတာနတ်သမီးသည်။
ကိံ၊ အဘယ်သို့။
ကရောတိ၊ ပြုပါလိမ့်မည်နည်း။
ဣတိ၊ ဤသို့။
ရူပဒဿနတ္ထဉ္စေဝ၊ အဆင်းသဏ္ဍာန်တင့်တယ်ဟန်ကို ရှုကြည့်လိုသောငှါလည်းကောင်း။
သိပ္ပဒဿနတ္ထဉ္စ၊ ကခြင်း သီခြင်း စသော အတတ်ကိုရှုကြည့်နာလိုသောငှါလည်းကောင်း။
ပုစ္ဆိတာ၊ မေးမြန်းအပ်၏။
နိစ္စံ၊ အခါခပ်သိမ်း။
ကာယေန၊ ကိုယ်ဖြင့်။
အသံသဋ္ဌတာယ၊ နှီးနှောရောပြွမ်းခြင်းမရှိသည်၏အဖြစ်ကြောင့်။
ဒေဝေါ ဝိယ၊ နတ်ကဲ့သို့။
ရမေတိ၊ မွေ့လျော်စေတတ်၏။
ဣတိ၊ ထိုကြောင့်။
ဒေဝရော၊ ဒေဝရမည်၏။
ဝါ၊ တစ်နည်းကား။
ဒုတိယော၊ နှစ်ယောက်မြောက်သော။
ဝရော၊ တောင့်တအပ်သော သူတည်း။
ဣတိတသ္မာ၊ ထိုကြောင့်။
ဒေဝရော၊ ဒေဝရမည်၏။
ဘတ္တု၊ လင်၏။
ကနိဋ္ဌဘာတာ၊ ညီအငယ်တည်း။
ယောပတိ၊ အကြင်လင်သည်။
ဒေဝရေန၊ မတ်နှင့်။
သဟ၊ တကွ။
ဝတ္တတ၊ ဖြစ်၏။
ဣတိတသ္မာ၊ ထိုကြောင့်။
သောပတိ၊ ထိုလင်သည်။
သဒေဝရော၊ သဒေဝရမည်၏။
သဿု စ၊ ယောက္ခမ မိန်းမသူလည်း။
သသုရော စ၊ ယောက္ခမယောက်ျားသူလည်း။
သဿုသဿုရာ၊ ယောက္ခမမိန်းမသူ ယောက္ခမယောက်ျားသူတို့။
သဿုသဿုရေဟိ၊ ယောက္ခမမိန်းမသူ ယောက္ခမယောက်ျားသူတို့နှင့်။
သဟ၊ တကွ။
ဝတ္တတိ၊ ဖြစ်၏။
ဣတိတသ္မာ၊ ထိုကြောင့်။
သသဿုသဿုရံ၊ သသဿုသဿုရမည်၏။
ဒါသေဟိ၊ ကျွန်ယောက်ျားတို့နှင့်လည်းကောင်း။
ဒါသီဟိ၊ ကျွန်မိန်းမတို့နှင့်လည်းကောင်း။
သဟ၊ တကွ။
ဝတ္တတိ၊ ဖြစ်၏။
ဣတိတသ္မာ၊ ထိုကြောင့်။
သဒါသကံ၊ ကျွန်ယောက်ျားမိန်းမနှင့်တကွ။
ပတိံ၊ လင်ကို။
အဘိရာဓယိံ၊ နှစ်သက်စေပြီ။
ဣတိအယံ၊ ဤသည်ကား။
ယောဇနာ၊ ယောဇနာခြင်းတည်း။
တမှိ ကတောတိ၊ တမှိကတောဟူသည်ကား။
တမှိ ကုလေ၊ ထိုပြည့်စုံကြွယ်ဝသော အမျိုး၌။
ဝါ၊ တစ်နည်းကား။
ကာလေ သုဏိသာကာလေ၊ ထိုချွေးမဖြစ်သော ကာလ၌။
တံနိဗ္ဗတ္တကံ၊ ထိုပြည့်စုံခြင်းကို ဖြစ်စေတတ်သော။
ပုညံ၊ ကောင်းမှုကို။
နိဗ္ဗတ္တနေန၊ ဖြစ်စေသဖြင့်။
ယသော၊ အခြံအရံပြည့်စုံခြင်း၏အကြောင်းကို။
ကတော၊ ပြုအပ်ပြီ။
ဣတိအယံ၊ ဤသည်ကား။
အဓိပ္ပါယော၊ အဓိပ္ပါယ်တည်း။
မမာတိ ဣဒံ၊ မမဟူသော ဤပုဒ်ကို။
ကတော တိ ပဒံ၊ ကတောဟူသော ကံဟောကြိယာပုဒ်ကို။
အပေက္ခိတွာ၊ ငဲ့၍။
မယာတိ၊ မယာဟူ၍။
ပရိဏာမေတဗ္ဗံ၊ တတိယာဝိဘတ်ပြန်အပ်၏။
စတုဗ္ဘိ ဌာနေဟီတိ၊ စတုဗ္ဘိ ဌာနေဟိဟူသည်ကား။
စတူဟိ ကာရဏေဟိ၊ လေးပါးကုန်သော အကြောင်းတို့ဖြင့်။
ဝါ၊ တစ်နည်းကား။
နိမိတ္တဘူတေသု၊ အကြောင်းဖြစ်၍ ဖြစ်ကုန်သော။
စတူသု ဌာနေသု၊ လေးပါးကုန်သောအကြောင်းတို့ကြောင့်။
ဝိသေသမဇ္ဈဂါတိ၊ ဝိသေသမဇ္ဈဂါဟူသည်ကား။
အညာဟိ၊ တစ်ပါးကုန်သော နတ်သမီးတို့ထက်။
အတိသယံ၊ လွန်ကဲထူးမြတ်သော အဖြစ်ကို။
အဓိဂတာ၊ ရ၏။
အာယုဉ္စ ဝဏ္ဏဉ္စ သုခံ ဗလဉ္စာတိဣဒံ၊ အာယုဉ္စဝဏ္ဏဉ္စ သုခံဗလဉ္စဟူသော ဤသဒ္ဒါသည်။
စတူဟိ ဌာနေဟီတိ၊ စတူဟိဌာနေဟိဟူ၍။
ဝုတ္တာနံ၊ ဆိုအပ်ကုန်သော အကြောင်းတို့ကို။
သရူပတော၊ သရုပ်အားဖြင့်။
ဒဿနံ၊ ပြကြောင်းဖြစ်သောသဒ္ဒါတည်း။
ဟိသစ္စံ၊ မှန်၏။
အာယုအာဒယော ဧဝ၊ အသက်ရှည်ခြင်းအစရှိသည်တို့သည်သာလျှင်။
အဿာ၊ ထိုလတာနတ်သမီး၏။
အညာဟိ၊ တစ်ပါးကုန်သောနတ်သမီးတို့ထက်။
ဝိသိဋ္ဌသဘာဝတာယ၊ ထူးမြတ်လွန်ကဲသော သဘောရှိသည်၏အဖြစ်ကြောင့်။
ဝိသေသာ၊ ထူးကုန်၏။
တထာ၊ ထိုမှတပါး။
တဿာ၊ ထိုနတ်သမီးအား။
သမ္ဘာဝနာဝသေန၊ ခြီးမွမ်းခြင်း၏ အစွမ်းအားဖြင့်။
ဂဟေတဗ္ဗတာယ၊ ယူအပ်သောအဖြစ်၏။
ဟေတုဘာဝတော၊ အကြောင်း၏အဖြစ်ကြောင့်။
ဌာနန္တိ စ၊ ဌာနဟူ၍လည်း။
ဝုတ္တာ၊ ဆိုအပ်၏။
ဝိသေသံ၊ လွန်ကဲထူးမြတ်သည်၏အဖြစ်ကို။
အဇ္ဈဂါအဓိဂတာ၊ ရ၏။
ကီဒိသံ၊ အဘယ်သို့သဘောရှိသော။
ဝိသေသံ၊ အထူးကို။
အဓိဂတာ၊ ရသနည်း။
အာယုဉ္စ၊ အသက်ရှည်ခြင်းကိုလည်းကောင်း။
ဝဏ္ဏဉ္စ၊ အဆင်းလှခြင်းကိုလည်းကောင်း။
သုခဉ္စ၊ ချမ်းသာခြင်းကိုလည်းကောင်း။
ဗလဉ္စ၊ ခွန်အားကြီးခြင်းကိုလည်းကောင်း။
အဇ္ဈဂါ၊ ရ၏။
ဣတိအယံ၊ ဤသည်ကား။
ယောဇနာ၊ ယောဇနာခြင်းတည်း။
သုတံ နု တံ ဘာသတိ ယံ အယံ လတာတိ၊ သုတံ နု တံ ဘာသတိ ယံ အယံ လတာဟူသည်ကား။
အမှာကံ၊ အကျွန်ုပ်တို့၏။
ဇေဋ္ဌဘဂိနီ၊ အစ်မကြီးဖြစ်သော။
အယံ လတာ၊ ဤလတာနတ်သမီးသည်။
ယံ ဝစနံ၊ အကြင်စကားကို။
ဘာသတိ၊ ဆို၏။
တံ ဝစနံ၊ ထိုစကားကို။
တုမှေဟိ၊ သင်တို့သည်။
သုတံ နု၊ ကြားကုန်ပြီမဟုတ်လော။
ကိံ၊ အသို့နည်း။
အသုတံ၊ မကြားသလော။
ဣတိ၊ ဤသို့။
ဣတရာ၊ မိမိမှတစ်ပါးကုန်သော။
တိဿော၊ သုံးယောက်ကုန်သော။
ဘဂိနိယော၊ ညီမတို့ကို။
ပုစ္ဆ၊ မေး၏။
ယံနောတိ၊ ယံနောဟူသည်ကား။
အမှာကံ၊ ငါတို့၏။
ယံသံသယိတံ၊ အကြင်တွေးတောရွံရှာသင်္ကာမကင်းသောအရာကို။
အပုစ္ဆိမှ၊ မေးရကုန်ပြီ။
ဝါ၊ တစ်နည်းကား။
နောတိ၊ နောဟူသည်ကား။
နိပါတမတ္တံ၊ နိပါတ်မျှသာတည်း။
ပုန၊ တစ်ဖန်။
နောတိ၊ နောဟူသည်ကား။
အမှာကံ၊ ငါတို့အား။
ဝါ၊ တစ်နည်းကား။
န နော သမံ အတ္ထီ တိအာဒီသု ဝိယ၊ နနောသမံ အတ္ထိဤသို့အစရှိသည်တို့၌ကဲ့သို့။
အဝဓါရဏေ၊ အဝဓာရဏအနက်၌။
နိပါတော၊ နိပါတ်မျှသာတည်း။
တေန၊ ထိုဘုရားရတနာနှင့်။
သမံ၊ တူသော ရတနာသည်။
နနောအတ္ထိ၊ မရှိသည်သာလျှင်တည်း။
တေန၊ ထိုကြောင့်။
အကိတ္တယိယေဝ၊ ဖြေကြားပေသည်သာလျှင်တည်း။
တေန၊ ထိုကြောင့်။
အကိတ္တယိယေဝ၊ ဖြေကြားပေသည်သာလျှင်တည်း။
အဝိပရီတံ၊ မဖောက်မပြန်ဟုတ်မှန်စွာ။
ဗျာကာသိယေဝ၊ ဖြေကြားပေသည်သာလျှင်တည်း။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ပတိနော ကိရမှာကံ ဝိသိဋ္ဌ နာရီနံ ဂတီ နေသံ ပဝရာ စ ဒေဝတာတိ၊ ပတိနော ကိရမှာကံ ဝိသိဋ္ဌ နာရီနံ ဂတီ နေသံ ပဝရာ စ ဒေဝတာဟူသည်ကား။
အနတ္ထတော၊ အကျိုးစီးပွား မရှိခြင်းမှ။
ပါလနတော၊ စောင့်ရှောက်တားမြစ်တတ်သောကြောင့်။
ပတိနော သာမိကော နာမ၊ လင်သည်မည်သည်ကား။
နာရီနံ ဣတ္ထီနံ၊ မိန်းမဖြစ်ကုန်သော။
အမှာကံ၊ အကျွန်ုပ်တို့၏။
ဝိသိဋ္ဌ၊ ထူးသော၏
ဂတိ စ၊ လားရာလည်းမည်၏။
နေသံ၊ ထိုအကျွန်ုပ်တို့၏။
သရဏတော၊ ကိုးကွယ်ရာဖြစ်သောကြောင့်။
ပဝရာ ဥတ္တမာ၊ မြတ်သော။
ဒေဝတာ စ၊ နတ်မည်သည်လည်း။
ဟောတိ၊ ဖြစ်၏။
သမ္ပတိ စ၊ ယခုပစ္စုပ္ပန်လောက၌လည်းကောင်း။
အာယတိဉ္စ၊ တမလွန်လောက၌လည်းကောင်း။
ဟိတသုခါဝဟတ္တာ၊ စီးပါားချမ်းသာကို ဆောင်တတ်သည်၏အဖြစ်ကြောင့်။
သမ္မဒေဝ၊ ကောင်းစွာသာလျှင်။
အာရာဓိကာ၊ နှစ်သက်စေတတ်၏။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ပတီသု ဓမ္မံ ပစရာမ သဗ္ဗာတိ၊ ပတီသု ဓမ္မံ ပစရာမ သဗ္ဗာဟူသည်ကား။
သဗ္ဗာဝ၊ အလုံးစုံသာလျှင်ဖြစ်ကုန်သော။
မယံ၊ အကျွန်ုပ်တို့သည်။
ပတီသု အတ္တနော သာမိကေသု၊ မိမိလင်တို့၌။
ပုဗ္ဗုဋ္ဌာနာဒိကံ၊ လင်မထမီရှေးအဘို့၌ ထ၍ပြုအပ်သော ကိစ္စကို ပြုခြင်းစသော။
စရိတဗ္ဗဓမ္မံ၊ မယားတို့သည် ကျင့်ရာသောဝတ်ကို။
ပစရာမ၊ အရိုအသေကျင့်ကုန်အံ့။
ယတ္ထာတိ၊ ယတ္ထဟူသည်ကား။
ယံ နိမိတ္တံ၊ အကြင်လင်တို့၏ တတ်နှင့်ပြည့်စုံခြင်းကြောင့်။
ဝါ၊ တစ်နည်းကား။
ယေသုပတီသု၊ အကြင်လင်တို့၌။
စရိတဗ္ဗဓမ္မေ၊ ကျင့်အပ်သော တရားတို့ကို။
စရိယမာနေ၊ ကျင့်သည်ရှိသော်။
ဣတ္ထိယော၊ မိန်းမတို့သည်။
ပတိဗ္ဗတာ နာမ၊ ပတိဗ္ဗတာမည်ကုန်သည်။
ဘဝန္တိ၊ ဖြစ်ကုန်၏။
လစ္ဆာမသေ ဘာသတိ ယံ အယံ လတာတိ၊ လစ္ဆာမသေ ဘာသတိ ယံ အယံ လတာဟူသည်ကား။
အယံ လတာ၊ ဤကျွန်တော်မတို့၏ အမဖြစ်သော လတာသည်။
ဧတရဟိ၊ ယခုအခါ၌။
ယံ သမ္ပတ္တိံ၊ အကြင်စည်းစိမ်ချမ်းသာကို။
လဘတိ၊ ရ၏။
ဣတိ၊ ဤသို့။
ဘာသတိ၊ ဆို၏။
တံ သမ္ပတ္တိံ၊ ထိုစည်းစိမ်ချမ်းသာကို။
ပတီသု၊ လင်တို့၌။
ဓမ္မံ၊ ကျင့်ဝတ်တရားငါးပါးကို။
ပစရိတွာ၊ ရိုသေစွာကြင့်သောကြောင့်။
လဘိဿာမ၊ ရကုန်အံ့။
ပဗ္ဗတသာနုဂေါစရောတိ၊ ပဗ္ဗတသာနုဂေါစရောဟူသည်ကား။
ပဗ္ဗတဝနသဏ္ဍစာရီ၊ တောချုံ တောအုပ် တို့၌ ကျက်စားလေ့ရှိသော။
မဟိန္ဓရံ ပဗ္ဗတမာဝသိတွာတိ ဧတ္ထ၊ မဟိန္ဓရံ ပဗ္ဗတမာဝသိတွာဟူသော ဤပုဒ်၌။
မဟိံ၊ မြေကြီးကို။
ဓါရေတိ၊ ဆောင်တတ်၏။
ဣတိ၊ ထိုကြောင့်။
မဟိန္ဓရနာမကံ၊ မဟိန္ဓရအမည်ရှိသော။
ပဗ္ဗတံ အစလံ၊ တောင်၌။
အာဝသိတွာ တိ၊ အာဝသိတွာဟူသည်ကား။
အဓိဝသိတွာ၊ နေလျက်။
တတ္ထ၊ ထိုမဟိန္ဓရ အမည်ရှိသော တောင်၌။
ဝသန္တော၊ နေလျက်။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ဟိယုတ္တံ၊ သင့်စွ။
အာဝသိတွာ တိ ပဒံ၊ အာဝသိတွာဟူသော ပုဒ်ကို။
အပေက္ခိတွာ၊ ငဲ့၍။
ဧတံ၊ ဤပဗ္ဗတဟူသော ပုဒ်သည်။
ဘုမ္မတ္ထေ၊ သတ္တမီအနက်၌။
ဥပယောဂဝစနံ၊ ဒုတိယာဝိဘတ်ရှိသော ပုဒ်တည်း။
ပသယှာတိ၊ ပသယှဟူသည်ကား။
အဘိဘဝိတွာ၊ လွှမ်းမိုးဖိစီး၍။
ခုဒ္ဒေတိ၊ ခုဒ္ဒေဟူသည်ကား။
ဗလဝသေန၊ ခွန်အား၏အစွမ်းဖြင့်။
နိဟီနေ၊ ယုတ်နိမ့်ကုန်သော။
ပမာဏတော ပန၊ အလုံးအရပ်ပမာဏအားဖြင့် သော်ကား။
မဟန္တေ၊ ကြီးကုန်သော။
ဟတ္ထိအာဒိကေ၊ ဆင်အစရှိကုန်သော။
မိဂေ၊ သားတို့ကို။
သော၊ ထိုကေသရာဇာ အမည်ရှိသော ခြင်္သေ့သည်။
ဟန္တိယေဝ၊ သတ်ဖြတ်နိုင်သည်သာလျှင်တည်း။
တထေဝါတိ ဂါထာယ၊ တတေဝဟူသော ဂါထာ၌။
အယံ၊ ဤဆိုလတ္တံ့သည်ကား။
ဥပမာသံသန္ဒနေန၊ ဥပမာ ဥပမေယျကို နှီးနှောခြင်းနှင့်။
သဒ္ဓိံ၊ တကွ။
အတ္ထယောဇနာ၊ အနက်ယောဇနာခြင်းတည်း။
သီဟော၊ ကေသရာဇာအမည်ရှိသော ခြင်္သေ့သည်။
အတ္တနော၊ မိမိ၏။
နိဝါသဂေါစရဋ္ဌာနံ၊ နေရာကျက်စားရာဌာနဖြစ်၍ဖြစ်သော။
ပဗ္ဗတံ၊ တောင်ကို။
နိဿာယ၊ မှီ၍။
ဝသန္တော၊ နေလျက်။
အတ္တနော၊ မိမိ၏။
ယထိစ္ဆိတံ၊ အကြင်အလိုရှိအပ်သော။
အတ္ထံ၊ အကျိုးကို။
သာဓေတိယထာ၊ ပြီးစေသကဲ့သို့။
ဧဝမေဝ၊ ဤအတူသာလျှင်။
သဒ္ဓါ ပသန္နာ၊ သဒ္ဓါယုံကြည်ခြင်းရှိသော။
အရိယသာဝိကာ၊ အရိယာပုဂ္ဂိုလ်တို့၏ တပည့်မဖြစ်သော။
သာဣတ္ထီ၊ ထိုမိန်းမသည်။
ဃာသစ္ဆာဒနာဒီဟိ၊ အစားအဝတ်အစရှိသည်တို့ဖြင့်။
ဘရဏတော ပေါသနတော၊ လုပ်ကျွေးမွေးမြူပေတတ်သောကြောင့်။
ဘတ္တာရံ ပတိံ သာမိကံ၊ လင်ကို။
နိဿာယ၊ မှီ၍။
ဝသန္တီ၊ နေလျက်။
သဗ္ဗတ္ထာပိ၊ ခပ်သိမ်းသော အရာဋ္ဌာန၌လည်း။
ပတိံ၊ လင်အလိုသို့။
အနုကူလတာသင်္ခါတေန၊ လျော်သည်ဟုဆိုအပ်သော။
ဝတေန၊ အကျင့်ဖြင့်။
အတ္ထံ၊ အကျိုးစီးပွားကို။
ပတိအနုဗ္ဗတာ၊ လင်အားလျော်သော အကျင့်ရှိသည်ဖြစ်၍။
ပရိဇနာဒီသု၊ အခြံအရံပရိတ်သတ်အစရှိသည်တို့၌။
ဥပ္ပဇ္ဇနကံ ကောဓံ၊ ဖြစ်ထိုက်သော အမျက်ဒေါသကို။
ဝဓိတွာ ပဇဟိတွာ၊ ပယ်၍။
ပရိဂ္ဂဟဝတ္ထူသု၊ သိမ်းဆည်းအပ်သော ဝတ္ထုတို့၌။
ဥပ္ပဇ္ဇနကံ၊ ဖြစ်လတ္တံ့သော။
မစ္ဆေရံ၊ ဝန်တိုခြင်းကို။
အဘိဘုယျ အဘိဘဝိတွာ၊ လွှမ်းမိုး၍။
အနုပ္ပါဒေတွာ၊ မဖြစ်စေမူ၍။
ပတိဗ္ဗတာဓမ္မဿ စ၊ လင်အားလျော်သော ကျင့်ဝတ်တရားကိုလည်းကောင်း။
ဥပါသိကာဓမ္မဿ စ၊ ဥပါသိကာမတို့ကျင့်အပ်သော တရားကိုလည်းကောင်း။
သမ္မဒေဝ၊ ကောင်းစွာသာလျှင်။
စရဏတော၊ ကျင့်တတ်သောကြောင့်။
ဓမ္မစာရိနီ၊ ဥပါသိကာမတို့ ကျင့်အပ်သော တရားကို ကျင့်လေ့ရှိသည်။
ဟောတိ၊ ဖြစ်၏။
သာဣတ္ထီ၊ ထိုမိန်းမသည်။
သဂ္ဂမှိ ဒေဝလောကေ၊ နတ်ပြည်၌။
မောဒတိ၊ မွေ့လျော်ရ၏။
ပမောဒံ၊ မွေ့လျော်ပျော်ပါးဝမ်းမြောက်ခြင်းသို့။
အာပဇ္ဇတိ၊ ရောက်၏။
ဣတိအယံ၊ ဤသည်ကား။
အတ္ထယောဇနာ၊ အနက်ယောဇနာခြင်းတည်း။
သေသံ၊ ကြွင်းသော စကားရပ်သည်။
သဗ္ဗတ္ထ၊ အလုံးစုံတို့၌။
ဝုတ္တနယမေဝ၊ ဆိုအပ်ပြီးသော နည်းရှိသည်သာလျှင်တည်း။
လတာဝိမာနဝဏ္ဏနာ၊ လတာနတ်သမီး၏ ဝိမာနာဝတ္ထုအဖွင့်သည်။
နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။