၂-ဥပရိဝဂ်-၃-မတ္တာပေတိဝတ္ထုဝဏ္ဏနာ
ဒုဗ္ဗဏ္ဏရူပါသီတိဣဒံ၊ ဒုဗ္ဗဏ္ဏရူပါသိဟူသော ဤဝတ္ထုကို။
သတ္ထရိ၊ မြတ်စွာဘုရားသည်။
ဇေတဝနေ၊ ဇေတဝန်ကျောင်းတော်၌။
ဝိဟရန္တေ၊ နေတော်မူသည်ရှိသော်။
မတ္တံနာမ၊ မတ္တအမည်ရှိသော။
ပေတိံ၊ ပြိတ္တာမကို။
အာရဗ္ဘ၊ အကြောင်းပြု၍။
ဝုတ္တံ၊ ဟောတော်မူအပ်၏ ။
ကိရ၊ ချဲ့၍ပြဦးအံ့။
သာဝတ္ထိယံ၊ သာဝတ္ထိပြည်၌။
အညကရော၊ တစ်ယောက်သော။
ကုဋုမ္ဗိကော၊ သူကြွယ်သည်။
သဒ္ဓေါ၊ သဒ္ဓါတရားရှိသည်။
ပသန္နော၊ ကြည်ညိုသည်။
အဟောသိ၊ ဖြစ်၏ ။
တဿာ၊ ထိုသူကြွယ်၏ ။
ဘရိယာ၊ မယားသည်။
အသဒ္ဓါ၊ သဒ္ဓါတရားမရှိသည်။
အပ္ပသန္နာ၊ မကြည်ညိုသည်။
ကောဓနာ၊ အမျက်ထွက်တတ်သည်။
ဝဉ္ဈာစ၊ မြုံသည်လည်း။
အဟောသိ၊ ဖြစ်၏ ။
နာမေန၊ အမည်အားဖြင့်။
မတ္တာနာမ၊ မတ္တာအမည်ရှိ၏ ။
အထ၊ ထိုအခါ၌။
သောကုဋုမ္ဗိကော၊ ထိုသူကြွယ်သည်။
ကုလဝံသူပစ္ဆေဒနဘယေန၊ အမျိုးအနွယ်ပြတ်မည်ကိုကြောက်သောကြောင့်။
သဒိသကုလတော၊ တူသောအမျိုးမှ။
တိဿံနာမ၊ တိဿာအမည်ရှိသော။
ကညံ၊ သတို့သမီးကို။
အာနေသိ၊ ဆောင်၏ ။
သာ၊ ထိုတိဿာအမည်ရှိသော မယားငယ်သည်။
သဒ္ဓါ၊ သဒ္ဓါတရားရှိသည်။
ပသန္နာ၊ ကြည်ညိုသည်။
သာမိနောစ၊ လင်၏လည်း။
ပိယာ၊ ချစ်အပ်သော။
မနာပါ၊ နှလုံးကိုပွါးစေအပ်သောမယားသည်။
အဟောသိ၊ ဖြစ်၏ ။
သာ၊ ထိုမယားအငယ်သည်။
နစိရဿေဝ၊ မကြာမြင့်မီသာလျှင်။
ဂဗ္ဘိနီ၊ ကိုယ်ဝန်ရှိသည်။
ဟုတွာ၊ ဖြစ်၍။
ဒသမာသစ္စယေန၊ ဆယ်လလွန်သဖြင့်။
ပုတ္တံ၊ သားကို။
ဝိဇာယိ၊ မွေးဖွား၏ ။
အဿ၊ ထိုသတို့သားအား။
ဘူတောတိနာမံ၊ ဘူတဟူသောအမည်သည်။
အဟောသိ၊ ဖြစ်၏ ။
သာ၊ ထိုမယားအငယ်သည်။
ဂေဟသာမိနီ၊ အိမ်၏အရှင်သည်။
ဟုတွာ၊ ဖြစ်၍။
စတ္တာရော၊ လေးပါးကုန်သော။
ဘိက္ခူ၊ ရဟန်းတို့ကို။
သက္ကစ္စံ၊ ရိုသေစွာ။
ဥပဋ္ဌဟိ၊ လုပ်ကျွေး၏ ။
သာဝဉ္ဈာ၊ ထိုမြုံသောမယားကြီးသည်။
တံ၊ ထိုမယားအငယ်ကို။
ဥဿုယျတိ၊ ငြူစူ၏ ။
ဥဘောပိ၊ နှစ်ယောက်လည်းဖြစ်ကုန်သော။
တာ၊ ထိုမိန်းမတို့သည်။
ဧကသ္မိံဒိဝသေ၊ တစ်ပါးသောနေ့၌။
သီသံနှတွာ၊ ဦးခေါင်းနှင့်တကွရေချိုး၍။
အလင်္ကတာ၊ တန်ဆာဆင်ကုန်သည်ဖြစ်၍။
အဋ္ဌံသု၊ တည်ကုန်၏ ။
ကုဋုမ္ဗိကော၊ သူကြွယ်သည်။
ဂုဏဝသေန၊ ဂုဏ်၏အစွမ်းအားဖြင့်။
တိဿာယ၊ တိဿာအမည်ရှိသောမယားငယ်၌။
အာဗန္ဓသိနေဟဘရိတေန၊ ဖွဲ့အပ်သောချစ်ခြင်းဖြင့်ပြည့်သော။
ဟဒယေန၊ နှလုံးဖြင့်။
တာယ၊ ထိုတိဿမယားငယ်နှင့်။
သဒ္ဓိံ၊ တကွ။
ဗဟုံ၊ များစွာ။
သလ္လပေန္တော၊ စကားပြောလျက်။
အဋ္ဌာသိ၊ တည်၏ ။
တံ၊ ထိုသို့စကားပြောသည်ကို။
အသဟမာနာ၊ သည်းမခံနိုင်သော။
မတ္တာ၊ မတ္တာသည်။
ဣဿာပကတာ၊ ငြူစူသောသဘောရှိသည်ဖြစ်၍။
ဂေဟေ၊ အိမ်၌။
သမ္မဇ္ဇိတွာ၊ တံမြက်လှည်း၍။
ဌပိတံ၊ ထားအပ်သော။
သင်္ကာရံ၊ တံမြက်ခြေးကို။
တိဿာယ၊ တိဿာ၏ ။
မတ္ထကေ၊ ထိပ်ထက်၌။
ဩကိရိ၊ ကြဲ၏ ။
သာ၊ ထိုမတ္တာသည်။
အပရေန၊ တစ်ပါးသော။
သမယေန၊ အခါ၌။
ကာလင်္ကတွာ၊ သေခြင်းကိုပြု၍။
ပေတယောနိယံ၊ ပြိတ္တာဘုံ၌။
နိဗ္ဗတ္တိတွာ၊ ဖြစ်၍။
အတ္တနော၊ မိမိ၏ ။
ကမ္မဗလေန၊ ကံ၏အစွမ်းကြောင့်။
ပဉ္စဝိဓံ၊ ငါးပါးအပြားရှိသော။
ဒုက္ခံ၊ ဆင်းရဲကို။
အနုဘဝတိ၊ ခံစားရ၏ ။
တံပနဒုက္ခံ၊ ထိုဆင်းရဲကိုကား။
ပါဠိတောဧဝ၊ ပါဠိတော်အားဖြင့်သာလျှင်။
ဝိညာယတိ၊ သိအပ်၏။
အထ၊ ထိုအခါ၌။
ဧကဒိဝသံ၊ တစ်နေ့သ၌။
သာပေတီ၊ ထိုပြိတ္တာမသည်။
သဉ္ဈာယ၊ ဆီဆားရောင်းသည်။
ဝီတိဝတ္တာယ၊ လွန်သည်ရှိသော်။
ဂေဟဿ၊ အိမ်၏ ။
ပိဋ္ဌိပဿေ၊ နောက်ဖေးနံပါး၌။
နှာယန္တိယာ၊ ရေချိုးသော။
တိဿာယ၊ တိဿာအား။
အတ္တာနံ၊ မိမိကိုယ်ကို။
ဒဿေသိ၊ ပြ၏ ။
တံ၊ ထိုပြိတ္တာမကို။
ဒိသွာ၊ မြင်၍။
တိဿာ၊ တိဿာသည်။
ဥပ္ပါသဠိကေ၊ ထွက်သောနံပါးရှိသော။
ကိသိကေ၊ အရိုးအရေအကြောမျှသာကြွင်းသောအလွန်ကြုံလှီသောကိုယ်ရှိသော။
ဘောတိဣတ္ထိ၊ အိုမိန်းမ။
တွံ၊ သင်သည်။
နဂ္ဂါ၊ အဝတ်မရှိသည်။
အသိ၊ ဖြစ်၏ ။
ဒုဗ္ဗဏ္ဏရူပါ၊ အဆင်းမလှသောကိုယ်ရှိသည်လည်း။
အသိ၊ ဖြစ်၏ ။
ကိသာ၊ ကြုံလှီသည်လည်း။
အသိ၊ ဖြစ်၏ ။
ဓမနိသန္ထဘာ၊ အကြောပြိုင်းပြိုင်းထသော ကိုယ်ရှိသည်တည်း။
အသိ၊ ဖြစ်၏ ။
ကာနု၊ အဘယ်အမည်ရှိသော။
တွံ၊ သင်သည်။
ဣဓ၊ ဤအရပ်၌။
တိဋ္ဌသိ၊ တည်သနည်း။
ဣတိ၊ ဤသို့။
ဂါထာယ၊ ဂါထာဖြင့်။
ပဋိပုစ္ဆိ၊ မေး၏ ။
ဣတရာ၊ ပြိတ္တာမသည်။
တိဿေ၊ ညီမတိဿာ။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးဘဝ၌။
မတ္တာ၊ မတ္တာအမည်ရှိသည်။
အဟု၊ ဖြစ်၏ ။
တုဝံ၊ သင်သည်။
တိဿာ၊ တိဿာအမည်ရှိသည်။
အဟောသိ၊ ဖြစ်၏ ။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးဘဝ၌။
တေ၊ သင်အား။
သပတ္တိ၊ လင်တူသောမိန်းမသည်။
အဟု၊ ဖြစ်၏ ။
သာအဟံ၊ ထိုငါသည်။
ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏အကြောင်းမကောင်းမှုကံကို။
ကရိတွာန၊ ပြုမိသောကြောင့်။
ဣတော၊ ဤလူ့ပြည်မှ။
ပေတလောကံ၊ ပြိတ္တာဘုံ၌။
ဂတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်ရ၏ ။
ဣတိ၊ ဤသို့။
ဂါထာယ၊ ဂါထာဖြင့်။
ပဋိဝစနံ၊ စကာတုံ့ကို။
အဒါသိ၊ ပေး၏ ။
တတ္ထ၊ ထိုဂါထာ၌။
အဟံမတ္တာ တုဝံတိဿာတိ၊ အဟံမတ္တာ တုဝံကိဿာဟူသည်ကား။
အဟံ၊ ငါသည်။
မတ္တာနာမ၊ မတ္တာမည်၏ ။
တုဝံ၊ သင်သည်။
တိဿာနာမ၊ တိဿာမည်၏ ။
ပုရေတိပုရိမတ္တဘာဝေ၊ ရှေးသောကိုယ်၏အဖြစ်၌။
တုယှံ၊ သင်အား။
သပတ္တိ၊ လင်တူမိန်းမသည်။
ဟုတွာ၊ ဖြစ်၍။
အဟောသိံ၊ ဖြစ်၏ ။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ပုန၊ တစ်ဖန်။
တိဿာ၊ တိဿာသည်။
မတ္တေ၊ မတ္တာ။
ကိံ နု၊ အသို့နည်း။
တယာ၊ သင်သည်။
ပုရေ၊ ရှေးဘဝ၌။
ကာယေန၊ ကိုယ်ဖြင့်။
ဒုက္ကဋံ၊ သူ့အသက်ကိုသတ်ခြင်းအစရှိသောကာယဒုစရိုက်ကို။
ကတံ၊ ပြုခဲ့ဖူးသလော။
ဝါစာယ၊ နှုတ်ဖြင့်။
ဒုက္ကဋံ၊ မဟုတ်မမှန်ဆိုခြင်းအစရှိသော ဝစီဒုစရိုက်ကို။
ကတံ၊ ပြုအပ်သလော။
မနသာ၊ စိတ်ဖြင့်။
ဒုက္ကဋံ၊ သူ့စည်းစိမ်ကိုရှေးရှုကြံခြင်းအစရှိသောမနောဒုစရိုက်ကို။
ကတံ၊ ပြုအပ်သလော။
ကိဿကမ္မဝိပါကေန၊ အဘယ်သို့သဘောရှိသော အကုသိုလ်ကံ၏အကျိုးအားဖြင့်။
ဣတော၊ ဤငါတို့ဖြစ်ရာလူ့ပြည်မှ။
ပေတလောကံ၊ ပြိတ္တာဘုံ၌။
ဂတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်ရလေသနည်း။
ဣတိ၊ ဤသို့။
ဂါထာယ၊ ဂါထာဖြင့်။
ကတကမ္မံ၊ ပြုအပ်သောမကောင်းမှုကံကို။
ပုစ္ဆိ၊ မေး၏ ။
ပုန၊ တစ်ဖန်။
ဣတရာ၊ မတ္တာပြိတ္တာမသည်။
တိဿေ၊ ညီမတိဿာ။
အဟံ၊ ငါသည်။
ပုရေ၊ ရှေးဘဝ၌။
စဏ္ဍီစ၊ အမျက်ထွက်တတ်သည်လည်း။
အာသိံ၊ ဖြစ်ပြီ။
ဖရုသာစ၊ ကြမ်းကြုတ်သောစကားရှိသည်လည်း။
အာသိံ၊ ဖြစ်ပြီ။
ဣဿုကီစ၊ ငြူစူတတ်သည်လည်း။
အာသိံ၊ ဖြစ်ပြီ။
မစ္ဆရီ၊ ဝန်တိုတတ်သည်လည်း။
အာသိံ၊ ဖြစ်ပြီ။
သဋ္ဌာစ၊ စဉ်းလဲကောက်ကျစ်တတ်သည်လည်း။
အာသိံ၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။
တံဒုရုတ္တံ၊ ထိုမကောင်းသောစကားကို။
ဝတွာန၊ ဆိုမိသောကြောင့်။
ဣတော၊ ဤသင်တို့ဖြစ်ရာလူ့ပြည်မှ။
ပေတလောကံ၊ ပြိတ္တာဘုံ၌။
ဂတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်၏ ။
ဣတိ၊ ဤသို့။
ဂါထာယ၊ ဂါထာဖြင့်။
ကတကမ္မံ၊ ပြုအပ်သောမကောင်းမှုကံကို။
အာစိက္ခိ၊ ပြောကြား၏ ။
တတ္ထ၊ ထိုဂါထာ၌။
စဏ္ဍီတိ၊ စဏ္ဍီဟူသည်ကား။
ကောဓနာ၊ အမျက်ထွက်တတ်သည်။
ဖရုဿာတိ၊ ဖရုသာဟူသည်ကား။
ဖရုသဝစနာ၊ ကြမ်းကြုတ်သောစကားရှိသည်။
အာသိန္တိ၊ အာသိံ ဟူသည်ကား။
အဟောသိံ၊ ဖြစ်ပြီ။
တာဟန္တိပဒဿ၊ တာဟံဟူသောပုဒ်အား။
တံအဟန္တိပဒစ္ဆေဒေါ၊ ကံအဟံဟူသောပုဒ်ဖြတ်ခြင်းကို။
ကာတဗ္ဗော၊ ပြုအပ်၏ ။
ဒုရုတ္တန္တိ၊ ဒုရုတ္တံဟူသည်ကား။
ဒုဗ္ဘာသိတံ၊ မကောင်းသဖြင့်ဆိုအပ်သော။
နိတ္ထုနဝစနံ၊ စက်ဆုပ်အပ်သောစကားကို။
ဣတော၊ ဤဂါထာမှ။
ပရံပိ၊ နောက်၌လည်း။
တာသံ၊ ထိုတိဿ မတ္တာတို့၏ ။
ဝစနပဋိဝစနဝသေနနေဝ၊ စကားဆိုခြင်း စကားတုံ့ပြန်ခြင်းတို့၏ အစွမ်းအားဖြင့်။
ဂါထာ၊ ဂါထာသည်။
ပဝတ္တာ၊ ဖြစ်၏ ။
မတ္တေ၊ မတ္တာ။
တယာ၊ သင်သည်။
ယထာယံဝစနံ၊ အကြင်စကားကို။
ဝုတ္တံ၊ ဆိုအပ်ပြီ။
တံဝစနံ၊ ထိုသင်ဆိုသောစကားသည်။
သစ္စံ၊ မှန်၏ ။
အဟမ္ပိ၊ ငါကလည်း။
ဇာနာမိ၊ သိပါရဲ့။
တွံ၊ သင်သည်။
စဏ္ဍိကာစ၊ အမျက်ထွက်တတ်သည်လည်း။
အဟု၊ ဖြစ်ပြီ။
ဖရုသာစ၊ ကြမ်းကြုတ်သောစကားကိုဆိုတတ်သည်လည်း။
အဟု၊ ဖြစ်ပြီ။
ဣဿုကီစ၊ ငြူစူတတ်သည်လည်း။
မစ္ဆရီစ၊ ဝန်တိုတတ်သည်လည်း။
အဟု၊ ဖြစ်ပြီ။
သဌာစ၊ စဉ်းလဲကောက်ကျစ်တတ်သည်လည်း။
အဟု၊ ဖြစ်ပြီ။
ဣဒါနိ၊ ယခုအခါ၌။
တံ၊ သင့်ကို။
အညဉ္စခေါ၊ တစ်ပါးသောအကြောင်းကိုလည်း။
ပုစ္ဆာမိ၊ ငါမေး၏ ။
ကေန၊ အဘယ်သို့သောအကုသိုလ်ကံကြောင့်။
တွံ၊ သင်သည်။
ပံသုကုဏ္ဌိတာ၊ အမှိုက်မြေတို့ဖြင့် ဖုံးလွှမ်း၍ပြွမ်းသောကိုယ်ရှိသည်။
အသိ၊ ဖြစ်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏ ။
တိဿေ၊ ညီမတိဿာ။
တုဝံ၊ သင်သည်။
သီသံ၊ ဦးခေါင်းနှင့်တကွ။
နှတာ၊ ရေချိုးသည်။
သုစိဝတ္ထာ၊ စင်ကြယ်သန့်ရှင်းသောအဝတ်ကိုဝတ်သည်။
အလင်္ကတာ၊ တန်ဆာဆင်သည်။
အာသိ၊ ဖြစ်၏ ။
အဟဉ္စခေါ၊ ငါသည်ကား။
တံ၊ သင့်ကို။
အဓိမတ္တံ၊ အထူးသဖြင့်လွန်၍။
သမလင်္ကတတရာ၊ ကောင်းမြတ်သောတန်ဆာ အထူးသဖြင့်ဆင်ယင်အပ်သည်။
အာသိ၊ ဖြစ်၏ ။
တယာ၊ သင်နှင့်။
တဿာမေ၊ ထိုငါ၏ ။
ပက္ခမာနာယ၊ ရှုကြည့်စဉ်။
တွံ၊ သင်သည်။
သာမိကေန၊ လင်သူကြွယ်နှင့်။
သဒ္ဓိံ၊ တကွ။
အာမန္တယိ၊ ပြောဆို၏ ။
ဣတော၊ ဤသို့ပြောဆိုခြင်းကြောင့်။
မေ၊ ငါအား။
ဣဿာ၊ ငြူစူခြင်းသည်။
ဝိပုလာ၊ များသည်။
ဟောတိ၊ ဖြစ်၏ ။
ကောလေ၊ အမျက်သည်။
မေ၊ ငါအား။
သမုပဇ္ဇထ၊ အလွန်အားဖြင့်ဖြစ်၏ ။
တတော၊ ထိုသို့အမျက်၏အလွန်အားဖြင့်ဖြစ်ခြင်းကြောင့်။
ပံသု၊ မြေမှုန့်ကို။
ဂဟေတွာန၊ ယူ၍။
အဟံ၊ ငါသည်။
ပံသုနာ၊ မြေမှုန့်ဖြင့်။
တံ၊ သင့်ကို။
ဝိကိရိံ၊ ကြဲဖြန့်ဖူး၏ ။
တဿကမ္မဿ၊ ထိုအကုသိုလ်ကံ၏ ။
တေနဝိပါကေန၊ ထိုအကျိုးအားဖြင့်။
အဟံ၊ ငါလည်း။
ပံသုကုဏ္ဌိတာ၊ အမှိုက်မြေမှုန့်တို့ဖြင့် ဖုံးလွှမ်း၍ပြွမ်းသောကိုယ်ရှိသည်။
အမှိ၊ ဖြစ်၏ ။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
မတ္တေ၊ မတ္တာ။
တယာ၊ သင်သည်။
ယံဝစနံ၊ အကြင်စကားကို။
ဝုတ္တံ၊ ဆိုအပ်ပြီ။
တံဝစနံ၊ ထိုစကားသည်။
သစ္စံ၊ မှန်၏ ။
အဟမ္ပိ၊ ငါသည်လည်း။
ဇာနာမိ၊ သိပါ၏ ။
ပံသုနာ၊ မြေမှုန့်ဖြင့်။
မံ၊ ငါ့ကို။
တွံ၊ သင်သည်။
ဩကိရိ၊ ကြဲဖြန့်၏ ။
တံ၊ သင့်ကို။
အညဉ္စခေါ၊ တစ်ပါးသောအကြောင်းကိုလည်း။
ပုစ္ဆာမိ၊ မေး၏ ။
ကေန၊ အဘယ်သို့သောအကုသိုလ်ကံကြောင့်။
ကစ္ဆုယာ၊ ယားယံသောအနာသည်။
တုဝံ၊ သင့်ကို။
ခဇ္ဇသိ၊ နှိပ်စက်အပ်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏ ။
တိဿေ၊ ညီမတိဿာ။
ဘေသဇ္ဇဟာရီ၊ ဆေးမြစ်ကိုဆောင်ယူလိုကုန်သော။
ဥဘယော၊ နှစ်ယောက်ကုန်သောငါတို့သည်။
ဝနန္တံ၊ တောသို့။
အဂမိမှသေ၊ သွားကုန်၏ ။
တွဉ္စခေါ၊ သင်သည်သာလျှင်။
ဝေဇ္ဇေဟိ၊ ဆေးသမားတို့သည်။
ဝုတ္တံ၊ မှာလိုက်အပ်သော။
အတ္တနော၊ မိမိအား။
ဥပကာရာဝဟံ၊ ကျေးဇူးကိုရွက်ဆောင်တတ်သော။
ဘေသဇ္ဇံ၊ ဆေးမြစ်ကို။
အာဟရိ၊ ဆောင်ခဲ့၏ ။
အဟဉ္စ၊ ငါမူကား။
ကပိကစ္ဆုနော၊ ကြမ်းသောအတွေ့ရှိသောသစ်သီးတို့ကို။
အာဟရိတွာ၊ ဆောင်ခဲ့၍။
တဿာတေ၊ ထိုသင်၏ ။
အဇာနာမာနာယ၊ မသိစဉ်။
တေ၊ သင်၏ ။
သေယျံ၊ အိပ်ရာကို။
ကပိကစ္ဆုဖလပတ္တေဟိ၊ ကြမ်းသောအတွေ့ရှိကုန်သောသစ်သီးသစ်ရွက်တို့ဖြင့်။
အယံ၊ ငါသည်။
သမောကိရိံ၊ ကြဲဖြန့်ခဲ့ဖူး၏ ။
တဿကမ္မဿ၊ ထိုအကုသိုလ်ကံ၏ ။
တေနဝိပါကေန၊ ထိုအကျိုးဖြင့်။
ကစ္ဆုယာ၊ ယားယံသောအနာသည်။
အဟံ၊ ငါ့ကို။
ခဇ္ဇာမိ၊ နှိပ်စက်အပ်၏ ။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
မတ္တေ၊ မတ္တာ။
တယာ၊ သင်သည်။
ယံဝစနံ၊ အကြင်စကားကို။
ဝုတ္တံ၊ ဆိုအပ်ပြီ။
တံဝစနံ၊ ထိုစကားသည်။
သစ္စံ၊ မှန်၏ ။
အဟမ္ပိ၊ ငါသည်လည်း။
ဇာနာမိ၊ သိပါ၏ ။
တွံ၊ သင်သည်။
မေ၊ ငါ၏ ။
သေယျံ၊ အိပ်ရာကို။
ကစ္ဆူဟိ၊ ကြမ်းသောအတွေ့ရှိကုန်သောသစ်ရွက်သစ်သီးတို့ဖြင့်။
သမောကိရိ၊ ကြဲဖြန့်ဖူး၏ ။
တံ၊ သင့်ကို။
အညဉ္စခေါ၊ တစ်ပါးသောအကြောင်းကိုလည်း။
ပုစ္ဆာမိ၊ ငါမေး၏ ။
ကေန၊ အဘယ်သို့သဘောရှိသောအကုသိုလ်ကံကြောင့်။
တုဝံ၊ သင်သည်။
နဂ္ဂိယာ၊ အဝတ်မရှိသည်။
အသိ၊ ဖြစ်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏ ။
တိဿေ၊ ညီမတိဿာ။
ယဒါ၊ အကြင်အခါ၌။
သဟာယာနံ၊ အဆွေခင်ပွန်းတို့၏ ။
သမယော၊ အစည်းအဝေးသည်။
အာသိ၊ ဖြစ်၏ ။
ဉာတီနံ၊ အဆွေအမျိုးတို့၏ ။
သမီတီ၊ အစည်းအဝေးသည်။
အဟု၊ ဖြစ်၏ ။
တဒါ၊ ထိုအခါ၌။
သသာမိနိံ၊ လင်သူကြွယ််နှင့်တကွသော။
တွဉ္စ၊ သင့်ကိုလည်း။
အာမန္တိတာ၊ မင်္ဂလာအမှု၏အစွမ်းအားဖြင့်ပင့်ဖိတ်အပ်သည်။
အာသိ၊ ဖြစ်၏ ။
အဟံ၊ ငါ့ကို။
အာမန္တိတာ၊ ပင့်ဖိတ်အပ်သည်။
နောစခေါအာသိ၊ မဖြစ်။
တဿာတေ၊ ထိုသင်၏ ။
အဇာနမာနာယ၊ မသိစဉ်။
တေ၊ သင်၏ ။
ဒုဿံ၊ အဝတ်ကို။
အဟံ၊ ငါသည်။
စောရိကာယ၊ ခိုးလိုသောစေတနာဖြင့်။
အပါနုဒိံ၊ ယူဖူး၏ ။
တဿ ကမ္မတဿကမ္မဿ၊ ထိုအကုသိုလ်ကံ၏ ။
တေနဝိပါကေန၊ ထိုမကောင်းမှုအကျိုးအားဖြင့်။
အဟံ၊ ငါသည်။
နဂ္ဂိယာ၊ အဝတ်မရှိသည်။
အမှိ၊ ဖြစ်၏ ။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
မတ္တေ၊ မတ္တာ။
တယာ၊ သင်သည်။
ယံဝစနံ၊ အကြင်စကားကို။
ဝုတ္တံ၊ ဆိုအပ်ပြီ။
တံဝစနံ၊ ထိုစကားသည်။
သစ္စံ၊ မှန်၏ ။
အဟမ္ပိ၊ ငါသည်လည်း။
ဇာနာမိ၊ သိပါ၏ ။
တွံ၊ သင်သည်။
မေ၊ ငါ၏ ။
ဒုဿံ၊ အဝတ်ကို။
စောရိကာယ၊ ခိုးလိုသောစေတနာဖြင့်။
အပါနုဒိံ၊ ယူ၏ ။
တံ၊ သင့်ကို။
အညဉ္စခေါ၊ တစ်ပါးသောအကြောင်းကိုလည်း။
ပုစ္ဆာမိ၊ မေး၏ ။
ကေန၊ အဘယ်သို့သဘောရှိသောအကုသိုလ်ကံကြောင့်။
တုဝံ၊ သင်သည်။
ဂူထဂန္ဓိနီ၊ ကျင်ကြီးအနံ့ကဲ့သို့သောအနံ့ရှိသည်။
အသိ၊ ဖြစ်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏ ။
တိဿေ၊ ညီမတိဿာ။
အဟံ၊ ငါသည်။
တဝ၊ သင့်၏ ။
ပစ္စဂ္ဃံ၊ အသစ်ဖြစ်သော။
ဂန္ဓဉ္စ၊ နံ့သာကိုလည်းကောင်း။
မာလဉ္စ၊ ပန်းကိုလည်းကောင်း။
ဝိသေပနဉ္စ၊ နံ့သာပျောင်းကိုလည်းကောင်း။
ဂူထကုပေ၊ ကျင်ကြီးတွင်း၌။
အဓာရေသိံခိပိံ၊ ပစ်ချဖူး၏ ။
မယာ၊ ငါသည်။
တံပါပံ၊ ထိုမကောင်းမှုကံကို။
ပကတံ၊ ပြုအပ်၏ ။
တဿကမ္မတဿကမ္မဿ၊ ထိုအကုသိုလ်ကံ၏ ။
တေနဝိပါကေန၊ ထိုအကျိုးအားဖြင့်။
အဟံ၊ ငါသည်။
ဂူထဂန္ဓိနီ၊ ကျင်ကြီးအနံ့ကဲ့သို့သောအနံ့ရှိသည်။
အမှိ၊ ဖြစ်၏ ။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
မတ္တေ၊ မတ္တာ။
တယာ၊ သင်သည်။
ယံဝစနံ၊ အကြင်စကားကို။
ဝုတ္တံ၊ ဆိုအပ်ပြီ။
တံဝစနံ၊ ထိုစကားသည်။
သစ္စံ၊ မှန်၏ ။
အဟမ္ပိ၊ ငါသည်လည်း။
ဇာနာမိ၊ သိပါ၏ ။
တယာ၊ သင်သည်။
တံပါပံ၊ ထိုငါ၏ နံ့သာပန်းအစရှိသည်ကို ကျင်ကြီးတွင်း၌ပစ်ချခြင်းဟုဆိုအပ်သောမကောင်းမှုကံကို။
ပကတံ၊ ပြုအပ်၏ ။
တံ၊ သင့်ကို။
အညဉ္စခေါ၊ တစ်ပါးသောအကြောင်းကိုလည်း။
ပုစ္ဆာမိ၊ မေး၏ ။
ကေန၊ အဘယ်သို့သဘောရှိသောအကုသိုလ်ကံကြောင့်။
တုဝံ၊ သင်သည်။
ဒုဂ္ဂတာ၊ ဒုဂ္ဂတိသို့လားသည်။
အသိ၊ ဖြစ်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏ ။
တိဿေ၊ ညီမတိဿ။
ဂေဟေ၊ အိမ်၌။
ယံဓနံ၊ အကြင်ဥစ္စာသည်။
ဝိဇ္ဇတေ၊ ရှိ၏ ။
တံဓနံ၊ ထိုဥစ္စာကို။
ဥဘိန္နံ၊ သင်နှင့်ငါနှစ်ယောက်တို့အား။
သမကံ၊ အမျှသည်။
အာသိ၊ ဖြစ်၏ ။
အဟံ၊ ငါသည်။
ဒေယျဓမ္မေသု၊ လှူဘွယ်ဝတ္ထုတို့သည်။
သန္တေသု၊ ရှိကုန်လျက်။
အတ္တနော၊ မိမိ၏ ။
ဒီကံ၊ တမလွန်ဘဝ၌ကျွန်းကြီးသဖွယ်ဖြစ်သောကုသိုလ်ကံကို။
နအကာသိံ၊ မပြုမိ။
တဿကမ္မတဿကမ္မဿ၊ ထိုကုသိုလ်ကိုမပြုခြင်းဝန်တိုခြင်းတည်းဟူသောအကုသလိုလ်ကံ၏ ။
တေနဝိပါကေန၊ ထိုအကျိုးဖြင့်။
အဟံ၊ ငါသည်။
ဒုဂ္ဂတာ၊ ဒုဂ္ဂတိသို့လားသည်။
အမှိ၊ ဖြစ်၏ ။
တိဿေ၊ ညီမတိဿာ။
တဒေဝ၊ ထိုငါ၏အဖြစ်မှတည်သောအခါ၌သာလျှင်။
တွံ၊ သင်သည်။
မံ၊ ငါ့ကို။
အဝစ၊ ဆိုပေ၏ ။
ကိံအဝစ၊ အဘယ်သို့ဆိုသနည်း။
မတ္တေ၊ အရှင်မမတ္တာ။
တွံ၊ သင်သည်။
ပါပကမ္မာနိ၊ အကုသိုလ်ကံတို့ကို။
သေဝသိ၊ မှီဝဲ၏ ။
ပါပေဟိ၊ အပါယ်သို့ရောက်စေတတ်ကုန်သော။
ကမ္မေဟိ၊ အကုသိုလ်ကံတို့ဖြင့်။
သုဂတိံ၊ သုဂတိကို။
သုလဘာ၊ ရခြင်းငှါလွယ်သည်။
နဟိဟောတိ၊ မဖြစ်သည်သာလျှင်တည်း။
ဣတိ၊ ဤသို့။
အဝစ၊ ဆိုပေ၏ ။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
မတ္တေ၊ မတ္တာ။
ပုဗ္ဗေ၊ ရှေးဘဝ၌။
တွံ၊ သင်သည်။
မံ၊ ငါ့ကို။
ဝါမတော၊ ဆန့်ကျင်သောအားဖြင့်။
ပစ္စေသိ၊ ယူမှတ်အပ်၏ ။
အထောပိ၊ ထိုမှတစ်ပါးလည်း။
မံ၊ ငါ့ကို။
ဥသုယျသိ၊ ငြူစူ၏ ။
ပါပါနံ၊ ယုတ်မာကုန်သော။
ကမ္မာနံ၊ အကုသိုလ်ကံတို့၏ ။
ဝိပါကော၊ အကျိုးသည်။
ယာဒိသော၊ အကြင်သို့သဘောရှိသည်။
ဟောတိ၊ ဖြစ်၏ ။
ကံဝိပါကံ၊ ထိုသို့သဘောရှိသောအကျိုးကို။
တွံ၊ သင်သည်။
ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်။
ပဿ၊ ရှုလော။
မတ္တေ၊ မတ္တာ။
တေ၊ သင်၏ ။
ဃရေ၊ အိမ်၌။
ဒါသိယောစေဝ၊ ကျွန်မတို့သည်လည်းကောင်း။
တာနေဝါဘရဏာနိစ၊ ထိုအဝတ်တန်ဆာတို့သည်လည်းကောင်း။
အာသုံ၊ ရှိသည်ဖြစ်ကုန်၏ ။
ဣမေတေဣမာနိတာနိ၊ ဤအလုံးစုံသောအခြွေအရံအဝတ်တန်ဆာတို့ကို။
ပုဗ္ဗေ၊ ရှေးဘဝ၌။
တယာ၊ သင်သည်။
ပရိဂ္ဂဟိတာနိ၊ သိမ်းဆည်းအပ်ကုန်၏ ။
ဣဒါနိ၊ ယခုမူကား။
အညေ၊ တစ်ပါးကုန်သောသူတို့သည်။
ပရိစာရေန္တိ၊ သုံးဆောင်စမ္ပယ်ကုန်၏ ။
ဘောဂါ၊ စည်းစိမ်ဥစ္စာတို့သည်။
တေ၊ သင်အား။
သဿတာ၊ မြဲကုန်သည်။
နဟောန္တိ၊ မဖြစ်ကုန်။
တသ္မာ၊ ထိုကြောင့်။
တမတ္ထံ၊ ထိုစည်းစိမ်ဥစ္စာဟူသောအကျိုးငှါ။
ဣဿာမစ္ဆရိယံ၊ ငြူစူစောင်းမြောင်းခြင်း ဝန်တိုခြင်းကို။
နကတ္တဗ္ဗံ၊ မပြုအပ်။
မတ္တေ၊ မတ္တာ။
ဣဒါနိ၊ ယခုအခါ၌။
ဘူတဿ၊ ဘူတမည်သောငါ့သား၏ ။
ပိတာ၊ အဘဖြစ်သောသူကြွယ်သည်။
အာပဏာ၊ အိမ်စျေးမှ။
ဂေဟံ၊ အိမ်သို့။
ဧဟိတိ၊ လာလတ္တံ့။
ဂေဟံ၊ အိမ်သို့။
အာဂတော၊ လာသောသူကြွယ်သည်။
တေ၊ သင်အား။
ကိဉ္စိ၊ တစ်စုံတစ်ခုသောပေးကမ်းဘွယ်ကို။
အပ္ပေဝဒဒေ၊ ပေးငြားအံ့လည်းမသိ။
ယာဝ၊ အကြင်မျှလောက်။
သော၊ ထိုငါ့သားအဘဖြစ်သောသူကြွယ်သည်။
နအာဂစ္ဆတိ၊ မလာရောက်သေး။
တာဝ၊ ထိုမျှလောက်။
တွံ၊ သင်သည်။
ဣတော၊ ဤအိမ်ရာ၏နောက်ဖေးမှ။
မာသုအဂါ၊ အရပ်တစ်ပါးသို့မသွားပါလင့်။
ဣတိ၊ ဤသို့။
ယာစိ၊ တောင်းပန်၏ ။
တိဿေ၊ ညီမတိဿာ။
အဟံ၊ ငါသည်။
နဂ္ဂါ၊ အဝတ်မရှိသည်။
အမှိ၊ ဖြစ်၏ ။
ဒုဗ္ဗဏ္ဏရူပါ၊ အဆင်းမလှသော ကိုယ်ရှိသည်။
အမှိ၊ ဖြစ်၏ ။
ကိသာ၊ ကြုံလှီသည်လည်း။
အမှိ၊ ဖြစ်၏ ။
ဓမနိသန္ထတာ၊ အကြောပြိုင်းပြိုင်းထသောကိုယ်ရှိသည်လည်း။
အမှိ၊ ဖြစ်၏ ။
တိဿေ၊ ညီမတိဿာ။
ဧတံ၊ ဤအဝတ်မဝတ်ခြင်း အဆင်းမလှသောကိုယ်ရှိခြင်းအစရှိသောအဖြစ်သည်။
ဣတ္ထီနံ၊ မိန်းမတကာတို့၏။
ကောပိနံ၊ ရှက်ကြောက်သဖြင့်ဖုံးလွှမ်းလျှို့ဝှက်အပ်သောအဖြစ်တည်း။
တသ္မာ၊ ထိုကြောင့်။
ဘူတပိတာ၊ ဘူတ၏အဘဖြစ်သောသူကြွယ်သည်။
မံ၊ ငါ့ကို။
မာအဒ္ဒဿ၊ မမြင်ပါစေလင့်။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
မတ္တေ၊ မတ္တာ။
ဟန္ဒ၊ ငါတိုက်တွန်း၏ ။
အဟံ၊ ငါသည်။
တေ၊ သင်အား။
ကိံ၊ အဘယ်သို့သောပေးကမ်းဘွယ်ကို။
ဒမ္မိ၊ ပေးရအံ့နည်း။
အထဝါ၊ ထိုမှတစ်ပါးလည်း။
တေ၊ သင်အား။
ကိံ၊ အဘယ်သို့သောကျေးဇူးဥပကာရကို။
အဟံ၊ ငါသည်။
ကရောမိ၊ ပြုရအံ့နည်း။
မတ္တေ၊ မတ္တာ။
ယေန၊ အကြင်ပေးကမ်းခြင်းကျေးဇူးဥပကာရကိုပြုခြင်းဖြင့်။
တွံ၊ သင်သည်။
သုခိတာ၊ ချမ်းသာခြင်းသို့ရောက်သည်။
အဿ၊ ဖြစ်ရာ၏ ။
သဗ္ဗကာမသမိဒ္ဓိနီ၊ ခပ်သိမ်းသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံသည်လည်း။
အဿ၊ ဖြစ်ရာ၏ ။
တံ၊ ထိုပေးကမ်းခြင်းကျေးဇူးဥပကာရကိုပြုခြင်း၏အကြောင်းကို။
မေ၊ ငါအား။
အက္ခာဟိ၊ ကြားလေတော့။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
တိဿေ၊ ညီမတိဿာ။
သံဃတော၊ သံဃာမှ။
စက္ကာရော၊ လေးပါးကုန်သော။
ဘိက္ခူစ၊ ရဟန်းတို့ကိုလည်းကောင်း။
ပန၊ ထိုမှတစ်ပါး။
စတ္တာရော၊ လေးယောက်ကုန်သော။
ပုဂ္ဂလေစ၊ ပုဂ္ဂိုလ်တို့ကိုလည်းကောင်း။
ဣတိ၊ ဤသို့။
အဋ္ဌဘိက္ခူ၊ ရှစ်ယောက်ကုန်သောရဟန်းတို့ကို။
ဘောဇယိတွာ၊ ဆွမ်းကျွေး၍။
မမ၊ ငါအား။
ဒက္ခိဏံ၊ အလှူကို။
အာဒိသ၊ အမျှပေးဝေလော။
ယဒါ၊ အကြင်အခါ၌။
တွံ၊ သင်သည်။
ဒက္ခိဏံ၊ အလှူကို။
မမ၊ ငါအား။
အာဒိသိဿသိ၊ အမျှပေးဝေလတ္တံ့။
တဒါ၊ ထိုအခါ၌။
အဟံ၊ ငါသည်။
သုခိတာ၊ ချမ်းသာခြင်းသို့ရောက်သည်။
ဟိဿံ၊ ဖြစ်လတ္တံ့။
သဗ္ဗကာမသမိဒ္ဓနီ၊ ခပ်သိမ်းသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံသည်လည်း။
ဟိဿံ၊ ဖြစ်လတ္တံ့။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
သာ၊ ထိုတိဿာသည်။
သာဓူတိ၊ ကောင်းပြီဟူ၍။
တဿာ၊ ထိုမတ္တာမည်သောပြိတ္တာမ၏ ။
ဝစနံ၊ စကားကို။
ပဋိဿုတွာ၊ ဝန်ခံ၍။
အဋ္ဌဘိက္ခဝေါ၊ ရှစ်ပါးကုန်သောရဟန်းတို့ကို။
ဘောဇယိတွာ၊ ဆွမ်းကျွေး၏ ။
ဝတ္ထေဟိ၊ အဝတ်သင်္ကန်းတို့ဖြင့်။
အစ္ဆာဒယိတွာန၊ လှူဒါန်းဖုံးလွှမ်း၍။
တဿာ၊ ထိုပြိတ္တာမမတ္တာအား။
ဒက္ခိဏံတံဒက္ခိဏံ၊ ထိုအလှူကို။
အာဒိသိ၊ အမျှပေးဝေ၏ ။
သမနန္တရာအနုဒ္ဒိဋ္ဌေ၊ အမျှပေးဝေသည်၏အခြားမဲ့၌။
ဝိပါကော၊ အလှူ၏အကျိုးသည်။
ဥဒပဇ္ဇယ၊ ဖြစ်လေ၏ ။
ဘောဇနံ၊ နတ်၏ ဘောဇဉ်နှင့်တူသောဘောဇဉ်သည်လည်းကောင်း။
အစ္ဆာဒနံ၊ နတ်၏အဝတ်အရုံနှင့်တူသောအဝတ်အရုံသည်လည်းကောင်း။
ပါနီယံ၊ နတ်၏အဖျော်နှင့်တူသောအဖျော်ရည်သည်လည်းကောင်း။
ဣဒိဣဒိသံ၊ ဤသို့သဘောရှိသော။
ဒက္ခိဏာယ၊ အလှူ၏ ။
ဖလံ၊ အကျိုးသည်။
ဥဒပဇ္ဇထ၊ ဖြစ်လေ၏ ။
တတော၊ ထိုသို့ကောင်းကျိုးကိုရပြီးသောနောက်မှ။
သုဒ္ဓါ၊ ရေချိုးသဖြင့် စင်ကြယ်သောကိုယ်ရှိသော။
သုစိဝသနာ၊ သန့်ရှင်းသောအဝတ်ကိုဝတ်ပြီးသော။
ကာသိကုတ္တမဓာရိနီ၊ ကာသိတိုင်း၌ဖြစ်သောအဝတ်တို့ထက်မြတ်သောအဝတ်အရုံကိုဝတ်ပြီးသော။
ဝိစိတ္တဝတ္ထာဘရဏာ၊ ဆန်းကြယ်သောအဝတ်တန်ဆာတို့ဖြင့် တန်ဆာဆင်အပ်ပြီးသော။
သာပေတီ၊ ထိုမတ္တာအမည်ရှိသောပြိတ္တာမသည်။
သပတိ၊ လင်တူဖြစ်သော။
တိဿ၊ တိဿာအမည်ရှိသောသူကြွယ်မသို့။
ဥပသင်္ကမိ၊ ကပ်လေ၏ ။
ဒေဝတေ၊ နတ်သမီး။
ဩသဓိတာရကာ၊ သောက်ရှူးကြယ်သည်။
သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့ကို။
ဩဘာသေန္တီ၊ ထွန်းလင်းစေလျက်။
တိဋ္ဌတိဝိယ၊ တည်သကဲ့သို့။
ယာတွံ၊ အကြင်သင်သည်။
အဘိက္ကန္တေန၊ အလွန်နှစ်လိုဖွယ်ရှိသော။
တဏ္ဏေန၊ အရောင်အဆင်းဖြင့်။
သဗ္ဗဒိသာ၊ ခပ်သိမ်းကုန်သောအရပ်မျက်နှာတို့ကို။
ဩဘာသေန္တီ၊ ထွန်းလင်းစေလျက်။
တိဋ္ဌသိ၊ တည်၏ ။
ဒေဝတေ၊ နတ်သမီး။
ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်။
တေ၊ သင်အား။
ဧတာဒိသော၊ ဤသို့သဘောရှိသော။
ဝဏ္ဏော၊ အရောင်အဆင်းသည်။
ဇာတော၊ ဖြစ်သနည်း။
ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်။
တေ၊ သင်အား။
ဣဓ၊ ဤအရပ်၌။
တေ၊ သင်သည်။
လဗ္ဘာမာနံ၊ ရအပ်သော။
သုစရိတဖလံ၊ သုစရိုက်ကုသိုလ်ကံ၏အကျိုးသည်။
ဣဇ္ဈတိ၊ ပြည့်စုံသနည်း။
မနသောပိယာ၊ စိတ်သည်ချစ်မြတ်နိုးအပ်ကုန်သော။
ယေကေစိ၊ အလုံးစုံကုန်သော။
ဘောဂါစ၊ စည်းစိမ်ချမ်းသာတို့သည်လည်း။
တေ၊ သင်အား။
ဥပဇ္ဇန္တိ၊ ဖြစ်ကုန်သနည်း။
မဟာနုဘာဝေ၊ ကြီးသောတန်ခိုးအာနုဘော်ရှိသော။
ဒေဝိ၊ နတ်သမီး။
တံ၊ သင့်ကို။
အဟံ၊ ငါသည်။
ပုစ္ဆာမိ၊ မေး၏ ။
အနုဿဘူတာ၊ လူဖြစ်၍ဖြစ်သည်ရှိသော်။
တွံ၊ သင်သည်။
ကိံ ပုညံ၊ အဘယ်သို့သဘောရှိသောကုသိုလ်ကံကို။
အကာသိ၊ ပြုခဲ့ဖူးသနည်း။
ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်။
တေ၊ သင်၏ ။
ဧဝံ၊ ဤသို့။
ဇလိတာနုဘာဝါ၊ ထွန်းလင်းတောက်ပသောအာနုဘော်ရှိသနည်း။
ကေန၊ အဘယ်သို့သောကုသိုလ်ကံကြောင့်။
တေ၊ သင်၏ ။
ဝဏ္ဏောစ၊ အရောင်အဆင်းသည်လည်း။
သဗ္ဗဒိသာ၊ ခပ်သိမ်းသောအရပ်မျက်နှာတို့ကို။
ပဘာသတိ၊ ထွန်းပစေနိုင်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏ ။
တိဿေ၊ ညီမတိဿာ။
အဟံ၊ ငါသည်။
မတ္တာ၊ မတ္တာအမည်ရှိ၏ ။
တုဝံ၊ သင်သည်။
တိဿာ၊ တိဿာအမည်ရှိ၏ ။
ပုရေ၊ ရှေးဘဝ၌။
အဟံ၊ ငါသည်။
တေ၊ သင်နှင့်။
သပတိ၊ လင်တူသောမိန်းမသည်။
အဟု၊ ဖြစ်၏ ။
အဟံ၊ ငါသည်။
ပါပကမ္မံ၊ ပြိတ္တာဖြစ်ခြင်း၏အကြောင်းမကောင်းမှုကံကို။
ကရိတွာန၊ ပြုမိသောကြောင့်။
ဣတော၊ ဤလူ့ပြည်မှ။
ပေတလောကံ၊ ပြိတ္တာဘုံ၌။
ဂတာ၊ ပဋိသန္ဓေအားဖြင့်ဖြစ်ရ၏ ။
ဣဒါနိ၊ ယခုမူကား။
တဝ၊ သင်၏ ။
ဒိန္နေန၊ ပေးလှူအပ်သော။
ဒါနေန၊ အလှူကြောင့်။
အကုတောဘယာ၊ ဘေးမှကင်းသည်ဖြစ်၍။
အဟံ၊ ငါသည်။
မောဒါမိ၊ မွေ့လျော်စံပျော်ရ၏ ။
ဘဂိမိ၊ ညီမတိဿာ။
သဗ္ဗေဟိ၊ ခပ်သိမ်းကုန်သော။
ဉာတီတိ၊ အဆွေအမျိုးတို့နှင့်။
သဟ၊ တကွ။
တွံ၊ သင်သည်။
စိရံ၊ ကြာမြင့်စွာသောကာလပတ်လုံး။
ဇီဝါဟိ၊ အသက်ရှည်စေသတည်း။
အသောကံ၊ စိုးရိမ်ခြင်းမရှိထသော။
ဝိရဇံ၊ အညစ်အကြေးကင်းထသော။
ဝသဝတ္တီနံ၊ မိမိအလိုသို့လိုက်၍ဖြစ်စေတတ်ထသော။
အာဝါသံ၊ နတ်တို့၏နေရာဖြစ်ထသော။
ဌာနံ၊ ဝသတ္တိနတ်ပြည်သို့။
ဥပေဟိ၊ ရောက်စေသတည်း။
သောဘဏေ၊ တင့်တယ်သောအဆင်းရှိသော။
ဘဂိန၊ ညီမတိဿာ။
တွံ၊ သင်သည်။
ဣဓ၊ ဤလူ့ပြည်၌။
ဓမ္မံ၊ ကုသိုလ်တရားကို။
စရိတွာန၊ ကျင့်၍။
သမူလံ၊ လောဘဒေါသတည်းဟူသောအကြောင်းနှင့်တကွသော။
မစ္ဆေရမလံ၊ မိမိဥစ္စာကိုမပေးလှူယက် နှမြောစုံမက်လျှို့ဝှက်ခြင်းလက္ခဏာရှိသော မစ္ဆေရတည်းဟူသောအညစ်အကြေးကို။
ဝိနေယျ၊ ဖျောက်၍။
ဒါနံ၊ အလှူကို။
ဒတွာန၊ ပေးလှူ၍။
အနိန္ဒိတာ၊ မကဲ့ရဲ့အပ်သည်ဖြစ်၍။
သဂ္ဂံ၊ နတ်ပြည်၌ဖြစ်သောအသက်ရှည်ခြင်းအစရှိသော ဆယ်ပါးသောအကြောင်းတို့ဖြင့် ကောင်းမြတ်ခြင်းရှိသောကြောင့် သဂ္ဂဟုဆိုအပ်သော။
ဌာနံ၊ နတ်ပြည်အရပ်သို့။
ဥပေတိ၊ ကပ်လေလော။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
တတ္ထ၊ ထိုဂါထာတို့၌။
သစ္စံအဟမ္ပိဇာနာမိ ယထာတွံစဏ္ဍိကာအဟူတိစ၊ သစ္စံအဟမ္ပိဇာနာမိ ယထာတွံစဏ္ဍိကာအဟုဟူ၍လည်းကောင်း။
ဖရုသာစာသိန္တိစ၊ ဖရုသာစာသိံ ဟူ၍လည်းကောင်း။
ယံဝစနံ၊ အကြင်စကားကို။
တယာ၊ သင်သည်။
ဝုတ္တံ၊ ဆိုအပ်၏ ။
သစ္စံ၊ မှန်သော။
တံဝစနံ၊ ထိုစကားကို။
အဟမ္ပိ၊ ငါသည်လည်း။
ဇာနာမိ၊ သိပါ၏ ။
ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။
တွံ၊ သင်သည်။
စဏ္ဍိကာကောဓနာစ၊ အမျက်ထွက်သည်လည်း။
ဖရုသဝစနာစ၊ ကြမ်းတမ်းသောစကားရှိသည်လည်း။
ဣဿုကီစ၊ ငြူစူတတ်သည်လည်း။
မစ္ဆရီစ၊ ဝန်တိုတတ်သည်လည်း။
သဋ္ဌာစ၊ စဉ်းလဲတတ်သည်လည်း။
အဟောသိ၊ ဖြစ်၏ ။
အညဉ္စခေါတံပုစ္ဆာမီတိ၊ အညဉ္စခေါတံပုစ္ဆာမိ ဟူသည်ကား။
အညံ၊ တစ်ပါးသောအကြောင်းကို။
ပုန၊ တစ်ဖန်။
တံ၊ သင့်ကို။
ဣဒါနိ၊ ယခုအခါ၌။
ပုစ္ဆာမိ၊ မေးပါ၏ ။
ကေနာသိပံသုကုဏ္ဌိတာတိ၊ ကေနာသိပံသုကုဏ္ဌိတာ ဟူသည်ကား။
ကေနကမ္မေန၊ အဘယ်မကောင်းမှုကံကြောင့်။
သင်္ကာရပံသူတိ၊ အမှိုက်မြေမှုန့်တို့ဖြင့်။
ဩဂုဏ္ဌိတာ၊ ဖုံးလွှမ်းကုန်သည်။
သဗ္ဗသော၊ အချင်းခပ်သိမ်း။
ဩကိဏ္ဏသရီရာ၊ ပြွမ်းသောကိုယ်ရှိသည်။
အဟု၊ ဖြစ်သနည်း။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
သီသံနှာတာတိ၊ သီသံနှာတာ ဟူသည်ကား။
သသီသံ၊ ဦးခေါင်းနှင့်တကွ။
နှာတာ၊ ရေချိုးအပ်ပြီးသည်။
အဓိမတ္တန္တိ၊ အဓိမတ္တံ ဟူသည်ကား။
အဓိကတရံ၊ အထူးသဖြင့်လွန်၍။
သမလင်္ကတတရာတိ၊ သမလင်္ကတတရာဟူသည်ကား။
သမ္မာ၊ ကောင်းစွာ။
အတိဿယေနစ၊ အလွန်အထူးဖြင့်လည်း။
အလင်္ကတာ၊ တန်ဆာဆင်ယင်အပ်သည်။
အဓိမတ္တာတိဝါ၊ အဓိမတ္တာဟူ၍လည်း။
ပါဋ္ဌော၊ ပါဌ်ရှိ၏ ။
အတိဝိယ၊ အလွန်လျှင်။
မတ္တာ၊ မာန်ဖြင့်ယစ်သည်ဖြစ်၍။
မာနနိဿိတာ၊ မာန၌မှီီသည်ဖြစ်၍။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
တဿာတိ၊ တဿာဟူသည်ကား။
ဘောတိယာ၊ ရှင်မ၏ ။
သာမိကေန သမန္တယီတိ၊ သာမိကေန သမန္တယိ ဟူသည်ကား။
သာမိကေန၊ သင်နှင့်။
သဒ္ဓိံ၊ တကွ။
အလ္လောပသလ္လာပဝသေန၊ စကားပြောသည်၏ အစွမ်းအားဖြင့်။
ကထေသိ၊ စကားပြောဆို၏ ။
ခဇ္ဇသ်ိကစ္ဆုယာတိ၊ ခဇ္ဇသိကစ္ဆုယာ ဟူသည်ကား။
ကစ္ဆုရောဂေန၊ ယားနာသည်။
ခါဒီယသိ၊ နှိပ်စက်အပ်သနည်း။
ဗာဓီယသိ၊ နှိပ်စက်အပ်သနည်း။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ဘေသဇ္ဇဟရီတိ၊ ဘေသဇ္ဇဟရီ ဟူသည်ကား။
ဘေသဇ္ဇဟာရိနိယော၊ ဆေးမြစ်ကိုဆောင်ယူလိုကုန်သော။
ဩသဓဟာရိကာယော၊ ဆေးမြစ်ကိုဆောင်ယူကုန်သော။
ဥဘယောတိ၊ ဥဘယောဟူသည်ကား။
ဒုဝေ၊ နှစ်ယောက်ကုန်သော။
တွဉ္စ၊ သင်ညီမတိဿာသည်လည်းကောင်း။
အဟဉ္စ၊ ငါမတ္တာသည်လည်းကောင်း။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
ဝနန္တန္တိ၊ ဝနန္တံ ဟူသည်ကား။
ဝနံ၊ တောသို့.
တွဉ္စဘေသဇ္ဇမာဟရီတိ၊ တွဉ္စဘေသဇ္ဇမာဟရီ ဟူသည်ကား။
တွံ၊ သင်သည်။
ဝေဇ္ဇေဟိ၊ ဆေးသမားတို့သည်။
ဝုတ္တံ၊ ဆိုအပ်သော။
အတ္တနော၊ မိမိအား။
ဥပကာရာဝဟံ၊ ကျေးဇူးကိုဆောင်တတ်သော။
ဘေသဇ္ဇံ၊ ဆေးမြစ်ကို။
အာဟရိ၊ ဆောင်၏ ။
အဟဉ္စကပိကစ္ဆုနောတိ၊ အဟဉ္စကပိကစ္ဆုနော ဟူသည်ကား။
အဟံပန၊ ငါသည်ကား။
ကပိကစ္ဆုဖလာနိဒုဖဿဖလာနိ၊ ကြမ်းသောအတွေ့ရှိကုန်သောသစ်သီးတို့ကို။
အာဟရိ၊ ဆောင်၏ ။
ဝါ၊ တစ်နည်းကား။
ကပိကစ္ဆုနောတိ၊ ကပိကစ္ဆုနော ဟူသည်ကား။
သယံဘူတာ၊ အလိုလိုဖြစ်သည်ကို။
ဝုစ္စတိ၊ ဆိုအပ်၏ ။
တသ္မာ၊ ထိုကြောင့်။
သယံဘူတာယ၊ အလိုလိုဖြစ်သဖြင့်။
ပတ္တဖလာနိ၊ အရွက်အသီးတို့ကို။
အာဟရိံ၊ ဆောင်ပြီ။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
သေယျံတျာဟံသမောကိရိနိ၊ သေယျံတျာဟံသမောကိရိံ ဟူသည်ကား။
တဝ၊ သင်ညီမတိဿာ၏ ။
သေယျံ၊ အိပ်ရာကို။
အဟံ၊ ငါသည်။
ကပိကစ္ဆုဖလပတ္တေဟိ၊ ကြမ်းသောအတွေ့ရှိကုန်သောအသီးအရွက်တို့ဖြင့်။
သမန္တတော၊ ထက်ဝန်းကျင်မှ။
အဝကိရိံ၊ ကြဲဖြန့်ပြီ။
သဟာယာနန္တိ၊ သဟာယာနံ ဟူသည်ကား။
မိတ္တာနံ၊ အဆွေခင်ပွန်းတို့၏ ။
သမယောတိ၊ သမယော ဟူသည်ကား။
သမာဂမော၊ အစည်းအဝေးသည်။
ဉာတီနန္တိ၊ ဉာတီနံ ဟူသည်ကား။
ဗန္ဓူနံ၊ အဆွေအမျိုးတို့၏ ။
သမိတီတိ၊ သမိတိ ဟူသည်ကား။
သန္နိပါတော၊ အစည်းအဝေးသည်။
အာမန္တိတာတိ၊ အာမန္တိတာ ဟူသည်ကား။
မင်္ဂလကိရိယာဝသေန၊ မင်္ဂလာကိုပြုသည်၏အစွမ်းအားဖြင့်။
နိမန္တိတာ၊ ပင့်ဖိတ်အပ်သည်။
သသာမိနီတိ၊ သသာမိနီဟူသည်ကား။
သဘတ္တိကာ၊ လင်နှင့်တကွ။
ဘတ္တုနာ၊ လင်နှင့်။
သဟ၊ တကွ။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
နောစခေါဟန္တိ၊ နောစခေါဟံ ဟူသည်ကား။
အဟံ၊ ငါ့ကို။
အာမန္တိတာ၊ ပင့်ဖိတ်အပ်သည်။
နောစခေါအာသိံ၊ မဖြစ်။
ဣတိအယံ၊ ဤသည်ကား။
ယောဇနာ၊ ယောဇနာခြင်းတည်း။
ဒုဿံတျာဟန္တိ၊ ဒုဿံတျာဟံံ ဟူသည်ကား။
တေ၊ သင်၏ ။
ဒုဿံ၊ အဝတ်ကို။
အပါနုဒိန္တိ၊ အပါနုဒိံ ဟူသည်ကား။
စောရိကာယ၊ ခိုးသဖြင့်။
အာဟရိံ၊ ဆောင်ပြီ။
အဂ္ဂဟောသိံ၊ ယူပြီ။
ပစ္စဂ္ဃန္တိ၊ ပစ္စဂ္ဃံ ဟူသည်ကား။
အဘိနဝံ၊ အသစ်ဖြစ်သော။
ဝါ၊ တစ်နည်းကား။
မဟဂ္ဃံ၊ အဖိုးများထိုက်သော။
အဓာရေသိန္တိ၊ အဓာရေသိံ ဟူသည်ကား။
ခိပိံ၊ ပစ်ချဖူး၏ ။
ဂူထဂန္ဓိနီတိ၊ ဂူထဂန္ဓီနီ ဟူသည်ကား။
ဂူထဂန္ဓီနီ၊ ကျင်ကြီးအနံ့ကဲ့သို့သောအနံ့ရှိသည်။
ကရီသဝါယိနီ၊ ကျင်ကြီးအနံ့လိူင်သည်။
ယံဂေဟေဝိဇ္ဇတေဓနန္တိ၊ ယံဂေဟေဝိဇ္ဇတေဓနံ ဟူသည်ကား။
ဂေဟေ၊ အိမ်၌။
ယံဓနံ၊ အကြင်ဥစ္စာကို။
ဥပလဗ္ဘတိ၊ ရအပ်၏ ။
တံ၊ ထိုဥစ္စာကို။
တုယှဉ္စ၊ သင်အားလည်းကောင်း။
မယှဉ္စ၊ ငါအားလည်းကောင်း။
ဣတိ၊ ဤသို့။
ဥဘိန္နံ၊ နှစ်ယောက်ကုန်သော။
အမှာကံ၊ ငါတို့အား။
သမကံတုလျမေဝ၊ အညီအမျှအတူသာလျှင်။
အကာသိ၊ ပြု၏ ။
သန္တေသူတိ၊ သန္တေသု ဟူသည်ကား။
ဝိဇ္ဇမာနေသု၊ ရှိကုန်လျက်။
ဒီပန္တိ၊ ဒီပံ ဟူသည်ကား။
ပတိဋ္ဌံ၊ တည်ရာဖြစ်သော။
ပုညကမ္မံ၊ ကောင်းမှုကံကို။
သန္ဓာယ၊ မည်၍။
ဝဒတိ၊ ဆို၏ ။
ဧဝံ၊ ဤသို့။
တာပေတီ၊ ထိုပြိတ္တာမသည်။
တိဿာယ၊ တိဿာသည်။
ပုစ္ဆိတမတ္ထံ၊ မေးအပ်သောအနက်ကို။
ကထေတွာ၊ ပြောကြား၍။
ပုန၊ တစ်ဖန်။
ပုဗ္ဗေ၊ ရှေး၌။
တဿာ၊ ထိုတိဿာ၏ ။
ဝစနံ၊ စကားကို။
အကတွာ၊ မလိုက်နာမူ၍။
အတ္တနာ၊ မိမိသည်။
ကတကမ္မံ၊ ပြုအပ်သောကံကို။
အပရာဓံ၊ အပြစ်ကို။
ပကာသေန္တီ၊ ပြလိုသည်ဖြစ်၍။
တဒေဝမံတွန္တိအာဒိ၊ တဒေဝမံတွံ ဤသို့အစရှိသောဂါထာကို။
အာဟ၊ ဆို၏ ။
တတ္ထ၊ ထိုဂါထာ၌။
တဒေဝါတိ၊ တဒေဝဟူသည်ကား။
တဒါဧဝ၊ ထိုအခါ၌သာလျှင်။
မယိ၊ ငါသည်။
မနုဿတ္တဘာဝေ၊ လူ၏အဖြစ်၌။
ဌိတကာလေယေဝ၊ တည်သောအခါ၌သာလျှင်။
တထေဝါတိဝါ၊ တထေဝဟူ၍လည်း။
ပါဋ္ဌော၊ ပါဌ်ရှိ၏ ။
ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။
ဧတရဟိ၊ ယခုအခါ၌။
ဇာတံ၊ ဖြစ်၏ ။
တံ၊ ထိုသို့ဖြစ်ခြင်းသည်။
တထာဧဝ၊ ထိုသို့သောအခြင်းအရာအားဖြင့်ဖြစ်သည်သာလျှင်တည်း။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
မန္တိ၊ မံဟူသည်ကား။
အတ္တာနံ၊ မိမိကိုယ်ကို။
နိဒ္ဒိသတိ၊ ညွှန်း၏ ။
တွန္တိ၊ တွံ ဟူသည်ကား။
တိဿာ၊ တိဿာကို။
နိဒ္ဓိသတိ၊ ညွှန်ပြ၏ ။
အဝစာတိ၊ အဝစဟူသည်ကား။
အဘဏိ၊ ဆိုပြီ။
ယထာပန၊ အကြင်သို့သောအခြင်းအရာအားဖြင့်ကား။
အာစ၊ ဆို၏ ။
တံ၊ ထိုအခြင်းအရာကို။
ဒဿေတုံ၊ ပြခြင်းငှါ။
ပါပကမ္မန္တိအာဒိ၊ ပါပကမ္မံဤသို့အစရှိသောစကားကို။
ဝုတ္တံ၊ ဆိုအပ်၏ ။
ပါပကမ္မာနီတိ၊ ပါပကမ္မာနိ ဟူသော။
ပါဠိ၊ ပါဠိရှိ၏ ။
တွံ၊ သင်သည်။
ပါပကမ္မာနိယေဝ၊ မကောင်းမှုကံတို့ကိုသာလျှင်။
ကရောသိ၊ ပြု၏ ။
ပါပေဟိ၊ မကောင်းမှုဖြစ်ကုန်သော။
ကမ္မေဟိပန၊ ကံတို့ဖြင့်ကား။
သုဂတိ၊ သုဂတိဘဝကို။
သုလဘာ၊ ရလွယ်သည်။
နဟောတိ၊ မဖြစ်။
အထခေါ၊ စင်စစ်သော်ကား။
ဒုဂ္ဂတိဧဝ၊ ဒုဂ္ဂတိဘဝကိုသာလျှင်။
သုလဘာ၊ ရလွယ်၏ ။
ဣတိ၊ ဤသို့။
ယထာ၊ အကြင်သို့သောစကားဖြင့်။
မံ၊ ငါ့ကို။
တွံ၊ သင်သည်။
ပုဗ္ဗေ၊ ရှေး၌။
အဝစ၊ ဆို၏ ။
ဩဝဒိ၊ ဆိုဆုံးမ၏ ။
တံ၊ ထိုစကားသည်။
တယော၊ ထိုဆိုတိုင်းမှန်သည်သာတည်း။
ဣတိ၊ ဤသို့။
ဝဒတိ၊ ဆို၏ ။
တံ၊ ထိုစကားကို။
သုတွာ၊ ကြား၍။
တိဿာ၊ တိဿာသည်။
ဝါမတောမံတွံ ပစ္စေသီတိအာဒိနာ၊ ဝါမတောမံတွံ ပစ္စေသိ ဤသို့အစရှိသည်ဖြင့်။
တိဿောဂါထာ၊ သုံးဂါထာတို့ကို။
အာဟ၊ ဆို၏ ။
တတ္ထ၊ ထိုဂါထာတို့၌။
ဝါမတောမံတွံပစ္စေသီတိ၊ ဝါမတောမံတွံပစ္စေသိ ဟူသည်ကား။
ဝိလောမတော၊ ဆန့်ကျင်သောအားဖြင့်။
တွံ၊ သင်သည်။
အဓိဂစ္ဆသိ၊ မှတ်ယူ၏ ။
တုယှံ၊ သင်၏ ။
ဟိတေသိမ္ပိ၊ အစီးအပွားကိုအလိုရှိသော်လည်း။
ဝိပစ္စနီကကာရိနံ၊ ဆန့်ကျင်ဘက်ကိုပြုတတ်သည်ကို။
ကတွာ၊ ပြု၍။
မံ၊ ငါ့ကို။
ဂဏှာသိ၊ ယူ၏ ။
မံဥသုယျသီတိ၊ မံဥသုယျသိ ဟူသည်ကား။
မယှံ၊ ငါအား။
ဥဿုယျသိ၊ ငြူစူ၏ ။
မယိ၊ ငါ၌။
ဣဿံ၊ ငြူစူခြင်းကို။
ကရောသိ၊ ပြု၏ ။
ပဿပါပါနံကမ္မာနံဝိပါကောဟောတိယာဒိသောတိ၊ ပဿပါပါနံကမ္မာနံဝိပါကောဟောတိယာဒိသောဟူသည်ကား။
ပါပကာနံ၊ ယုတ်မာကုန်သော။
ကမ္မနံပန၊ ကံတို့၏ကား။
ဝိပါကော၊ အကျိုးသည်။
ယာဒိသော၊ အကြင်သို့သဘောရှိသည်။
ယထာ၊ အကြင်သို့သောအခြင်းအရာအားဖြင့်။
ဃောရတရော၊ အလွန်ကြမ်းကြုတ်သည်။
ဟောတိ၊ ဖြစ်၏ ။
တံ၊ ထိုသို့သဘောရှိသောအကျိုးကို။
ပစ္စက္ခတော၊ မျက်မှောက်အားဖြင့်။
ပဿ၊ ရှုလော။
ဣတိ၊ ဤသို့။
ဝဒတိ၊ ဆို၏ ။
တေအညေပရိစာရေန္တီတိ၊ တေအညေပရိစာရေန္တိ ဟူသည်ကား။
တေ၊ သင်၏ ။
ဃရေ၊ အိမ်၌။
ဒါသိယောစ၊ ကျွန်မတို့သည်လည်းကောင်း။
အဘရဏာနိစ၊ တန်ဆာတို့သည်လည်းကောင်း။
အာသုံ၊ ရှိသည်ဖြစ်ကုန်၏ ။
ဣမာနိ၊ ဤကျွန်မတန်ဆာတို့ကို။
တယာ၊ သင်သည်။
ပုဗ္ဗေ၊ ရှေး၌။
ပရိဂ္ဂဟိတာနိ၊ သိမ်းဆည်းအပ်ကုန်၏ ။
ဣဒါနိ၊ ယခုအခါ၌။
အညေ၊ တစ်ပါးကုန်သောသူတို့သည်။
ပရိစာရေန္တိ၊ စမ္ပယ်ကုန်၏ ။
ပရိဘုဉ္ဇန္တိ၊ သုံးဆောင်ကုန်၏ ။
ဣမေတိ၊ ဣမေဟူ၍။
လိင်္ဂဝိပလ္လာသေန၊ လိင်ဖောက်ပြန်သဖြင့်။
ဝုတ္တံ၊ ဆိုအပ်၏ ။
နဘောဂါဟောန္တိသဿတာတိ၊ နဘောဂါဟောန္တိ သဿတာဟူသည်ကား။
ဧတေဘောဂါနာမ၊ ဤစည်းစိမ်ဥစ္စာတို့မည်သည်။
နသဿတာ၊ မမြဲကုန်။
အနာဋ္ဌိကာ၊ ကြာရှည်မတည်ကုန်။
တာဝကာလိကာ၊ အခိုက်အတန့်တစ်ခဏမျှသာတည်း။
ပဟာယ၊ ပယ်စွန့်၍။
ဂမနီယာ၊ သွားရကုန်၏ ။
တသ္မာ၊ ထိုကြောင့်။
တဒတ္ထံ၊ ထိုစည်းစိမ် ဥစ္စာဟူသောအကျိုးငှါ။
ဣဿာ မစ္ဆရိသံ၊ ငြူစူစောင်းမြောင်းခြင်း ဝန်တိုခြင်းကို။
နကတ္တဗ္ဗံ၊ မပြုအပ်။
ဣတိအယံ၊ ဤသည်ကား။
အဓိပ္ပါယော၊ အဓိပ္ပါယ်တည်း။
ဣဒါနိဘူတဿပိတာတိ၊ ဣဒါနိဘူတဿဝိတာဟူသည်ကား။
ဣဒါနေဝ၊ ယခုအခါ၌သာလျှင်။
မယှံ၊ ငါ၏ ။
ပုတ္တဿ၊ သားဖြစ်သော။
ဘူတဿ၊ ဘူတ၏ ။
ပိတာ၊ အဘဖြစ်သော။
ကုဋုမ္ဗိကော၊ သူကြွယ်သည်။
အာပဏာအာပဏာတော၊ အိမ်စျေးမှ။
ဣမံဂေဟံ၊ ဤအိမ်သို့။
ဧဟိတိအာဂမိဿတိ၊ ပြန်လာလတ္တံ့။
အပ္ပေဝတေဒဒေကိဉ္စီတိ၊ အပ္ပေဝတေဒဒေကိဉ္စိ ဟူသည်ကား။
ဂေဟံ၊ အိမ်သို့။
အာဂတော၊ ပြန်လာသော။
ကုဋုမ္ဗိကော၊ သူကြွယ်သည်။
တုယှံ၊ သင့်အား။
ဒါတဗ္ဗယုတ္တကံ၊ ပေးအပ်သည်နှင့် ယှဉ်သော။
ကိဉ္စိ၊ တစ်စုံတစ်ခုသော။
ဒေယျဓမ္မံ၊ ပေးကမ်းဖွယ်ကို။
အပိနာမဒဒေယျ၊ ပေးငြားအံ့လည်းမသိ။
မာသုတာဝဣတောဂတာတိ၊ မာသုတာဝဣတောဂတာဟူသည်ကား။
ဂေတဿ၊ အိမ်၏ ။
ဣတောပစ္ဆာ ဝတ္ထုတော၊ ဤနောက်ဖေးတည်ရာမှ။
တာဝ၊ ရှေးဦးစွာ။
မာအဂမာသိ၊ မသွားပါလင့်။
ဣတိ၊ ဤသို့။
တံ၊ ထိုမတ္တာကို။
အနုကမ္ပမာနာ၊ သနားသည်ဖြစ်၍။
အာဟ၊ ဆို၏ ။
တံ၊ ထိုစကားကို။
သုတွာ၊ ကြား၍။
ပေတီ၊ ပြိတ္တာမသည်။
အတ္တနော၊ မိမိ၏ ။
အဇ္ဈာသယံ၊ အလိုကို။
ပကာသေန္တီ၊ ပြလိုသည်ဖြစ်၍။
နဂ္ဂါဒုဗ္ဗဏ္ဏရူပါမှီတိဂါထံ၊ နဂ္ဂါဒုဗ္ဗဏ္ဏရူပါမှီ ဟူသောဂါထာကို။
အာဟ၊ ဆို၏ ။
တတ္ထ၊ ထိုဂါထာ၌။
ကောပိနမေတံဣတ္ထီနန္တိ၊ ကောပိနမေတံဣတ္ထီနံ ဟူသည်ကား။
ဧတံနဂ္ဂဒုဗ္ဗဏ္ဏတာဒိကံ၊ ဤအဝတ်မရှိခြင်းအဆင်းမလှခြင်းအစရှိသည်သည်။
ပဋိစ္ဆာဒေတဗ္ဗတာယ၊ ဖုံးလွှမ်းအပ်သည်၏အဖြစ်ကြောင့်။
ဣတ္ထီနံ၊ မိန်းမတကာတို့၏ ။
ကောပိနံရုန္ဓနံ၊ ရှက်ကြောက်သဖြင့်ဖုံးလွှမ်းလျှို့ဝှက်အပ်သောအဖြစ်တည်း။
မာမံဘူတပိတာဒ္ဒသာတိ၊ မာမံဘူတပိတာဒ္ဒသ ဟူသည်ကား။
တသ္မာ၊ ထိုကြောင့်။
ဘူတဿ၊ ဘူတ၏။
ပိတာ၊ အဘဖြစ်သော။
ကုဋုမ္ဗိကော၊ သူကြွယ်သည်။
မံ၊ ငါ့ကို။
မာအဒက္ခိ၊ မမြင်ပါစေလင့်။
ဣတိ၊ ဤသို့။
သဇ္ဇမာနာ၊ ရှက်သည်ဖြစ်၍။
ဝဒတိ၊ ဆို၏ ။
တံ၊ ထိုစကားကို။
သုတွာ၊ ကြား၏ ။
တိဿာ၊ တိဿာသည်။
သဉ္ဇာတနုဒ္ဒယာ၊ ကောင်းစွာဖြစ်သောသနားခြင်းရှိသည်ဖြစ်၍။
ဟန္ဒကိံ ဝတာဟံဒမ္မီတိဂါထံ၊ ဟန္ဒကိံ ဝတာဟံဒမ္မီဟူသောဂါထာကို။
အာဟ၊ ဆို၏ ။
တတ္ထ၊ ထိုဂါထာ၌။
ဟန္ဒာတိ၊ ဟန္ဒဟူသည်ကား။
စောဒနတ္ထေ၊ တိုက်တွန်းခြင်းအနက်၌။
နိပါတော၊ နိပါတ်ပုဒ်တည်း။
ကိံဝတာဟံဒမ္မီတိ၊ ကိံဝတာဟံဒမ္မိ ဟူသည်ကား။
ကိံ၊ အဘယ်သို့လျှင်။
အဟံ၊ ငါသည်။
တေ၊ သင်အား။
ဒမ္မိ၊ ပေးရအံ့နည်း။
ကိံ၊ အသို့နည်း။
ဝတ္ထံ၊ အဝတ်ကို။
ဒဿာမိ၊ ပေးရအံ့လော။
ဥဒါဟု၊ ထိုသို့မဟုတ်။
ဘတ္တံ၊ ထမင်းကို။
ဒဿာမိ၊ ပေးရအံ့လေ။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏ ။
ကိဝိဓတေကရောမဟန္တိ၊ ကိဝိဓတေကရောမဟံ ဟူသည်ကား။
ကိံ ဝါ၊ အဘယ်သို့လည်း။
အညံ၊ တစ်ပါးသော။
တေ၊ သင်အား။
ဣဓဣမသ္မိံ ကာလေ၊ ဤအခါ၌။
ဥပကာရံ၊ ကျေးဇူးဥပကာရကို။
ကရိဿာမိ၊ ပြုရာအံ့နည်း။
တံ၊ ထိုစကားကို။
သုတွာ၊ ကြား၍။
ပေတီ၊ ပြိတ္တာမသည်။
စတ္တာရောဘိက္ခူသံဃတောတိဂါထံ၊ စတ္တာရောဘိက္ခူသံဃတော အစရှိသောဂါထာကို။
အာဟ၊ ဆို၏ ။
တတ္ထ၊ ထိုဂါထာ၌။
စတ္တာရောဘိက္ခူသံဃတော၊ စတ္တာရောပနပုဂ္ဂလေတိ၊ စတ္တာရောဘိက္ခူသံဃတော၊ စတ္တာရောပနပုဂ္ဂလေ ဟူသည်ကား။
ဘိက္ခုသံဃတော၊ ရဟန်းသံဃာမှ။
သံဃဝသေန၊ သံဃာ၏အစွမ်းအားဖြင့်။
စတ္တာရော၊ လေးပါးကုန်သော။
ဘိက္ခူ၊ ရဟန်းတို့ကိုလည်းကောင်း။
ပုဂ္ဂလဝသေန၊ ပုဂ္ဂိုလ်၏အစွမ်းအားဖြင့်။
စတ္တာရော၊ လေးပါးကုန်သော။
ဘိက္ခူ၊ ရဟန်းတို့ကိုလည်းကောင်း။
ဣတိဧဝံ၊ ဤသို့။
အဋ္ဌဘိက္ခူ၊ ရှစ်ပါးကုန်သောရဟန်းတို့ကို။
ယထာရုစိံ၊ အလိုရှိတိုင်း။
ဘောဇေတွာ၊ ကျွေးမွေး၍။
တံဒက္ခိဏံ၊ ထိုအလှူကို။
မမ၊ ငါအား။
အာဒိသ၊ အမျှပေးဝေပါလော။
မယှံ၊ ငါအား။
ပတ္တိဒါနံ၊ အလှူ၏အဖို့ကို။
ဒေဟိ၊ ပေးပါလော။
တဒါဟံသုခိတာဟိဿန္တိ၊ တဒါဟံသုခိတာဟိဿံ ဟူသည်ကား။
ယဒါ၊ အကြင်အခါ၌။
တွံ၊ သင်သည်။
ဒက္ခိဏံ၊ အလှူကို။
မမ၊ ငါအား။
ဥဒ္ဒိဿသိ၊ အမျှပေးဝေ၏ ။
တဒါ၊ ထိုအခါ၌။
အဟံ၊ ငါသည်။
သုခိတာ၊ ချမ်းသာခြင်းရှိသည်။
သုခပ္ပတ္တာ၊ ချမ်းသာခြင်းသို့ရောက်သည်။
သဗ္ဗကာမသမိဒ္ဓိနီ၊ အလုံးစုံသောစည်းစိမ်ချမ်းသာနှင့်ပြည့်စုံသည်။
ဘဝိဿာမိ၊ ဖြစ်အံ့။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
တံ၊ ထိုစကားကို။
သုတွာ၊ ကြား၍။
တိဿာ၊ တိဿာသည်။
တမတ္ထံ၊ ထိုအကြောင်းကို။
အတ္တနော၊ မိမိ၏ ။
သာမိကဿ၊ လင်အား။
အာရောစေတွာ၊ ပြောကြား၍။
ဒုတိယဒိဝသေ၊ နှစ်ရက်မြောက်သောနေ့၌။
အဋ္ဌဘိက္ခူ၊ ရှစ်ပါးသောရဟန်းတို့ကို။
ဘောဇေတွာ၊ ဆွမ်းကျွေး၍။
တဿာ၊ ထိုပြိတ္တာမအား။
ဒက္ခိဏံ၊ အလှူကို။
အာဒိသိ၊ အမျှပေးဝေ၏ ။
သာ၊ ထိုပြိတ္တာမသည်။
တာဝသေဝ၊ ထိုခဏ၌ပင်လျှင်။
ပဋိလဒ္ဓဒိဗ္ဗသမ္ပတ္တိကာ၊ ရအပ်သောနတ်၌ဖြစ်သောစည်းစိမ်ချမ်းသာရှိသည်ဖြစ်၍။
ပုန၊ တစ်ဖန်။
တိဿာယ၊ တိဿာ၏ ။
သန္တိကံ၊ အထံသို့။
ဥပသင်္ကမိ၊ ကပ်၏ ။
တမတ္ထံ၊ ထိုအကြောင်းကို။
ဒဿေတုံ၊ ပြခြင်းငှါ။
သင်္ဂီတိကာရေဟိ၊ သင်္ဂါယနာတင် ဆရာတို့သည်။
သာဓူတိသာပဋိဿုတွာတိ အာဒိနာ၊ သာဓူတိသာပဋိဿုတွာ ဤသို့အစရှိသည်ဖြင့်။
တိဿောဂါထာ၊ သုံးဂါထာတို့ကို။
ဌပိတာ၊ ထားအပ်ကုန်၏ ။
ပန၊ ဝါကျအထူးတက်ဆိုပေအံ့။
ဥပသင်္ကမိတွာ၊ ကပ်၍။
ဌိတံ၊ တည်သော။
နံ၊ ထိုမတ္တာကို။
တိဿာ၊ တိဿာသည်။
အဘိက္ကန္တေနဝဏ္ဏေနာတိအာဒိနာ၊ အဘိက္ကန္တေနဝဏ္ဏေန ဤသို့အစရှိသည်ဖြင့်။
တီဟိဂါထာဟိ၊ သုံးဂါထာတို့ဖြင့်။
ပဋိပုစ္ဆိ၊ မေး၏ ။
ဣတရာ၊ မတ္တာသည်။
အဟံမတ္တာတိဂါထာယ၊ မဟံမတ္တာဟူသောဂါထာဖြင့်။
အတ္တာနံ၊ မိမိကိုယ်ကို။
အာစိက္ခိတွာ၊ ကြား၍။
စိရံဇီဝါဟီတိဂါထာယ၊ စိရံဇီဝါဟိဟူသောဂါထာဖြင့်။
တဿာ၊ ထိုတိဿာအား။
အနုမောဒနံ၊ ဝမ်းမြောက်သောစကားကို။
ဒတွာ၊ ပေး၍။
ဣဓဓမ္မံစရိတွာနာတိဂါထာယ၊ ဣဓဓမ္မံစရိတွာနဟူသောဂါထာဖြင့်။
ဩဝါဒံ၊ အဆုံးအမကို။
အဒါသိ၊ ပေး၏ ။
တတ္ထ၊ ထိုဂါထာ၌။
တဝဒိန္နေနာတိ၊ တဝဒိန္နေနဟူသည်ကား။
တယာ၊ သင်သည်။
ဒိန္နေန၊ ပေးလှူခြင်းကြောင့်။
အသောကံဝိရဇံဌာနန္တိ၊ အသောကံဝိရဇံဌာနံ ဟူသည်ကား။
သောကာဘာဝေန၊ စိုးရိမ်ခြင်းမရှိသဖြင့်။
အသောကံ၊ စိုးရိမ်ခြင်းမရှိသော။
သေဒဇလ္လိကာနမ္ပန၊ အချွေးအညစ်အကြေးမြူတို့၏ကား။
အဘာဝေန၊ မရှိသဖြင့်။
ဝိရဇံ၊ အညစ်အကြေးချွေးမြူကင်းထသော။
ဒိဗ္ဗဋ္ဌာနံ၊ နတ်ပြည်သို့။
ဧတံသဗ္ဗံ၊ ထိုအလုံးစုံသောစကားကို။
ဒေဝလောကံ၊ နတ်ပြည်ကို။
သန္ဓာယ၊ ရည်၍။
ဝဒတိ၊ ဆို၏ ။
အာဝါသန္တိ၊ အာဝါသံ ဟူသည်ကား။
ဌာနံ၊ နေရာဖြစ်သော။
ဝသဝတ္တိနန္တိ၊ ဝသဝတ္တိနံ ဟူသည်ကား။
ဒိဗ္ဗေန၊ နတ်၌ဖြစ်သော။
အဓိပတေယျေန၊ အစိုးရခြင်းဖြင့်။
အတ္တနော၊ မိမိ၏ ။
ဝသံ၊ အလိုသို့။
ဝတ္တေန္တာနံ၊ လိုက်၍ဖြစ်စေတတ်ကုန်သော။
သမူလန္တိ၊ သမူလံဟူသည်ကား။
သလောဘဒေါသံ၊ လောဘဒေါသနှင့်တကွသော။
ဟိသစ္စံ၊ မှန်၏ ။
တေ၊ ထိုလောဘဒေါသတို့သည်။
မစ္ဆရိယဿ၊ မစ္ဆရိယ၏ ။
မူလံနာမ၊ အရင်းမည်၏ ။
အနိန္ဒိတာတိ၊ အနိန္ဒိတာ ဟူသည်ကား။
အဂရဟိတာ၊ မကဲ့ရဲ့အပ်။
ပါသံသာ၊ ချီးမွမ်းအပ်၏ ။
သဂ္ဂမုပေဟိဌာနန္တိ၊ သဂ္ဂမုပေတိဌာနံ ဟူသည်ကား။
ရူပါဒီဟိ၊ ရူပါရုံအစရှိကုန်သော။
ဝိသယေဟိ၊ အာရုံတို့ဖြင့်။
သုဋ္ဌု၊ ကောင်းစွာ။
အဂ္ဂတ္တာ၊ မြတ်သည်၏အဖြစ်ကြောင့်။
သဂ္ဂန္တိ၊ သဂ္ဂံဟူ၍။
လဒ္ဓနာမံ၊ ရအပ်သောအမည်ရှိသော။
ဒိဗ္ဗဋ္ဌာနံ၊ နတ်ပြည်အရပ်သို့။
ဥပေဟိ၊ ကပ်ရောက်စေသတည်း။
သုဂတိပရာယဏာ၊ ကောင်းသောဂတိသို့လားသည်။
ဟောတိ၊ ဖြစ်လော။
ဣတိအယံ၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
သေသံ၊ ကြွင်းကျန်သောစကားရပ်သည်။
ဥတ္တာနတ္ထမေဝ၊ ပေါ်သောအနက်ရှိသည်သာလျှင်တည်း။
အထ၊ ထိုနောင်မှ။
တိဿာ၊ တိဿာသည်။
တံပဝတ္တိံ၊ ထိုအကြောင်းကို။
ကုဋုမ္ဗိကဿ၊ သူကြွယ်အား။
အာရောစေသိ၊ ပြောကြား၏ ။
ကုဋုမ္ဗိကော၊ သူကြွယ်သည်။
ဘိက္ခူနံ၊ ရဟန်းတို့အား။
အာရောစေသိ၊ လျှောက်ကြား၏ ။
ဘိက္ခူ၊ ရဟန်းတို့သည်။
ဘဂဝတော၊ မြတ်စွာဘုရားအား။
အာရောစေသုံ၊ လျှောက်ကြားကုန်၏ ။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
တမတ္ထံ၊ ထိုအကြောင်းကို။
အဋ္ဌုပ္ပတ္တိံ၊ အကြောင်း၏ဖြစ်ခြင်းကို။
ကတွာ၊ ပြု၍။
သမ္ပတ္တပရိသာယ၊ ရောက်လာသောပရိသတ်အား။
ဓမ္မံ၊ တရားကို။
ဒေသေသိ၊ ဟောတော်မူ၏ ။
တံ၊ ထိုတရားစကားကို။
သုတွာ၊ ကြားနာရ၍။
မဟာဇနော၊ လူများအပေါင်းသည်။
ပဋိလဒ္ဓသံဝေဂေါ၊ ရအပ်သောထိတ်လန့်ခြင်းရှိသည်ဖြစ်၍။
မစ္ဆေရာဒိမလံ၊ အစ္ဆေရအစရှိသောအညစ်အကြေးကို။
ဝိနေယျ၊ ပယ်ဖျောက်၍။
ဒါနသီလာဒိရတော၊ အလှူပေးခြင်း သီလဆောက်တည်ခြင်း အစရှိသည်၌မွေ့လျော်သည်ဖြစ်၍။
သုဂတိပရာယဏော၊ ကောင်းသောဂတိသို့လားသည်။
အဟောသိ၊ ဖြစ်၏ ။
ဣတိ၊ ဤသည်ကားအပြီးတည်း။
မတ္တာပေတိဝတ္ထုဝဏ္ဏနာ၊ မတ္တာပေတိဝတ္ထုအဖွင့်သည်။
နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။