Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Theragāthā-aṭṭhakathā(Dutiyo bhāgo)
Theragāthā-aṭṭhakathā(Dutiyo bhāgo)

10. Pārāpariyattheragāthāvaṇṇanā

Author: miuthi-မိုးထိ @ IAPT

သမဏဿ အဟု စိန္တာတိအာဒိကာ၊ သမဏဿ အဟု စိန္တာ ဤသို့အစရှိသော ဂါထာတို့သည်။ အာယသ္မတော၊ ရှည်သော အသက်တော်ရှိသော။ ပါရာပရိယတ္ထေရဿ၊ ပါရာပရိယမထေရ်၏။ ဂါထာ၊ ဂါထာတို့တည်း။
ဣမဿ၊ ဤမထေရ်၏။ ဝတ္ထု၊ ဝတ္ထုသည်။ ဟေဋ္ဌာ၊ အောက်၌။ အာဂတမေဝ၊ လာသည်သာလျှင်တည်း။
တာ စ ဂါထာ၊ ထိုဂါထာတို့ကိုကား။ သတ္ထရိ၊ မြတ်စွာဘုရားသည်။ ဓရန္တေ၊ သက်တော်ထင်ရှားရှိသောအခါ၌။ အတ္တနော၊ မိမိ၏။ ပုထုဇ္ဇနကာလေ၊ ပုထုဇဉ်ဖြစ်သော အခါ၌။ မနစ္ဆဋ္ဌာနံ၊ မနလျှင် ခြောက်ခုမြောက်ရှိကုန်သော။ ဣန္ဒြိယာနံ၊ ဣန္ဒြေတို့ကို။ နိဂ္ဂဏှနစိန္တာယ၊ နှိပ်ခြင်းကို ကြံခြင်း၌။ ပကာသနဝသေန၊ ပြသည်၏ အစွမ်းအားဖြင့်။ ဘာသိတာ၊ မိန့်တော်မူအပ်၏။
ဣမာ၊ ဤဂါထာတို့ကို။ အပရဘာဂေ၊ နောက်အဘို့၌။ သတ္ထရိ၊ မြတ်စွာဘုရားသည်။ ပရိနိဗ္ဗုတေ၊ ပရိနိဗ္ဗာန်စံတော်မူသည်ရှိသော်။ အတ္တနော စ၊ မိမိ၏လည်း။ ပရိနိဗ္ဗာနေ၊ ပရိနိဗ္ဗာန်စံခြင်းသည်။ ဥပဋ္ဌိတေ၊ တည်သည်ရှိသော်။ တဒါ၊ ထိုအခါ၌။ အာယတိဉ္စ၊ နောက်အခါ၌လည်း။ ဘိက္ခူနံ၊ ရဟန်းတို့၏။ ဥဒ္ဓမ္မပဋိပတ္တိယာ၊ တရားမဟုတ်သော အကျင့်ကို။ ပကာသနဝသေန၊ ပြသည်၏အစွမ်းအားဖြင့်။ ဘာသိတာ၊ ဟောတော်မူအပ်ကုန်၏။
တတ္ထ၊ ထိုဟောအပ်သော ဂါထာတို့တွင်။
ပုပ္ဖိတမှိ၊ ပွင့်သော။ မဟာဝနေ၊ ကြီးစွာသော အင်ကြင်းတော၌။
နိသိန္နဿ၊ နေထသော။ ပဝိဝိတ္တဿ၊ ဆိတ်ငြိမ်ရာအရပ်သို့ ကပ်ထသော။ ဧကဂ္ဂဿ၊ တည်ကြည်သောစိတ်ရှိထသော။ ဈာယိနော၊ ဈာန်ဝင်စားလေ့ရှိထသော။ သာမဏဿ၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသော ပါရံပရိယမထေရ်အား။ စိန္တာ၊ အကျင့်ကို မှီ၍ဖြစ်သော ကြံခြင်း စုံစမ်းခြင်းသည်။ အဟု၊ ဖြစ်ပြီ။
ဣတိအယံ ဂါထာ၊ ဤဂါထာကို။ သင်္ဂီတိကာရေဟိ၊ သင်္ဂါယနာတင်ဆရာတို့သည်။ ဌပိတာ၊ ထားအပ်၏။
တဿ၊ ထိုဂါထာ၏။ အတ္ထော၊ အနက်သည်။ ဟေဋ္ဌာ၊ အောက်၌။ ဝုတ္တနယောဝ၊ ဆိုအပ်ပြီးသော နည်းရှိသည်သာလျှင်တည်း။
အယံ ပန၊ ဤဆိုလတ္တံ့သည်ကား။ သမ္ဗန္ဓေါ၊ စပ်ခြင်းတည်း။ သတ္ထရိစ၊ မြတ်စွာဘုရားသည်လည်းကောင်း။ အဂ္ဂသာဝကေသုစ၊ အဂ္ဂသာဝကတို့သည်လည်းကောင်း။ ဧကစ္စေသု၊ အချို့ကုန်သော။ မဟာထေရေသု စ၊ မထေရ်ကြီးတို့သည်လည်းကောင်း။ ပရိနိဗ္ဗုတေသု၊ ပရိနိဗ္ဗာန်စံကုန်သည်ရှိသော်။ အတီတသတ္ထုကေ၊ မလွန်သေးသော ဆရာရှိသော။ ပါဝစနေ၊ မြတ်စွာဘုရားသာသနာတော်၌။ သုဗ္ဗစေသု၊ ဆိုလွယ်ကုန်သော။ သိက္ခာကာမေသု၊ သိက္ခာသုူံးပါးကို အလိုရှိကုန်သော။ ဘိက္ခူသု၊ ရဟန်းတို့ကို။ ဒုလ္လဘေသု၊ ရခဲကုန်သည်ရှိသော်။ ဒုဗ္ဗစေသု၊ ဆိုးနိုင်ခက်ကုန်သော။ မိစ္ဆာပဋိပတ္တိဗဟုလေသု၊ မိစ္ဆာအကျင့်များကုန်သော။ ဘိက္ခူသု စ၊ ရဟန်းတို့သည်လည်း။ ဇာတေသု၊ ဖြစ်ကုန်သည်ရှိသော်။ သုပုပ္ဖိတေ၊ ကောင်းစွာပွင့်သော။ မဟန္တေ၊ ကြီးသော။ သာလဝနေ၊ အင်ကြင်းတော၌။ နိသိန္နဿ၊ နေသော။ ပဝိဝိတ္တဿ၊ ဆိတ်ငြိမ်ရာသို့ကပ်သော။ ဧကဂ္ဂဿ၊ တည်ကြည်သော သမာဓိရှိသော။ ဈာယနသီလဿ၊ ဈာန်ဝင်စားလေ့ရှိသော။ သမိတပါပတာယ၊ ငြိမ်းပြီးသော မကောင်းမှုရှိသည်၏ အဖြစ်ကြောင့်။ သမဏဿ၊ သမဏမည်သော။ ပါရာပရိယတ္ထေရဿ၊ ပါရာပရိယမထေရ်၏။ ပဋိပတ္တိံ၊ အကျင့်ကို။ နိဿာယ၊ မှီ၍။ စိန္တာ ဝီမံသာ၊ ကြံခြင်း စုံစမ်းခြင်းသည်။ အဟောသီ၊ ဖြစ်၏။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။ ဣတရာ၊ ဤမှတပါးကုန်သော ဂါထာတို့ကို။
ပုရိသုတ္တမေ၊ ယောက်ျားတကာတို့ထက် မြတ်သော။ လောကနာထမှိ၊ လူသုံးပါးတို့၏ ကိုးကွယ်ရာဖြစ်သော မြတ်စွာဘုရာသည်။ တိဋ္ဌန္တေ၊ ထင်ရှားရှိတော်မူစဉ်။ အညထာ၊ တစ်ပါးသော အပြားဖြင့်။
ဘိက္ခူနံ၊ ရဟန်းတို့အား။ ဣရိယံ စရိတံ၊ ဆုံးမတော်မူတိုင်းကျင့်ခြင်းသည်။ အာသိ၊ ဖြစ်ပြီ။ ဣဒါနိ၊ ယခုအခါ၌။ အညထာ၊ ထိုဆိုအပ်ခဲ့ပြီးသည်မှတပါးသော အခြင်းအရာအားဖြင့်။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဣရိယံ စရိတံ၊ ရှေးမှမဖေါက်မပြန်ကျင့်ခြင်းသည်။ ဒိဿတိ၊ ထင်၏။
မတ္တဋ္ဌိယံ၊ မျှခြင်းအကျိုးရှိသော။ သီတဝါတပရိတ္တာဏံ၊ ချမ်းသောလေကို တားမြစ်တတ်သော။ ဟိရိကောပီနဆာဒနံ၊ ရှက်ကြောက်အပ်သော ကျဉ်းမြောင်းလျှို့ဝှက်အပ်သော အရပ်ကို ဖုံးလွှမ်းခြင်းကိုပြု၍။
ဣတရီတရေန၊ ရရသမျှသော ပစ္စည်းဖြင့်။ သန္တုဋ္ဌာ၊ ရောင့်ရဲခြင်းသို့ရောက်ကုန်သည်ဖြစ်၍။ စီဝရံ၊ သင်္ကန်းကို။ အဘုဉ္ဇိံသု၊ သုံးဆောင်ကုန်ပြီ။
ပဏီတံဝါ၊ မြတ်သော အရသာရှိသော ထောပတ်စသည်နှင့်ရောသော အရသာကိုလည်းကောင်း။ ယဒိ၊ ထိုမြို့။ လူခံဝါ၊ ကြမ်းသော အစာကိုလည်းကောင်း။ အပ္ပံ ဝါ၊ လေးလုပ်ငါးလုပ်မျှလောက်သော အနည်းငယ်သောအစာကိုလည်းကောင်း။ ယဒိ၊ ထိုမြို့။ ဗဟုံဝါ၊ များသော အစာကိုလည်းကောင်း။ လဘိတွာ၊ ရကုန်၏။
အဂိဒ္ဓါ၊ ထိုအစာ၌ မမက်မောခြင်းသို့ ရောက်သည်ဖြစ်၍။ နာဓိမုစ္ဆိတာ၊ ထိုအစာ၌ တဏှာဖြင့်တောင့်တခြင်း ကင်းကုန်သည်ဖြစ်၍။ အဗ္ဘဉ္ဇနံဝိယ၊ မျက်စိကို လိမ်းကျံသော ဆီစသည်ကဲ့သို့။ ယာပနတ္ထံ၊ မျှခြင်းအကျိုးငှါ။ အာဟာရံ၊ အာဟာရကို။ အဘုဉ္ဇိသု၊ သုံးဆောင်ကုန်ပြီ။
ဇီဝိတာနံ၊ အသက်တို့၏။ ပရိက္ခာရေ၊ ဖြစ်ခြင်းငှါ အစောင့်အရှောက်ဖြစ်၍ဖြစ်သော။ ဘေသဇ္ဇေစ၊ ဆေး၌လည်းကောင်း။ အထ၊ ထိုမှတပါး။ ပစ္စယေစ၊ ကြွင်းသော ကျောင်းပစ္စည်း၌လည်းကောင်း။
ဗာဠှံ၊ အလွန်။ ဥဿုကာ၊ လုံလပြုကုန်သည်။ နအာသုံ၊ မဖြစ်ကုန်။ တေ၊ ထိုရှေး၌ဖြစ်ကုန်သော ရဟန်းတို့သည်။ အာသဝက္ခယေ၊ အာသဝေါတရားတို့၏ ကုန်ခြင်း၌။ တထာ၊ ထိုအတူ။ တေ၊ ထိုအနာဖြင့် နှိပ်စက်ကုန်သော ရဟန်းတို့သည်။ ဗာဠံ၊ သူနာပစ္စည်း၌အလွန်အကဲ။ ဥဿုကာ၊ အားထုတ်ကုန်သည်။ နာဟေသုံ၊ မဖြစ်ကုန်။
တေဘိက္ခူ၊ ထိုရဟန်းတို့သည်။ အရညေ၊ တော၌။ ရုက္ခမူလေသုစ၊ သစ်ပင်ရင်းတို့၌လည်းကောင်း။ ကန္ဒရာသုစ၊ ချောက်တို့၌လည်းကောင်း။ ဂုဟာသု စ၊ တောင်ခေါင်းလိုဏ်ခေါင်းတို့၌လည်းကောင်း။
ဝိဝေက၊ ဈာန်ကို။ အနုဗြူဟန္တာ၊ ပွားစေကုန်လျက်။ တပ္ပရာယဏာ၊ ထိုဝိဝေကလျှင်လည်လျောင်းရာရှိကုန်သည်ဖြစ်၍။ ဝိဟံသု၊ နေကုန်ပြီ။
နီစာ၊ နှိမ့်ချသော ဖြစ်ခြင်းရှိကုန်သော။ နိဝိဋ္ဌာ၊ သာသနာ၌ သက်ဝင်၍ တည်သော သစ္စာတရားရှိကုန်သော။ သုဘရာ၊ အလိုနည်းခြင်းစသော အဖြစ်ဖြင့်မွေးမြူလွယ်ကုန်သော။ မုဒူ၊ ဝတ်ကြီးဝတ်ငယ်အကျင့်မြတ်သော အကျင့်၌နူးညံ့ကုန်သော။ အထဒ္ဓမာနသာ၊ မကြမ်းထန်းသော စိတ်ရှိကုန်ထသော။
အဗျာသေကာ၊ သတိနှင့် မကင်းသောအားဖြင့် တဏှာမာနဒိဋ္ဌိစသော ကိလေသာ တို့နှင့် ရောရှက်ခြင်းကင်းကုန်သော။ အမုခရာ၊ မကြမ်းသောနှုတ်လည်းရှိကုန်ထသော။ အတ္ထစိန္တာ၊ အကျိုးစီးပွးကို ကြံတတ်ကုန်ထသော။ ဝသာနုဂါ၊ မိမိအကျိုးသူတစ်ပါးအကျိုးကို ကြံခြင်းသို့ အစဉ်လိုက်ကုန်ထသော။ ယေထေရာ၊ အကြင်မထေရ်တို့သည်။ ဝိဟရိံသု၊ နေကုန်ပြီ။
တတော တသ္မာကာရဏာ၊ ထိုသို့နှိမ့်ချသော ဖြစ်ခြင်းစသော အကြောင်းကြောင့်။ ဂတံ ဂမနံ၊ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း စသော သွားခြင်းသည်လည်းကောင်း။ ဘုတ္တံ၊ ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည်လည်းကောင်း။ နိသေဝိတံ၊ ဆွမ်းခံသော အားဖြင့် မှီဝဲခြင်းသည်လည်းကောင်း။ ပါသာဒိကံ၊ ကြည်ညိုဘွယ်ကိုဆောင်တတ်သည်။ အာသိ၊ ဖြစ်၏။
ကံပိယ၊ အဘယ်ကဲ့သို့နည်းဟုမူကား။ တေလဓါရာဝ၊ ဆီအယဉ်သည်။ သိနိဒ္ဓါ၊ ပြေပြစ်ရှုဘွယ် ကြည်ညိုဘွယ်ကိုဆောင်တတ်သည်။ ဟောတိယထာ၊ ဖြစ်သကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ တေသံထေရာနံ၊ ထိုမထေရ်တို့၏။ ဣရိယာပထော၊ သွားခြင်းရပ်ခြင်း တူရူကြည့်ခြင်း တစောင်းကြည့်ခြင်း စသော ဣရိယာပုတ်သည်။ အဟောသိ၊ ဖြစ်၏။
သဗ္ဗာသဝပရိက္ခီဏာ၊ အလုံးစုံကုန်ပြီးသော အာသဝေါတရားရှိကုန်သော။ မဟာဈာယီ၊ များစွာဈာန်ဝင်စားလေ့ မြတ်သော နိဗ္ဗာန်ကိုရှုလေ့ရှိကုန်သော။ မဟာဟိတာ၊ များမြတ်သော အကျိုးနှင့် ပြည့်စုံကုန်ထသော။
တေ ထေရာ၊ ထိုဆိုအပ်ခဲ့ပြီးသော အကျင့်လျှင်လည်း လျောက်ရာရှိသော မထေရ်တို့သည်။ ဒါနိ ဣဒါနိ၊ ယခုအခါ၌။ နိဗ္ဗုတာ၊ ပရိနိဗ္ဗာန်ပြုတော်ကုန်ပြီ။ ဒါနိ ဣဒါနိ၊ ယခုနောက်ကာလ၌ကား။ တာဒိသာ၊ ထိုရှေးမထေရ်တို့နှင့်တူသော သဘောရှိကုန်သော။ ထေရာ၊ မထေရ်တို့သည်။ ပရိတ္တာ၊ အနည်းငယ်မျှသာဖြစ်ကုန်၏။
ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနံ၊ ဝဋ်မှထွက်မြောက်ခြင်း၏ အဆောက်အဉီဖြစ်ကုန်သော အပြစ်မရှိသော တရားတို၏ လည်းကောင်း။ ပညာယ စ၊ ထိုသို့ဝဋ်မှ ထွက်မြောက်ကြောင်းဖြစ်သော ပညာ၏လည်းကောင်း။ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်။
သဗ္ဗာကာရဝရူပေတံ၊ အလုံးစုံသော အခြင်းအရာအထူးတို့နှင့် ပြည့်စုံသော။ ဇိနသာသနံ၊ မြတ်စွာဘုရား၏ သာသနာတော်ကို။ လုဇ္ဇတေဝိနာသတိ၊ ဖျက်ဆီး၏။
ပါပကာနဉ္စ ဓမ္မာနံ၊ ကာယဒုစရိုက် အစရှိကုန်သော ယုတ်မာသော တရားတို့၏လည်းကောင်း။ ကိလေသာနဉ္စ၊ လောဘအစရှိကုန်သော ကိလေသာတို့၏လည်းကောင်း။ ယော ဥတုယောကာလော၊ အကြင်ဖြစ်သော ကာလသည်။ ဝတ္တတိ၊ ဖြစ်၏။
ယေ စ၊ အကြင်သူတို့မူကား။ ဧဝရူပေကာလေ၊ ဤသို့သဘောရှိသော ကာလ၌။ ဝိဝေကာယ၊ ဥပမိပိဝေကအကျိုးငှါ။ ဥပဋ္ဌိတာ အာရဒ္ဓဝိရီယာ၊ အားထုတ်အပ်သော လုံ့လရှိကုန်၏။ တေထေရော၊ ထိုမထရ်တို့ကား။ သဒ္ဓမ္မသေသကာ၊ ကြွင်းသောအကျင့်ဟုဆိုအပ်သော သူတော်ကောင်းတရားရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ယေ၊ အကြင်ရဟန်းတို့သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဩရသပုတ္တေဟိ၊ ရင်တော်၏ အနှစ်ဖြစ်သော သားတော်၏ အဖြစ်တို့မှ။ ပရိက္ခယံ၊ ပျက်စီးခြင်းသို့။ ဂမိတာ၊ ရောက်ကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ ကိလေသာ၊ ကိလေသာတို့သည်။ ပဝဍ္ဎန္တာ၊ ပွားခြင်းပြန့်ပြောခြင်းသို့ ရောက်ကုန်သည်ဖြစ်၍။ ဗဟုံ ဇနံ၊ များစွာသော ပုထုဇဉ်မိုက်တို့၏။ အာဝိသန္တိ၊ သန္တာန်သို့ဝင်ကုန်၏။
ဧဝံဘူတာစ၊ ဤသို့ဖြစ်ကုန်သည်ရှိသော်လည်း။ ဥမ္မတ္တေဟိ၊ ရူးကုန်သော။ ဗာလေဟိ၊ သူမိုက်တို့နှင့်။ သိဒ္ဓိံ၊ တကွ။ ရက္ခသာ၊ ရက္ခိုသ်ဘီလူးတို့သည်။ ကီဠန္တိဣဝ၊ ကစားမြူးတူးကုန်သကဲ့သို့။ ဧဝံတထာ၊ ထိုအတု။ တေကိလေသာ၊ ထိုကိလေသာတို့သည်။ ဘိက္ခူ၊ ဘုရားစသော ဆေးသမားမှကင်းကုန်သော ရဟန်းမိုက်တို့ကို။ အာဝိသိတွာ၊ အတွင်းသို့ဝင်၍။ ကိဠန္တိမညေ၊ ထိုကိလေသာတို့နှင့်တကွ မြူးတူးကုန်ယောင်တကား။
ယေနုနရာ၊ အကြင်သူတို့ကို။ ကိလေသာဟိ၊ ကိလေသာတို့သည်။ အဘိဘူတာ၊ နှိပ်စက်အပ်ကုန်၏။ တေနရာ၊ ထိုသူတို့သည်။ တေန တေန၊ ထိုထိုသို့သော တစ်စုံတစ်ခုသော ဘဝဟုဆိုအပ်သော အရပ်မျက်နှာအဘို့ဖြင့်။ ဝိဓါဝိတာ၊ ဖောက်ပြန်သောအားဖြင့် ပြေးသွားရကုန်၏။
ယေနရာ၊ အကြင်သူတို့သည်။ ကိလေသဝတ္ထူသု၊ ရှေးကိလေသာသည် နောက်ကိလေသာ၏ အကြောင်းဖြစ်သောကြောင့် နောက်ကိလေသာတို့သည်။ သမုဒိတေသု၊ ပေါင်းမိကုန်သည်ရှိသော။ သသင်္ဂါမေ၊ ရွှေငွေ ပတ္တမြား ပုလဲ စသော ဥစ္စာတို့ကို ထိုထိုသို့သော သူ၏ ဥစ္စာဖြစ်စေသတည်း ဟူ၍ ထိုကာမဂုဏ်ကုသိုလ် အပ်သော စစ်ထိုးခြင်းကို။ ဃောသိတေဝိယ၊ ကြွေးကြော်သကဲ့သို့။ တေဟိ တေဟိ၊ ထိုထို ကိလေသာတို့ဖြင့်။ အဘိဘူတာ၊ နှိပ်စက်အပ်ကုန်သော။ တေဗာလပုထုဇ္ဇနာ၊ ထိုမိုက်သော ပုထုဇဉ်တို့သည်။ တေနတေနအာရမ္မဏတာနေ၊ ထိုထိုသို့သော အာရုံအဘို့ဖြင့်။ ဝိဓာပိတာ၊ ပြေးရကုန်၏။
သဒ္ဓမ္မံ၊ ပဋိပတ္တိဟုဆိုအပ်သော သူတော်ကောင်းတရားကို။ ပရိစ္စဇိတွာ၊ စွန့်၍။ အညမညေဟိ၊ အာမိသဟူသော ကြောင့်ကြခြင်းရှိသော အချင်းချင်းတို့သည်။ ဘဏ္ဍရေ၊ ငြင်းခုံခြင်းကို ပြုကုန်၏။
ဒိဋ္ဌိဂတာနိ၊ မိစ္ဆာအယုတို့ကို။ အနွေန္တာ အနုဂစ္ဆန္တာ၊ အစဉ်လိုက်သော သူတို့သည်။ ဣဒံ၊ ဤသတ္တဇီဝ စသောတရားသည်။ သေယျော၊ ပရမတ္ထတရားပင်တည်း။ ဣတိ၊ ဤသို့။ မညရေန္တိ၊ အောက်မေ့ကုန်၏။
ဓနဉ္စ၊ ဥစ္စာကိုလည်းကောင်း။ ပုတ္တံဉ္စ၊ သားကိုလည်းကောင်း။ ဘရိယဉ္စ၊ မယားကိုလည်းကောင်း။ ဆဍ္ဍယိတွာန၊ စွန့်၍။ နိဂ္ဂတာ၊ အိမ်မှထွက်ကုန်၏။
ကဋစ္ဆုဘိက္ခဟေတူပိ၊ တစ်ယောက်မွေးသာ ဆွမ်းဟူသော အကြောင်းကြောင့်လည်း။ အကိစ္ဆာနိ၊ ရဟန်းတို့ခံခြင်းမပြုအပ်သော အမှုတို့ဟူ၍။ နိသေဝရေ၊ မမှီဝဲခြင်းတို့ကို။ ကရောန္တိ၊ ပြုကုန်၏။
ဥဒရာဝဒေဟကံ၊ ဝမ်းပြည့်ရုံမျှ။ ဘုတွာ၊ စား၍။ သယန္တုတ္တာနသေယျကာ၊ ပက်လက်အိပ်ခြင်းတို့ကို။ သယန္တိ၊ အိပ်ကုန်၏။
ယာကထာ၊ အကြင်ရာဇကထာ အစရှိသော စကားကို။ သတ္ထု၊ မြတ်စွာဘုရားသည်။ ဂရဟိတာ၊ ကဲ့ရဲ့အပ်၏။ ပဋိဗုဒ္ဓါ၊ အိပ်၍နိုးကုန်သည်ရှိသော်။ သာ ကထာ၊ ထိုဘုရားစက်ဆုပ်အပ်သော ရာဇကထာစသော စကားကို။ ဝဍ္ဎေန္တိ၊ ပွားစေကုန်၏။
သဗ္ဗကာရုကသိပ္ပါနိ၊ အလုံးစုံကုန်သော ကုန်သည်တို့သည် ပြုအပ်ကုန်သော ထီးထန်းရွက် အစရှိသော အတတ် ဆင်ဆေးအတတ် မြင်းဆေးအတတ် အစရှိသည်တို့ကို။ စိတ္တိံ ကတွာန၊ အရိုအသေပြုကုန်၍။ သိက္ခရေ၊ သင်ကုန်၏။
အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌ဖြစ်သော စိတ်ကို။ အဝူပသန္တာ၊ ကိလေသာမှ မငြိမ်းစေနိုင်သည်ဖြစ်၍။ သာမညတ္ထာတိ၊ ရဟန်းတရားဝင်တည်းဟူ၍။ အစ္ဆတိ၊ နေ၏။
မတ္တိကဉ္စ၊ ပကတိအဆင်းငါးပါးသော အဆင်းရှိသော မြေသပိတ်ကိုလည်းကောင်း။ တေလစုဏ္ဏဉ္စ၊ ပကတိသော ဆီနံ့သာမှုန့်စသည်ဖြင့် ပြုပြင်အပ်သော ဆီကသယ်မှုန့်တို့ကို လည်းကောင်း။ ဥဒကာသနဘောဇနဉ္စ၊ ရေနေရာဘောဇဉ်တို့ကိုလည်းကောင်း။
ဗဟုတ္တရံ၊ များစွာ အလွန့်အလွန်သော ဆွမ်းစသည်ကို။ အာကင်္ခန္တာ၊ အလိုရှိကုန်သည်ရှိသော်။ ဂိဟီနံ၊ လူတို့သည်။ ဥပနာမေန္တိ၊ ကပ်ပေကုန်၏။
ဒန္တပေါဏဉ္စ၊ တံပူကိုလည်းကောင်း။ ကပိတ္ထဉ္စ၊ အသီးသီးကိုလည်းကောင်း။ ပုပ္ဖံ၊ မြတ်လေးပွင့် စကားပွင့် စသော ပန်းကိုလည်းကောင်း။ ခါဒနိယာနိ စ၊ တစ်ဆယ့်ရှစ်ပါးအပြားရှိသော ခဲဘွယ်အထူးတို့ကိုလည်းကောင်း။
ပိဏ္ဍပါတေ စ သမ္ပန္နေ၊ အဆင်းစသည်၏ ပြည့်စုံခြင်းနှင့်ယှဉ်သော ဆွမ်းအထူးတို့ကို လည်းကောင်း။ အမ္ဗေ အမ္မာနိ စ၊ သရက်သီးတို့ကိုလည်းကောင်း။ အာမလကာနိစ၊ သျှစ်ရှားသီးတို့ကိုလည်းကောင်း။ သဗ္ဗတ္ထ၊ အလုံးစုံ၌။ ဗဟုတ္တရံ၊ များစွာသော ဆွမ်း စသော အလွန့်အလွန်ကို။ ဂိဟီနံ၊ လူတို့သည်။ ဥပနာမေန္တိ၊ ကပ်စေကုန်၏။
ဘေသဇ္ဇေသု၊ လူတို့အားဆေးနှင့်ယှဉ်သည်တို့၌။ ဝေဇ္ဇာ၊ ဆေးသမားတို့သည်။ ပဋိပဇ္ဇန္တိယထာ၊ ကျင့်ကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ ဘိက္ခူ၊ ရဟန်းတို့သည်။ ပဋိပဇ္ဇန္တိ၊ ကျင့်ကုန်၏။ ကိစ္စာကိစ္စေ၊ လူတို့အမှုငယ်အမှုကြီး ကို ပြောဆိုအပ်သည်ရှိသော်။ ဂိဟီ၊ လူတို့သည်။ ပဋိပဇ္ဇန္တိယထာ၊ ကျင့်ကုန်သကဲ့သို့လည်းကောင်း။
ဂဏိကာ၊ ပြည်တန်ဆာမတို့သည်။ ဝိဘူသာယံဝိယ၊ မိမိကိုယ်ကို တန်ဆာဆင်ကုန်သကဲ့သို့လည်းကောင်း။ ဣဿရေ၊ အစိုးရခြင်း၌ဖြစ်သော။ ခတ္တိယာခတ္တိယော၊ မင်းသည်။ ဝသံ၊ မိမိနိုင်ငံသို့။ ဝတ္တေတိယထာ၊ လိုက်စေသကဲ့သို့။ ဧဝံတထာ၊ ထိုအတူ။ ကုလဝတီ၊ ဒါယကာရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဝတ္တန္တိ၊ လိုက်ကုန်၏။
နေကတိကာ၊ စဉ်းလဲခြင်း၌ယှဉ်ကုန်သော ရွှေမဟုတ်သည်ကို ရွှေကဲ့သို့အတုပြု၍ လှည့်စား တတ်ကုန်သော။ ဝဉ္စနိကာ၊ ချိန်စဉ်းလဲတင်းစဉ်းလဲ စသည်တို့ဖြင့် သူတစ်ပါးတို့၏ ရောင်းဝယ်ခြင်းကို ပြုတတ် ကုန်သော။ ကူဋသက္ခီ၊ မမှန်သော သက်သေရှိကုန်သော။ အပါဋုကာ၊ မစောင့်စည်းခြင်း အသက်မွေးခြင်းရှိကုန်သော သူတို့သည်။
ဗဟူဟိ ပရိကပ္ပေဟိ၊ ဆိုအပ်ခဲ့ပြီးသော မိစ္ဆာဇီဝ အပြားတို့ဖြင့်။ အာမိသံ၊ ဆွမ်းပစ္စည်းစသော အာမိသကို။ ပရိဘုဉ္ဇရေ၊ သုံးဆောင်ကုန်၏။
လေသကပ္ပေ၊ အပ်၏ ဟူသော အမြွက်ဖြင့်။ ပရိယာယေ၊ ပစ္စည်းတို့၌ ပရိယာယ်စကားနှင့်ယှဉ်သော။ ပရိကပ္ပေ၊ ပွားစီးခြင်းစသော အကြံ၌။ အနုဓါဝိတာ၊ အလိုကြီးခြင်းစသော ပါပဓမ္မတို့ဖြင့် ပြေးဝင်ရောနှောကုန်သည်ဖြစ်၍။
ဇီဝိကတ္ထာ၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့်။ ဥပါယေန၊ ပရိယာယ်စကား စသော အကြောင်းရှိသော ပစ္စည်းကိုဖြစ်စေသော နည်းဖြင့်။ ဗဟုံ ဓနံ၊ များစွာသော ဥစ္စာကို။ သင်္ကဍ္ဎန္တိ၊ ငင်ဆောင်ကုန်၏။
ပရိသံ ပရိဿယ၊ ပရိသတ်၌။ ကမ္မတော ကမ္မဟေတု၊ မိမိသည် ပြုအပ်သော အမှုကြီးငယ်ဟူသော အကြောင်းကြောင့်။ နော စ ဥပဋ္ဌာပေန္တိ၊ မလုကျွေးစေကုန်။
လာဘတော၊ လာဘ်ဟူသော အကြောင်းကြောင့်။ ပရေသံ၊ သူတစ်ပါးတို့အား။ ဓမ္မံ၊ တရားကို။ ဒေသေန္တိ၊ ဟောကုန်၏။ အတ္ထတော၊ ပစ္စုပ္ပန်သံသရာအကျိုး အစရှိသည်အပြားရှိသော အစီးအပွားဟူသော အကြောင်းကြောင့်။ နောစဒေသေန္တိ၊ မဟောကုန်။
သင်္ဃလာဘဿ၊ သံဃာမှဖြစ်သော လာဘ်ဟူသော အကြောင်းကြေင့်။ ဘဏ္ဍန္တိ၊ ငါအားရောက်၏ သင်အားမရောက် စသည်ဖြင့် ငြင်းခုံခြင်းကို ပြုကုန်၏။ သင်္ဃတော၊ အရိယာသံဃာမှ။ ပရိဗာဟိရာ၊ အပဖြစ်၍ ဖြစ်ကုန်၏။
ပရလာဘော၊ သီလစသော ဂုဏ်နှင့်ပြည့်စုံသော သေက္ခပုဂ္ဂိုလ်တို့ကို ရည်၍ဖြစ်သော တစ်ပါး သော လာဘ်ကို။ ဥပဇီဝန္တာ၊ မီ၍ အသက်မွေးကုန်၏။ အဟိရီကာစ၊ ငါတို့ကား တပါးသော သူတို့နှင့်စပ်၍ အသက်မွေးခြင်း အစရှိသည်တို့ကို ပြုတတ်ကုန်သော သူတို့သည်။
နာနုယုတ္တာ၊ ရဟန်းဖြစ်ခြင်းကို ပြုတတ်ကုန်သော တရာတို့နှင့် မယှဉ်ကုန်သည်ဖြစ်၍။ ဇီဝန္တိယထာ၊ အသက်မွေးကုန်သကဲ့သို့။ ဧကေ ဧကစ္စေ၊ အချို့ကုန်သော။ မုဏ္ဍာ၊ ဉီးပြီးကုန်သော ရဟန်းတို့သည်။ သင်္ဃာဋိပါရုတာ၊ သင်္ကန်းဖြင့် ရုံအပ်သော ကိုယ်ရှိကုန်သည်ဖြစ်၍။
လာဘသက္ကာရ မုစ္ဆိတာ၊ လာဘ်ပူဇော်သကာတောင့်တကုန်သည်ဖြစ်၍။ သမ္ဘာဝနံယေဝ၊ ခြီးမွမ်းမြှောက်စားခြင်းကိုသာလျှင်။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။
နာနပ္ပယာတမှိ၊ အထူးထူး အပြားပြားသော အခြင်းအရာဖြင့် ကိလေသာတို့ကို ဖြစ်စေခြင်းငှါ အားထုတ်သည်ရှိသော်။ ဒါနိ ဣဒါနိ၊ ယခုရခဲ့သော အဆွေခင်ပွန်းကောင်း ရခဲ့သော သပ္ပါယတရားနာခြင်းကာလ၌။ န သုကရံ တထာ၊ စောင့်ခြင်းကို ကောင်းစွာမပြုသကဲ့သို့။ ဧဝံ တထာ၊ ထိုအတူ။ သမ္ပာဒေတုံ၊ ကောင်းစွာ ပြည့်စုံစေခြင်းငှါ။ နသက္ကာ၊ မတတ်ကောင်း။
အဖုသိတံ ဝါ၊ မြတ်စွာဘုရားအထင်အရှားရှိသော ကာလ၌ မရအပ်သော ဈာန်ဝိပဿနာတရားကိုလည်း။ ဖုသိတုံ အမိဂန္တုံ၊ ရခြင်းငှါ။ နသုကရံ၊ မလွယ်။ ဖုသိတံ ဝါ၊ ရအပ်သော ဈာန်ဝိပဿနာတရားကိုလည်း။ အနုရက္ခိတုံ၊ ကောင်းစွာစောင့်ရှောက်အပ်သောငှါ။ နသုကရံ၊ မပြုလွယ်။ ပူရိသော၊ ယောက်ျားသည်။ ကေနစိဒေဝပယောဇနေန၊ တစ်စုံတစ်ခုသော ဆေးဝါးမန္တရားမန္တာန်ဖြင့်။
ကဏ္ဋကဋ္ဌာနမှိ၊ ဆူးတို့ဖြင့် ပြည့်သောအရပ်၌။ အနုပါဟနော၊ ဖိနပ်မစီးဘဲ။ စရေယျ ယထာ၊ သွားနိုင်သကဲ့သို့။
ဧဝံ တထာ၊ ထိုအတူ။ ဂါမေ၊ ကိလေသာတည်းဟူသော ဆူတို့ဖြင့်ပြည့်သော ဆွမ်းခံရွာ၌။ မုနီ၊ ရဟန်းသည်။ သတိံ၊ သတိပညာအဆင်အခြင်ကို။ ဥပဋ္ဌပေတွာ၊ ဖြစ်စေ၍။ စရေ စရေယျ၊ သွားရာ၏။
ပုဗ္ဗကေ၊ ရှေး၌ဖြစ်ကုန်သော ။ ယောဂီ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်းနှင့် ယှဉ်ကုန်သော ယောဂီပုဂ္ဂိုလ်တို့ကို။ သရိတွာ၊ အားထုတ်အပ်သော ဝိပဿနာရှိသည်တို့ကို အောက်မေ့၍။ တေသံ၊ ထိုရှေး၌ဖြစ်ကုန်သော ကမ္မဋ္ဌာန်းစီးဖြန်းခြင်းနှင့် ယှဉ်သော ပုဂ္ဂိုလ်တို့၏။ ဝတ္တံ၊ အကျင့်ဝတ်ကို ပွားစေသော အစီအရင်ကို။ အနုဿရံ အနုဿရန္တော၊ အောက်မေ့လျက်။
ပစ္ဆိမော ကာလော၊ လွန်ပြီးသော ဘုရားရှိသော အဆုံးကာလသည်။ ကိဉ္စာပိ ဟောတိ၊ အကယ်၍ကား ဖြစ်၏ရှင့်။ တတာပိ၊ ထိုသို့ဖြစ်သော်လည်း။ ယထာမေဝ၊ အကြင်ဘုရားဟောတော်မူတိုင်းသော တရားတော်အားလျော်စွာသာလျှင်။ ပဋိပဇ္ဇန္တော၊ ကျင့်လျက်။ ဝိပဿနံ၊ အနိစ္စ အစရှိသော ဝိပဿနာကို။ ဥဿုကာပေန္တော၊ လုံ့လပြုလျက်။ အမတံ ပဒံ၊ သေခြင်းကင်းရာ နိဗ္ဗာန်ကို။ ဖုသေယျ အဓိဂစ္ဆေယျ၊ ရရာ၏။
ဣဒံ ဝစနံ၊ ဤပြအပ်ခဲ့တိုင်းသော ကိလေသာတို့၏ ဖြူစင်ခြင်းတို့၌ အကျင့်အစီအရင်ကို။ ဝတွာ၊ ဆို၍။ သာလဝနေ၊ အင်ကြင်းတော၌။ ဘာဝိတိန္ဒြိယော၊ ပွားစေအပ်ပြီးသော သဒ္ဓါစသော ငါးပါးသော ဣန္ဒြေရှိသော။
ဗြာဟ္မဏော၊ မကောင်းမှုကို အပပြုပြီးသော။ ခီဏပုနဗ္ဘဝေါ၊ ကုန်ပြီးသော တဖန်ဘဝသစ်၌ဖြစ်ခြင်းရှိသော။ ဣသိ၊ သိလက္ခန္ဓစသော တရားအပေါင်းကို ရှာမှီးပြီးသော။ သမဏော၊ ငြိမ်းစေအပ်ပြီးသော မကောင်းမှုရှိသော ပါရာပရိယ မည်သော ရဟန္တာသည်။ ပရိနိဗ္ဗာယိ၊ အနုပါဒိသေသ နိဗ္ဗာနဓာတ်ဖြင့် ပရိနိဗ္ဗာန်ပြု၏။
ဣတိဣမာဂါထာ၊ ဤဂါထာတို့ကို။ ထေန၊ ပါရာပရိယ မထေရ်သည်။ ဘာသိတာ၊ ဟောအပ်ကုန်၏။
တတ္ထ၊ ထိုဂါထာတို့၌။ ဣရိယံ အာသိ ဘိက္ခူနန္တိ၊ ဣရိယံ အာသိတိက္ခူနံ ဟူသည်ကား။ ပုရိသုတ္တမေ၊ ယောက်ျားမြတ်ဖြစ်တော်မူသော။ လောကနာထမှိ၊ လူသုံးပါးတို့၏ ကိုးကွယ်ရာ ဖြစ်တော်မူသော။ ဧတရဟိ၊ ယခုအခါ၌။ ပဋိပတ္တိဘာဝတော၊ ကျင့်ခြင်းရှိသည်၏ အဖြစ်ကြောင့်။
အညထာ၊ တပါးသော အခြင်းအရာအားဖြင့်။ ဒါနိ၊ ယခုအခါ၌။ ဒိဿတိ၊ ထင်၏။ ဣဒါနိပန၊ ယခုအခါ၌ကား။ တတော၊ ထိုဆိုအပ်ခဲ့ပြီးသည်မှ။
အညထာ၊ တစ်ပါးသော အခြင်းအရာအားဖြင့်။ ဘိက္ခူနံ၊ ရဟန်းတို့အား။ ဣရိယံ၊ အကျင့်သည်။ ဒိဿတိ၊ ထင်၏။ အယာ ပဋိပတ္တိဘာဝတော၊ မဖေါက်မပြန်သော အကျင့်ရှိသည်၏ အဖြစ်သည်။ ဣတိအယံ၊ ဤသည်ကား။ အဓိပ္ပါယော၊ အဓိပ္ပါယ်တည်း။
ဣဒါနိ၊ ယခုအခါ၌။ သတ္ထရိ၊ မြတ်စွာဘုရားသည်။ ဓရန္တေ၊ ထင်ရှားရှိစဉ်။ ယေနာကာရေန၊ အကြင်အခြင်းအရာဖြင့်။ ဘိက္ခူနံ၊ ရဟန်းတို့၏။ ပဋိပတ္တိ၊ အကျင့်သည်။ အဟောသိ၊ ဖြစ်ပြီ။ တံ၊ ထိုအကျင့်ကို။ တာဝ၊ ရှေးဉီးစွာ။ ဒဿေတုံ၊ ပြခြင်းငှါ။ သီတဝါတပရိတ္တာဏန္တိအာဒိ၊ သီတဝါတပရိတ္တာနံ ဤသို့အစရှိသော ဂါထာကို။ ဝုတ္တံ၊ ဟောတောမူ၏။
တတ္ထ၊ ထိုဂါထာတို့၌။ မတ္တဋ္ဌိယန္တိ၊ မတ္တဋ္ဌိယံ ဟူသည်ကား။ တံ မတ္တံ ပယောဇနံ၊ ထိုမျှသော အကျိုးရှိသော။
ယာဝဒေဝ၊ အကြင်မျှလောက်လျှင်။ သီတဝါတပရိတ္တာဏံ၊ ချမ်းသာလေကို တားမြစ်တတ်သော။ ယာဝဒေဝ၊ အကြင်မျှလောက်လျှင်။ ဟိရီကောပီနပဋိစ္ဆာဒနံ၊ ရှက်ကြောက်အပ်သော ကျဉ်းမြောင်းလျှို့ဝှက်သော အရပ်ကို ဖုံး လွှမ်းခြင်းကို။ ကတွာ၊ ပြု၍။ စီဝရံ၊ သင်္ကန်းကို။ ပရိဘုဉ္ဇိံသု၊ သုံးဆောင်ကုန်၏။
ကထံ ပရိဘုဉ္စိံသု၊ အဘယ်သို့သုံးဆောင်ကုန်သနည်း။
ဣတရီတရေ၊ ရ ရသမျှသော။ ယသ္မိံ တသ္မိံ၊ ဟုတ်ငြားငြားသော။ ဟီနေဝါ၊ ယုတ်သည်လည်းဖြစ်သော။ ပဏီတေ ဝါ၊ မွန်မြတ်သည်လည်းဖြစ်သော။ ယထာလဒ္ဓေ၊ ရမြဲတိုင်းသော။ ပစ္စယေ၊ ပစ္စည်းတိုင်း၌။ သန္တောသံ၊ ရောင့်ရဲခြင်းသို့။ အာပန္နာ၊ ရောက်၏။
ပဏီတန္တိ၊ ပဏီတံဟူသည်ကား။ ဥဠာရံ၊ မြတ်သော။ သပ္ပိအာဒိနံ၊ ထောပတ်အစရှိသည်တို့နှင့်။ သံသဋ္ဌံ၊ ရောနှောသော။ တဒဘာဝေန၊ ထိုထောပတ်အစရှိသည်တို့နှင့် ရောနှောခြင်းမရှိသည်၏အဖြစ်ကြောင့်။ လူခံ၊ ကြမ်းသော။
အပ္ပန္တိ၊ အပ္ပံ ဟူသည်ကား။ စတုပဉ္စာလောပမတ္တမ္ပိ၊ လေးလုပ်ငါးလုပ်မျှလောက်သော အနည်းငယ်သော အစာကို လည်းကောင်း။
ဗဟုံန္တိ၊ ဗဟုံဟူသည်ကား။ ယာတဒတ္ထံ၊ အလိုရှိတိုင်းသော အစာကို။ အဘုဉ္ဇိံသူတိ၊ အဘုဉ္ဇိသု ဟူသည်ကား။ ဗဟုံ၊ များစွာ။ ဘုဉ္ဇန္တာပိ၊ သုံးဆောင်သော်လည်း။ ယာပနမတ္တမေဝ၊ မျှတရုံမျှကိုသာလျှင်ဖြစ်သော။ အာဟာရံ၊ အာဟာရကို။ ဘုဉ္ဇိံသု၊ စားကုန်၏။
တတောဧဝ၊ ထိုကြောင့်သာလျှင်။ အဂိဒ္ဓါ၊ မမက်မောကုန်သည်ဖြစ်၍။ ဂေဓံ၊ မက်မောခြင်းသို့။ အနာပန္နာ၊ မရောက်ကုန်သည်ဖြစ်၍။
နာဓိမုစ္ဆိတာ န အဇ္ဈောသိတာ၊ တဏှာဖြင့် တောင့်တခြင်းကင်းကုန်သည် ဖြစ်၍။ အက္ခဗ္ဘဉ္ဇနံ ဝိယ၊ လှည်းဝင်ရိုးထိုးသော လှည်းစာကဲ့သို့။ သာကဋိကာ ဝဏလေပနံ ဝိယ၊ အမာကိုလိမ်းသော ဆီကဲ့သို့။ ဝဏိနော၊ မွန်မြတ်သော အစာတို့ကို။ အဘုဉ္ဇိံသု၊ သုံးဆောင်ကုန်ပြီ။
ဇီဝိတာနံ ပရိက္ခာရေ ဘေသဇ္ဇေ အထ ပစ္စယေ တိ၊ ဇီဝိတာနံ ပရိက္ခာရေ ဘေသဇ္ဇေ အထ ပစ္စယေ ဟူသည်ကား။ ဇီဝိတာနံ၊ အသက်တို့၏။ ပဝတ္တိယာ၊ ဖြစ်ခြင်းငှါ။ ပရိက္ခာရဘူတေ၊ အစောင့်အရှောက်ဖြစ်၍ ဖြစ်သော။ ဘေသဇ္ဇသင်္ခါတေ၊ ဆေးဟုဆိုအပ်သော ပစ္စယေ ဂိလာနပစ္စယေ၊ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း၌။
ယထာ တေတိ၊ ယထာတေဟူသည်ကား။ ပုရိမကာ၊ ရှေး၌ဖြစ်ကုန်သော။ တေ ဘိက္ခူ၊ ထိုရဟန်းတို့သည်။ အာသဝက္ခယေ၊ အာသဝေါကုန်ခြင်း၌။ ဥဿုကာ ယုတ္တာ၊ လုံ့လပြုကုန်သည်။ အာသုံ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ တထာ၊ ထိုအတူ။ တေ ရောဂါဘိဘူတာပိ၊ ထိုအနာနှိပ်စက်ကုန်သော ရဟန်းတို့သည်လည်း။ ဂိလာနပစ္စယေ၊ သူနာတို့၏ အထောက်အပံ့ဖြစ်သော ဆေးပစ္စည်း၌။ ဗာဠှံအတိဝိယ၊ အလွန်အကဲ။ ဥဿုကာ၊ အားထုတ်ကုန်သည်။ နာဟေသုံ၊ မဖြစ်ကုန်။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
တပ္ပရာယဏာတိ၊ တပ္ပရာယနာဟူသည်ကား။ ဝိဝေကပရာယဏာ၊ ဝိဝေကလျှင် လည်းလျောင်းရာရှိကုန်သည်ဖြစ်၍။ ဝိဝေကပေါဏာ၊ ဝိဝေကလျင် ရှိုင်းကုန်သည်ဖြစ်၍။
ဧဝံ၊ ဤသို့။ စတူဟိ ဂါထာဟိ၊ လေးဂါထာတို့ဖြင့်။ စတုပစ္စယသန္တောသံ ဘာဝနာဘိရတိဉ္စ၊ လေးပါးသော ပစ္စည်း၌ ရောင့်ရဲခြင်း ဘာဝနာ၌ မွေ့ လျော်ခြင်းကို။ ဒဿေန္တေန၊ ပြသဖြင့်။ တေသံ၊ ထိုရဟန်းတို့အား။ အရိယဝံသပဋိပဒါ၊ အရိယဝံသအကျင့်ကို။ ဒဿိတာ၊ ပြအပ်၏။
နီစာတိ၊ နီစာဟူသည်ကား။ မယံ၊ ငါတို့သည်။ ပံသုကူလိကာ၊ ပံသကူဓူတင်ကိုဆောင်ကုန်၏။ ပိဏ္ဍပါတိကာ၊ ပိဏ္ဍပါတ်ဓုတင်ကိုဆောင်ကုန်၏။ ဣတိ၊ ဤသို့။ အတ္တုက္ကံသနပရဝမ္ဘနာနိ၊ မိမိကိုယ်ကို ခြီးမြှောက်ခြင်း သူတစ်ပါးကို ရှုံ့ချခြင်းတို့ကို။ အကတွာ၊ မပြုမူ၍။ နီစဝုတ္တိနော, နိဝါတဝုတ္တိနော၊ နှိမ့်ချသော ဖြစ်ခြင်းရှိကုန်သော။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
နိဝိဋ္ဌာတိ၊ နိဝိဋ္ဌာ ဟူသည်ကား။ သာသနေ၊ သာသနာတော်၌။ နိဝိဋ္ဌသဒ္ဓါ၊ သက်ဝင်၍တည်သော သဒ္ဓါတရားရှိကုန်၏။
သုဘရာတိ၊ သုဘရာဟူသည်ကား။ အပ္ပိစ္ဆတာဒိဘာဝေန၊ အလိုနည်းခြင်း စသော အဖြစ်ဖြင့်။ သုပေါသာ၊ မွေးမြူလွယ်ကုန်သော။
မုဒူတိ၊ မုဒုဟူသည်ကား။ ဝတ္တပဋိပတ္တိယံ၊ ဝတ်ကြီးဝတ်ငယ်အကျင့်၌။ သကလေ စ၊ အလုံးစုံလည်းဖြစ်သော။ ဗြဟ္မစရိယေ၊ မြတ်သော အကျင့်၌။ မုဒူ၊ နူးညံ့ကုန်သော။ သုပရိကမ္မကတသုဝဏ္ဏံ ဝိယ၊ ကောင်းစွာအပြေအပြစ်ပြုအပ်သော ရွှေကဲ့သို့။ ဝိနိယောဂက္ခမာ၊ ဆင်ဝတ်ခြင်းငှါ ခံ့သည်။
ဝါ၊ တစ်နည်းကား။ မုဒူတိ၊ မုဒုဟူသည်ကား။ အဘာကုဋိကာ၊ မျက်မှောင်မကုတ်သည်။ ဥတ္တာနမုခါ၊ ပေါ်သောမျက်နှာရှိသည်။ ပုပ္ဖိတမုခေန၊ ပွင့်သော မျက်နှာဖြင့်။ ပဋိသန္ထာရဝုတ္တိနော၊ စေ့စပ်သော ဖြစ်ခြင်းရှိသည်။ သုတိတ္ထံ ဝိယ၊ ကောင်းသော ဆိပ်ကဲ့သို့။ သုခါဝဟာ၊ ချမ်းသာကိုဆောင်၏။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဆိုအပ်သည်။ ဟောတိ၊ ဖြစ်၏။
အထဒ္ဓမာနသာတိ၊ အထဒ္ဓမာနသာဟူသည်ကား။ အကထိနစိတ္တာ၊ မကြမ်းတန်းသော စိတ်ရှိကုန်သော။ တေန၊ ထိုအထဒ္ဓမာနသာဟူသော ပါဌ်ဖြင့်။ သုဗ္ဗစဘာဝံ၊ ဆိုလွယ်သည်၏အဖြစ်ကို။ အာဟ၊ မိန့်တော်မူ၏။
အဗျာသေကာတိ၊ အဗျာသေကာဟူသည်ကား။ သတိဝိပ္ပဝါသာဘာဝတော၊ သတိနှင့်မကင်းသော အဖြစ်ကြောင့်။ ကိလေသဗျာသေကရဟိတာ၊ ကိလေသာတို့နှင့် ရောရှက်ခြင်းကင်းကုန်ထသော။ အန္တရန္တရာ၊ အကြားအကြား၌။ တဏှာဒိဋ္ဌိမာနာဒီဟိ၊ တဏှာဒိဋ္ဌိမာနအစရှိသည်တို့ဖြင့်။ အဝေါကိဏ္ဏာ၊ မပြွမ်းကုန်ထသော။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
အမုခရာတိ၊ အမုခရာ ဟူသည်ကား။ မုခရာ၊ နှုတ်ကြမ်းသည်။ န၊ မဟုတ်။ မုခေန၊ နှုတ်ဖြင့်။ နခရာ၊ မကြမ်း။ ဝါ၊ တစ်နည်းကား။ ဝစီပါဂဗ္ဘိယရဟိတာ၊ နှုတ်ကြမ်းခြင်းမှ ကင်းသည်။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
အတ္ထစိန္တာဝသာနုဂါတိ၊ အတ္ထစိန္တာဝသာနုဂါ ဟူသည်ကား။ ဟိတစိန္တာ၊ အကျိုးစီးပွားကို ကြံတတ်ကုန်ထသော။ ဝသိကာ၊ အလိုသို့လိုက်ကုန်သော။ အတ္တနော စ၊ မိမိ၏လည်းကောင်း။ ပရေသဉ္စ၊ သူတစ်ပါးတို့၏လည်းကောင်း။ ဟိတစိန္တမေဝ၊ အကျိုးစီးပွားကို ကြံခြင်းသို့သာလျှင်။ အနုပရိဝတ္တနကာ၊ အစဉ်လိုက်ကုန်ထသော။
တတောတိ၊ တတောဟူသည်ကား။ တသ္မာ နီစဝုတ္တာဒိဟေတု၊ ထိုသို့နှိမ့်ချသောဖြစ်ခြင်း အစရှိသော အကြောင်းကြောင့်။
ပါသာဒိကန္တိ၊ ပါသာဒိကံ ဟူသည်ကား။ ပသာဒဇနိကံ၊ ကြည်ညိုခြင်းကို ဖြစ်စေတတ်သော။ ပဋိပတ္တိံ၊ အကျင့်ကို။ ပဿန္တာနဉ္စ၊ မြင်ကုန်သော သူတို့၏လည်းကောင်း။ သုဏန္တာနဉ္စ၊ ကြားကုန်သော သူတို့၏လည်းကောင်း။ ပသာဒါဝဟံ၊ ကြည်ညိုခြင်းကို ဆောင်တတ်သော။
ဂတန္တိ၊ ဂတံ ဟူသည်ကား။ အဘိက္ကန္တပဋိက္ကန္တပရိဝတ္တနာဒိဂမနံ၊ ရှေ့သို့တက်ခြင်း နောက်သို့ဆုတ်ခြင်း လှည့်ခြင်းစသော သွားခြင်းတည်း။
ဝါ၊ တစ်နည်းကား။ ဂတန္တိ၊ ဂတံဟူသည်ကား။ ကာယဝါစာပဝတ္တိ၊ ကိုယ်နှုတ်၏ ဖြစ်ခြင်းသည်။
ဘုတ္တန္တိ၊ ဘုတ္တံဟူသည်ကား။ စတုပစ္စယပရိဘောဂေါ၊ ပစ္စည်းလေးပါးကို သုံးဆောင်ခြင်းသည်။
နိသေဝိတန္တိ၊ နိသေဝိတံ ဟူသည်ကား။ ဂေါစရနိသေဝနံ၊ ဆွမ်းခံသောအားဖြင့် မှီဝဲခြင်းသည်။
သိနိဒ္ဓါ တေလဓါရာဝါတိ၊ သိနိဒ္ဓါတေလဓာရာဝဟူသည်ကား။ အာဝတ္တိတာယ၊ လည်စေသော။ ကုသလဇနကပတ္တိယာ၊ ကုသိုလ်ဇာနကကံရောက်ခြင်းကြောင့်။ သဝန္တီ တေလဓါရာ၊ ယိုစီးသော ဆီအယဉ်သည်။ အဝိစ္ဆိန္နာ၊ မပြတ်သည်ဖြစ်၍။ သိနိဒ္ဓါ မဋ္ဌာ၊ ပြေပြစ်သည်။ ဒဿနီယာ၊ ရှုချင်ဘွယ်ကောင်းသည်။ ပါသာဒိကာ၊ ကြည်ညိုဘွယ်ကိုဆောင်တတ်သည်။ ဟောတိ ယထာ၊ ဖြစ်သကဲ့သို့။ ဧဝံ၊ ဤအတူ။ အာကပ္ပသမ္ပန္နာနံ၊ အသွင်အပြင်နှင့်ပြည့်စုံကုန်သော။ တေသံ၊ ထိုရဟန်းတို့၏။ ဣရိယာပထော၊ ဣရိယာပုတ်သည်။ အစ္ဆိ‌န္နော၊ မပြတ်သည်။ သဏှော၊ သိမ်မွေ့သည်။ မဋ္ဌော၊ ပြေပြစ်သည်။ ဒဿနီယော၊ ရှုချင်ဘွယ်ရှိသည်။ ပါသာဒိကော၊ ကြည်ညိုဘွယ်ကိုဆောင်သည်။ အဟောသိ၊ ဖြစ်၏။
မဟာဈာယီတိ၊ မဟာဈာယီဟူသည်ကား။ မဟန္တေဟိ၊ မြတ်ကုန်သော။ ဈာနေဟိ၊ ဈာန်တို့ဖြင့်။ ဈာယနသီလာ၊ ဝင်စားလေ့ရှိသော။ ဝါ၊ တစ်နည်းကား။ မဟန္တံ၊ မြတ်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။ ဈာယတိ၊ ဝင်စားတတ်၏။ ဣတိတသ္မာ၊ ထိုကြောင့်။ မဟာဈာယီ၊ မဟာဈာယီမည်၏။
တတော ဧဝ၊ ထိုကြောင့်သာလျှင်။ မဟာဟိတာ၊ များစွာသော အကျိုးစီးပွားရှိသည်။ မဟန္တေဟိ၊ များစွာကုန်သော။ ဟိတေဟိ၊ အစီးအပွားတို့နှင့်။ သမန္နာဂတာ၊ ပြည့်စုံကုန်သည်။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ထေရာတိ၊ ထေရာဟူသည်ကား။ ယထာဝုတ္တပ္ပကာရာ၊ အကြင်အကြင်ဆိုအပ်ပြီးသော အပြားရှိကုန်သော။ ပဋိပတ္တိပရာယဏာ၊ ပဋိပတ်လျှင်လည်းလျောင်းရာရှိကုန်သော။ ထေရာ၊ မထေရ်တို့သည်။ ဣဒါနိ၊ ယခုအခါ၌။ ပရိနိဗ္ဗုတာ၊ ပရိနိဗ္ဗာန်စံတော်မူကြကုန်ပြီ။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ပရိတ္တာ ဒါနိ တာဒိသာတိ၊ ပရိတ္တာဒါနိတာဒိသာဟူသည်ကား။ ဣဒါနိ ပစ္ဆိမေ ကာလေ၊ ဤနောက်ဆုံးဖြစ်သော ကာလ၌။ တာဒိသာ တထာရူပါ၊ ထိုမထေရ်တို့နှင့်တူသော သဘောရှိကုန်သော။ ထေရာ၊ မထေရ်တို့သည်။ ပရိတ္တာ အပ္ပကာ၊ အနည်းငယ်မျှသာဖြစ်ကုန်၏။ ကတိပယာ ဧဝ၊ နှစ်ပါးသုံးပါးသာလျှင် ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဆိုအပ်သည်။ ဟောတိ၊ ဖြစ်၏။
ကုသလာနဉ္စ ဓမ္မာနန္တိ၊ ကုသလာနဉ္စဓမ္မာနံ ဟူသည်ကား။ ဝိဝဋ္ဋဿ၊ ဝဋ်ကင်းခြင်း၏။ ဥပနိဿယဘူတာနံ၊ အားကြီးသော အကြောင်းဖြစ်၍ဖြစ်ကုန်သော။ ဝိမောက္ခသမ္ဘာရာနံ၊ ဝဋ်မှထွက်မြောက်ခြင်း၏ အဆောက်အဉီဖြစ်ကုန်သော။ အနဝဇ္ဇဓမ္မာနံ၊ အပြစ်မရှိကုန်သော တရားတို့၏။
ပညာယ စာတိ၊ ပညာယစဟူသည်ကား။ တထာရူပါယ၊ ထိုသို့သဘောရှိသော။ ပညာယ စ၊ ပညာ၏လည်း။
ပရိက္ခယာတိ၊ ပရိက္ခယာဟူသည်ကား။ အဘာဝတော၊ မဖြစ်ခြင်းကြောင့်။ အနုပ္ပတ္တိတော၊ မဖြစ်ခြင်းကြောင့်။
ကာမဉ္စေ၊ အကယ်၍လည်း။ ဧတ္ထ၊ ဤအရာ၌။ ပညာပိ၊ ပညာသည်လည်း။ သိယာ၊ ဖြစ်ရာ၏။ အနဝဇ္ဇဓမ္မာပိ၊ အပြစ်မရှိသော တရားတို့သည်လည်း။ ဝိသုံ၊ ဖြစ်ကုန်ရာ၏။ ပန၊ ထိုသို့ပင်ဖြစ်သော်လည်း။ ဗဟုကာရဘာဝဒဿနတ္ထံ၊ ကျေးဇူးများသည်၏ အဖြစ်ကို ပြခြင်းငှါ။ အဿာ၊ ထိုပညာအား။ ပုညဉာဏသမ္ဘာရာတိ၊ ပုညဉာဏသမ္ဘာရာဟူ၍။ ဝုတ္တံယထာ၊ ဆိုအပ်သကဲ့သို့။ ဂဟဏံ၊ ယူခြင်းသည်။ ဟောတိ၊ ဖြစ်၏။
သဗ္ဗာကာရဝရူပေတန္တိ၊ သဗ္ဗကာရဝရူပေတံဟူသည်ကား။ အာဒိကလျာဏတာဒီဟိ၊ အစ၏ကောင်းခြင်း အစရှိကုန်သော။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ အာကာရဝရေဟိ၊ အခြင်းအရာအမြတ်တို့နှင့်။ ပကာရဝိသေသေဟိ၊ အပြားအထူးတို့နှင့်။ ဥပေတံ ယုတ္တံ၊ ယှဉ်သော။ ဘဂဝတော၊ ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော။ ဇိနဿ၊ မြတ်စွာဘုရား၏။ သာသနံ၊ သာသနာတော်ကို။ လုဇ္ဇတိ ဝိနဿတိ၊ ဖျက်ဆီးတတ်၏။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ပါပကာနဉ္စ ဓမ္မာနံ , ကိလေသာနဉ္စ ယော ဥတူတိ၊ ပါပကာနဉ္စဓမ္မာနံ ကိလေသာနဉ္စယောဉတု ဟူသည်ကား။ ကာယဒုစ္စရိတာဒီနံ၊ ကာယဒုစရိုက် အစရှိကုန်သော။ ပါပဓမ္မာနဉ္စ၊ ယုတ်မာသော တရားတို့၏လည်းကောင်း။ လောဘာဒီနဉ္စ၊ လောဘအစရှိကုန်သော။ ကိလေသာနဉ္စ၊ ကိလေသာတို့၏လည်းကောင်း။ ယော ဥတု ယော ကာလော၊ အကြင်ဖြစ်သော ကာလသည်။ အတ္ထိ၊ ရှိ၏။ သော အယံ ကာလော၊ ထိုကာလသည်။ ဝတ္တတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဝစနသေသော၊ စကားကြွင်းကို။ ဂဟိတော၊ ယူအပ်၏။
ဥပဋ္ဌိတာ ဝိဝေကာယ ယေ စ သဒ္ဓမ္မသေသကာတိ၊ ဥပဋ္ဌိတာဝိဝေကာယယေစသဒ္ဓမ္မသေသကာဟူသည်ကား။ ယေ ပန၊ အကြင်ရဟန်းတို့သည်ကား။ ဧဝရူပေ၊ ဤသို့သဘောရှိသော။ ကာလေ၊ ကာလ၌။ ကာယစိတ္တဥပဓိဝိဝေကတ္ထာယ၊ ကာယဝိဝေကစိတ္တဝိဝေကဥပဓိဝိဝေက အကျိုးငှါ။ ဥပဋ္ဌိတာ အာရဒ္ဓဝီရိယာ၊ အားထုတ်အပ်သော လုံ့လရှိကုန်၏။ တေ စ၊ ထိုမထေရ်တို့သည်လည်း။ သေသပဋိပတ္တိသဒ္ဓမ္မကာ၊ ကြွင်းသော အကျင့်ဟုဆိုအပ်သော သူတော်ကောင်း တရားရှိ ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဟိ၊ ချဲ့၍ပြဉီးအံ့။ အယံ၊ ဤဆိုလတ္တံ့သည်ကား။ ဧတ္ထ၊ ဤအရာ၌။ အဓိပ္ပါယော၊ အဓိပ္ပါယ်တည်း။ သုဝိသုဒ္ဓသီလာ၊ အလွန်စင်ကြယ်သော သီလရှိကုန်သော။ သီလာစာရာ၊ အကျင့်သီလရှိကုန်သည်။ သမာနာပိ၊ ဖြစ်ကုန်သော်လည်း။ ဣဒါနိ၊ ယခုအခါ၌။ ဧကစ္စေ၊ အချို့ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့သည်။ ဣရိယာပထသဏ္ဌာပနံ၊ ဣရိယာပုတ်ကိုတည်စေခြင်းသည်။ သမထဝိပဿနာဘာဝနာဝိဓါနံ၊ သမထဝိပဿနာဘာဝနာ အစီအရင်သည်။ မဟာပလိဗောဓူပစ္ဆေဒေါ၊ ကြီးသော ပလိဗောဓကို ဖြတ်ခြင်းသည်။ ဣတိဧဝမာဒိပုဗ္ဗကိစ္စံ၊ ဤသို့အရှိသော ပုဗ္ဗကိစ္စကို။ သမ္ပါဒေတွာ၊ ပြည့်စုံစေ၍။ ဘာဝနံ၊ ဘာဝနာကို။ အနုယုဉ္ဇန္တိ၊ အားထုတ်ကုန်၏။
တေ၊ ထိုရဟန်းတို့သည်။ သေသပဋိပတ္တိသဒ္ဓမ္မကာ၊ ကြွင်းသောအကျင့် သူတော်ကောင်းစကားတို့ကို။ မတ္ထကံ၊ အပြီးအဆုံးသို့။ ပါပေတုံ၊ ရောက်စေခြင်းငှါ။ န သက္ကောန္တိ၊ မတတ်နိုင်ကုန်။ ဣတိအယံ၊ ဤသည်ကား။ အဓိပ္ပါယော၊ အဓိပ္ပါယ်တည်း။
တေ ကိလေသာ ပဝဍ္ဎန္တာတိ၊ တေ ကိလေသာ ပဝဍ္ဎန္တာ ဟူသည်ကား။ ယေ၊ အကြင်ရဟန်းတို့သည်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဩရသပုတ္တေဟိ စ၊ ရွှေရင်တော်နှစ်သားတော်စစ်အဖြစ်တို့မှလည်းကောင်း။ တဒါ၊ ထိုအခါ၌။ ပရိက္ခယံ ပရိယာဒါနံ၊ ကုန်ခြင်းသို့။ ဂမိတာ၊ ရောက်ကုန်၏။ တေ၊ ထိုရဟန်းတို့သည်။ ဧတရဟိ၊ ယခုအခါ၌။ လဒ္ဓေါကာသာ၊ ရအပ်သော အခွင့်ရှိကုန်သော။ ကိလေသာ၊ ကိလေသာတို့သည်။ ဘိက္ခူသု၊ ရဟန်းတို့၌။ ဝုဒ္ဓိံ၊ ကြီးပွားခြင်းသို့။ ဝိရူဠှိံ၊ စီးဝင်ခြင်းသို့။ ဝေပုလ္လိံ၊ ပြန့်ပြောခြင်းသို့။ အာပဇ္ဇန္တာ၊ ရောက်ကုန်သည်ဖြစ်၍။
အာဝိသန္တိ ဗဟုံ ဇနန္တိ၊ အာဝိသန္တိ ဗဟုံ ဇနံဟူသည်ကား။ ကလျာဏမိတ္တရဟိတံ၊ ကောင်းသော အဆွေခင်ပွန်းတို့မှကင်းသော။ အယောနိသောမနသိကာရဗဟုလံ၊ မသင့်မတင့်သော နှလုံးသွင်းခြင်းများသော။ အန္ဓဗာလဇနံ၊ မိုက်သော ပုထုဇဉ်ကို။ အဘိဘဝိတွာ၊ လွှမ်းမိုးနှိပ်စက်၍။ အဝသံ၊ အလိုမဟုတ်သည်ကို။ ကရောန္တာ၊ ပြုကုန်လျက်။ အာဝိသန္တိ၊ ဝင်ကုန်၏။ သန္တာနံ၊ သန္တာန်သို့။ အနုပဝိသန္တိ၊ အစဉ်အတိုင်းဝင်ကုန်၏။
ဧဝံဘူတာ စ၊ ဤသို့ဖြစ်ကုန်သော်လည်း။ ဗာလေဟိ၊ မိုက်သောသူတို့နှင့်။ ဥမ္မတ္တေဟိ၊ ရူးသောသူတို့နှင့်။ သိဒ္ဓံ၊ တကွ။ တေရက္ခသာ၊ ထိုရက္ခုသ်တို့သည်။ ကေဠိသီလာ၊ ကစားမြူးထူးခြင်းအလေ့ရှိကုန်သော။ ရက္ခသာ၊ ရက္ခုသ်တို့သည်။ ဘိသက္ကရဟိတေ၊ ဆေးဆရာမှကင်းသော။ ဥမ္မတ္တေ၊ ရူးသောသူ၌။ သဒ္ဓိံ၊ တကွ။ ကီဠန္တိယထာ၊ ကစားကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ တေ ကိလေသာ၊ ထိုကိလေသာတို့သည်။ သမ္မာသမ္ဗုဒ္ဓဘိသက္ကရဟိတေ၊ မြတ်စွာဘုရားတည်းဟူသော ဆေးဆရာမှကင်းကုန်သော။ အန္ဓဗာလေ၊ ပုထုဇဉ်မိုက်ဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ အာဝိသိတွာ၊ ဝင်၍။ တေသံ၊ ထိုရဟန်းတို့အား။ ဒိဋ္ဌဓမ္မိကာဒိဘေဒံ၊ မျက်မှောက်၌ဖြစ်သော အကျိုးအစရှိသော။ အနတ္ထံ၊ အကျိုးမဲ့ကို။ ဥပ္ပါဒေန္တာ၊ ဖြစ်စေကုန်လျက်။ တေဟိ၊ ထိုကိလေသာတို့နှင့်။ သဒ္ဓိံ၊ တကွ။ ကီဠန္တိ မညေ၊ မြူးတူးကုန်ယောင်တကား။ ကီဠန္တာ ဝိယ၊ မြူးတူးကုန်သကဲ့သို့။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
တေန တေနာတိ၊ တေနတေနဟူသည်ကား။ တေန တေန၊ ထိုထိုသို့သော။ ကိဉ္စဘာဂေန၊ တစ်စုံတစ်ခုသော ဘဝဟုဆိုအပ်သော အရပ်မျက်နှာအဘို့ဖြင့်။
ဝိဓါဝိတာတိ၊ ဝိဓါဝိတာ ဟူသည်ကား။ ဝိရူပါ၊ ဖေါက်ပြန်ကုန်သည်ဖြစ်၍။ ဓါဝိတာ၊ ပြေးသွားရကုန်၏။ အသာရုပ္ပဝသေန၊ မလျောက်ပတ်သည်၏ အစွမ်းအားဖြင့်။ ပဋိပဇ္ဇန္တာ၊ ကျင့်ကုန်၏။
ကိလေသဝတ္ထူသူတိ၊ ကိလေသဝတ္ထူသုဟူသည်ကား။ ပဌမံ၊ ရှေးဉီးစွာ။ ဥပ္ပန္နံ ကိလေသာ၊ ဖြစ်သော ကိလေသာတို့သည်။ ပစ္ဆာ၊ နောက်၌။ ဥပ္ပဇ္ဇနက ကိလေသာနံ၊ ဖြစ်လတ္တံ့ကုန်သော ကိလေသာတို့၏။ ကာရဏဘာဝတော၊ အကြောင်း၏အဖြစ်ကြောင့်။ ကိလေသာဝ၊ ကိလေသာတို့သည်သာလျှင်။ ကိလေသဝတ္ထူနိ၊ ကိလေသာ၏ အကြောင်းတို့သည်။ သမူဟိတေသု၊ ပေါင်းမိကုန်သည်ရှိသော်။
သသင်္ဂါမေဝ ဃောသိတေတိ၊ သသင်္ဂါမေဝ ဃောသိတေဟူသည်ကား။ ဟိရညသုဝဏ္ဏမဏိမုတ္တာဒိကံ၊ ရွှေငွေပတ္တမြားပုလဲစသော။ ဓနံ၊ ဥစ္စာကို။ ဝိပ္ပကိရိတွာ၊ ကြဲ၍။ ယံ ယံ ဟိရညသုဝဏ္ဏာဒိ၊ အကြင်အကြင် ရွှေငွေအစရှိသည်သည်။ ယဿ ယဿ၊ အကြင်အကြင်သူသည်။ ဟတ္ထဂတံ၊ လက်သို့ရောက်၏။ တံ တံ၊ ထိုရွှေငွေအစရှိသည်သည်။ တဿ တဿေဝ၊ ထိုထိုသူအားသာလျှင်။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ ဧဝံ၊ ဤသို့။ ကာမဃောသနာ၊ ကာမေဂုဏ်၌ ကြွေးကြော်ခြင်းသည်။ သသင်္ဂါမဃောသနာ နာမ၊ သင်္ဂါမဃောသနာမည်၏။
တတ္ထဝစနေ၊ ထိုစကား၌။ အယံ၊ ဤဆိုလတ္တံ့သည်ကား။ အတ္ထော၊ အနက်တည်း။ ကိလေသဝတ္ထူသု၊ ကိလေသာ၏ အကြောင်းတို့တွင်။ ယော ယော ကိလေသော၊ အကြင်အကြင်ကိလေသာသည်။ ယံ ယံ သတ္တံ၊ အကြင်သတ္တဝါကို။ ဂဏှာတိ အဘိဘဝတိ၊ လွှမ်းမိုးနှိပ်စက်၏။ သော သော ကိလေသော၊ ထိုထို ကိလေသာသည်။ တဿ တဿ၊ ထိုထိုသူအား။ ဟောတု၊ ဖြစ်စေသတည်း။ ဣတိ၊ ဤသို့။ ကိလေသသေနာပတိနာ၊ ကိလေသာ၏ စစ်သူကြီးဖြစ်သော။ မာရေန၊ မာနတ်သည်။ သသင်္ဂါမေ၊ စစ်မြေပြင်၌။ ဃောသိတေ ဝိယ၊ ကြွေးကြော်သကဲ့သို့။
တေဟိ တေဟိ ကိလေသေဟိ၊ ထိုထို ကိလေသာတို့သည်။ အဘိဘူတာ၊ နှိပ်စက်အပ်ကုန်သော။ တေ ဗာလပုထုဇ္ဇနာ၊ ထိုမိုက်သော ပုထုဇဉ်တို့သည်။ တေန တေန အာရမ္မဏဘာဂေန၊ ထိုထိုအာရုဏ်တို့၏ အဘို့ဖြင့်။ ဝိဓါဝိတာ ဝေါသိတာ၊ ပြေးရကုန်၏။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
တေ၊ ထိုပုထုဇဉ်မိုက်တို့သည်။ ဧဝံ၊ ဤသို့။ ဝိဓါဝိတာ၊ ပြေးရကုန်သည်ရှိသော်။ ကိံ၊ အဘယ်သို့။ ကရောန္တိ၊ ပြုကုန်သနည်း။ ဣတိ၊ ဤသို့မေးငြားအံ့။ ပရိစ္စဇိတွာ သဒ္ဓမ္မံ အညမညေဟိ ဘဏ္ဍရေ တိ၊ ပရိစ္စဇိတွာသဒ္ဓမ္မံ အညမဉေဟိဘဏ္ဍရေဟူ၍။ အာဟ၊ မိန့်တော်မူ၏။
တဿ၊ ထိုပါဠိတော်၏။ အတ္ထော၊ အနက်ကား။ ပဋိပတ္တိသဒ္ဓမ္မံ၊ ပဋိပတ်ဟုဆိုအပ်သော သူတော်ကောင်းတရားကို။ ဆဍ္ဍေတွာ၊ စွန့်၍။ အာမိသကိဉ္ဇက္ခဟေတု၊ အာမိသဟူသောကြောင့်ကြခြင်း အကြောင်းကြောင့်။ အညမညေဟိ၊ အချင်းချင်းတို့သည်။ ဘဏ္ဍရေ ကလဟံ၊ ငြင်းခုံခြင်းကို။ ကရောန္တီတိ၊ ပြုကုန်၏။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဒိဋ္ဌိဂတာနီတိ၊ ဒိဋ္ဌိဂတာနိဟူသည်ကား။ ဝိညာဏမတ္တမေဝ၊ သိခြင်းဝိဉာဉ်များသည်သာလျှင်။ အတ္ထိ၊ ရှိ၏။ ရူပဓမ္မာ၊ ရုပ်တရားတို့သည်။ နတ္ထေဝ၊ မရှိကုန်သည်သာလျှင်တည်း။ ဣတိ၊ ဤသို့။ ပရမတ္ထတော၊ ပရမတ္ထအားဖြင့်။ ပုဂ္ဂလော နာမ၊ ပုဂ္ဂိုလ်မည်သည်။ နတ္ထိ ယထာ၊ မရှိသကဲ့သို့။ ဧဝံ၊ ဤအတူ။ သဘာဝဓမ္မာပိ၊ သဘောဖြစ်သော တရားတို့သည်လည်း။ ပရမတ္ထတော၊ ပရမတ္ထအားဖြင့်။ နတ္ထိ၊ မရှိကုန်။ ဝေါဟာရမတ္တမေဝ၊ ဝေါဟာရမျှသည်သာလျှင်တည်း။ ဣတိစ၊ ဤသို့လည်းကောင်း။ ဧဝမာဒီနိ၊ ဤသို့အစရှိကုန်သော။ ဒိဋ္ဌိဂတာနိ မိစ္ဆာဂါဟေ၊ မှားသောယူခြင်းတို့သို့။ အနွေန္တာ အနုဂစ္ဆန္တာ၊ အစဉ်လိုက်ကုန်သော သူတို့သည်။ ဣဒံ၊ ဤသတ္တဇီဝစသော တရားသည်။ သေယျော၊ မြတ်၏။ ဣဒမေဝ၊ ဤသတ္တဇီဝစသော တရားသည်သာလျှင်။ သေဋ္ဌံ၊ မြတ်၏။ အညံ၊ တပါးသော အယူသည်။ မိစ္ဆာ၊ မှားသောအယူတည်း။ ဣတိ၊ ဤသို့။ မညန္တိ၊ အောက်မေ့ကုန်၏။
နိဂ္ဂတာတိ၊ နိဂ္ဂတာဟူသည်ကား။ ဂေဟတော၊ အိမ်မှ။ နိက္ခန္တာ၊ ထွက်ကုန်၏။
ကဋစ္ဆုဘိက္ခဟေတူပီတိ၊ ကဋစ္ဆုဘိက္ခဟေတုပိ ဟူသည်ကား။ ကဋစ္ဆုမတ္တဘိက္ခာနိမိတ္တမ္ပိ၊ တစ်ယောက်မမျှသော ဆွမ်းဟူသော အကြောင်းကြောင့်လည်း။
တံ၊ ထိုတစ်ယောက်မမျှသော ဆွမ်းကို။ ဒဒန္တဿ၊ ပေးလှူသော။ ဂဟဋ္ဌဿ၊ လူနှင့်။ အနနုလောမိကသံသဂ္ဂဝသေန၊ မလျော်သော ပေါင်းဘော်ခြင်း၏ အစွမ်းအားဖြင့်။ အကိစ္စာနိ ပဗ္ဗဇိတေန၊ ရဟန်းသည်။ အကတ္တဗ္ဗာနိ၊ မပြုအပ်ကုန်သော။ ကမ္မာနိ၊ အမှုတို့ဟူ၍။ နိသေဝရေ၊ မမှီဝဲခြင်းတို့ကို။ ကရောန္တိ၊ ပြုကုန်၏။
ဥဒရာဝဒေဟကံ ဘုတွာတိ၊ ဥဒရာဝဒေဟကံ ဘုတွာဟူသည်ကား။ ဦနူဒရော မိတာဟာရော တိ ဝုတ္တဝစနံ၊ ဉီနုဒရောမိတာဟာရောဟူ၍ ဟောအပ်သော စကားကို။ အစိန္တေတွာ၊ မကြံမူ၍။ ဥဒရပူရံ၊ ဝမ်းပြည့်အောင်။ ဘုဉ္ဇိတွာ၊ စား၍။
သယန္တုတ္တာနသေယျကာတိ၊ သယန္တုတ္တာနသေယျကာဟူသည်ကား။ ဒက္ခိဏေန ပဿေန၊ လက်ျာနန်တောင်းဖြင့်။ ပါဒေ၊ ခြေ၌။ ပါဒံ၊ ခြေကို။ အစ္စာဓါယ၊ လွန်၍။ သတော၊ သတိနှင့်ပြည့်စုံသည်ဖြစ်၍။ သမ္ပဇာနော၊ ပညာအဆင်အခြင်နှင့်ပြည့်စုံသည်ဖြစ်၍။ သီဟသေယျံ၊ ခြင်္သေ့မင်း၏ အိပ်ခြင်းကဲ့သို့သော အိပ်ခြင်းသို့။ ဩက္ကမတိ၊ သက်၏။ ဣတိ၊ ဤသို့။ ဝုတ္တဝိဓါနံ၊ ဆိုအပ်သော အစီအရင်ကို။ အဿရိတွာ၊ မအောက်မေ့မူ၍။ ဥတ္တာနသေယျကာ၊ ပက်လက်အိပ်ခြင်းတို့ကို။ သယန္တိ၊ အိပ်ကုန်၏။
ယာ ကထာ သတ္ထုဂရဟိတာတိ၊ ယာ ကထာ သတ္ထုဂရဟိတာ ဟူသည်ကား။ ရာဇကထာဒိဟိ၊ ရာဇကထာ အစရှိသည်တို့ဖြင့်။ တိရစ္ဆာနကထံ၊ မဂ်ဖိုလ်မှဖီလာဖြစ်သော စကားကို။ သန္ဓါယ၊ ရည်၍။ ဝဒတိ၊ ပြောဆို၏။
သဗ္ဗကာရုကသိပ္ပါနီတိ၊ သဗ္ဗကာရုကသိပ္ပါနိ ဟူသည်ကား။ သဗ္ဗေဟိ၊ အလုံးစုံကုန်သော။ ဝေဿာဒီဟိ၊ ကုန်သည်အစရှိကုန်သော။ ကာရုကေဟိ၊ အမှုလုပ်သော သူတို့သည်။ ကတ္တဗ္ဗာနိ၊ ပြုအပ်ကုန်သော။ ဆတ္တတာလဝဏ္ဋကရဏာဒီနိ၊ ထီးထန်းရွက်ဝန်းပြုခြင်းအစရှိကုန်သော။ ဟတ္ထသိပ္ပါနိ၊ ဆင်ဆေးအတတ် မြင်းဆေးအတတ် တို့ကို။
စိတ္တိံ ကတွာနာတိ၊ စိတ္တိကတွာနဟူသည်ကား။ သက္ကစ္စံ သာဒရံ၊ ရိုသေခြင်းကို။ ကတွာ၊ ပြု၍။
အဝူပသန္တာ အဇ္ဈတ္တန္တိ၊ အဝူပသန္တာ အဇ္ဈတ္တံဟူသည်ကား။ ကိလေသဝူပသမာဘာဝတော၊ ကိလေသာမငြိမ်းသည်၏ အဖြစ်ကြောင့်။ ဂဒ္ဒုဟနမတ္တမ္ပိ၊ အရားဖျောက်ခါမျှလည်း။ သမာဓါနာဘာဝတော၊ တည်ကြည်ခြင်းမရှိသည်၏ အဖြစ်ကြောင့်လည်း။ အဇ္ဈတ္တံ၊ အတွင်းသန္တာန်၌။ အဝူပသန္တာ၊ မငြိမ်းကုန်သည်။ အဝူပသန္တစိတ္တာ၊ မငြိမ်းသောစိတ်ရှိကုန်သည်။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
သာမညတ္ထောတိ၊ သာမညတ္ထော ဟူသည်ကား။ သမဏဓမ္မော၊ ရဟန်းတရားသည်။
အစ္ဆတီတိ၊ အစ္ဆတိ ဟူသည်ကား။ တေသံ၊ ထိုရဟန်းတို့အား။ အာဇီဝကိစ္စပသုတတာယ၊ အသက်မွေးခြင်းကိစ္စ၌ လေ့လာသည်၏အဖြစ်ကြောင့်။ ဧကဒေသမ္ပိ၊ တစိတ်မျှကိုလည်း။ အဖုသနတော၊ မထိခြင်းကြောင့်။ ဝိသုံယေဝ၊ အသီးသာလျှင်။ နိသီဒတိ၊ နေ၏။ အနလ္လီယတိ၊ မကပ်ငြိ။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဆိုအပ်သည်။ ဟောတိ၊ ဖြစ်၏။
မတ္တိကန္တိ၊ မတ္တိကံဟူသည်ကား။ ပါကတိကံ ဝါ၊ ပြကတေ့သော အဆင်းရှိသည်လည်းဖြစ်သော။ ပဉ္စဝဏ္ဏံ ဝါ၊ ငါးပါးသော အဆင်းရှိသည်လည်းဖြစ်သော။ ဂိဟီနံ၊ လူတို့၏။ ဝိနိယောဂက္ခမံ၊ မသုံးဆောင်ခြင်းငှါခံ့သော။ မတ္တိကံ၊ မြေသပိတ်ကို။
တေလစုဏ္ဏန္တိ၊ တေလစုဏ္ဏဟူသည်ကား။ ပါကတိကံဝါ၊ ပြကတေ့လည်းဖြစ်သော။ အဘိသင်္ခတံ ဝါ၊ ပြုပြင်အပ်သည်လည်းဖြစ်သော။ တေလဉ္စ၊ ဆီကိုလည်းကောင်း။ စုဏ္ဏဉ္စ၊ ကသယ်မှုန့်ကိုလည်းကောင်း။
ဥဒကာသနဘောဇနန္တိ၊ ဥဒကာသနဘောဇနံ ဟူသည်ကား။ ဥဒကဉ္စ၊ ရေကိုလည်းကောင်း။ အာသနဉ္စ၊ နေရာကိုလည်းကောင်း။ ဘောဇနဉ္စ၊ ဘောဇဉ်ကိုလည်းကောင်း။
အာကင်္ခန္တာ ဗဟုတ္တရန္တိ၊ အာကင်္ခန္တာ ဗဟုတ္တရံဟူသည်ကား။ ဗဟုံ၊ များစွာသော။ ပိဏ္ဍပါတံ၊ ဆွမ်းကို။ ဥတ္တရုတ္တရံ၊ အလွန့်အလွန်။ အာကင်္ခန္တာ၊ အလိုရှိကုန်သည်ရှိသော်။ အမှေဟိ၊ ငါတို့သည်။ မတ္တိကာဒီသု၊ မြေသပိတ်အစရှိသည်တို့ကို။ ဒိန္နေသု၊ လှူအပ်ကုန်သည်ရှိသော်။ မနုဿာ၊ လူတို့သည်။ ဒဠှဘတ္တိကာ၊ မြဲမြံစွာဆည်းကပ်ကုန်သည်။ ဟုတွာ၊ ဖြစ်၍။ ဗဟုံ၊ များစွာ။ ဥတ္တရုတ္တရံ၊ အလွန့်အလွန်။ စတုပစ္စယဇာတံ၊ ပစ္စည်းလေးပါးအပေါင်းကို။ ဒဿေဿန္တိ၊ လှူကုန်လတ္တံ့။ ဣတိ အဓိပ္ပါယေန၊ ဤသို့သော အလိုဖြင့်။ ဂိဟီနံ၊ လူတို့သည်။ ဥပနာမေန္တိ၊ ကပ်ပေကုန်၏။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဧတေန၊ ဤတံပူဖြင့်။ ဒန္တေ၊ သွားတို့ကို။ ပုနန္တိ သောဓေန္တိ၊ သုတ်သင်ကုန်၏။ ဣတိ၊ ထိုကြောင့်။ ဒန္တပေါနံ၊ ဒန္တပေါဏမည်၏။ ဒန္တကဋ္ဌံ၊ တံပူကို။
ကပိဋ္ဌန္တိ၊ ကပိဋ္ဌံဟူသည်ကား။ ကပိဋ္ဌဖလံ၊ အသီးသီးကို။
ပုပ္ဖန္တိ၊ ပုပ္ဖံဟူသည်ကား။ သုမနစမ္ပကာဒိပုပ္ဖံ၊ မုလေးပွင့်စကားပွင့် စသော ပန်းကို။
ခါဒနီယာနီတိ၊ ခါဒနီယာနိဟူသည်ကား။ အဋ္ဌာရသဝိဓေပိ၊ တစ်ဆယ့်ရှစ်ပါးအပြားရှိသည်လည်းဖြစ်ကုန်သော။ ခဇ္ဇကဝိသေသေ၊ ခဲဘွယ်အထူးတို့ကို။
ပိဏ္ဍပါတေ စ သမ္ပန္နေတိ၊ ပိဏ္ဍပါတေစသမ္ပန္နေ ဟူသည်ကား။ ဝဏ္ဏာဒိသမ္ပယုတ္တေ၊ အဆင်းအစရှိသည်နှင့် ယှဉ်သော။ ဩဒနဝိသေသေ၊ ဆွမ်းအထူး၌။
အမ္ဗေ အာမလကာနိ စာ တိ ဧတ္ထ၊ အမ္ဗေအာမလကာနိစ စူသော ဤပါဌ်၌။ စ သဒ္ဒေန၊ စသဒ္ဒါဖြင့်။ မာတုလုင်္ဂတာလနာဠိကေရာဒိဖလာနိ၊ ရှောက်ထန်းအုန်းအစရှိသော အသီးတို့ကို။ အဝုတ္တာနိ၊ မဆိုအပ်ကုန်သည်တို့ကို။ သင်္ဂဏှာတိ၊ သိမ်းကြုံး၏။
သဗ္ဗတ္ထ၊ အလုံးစုံတို့၌။ ဗဟုတ္တရံ၊ များသော ပစ္စည်းကို။ အာကင်္ခန္တာ၊ လိုချင်တောင့်တကုန်သည်ဖြစ်၍။ ဂိဟီနံ၊ လူတို့အား။ ဥပနာမေန္တိ၊ ကပ်ကုန်၏။ ဣတိအယံ၊ ဤသည်ကား။ ယောဇနာ၊ ယောဇနာခြင်းတည်း။
ဘေသဇ္ဇေသု ယထာ ဝေဇ္ဇာတိ၊ တေသဇ္ဇေသုယထာဝေဇ္ဇာ ဟူသည်ကား။ ဂိဟီနံ၊ လူတို့အား။ ဘေသဇ္ဇပ္ပယောဂေသု၊ ဆေးနှင့်ယှဉ်သည်တို့၌။ ဝေဇ္ဇာ၊ ဆေးသမားတို့သည်။ ပဋိပဇ္ဇန္တီတိ ယထာ၊ ကျင့်ကုန်သကဲ့သို့။ တထာ၊ ထိုအတူ။ ဘိက္ခူ၊ ရဟန်းတို့သည်။ ပဋိပဇ္ဇန္တိ၊ ကျင့်ကုန်၏။ ဣတိအယံ၊ ဤသည်ကား။ အဓိပ္ပါယော၊ အဓိပ္ပါယ်တည်း။
ကိစ္စာကိစ္စေ ယထာ ဂိဟီတိ၊ ကိစ္စာကိစ္စေယထာဂိဟိ ဟူသည်ကား။ ဂဟဋ္ဌာနံ၊ လူတို့၏။ ခုဒ္ဒကေ စေဝ၊ ငယ်သည်လည်းဖြစ်သော။ မဟန္တေ စ၊ ကြီးသည်လည်းဖြစ်သော။ ကိစ္စေ၊ ကိစ္စကို။ ကတ္တဗ္ဗေ၊ ပြုအပ်သည်ရှိသော်။ ဂိဟီ ဝိယ၊ လူတို့ကဲ့သို့။ ပဋိပဇ္ဇန္တိ၊ ကျင့်ကုန်၏။
ဂဏိကာဝ ဝိဘူသာယန္တိ၊ ဂဏိကာဝဝိဘူသာယံ ဟူသည်ကား။ အတ္တနော၊ မိမိ၏။ သရီရဿ၊ ကိုယ်အား။ ဝိဘူသနေ၊ တန်ဆာဆင်ခြင်း၌။ ရူပူပဇီဝိနိယော ဝိယ၊ အဆင်းကိုမှီ၍ အသက်မွေးသောသူတို့ကဲ့သို့။
ဣဿရေ ခတ္တိယာ ယထာတိ၊ ဣဿရေ ခတ္တိယာ ယထာဟူသည်ကား။ ဣဿရေ ဣဿရိယပဝတ္တနေ၊ အစိုးရခြင်း၌ဖြစ်သော။ ခတ္တိယာ ယထာ၊ မင်းတို့ကဲ့သို့။ ဧဝံ၊ ဤအတူ။ ကုလပတီ၊ အမျိုးရှိသည်။ ဟုတွာ၊ ဖြစ်၍။ ဝတ္တန္တီတိ၊ ဖြစ်ကုန်၏။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
နေကတိကာတိ၊ နေကတိကာ ဟူသည်ကား။ နိကတိယံ၊ စဉ့်လဲခြင်း၌။ နိယုတ္တာ၊ ယှဉ်ကုန်သော။ အမဏိံယေဝ၊ ပတ္တမြားမဟုတ်ဘဲလျက်သာလျှင်။ မဏိံ၊ ပတ္တမြားကို။ အသုဝဏ္ဏံယေဝ၊ ရွှေမဟုတ်ဘဲသာလျှင်။ သုဝဏ္ဏံ၊ ရွှေကို။ ကတွာ၊ ပြု၍။ ပဋိရူပသာစိယောဂနိရတာ၊ အတုပြု၍လှည့်စားခြင်း၌ မွေ့လျော်ကုန်သော။
ဝဉ္စနိကာတိ၊ ဝဉ္စနိကာဟူသည်ကား။ ကူဋမာနာဒီဟိ၊ ချိန်စဉ်းလဲတင်းစဉ်းလဲ အစရှိသည်ဖြင့်။ ဝိပ္ပလမ္ဗကာ၊ သူတစ်ပါးတို့အား ရောင်းဝယ်ခြင်းကို ပြုတတ်သော။
ကူဋသက္ခီတိ၊ ကုဋသက္ခိဟူသည်ကား။ အယာထာဝသက္ခိနော၊ မဟုတ်မမှန်သော သက်သေရှိကုန်သော။
အပါဋုကာတိ၊ အပါဋုကာဟူသည်ကား။ ဝါမကာ, အသံယတဝုတ္တီ၊ မစောင့်စည်းသော အသက်မွေးခြင်းရှိကုန်သောသူတို့သည်။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဗဟူဟိ ပရိကပ္ပေဟီတိ၊ ဗဟူဟိ ပရိကပ္ပေဟိ ဟူသည်ကား။ ယထာဝုတ္တေဟိ၊ အကြင်အကြင်ဆိုအပ်ကုန်ပြီးသော။ အညေဟိ၊ တပါးကုန်သော။ မိစ္ဆာဇီဝပ္ပကာရေဟိ၊ မိစ္ဆာဇီဝအပြားတို့ဖြင့်။
လေသကပ္ပေတိ၊ လေသကပ္ပေ ဟူသည်ကား။ ကပ္ပိယလေသေ၊ အပ်သော အမြွက်၌။ ကပ္ပိယပဋိရူပေ၊ အပ်သော သင့်တင့်လျောက်ပတ်သည်၌။
ပရိယာယေတိ၊ ပရိယာယေဟူသည်ကား။ ပစ္စယေသု၊ ပစ္စည်းတို့၌။ ပရိယာယဿ၊ ပရိယာယ်စကားနှင့်။ ယောဂေ၊ ယှဉ်ခြင်း၌။
ပရိကပ္ပေတိ၊ ပရိကပ္ပေဟူသည်ကား။ ဝဍ္ဎိအာဒိဝိကပ္ပနေ၊ ပွားစီးခြင်း စသော အကြံ၌။ သဗ္ဗတ္ထ ဝိသယေ၊ အလုံးစုံသော အရာ၌။ ဘုမ္မံ၊ သတ္တမီဝိဘတ်တည်း။
အနုဓါဝိတာတိ၊ အနုဓာဝိတာ ဟူသည်ကား။ မဟိစ္ဆတာဒီဟိ၊ အလိုကြီးခြင်း အစရှိကုန်သော။ ပါပဓမ္မေဟိ၊ ယုတ်မာသော တရားတို့ဖြင့်။ အနုဓါဝိတာ ဝေါသိတာ၊ ပြေးဝင်ရောနှောကုန်သည်ဖြစ်၍။
ဇီဝိကတ္ထာ ဇီဝိကပ္ပယောဇနာ၊ အသက်မွေးခြင်းဟူသော အကြောင်းကြောင့်။ အာဇီဝဟေတုကာ၊ အာဇီဝဟေတုကာဟူသည်ကား။
ဥပါယေနာတိ၊ ဥပါယေနာ ဟူသည်ကား။ ပရိကထာဒိနာ၊ ပရိယာယ်စကား စသော။ ဥပါယေန၊ အကြောင်းရှိသော။ ပစ္စယုပ္ပါဒနနယေန၊ ပစ္စည်းကိုဖြစ်စေသောနည်းဖြင့်။
သင်္ကဍ္ဎန္တီတိ၊ သင်္ကဍ္ဎန္တီ ဟူသည်ကား။ သံဟရန္တိ၊ ဆောင်ကုန်၏။
ဥပဋ္ဌာပေန္တိ ပရိသန္တိ၊ ဥပဋ္ဌာပေန္တိ ပရိသံဟူသည်ကား။ ပရိသာယ၊ ပရိတ်သတ်၌။ အတ္တာနံ၊ မိမိကိုယ်ကို။ ဥပဋ္ဌပေန္တိ ယထာ၊ လုပ်ကျွေးစေကုန်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ပရိသံ၊ ပရိသတ်ကို။ ဂဏှန္တိ၊ ယူကုန်၏။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ကမ္မတောတိ၊ ကမ္မတောဟူသည်ကား။ ကမ္မဟေတု၊ မိမိသည် ပြုအပ်သောအမှု ကြီးငယ် ဟူသော အကြောင်းကြောင့်။
ဟိ သစ္စံ၊ မှန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့သည်။ အတ္တနော၊ မိမိ၏။ ကတ္တဗ္ဗဝေယျာဝစ္စနိမိတ္တံ၊ ပြုအပ်သော ဝေယျာဝစ္စဟူသော အကြောင်းကြောင့်။ ဥပဋ္ဌပေန္တိ၊ လုပ်ကျွေးစေကုန်၏။
နော စ ဓမ္မတောတိ၊ နောစဓမ္မတောဟူသည်ကား။ ဓမ္မနိမိတ္တံ၊ ဓမ္မဟူသော အကြောင်းအရာကြောင့်။ နော စ ဥပဋ္ဌပေန္တိ၊ မလုပ်ကျွေးစေကုန်။
ယော၊ အကြင်ပုဂ္ဂိုလ်သည်။ သတ္ထာရာ၊ မြတ်စွာဘုရားသည်။ ဥလ္လုမ္ပနသဘာဝသဏ္ဌိတာယ၊ ဥလ္လုမ္ပနသဘော၌ တည်သော။ ပရိသာယ၊ ပရိသတ်အား။ သင်္ဂဟော၊ ခြီးမြှောက်ခြင်းကို။ အနုညာတော၊ ခွင့်ပြုတော်မူအပ်၏။ တေန၊ ထိုကြောင့်။ န သင်္ဂဏှန္တီတိ၊ မခြီးမြှောက်ခြင်းကို။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
လာဘတောတိ၊ လဘတောဟူသည်ကား။ လာဘဟေတု၊ လာဘ်ဟူသော အကြောင်းကြောင့်။ အယျော၊ အရှင်သည်။ ဗဟုဿုတော၊ များသော အကြားအမြင်ရှိသော သူတည်း။ ဘာဏကော၊ ဘာဏကဆောင်တည်း။ ဓမ္မကထိကော၊ တရားဟောသော ပုဂ္ဂိုလ်တည်း။ ဣတိ ဧဝံ၊ ဤသို့။ သမ္ဘာဝေန္တော၊ ခြီးမွမ်းသော။ မဟာဇနော၊ လူများအပါင်းသည်။ မယှံ၊ ငါအား။ လာဘသက္ကာရေ၊ လာဘ်ပူဇော်သကာတို့ကို။ ဥပနယိဿတီ၊ ဆောင်လတ္တံ့။ ဣတိ၊ ဤသို့။ ဣစ္ဆာစာရေ၊ အလိုဆိုး၌။ ဌတွာ၊ တည်၍။ လာဘနိမိတ္တံ၊ လာဘ်ဟူသော အကြောင်းကြောင့်။ ပရေသံ၊ သူတစ်ပါးတို့အား။ ဓမ္မံ၊ တရားကို။ ဒေသေန္တိ၊ ဟောကုန်၏။
နော စ အတ္ထတောတိ၊ နောစ အတ္ထတောဟူသည်ကား။ ယော သော၊ ထိုထိုပုဂ္ဂိုလ်သည်။ ဝိမုတ္တာယတနသီသေ၊ သံသရာမှထွက်မြောက်ရာ နိဗ္ဗာန်ဟူသော အဉီး၌။ ဌတွာ၊ တည်၍။ သဒ္ဓမ္မံ၊ သူတော်ကောင်းတရားတို့ကို။ ဒေသေန္တေ‌န၊ ဟောသဖြင့်။ ပတ္တဗ္ဗော၊ ရောက်အပ်သော။ အတ္ထော ဒိဋ္ဌဓမ္မိကာဒိဘေဒံ၊ ပစ္စုပ္ပန်အကျိုးစသည်အပြားရှိသော။ ဟိတံ၊ အကျိုးစီးပွားကို။ တံနိမိတ္တံ၊ ထိုအကြောင်းကြောင့်။ တံဓမ္မံ၊ ထိုတရားကို။ နဒေသေန္တီ၊ မဟောကုန်။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
သင်္ဃလာဘဿ ဘဏ္ဍန္တီတိ၊ သင်္ဃလာဘဿ ဘဏ္ဍန္တီ ဟူသည်ကား။ မယှံ၊ ငါအား။ ပါပုဏာတိ၊ ရောက်၏။ တုယှံ၊ သင်အား။ နပါပုဏာတိ၊ မရောက်။ ဣတိအာဒိနာ၊ ဤသို့အစရှိသည်ဖြင့်။ ကလဟံ၊ ငြင်းခုံခြင်းကို။ ကရောန္တိ၊ ပြုကုန်၏။
သင်္ဃတော ပရိဗာဟိရာတိ၊ သင်္ဃတော ပရိဗာဟိရာဟူသည်ကား။ အရိယသင်္ဃတော၊ အရိယာသံဃာမှ။ ဗဟိဘူတာ၊ အပဖြစ်၍ ဖြစ်ကုန်၏။ ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။ အရိယသင်္ဃေ၊ အရိယသံဃာသည်။ တဒဘာဝတော၊ ထိုသို့မရှိသည်၏ အဖြစ်ကြောင့်တည်း။
ပရလာဘောပဇီဝန္တာတိ၊ ပရလာဘောပဇီဝန္တာဟူသည်ကား။ သာသနေ၊ သာသနာတော်၌။ လာဘဿ၊ လာဘ်ကို။ အန္ဓဗာလပုထုဇ္ဇနေဟိ၊ အလွန်မိုက်ကုန်သော ပုထုဇဉ်တို့သည်။ ပရေ၊ တစ်ပါးကုန်သော။ သီလာဒိဂုဏသမ္ပန္နေ၊ သီလအစရှိသော ဂုဏ်နှင့်ပြည့်စုံကုန်သော။ သေက္ခေ၊ သေက္ခေပုဂ္ဂိုလ်တို့ကို။ ဥဒ္ဒိဿ၊ ရည်၍။ ဥပ္ပန္နတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။ တံ ပရလာဘံ၊ ထိုသူတစ်ပါးတို့၏ လာဘ်ကို။ ဝါ၊ တစ်နည်းကား။ ပရတော၊ သူတစ်ပါးမှ။ ဒါယကတော၊ လှူသောသူမှ။ လဒ္ဓဗ္ဗလာဘံ၊ ရအပ်သော ဆွမ်းကို။ ဥပဇီဝန္တာ၊ မှီ၍ အသက်မွေးကုန်သော။ ဘဏ္ဍနကာရကာ၊ ငြင်းခံခြင်းကို ပြုတတ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့သည်။ ပါပဇိဂုစ္ဆာယ၊ မကောင်းမှုမှ စက်ဆုပ်ခြင်း၏။ အဘာဝတော၊ မရှိသည်၏ အဖြစ်ကြောင့်။ အဟိရိကာ၊ အရှက်မရှိကုန်သည်။ သမာနာ စ၊ ဖြစ်ကုန်သော်လည်း။ မယံ၊ ငါတို့သည်။ ပရလာဘံ၊ သူတစ်ပါးလာဘ်ကို။ ဘုဉ္ဇာမ၊ စားပါကုန်၏။ ပရပဋိဗဒ္ဓဇီဝိကာ၊ သူတစ်ပါးတို့နှင့်စပ်၍ အသက်မွေးခြင်းရှိကုန်၏ဟူ၍။ န လဇ္ဇရေ န ဟိရီယန္တိ၊ မရှက်ကုန်။
နာနုယုတ္တာတိ၊ နာနုယုတ္တာဟူသည်ကား။ သမဏကရဏေဟိ၊ ရဟန်းအဖြစ်ကို ပြုတတ်ကုန်သော။ ဓမ္မေဟိ၊ တရားတို့နှင့်။ အနနုယုတ္တာ၊ မယှဉ်ကုန်သည်ဖြစ်၍။
တထာတိ၊ တထာဟူသည်ကား။ ပုဗ္ဗေ၊ ရှေး၌။ ဝုတ္တာ ဗန္ဓနကာရကာဒယော၊ ဆိုအပ်သော ငြင်းခုံခြင်းကို ပြုခြင်းအစရှိသည်တို့ကို။ ကရောန္တိယထာ၊ ပြုကုန်သကဲ့သို့။ တထာ၊ ထို့အတူ။
ဧကေတိ၊ ဧကေဟူသည်ကား။ ဧကစ္စေ၊ အချို့ကုန်သော။
မုဏ္ဍာ သင်္ဃာဋိပါရုတာတိ၊ မုဏ္ဍာ သင်္ဃာဋိပါရုတာဟူသည်ကား။ ကေဝလံ၊ သက်သက်။ မုဏ္ဍိတကေသတာယ၊ ဉီးပြီးသော ဆံရှိသည်၏အဖြစ်ကြောင့်။ မုဏ္ဍာ၊ ဉီးပြီးကုန်သော။ ပိလောတိကခဏ္ဍေဟိ၊ ပုဆိုးကြမ်းပိုင်းတို့ဖြင့်။ သင်္ဃဋိတဋ္ဌေန၊ စပ်အပ်သော အနက်ကြောင့်။ သင်္ဃာဋီတိ၊ သံဃာဋိဟူ၍။ လဒ္ဓနာမေန၊ ရအပ်သော အမည်ရှိသော။ စီဝရေန၊ သင်္ကန်းဖြင့်။ ပါရုတသရီရာ၊ ရုံအပ်သော ကိုယ်ရှိကုန်သည်ဖြစ်၍။
သမ္ဘာဝနံယေဝိစ္ဆန္တိ , လာဘသက္ကာရမုစ္ဆိတာတိ၊ သမ္ဘာဝနံယေဝိစ္ဆန္တိ , လာဘသက္ကာရမုစ္ဆိတာ ဟူသည်ကား။ လာဘသက္ကာရာသာယ၊ လာဘ်ပူဇော်သကာကို တောင့်တသဖြင့်။ မုစ္ဆိတာ အဇ္ဈောသိတာ၊ မက်မောသည်။ ဟုတွာ၊ ဖြစ်၍။ ပေသလော၊ သီလကိုချစ်သော။ ဓုတင်္ဂတရော၊ ဓုတင်ဆောင်သော။ ဗဟုဿုတော’တိ ဝါ၊ များသော အကြားအမြင်ရှိသောသူဟူ၍လည်းကောင်း။ မဓုရဝစနံ၊ ကောင်းမြတ်သော တရားစကားကို။ အနုယုတ္တော၊ အားထုတ်သော။ အရိယေ‌တိ စ၊ အရိယာဟူ၍လည်း။ ကေဝလံ၊ သက်သက်။ သမ္ဘာဝနံ ဗဟုမာနံယေဝ၊ ခြီးမွမ်းမြှောက်စားခြင်းကိုသာလျှင်။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ ဧသန္တိ၊ ရှာမှီးကုန်၏။ တန္နိမိတ္တေ၊ ထိုအရိယာတို့၏ အကြောင်းဖြစ်ကုန်သော။ ဂုဏေ၊ ဂုဏ်တို့ကို။ နဧသန္တိ၊ မရှာကုန်။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဧဝန္တိ၊ ဧဝံဟူသည်ကား။ ကုသလာနံ၊ ကုသိုလ်ဖြစ်ကုန်သော။ ဓမ္မာနဉ္စ၊ တရားတို့၏လည်း။ ပညာယ စ၊ ပညာ၏လည်း။ ပရိက္ခယာ၊ ကုန်ခြင်းကြောင့်။ ဣတိ၊ ဤသို့။ ဝုတ္တနယေန၊ ဆိုအပ်သောနည်းဖြင့်။
နာနပ္ပယာတမှီတိ၊ နာနပ္ပယာတမှီဟူသည်ကား။ နာနပ္ပကာရေ၊ အထူးထူး အပြားပြားများကုန်သော။ ဘေဒနဓမ္မေ၊ ပြားသောတရားတို့ကို။ ပယာတေ သမကတေ၊ ဖြစ်စေတတ်ကုန်သော။ ဝါ၊ တစ်နည်းကား။ နာနပ္ပကာရေန၊ အထူးထူး အပြားပြားအားဖြင့်။ သံကိလေသဓမ္မေ၊ ညစ်ညူးစေတတ်သော ကိလေသာတရားတို့ကို။ ပယာတုံ ပဝတ္တိတုံ၊ ဖြစ်စေခြင်းငှါ။ အာရဒ္ဓေ၊ အားထုတ်အပ်ကုန်သော။
န ဒါနိ သုကရံ တထာတိ၊ န ဒါနိ သုကရံ တထာဟူသည်ကား။ ဣဒါနိ ဣမသ္မိံ ဒုလ္လဘကလျာဏမိတ္တေ၊ ဤရခဲသော အဆွေခင်ပွန်းကောင်းရှိသော။ ကာလေစ၊ အခါ၌လည်းကောင်း။ ဒုလ္လဘသပ္ပါယသဒ္ဓမ္မဿဝနေ၊ ရခဲသော လျောက်ပတ်သော တရားနာခြင်းဟုဆိုအပ်သော။ ကာလေစ၊ အခါ၌လည်းကောင်း။ သတ္ထရိ၊ မြတ်စွာဘုရားသည်။ ဓရန္တေ၊ သက်တော်ထင်ရှားရှိသော ကာလ၌။ အဖုသိတံ အဖုဋ္ဌံ, အနဓိဂတံ၊ မရအပ်သော။ ဈာနဝိပဿနံ၊ ဈာန်ဝိပဿနာကို။ ဖုသိတုံ အဓိဂန္တုံ၊ ရခြင်းငှါ။ ဝါ၊ တစ်နည်းကား။ ဖုသိတံ၊ ရအပ်သော။ ဟာနဘာဂိယံ၊ ဟာနဘာဂိယကို။ ဌိတိဘာဂိယမေဝ ဝါ၊ ဌိတိဘာဂိယကိုလည်းကောင်း။ အဟုတွာ၊ မဖြစ်စေမူ၍။ ဝိသေသဘာဂိယံ၊ ဝိသေသဘာဂိယသည်။ ဟောတိ တထာ၊ ဖြစ်သကဲ့သို့။ တထာ၊ ထိုအတူ။ အနုရက္ခိတုံ ပါလေတုံ၊ စောင့်ရှောက်ခြင်းငှါ။ သုကရံတထာ၊ လွယ်သကဲ့သို့။ တထာ၊ ထိုအတူ။ န သုကရံ၊ မလွယ်။ တထာ၊ ထိုအတူ။ သမ္ပါဒေတုံ၊ ပြည့်စုံစေခြင်းငှါ။ န သက္ကာ၊ မတတ်ကောင်း။ ဣတိ အယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ဣဒါနိ၊ ယခုအခါ၌။ အတ္တနော၊ မိမိ၏။ ပရိနိဗ္ဗာနကာလဿ၊ ပရိနိဗ္ဗာန်စံသော အခါ၏။ အာသန္နတ္တာ၊ နည်းသည်၏အဖြစ်ကြောင့်။ သံခိတ္တေန၊ အကျဉ်းဖြစ်သော။ ဩဝါဒေန၊ အဆုံးအမဖြင့်။ သဗြဟ္မစာရိံ၊ သီတင်းသုံးတော်ကို။ ဩဝဒန္တော၊ ဆုံးမလိုသည်ဖြစ်၍။ ယထာ ကဏ္ဋကဋ္ဌာနမှီ တိအာဒိံ၊ ယထာကဏ္ဍကဋ္ဌာနမှိ ဤသို့အစရှိသောစကားကို။ အာဟ၊ မိန့်တော်မူ၏။
တဿ၊ ထိုပါဠိတော်စကား၏။ အတ္ထော၊ အနက်ကား။ ပုရိသော၊ ယောက်ျားသည်။ ကေနစိဒေဝ၊ တစ်စုံတစ်ခုသာလျှင်ဖြစ်သော။ ပယောဇနေန၊ လုံ့လဖြင့်။ ကဏ္ဋကနိစိတေ၊ ဆူးတို့ဖြင့် စီအပ်သော။ ပဒေသေ၊ အရပ်၌။ အနုပါဟနော၊ ဖိနပ်မပါဘဲ။ ဝိစရန္တော၊ လှည့်လည်သော သူသည်။ မံ၊ ငါ့ကို။ ကဏ္ဋကော၊ ဆူးသည်။ ဝိဇ္ဈီ တိ၊ မစူးပါစေသတည်းဟု။ သတိံ၊ သတိကို။ ဥပဋ္ဌပေတွာဝ၊ ဖြစ်စေ၍သာလျှင်။ ဝိစရတိယထာ၊ လှည့်လည်သကဲ့သို့။ ဧဝံ၊ ဤအတူ။ ကိလေသကဏ္ဋကနိစိတေ၊ ကိလေသာတည်းဟူသော ဆူးတို့ဖြင့် စီအပ်သော။ ဂေါစရဂါမေ၊ ဆွမ်းခံရွာ၌။ ပယောဇနေန၊ ယှဉ်သည်ဖြစ်၍။ စရန္တော၊ လှည့်လည်သော။ မုနိ၊ ရဟန်းသည်။ သတိံ၊ သတိကို။ ဥပဋ္ဌပေတွာန၊ ဖြစ်စေသဖြင့်။ သတိသမ္ပဇညယုတ္တော၊ သတိပညာနှင့်ယှဉ်သည်ဖြစ်၍။ အပ္ပမတ္တောဝ၊ မမေ့မလျော့သာလျှင်။ စရေယျ၊ သွားရာ၏။ ကမ္မဋ္ဌာနံ၊ ကမ္မဋ္ဌာန်းကို။ အဝိဇဟန္တော၊ မစွန့်မူ၍။ ဣတိ၊ ဤသို့။ ဝုတ္တံ၊ ဆိုအပ်သည်။ ဟောတိ၊ ဖြစ်၏။
သရိတွာ ပုဗ္ဗကေ ယောဂီ , တေသံ ဝတ္တမနုဿရန္တိ၊ သရိတွာ ပုဗ္ဗကေ ယောဂီ , တေသံ ဝတ္တမနုဿရံဟူသည်ကား။ ပုရိမကေ၊ ရှေး၌ဖြစ်ကုန်သော။ ယောဂေ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌ယှဉ်ကုန်သော။ ဘာဝနာယ၊ ကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌။ ယုတ္တတာယ၊ ယှဉ်သည်၏အဖြစ်ကြောင့်။ ယောဂီ အာရဒ္ဓဝိပဿကေ၊ အားထုတ်အပ်သော ဝိပဿနာရှိကုန်သော ပုဂ္ဂိုလ်တို့ကို။ သရိတွာ၊ အောက်မေ့၍။ တေသံ၊ ထိုရှေး၌ဖြစ်ကုန်သောကမ္မဋ္ဌာန်းစီးဖြန်းခြင်း၌ ယှဉ်ကုန်သော ပုဂ္ဂိုလ်တို့၏။ ဝတ္တံ၊ အကျင့်ဝတ်ကို။ အာဂမာနုသာရေန၊ ပါဠိတော်ကို အစဉ်လျောက်သဖြင့်။ သမ္မာ၊ ကောင်းစွာ။ ပဋိပတ္တိဘာဝနာဝိဓိံ၊ ပြီးစေအပ်သော ဘာဝနာအစီအရင်ကို။ အနုဿရန္တော၊ အစဉ်အောက်မေ့လျက်။ ဓုရနိက္ခေပံ၊ ဝန်ချခြင်းကို။ ယထာပဋိပဇ္ဇန္တော၊ ယထာပဋိပဇ္ဇန္တော ဟူသည်ကား။
ယထာပဋိပဇ္ဇန္တော ကိဉ္စာပိ ပစ္ဆိမော ကာလောတိ၊ ယထာပဋိပဇ္ဇန္တော ကိဉ္စာပိ ပစ္ဆိမော ကာ လော ဟူသည်ကား။ အယံ၊ ဤအခါသည်။ အတီတသတ္ထုကော၊ လွန်လေပြီးသော ဘုရားရှိသော။ စရိမော ကာလော၊ အဆုံးဖြစ်သော ကာလသည်။ ယဒိဝိဟောတိ၊ အကယ်၍ကားဖြစ်၏ရှင့်။ တထာပိ၊ ထိုသို့ဖြစ်သော်လည်း။ ယထာဓမ္မမေဝ၊ အကြင်ဘုရားဟောတော်မူတိုင်းသော တရားတော်အားလျော်စွာသာလျှင်။ ပဋိပဇ္ဇန္တော၊ ကျင့်လျက်။ ဝိပဿနံ၊ ဝိပဿနာကို။ ဥဿုက္ကာပေန္တော၊ လုံ့လပြုလျက်။ အမတံ ပဒံ နိဗ္ဗာနံ၊ သေခြင်းကင်းရာနိဗ္ဗာန်ကို။ ဖုသေယျ အဓိဂစ္ဆေယျ၊ ရရာ၏။
ဣဒံ ဝတွာတိ၊ ဣဒံဝတွာဟူသည်ကား။ ယထာဒဿိတံ၊ ပြအပ်ခဲ့တိုင်းသော။ သံကိလေသဝေါဒါနေသု၊ ညစ်ညူးသော ကိလေသာတို့၏ ဖြူစင်ခြင်းတို့၌။ ပဋိပတ္တိဝိဓိံ၊ အကျင့်အစီအရင်ကို။ ကထေတွာ၊ ဆို၍။
အယဉ္စ ဩသာနဂါထာ၊ ဤအဆုံးဖြစ်သော ဂါထာကိုကား။ သင်္ဂီတိကာရေဟိ၊ သင်္ဂါယနာတင်ဆရာတို့သည်။ ထေရဿ၊ ပါရာပရိယမထေရ်၏။ ပရိနိဗ္ဗာနံ၊ ပရိနိဗ္ဗာန်စံခြင်းကို။ ပကာသေတုံ၊ ပြခြင်းငှါ။ ဝုတ္တာ၊ ဆိုအပ်၏။ ဣတိ၊ ဤသို့။ ဝေဒိတဗ္ဗာ၊ သိအပ်၏။
ပါရာပရိယတ္ထေရဂါထာဝဏ္ဏနာ၊ ပါရာပရိယ မထေရ်၏ ဂါထာအဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။
ဝီသတိနိပါတဝဏ္ဏနာ၊ ဝိသတိနိပါတ်၏ အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီးခြင်းသို့ရောက်ပြီ။