အနိမိတ္တန္တိဣဒံသုတ္တံ၊ အနိမိတ္တံဟူသောဤသုတ်သည်။
သလ္လသုင်္တ္တ၊ သလ္လသုတ်တည်း။
ဥပ္ပတ္တိ၊ ဖြစ်ကြောင်းသည်။
ကာ၊ အဘယ်နည်းဟူမူ ကား။
ကိရအနုသဝန၊ တဆင့်ကြားရဘူးသည်ကား။
ဘဂဝတော၊ မြတ်စွာ ဘုရား၏။
ဥပဋ္ဌာကော၊ အလုပ်အကျွေးဖြစ်သော။
ဧကော၊ တယောက်သော။
ဥပါသကော၊ ဒါယကာသည်။
ဟောတိ၊ ဖြစ်၏။
တဿ၊ ထိုဒါယကာ၏။
ပုတ္တော၊ သားသည်။
ကာလံ၊ စုတေခြင်းကို။
အကာသိ၊ ပြု၏။
သော၊ ထိုဒါယကာသည်။
ပုတ္တသောကာဘိဘူတော၊ သား၌စိုးရိမ်ခြင်းနှိပ်စက်သည်ဖြစ်၍။
သတ္တာဟံ၊ ခုနစ်ရက်ပတ်လုံး။
နိရာဟာရော၊ အစာမစားသည်။
အဟောသိကိရ၊ ဖြစ်သတတ်။
တံ၊ ထိုဒါယကာကို။
အနုကမ္မန္တော၊ သနားတော်မူ သည်ဖြစ်၍။
တဿ၊ ထိုဒါယကာ၏။
ဃရံ၊ အိမ်။
ဂန္တွာ၊ ကြွတော်မူ၍။
သောကဝိနောဒနတ္ထံ၊ စိုးရိမ်ခြင်းကိုဖျောက်စိမ့်သောငှါ။
ဣဒံသုတ္တံ၊ ဤသလ္လသုတ်ကို။
အဘာသိ၊ ဟောတော်မူ၏။
တတ္ထ၊ ထိုဂါထာတို့၌။
အနိ မိတ္တန္တိ၊ အနိမိတ္တံဟူသည်ကား။
ကိရိယာကာရနိမိတ္တရဟိတံ၊ ပြုအပ်သော အမူအရာအကြောင်းမှ ကင်းသည်ဖြစ်၍။
ယထာဟိ၊ ဥပမာသော်ကား။
ယဒါ၊ အကြင်အခါ၌။
အဟံ၊ ငါသည်။
အက္ခိံဝါ၊ မျက်ပွဲကိုမူလည်း။
နိခဏိဿာမိ၊ မှိတ်အံ့။
ဘမုကံဝါ၊ မျက်မှောင်ကိုလည်း။
ဥက္ခိပိဿာမိ၊ ချီအံ့။
ဧ တေနနိမိတ္တေန၊ ထိုသို့သောအကြောင်းနိမိတ်ဖြင့်။
တံဘဏ္ဍံ၊ ထိုသူတပါး၏ဥစ္စာကို။
အဝဟရ၊ သင်ခိုးလေလော။
ဣတိအာဒိသု၊ ဤသို့အစရှိသည်တို့၌။
ကိရိယာကာရနိမိတ္တံ၊ ပြုအပ်သောအမူအရာ အကြောင်းနိမိတ်သည်။
အတ္ထိယထာ၊ ရှိလေသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
ဇီဝိတေ၊ အသက်၌။
နတ္ထိ၊ မရှိချေ။
ယာဝ၊ အကြင်ရွေ့လောက်။
အဟံ၊ ငါသည်။
ဣဒံဝါ၊ ဤမည် သောအမှုကိုလည်းကောင်း။
ဣဒံဝါ၊ ဤမည်သောအမှုကို လည်းကောင်း။
ကရောမိ၊ ပြုပါဦးအံ့။
တာဝ၊ ထိုရွေ့လောက်။
တွံ၊ သင်သည်။
ဇီဝ၊ အသက်ရှင်ဦးလော။
မာမိယျ၊ မသေသင့်။
ဣတိ၊ ဤသို့။
လဒ္ဓုံ၊ အသက်ရှင်ခွင့်ကိုရအံ့ သောငှါ။
နသက္ကာ၊ မတတ်နိုင်ရာချေ။
အနညာတန္တိ၊ အနညာတံဟူ သည်ကား။
တတောဝ၊ ထိုကြောင့်သာလျှင်။
ဧကံသေန၊ စင်စစ်အားဖြင့်။
ဧတ္တကံဝါကာလံ တ္တကံဝါကာလံ၊ ဤမျှသောကာလ ဤမျှသောကာလ ပတ်လုံးလည်း။
ဣမိနာ၊ ဤသူသည်။
ဇီဝိတဗ္ဗန္တိ၊ အသက်ရှင်ရာ၏ဟု။
ဂတိယာဝါ၊ လားရာဂတိအားဖြင့်လည်းကောင်း။
အာယုပရိယန္တဝသေ နဝါ၊ အသက်ကိုပိုင်းခြားသည်၏ အစွမ်းဖြင့်လည်းကောင်း။
အညာတုံ၊ သိခြင်းငှါ။
နသက္ကာ၊ မတတ်နိုင်ရာ။
ယထာဟိ၊ ဥပမာသော်ကား။
စာတု မဟာရာဇိကာဒီနံ၊ စတုမဟာရာဇ်၌ နေကုန်သောနတ်အစရှိသည်တို့၏။
အာယုံ၊ အသက်ကို။
ပရိမိတံ၊ အတိုင်း အရှည်သည်။
အတ္ထိယထာ၊ ရှိသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
မစ္စာနံ၊ လူဖြစ်သော သတ္တဝါတို့၏။
အာယုံ၊ အသက်ကို။
ပရိမိတံ၊ အတိုင်းအရှည်သည်။
နတ္ထိ၊ မရှိချေ။
ဧဝမ္ပိ၊ ဤသို့လည်း။
ဧကံသေန၊ စင်စစ်သဖြင့်။
အနညာတံ၊ သေအံ့သောနေ့ကို မသိနိုင်ရာချေ။
ကသိရန္တိ၊ ကသိရံ ဟူသည်ကား။
အနေကပစ္စယ ပဋိဗဒ္ဓ ဘာဝတော၊ တပါးမကများစွာသော ပစ္စည်းတို့နှင့် စင်ယှဉ်၍ဖြစ် သောအားဖြင့်။
ကိစ္ဆံ၊ ငြိုငြင်၏။
သုခယာ၀နီယံ၊ ချမ်းသာ စွာမျှတနိုင်သည်။
န၊ မဟုတ်ချေ။
တထာဟိတတောဧဝ၊ ထို့ကြောင့်သာလျှင်။
တံဇီဝိတံ၊ ထိုအသက်ဇီဝိတသည်။
အဿာသပဋိဗဒ္ဓဉ္စ၊ ထွက်သက်နှင့်စပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ပဿာသပဋိဗဒ္ဓဉ္စ၊ ဝင်သက်နှင့်စပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
မဟာဘူတပဋိဗဒ္ဓဉ္စ၊ မဟာဘုတ်နှင့်စပ်သည်လည်း။
ဟောတိ၊ ဖြစ်၍။
ကဗဠီကာရာဟာရပဋိဗဒ္ဓဉ္စ၊ ကဗဠီကာရအာဟာရနှင့်စပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဥသ္မာပဋိဗဒ္ဓဉ္စ၊ အငွေ့နှင့်စပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဝိညာဏပဋိဗန္ဓဉ္စ၊ ဝိညာဉ်နှင့်စပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဟိသစ္စံ၊ မှန်၏။
အနဿသန္တောပိ၊ ထွက်သက်ကို မရှုသော ပုဂ္ဂိုလ်သည်လည်း။
နဇီဝတိ၊ အသက်မရှည်ချေ။
အပဿသန္တောပိ၊ ဝင်သက်ကိုမရှူခိုင်သောပုဂ္ဂိုလ်သည်လည်း။
နဇီဝတိ၊ အသက်မရှည်ချေ။
စတူသုပိ၊ လေးပါးလည်းဖြစ်ကုန်သော။
ဓာတူသု၊ ဓာတ်တို့တွင်။
ကဋ္ဌမုခါဒိ၊ ကဋ္ဌမုခ အစရှိသော။
အာသီဝိသဒဋ္ဌဝိယ၊ အာသီဝိသမြွေကိုက်လေသကဲ့သို့။
ကာယော၊ ကိုယ်သည်။
တာ၀၊ ရှေးဦးစွာ။
ပထဝီဓာတုပ္ပ ကောပေန၊ ပထဝီဓာတ် ပျက်စီးသောကြောင့်။
ကဠိင်္ဂရသဒိသော၊ ဖွဲ့ထင်းပွေးနှင့်တူသည်ဖြစ်၍။
ထဒ္ဓေါ၊ ခက်တရော်ရှိသည်။
ဟောတိ၊ ဖြစ်၏။
ယထာဟကိံအာဟ၊ ဘုရားအဘယ်ကဲ့သို့ဟောတော်မူသနည်းဟူမူကား။
ကဋ္ဌမုခေန၊ ကဋ္ဌမုခ မြွေသည်။
ဒဋ္ဌော၊ ကိုက်အပ်သော။
ကာယောဝါ၊ ကိုယ်သည် လည်း။
ပတ္ထဒ္ဓေါ၊ ခက်တရော်ရှိသည်။
ဘဝတိ၊ ဖြစ်၏။
ပထဝီဓာတုပ္ပကောပေန၊ ပထဝီဓာတ်၏ပျက်စီးခြင်းကြောင့်။
သောကာယော၊ ထိုကိုယ်သည်။
ကဋ္ဌ မုခေဝ၊ ကဋ္ဌမုခမြွေကိုက်သကဲ့သို့။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
အာဟ၊ ဟောတော်မူ၏။
အာပေါဓာတုပ္ပကောပေန၊ အာပေါဓာတ်ပျက်စီးခြင်း ကြောင့်။
ပူဘိဘာဝံ၊ ပုပ်သိုးသည်၏အဖြစ်သို့။
အာပဇ္ဇိတွာ၊ ရောက်၍။
ပဂ္ဃ ရိတပုဗ္ဗမံသလောဟိတော၊ ယိုသောပြည်အသားအသွေးရှိသောအားဖြင့်။
အဋ္ဌိစမ္မာဝသေသော၊ အရိုးအရေမျှကြွင်းသောကိုယ်ရှိသည်။
ဟောတိ၊ ဖြစ်၏။
ယထာဟကိံ အာဟ၊ ဘုရားအဘယ်ကဲ့သို့ ဟောတော်မူသနည်း ဟူမူကား။
ပူတိမုခေန၊ ပူတိမုခအမည်ရှိ သောမြွေသည်။
ဒဋ္ဌော၊ ကိုက်အပ် သော။
ကာယောဝါ၊ ကိုယ်သည်လည်း။
ပူတိကော၊ ပုပ်သောသဘောရှိသည်။
ဘဝတိ၊ ဖြစ်၏။
အာပေါဓာတုပ္ပကောပေန၊ အာပေါဓာတ်ပျက်စီး သောကြောင့်။
သောကာယော၊ ထိုကိုယ်သည်။
ပူတိမုခေဝ၊ ပူတိမုခမြွ ကိုက်သကဲ့သို့။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
အာဟ၊ ဟောတော်မူ၏။
တေဇောဓာတုပ္ပကောပန၊ တေဇောဓာတ်ပျက်စီးသောကြောင့်။
အင်္ဂါရကာ သုယံ၊ မီးကျီးတွင်း၌။
ပက္ခိတ္တောဣဝ၊ ထည့်သကဲ့သို့။
သမန္တာ၊ ထက်ဝန်းကျင်မှ။
ပရိဍယှတိ၊ ပူပန်၏။
ယထာဟကိံ အာဟ၊ ဘုရားအဘယ်ကသို့ဟောတော်မူသနည်းဟူမူကား။
အဂ္ဂိမုခေန၊ အဂ္ဂိမုခအမည်ရှိသောမြွေ သည်။
ဒဋ္ဌော၊ ကိုက်အပ်သော။
ကာယောဝါ၊ ကိုယ်သည်လည်း။
သန္တတ္တော၊ ပူပန်သောသဘောရှိသည်။
ဘဝတိ၊ ဖြစ်၏။
တေဇောဓာတုပ္ပကောပေန၊ တောဇာဓာတ်ပျက်စီးခြင်းကြောင့်။
သောကာယော၊ ထိုကိုယ်သည်။
အဂ္ဂိမုခေဝ၊ အဂ္ဂိမုခ မြွေကိုက်သကဲ့သို့။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
အာဟ၊ ဟောတော်မူ၏။
ဝါယောဓာတုပ္ပ ကောပေန၊ ဝါယောဓာတ်ပျက်စီးသောကြောင့်။
သံဉ္ဆိဇ္ဇမာနသန္ဓိဗန္ဓနော၊ ကွဲအက်သကဲ့သို့သောအရိုးအဆက်ရှိသည်။
ဟောတိ၊ ဖြစ်၏။
ပါသာဏေဟိ၊ ကျောက်အုတ်တို့ဖြင့်။
ကောဋ္ဋေတွာ၊ ထောင်းထု၍။
သံဉ္စုဏ္ဏိယမာနဋ္ဌိကောဝိယစ၊ မှုန့်မှုန့်ညက်ညက်ကျေအံ့သောအရိုးရှိသကဲ့သို့လည်း။
ဟောတိ၊ ဖြစ်၏။
ယထာဟကိံ အာဟ၊ ဘုရားအဘယ်ကဲ့သို့ဟောတော်မူသနည်းဟူမူကား။
သတ္ထမုခေန၊ သတ္ထမုခအမည်ရှိသော မြွေးသည်။
ဒဋ္ဌော၊ ကိုက်အပ်သော။
ကာ ယောဝါ၊ ကိုယ်သည်လည်း။
သဉ္စိန္နော၊ အပိုင်းပြတ်သည်။
ဟောတိ၊ ဖြစ်၍။
ဝါယောဓာတုပ္ပကာပေန၊ ဝါယောဓာတ်ပျက်စီးသောကြောင့်။
သောကာယော၊ ထိုကိုယ်သည်။
သတ္ထမုခေဝ၊ သတ္ထမုခမြွေကိုက်သကဲ့သို့။
ဟောတိ၊ ဖြစ်၏။
ဣတိ၊ ဤသို့။
အာဟ၊ ဟောတော်မူ၏။
ဓာတုပ္ပ ကောပဗျာပန္နကာ ယောဝိစ၊ ဓာတ်ပျက်ခြင်းသို့ရောက်သော ကိုယ်ရှိသောပုဂ္ဂိုလ်သည်သည်း။
နဇီဝတိ၊ အသက်မရှင်။
ယဒါပန၊ အကြင်အခါ၌ကား။
တာဓာတုယော၊ တို့ခေတ်တို့သည်။
အညမညံ၊ အချင်းချင်း။
ပတိဋ္ဌာနာဒိကိစ္စံ၊ ထောက်တည်ရာအစ ရှိသောကိစ္စကို။
သာဓေန္တာ၊ ပြီးစေကုန်လျက်။
သမံ၊ အညီအမျှ။
ဝဟန္တိ၊ ရွက်ဆောင်ကုန်၏။
တဒါ၊ ထိုအခါ၌။
ဇီဝိတံ၊ အသက်သည်။
ပဝတ္တတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
ဇီဝိတံ၊ အသက်သည်။
မဟာဘူတပဋိဗဒ္ဓဉ္စ၊ မဟာဘုတ်နှင့် စပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဒုဗ္ဘိက္ခာဒိသုပန၊ ငတ်မွတ်ခေါင်းပါးခြင်း အစရှိသော အခါကာလတို့၌ကား။
အာဟာရူပန၊ အာဟာရပြတ်သဖြင့်။
ဇီဝိ ဘက္ခယော၊ အသက်၏ကုန်ခြင်းသည်။
ပါက ဋောဧဝ၊ ထင်ရှား သည်သာလျှင်တည်း။
ဧဝံ၊ ဤသို့။
ဇီဝိတံ၊ အသက်သည်။
ကဗဠီကာရာဟာ ရဗဒ္ဓဉ္စ၊ ကာဗဠီကာရာအာဟာရနှင့်စပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
တထာ၊ ထို့အတူ။
အသိဘပီတာဒိပရိပါကေ၊ စားအပ်သောက်အပ်သောအစာ အစရှိသည်ကို ရင့် စေတတ်သော။
ကမ္မဇတေဇေန၊ ကမ္မဇတေဇောဓာတ်သည်။
ခီဏေ၊ ကုန်သည်ရှိသော်။
သတ္တာ၊ သတ္တဝါတို့သည်။
ဇီဝိတက္ခယံ၊ အသက်ကုန်ခြင်းသို့။
ပါပုဏန္တာပိ၊ ရောက်ကုန်သော်လည်း။
ပါကဋာဧဝ၊ ထင်ရှားကုန်သည် သာလျှင်တည်း။
ဧဝံ၊ ဤသို့။
ဇီဝိတံ၊ အသက်သည်။
ဥသ္မာပဋိဗဒ္ဓဉ္စ၊ အငွေ့ နှင့်စပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဝိညာ ဏေပန၊ ဝိညာဉ်သည်ကား။
နိရုဒ္ဓေ၊ ချုပ်သည်ရှိသော်။
နိရုဒ္ဓပကတိသတ္တာနံ၊ ချုပ်ခြင်းပြက တေ့ရှိကုန်သော သတ္တဝါတို့အား။
ဇီဝိတံ၊ အသက်ရှည်ခြင်း သည်။
နဟောတိ၊ မဖြစ်။
ဣတိဧဝမ္ပိ၊ ဤသို့လည်း။
လောကေ၊ လောက၌။
ပါကဋမေဝ၊ ထင်ရှားသည်သာလျှင်တည်း။
ဧဝံ၊ ဤသို့။
ဇီဝိတံ၊ အသက်သည်။
ဝိညာဏပဋိဗဒ္ဓဉ္စ၊ ဝိညာဉ်နှင့်စပ်သည်လည်း။
ဟောတိ၊ ဖြစ်၏။
ဧဝံ၊ ဤသို့။
အနေကပစ္စယပဋိဗဒ္ဓဝုတ္တိဘာဝကော၊ များစွာ သောအကြောင်းနှင့်စပ်၍ဖြစ်ခြင်းရှိသည်၏အဖြစ်ကြောင့်။
ကသိရံ၊ ငြိုငြင်၏ဟူ၍။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ပရိတ္တံစာတိ၊ ပရိတ္တံစဟူ သည်ကား။
အပ္ပကံ၊ နည်း၏။
ဒေဝါနံ၊ နတ်တို့၏။
ဇီဝိတံ၊ အသက်ကို။
ဥနိဓာယ၊ ထောက်၍။
တိဏဂ္ဂေ၊ မြက်ဖျား၌။
ဥဿာဝ ဗိန္ဒု သဒိသံ၊ ရောက်သောနှင်းရေပေါက်နှင့်တူသောသဘောရှိ၏။
စိတ္တက္ခဏတော၊ စိတ္တက္ခဏဥပါဒ်သည်မှ။
ဥဒ္ဓံ၊ အထက်ကာလ၌။
အဘာဝေနဝါ၊ မဖြစ်သောအားဖြင့်လည်း။
ပရိတ္တံ၊ အလွန်နည်း၏။
အတိဒီဃာယုကောဝိ၊ အလွန် အသက်ရှည်သည် လည်းဖြစ်သော။
သတ္တော၊ သတ္တဝါသည်။
အတီတေန၊ ချုပ်လေလွန်လေပြီးသော။
စိတ္တေန၊ စိတ်ဖြင့်။
ဇိဝိတ္ထ၊ အသက် ရှင်လေပြီ။
နဇီဝတိ၊ အသက်ရှင်ဆဲမဟုတ်။
နဇီဝိဿတိ၊ အသက်မရှင် လတ္တံ့။
အနာဂတေန၊ အနာဂတ်ဖြစ်သော။
စိတ္တေန၊ စိတ်ဖြင့်။
ဇီဝိဿတိ၊ အသက်ရှင်လတ္တံ့။
နဇီဝတိ၊ အသက်ရှင်ဆဲမဟုတ်။
နဇီဝိတ္ထ၊ အသက်မရှင် ဘူးလေပြီ။
ပစ္စုပ္ပန္နေန၊ ပစ္စုပ္ပန်ဖြစ်သော။
စိတ္တေန၊ စိတ်ဖြင့်။
ဇီဝိတိ၊ အသက်ရှင်၏။
နဇီဝိတ္ထ၊ အသက် မရှင်ဘူးလေပြီ။
နဇီဝိဿတိ၊ အသက်မရှင် လတ္တံ့။
ဧတံ ဝစနံ၊ ထိုစကားကို။
ဒဿေန္တော၊ ပြလိုသည်ဖြစ်၍။
ဇီဝိတံ (ပ)သံယုတ္တာတိ၊ ဇီဝိတံ(ပ) သံယုတ္တာဟူ၍။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တဉ္စတ္တံဧဝ၊ ဟောတော်မူအပ်သည်သာလျှင်တည်း။
ဇီဝိဘဉ္စ၊ ဇီဝိတိန္ဒြေသည် လည်းကောင်း။
အတ္တဘာဝေါစ၊ အတ္တဘော သည်သည်းကောင်း။
လဟုသော၊ လျင်သောအားဖြင့်။
ခဏော၊ ခဏသည်။
ဝတ္တတိ၊ ဖြစ်၏။
ကေဝလာ၊ အလုံးစုံသော။
ယေမရူ၊ အကြင်သတ္တဝါတို့သည်။
သုခါစ၊ သုခဝေဒနာနှင့် ယှဉ်သည်ဖြစ်၍ လည်းကောင်း။
ဒုက္ခာစ၊ ဒုက္ခဝေဒနာနှင့် ယှဉ်သည်ဖြစ်၍ လည်းကောင်း။
ဧကစိတ္တသမာယုတ္တာ၊ တခုသော စိတ္တက္ခဏနှင့် ယှဉ်ကုန်သည် ဖြစ်၍။
စူဠာသီတိကပ္ပ သဟဿာနိ၊ ကမ္ဘာရှစ်သောင်းလေးထောင်တို့ ပတ်လုံး။
တိဋ္ဌန္တိ၊ တည်ကုန်၏။
တေပိ၊ ထိုသတ္တဝါတို့ သည်လည်း။
ဒွီဟိစိတ္တေဟိ၊ နှစ်ခုသော စိတ်တို့ နှင့်။
သံယုတာ၊ ယှဉ်ကုန်သည်ဖြစ်၍။
နတွေဝတိဋ္ဌန္တိ၊ မတည်ကုန်သည်သာတည်း။
တဉ္စဒုက္ခေနသံယုတန္တိ၊ တဉ္စဒုက္ခေနသံယုတံဟူသည် ကား။
တဉ္စဇီဝိတံ၊ ထိုဇီဝိတိန္ဒြေတည်းဟူသောအသက်သည်လည်း။
ဧဝံ၊ ဤသို့။
အနိမိတ္တံ၊ အမှတ်အသားမရှိ။
အနညာတံ၊ သေအံ့သောနေ့ကိုမသိနိုင်လေ။
ကသိရဉ္စ၊ ဆင်းရဲငြိုငြင်သည်လည်းကောင်း။
ပရိတ္တဉ္စ၊ အနည်းငယ်သည် လည်းကောင်း။
သမာနမ္ပိ၊ ဖြစ်၍လည်း။
သီတုဏှဍံသမကသာဒိသမ္ဖဿခုပ္ပပါသ သင်္ခါရဒုက္ခဝိပရိဏာမဒုက္ခဒုက္ခဒုက္ခေဟိ၊ အချမ်းအပူ မှက်ခြင် အစရှိသည်တို့၏ အတွေ့ ငတ်မွတ်ခြင်းတည်းဟူသော သင်္ခါရဆင်းရဲ ဝိပရိဏာမ ဆင်းရဲဆင်းရဲဆင်းရဲတို့နှင့်။
သံယုတံ၊ ယှဉ်၏။
ကိံကောအတ္ထော၊ အဘယ်သို့သော အနက်ကို။
ဝုတ္တံဝုတ္တော၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်သနည်းဟူမူကား။
မစ္စာနံ၊ သတ္တဝါတို့အား။
ဤဒိသံ၊ ဤသို့ သဘောရှိသော။
ဇီဝိတံ၊ အသက်တည်းဟူသောဇိဝိတိန္ဒြေသည်။
ယသ္မာ၊ အကြင်ကြောင့်။
ဟောတိ၊ ဖြစ်၏။
တသ္မာ၊ ထိုကြောင့်။
ယာဝ၊ အကြင်ရွေ့လောက်။
တွံ၊ သင်သည်။
တံဇီဝိတံ၊ ထိုအသက်သည်။
ပရိက္ခယံ၊ ကုန် ခြင်းသို့။
နဂစ္ဆတိ၊ မရောက်သေး။
တာဝ၊ ထိုရွေ့လောက်။
ဓမ္မစရိယမေဝ၊ တရားနှင့် လျော်သော အကျင့်ကိုသာလျှင်။
ဗြူဟယ၊ အားထုတ်လော။
ပုတ္တံ၊ သားကို။
မာအနုသောစ၊ အစဉ်အတိုင်းမစိုးရိမ်လင့်။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်၏။
အထာပိ၊ ထိုမှတပါးလည်း။
မညေ ယျာသိ၊ အောင်းမေ့ရာ၏။
သဗ္ဗူပကရဏေဟိ၊ အလုံးစုံသောအထောက်အပံ့တို့ဖြင့်။
မေ၊ ငါ၏။
ပုတ္တံ၊ သားကို။
အနုရက္ခန္တဿာပိ၊ စောင့်ရှောက်ပါလျက်လည်း။
သောပုတ္တော၊ ထိုသားသည်။
မတော၊ သေခဲ့ပြီ။
တေန၊ ထိုကြောင့်။
သောစာမိ၊ စိုးရိမ်ရ၏။
ဣတိဧဝမ္ပိ၊ ဤသို့လည်း။
မာသောစိ၊ မစိုးရိမ်လင့်။
သောဥပက္ကမော၊ ထိုသို့သောလုံ့ လသည်။
နအတ္ထိ၊ မရှိ။
ယေန၊ အကြင်လုံ့လဖြင့်။
ဇာတာ၊ ဖြစ်ကုန်သောသတ္တဝါတို့သည်။
နမီယရေ၊ မသေကုန်။
ဟိသစ္စံ၊ မှန်၏။
ကေနစိဥပက္ကမေန၊ တစုံတခုသောလုံ့လဖြင့်။
ဇာတာ၊ ဖြစ် ကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
မာမရန္တူတိ၊ မသေစေကုန်သတည်းဟု။
ရက္ခိတုံ၊ စောင့်ရှောက်အံ့သောငှါ။
နသက္ကာ၊ မတတ်နိုင်ရာ။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုအပ်သည်။
ဟောတိ၊ ဖြစ်၏။
တတော၊ ထို့နောင်မှ။
သော၊ ထိုပုဏ္ဏားသည်။
ဇရံ၊ အိုခြင်းသို့။
ပတွာ၊ ရောက်၍။
ဇရန္တေ၊ ထိုသည်၏အဆုံး၌။
မရဏံ၊ သေခြင်းသည်။
အနုရူပံ၊ လျှောက်ပတ်၏။
ဒဟရော၊ ငယ်သော။
မေ၊ ငါ၏။
ပုတ္တော၊ သားသည်။
မတော၊ သေရလေ၏။
ဣတိ၊ ဤသို့။
ယသ္မာ၊ အကြင်ကြောင့်။
စိန္တေသိ၊ ကြံ၏။
တသ္မာ၊ ထို့ကြောင့်။
ဇရမ္ပိ ပတွာမရဏံ ဧဝံဓမ္မာဟိပါဏိနောတိ၊ ဇရမ္ပိ ပတွာမရဏံဧဝံဓမ္မာဟိပါဏိနောဟူ၍။
အာဟ၊ မိန့်တော်မူ၏။
ဇရံ၊ အိုခြင်းသို့။
ပတွာပိ၊ ရောက်၍၎င်း။
အပတွာပိ၊ ရောက်မူ၍၎င်း။
မရဏံ၊ သေခြင်းသည်။
ဘဝတိ၊ ဖြစ်၏။
ဧတ္ထ၊ ဤသို့သေရာ၌။
နိယမော၊ မြဲခြင်းသည်။
နတ္ထိ၊ မရှိ။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်၏။
ဣဒါနိ၊ ဤယခုအခါ၌။
တမတ္ထံ၊ ထိုအကြောင်းကို။
နိဒဿနေန၊ ညွှန်ပြတော်မူသဖြင့်။
သာဓေန္တော၊ ပြီးတော်မူစေလိုသည်ဖြစ်၍။
ဖသာနမိဝ ပက္ကာနန္တိ အာဒိံ၊ ဖလာနမိဝ ပက္ကာနံ ဤသို့အစရှိသောဂါထာကို။
အာဟ၊ မိန့်တော်မူပေ၏။
တဿာ၊ ထိုဂါထာ၏။
အတ္ထော၊ အနက်ကို။
ဧဝံ၊ ဤသို့။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ယဿ ရုက္ခဿ၊ အကြင်သစ်ပင်၏။
ပက္ကာနံ၊ မှည့်ကုန်သော။
ဖလာနံ၊ အသီးတို့၏။
သူရိယုဂ္ဂမနတော၊ နေအာရုံတက် သောကာလမှ။
ပဘုတိ၊ စ၍။
သူရိယာတပေန၊ နေပူဖြင့်။
ရုက္ခေ၊ သစ်ပင်သည်။
သန္တပ္ပမာနေ၊ ပူသည်ရှိသော်။
ပထဝိရသောစ၊ ပထဝိမုသာသည် လည်းကောင်း။
အာပေါရသောစ၊ အာ ပေါရသာသည် လည်းကောင်း။
ပတ္တတော၊ အရွက်မှ။
သာခံ၊ အခက်ကို။
သာခတော၊ အခက်မှ။
ခန္ဓ၊ ပင်စည်ကို။
ခန္ဓတော၊ ပင်စည်မှ။
မူလံ၊ အမြစ်သို့။
ဣတိ၊ ဤသို့။
အနုက္ကမေန၊ အစဉ်သဖြင့်။
မူလတော၊ အမြစ်မှ။
ပထဝိ မေဝ၊ မြေကြီးသို့ သာလျှင်။
ပပိသတိ၊ ဝင်လေ၏။
ဩဂ္ဂမနတော၊ နေဝင်သောကာလမှ။
ပတုတိပန၊ အစပြု၍ကား။
ပထဝိတော၊ မြေကြီးမှ။
မူလံ၊ အမြစ်သို့။
မူလတော၊ အမြစ်မှ။
ခန္ဓ၊ ပင်စည်သို့။
ဣတိဧဝံအနုက္ကမေန၊ ဤသို့သောအစဉ်ဖြင့်။
သာခါပတ္တ ပလ္လဝါဒီနိ၊ အခက်အရွက်အညွန့်အစရှိသည်တို့သို့။
ပုန၊ တဖန်။
အာရော ဟဘိ၊ တက်၏။
ဧဝံ၊ ဤသို့။
အာရောဟန္တာစ၊ တက်ကုန် သော်လည်း။
တေ၊ ထိုအရည်ရှိသည်။
ဖလေ၊ အသီးသည်။
ပရိပါကဂတေ၊ ရင့်ခြင်း သို့ရောက်သည်ရှိသော်။
ဝဏ္ဋမူလံ၊ အညှာရင်းသို့။
ရသော၊ အရည်တို့သည်။
နပဝိသန္တိ၊ မဝင်ကုန်။
အထ၊ ထိုနောင်မှ။
သူရိယာတပေ၊ နေပူသည်။
တပ္ပမာနေ၊ ပူသည်ရှိသော်။
သဝဏ္ဋမူလေ၊ အညှာရင်း၌။
ပရိဠာဟော၊ အိုက်ပူခြင်းသည်။
ဥပဇ္ဇတိ၊ ဖြစ်၏။
တေန၊ ထိုကြောင့်။
တာနိဖလာနိ၊ ထိုသစ်သီးတို့သည်။
ပါတောပါတော၊ နံနက်အခါနံနက်အခါ၌။
နိစ္စကာလံ၊ အမြဲခပ်သိမ်း။
ပတန္တိ၊ ကျကုန်၏။
ဣတိတသ္မာ၊ ထို့ကြောင့်။
နေသံ၊ ထိုသစ်သီးတို့အား။
ပါတော၊ နံနက်အခါ၌။
ပတနတော၊ ကျခြင်းကြောင့်။
ဘယံ၊ ဘေးသည်။
ဟောတိ၊ ဖြစ်၏။
ဣတိအယံ၊ ဤသည်လျှင်။
အတ္ထော၊ အနက်တည်း။
ဧဝံ တထာ၊ ထိုသစ်သီးကြွေကျသည်နှင့်အတူ။
ဇာတာနံ၊ ပဋိသန္ဓေ နေကုန်သော။
မစ္စာနံ၊ သတ္တဝါတို့အား။
နိစ္စံ၊ အမြဲ။
မရဏတော၊ သေခြင်းကြောင့်။
ဘယံ၊ ဘေးသည်။
ဇာယတေ၊ ဖြစ်ရ၏။
ဟိသစ္စံ၊ ထိုစကား သည်မှန်၏။
သတ္တာ၊ သတ္တဝါတို့သည်။
ပက္ကဖလသဒိသာ၊ မှည့်သောသစ်သီးနှင့်တူကုန်၏။
ဣတိ၊ ဤသို့။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ကိဉ္စဘိယျော၊ အလွန်ဆိုဘွယ်ရှိသေး၏။
ယထာဝိကုမ္ဘကာရဿ၊ပ၊ ဇိဝိတန္တိ၊ ယထာပိကုမ္ဘကာရဿ၊ပ၊ဇိဝိတံဟူ၍လည်းကောင်း။
တသ္မာ ဒဟရာစ၊ပ၊ ပရာယနာတိ၊ တသ္မာ ဒဟရာစ၊ပ၊ ပရာယနာဟူ၍လည်းကောင်း။
ဝုတ္တော၊ ဟောတော်မူအပ်၏။
ဇဝံ၊ ဤသို့။
တွံ၊ သင်သည်။
ဂဏှ၊ ယူလာ။
ဇဝဉ္စ၊ ဤသို့လျှင်။
ဂဟေတွာ၊ ယူ၍။
တေသံမစ္စု၊ပ၊ ဉာတိဝါပနဉာတကေတိ၊ တေသံမစ္စု ၊ပ၊ ဉာတိဝါပနဉာတကေဟူသော ဂါထာပုဒ်ကို။
ဝုတ္တံ၊ မိန့်တော်မူအပ်၏။
ဧဝမ္ပိ၊ ဤသို့လည်း။
ဂဏှ၊ ယူလေလော။
ပိတာ၊ အဖသည်။
ပုတ္တံ၊ သားကို။
ဉာတိ ဝါပန၊ အဆွေ အမျိုးတို့ သည်ကား။
ဉာတကေ၊ အဆွေ အမျိုးတို့ကို။
ယသ္မာ၊ အကြင်ကြောင့်။
နတာယတေ၊ မကယ်နိုင်ချေ။
တသ္မာ၊ ထို့ကြောင့်။
ပေက္ခတ ညေဝ၊ပ၊ နိယျတီတိ၊ ပေက္ခတညေဝ၊ပ၊ နိယျတိဟူသောဂါထာ ကို။
ဝုတ္တံ၊ မိန့်အပ်၍။
တတ္ထ၊ ထိုဂါထာ၌။
အယံ၊ ဤဆိုလတ္တံ့သည်ကား။
ယောဇနာ၊ အနက်ယောဇနာခြင်းတည်း။
အမ္မတာတာတိအာဒိနာ၊ အမ္မတာတာ ဤသို့အစရှိသော။
နယေန၊ နည်းဖြင့်။
ပုထုအနေ ကပ္ပကာရံ၊ တပါးမက များစွာလျှင်။
လာလပတ္တံ လာလပ္ပန္တာနံ၊ ငိုမြည်တမ်းကုန်သော။
ဉာတီနံ၊ အဆွေအမျိုးတို့၏။
ပဿမာနာနံယေဝ၊ မြော်၍ကြည့် လိုက်ကုန်စဉ်လျှင်။
မစ္စာနံ၊ သတ္တဝါတို့တွင်။
ဧက မေကော၊ တယောက် တယောက်သော။
မစ္စော၊ သတ္တဝါကို။
ဂေါဝဇ္ဈော၊ သတ်အပ်သောနွားကို။
နိယျတိယထာ၊ ဆောင်ယူအပ်လေသကဲ့သို့။
ဧဝံတထာ၊ ထိုအတူ။
မစ္စုနာ၊ သေမင်းသည်။
နိယျတိ၊ ဆောင်ယူအပ်လေပြီ။
ဥပါသက၊ ဒါယကာ။
တွံ၊ သင်သည်။
ဧဝံ၊ ဤသို့။
ပဿ၊ ကြည့်ရှုလော။
ယာဝ၊ အကြင်ရွေ့လောက်။
လောကော၊ လူအပေါင်းသည်။
အတာဏော၊ ကိုးကွယ်ရာမရှိချေ။
ဣတိ၊ ဤသို့။
အာဟ၊ မိန့်တော်မူ၏။
တတ္ထ၊ ထိုသေခြင်းတရား၌။
ဓီတိ သမ္ပန္နာ၊ တည်ကြည်ခြင်းနှင့်ပြည့်စုံကုန်သော။
ယေဗုဒ္ဓပစ္စေကဗုဒ္ဓါဒယာ၊ အကြင်ဘုရားပစ္စေကဗုဒ္ဓါအစရှိသောပုဂ္ဂိုလ်မြတ်တို့သည်။
သန္တိ၊ ရှိကုန်၏။
တေ၊ ထိုပုဂ္ဂိုလ်မြတ်တို့ကို။
ဧဝံ၊ ဤသို့။
မစ္စု၊ သေမင်းသည်။
အဗ္ဘာဟတော၊ နှိပ်စက်အပ်၏။
လောကော၊ လူအပေါင်းကို။
မစ္စုနာစ၊ သေခြင်း တရားသည်လည်းကောင်း။
ဇရာစ၊ အိုခြင်း တရားသည်လည်းကောင်း။
အမ္ဘာဟတောဧဝ၊ နှိပ်စက်အပ်သည်သာတည်း။
သော၊ ထိုသေမင်းနှိပ်စက်အပ်သောသူကို။
ကေနစိ၊ တစုံတယောက်သောသူသည်။
ပရိတ္တာဏံ၊ အစောင့်အရှောက်ကို။
ကာတုံ၊ ပြုခြင်းငှါ။
နသက္ကာတိ၊ မတတ်ကောင်းရာဟူ၍။
မီရာ၊ ပညာရှိတို့သည်။
ယသ္မာ၊ အကြင်ကြောင့်။
ဇာနန္တိ၊ သိကုန်၏။
တသ္မာ၊ ထိုကြောင့်။
မီရာ၊ ပညာရှိတို့သည်။
လောကပရိယာယံ၊ လူတို့၏အကြောင်းအရာကို။
ဝိဒိတွာ၊ သိ၍။
နသောစန္တိ၊ မစိုးရိမ်ကုန်။
ဣမံလောကံပရိ ယာယံ၊ ဤလူတို့၏အကြောင်းအရာကို။
ဣမံလောကသဘာဝံ၊ ဤလူတို့၏ သဘောကို။
ဥတွာ၊ သိ၍။
နသောစန္တိ၊ မစိုးရိမ်ကုန်။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်၏။
တွံပန၊ သင်ဒါယကာသည်ကား။
ယဿ၊ အကြင်သား၏။
မဂ္ဂ၊ သွားရာခရီးကို။
ပ၊ပရိဒေဝသိ၊ ငိုကြွေး၏။
ကိံ၊ အဘယ်အနက် သဘောကို။
ဝုတ္တံ၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်သနည်း။
မာတုကုစ္ဆိသ္မိံ၊ မိခင် ဝမ်းသို့။
အာဂတဿ၊ ရောက်လာသော။
ယဿ၊ အကြင်လူအား။
အာဂ တ မဂ္ဂံဝါ၊ လာခဲ့ သောခရီးကိုလည်းကောင်း။
ဣတော၊ ဤမိခင်ဝမ်းမှ။
စဝိတွာ၊ စုတေကုန်သည်ဖြစ်၍။
အညတ္ထ၊ တပါးသောအရပ်သို့။
ဂတဿ၊ သွားလေ သောသူအား။
ဂတမဂ္ဂံ၊ သွားလတ္တံ့သောခရီးကို လည်းကောင်း။
နဇာနာတိ၊ မသိ။
တဿ၊ ထိုပဋိသန္ဓေ နေသော သူအား။
ဣမေဥဘော အန္တေ၊ ဤနှစ်ပါးသောအစွန်းတို့ကို။
အသမ္ပဿံအသမ္ပဿန္တော၊ မမြင်ဘဲလျက်။
နိရတ္ထံ၊ အကျိုးမရှိ ငိုကြွေးမြည်တမ်းခြင်းကို။
ပရိဒေဝသိ၊ ငိုကြွေးဘိ၏ တကား။
ဓီရာပန၊ ပညာရှိ သည်ကား။
တေ၊ ထိုလူတို့၏ အကြောင်း အရာတို့ကို။
ပဿန္တာ၊ မြင်ကုန်သည်ဖြစ်၍။
လောကပရိယာယံ၊ လူတို့၏ အကြောင်းအခြင်း အရာကို။
ဝိဒိတွာ၊ သိ၍။
နာနုသောစန္တိ၊ မစိုးရိမ်ကုန်။
ဣဘိအယံ၊ ဤသည်လျှင်။
အတ္ထော၊ အနက်တည်း။
ဣဒါနိ၊ ယခုအခါ၌။
နိရတ္တံပရိဒေဝသီတိဧတ္ထ၊ နိရတ္ထံပရိဒေဝသိ ဟူသောဤပုဒ်၌။
ဝုတ္တပရိ ဒေဝနာယ၊ ဆိုအပ်ပြီးသော ငိုကြွေးခြင်း၏။
နိရတ္ထဘာ၀ံ၊ အကျိုးမရှိ သည်၏အဖြစ်ကို။
သာဓေန္တော၊ ပြီးစေတော်မူလိုသည်ဖြစ်၍။
ပရိဒေဝ ယမနောစေတိအာဒိံ၊ ပရိဒေဝယမနောစေ ဤထိုအစရှိသော ဂါထာ ကို။
အာဟ၊ မိန့်တော်မူ၏။
တတ္ထ၊ ထိုဂါထာ၌။
ဥဒဗ္ဗ ဟတိ၊ ဥဒဗ္ဗဟေဟူ သည်ကား။
ဥဒဗ္ဗဟေယျဓာရေယျ၊ ဆောင်ရာ၏။
အတ္တနိ၊ မိမိ၌။
သဉ္ဇနေယျ၊ ကောင်းစွာငိုးကြွေး ခြင်းကို ဖြစ်စေရာ၏။
ဣတိအယံ၊ ဤသည်လျှင်။
အတ္ထော၊ အနက်တည်း။
သံမုဠောဟိံ သမတ္တာနန္တိ၊ သံမုဠောဟိံ သမတ္တာ နံဟူသည်ကား။
သံမုဠော၊ တွေဝေသည်။
ဟုတွာ၊ ဖြစ်၍။
အတ္တာနံ၊ မိမိ ကိုယ်ကို။
ဗာဓေန္တော၊ ညှဉ်းဆဲသည်ဖြစ်၍။
ကယိရစေနံဝိစက္ခဏောတိ၊ ကယိရစေနံဝိစက္ခဏောဟူသည်ကား။
တာဒိသော၊ ထိုသို့သောငိုကြွေးခြင်းသည်။
ကိဉ္စိအတ္ထံ၊ တစုံတခုသောအကျိုးကို။
ယဒိဥဒဗ္ဗဟေ၊ အကယ်၍ရွက်ဆောင် စေခြင်းဖြစ်ငြားအံ့။
ဝိစက္ခဏောပိ၊ ပညာရှိသောသူသည်လည်း။
နံ ပရိဒေဝံ၊ ထိုသို့သောငိုကြွေးမြည်တမ်းခြင်းကို။
ကရေယျ၊ ပြုရာ၏။
နဟိရုဏ္ဏေနာတိဧတ္ထ၊ နဟိရုဏ္ဏေန ဟူသောဤပုဒ်၌။
အယံ၊ ဤဆိုလတ္တံ့ သည်ကား။
ယောဇနာ၊ အနက်ယောဇနာခြင်းတည်း။
ကောစိ၊ တစုံတယောက်သာသူသည်။
ရုဏ္ဏေနဝါ၊ ငိုခြင်းဖြင့်လည်းကောင်း။
သောကေနဝါ၊ စိုးရိမ်ခြင်းဖြင့်လည်းကောင်း။
စေတသော၊ စိတ်၏။
သန္တိံ၊ ငြိမ်သက် ခြင်းသို့။
နပပ္ပေါတိံ၊ မရောက်။
အပိစခေါပန၊ စင်စစ်သော်ကား။
ရောဒတောစ၊ ငိုကြွေးမြည်တမ်းသောအားဖြင့်လည်းကောင်း။
သောစတောစ၊ စိုးရိမ် သောအားဖြင့်လည်းကောင်း။
ဘိယျော၊ လွန်စွာ။
ဒုက္ခံ၊ ဒုက္ခဝေဒနာကြောင့် ဖြစ်သော။
အဿု၊ မျက်ရေသည်။
ဥပ္ပဇ္ဇတေ၊ ဖြစ်၏။
သရိရဉ္စ၊ ကိုယ်ကိုလည်း။
ဒုဗ္ဗဏ္ဏိယာဒိတိ၊ အဆင်းမလှခြင်းအစရှိသည်တို့သည်။
ဥပဟညတိ၊ ညှဉ်းဆဲအပ်၏။
ဣတိအယံ၊ ဤသည်ကား။
ယောဇနာ၊ ယောဇနာခြင်းတည်း။
နတေနပေတာတိ၊ နတေနပေတာဟူသည်ကား။
တေနပရိဒေဝေန၊ ထိုသို့ သောငိုကြွေးခြင်းဖြင့်။
ကာလင်္ကကာ၊ သေသောသူတို့သည်။
နပါလေန္တိ၊ မစောင့်ရှောက်ကုန်။
နယာပေန္တိ၊ မမျှတင်းနိုင်ကုန်။
တံပရိဒေဝနံ၊ ထိုသို့ သော ငိုကြွေးခြင်းသည်။
တေသံ၊ ထိုသူတို့အား။
ဥပကာရာယ၊ ကျေးဇူးအထောက်အပံ့အလို့ငှါ။
ယသ္မာ၊ အကြင်ကြောင့်။
နဟောတိ၊ မဖြစ်။
တသ္မာ၊ ထိုကြောင့်။
ပရိဒေဝနာ၊ ငိုကြွေးခြင်းသည်။
နိရတ္ထာ၊ အကျိုးမရှိ။
ဣတိ၊ ဤသို့။
အာဟ၊ မိန့်တော်မူ၏။
ကောလဉ္စ၊ စင်စစ်လျှင်။
နိရတ္ထာ၊ အကျိုးမရှိသည်။
န၊ မဟုတ်သေး။
အနတ္ထမ္ပိ၊ အကျိုးမရှိသည်ကိုလည်း။
အာဝဟတိ၊ ဆောင်တတ်၏။
ကသ္မာ၊ အဘယ်ကြောင့်နည်းဟူမူကား။
ယသ္မာ၊ အကြင်ကြောင့်။
သောကမပ္ပဇဟံ၊ပ၊ ဝသမနွဂူတိ၊ သောကမဂ္ဂဇဟံ၊ပ၊ ၀သမနွဂူဟူ၍။
ကာရဏံ၊ အကြောင်းစကားကို။
အာဟ၊ မိန့်တော်မူပေ၏။
တတ္ထ၊ ထိုဂါထာ၌။
အနုတ္ထုနန္တောတိ၊ အနုတ္ထုနန္တော ဟူသည်ကား။
အနုသောစန္တော၊ အစဉ်အတိုင်းစိုးရိမ်သော။
ဝသမနွဂူတိ၊ ဝသမနွဂူဟူသည်ကား။
ဝသံ၊ သေ မင်း၏အလိုသို့။
ဂတော၊ ရောက်ရ၏။
ကယိရစေနံဝိစက္ခဏောတိ၊ ကယိရစေနံဝိစက္ခဏောဟူသည်ကား။
တာဒိသော၊ ထိုသို့သောငိုကြွေးခြင်းသည်။
ကိဉ္စိအတ္ထံ၊ တစုံတခုသောအကျိုးကို။
ယဒိဥဒဗ္ဗဟေ၊ အကယ်၍ရွက်ဆောင် စေခြင်းဖြစ်ငြားအံ့။
ဝိစက္ခဏောပိ၊ ပညာရှိသောသူသည်လည်း။
နံ ပရိဒေဝံ၊ ထိုသို့သောငိုကြွေးမြည်တမ်းခြင်းကို။
ကရေယျ၊ ပြုရာ၏။
အာဟ၊ မိန့်တော်မူပေ၏။
တတ္ထ၊ ထိုဂါထာ၌။
ဂမိနေတိ၊ ဂမိနေဟူသည်ကား။
ဂမတေ၊ တဘဝသ္မိံသွားသောသူ၌။
ပရ လောကံ၊ တမလွန်ဘဝသို့။
ဂမနသဇ္ဇေ၊ သွားသော အစီအရင်ရှိသည်၌။
ဌိတေ၊ တည်သောသူတို့ကို။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်၏။
ဖန္ဒန္တေဝိပေါဏိနေတိ၊ ဖန္ဒန္တေဝိပါဏိနေဟူသည်ကား။
ဣဓ၊ ဤလုရွာ၌။
မရဏဘယန၊ သေအံ့ သောဘေးကို ကြောက်သဖြင့်။
ဗန္ဓမာနေယေဝ၊ တုန်လှုပ်သည်သာဖြစ်ကုန်သော။
သတ္တေ၊ သတ္တဝါတို့ကို။
ယေနာတိ၊ ယေနဟူသည်ကား။
ယေနာ ကာရေန၊ အကြင်အခြင်းအရာဖြင့်။
ဒီဃာယုကော၊ ရှည်သောအသက်ရှိသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
အရောဂေါ၊ အနာမရှိသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတိ၊ ဤသို့။
မညန္တိ၊ အောက်မေ့ကုန်၏။
တတော၊ ထိုသို့သောအခြင်းအရာအားဖြင့်။
တံ၊ ထိုအောက်မေ့ခြင်းသည်။
အညထာယေဝ၊ တပါးသောအခြင်းအရာသည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
သော၊ ထိုသူသည်။
ဧဝံ၊ ဤသို့။
မညိတော၊ အောက်မေ့သောအားဖြင့်။
မရတိပိ၊ သေသောသဘောရှိသည်လည်း။
ဟောတိ၊ ဖြစ်၏။
ရောဂေါပိ၊ အနာသည်လည်း။
ဟောတိ၊ ဖြစ်၏။
ဧတာဒိသော၊ ဤသို့သဘောရှိသော။
အဝိနာဘာဝေါ၊ ဤသို့သောသဘောဖြင့် ကွေကွင်းခြင်းသည်။
မညိတပ္ပစ္စနီကေန၊ အောက်မေ့ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သောအားဖြင့်။
ဟောတိ၊ ဖြစ်၏။
ဥပါသက၊ ဒါယကာ။
လောကသဘာဝံ၊ လူတို့၏ဖြစ်ခြင်းသဘောကို။
ပဿ၊ ကြည့်ရှုလေလော။
ဧတိဧဝံ၊ ဤသို့။
ဧတ္ထ၊ ဤဂါထာ၌။
အဓိပ္ပါယယောဇနာ၊ အဓိပ္ပါယ်ကိုယှဉ် ခြင်းကို။
ဝေဒိတဗ္ဗာ၊ သိအပ်၏။
အရဟတောသုတွာတိ၊ အရဟတောသုတွာဟူသည်ကား။
အရဟတော၊ လူနတ်တို့၏အလှူကိုခံတော်မူထိုက်သော ဘုရား၏။
ဧဝရူပံ၊ ဤသို့သဘောရှိသော။
ဣမံဓမ္မဒေသနံ၊ ဤသို့သောတရားဒေသနာတော်ကို။
သုတွာ၊ ကြားနာရ၍။
နေသောလဗ္ဘာမယာဣတီတိ၊ နေသောလဗ္ဘာမယာဣတီတိဟူသည်ကား။
သောပေတော၊ ထိုသေလွန်းလေပြီးသောသူသည်။
ပုန၊ တဘန်။
ဇီဝတူဘိ၊ အသက်ရှင်စေသတည်းဟု။
မယာ၊ ငါသည်။
နလဗ္ဘာဣတိ၊ မရနှိုင်ရာဟု။
ပရိဇာနန္တော၊ သိရသည်ဖြစ်၍။
ပရိ ဒေဝံ၊ ငိုကြွေးခြင်းကို။
ဝိနေယျ၊ ဖျောက်ပယ်ရာ၏။
ဣတိ၊ ဤသို့။
ဝုတ္တံ၊ ဆိုလိုသည်။
ဟောတိ၊ ဖြစ်၏။
ကိဉ္စဘိယျော၊ ဆိုဘွယ်ရှိသေး၏။
ယထာသရဏမဒိတ္တံ၊ပ၊ ဓံသယေတိ၊ ယထာသရဏဒိတ္တံ၊ပ၊သယေဟူ၍။
ဝုတ္တံ၊ ဆိုအပ်သည်။
ဟောတိ၊ ဖြစ်၏။
တတ္ထ၊ ထိုဂါထာ၌။
မီရောတိ၊ မီရောဟူသည်ကား။
မီတိသမ္ပဒါယ၊ တည်ကြည်သော သမာဓိနှင့် ပြည့်စုံသောကြာင့်။
သဘာဝိကပညာယ၊ သဘောအားဖြင့်ထင်ရှားရှိသောပညာဖြင့်။
သပ္ပညော၊ ပညာနှင့်ပြည့်စုံသော။
ဗဟုဿစ္စပညာယ၊ များသောအကြားအမြင်ရှိသော ပညာဖြင့်။
ပဏ္ဌိတော၊ ပညာရှိသော။
စိန္တက ဇာတိကတာယ၊ ကြံတတ်သောသဘောရှိသည်၏အဖြစ်၌။
ကုသလော၊ လိမ္မာသောသူကို။
ဝေဒိတဗ္ဗော၊ သိအပ်၏။
ဝါ၊ တနည်းကား။
စိန္တာမယ သုတမယဘာဝ နာမယပညာဟိ၊ စိန္တာမယဥာဏ်သုတမယ ဥာဏ်ဘာဝနာ မယဥာဏ် တို့နှင့်။
ယောဇေတဗ္ဗံ၊ ယှဉ်အပ်၏။
ကေဝလဉ္စ၊ စင်စစ်လည်း။
သောက မေဝ၊ သောကတရားကို သာလျှင်။
ဓံသေယျ၊ ဖျက်ဆီးရာသည်။
န၊ မဟုတ်။
ပရိ ဒေဝံ၊ပ၊ သလ္လမတ္တနောတိ၊ ပရိဒေဝံ ၊ပ၊ သလ္လမတ္တ နောဟူ၍။
မံသနတ္ထဉ္စ၊ ဖျက်ဆီးအံ့သော အကြောင်းကိုလည်း။
ဝုတ္တံ၊ ဟောတော်မူအပ်၏။
တတ္ထ၊ ထိုဂါထာ၌။
ပဇပ္ပန္တိ၊ ပဇပ္ပံဟူသည်ကား။
တဏှံ၊ တပ်မက်သောလောဘကို။
ဒေါမနဿန္တိ၊ ဒေါမနဿံဟူသည်ကား။
စေတ သိကံ၊ စိတ်ကိုမှီ၍ဖြစ်သော။
ဒုက္ခံ၊ ဆင်းရဲကို။
အဗ္ဗုဟေတိ၊ အဗ္ဗုဟေတူ သည်ကား။
ဥဒ္ဓရေ၊ နှုတ်ရာ၏။
သလ္လန္တိ၊ သလ္လံဟူသည်ကား။
ဧတဒေ၀ တိပ္ပကာရံ၊ ထိုသုံးပါးပြားသော ရာဂဒေါသမောဟ တရားသည်လျှင်။
ဒုန္နီဟရဏတ္ထေနစ၊ ဆောင်ယူနိုင်ခဲလှသော အနက်ဖြင့် လည်းကောင်း။
အန္တော၊ အတွင်း၌။
ဝိဇ္ဈနတ္ထေနစ၊ ထိုတတ်သော အနက်ဖြင့်လည်း ကောင်း။
သလ္လံ၊ သလ္လမည်၏။
ပုဗ္ဗေ၊ ရှေး၌။
ဝုတ္တံ၊ ဆိုအပ်ခဲ့ပြီးသော။
သတ္တဝိဓံ၊ ခုနစ်ပါး အပြားရှိသော။
ရာဂါဒိသလ္လံ၊ ရာဂအစရှိသော ငြောင့်ကို။
ဟိသစ္စံ၊ မှန်၏။
ဧတသ္မိံ၊ ထိုပုဂ္ဂိုလ်၌။
သလ္လေ၊ ရာဂအစ ရိုသောငြောင့် ကို။
အဗ္ဗု ဠေ၊ နှုတ်အပ်သည်ရှိသော်။
အဗ္ဗုဠသလ္လော၊ပ၊နိဗ္ဗုတောတိ၊ အဗ္ဗုဠသလ္လော၊ပ၊ နိဗ္ဗူတောဟူ၍။
အရဟတ္တနိကူဋေန၊ အရဟတ္တဖိုလ် ကိုအဆုံး ထားတော်မူသဖြင့်။
ဒေသနံ၊ ဒေသနာတော်ကို။
နိဋ္ဌ ပေသိ၊ ပြီး တော်မူစေ၏။
တတ္ထ၊ ထိုဂါထာ၌။
အနိဿိတောတိ၊ အနိဿိတော ဟူသည်ကား။
တဏှာဒိဋ္ဌီဟိ၊ တဏှာဒိဋ္ဌိတို့ဖြင့်။
အနိဿိတော၊ မမှီဝဲသည်ဖြစ်၍။
ပပ္ပုယျာတိ၊ ပပ္ပုယျ ဟူသည်ကား။
ပါပုဏိတွာ၊ ရောက်၍။
ဣဓ၊ ဤသုတ်၌။
သေသံ၊ အကြွင်းဖြစ်သော စကားသည်။
ဣတော၊ ဤသုတ်မှ။
ပုဗ္ဗေ၊ ရှေး၌။
ဝုတ္တက္ကာ၊ ဆိုအပ်ပြီးသည်၏အဖြစ်ကြောင့်။
ဥတ္တာနတ္ထမေ၀၊ ပေါ် သောအနက်ရှိ သည်သာလျှင်။
ယသ္မာ၊ အကြင်ကြောင့်။
ဟောဟိ၊ ဖြစ်၍။
တသ္မာ၊ ထို့ကြောင့်။
နဝဏ္ဏိတံ၊ မဖွင့်အပ်ပြီ။
ပရမတ္ထဇောတိကာယ၊ ပရမတ္ထဇောတိကာ အမည်ရှိသော။
ခုဒ္ဒကဋ္ဌကထာယ၊ ခုဒ္ဒက အဋ္ဌကထာမည်သော။
သုတ္တနိပါတဝဏ္ဏနာယ၊ သုတ္တနိပါတ်အဖွင့်၌။
သလ္လသုတ္တဝဏ္ဏနာ၊ သလ္လသုတ်၏အဖွင့်သည်။
နိဋ္ဌိတာ၊ ပြီးခြင်းသို့ ရောက်ပြီ။