အနေဇံ၊ တဏှာကင်းတော်မူပြီးထသော။
မူလဒဿဒဝိံ၊ အကုသလမူလအစရှိသောမူလတို့ကို မြင်တော်မူပြီးသောအရှင်ဘုရားသို့။
အတ္ထိပဉှေန၊ ပြဿနာကို အလိုရှိသဖြင့်။
အာဂဓံ၊ လာရောက်သည်။
အမှီ၊ ဖြစ်၏။
ဣဿယော၊ ရသေ့တို့သည် လည်းကောင်း။
မနုဇော၊ လူတို့သည် လည်းကောင်း။
ခတ္တိယာ၊ မင်းတို့သည်လည်းကောင်း။
ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်လည်းကောင်း။
ကိံ နိဿိတာ၊ အဘယ်ကိုမှီကုန်၍။
ဣဓလောကေ၊ ဤလောက၌။
ဒေဝကာနံ၊ နတ်တို့အား။
ယညံ၊ ဒေယျဓမ္မကို။
ပုထု၊ များစွာ။
အတမ္မယိံ သု၊ ပြုကျင့်ကုန်သနည်း။
ဘဂဝါ၊ ရှင်ပင်ဘုရား။
တံ၊ ထိုအကြောင်းကို။
ပုစ္ဆာမိ၊ မေးပါ၏။
တွံ၊ အရှင်ဘုရားသည်။
ဧတံ၊ ထိုအကြောင်းကို။
ဗြူဟိ၊ ဟောတော်မူပါလော။
ဣတိ၊ ဤသို့။
အာယသ္မာ၊ ရှည်သောအသက်ရှိသော။
ပုဏ္ဏကော၊ ပုဏ္ဏကအမည်ရှိသော ပုဏ္ဏားသည်။
ပုစ္ဆိ၊ မေး၏။
ပုဏ္ဏက၊ ပုဏ္ဏက ပုဏ္ဏား။
ယေကေစိ၊ ခပ်သိမ်းကုန်သော။
ဣမေသယော၊ ဤရသေ့တို့သည်လည်းကောင်း။
မနုဇာ၊ လူတို့သည်လည်းကောင်း။
ခတ္တိယာ၊ မင်းတို့သည်လည်းကောင်း။
ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်လည်းကောင်း။
အသီသမာနာ၊ ရူပါရုံအစရှိသည်ကို တောင့်တကုန်သည်ဖြစ်၍။
ဣဓလောကေ၊ ဤလောက၌။
ဒေဝတာနံ၊ နတ်တို့အား။
ယညံ၊ ယဇ်ကို။
ပုထု၊ များစွာ။
အကပ္ပယိံ သု၊ ပြုကျင့်ကုန်၏။
ပုဏ္ဏက၊ ပုဏ္ဏကပုဏ္ဏား။
ဣတ္ထဘာဝံ၊ လူအစရှိသောအဖြစ်ကို။
အာသီသမာနာ၊ တောင့်တကုန်သည်ဖြစ်၍။
ဇရံ၊ အိုခြင်းဒုက္ခကို။
သတိာ၊ မှီကုန်သည်ဖြစ်၍။
ယညံ၊ ယဇ်ကို။
အကပ္ပယိံ သု၊ ပြုကျင့်ကုန်၏။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝိဿဇ္ဇေသိ၊ ဖြေတော်မူ၏။
ဘဂဝါ၊ ဘုန်းတော်ကြီးသော။
မာရိသ၊ အရှင်ဘုရား။
ယညပတေ၊ ယဇ်၌။
အပ္ပမတ္တာ၊ မမေ့မလျော့ပြုကုန်သော။
တေ၊ ထိုသူတို့သည်။
ဇါတိံ စ၊ ပဋိသန္ဓေနေခြင်းကိုလည်းကောင်း။
ဇရဉ္စ၊ အိုခြင်းကိုလည်းကောင်း။
အတာရုံ၊ လွန်မြောက်ကုန်ပြီဟူ၍။
ကထံနု၊ အဘယ်သို့လျှင်။
ကိစ္စိသု၊ ကြားဘူးပါသနည်း။
တံ၊ ထိုအကြောင်းကို။
ပုစ္ဆာမိ၊ မေးပါ၏။
ဘဂဝါ၊ ဘုန်းတော်ကြီးသောအရှင်ဘုရား။
တွံ၊ အရှင်ဘုရားသည်။
ဧတံ၊ ထိုအကြောင်းကို။
ဗြူဟိ၊ ဟောတော်မူပါလော။
ပုဏ္ဏက၊ ပုဏ္ဏကပုဏ္ဏား။
ယေ၊ အကြင်သူတို့သည်။
အာသီသန္တိ၊ ရူပါရုံအစရှိသည်တို့ကိုတောင့်တကုန်၏။
ထောမယန္တိ၊ ယဇ်ကိုချီးမွမ်းကုန်၏။
အဘိဇပ္ပန္တိ၊ ရူပါရုံစသည်တို့ကိုတောင့်တ၍ စကားကိုဆိုကုန်၏။
ဇုဟန္တိ၊ ပေးကမ်းကုန်၏။
လာဘံ၊ ရူပါရုံစသည်တို့ကိုရခြင်းကို။
ပဋိစ္စ၊ စွဲ၍။
ကာမာဘိဇပ္ပန္တိ၊ ကာမကိုတောင့်တ၍ အဖန်တလဲလဲစကားဆိုကုန်၏။
ယာဇယောဂါ၊ ယဇ်ကိုလုံ့လပြုကုန်သော။
တေ၊ ထိုရသေ့အစရှိကုန်သောသူတို့သည်။
အာသီသနာဒီတိ၊ တောင့်တခြင်းအစရှိသည်တို့ဖြင့်။
ဘဝရာဂရတ္တာ၊ ဘဝရာဂဖြင့်တပ်ကုန်သည်ဖြစ်၍။
ဇာတိဇရံ၊ ဇာတိဇရာကို။
နာတရိံသု၊ မလွန်နှိုင်ကုန်။
ဣတိ၊ ဤသို့။
ဗြူမိ၊ ငါဘုရားဟောတော်မူ၏။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝိဿဇ္ဇေသိ၊ ဖြေတော်မူ၏။
မာရိသ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား။
ယာဇယောဂေါ၊ ယဇ်ပူဇော်ခြင်းကို လုံ့လပြုကုန်သော။
တေ၊ ထိုသူတို့သည်။
ယညေဟိ၊ ယဇ်တို့ဖြင့်။
ဇာတိဉ္စ၊ ပဋိသန္ဓေနေခြင်းကိုလည်းကောင်း။
ဇရဉ္စ၊ အိုခြင်းကိုလည်းကောင်း။
စေနာတရိံ သု၊ အကယ်၍မလွန်နိုင်ကုန်သည်ဖြစ်အံ့။
အထ၊ ထိုသို့မလွန် နိုင်ကုန်သည်ရှိသော်။
မာရိသ၊ ဘုန်းတော်ကြီးသောအရှင်ဘုရား။
စရဟိ၊ အဘယ်သို့လျှင်။
ဒေဝ မနုဿလောကေ၊ လူ့ပြည်နတ်ပြည်၌။
ကော၊ အဘယ်သူသည်။
ဇာတိဉ္စ၊ ပဋိသန္ဓေနေခြင်းကိုလည်းကောင်း။
ဇရဉ္စ၊ အိုခြင်းကိုလည်းကောင်း။
အတာရိ၊ လွန်ပြီးသနည်း။
ဘဂဝါ၊ ဘုန်းတော်ကြီးသော အရှင်ဘုရား။
တံ၊ ထိုအကြောင်းကို။
ပုစ္ဆာမိ၊ မေးပါ၏။
တွံ၊ အရှင်ဘုရားသည်။
ဧတံ၊ ထိုအကြောင်းကို။
မေ၊ အကျွန်ုပ်အား။
ဗြူဟိ၊ ဟောတော်မူပါလော။
ပုဏ္ဏက၊ ပုဏ္ဏကပုဏ္ဏား။
လောကသ္မိံ၊ သတ္တလောက၌။
ပရောပရာနိ၊ မိမိ၏အတ္တဘောသူတစ်ပါး၏အတ္တဘောအစရှိသောပရဩရတို့ကို။
သင်္ခါယ၊ ပညာဖြင့်ဆင်ခြင်၍။
ယဿ၊ အကြင်သူအား။
ကုဟိဉ္စိ၊ တစ်စုံတစ်ခုသော။
လောကေ၊ လောက၌။
ဣဉ္ဇိတံ၊ တဏှာစသောတုန်လှုပ်ခြင်းသည်။
နတ္ထိ၊ မရှိ။
သန္တော၊ ကိလေသာငြိမ်းပြီးသော။
ဝိဓူမော၊ ကိလေသာတည်းဟူသော အခိုးကင်းသော။
အနီဃော၊ ရာဂစသောနှိပ်စက်ခြင်းကင်းပြီးသော။
နိရာသော၊ ငဲ့ကွက်ခြင်းကင်းပြီးသော။
သော၊ ထိုရဟန္တာသည်။
ဇာတိဇရံ၊ ပဋိသန္ဓေနေခြင်း အိုခြင်းကို။
အတာရီတိ၊ လွန်မြောက်ပြီဟူ၍။
ဗြူမိ၊ ငါဘုရားဟောတော်မူ၏။
ဣတိ၊ ဤသို့။
ဘဂဝါ၊ မြတ်စွာဘုရားသည်။
ဝိဿဇ္ဇေတိ၊ ဖြေတော်မူ၏။
ပုဏ္ဏကမာဏဝကပုစ္ဆာ၊ ပုဏ္ဏကပုဏ္ဏားလုလင်၏အမေးသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။