Issues
Select Version
莊春江讀經站
繁体中文
နိဿယ
မြန်မာဘာသာ
法护-Dhammapāla
中文
Milindapañhapāḷi
Milindapañhapāḷi

1. Anumānapañho

Author: နိဿယ @ IAPT

အထခေါ၊ ထိုအခါ၌။ မိလိန္ဒော၊ မိလိန္ဒအမည်ရှိသော။ ရာဇာ၊ မင်းသည်။ ယေန၊ အကြင်အရပ်၌။ အာယသ္မာနာဂသေနော၊ အရှင်နာဂသိန်သည်။ အတ္ထိ၊ ရှိ၏။ တေန၊ ထိုအရပ်သို့။ ဥပသင်္ကမိ၊ ကပ်လေ၏။ ဥပသင်္ကမိတွာ၊ ကပ်လေပြီး၍။ အာယသ္မန္တံနာဂသေနံ၊ အရှင်နာဂသိန်ကို။ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုး၍။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌။ နိသီဒိ၊ ထိုင်နေ၏။ ဧကမန္တံ၊ သင့်တင့်လျောက်ပတ်သောအရပ်၌။ နိသိန္နောခေါ၊ ထိုင်နေပြီးသော။ မိလိန္ဒေါ၊ မိလိန္ဒအမည်ရှိသော။ ရာဇာ၊ မင်းသည်။ ဉာတုကာမော၊ သိလို၍။ သောတုကာမော၊ နာလို၍။ ဓာရေတုကာမော၊ ဆောင်လို၍။ ဉာဏာလောကံ၊ ဉာဏ်အရောင်အလင်းကို။ ဒဋ္ဌုကာမော၊ ကြည့်မြင်လို၍။ အဉာဏံ၊ မသိမြင်ခြင်းမောဟကို။ ဘိန္ဒိတုကာမော၊ ပယ်ဖျက်လို၍။ ဉာဏာလောကံ၊ ဉာဏ်အရောင်အလင်းကို။ ဥပ္ပါဒေတုကာမော၊ ဖြစ်စေလို၍။ အဝိဇ္ဇန္ဓကာရံ၊ အဝိဇ္ဇာမှောင်ကို။ နာသေတုကာမော၊ ဖျက်ဆီးလို၍။ အဓိမတ္တံ၊ လွန်ကဲစွာသော။ ဓိတိဉ္စ၊ တည်ကြည်ခြင်းကို၎င်း။ ဥဿာဟဉ္စ၊ ဝီရိယကိုလည်းကောင်း။ ဥပဌပေတွာ၊ ရှေးရှုဖြစ်စေ၍။ အာယသ္မန္တံနာဂသေနံ၊ အရှင်နာဂသိန်ကို။ ဧတံ၊ ဤစကားကို။ အဝေါစ၊ လျှောက်၏။ ကိံအဝေါစ၊ အသို့လျှောက်သနည်း။ ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဗုဒ္ဓေါ၊ ဘုရားရှင်ကို။ တယာ၊ အရှင်မြတ်သည်။ ဒိဋ္ဌောကိံပန၊ မြင်ဖူးပါ၏လော။ ဣတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ နဟိ၊ မမြင်ဖူးပေ။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
တေ၊ အရှင်မြတ်၏။ အာစရိယေဟိ၊ ဆရာရှင်တို့သည်။ ဗုဒ္ဓေါ၊ ဘုရားရှင်ကို။ ဒိဋ္ဌောကိံပန၊ မြင်ဖူးပါ၏လော။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ နဟိ၊ မမြင်ဖူးကြပေ။ ဣတိ၊ ဤဿို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဗုဒ္ဓေါ၊ ဘုရားရှင်ကို။ တယာ၊ အရှင်မြတ်သည်။ နဒိဋ္ဌောကိရ၊ မမြင်ဖူးလေသတတ်။ တေ၊ အရှင်မြတ်၏။ အာစရိယေဟိ၊ ဆရာရှင်တို့သည်။ ဗုဒ္ဓေါ၊ ဘုရားရှင်ကို။ နာပိဒိဋ္ဌောကိရ၊ မမြင်လည်း မမြင်ဖူးလေသတတ်။ ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ တေနဟိ၊ ထိုသို့ဖြစ်ခဲ့မူကား။ ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ နတ္ထိ၊ မရှိပေတကား။ ဟိ၊ ထိုသို့ဆိုသင့်စွ။ ဧတ္ထ၊ ဤအရာ၌။ ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ နပညာယတိ၊ မထင်ရှာချေ။ ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေတေ၊ အကြင်မင်းတို့သည်။ တဝ၊ သင်၏။ ခတ္တိယဝံသဿ၊ မင်းမျိုးမင်းနွယ်၏။ ပုဗ္ဗင်္ဂမာ၊ ရှေ့သွားဖြစ်ကုန်၏။ ပုဗ္ဗကာ၊ ရှေ့သွားဖြစ်ကုန်သော။ တေခတ္တိယာ၊ ထိုမင်းတို့သည်။ အတ္ထိပန၊ ရှိပါကုန်၏လော။ ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်မြတ်။ အာမ၊ ဪရှိပါ၏။
ကောသံသယော၊ အဘယ်သို့ယုံမှားသနည်း။ ယေခတ္တိယာ၊ အကြင်မင်းတို့သည်။ မမ၊ အကျွန်ုပ်၏။ ခတ္တိယဝံသဿ၊ မင်းမျိုးမင်းနွယ်၏။ ပုဗ္ဗင်္ဂမာ၊ ရှေ့သွားဖြစ်ကုန်၏။ ပုဗ္ဗကာ၊ ရှေ့သွားဖြစ်ကုန်သော။ ကေခတ္တိယာ၊ ထိုမင်းတို့သည်။ အတ္ထိ၊ ရှိကုန်၏။ ဣတိ၊ ဤသို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ တယာ၊ သင်တို့သည်။ ပုဗ္ဗကာ၊ ရှေ့သွားဖြစ်ကုန်သော။ ခတ္တိယာ၊ မင်းတို့ကို။ ဒိဋ္ဌပုဗ္ဗာ၊ မြင်ဖူးပါကုန်၏လော။ ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။ နဟိ၊ မမြင်ဖူးပေ။
ဣတိ၊ ဤသို့လျှောက်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနအာစရိယာ၊ အကြင်ဆရာတို့သည်။ တံ၊ သင့်ကို။ အနုသာသန္တိ၊ ဆုံးမကုန်၏။ ပုရောဟိတာ၊ ပုရောဟိတ်တို့လည်းကောင်း။ သေနာပတိနော၊ စစ်သူကြီးတို့လည်းကောင်း။ အက္ခဒုဿာ၊ တရားဆုံးဖြတ်တတ်ကုန်သော။ မဟာမတ္တာ၊ အမတ်ကြီးတို့လည်းကောင်း။ ဣတိ၊ ဤသို့။ တေဟိ၊ ထိုဆရာတို့သည်။ ပုဗ္ဗကာ၊ ရှေ့သွားဖြစ်ကုန်သော။ ခတ္တိယာ၊ မင်းတို့ကို။ ဒိဋ္ဌပုဗ္ဗာ၊ မြင်ဖူးပါကုန်၏လော။ ဣတိ၊ ဤသို့မေးတော်မူ၏။
ဘန္တေ၊ အရှင်ဘုရား။ နဟိ၊ မမြင်ဖူးပေ။
ဣတိ၊ ဤသို့လျှောက်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ တေ၊ သင်သည်။ ပုဗ္ဗကာ၊ ရှေ့သွားဖြစ်ကုန်သော။ ခတ္တိယာ၊ မင်းတို့ကို။ ယဒိပနနဒိဋ္ဌာ၊ အကယ်၍မမြင်ဖူးကုန်အံ့။ တေ၊ သင်အား။ အနုသာသကေဟိ၊ ဆုံးမတတ်သောဆရာတို့သည်။ ပုဗ္ဗကာ၊ ရှေ့သွားဖြစ်ကုန်သော။ ခတ္တိယာ၊ မင်းတို့ကို။ နာပိဒိဋ္ဌာကိံ၊ မမြင်လည်းမမြင်ဖူးလေကုန်သတတ်။ တေနဟိ၊ ထိုသို့ဖြစ်ခဲ့မူကား။ ပုဗ္ဗကာ၊ ရှေ့သွားဖြစ်ကုန်သော။ ခတ္တိယာ၊ မင်းတို့သည်။ နတ္ထိ၊ မရှိကုန်။ ဟိ၊ ထိုသို့ဆိုသင့်စွ။ ဧတ္ထ၊ ဤအရာ၌။ ပုဗ္ဗကာ၊ ရှေ့သွားဖြစ်ကုန်သော။ ခတ္တိယာ၊ မင်းတို့သည်။ နပညာယန္တိ၊ မထင်ရှားချေ။ ဣတိ၊ ဤဿို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ပုဗ္ဗကာနံ၊ ရှေ့သွားဖြစ်ကုန်သော။ ခတ္တိယာနံ၊ မင်းတို့၏။ အနုဘူတာနိ၊ သုံးဆောင်ခံစားဖွယ်ဖြစ်ကုန်သော။ ပရိဘောဂဘဏ္ဍာနိ၊ အသုံးအဆောင် ဘဏ္ဍာတော်တို့သည်။ ဒိဿန္တိ၊ ထင်ရှားကုန်၏။
သေယျထိဒံ၊ အဘယ်နည်းဟူမူကား။ သေတစ္ဆတ္တံ၊ ထီးဖြူတော်။ ဥဏှီသံ၊ သင်းကျစ်တော်။ ပါဒုကာ၊ ခြေနင်းတော်။ ဝါလဗီဇနီ၊ သားမြီးယပ်တော်။ ခဂ္ဂရတနံ၊ သန်လျက်တော်ရတနာ။ စ၊ ထို့ပြင်။ မဟာရဟာနိ၊ မြတ်သောသူတို့သာထိုက်ကုန်သော။ သယနာနိ၊ ရာဇပလ္လင်တော်တို့သည်။
ယေဟိ၊ အကြင်ဘဏ္ဍာတော်တို့ဖြင့်။ မယံ၊ အကျွန်ုပ်တို့သည်။ ပုဗ္ဗကာ၊ ရှေ့သွားဖြစ်ကုန်သော။ ခတ္တိယာ၊ မင်းတို့သည်။ အတ္ထိ၊ ရှိကုန်၏ဟု။ ဇာနေယျာမ၊ သိရကုန်၏။ သဒ္ဒဟေယျာမ၊ ယုံကြည်ရကုန်၏။ ဣတိ၊ ဤဿို့လျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ မယံပိ၊ ငါတို့သည်လည်း။ ဧတံဘဂဝန္တံ၊ ထိုမြတ်စွာဘုရားကို။ ဇာနေယျာမ၊ သိရကုန်၏။ သဒ္ဒဟေယျာမ၊ ယုံကြည်ရကုန်၏။
ယေနကာရဏေန၊ အကြင်အကြောင်းဖြင့်။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ အတ္ထီတိ၊ ရှိ၏ဟူ၍။ မယံ၊ ငါတို့သည်။ ဇာနေယျာမ၊ သိရကုန်၏။ သဒ္ဒဟေယျာမ၊ ယုံကြည်ရကုန်၏။ တံကာရဏံ၊ ထိုအကြောင်းသည်။ အတ္ထိ၊ ရှိ၏။
တံကာရဏံ၊ ထိုအကြောင်းသည်။ ကတမံ၊ အဘယ်နည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇာနတာ၊ သစ္စာလေးပါးကို သိတော်မူသော။ ပဿတာ၊ သစ္စာလေးပါးကိုမြင်တော်မူသော။ အရဟတာ၊ ပူဇော်အထူးကို ခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေန၊ မဖောက်မပန် ကိုယ်တော်တိုင် သိတော်မူသော။ တေနဘဂဝတာ၊ ထိုမြတ်စွာဘုရားသည်။ အနုဘူတာနိ၊ သုံးဆောင်ခံစားဖွယ်ဖြစ်ကုန်သော။ ပရိဘောဂဘဏ္ဍာနိ၊ အသုံးအဆောင်ဘဏ္ဍာတော်တို့သည်။ အတ္ထိခေါ၊ ရှိကုန်သည်သာတည်း။
သေယျထိဒံ၊ အဘယ်နည်း။ စတ္တာရော၊ လေးပါးကုန်သော။ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့လည်းကောင်း။ စတ္တာရော၊ လေးပါးကုန်သော။ သမ္မပ္ပဓာန၊ သမ္မပ္ပဓာန်တို့လည်းကောင်း။ စတ္တာရော၊ လေးပါးကုန်သော။ ဣဒ္ဓိပါဒါ၊ ဣဒ္ဓိပါဒ်တို့လည်းကောင်း။ ပဉ္စ၊ ငါးပါးကုန်သော။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့လည်းကောငး။ ပဉ္စ၊ ငါးပါးကုန်သော။ ဗလာနိ၊ ဗိုလ်တို့လည်းကောင်း။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တို့လည်းကောင်း။ အရိယော၊ ဖြူစင်သော။ အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော။ မဂ္ဂေါ၊ မဂ်လည်းကောင်း။ ယေဟိ၊ အကြင်သုံးဆောင်တော်မူရာတရားတို့ဖြင့်။ သဒေပကော၊ နတ်နှင့်တကွသော။ လောကော၊ လူအပေါင်းသည်။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိတော်မူ၏။ ဣတိ၊ ဤသို့။ ဇာနာတိ၊ သိ၏။ သဒ္ဒဟတိ၊ ယုံကြည်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမိနာကာရဏေန၊ ဤသို့သော အကြောင်းဖြင့်။ ဣမိနာဟေတုနာ၊ ဤသို့သော အထောက်အပံ့ဖြင့်။ ဣမိနာနယေန၊ ဤသို့သောနည်းဖြင့်။ ဣမိနာအနုမာနေန၊ ဤသို့သော ရမ်းဆခြင်းဖြင့်။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ဉာတဗ္ဗော၊ သိအပ်၏။
သောဘဂဝါ၊ အကြင်မြတ်စွာဘုရားသည်။ ဗဟူဇနေ၊ များစွာသောဗိုလ်လူအပေါင်းတို့ကို။ တာရယိတွာ၊ နိဗ္ဗာန်သို့ ကယ်တင်ပြီး၍။ ဥပဓိက္ခယေ၊ ဥပဓိကုန်ခြင်းကြောင့်။ နိဗ္ဗုတော၊ ပရိနိဗ္ဗာန်စံတော်မူ၏။
သောဒွိပုတ္တပမာ၊ ထိုဘုရားရှင်သည်။ အတ္ထိ၊ ရှိ၏ဟု။ အနုမာနေန၊ ရမ်းဆသောအားဖြင့်။ ဉာတဗ္ဗံ၊ သိအပ်၏။ ဣတိ၊ ဤကား အသင်္ဂဟဂါထာအနက်တည်း။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဩပမ္မံ၊ ဥပမာကို။ ကရောတိ၊ ပြုတော်မူပါလော။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ နဂရဝဍ္ဎကီ၊ မြို့ပြလက်သမားသည်။ နဂရံ၊ မြို့ကို။ မာပေတုကာမော၊ ဖန်ဆင်းလိုသည်ဖြစ်၍။ ပဌမန္တာဝ၊ ရှေးဦးစွာ။ သမံ၊ ညီညွတ်သော။ အနုနကံ၊ မမြင့်မောက်သော။ အနောဏတံ၊ မနိမ့်နင်းသော။ အာက္ခရံ၊ ကျောက်စရစ်မရှိသော။ အပါသာဏံ၊ ကျောက်ခဲမရှိသော။ နိရုပဒ္ဒပံ၊ ဥပဒ္ဒဝေါကင်းသော။ အနဝဇ္ဇံ၊ အပြစ်မရှိသော။ ရမဏီယံ၊ မွေ့လျော်ဖွယ်ရှိသော။ ဘူမိဘာဂံ၊ မြေအဖို့ကို။ အနုဝိ‌လောကေတွာ၊ ကြည့်ရှု၍။ တတ္ထ၊ ထိုမြေအဘို့၌။ ယံဝိသမံ၊ အကြင်မညီညွတ်ခြင်းသည်။ အတ္ထိ၊ ရှိ၏။ ဟံဝိသမံ၊ ထိုမညီညွတ်သည်ကို။ ကာရာပေတွာ၊ ပြုပြင်စေ၍။ ခါဏုကဏ္ဋကံ၊ သစ်ငုတ်ဆူးငြောင့်ကို။ ဝိသောဓာပေတွာ၊ သုတ်သင်စေ၍။ တတ္ထ၊ ထိုမြေအဖို့၌။ နဂရံ၊ မြို့ကို။ မာပေယျ၊ ဖန်ဆင်းရာ၏။ ဘာဂသော၊ အဘို့အားဖြင့်။ သောဘဏံ၊ တင့်တယ်စွာ။ ဝိဘတ္တံ၊ ဝေဖန်ခွဲခြမ်းအပ်၍။ မိတံ၊ နှိုင်းယှဉ်အပ်သော။ ဥက္ကိဏ္ဏပရိခါပါကာရံ၊ ရောပြွမ်းသော ကြုံးကံတိုင်းလည်းရှိထသော။ ဒဠှဂေါပုရဋ္ဋာလ ကောဋ္ဋကံ၊ မြဲမြံခိုင်ခံ့သော တံခါးမုခ်ပြအိုးကျည်ကြရှိထသော။ ပုထုစစ္စရစတုက္ကသန္ဓိသိင်္ဃာဋကံ၊ များစွာသော လမ်းကွေ့ လမ်းလေးခွ လမ်းဆုံအစပ်ရှိထသော။ သုစိံ၊ စင်ကြယ်စွာသော။ သမတလရာဇမဂ္ဂံ၊ ကောင်းစွာ ညီညွတ်သောအပြင်ရှိသော မင်းလမ်းကို။ သုဝိဘတ္တံ၊ ကောင်းစွာဝေဖန်အပ်ထသော။ အန္တရာပဏံ၊ အိမ်ဈေးရှိထသော။ အာရာမုယျာန တဠာကပေါက္ခရဏီဥဒပါနသမ္ပန္နံ၊ အရံဥယျာဉ် တဖက်ဆည်ကန် လေးထောက်ကန် ရေတွင်းနှင့်ပြည့်စုံထသော။ ဗဟုဝိဓဒေဝဋ္ဌာနပ္ပဋိမဏ္ဍိတံ၊ များစွာသော နေမင်း၏နေရာနန်းတော်အိမ်တော်ဖြင့်တန်ဆာဆင်အပ်ထသော။ သဗ္ဗဒေါသဝိရဟိတံ၊ အလုံးစုံသောအပြစ်တို့မှ ကင်းထသော။ နဂရံ၊ မြို့ကို။ မာပေယျ၊ ဖန်ဆင်းရာ၏။ သော၊ ထိုမြို့ပြလက်သမားသည်။ တသ္မိံနဂရေ၊ ထိုမြို့သည်။ သဗ္ဗထာယော၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်သာလျှင်။ ဝိပုလ္လတ္တံ၊ ကြီးကျယ်ပြန့်ပြောသည့်အဖြစ်သို့။ ပတ္တေ၊ ရောက်သည်ရှိသော်။ အညံ၊ တပါးသော။ ဒေသံ၊ အရပ်သို့။ ဥပဂစ္ဆေယျ၊ ရောက်ရာ၏။ အထပစ္ဆာ၊ ထို့နောင်မှ။ အပရေန၊ တပါးသော။ သမယေန၊ အခါ၌။ ဣဒ္ဓံ၊ ပြည့်စုံထသော။ ဖီတံ၊ စည်ပင်ပွင့်လင်းထသော။ သုဘိက္ခံ၊ ဝပြောထသော။ ခေမံ၊ ဘေးမရှိထသော။ သမိဒ္ဓံ၊ ကောင်းစွာပြည့်စုံထသော။ သီဝံ၊ ချမ်းအေးထသော။ အနီတိကံ၊ ဘေးရန်မရှိထသော။ နိရုပဒ္ဒဝံ၊ ဥပဒ္ဒဝေါကင်းထသော။ နာနာဇူနသမာကုလံ၊ အထူးထူးသောလူမျိုးတို့ဖြင့် ပြွမ်းထသော။ တံနဂရံ၊ ထိုမြို့သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ ပုထူ၊ များစွာကုန်သော။ ခတ္တိယာ၊ မင်းတို့သည်လည်းကောင်း။ ဗြာဟ္မဏာ၊ ပုဏ္ဏားတို့သည်လည်းကောင်း။ ဝေဿာ၊ ကုန်သည်တို့သည်လည်း။ သုဒ္ဒါ၊ သူဆင်းရဲတို့သည်လည်ကောင်း။ ဟတ္ထာရောဟာ၊ ဆင်စီးသူရဲတို့သည်လည်းကောင်း။ အဿရောဟာ၊ မြင်းစီးသူရဲတို့သည်လည်းကောင်း။ ရထိကာ၊ ရထားစီးသူရဲတို့သည်လည်းကောင်း။ ပတ္တိကာ၊ ခြေသည် သူရဲတို့သည်လည်းကောင်း။ ဓနုဂ္ဂဟာ၊ လေးသမားတို့သည်လည်းကောင်း။ ထရုဂ္ဂဟာ၊ ဓါးကိုင်သမားတို့သည်လည်းကောင်း။ စေလကာ၊ တံခွန်ကိုင်ရှေ့သွားသူရဲတို့သည်လည်းကောင်း။ စလကာ၊ စစ်တပ်နေရာချ ပေးသူတို့သည်လည်းကောင်း။ ပိဏ္ဍဒါယကာ၊ စစ်တိုက်စဉ်ထမင်းပေးသမားတို့သည်လည်းကောင်း။ ဥဂ္ဂါ၊ စစ်၌ကျက်စာကျော်ကြားကုန်သော။ ရာဇပုတ္တာ၊ မင်းသားတို့သည်လည်းကောင်း။ ပက္ခန္ဒိနော၊ အလိုရှိသောဦးခေါင်းလက်နက်စသည်ကို ဆောင်ယူကုန်သောသူရဲတို့သည်လည်းကောင်း။ မဟာနာဂါ၊ ဆင်ပြောင်အလားရဲရင့်သော သူရဲတို့သည်လည်းကောင်း။ သူရာ၊ အလွန်ရဲကုန်သော သူရဲတို့သည်လည်းကောင်း။ ဝမ္မိနော၊ ချပ်ဝတ်သူရဲတို့သည်လည်းကောင်း။ ယောမိနော၊ စစ်သည်တို့သည်လည်းကောင်း။ ဒါသိကပုတ္တာ၊ ကျွန်မ သားတို့သည်လည်းကောင်း။ ဘဋိပုတ္တာ၊ အခစား၏ သားတို့သည်လည်းကောင်း။ မလ္လိကာ၊ လက်ပမ်းသမားတို့သည်လည်းကောင်း။ ဂဏကာ၊ ဂဏန်းသမားတို့သည်လည်းကောင်း။ အာဠာရိကာ၊ ထမင်းချက်သမားတို့သည်လည်းကောင်း။ သူဒါ၊ စားဖိုသည်တို့သည်လည်းကောင်း။ ကပ္ပကာ၊ ဆေတ္တာသည်တို့သည်လည်းကောင်း။ နဟာပကာ၊ ရေချိုးသမားတို့သည်လည်းကောင်း။ စုန္ဒာ၊ ပန်းပွတ်သမားတို့သည်လည်းကောင်း။ မာလာကာရာ၊ ပန်းကုံးသမားတို့သည်လည်းကောင်း။ သုဝဏ္ဏကာရာ၊ ရွှေပန်းထိမ်သမားတို့သည်လည်းကောင်း။ သဇ္ဈုကာရာ၊ ငွေပန်းထိမ်သမားတို့သည်လည်းကောင်း။ သီသကာရာ၊ သလွှဲမည်သမားတို့သည်လည်းကောင်း။ တိပုကာရာ၊ သလွှဲဖြူသမားတို့သည်လည်းကောင်း။ လောဟကာရာ၊ ပန်းဘဲသမားတို့သည်လည်းကောင်း။ ဝဋ္ဋကာရာ၊ ကြေးသွန်းသမားသည်လည်းကောင်း။ အယောကာရာ၊ သံသမားတို့သည်လည်းကောင်း။ မဏိကာရာ၊ ပတ္တမြားသမားတို့သည်လည်ကောင်း။ ပေသကာရာ၊ ယက်ကန်းသမားတို့သည်လည်းကောင်း။ ကုမ္ဘကာရာ၊ အိုးထိန်းသည်တို့သည်လည်းကောင်း။ ဝေဏုကာရာ၊ ဒေါင်းရွေသမား နှီးသမားတို့သည်လည်းကောင်း။ လောဏကာရာ၊ ဆားချက်သမားတို့သည် လည်းကောင်း။ ဓမ္မကာရာ၊ သားရေသမားတို့သည်လည်းကောင်း။ ရထကာရာ၊ ရထားသမားတို့သည်လည်းကောင်း။ ဒန္တကာရာ၊ ဆင်စွယ်ပွတ်သမားတို့သည်လည်းကောင်း။ ရဇ္ဇုကာရာ၊ ကြိုးကျစ်သမားတို့သည်လည်းကောင်း။ ကောစ္ဆကာရာ၊ ဘီးသမားတို့သည်လည်ကောင်း။ သုတ္တကာရာ၊ ချည်သမားတို့သည်လည်းကောင်း။ ဝိလီဝကာရာ၊ နှီးသမားတို့သည်လည်းကောင်း။ ဓနုကာရာ၊ လေးလုပ်သမားတို့သည်လည်းကောင်း။ ဇိယကာရာ၊ လေးကြိုးသမားတို့သည်လည်းကောင်း။ ဥဿုကာရာ၊ မြှားသမားတို့သည်၎င်း။ စိတ္တကာရာ၊ ပန်းချီသမားတို့သည်လည်းကောင်း။ ရင်္ဂကာရာ၊ ပန်းဆိုးသမားတို့သည်လည်းကောင်း။ ရဇကာ၊ ခဝါဖွပ်သမားတို့သည်လည်းကောင်း။ တန္တဝါယာ၊ ယက်ကန်းရက်သမားတို့သည်၎င်း။ တုန္နဝါယာ၊ အပ်ချုပ်သမားတို့သည်လည်းကောင်း။ ဟေရညိကာ၊ ငွေမှုတ်သမားတို့သည်လည်းကောင်း။ ဒုဿိကာ၊ အထည်သမားတို့သည်လည်းကောင်း။ ဂန္ဓိကာ၊ သနပ်ခါးသွေးသမားတို့သည်လည်းကောင်း။ တိဏဟာရကာ၊ မြက်ထမ်းသမားတို့သည်လည်းကောင်း။ ကဋ္ဌဟာရကာ၊ ထင်းထမ်းသမားတို့သည်လည်းကောင်း။ ဘဋကာ၊ အမှုလုပ်သူခစားတို့သည်လည်းကောင်း။ ပဏ္ဏိကာ၊ ဟင်းရွက်သမားတို့သည်လည်းကောင်း။ ဖလိကာ၊ ဟင်းသီးသမားတို့သည်လည်ကောင်း။ မူလိကာ၊ ဥရောင်းသမားတို့သည်လည်းကောင်း။ ဩဒနိကာ၊ ထမင်းရောင်းသမားတို့သည်လည်းကောင်း။ ပူဝိကာ၊ မုန့်သည်လည်းကောင်း။ မစ္ဆိကာ၊ ငါးသည်လည်းကောင်း။ မံသိကာ၊ မီးသွေးသမားတို့သည်လည်းကောင်း။ မဇ္ဇိကာ၊ သေသည်တို့သည်လည်းကောင်း။ နဋကာ၊ ကချေသည်တို့သည်လည်းကောင်း။ နစ္စကာ၊ အငြိမ့်သည်တို့သည်လည်းကောင်း။ လင်္ဃိကာ၊ ဂျွမ်းသမားတို့သည်လည်းကောင်း။ ဣန္ဒဇာထိကာ၊ မျက်လှည့်သမားတို့သည်လည်းကောင်း။ ဝေတာလိကာ၊ မောင်းတီးသမားတို့သည်လည်းကောင်း။ မလ္လာ၊ လက်ဝှေ့သမားတို့သည်လည်းကောင်း။ ဆဝဍာဟကာ၊ သူကောင်မြိုက်သမားတို့သည်လည်းကောင်း။ ပုပ္ဖဆဋ္ဋကာ၊ ပန်းမှိုက်သွန်ဘင်ကျုံးသမားတို့သည်လည်းကောင်း။ ဝေနာ၊ နှီးယက်သမားတို့သည်လည်းကောင်း။ နေသာဒါ၊ မုဆိုးတို့သည်လည်းကောင်း။ ဂဏိကာ၊ ပြည့်တန်ဆာတို့သည်လည်းကောင်း။ ထာသိကာ၊ ယိမ်းကဟန်သမားတို့သည်လည်းကောင်း။ ကုမ္ဘဒါသိယော၊ အိုးထိန်းကျွန်မတို့သည်လည်းကောင်း။ သက္ကယဝနစီနဝိလာတာ၊ သက္ကတိုင်းယွန်းတိုင်းစိန့်တိုင်း ဝိလာဘတိုင်းသားတို့သည်လည်းကောင်း။ ဥဇ္ဇေနကာ၊ ဥဇ္ဇေနီပြည်သားတို့သည်လည်းကောင်း။ ဘာရုကစ္ဆကာ၊ ဘာရုကစ္ဆအရပ်သားတို့သည်လည်းကောင်း။ ကာသိကောသလာပရန္တကာ၊ ကာသိတိုင်းသား ကောသလတိုင်းသား အပရန္တတိုင်းတို့သည်လည်းကောင်း။ မာဂဓကာ၊ မာဂဓတိုင်းသားတို့သည်လည်းကောင်း။ သာကေတကာ၊ သာကေတမြို့သားတို့သည်လည်းကောင်း။ သောရေယျကာ၊ သောရေယျတိုင်းသားတို့သည်လည်းကောင်း။ ပါဝေယျကာ၊ ပါဝေယျတိုင်းသားတို့သည်လည်ကောင်း။ ကောဋုမ္ဗရမာထုရကာ၊ ကောဋုမ္ဗတိုင်းမာထုရပ်အရပ်သားတို့သည်လည်းကောင်း။ အလသန္ဒကသ္မိရဂန္ဓာရာ၊ အလသန်အရပ်ကသ္မိရတိုင်း ဂန္ဓာရတိုင်းသားတို့သည်လည်းကောင်း။ တံနဂရံ၊ ထိုမြို့သို့။ ဝါသာယ၊ နေခြင်းငှာ။ ဥပဂတာ၊ ကပ်ရောက်ကုန်သော။ နာနာဝိသယိနော၊ အထူးထူးသောအလိုရှိကုန်သော။ ဇနာ၊ လူတို့သည်။ နဝံ၊ အသစ်ဖြစ်သော။ သုဝိဘတ္တံ၊ ကောင်းစွာဝေဖန်အပ်သော။ အဒေါသံ၊ အပြစ်မရှိသော။ အနဝဇ္ဇံ၊ စွပ်စွဲကဲ့ရဲ့ရန်မရှိသော။ ရမဏိယံ၊ မွေ့လျော်ဖွယ်ရှိသော။ တံနဂရံ၊ ထိုမြို့ကို။ ပဿိတွာ၊ မြင်ရ၍။ ဘော၊ အိုအချင်းတို့။ ယော၊ အကြင်လက်သမားသည်။ ဣမဿနဂရဿ၊ ဤမြို့ကို။ မာပေတိ၊ ဖန်ဆင်း၏။ သောနဂရဝဍ္ဎကီ၊ ထိုမြို့ပြုလက်သမားသည်။ ဆေကောဝတ၊ လိမ်မာစွတကား။ ဣတိ၊ ဤသို့။ အနုမာနေန၊ အမြင်နှိုင်းဆသဖြင့်။ ဇာနန္တိ၊ သိနိုင်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ အသမော၊ သူတပါးနှင့်တူတော်မမူသော။ အသမသမော၊ အတုမဲ့သောဘုရားတို့နှင့်သာတူတော်မူသော။ အပ္ပဋိသမော၊ အပြိုင်ကင်းတော်မူသော။ အသဒိသော၊ အတူကင်းတော်မူသော။ အတုလော၊ နှိုင်းယှဉ်ဘက်ကင်းတော်မူသော။ အသင်္ချေယျော၊ မရေတွက်အပ်သော။ အပ္ပမေယျော၊ မနှိုင်းချိန်နိုငသော။ အပရိမေယျော၊ မရေတွက်နိုင်သော။ အမိဘဂုဏော၊ မနှိုင်းယှဉ်နိုင်သောဂုဏ်ရှိတော်မူသော။ ဂုဏပါရမိပ္ပတ္တော၊ ဂုဏ်ကျေးဇူးတာ်၏အထွဋ်အမြတ်သို့ရောက်တော်မူသော။ အနန္တဓိဟိ၊ အဆုံးမရှိသောဉာဏ်ရှိတော်မူသော။ အနန္တတေဇော၊ အဆုံးမရှိသော တန်ခိုးရှိတော်မူသော။ အနန္တဝီရိယော၊ အဆုံးမရှိသောလုံ့လရှိတော်မူသော။ အနန္တဗလော၊ အဆုံးမရှိသော အားစွမ်းရှိတော်မူသော။ ဗုဒ္ဓဗလပါရမိံ၊ ဘုရားရှင်၏အားတော်ပါရမီတော်သို့။ ဂတော၊ ရောက်ပေတော်မူသော။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ သသေနမာရံ၊ စစ်သည်အပေါင်းနှင့်တကွသောမာရ်မင်းကို။ ပရာဇေတွာ၊ ရှုံးစေ၍။ ဒိဋ္ဌိဇာလံ၊ အယူမှားသောကွန်ယက်ကို။ ပဒါ့လေတွာ၊ ဖောက်ခွဲ၍။ အဝိဇ္ဇံ၊ အဝိဇ္ဇာကို။ ခေပေတွာ၊ ကုန်စေ၍။ ဝိဇ္ဇံ၊ ပညာဉာဏ်ကို။ ဥပ္ပါဒေတွာ၊ ဖြစ်ပေါ်စေ၍။ ဓမ္မုက္ကံ၊ တရားမီးတိုင်ကို။ ဓာရယိတွာ၊ ထွန်းညှိတော်မူ၍။ သဗ္ဗညုတံ၊ အကြွင်းမဲ့သိမြင်နိုင်သောဘုရားအဖြစ်သို့။ ပါပုဏိတွာ၊ ရောက်တော်မူလတ်၍။ ဝိဇိတသင်္ဂါမော၊ အောင်ပြီးသောစစ်သည်ရှိ၍။ ဓမ္မနဂရံ၊ တရားမြို့တော်ကြီးကို။ မာပေသိ၊ ဖန်ဆင်းတည်ထော်တော်မူလေပြီ။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ခေါ၊ ဧကန်စင်စစ်လျှင်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနရဂံ၊ တရားမြို့တော်ကြီးသည်ကား။ သီလပါကာရံ၊ သီလဟူသောမြို့ရိုးရှိ၏။ ဟီရိပရိက္ခံ၊ ဟီရိဟူသောကျုံးမြောင်းရှီ၏။ ဉာဏဒွါရကောဋ္ဌကံ၊ ဥာဏ်တော်ဟူသောတံခါးမုတ်ရှိ၏။ ဝီရိယအဋ္ဋာလကံ၊ ဝီရိယဟူသော ပစ္စင်ရင်ထားရှိ၏။ သဒ္ဓါဧသိကံ၊ သဒ္ဓါဟူသော တံခါးတိုင်ရှိ၏။ သတိဒေါဝါရိကံ၊ သတိဟူသောတံခါးစောင့်ရှိ၏။ ပညာပါသာဒံ၊ ပညာဟူသောပြာသာဒ်ရှိ၏။ သုတ္တန္တစစ္စရံ၊ သုတ္တန်ဟူသောခရီးဆုံရှိ၏။ အဘိဓမ္မာသိင်္ဃာတကံ၊ အဘိဓမ္မာဟူသောခရီးလမ်းစပ်အကြားရှိ၏။ ဝိနယဝိနိစ္ဆယံ၊ ဝိနည်းဟူသောခရီးအဆုံးအဖြတ်အပိုင်းအခြားရှိ၏။ သတိပဋ္ဌာနဝီလိကံ၊ သတိပဋ္ဌာန်လေးပါးဟူသောခရီးလမ်းမလမ်းသေးရှိ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ပန၊ အထူးကား။ တဿခေါ၊ ထိုတရားမြို့တော်ကြီး၏လျှင်။ သတိပဋ္ဌာနဝီလိယံ၊ သတိပဋ္ဌာန်ခရီးလမ်းမတော်၌။ ဧဝရူပါ၊ ဤသို့သဘောရှိကုန်သော။ အာပဏာ၊ ကုန်ရုံဈေးတော်တို့သည်။ ပသာရိတာ၊ ဖြန့်ခင်းရောင်းချကုန်သည်။ ဟောန္တိ၊ ဖြစ်၏။
သေယျထိဒံ၊ အဘယ်ကုန်ရုံဈေးတိုက်တို့နည်းဟူမူကား။ ပုပ္ဖာပဏံ၊ ပန်းအမျိုးမျိုးဈေးတော်။ ဂန္ဓာပဏံ၊ နံ့သာအမျိုးမျိုးဈေးတော်။ ဖလာပဏံ၊ အသီးအမျိုးမျိုဈေးတော်။ အဂဒါပဏံ၊ အဆိပ်ဆေးအမျိုးဈေးတော်။ ဩသဓာပဏံ၊ ဆေးအမျိုးမျိုးဈေးတော်။ အမတာပဏံ၊ အမြိုကဈေးတော်။ ရတနာပဏံ၊ ရတနာအမျိုးမျိုးဈေးတော်။ သဗ္ဗာပဏံ၊ ကုန်စုံအမျိုးမျိုးဈေးတော်။ ဣတိ၊ ဤဈေးတော်မျိုးရှိပေသတည်း။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဗုဒ္ဓဿ၊ သစ္စာလေးအင်သိမြင်တော်မူသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ပုပ္ဖာပဏံ၊ စန်းဈေးတော်ဟူသည်။ ကတမံ၊ အဘယ်ပါလေနည်း။
ဣတိ၊ ဤသို့မေးလျှောက်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဇာနတာ၊ သစ္စာလေးပါးကိုသိတော်မူသော။ ပဿတာ၊ သစ္စာလေးအင်မြင်တော်မူသော။ အရဟတာ၊ ပူဇော်အထူးကိုခံတော်မူထိုက်သော။ သမ္မာသမ္ဗုဒ္ဓေန၊ မဖောက်မပြန်ကိုယ်တော်တိုင်သိတော်မူသော။ ‌တေနဘဂဝတာ၊ ထိုမြတ်စွာဘုရားသည်။ အက္ခာတာ၊ ဟောတော်မူအပ်ကုန်သော။ အာရမ္မဏဝိဘတ္တယော၊ အာရုံအမျိုးကိုဝေဖန်ပုံနည်းမျိုးတို့သည်။ အတ္ထိခေါ၊ ရှိကုန်သလျှင်တည်း။
သေယျထိဒံ၊ အဘယ်နည်း။ အနိစ္စသညာ၊ အနိစ္စဟူသောအမှတ်သညာသည်လည်းကောင်း။ ဒုက္ခသညာ၊ ဒုက္ခဟူသောအမှတ်သညာလည်းကောင်း။ အနတ္တသညာ၊ အနတ္တဟူသောအမှတ်သညာလည်းကောင်း။ အသုဘသညာ၊ အသုဘဟူသော အမှတ်သညာလည်းကောင်း။ အာဒီနဝသညာ၊ အာဒီနဝဟူသောအမှတ်သညာလည်းကောင်း။ ပဟာနသညာ၊ ပဟာနဟူသောအမှတ်သညာလည်းကောင်း။ ဝိရာဂသညာ၊ ဝိရာဂဟူသောအမှတ်သညာလည်းကောင်း။ နိရောဓသညာ၊ နိရောဓဟူသောအမှတ်သညာလည်းကောင်း။ သဗ္ဗလောကေ၊ အလုံးစုံသောလောက၌။ အနဘိရတိသညာ၊ မမွေ့လျော်ဟူသောအမှတ်သညာလည်းကောင်း။ သဗ္ဗသင်္ခါရေသု၊ အလုံးစုံသောသင်္ခါရတို့၌။ အနိစ္စသညာ၊ အနိစ္စဟူသော အမှတ်သညာလည်းကောင်း။ အာနာပါနဿတိ၊ ထွက်သက်ဝင်သက်ကိုအောက်မေ့ခြင်းလည်းကောင်း။ ဥဒ္ဓုမာတကသညာ၊ ဥဒ္ဓုမာတကဟူသောအမှတ်သညာလည်းကောင်း။ ဝိနီလကသညာ၊ ဝိနိလကဟူသောအမှတ်သညာလည်းကောင်း။ ဝိပုဗ္ဗကသညာ၊ ဝိပုဗ္ဗကဟူသောအမှတ်သညာလည်းကောင်း။ ဝိစ္ဆိဒ္ဒကသညာ၊ ဝိစ္ဆိဒ္ဒကဟူသောအမှတ်သညာလည်းကောင်း။ ဝိက္ခာယိတကသညာ၊ ဝိက္ခာယိတကဟသောအမှတ်သညာလည်းကောင်း။ ဝိက္ခိတ္တကသညာ၊ ဝိက္ခိတ္တကဟူသောအမှတ်သညာလည်းကောင်း။ တတဝိက္ခိတ္တကသညာ၊ တတဝိက္ခိတ္တကဟူသောအမှတ်သညာလည်းကောင်း။ လောဟိတကသညာ၊ လောဟိတကဟသောအမှတ်သညာလည်းကောင်း။ ပုလုဝကသညာ၊ ပုလုဝကဟူသောအမှတ်သညာလည်းကောင်း။ အဋ္ဌိကသညာ၊ အဋ္ဌိကဟူသောအမှတ်သညာလည်းကောင်း။ မေတ္တာသညာ၊ မေတ္တာဟသောအမှတ်သညာလည်းကောင်း။ ကရုဏာသညာ၊ ကရုဏာဟူသောအမှတ်သညာလည်းကောင်း။ မုဒိတာသညာ၊ မုဒိတာဟူသောအမှတ်သညာလည်းကောင်း။ ဥပေက္ခာသညာ၊ ဥပေက္ခာဟူသောအမှတ်သညာလည်းကောင်း။ မရဏာနုဿတိ၊ သေခြင်းတရားကိုအဖန်တလဲလဲအောက်မေ့ခြင်းလည်းကောင်း။ ကာယဂတာသတိ၊ ဆံအစရှိသည်ကိုအောက်မေ့ခြင်းလည်းကောင်း။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဗုဒ္ဓေန၊ သစ္စာလေးအင်သိမြင်တော်မူသော။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဣမေခေါအာရမ္မဏ ဝိဘတ္တိယော၊ ဤနှစ်ဆယ့်ခုနစ်ပါသော အာရမ္မဏဝိဘတ္တိတို့ကို။ အာက္ခာတာ၊ ဟောတော်မူအပ်ကုန်၏။
တတ္ထ၊ ထိုအာရုံနှစ်ဆယ့်ခုနစ်မျိုးကိုဝေဖန်ရာ၌။ ယောကောစိ၊ အကြင်တစုံတယောက်သည်။ ဇရာမရဏာ၊ အိုခြင်းသေခြင်းမှ။ မုဉ္ဇိတုကာမော၊ လွတ်ငြိမ်းလို၏။ သော၊ ထိုသူသည်။ တေသု၊ ထိုအာရုံနှစ်ဆယ့်ခုနစ်မျိုးတို့တွင်။ အညတရံ၊ တပါးပါးသော။ အာရမ္မဏံ၊ အာရုံကို။ ဂဏှာတိ၊ ယူ၏။ တေနအာရမ္မတေန၊ ထိုအာရုံဖြင့်။ ရာဂါ၊ ရာဂမှ။ ဝိမုစ္စတိ၊ လွတ်မြောက်နိုင်၏။ ဒေါသာ၊ ဒေါသမှ။ ဝိမုစ္စတိ၊ လွတ်မြောက်နိုင်၏။ မောဟာ၊ မောဟမှ။ ဝိမုစ္စတိ၊ လွတ်မြောက်နိုင်၏။ မာနတော၊ မာနမှ။ ဝိမုစ္စတိ၊ လွတ်မြောက်နိုင်၏။ ဒိဋ္ဌိတော၊ ဒိဋ္ဌိမှ။ ဝိမုစ္စတိ၊ လွတ်မြောက်နိုင်၏။ သံသာရံ၊ သံသာရာကို။ တရတိ၊ လွန်မြောက်နိုင်၏။ တဏှာသောတံ၊ တဏှာအယဉ်ကို။ နိဝါရေတိ၊ တားမြစ်နိုင်၏။ တိဝိဓံ၊ သုံးပါးအပြားရှိသော။ မလံ၊ အညစ်အကြေးကို။ ဝိသောဓေတိ၊ သုတ်သင်၏။ သဗ္ဗကိလေသေ၊ အလုံးစုံသောကိလေသာတို့ကို။ ဥပဟန္တွာ၊ သတ်၍။ အမလံ၊ အညစ်အကြေးကင်းသော။ ဝိရဇံ၊ ကိလေသာတည်းဟူသောမြူအညစ်အကြေးကင်းသော။ သုဒ္ဓံ၊ စင်ကြယ်သော။ ပဏ္ဍရံ၊ ဖြူစင်သော။ အဇာတိံ၊ ပဋိသန္ဓေနေခြင်းကင်းသော။ အဇရံ၊ အိုခြင်းမရှိသော။ အမရံ၊ သေခြင်းမရှိသော။ သုခံ၊ ချမ်းသာသော။ သီတိဘူတံ၊ ချမ်းအေးသည်ဖြစ်၍ဖြစ်သော။ အဘယံ၊ ဘေးမရှိသော။ နဂရုတ္တမံ၊ မြို့တကာတို့ထက်မြတ်သော။ နိဗ္ဗာနနဂရံ၊ နိဗ္ဗာန်မြို့ကြီးသို့။ ပဝိသိတွာ၊ ဝင်၍။ အရဟတ္တေ၊ အရဟတ္တဖိုလ်၌။ စိတ္တံ၊ စိတ်သည်။ ဝိမောစေတိ၊ ကိလေသာတို့မှလွတ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ပုပ္ဖာပဏန္တိ၊ ပန်းဈေးတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ကမ္မမူလံ၊ ကုသိုလ်ကံဟူသောအရင်းဥစ္စာကို။ ဂဟေတွာန၊ ယုံကြည်ပိုင်ပိုင်လက်စွဲကိုင်၍။ အာပဏံ၊ ဘုရားရှင်၏ပန်းဈေးတော်သို့။ ဥပဂစ္ဆထ၊ ကပ်ရောက်ကုန်လေသလော။
တတော၊ ထိုဈေးတော်မှ။ အာရမ္မဏံ၊ အနိစ္စသညာ အစရှိသော အာရုံပန်းမျိုးကို။ ကိဏိတွာန၊ ဝယ်ယူ၍။ မုတ္တိယာ၊ အရဟတ္တဖိုလ်၌။ မုစ္စထ၊ မောဟစသည်မှ လွတ်ကြ ပေကုန်လော။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာ ပေတည်း။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဗုဒ္ဓဿ၊ သစ္စာလေးအင်သိမြင်တော်မူသော။ ဘဂဝတော၊ ဘုရားရှင်၏။ ဂန္ဓာပဏံ၊ နံ့သာဈေးတော်ဟူသည်။ ကတမံ၊ အဘယ်ပါလေနည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ တေနေဘဂဝတာ၊ ထိုမြတ်စွာဘုရားသည်။ အာက္ခတာ၊ ဟေတော်မူအပ်ကုန်သော။ သီလဝိလတ္တိယော၊ သီလကိုဝေဖန်ခြင်းတို့သည်။ အတ္ထိခေါပန၊ ရှိကုန်သည်သာလျှင်တည်း။ ယေနသီလဂန္ဓေန၊ အကြင်သီလအနံ့ဖြင့်။ အနုလိတ္တာ၊ လိမ်းကျံကုန်သည်ဖြစ်၍။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ပုတ္တာ၊ သားတော်တို့သည်။ သဒေဝကံ၊ နတ်နှင့်တကွသော။ လောကံ၊ လူအပေါင်းကို။ သီလဂန္ဓေန၊ သီလတည်းဟူသောအနံ့ဖြင့်။ ဓူပေန္တိ၊ မွှေးကြိုင်စေကုန်၏။ သမ္မာဓူပေန္တိ၊ ကောင်းကောင်းမွှေးကြိုင်စေကုန်၏။ ဒိသမ္ပိ၊ တူရူအရပ်ကိုလည်းကောင်း။ အနုဒိသမ္ပိ၊ အထောင့်အရပ်ကိုလည်းကောင်း။ အနုဝါတမ္ပိ၊ လေအောက်ကိုလည်းကောင်း။ ပဋိဝါတမ္ပိ၊ လေဆန်ကိုလည်းကောင်း။ ဝါယန္တိ၊ လှိုင်စေကုန်၏။ အဘိဝါယန္တိ၊ အလွန်လှိုင်စေကုန်၏။ ဖရိတွာ၊ နှံ့၍။ တိဋ္ဌန္တိ၊ တည်ကုန်၏။
တာသီလဝိဘတ္တိယော၊ ထိုသီလကိုဝေဖန်ခြင်းတို့သည်။ ကတမာ၊ အဘယ်သည်တို့နည်း။
သရဏသီလံ၊ သရဏဂုံသီလလည်းကောင်း။ ပဉ္စင်္ဂသီလံ၊ ငါးပါးသီလလည်းကောင်း။ အဋ္ဌင်္ဂသီလံ၊ ရှစ်ပါးသောသီလလည်းကောင်း။ ဒသင်္ဂသီလံ၊ အင်္ဂါဆယ်ပါးနှင့်ပြည့်စုံသောသီလလည်းကောင်း။ ပဉ္စုဒ္ဒေသပရိယာပန္နံ၊ ငါးပါးသော ဥဒ္ဒေသ၌ အကျုံးဝင်သော။ ပါတိမောက္ခသံဝရသီလံ၊ ပါတိမောက္ခသဝရသီလ လည်းကောင်းတည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဂန္ဓာပဏန္တိ၊ နံ့သာဈေးတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒေဝါတိဒေဝေန၊ နတ်တကာတို့ထက်နတ်မြတ် ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဧတံ၊ ဤနံ့သာဈေးတော်ကို။ ဘာသိတမ္ပိ၊ ဟောလည်း ဟောတော်မူအပ်သည်သာတည်း။
ပုပ္ဖဂန္ဓော၊ ပန်းတို့၏အမွှေးနံ့သည်။ ပဋိဝါတံ၊ လေတင်လေဆန်သို့။ နဧတိ၊ မသွားရောက်နိုင်။ စန္ဒနံဝါ၊ စန္ဒကူးပန်းပင်ဖြစ်စေ။ တဂ္ဂရံဝါ၊ တောင်ဇလပ်ပန်းပင်ဖြစ်စေ။ မလ္လိကာဝါ၊ ကြက်ရုံးပန်းပင်ဖြစ်စေ။ ပဋိဝါတံ၊ လေတင်လေဆန်သို့။ နဧတိ၊ မသွားရောက်နိုင်။
သတံ၊ သူတော်ကောင်းတို့၏။ ဂန္ဓောစ၊ အနံ့သည်ကား။ ပဋိဝါတံ၊ လေတင်လေဆန်သို့။ ဧတိ၊ သွားရောက်နိုင်၏။ သပ္ပုရိသော၊ သူတော်ကောင်းရနံ့သည်။ သဗ္ဗာဒိသာ၊ အလုံးစုံအရပ်ဆယ်မျက်နှာတို့သို့။ ပဝါယတိ၊ ပြန့်နှံ့ကြိုင်လှိုင်ပေ၏၊
စန္ဒနံဝါပိ၊ စန္ဒကူးပန်းအမျိုးမျိုးလည်းကောင်း။ တဂ္ဂရံဝါပိ၊ တောင်ဇလပ်ပန်း အမျိုးမျိုးလည်းကောင်း။ ဥပ္ပလံပါပိ၊ ကြာညိုပန်းအမျိုးမျိုးလည်းကောင်း။ အထ၊ ထိုထက်အလွန်။ ဝဿိကီ၊ မိုးဆွေပန်းအမျိုးမျိုးလည်းကောင်း။
ဣတိ၊ ဤသို့။ ဧတေသံ ဂန္ဓဇာတာနံ၊ ဤနံ့သာမျိုး အပေါင်းတို့ထက်။ သီလဂန္ဓော၊ သီလဟူသောပန်းနံ့သည်။ အနုတ္တရော၊ အတိုင်းထက်အလွန်မွန်မြတ်လှပေ၏။
ယာယံတဂ္ဂရစန္ဒံ၊ အကြင်တောင်ဇလပ်စန္ဒကူးတို့၏ ပျံ့ပျူးသောရနံ့သည်။ အတ္ထိ၊ ရှိ၏။ အယံဂန္ဓော၊ ဤပန်းအထူးထူးတို့၏ပျံ့ပျူမွှေးကြိုင်လှိုင်လှသောရနံ့သည်။ အပ္ပမတ္တော၊ အနည်းငယ်မျှ မဆိုရစလောက် ခရီးမရောက်သောအနံ့မျှသာတည်း။
သီလဝတံ၊ သီလစင်ဖြူသူတော်ကောင်းတို့၏။ ယောစဂန္ဓော၊ အကြင်သီလအနံ့သည်ကား။ အတ္ထိ၊ ရှိ၏။ သောဂန္ဓော၊ ထိုသီလနံ့သည်။ ဥတ္တမော၊ အမြတ်ဆုံးဖြစ်၍။ ဒေဝေသု၊ ဗြဟ္မာတိုင်ကပ်နတ်ခြောက်ရပ်တို့၌။ ဝါတိ၊ ရနံ့ထန်ပြင်းကြိုင်၍သင်း၏။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာတို့ပေတည်း။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဗုဒ္ဓဿ၊ သစ္စာလေးအင်သိမြင်တော်မူသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဖလာပဏံ၊ အသီးဈေးတော်ဟူသည်။ ကတမံ၊ အဘယ်နည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဖလာနိ၊ ဖိုလ်တို့ကို။ အက္ခာတာနိ၊ ဟောတော်မူအပ်ကုန်၏။
သေယျထိဒံ၊ အဘယ်နည်း။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်လည်းကောင်း။ သကဒါဂါမိဖလံ၊ သကဒါဂါမိဖိုလ်လည်းကောင်း။ အနာဂါမိဖလံ၊ အနာဂါမိဖိုလ်လည်းကောင်း။ အရဟတ္ထဖလံ၊ အရဟတ္တဖိုလ်လည်းကောင်း။ သုညတဖလသမာပတ္တိ၊ သုညတဖလသမာပတ်လည်းကောင်း။ အနိမိတ္တဖလသမာပတ္တိ၊ အနိမိတ္တဖလသမာပတ်လည်းကောင်း။ အပ္ပဏိဟိတဖလသမာပတ္တိ၊ အပ္ပဏိဟိတဖလသမာပတ်လည်းကောင်း။ ဣတိဣမာနိ ဖလာနိ၊ ဤဖိုလ်တို့ကို။ အာက္ခာတာနိ၊ ဟောတော်မူအပ်ကုန်၏။
တတ္ထ၊ ထိုဖိုလ်တို့တွင်။ ယောကောစိ၊ အမှတ်မရှိတစုံတယောက်သော သူသည်။ ယံဖလံ၊ အကြင်ဖိုလ်ကို။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုသူသည်။ ကမ္မမူလံ၊ ကုသိုလ်ကံဟူသောအဖို့ကို။ ဒတွာ၊ ပေး၍။ ပတ္ထိတံ၊ တောင့်တအပ်သော။ ဖလံ၊ ဖိုလ်ကို။ ကိဏာတိ၊ ဝယ်၏။
သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်ကို။ ကိဏာတိ၊ ဝယ်၏။ သကဒါဂါမိဖလံ၊ သကဒါဂါမိဖိုလ်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ သကဒါဂါမိဖလံ၊ သကဒါဂါမိဖိုလ်ကို။ ကိဏာတိ၊ ဝယ်၏။ အနာဂါမိဖလံ၊ အနာဂါမိဖိုလ်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ အနာဂါမိဖလံ၊ အနာဂါမိဖိုလ်ကို။ ကိဏာတိ၊ ဝယ်၏။ အရဟတ္တဖလံ၊ အရဟတ္တဖိုလ်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ အရဟတ္တဖလံ၊ အရဟတ္တဖိုလ်ကို။ ကိဏာတိ၊ ဝယ်၏။ သုညတဖလသမာပတ္တိံ၊ သုညတဖလသမာပတ်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ သုညတဖလသမာပတ္တိံ၊ သုညတဖလသမာပတ်ကို ကိဏာတိ၊ ဝယ်ခဲ့၏။ အနိမိတ္တဖလသမာပတ္တိံ၊ အနိမိတ္တဖလ သမာပတ်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ အနိမိတ္တဖလသမာပတ္တိံ၊ အနိမိတ္တဖလသမာပတ်ကို။ တိဏာတိ၊ ဝယ်ခဲ့၏။ အပ္ပဏိဟိတ ဖလသမာပတ္တိံ၊ အပ္ပဏိဟိတ ဖလသမာပတ်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ အပ္ပဏိဟိတ ဖလသမာပတ္တိံ၊ အပ္ပဏိဟိတ ဖလသမာပတ်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ အပ္ပဏိဟိတ ဖလသမာပတ္တိံ၊ အပ္ပဏိဟိတ ဖလသမာပတ်ကို။ တိဏာတိ၊ ဝယ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ ကဿစိ၊ တစုံတယောက်သော။ ပုရိသဿ၊ ယောက်ျားအား။ မုဝဖလော၊ အမြဲအသီးရှိသော။ အမ္ဗော၊ သရက်ပင်သည်။ ဘဝေယျ၊ ဖြစ်ရာ၏။ သောပုရသော၊ ထိုယောက်ျားသည်။ ယာဝ၊ အကြင်မျှလောက်။ ကယိကာ၊ ဝယ်ခြမ်းသူတို့သည်။ နအာဂစ္ဆန္တိ၊ မလာကုန်။ တာဝ၊ ထိုမျှလောက်။ တတော၊ ထိုသရက်ပင်မှ။ ဖလာနိ၊ အသီးတို့ကို။ နပါတေတိ၊ မကြွေကြ စေ။ ကယိကေ၊ ဝယ်ခြမ်းသူသည်။ အနုပ္ပတ္တေဝန၊ ရောက်သည်ရှိသော်ကား။ မူလံ၊ အဘို့ကို။ ဂဟေတွာ၊ ယူ၍။ ဧဝံ၊ ဤသို့။ အာစိက္ခတိ၊ ပြောကြား၏။ ကိံအာစိက္ခတိ၊ အဘယ်သို့ပြောကြားသနည်း။ အမ္ဘောပုရိသ၊ အိုယောက်ျား။ ဧသောအမ္ဗော၊ ဤသရက်ပင်သည်။ ဓုဝဖလော၊ အမြဲအသီးရှိ၏။ တတော၊ ထိုသရက်ပင်မှ။ ယံဖလံ၊ အကြင်အသီးကို။ စေဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ ဧတ္တကံ၊ ဤမျှလောက်သော။ ဖလံ၊ အသီးကို။ ဂဏှ၊ ယူလော့။ ဣတိ၊ ဤသို့။ အာစိက္ခတိ၊ ပြောကြား၏။ သလာဋုကံဝါ၊ အသီးစိမ်းနုကိုလည်းကောင်း။ ဒေါဝိလံဝါ၊ အစေ့မယှက်သောအသီးစိမ်းကိုလည်းကောင်း။ ကေသိကံဝါ၊ အစေ့ယှက်သောအသီးစိမ်းကိုလည်းကောင်း။ အာဓံဝါ၊ အသီးစိမ်းရင့်ကိုလည်းကောင်း။ ပက္ကံဝါ၊ အသီးမှည့်ကိုလည်းကောင်း။ ယံဖလံ၊ အကြင်သရက်သီးကို။ ဣစ္ဆတိ၊ အလိုရှိ၏။ တံဖလံ၊ ထိုသရက်သီးကို။ ဂဏှ၊ ယူလော။ ဣတိ၊ ဤသို့။ အာစိက္ခတိ၊ ပြောကြား၏။ အတ္တနာ၊ မိမိသည်။ တေနဒိန္နမူလေန၊ ထိုပေးအပ်သောအဘို့ဖြင့်။ သလာဋုကံ၊ အသီးစိမ်းနုကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ သလာဋုကံ၊ အသီးစိမ်းနုကို။ ဂဏှာတိ၊ ယူ၏။ ဒေါဝိလံ၊ အစေ့မယှက်သော အသီးစိမ်းကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ ဒေါဝိလံ၊ အစေ့မယှက်သော အသီးစိမ်းကို။ ဂဏှာတိ၊ ယူ၏။ ကေသိကံ၊ အစေ့ယှက်သောအသီးစိမ်းကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ ကေသိကံ၊ အစေ့ယှက်သောအသီးစိမ်းကို။ ဂဏှာတိ၊ ယူ၏။ အာမံ၊ အသီးစိမ်းရင့်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ အာမံ၊ အသီးစိမ်းရင့်ကို။ ဂဏှာတိ၊ ယူ၏။ ပက္ကံ၊ အသီးမှည့်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ ပက္ကံ၊ အသီးမှည့်ကို။ ဂဏှာတိ၊ ယူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ ယော၊ အကြင်သူသည်။ ယံဖလံ၊ အကြင်ဖိုလ်ကို။ ဣစ္ဆတိ၊ အလိုရှိ၏။ သော၊ ထိုသူသည်။ ကမ္မမူလံ၊ ကုသိုလ်ကံတည်းဟူသောအဘို့ကို။ ဒတွာ၊ ပေး၍။ ပတ္ထိတံ၊ တောင့်တအပ်သော။ ဖလံ၊ ဖိုလ်ကို။ ဂဏှာတိ၊ ယူ၏။ သောတာပတ္တိဖလံ၊ သောတာပတ္တိဖိုလ်ကို။ ယဒိဣစ္ဆတိ၊ အကယ်၍အလိုရှိအံ့။ သောတာပတ္တိဖလံ၊ ‌သောတာပတ္တိဖိုလ်ကို။ ဂဏှာတိ၊ ယူ၏။ (ပ) အပ္ပဏိဟိတဖလသမာပတ္တိံ၊ အပ္ပဏီဟိတဖလသမာပတ်ကို။ ဂဏှာတိ၊ ယူ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဖလာပဏန္တိ၊ အသီးဈေးတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဇနာ၊ လူအပေါင်းတို့သည်။ ကမ္မမူလံ၊ ကုသိုလ်ကံဟူသောအဘို့ကို။ ဒတွာ၊ ပေး၍။ အမတမ္ဖလံ၊ အမြိုက်မဂ်ဖိုလ်ဟူသောသရက်သီးကို။ ဂဏှန္တိ၊ ဝယ်ယူကုန်၏။ ယေ၊ အကြင်သူတို့သည်။ အမတမ္ဖလံ၊ အမြိုက်မဂ်ဖိုလ်ဟူသောသရက်သီးကို။ ကီဘာ၊ ဝယ်ယူကုန်၏။
တေ၊ ထိုသူတို့သည်။ တေန၊ ထိုသရက်သီးဟူသောဖိုလ်ဖြင့်။ သုခိတာ၊ ချမ်းသာကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာပေတည်း။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဗုဒ္ဓဿ၊ သစ္စာလေးအင်သိမြင်တော်မူသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အဂဒါပဏံ၊ အဆိပ်ဖြေဆေးဈေးတော်ဟူသည်။ ကတမံ၊ အဘယ်ပါလေနည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ အဂဒါနိ၊ အဆိပ်ဖြေဆေးတို့ကို။ အာက္ခာတာနိ၊ ဟောတော်မူအပ်ကုန်၏။ ယေဟိအဂဒေဟိ၊ အကြင်အဆိပ်ဖြေဆေးတို့ဖြင့်။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ သဒေဝကံ၊ နတ်နှင့်တကွသော။ လောကံ၊ လူအပေါင်းကို။ ကိလေသဝိသတော၊ ကိလေသာတည်းဟူသောအဆိပ်မှ။ ပရမောစတိ၊ လွတ်စေ၏။
တာနိအဂဒါနိ၊ ထိုအဆိပ်ဖြေဆေးတို့သည်။ ကတမာနိပန၊ အဘယ်သည်တို့နည်းဟူမူကား။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ စတ္တာရိ၊ လေးပါးကုန်သော။ ယာနိဣမာနိ၊ အရိယသစ္စာနိ၊ အကြင်အရိယသစ္စာတို့ကို။ အာက္ခာတာနိ၊ ဟောတော်မူအပ်ကုန်၏။
သေယျထိဒံ၊ အဘယ်နည်းဟူမူကား။ ဒုက္ခံ၊ ဒုက္ခဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာလည်းကောင်း။ ဒုက္ခသမုဒယံ၊ ဒုက္ခ၏အကြောင်းဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာလည်းကောင်း။ ဒုက္ခနိရောဓံ၊ ဒုက္ခ၏ချုပ်ရာဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာလည်းကောင်း။ ဒုက္ခနိရောဓဂါမိနိပ္ပဋိပဒါ၊ ဒုက္ခချုပ်ရာနိဗ္ဗာန်သို့ရောက်ကြောင်း အကျင့်ဖြစ်သော။ အရိယသစ္စံ၊ အရိယသစ္စာလည်းကောင်း။ ဣတိဣမာနိ၊ ဤသည်တို့တည်း။ တတ္ထ၊ ထိုသစ္စာလေးပါးတရားတို့၌။ ယေကေစိ၊ အမှတ်မရှိတစုံတယောက်သောသူတို့သည်။ အညာပေက္ခာ၊ သိခြင်းကိုငဲ့ကုန်၍။ စတုသစ္စဓမ္မံ၊ သစ္စာလေးပါးတရားကို။ သုဏန္တိ၊ နာကုန်၏။ တေ၊ ထိုသူတို့သည်။ ဇာတိယာ၊ ပဋိသန္ဓေနေခြင်းမှ။ ပရိမုစ္စန္တိ၊ လွတ်ကုန်၏။ ဇရာယ၊ အိုခြင်းမှ။ ပရိမုစ္စန္တိ၊ လွတ်ကုန်၏။ မရဏာ၊ သေခြင်းမှ။ ပရိမုစ္စန္တိ၊ လွတ်ကုန်၏။ သောကပရိဒေဝ ဒုက္ခဒေါမနဿုပါယာသေဟိ၊ စိုးရိမ်ခြင်းငိုကြွေးခြင်းဆင်းရဲခြင်းနှလုံးမသာယာခြင်း သက်ကြီးရှိုက်တငင် ပင်ပန်းခြင်းတို့မှ။ ပရိမုစ္စန္တိ၊ လွတ်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ အဂဒါပဏန္တိ၊ အဆိပ်ဖြေဆေးဈေးတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
လောကေ၊ လောက၌။ ဝိသာနံ၊ အဆိပ်မျိုးတို့ကို။ ပဋိဗာဟကာ၊ ပယ်လှန်တားမြစ်တတ်ကုန်သော။ ယကေစိအဂဒါ၊ အကြင်အလုံးစုံသော အဆိပ်ဖြေဆေးတို့သည်။ သန္တိ၊ ရှိကုန်၏။
ဓမ္မာဂဒသဓံ၊ တရားဟူသောအဆိပ်ဖြေဆေးနှင့်တူသော ဆေးသည်။ နတ္ထိ၊ မရှိ။ ဘိက္ခဝေါ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ဧတံ၊ ဤတရားတော်အဆိပ်ဖြေဆေးကို။ ပိဝထ၊ သောက်သုံးကုန်လော။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာပေတည်း။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဗုဒ္ဓဿ၊ သစ္စာလေးအင်သိမြင်တော်မူသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဩသဓာပဏံ၊ ဆေးဈေးတော်ဟူသည်။ ကတမံ၊ အဘယ်ပါလေနည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရားသည်။ ဩသဓာနိ၊ ဆေးတော်တို့ကို။ အာက္ခာတာနိ၊ ဟောတော်မူအပ်ကုန်၏။ ယေဟိဩသဓေဟိ၊ အကြင်ဆေးတော်တို့ဖြင့်။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဒေဝမနုဿေ၊ နတ်လူတို့ကို။ တိကိစ္ဆတိ၊ ကုစားတော်မူ၏။
သေယျထိဒံ၊ အဘယ်နည်းဟူမူကား။ စတ္တာရော၊ လေးပါးကုန်သော။ သတိပဋ္ဌာနာ၊ သတိပဋ္ဌာန်တို့လည်းကောင်း။ စတ္တာရော၊ လေးပါးကုန်သော။ သမ္မဂ္ဂဓာနာ၊ သမ္မဂ္ဂဓာန်တို့လည်းကောင်း။ စတ္တာရော၊ လေးပါးကုန်သော။ ဣဒ္ဓိပါဒိ၊ ဣဒ္ဓိပါဒ်တို့လည်းကောင်း။ ပဉ္စ၊ ငါးပါးကုန်သော။ ဣန္ဒြိယာနိ၊ ဣန္ဒြေတို့၎င်း။ ပဉ္စ၊ ငါးပါးကုန်သော။ ဗလာနိ၊ ဖိုလ်တို့လည်းကောင်း။ သတ္တ၊ ခုနစ်ပါးကုန်သော။ ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တို့လည်းကောင်း။ အရိယော၊ ဖြူစင်သော။ အဋ္ဌင်္ဂီကော၊ အင်္ဂါရှစ်ပါးနှင့်ပြည့်စုသော။ မဂ္ဂေါ၊ မဂ်လည်းကောင်း။ ဣတိဣမာနိ၊ ဤသည်တို့တည်း။ ဧတေဟိဩသဓေဟိ၊ ဤဆေးတော်တို့ဖြင့်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ မိစ္ဆာဒိဋ္ဌိ၊ မိစ္ဆာဒိဋ္ဌိကို။ ဝိရေစေတိ၊ လျှောကျစေ၏။ မိစ္ဆာသင်္ကပ္ပံ၊ မိစ္ဆာသင်္ကပ္ပကို။ တိရေစေတိ၊ လျှောကျစေ၏။ မိစ္ဆာဝါစံ၊ မိစ္ဆာဝါစာကို။ ဝိရေစေတိ၊ လျှောကျစေ၏။ မိစ္ဆာကမ္မန္တံ၊ မိစ္ဆာကမ္မန္တကို။ ဝိရေစေတိ၊ လျှောကျစေ၏။ မိစ္ဆာအာဇီဝံ၊ မိစ္ဆာအာဇီဝကို။ ဝိရေစေတိ၊ လျှောကျစေ၏။ မိစ္ဆာဝါယာမံ၊ မိစ္ဆာဝါယမကို။ ဝိရေစေတိ၊ လျှောကျစေ၏။ မိစ္ဆာသတိံ၊ မိစ္ဆာသတိကို။ ဝိရေစေတိ၊ လျှောကျစေ၏။ မိစ္ဆာသမာဓိံ၊ မိစ္ဆာသမာဓိံကို။ ဝိရေစေတိ၊ လျှောကျစေ၏။ လောဘဝမနံ၊ လောဘအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြုစေ၏။ ဒေါသဝမနံ၊ ဒေါသအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြုစေ၏။ မောဟဝမနံ၊ မောဟအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြုစေ၏။ မာနဝမနံ၊ မာနအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြုစေ၏။ ဒိဋ္ဌိဝမနံ၊ ဒိဋ္ဌိအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြစေ၏။ ဝိစိကိစ္ဆာဝမနံ၊ ဝိစိကိစ္ဆာအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြုစေ၏။ ဥဒ္ဓစ္စဝမနံ၊ ဥဒ္ဓစ္စအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြုစေ၏။ ထိနမိဒ္ဓဝမနံ၊ ထိနမိဒ္ဓအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြုစေ၏။ အဟိရိကာနောတ္တပ္ပဝမနံ၊ အဟိရိကအနောတ္တပ္ပအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြုစေ၏။ သဗ္ဗကလေသဝမနံ၊ အလုံးစုံသော ကိလေသာအစာပျို့အန်ခြင်းကို။ ကာရေတိ၊ ပြုစေ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဩသဓာပဏန္တိ၊ ဆေးဈေးတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
လောကေ၊ လောက၌။ ဝိဝိဓာ၊ အထူးထူးကုန်သော။ ဗဟူ၊ များစွာကုန်သော။ ယေကေစိဩသဓာ၊ အကြင်ဆေးအလုံးစုံတို့သည်။ ဝိဇ္ဇန္တိ၊ ရှိကုန်၏။
ဓမ္မောသဓသမံ၊ တရား ဆေးတော်နှင့်တူသောဆေးသည်။ နတ္ထိ၊ မရှိ။ ဘိက္ခဝေါ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ ဧတံ၊ ဤဆေးတော်ကို။ ပိဝထ၊ သောက်သုံးကုန်လော။
ဓမ္မောသဓံ၊ တရားတည်းဟူသောဆေးကို။ ပိဝိတွာန၊ သောက်ကုန်၍။ အဇရာမရဏာ၊ မအိုမသေရကုန်သည်။ သိယျုံ၊ ဖြစ်ကုန်လော။
ဘာဝယိတွာစ၊ မဂ်ကိုပွား၍လည်းကောင်း။ ပဿိတွာစ၊ နိဗ္ဗာန်ကိုမျက်မှောက်မြင်ရ၍လည်းကောင်း။ ဥပဓိက္ခယေ၊ ဥပဓိ၏ကုန်ရာနိဗ္ဗာန်၌။ နိဗ္ဗူတာ၊ ငြိမ်းကြကုန်သည်။ သိယုံ၊ ဖြစ်ကုန်လော။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာတို့ပေတည်း။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဗုဒ္ဓဿ၊ သစ္စလေးအင်သိမြင်တော်မူသော။ ဘဂဝတာ၊ မြတ်စွာဘုရားၑ။ အမတာပဏံ၊ အမြိုက်ဆေးဈေးတော်ဟူသည်။ ကတမံ၊ အဘယ်ပါလေနည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ အမတံ၊ အမြိုက်ဆေးကို။ အာက္ခာတံ၊ ဟောတော်မူအပ်၏။ ယေနအမတေန၊ အကြင်အမြိုက်ဆေးဖြင့်။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ယဒေဝကံ၊ နတ်နှင့်တကွသော။ လောကံ၊ လူအပေါင်းကို။ အဘိလိဉ္စိ၊ သွန်းလောင်းတော်မူ၏။ ယေနအမတေန၊ အကြင်အမြိုက်ဆေးဖြင့်။ အဘိသိတ္တာ၊ သွန်းလောင်းအပ်ကုန်သော။ ဒေဝမနုဿာ၊ နတ်လူတို့သည်။ ဇာတိဇရာ ဗျာဓိမရဏသောက ပရိဒေဝဒုက္ခဒေါမနဿု ပါယာသေဟိ၊ ပဋိသန္ဓေနေခြင်း အိုခြင်းနာခြင်း သေခြင်းစိုးရိမ်းခြင်း ငိုကြွေးခြင်းဆင်းရဲခြင်း နှလုံးမသာယာခြင်း သက်ကြီးရှိုက်တငင် ပင်ပန်းခြင်းတို့မှ။ ပရိမုစ္စိံသု၊ လွတ်ကုန်ပြီ။
ယဒိဒံ ယံဣဒံ အမတံ၊ အကြင်အမြိုက်နိဗ္ဗာန်သည်။ အတ္ထိ၊ ရှိ၏။ တတိဒံ တံဣဒံ အမတံ၊ ထိုအမြိုက် နိဗ္ဗာန်သည်။ ကတမံ၊ အဘယ်ပါလေနည်း။
ကာယဂတာသတိ၊ ကာယဂတာ သတိပင်တည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဒေဝါတိဒေဝေန၊ နတ်တကာတို့ထက်နတ်မြတ် ဝိသုဒ္ဓိနတ်ဖြစ်တော်မူသော။ ဘဂဝတာပီ၊ မြတ်စွာဘုရားသည်လည်း။ ဧတံအမတံ၊ ဤအမြိုက်နိဗ္ဗာန်ကို။ ဘာသိတံ၊ ဟောတော်မူအပ်၏။ ဘိက္ခဝေ၊ ရဟန်းတို့။ ယေ၊ အကြင်သူတို့သည်။ ကာယဂတာသတိံ၊ ကာယဂတာသတိကို။ ပရိဘုဉ္ဇန္တိ၊ သုံးဆောင်ကုန်၏။ တေ၊ ထိုသူတို့သည်။ အမတံ၊ အမြိုက်နိဗ္ဗာန်ကို။ ပရိဘုဉ္ဇန္တိ၊ သုံးဆောင်ရကုန်၏။ ဣတိ၊ ဤသို့။ ဘာသိတံ၊ ဟောတော်မူအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား။ အမတာပဏန္တိ၊ အမြိုက်ဆေးဈေးတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဗျာဓိတံ၊ ရာဂနာစသော ရောဂါနှိပ်စက်သော။ ဇနတံ၊ သတ္တဝါအပေါင်းကို။ ဒိသွာ၊ မြင်တော်မူ၍။ အမတာပဏံ၊ အမြိုက်ဆေးဈေးတော်ကို။ ပသာရယိ၊ ဘုရားရှင်ဖြန့်ခင်းတော်မူ၏။
တံအမတံ၊ ထိုအမြိုက်ဆေးတော်ကို။ ကမ္မေန၊ ကုသိုလ်ကံဖြင့်။ ကိဏိတွာန၊ ဝယ်၍။ ဘိက္ခဝေ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ အာဒေဝ၊ စားကုန်လော။ ဣတိ၊ ဤကားစကားမှတ်ဖွယ်ရာဂါထာပေတည်း။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယတော်အရှင်ဘုရား။ ဗုဒ္ဓဿ၊ သစ္စာလေးအင်သိမြင်တော်မူသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ရတနာပဏံ၊ ရတနာဈေးတော်ဟူသည်။ ကတမံ၊ အဘယ်ပါလေနည်း။ ဣတိ၊ ဤသို့မေးတော်မူ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ခေါ၊ စင်စစ်။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ရတနာနိ၊ ရတနာတို့ကို။ အာက္ခာတာနိ၊ ဟောတော်မူအပ်ကုန်၏။ ယေဟိရတနေဟိ၊ အကြင်ရတနာတို့ဖြင့်။ ဝိဘူသိတာ၊ တန်ဆာဆင်အပ်ကုန်သော။ ဘဂဝတာ၊ မြတ်စွာဘုရား၏။ ပုတ္တာ၊ သားတော်တို့သည်။ သဒေဝကံလောကံ၊ နတ်နှင့်တကွသော လောကကို။ ဝိရောစန္တိ၊ တင့်တယ်ကုန်၏။ ဩဘာသန္တိ၊ ထွန်းလင်းကုန်၏။ ပဘာသေန္တိ၊ အပြားအားဖြင့် ထွန်းလင်းကုန်၏။ ဇလန္တိ၊ တောက်ပကုန်၏။ ပဇ္ဇလန္တိ၊ အပြားအားဖြင့် တောက်ပကုန်၏။ ဥဒ္ဓံ၊ အထက်၌လည်းကောင်း။ အဓော၊ အောက်၌လည်းကောင်း။ တိရိယံ၊ တီလာရှစ်မျက်နှာ၌လည်းကောင်း။ အာလောကံ၊ အလင်းကို။ ဒဿေန္တိ၊ ပြကုန်၏။
တာနိရတနာနိ၊ ထိုရတနာတို့သည်။ ကတမာနိ၊ အဘယ်သည်တို့နည်း။
သီလရတနံ၊ သီလရတနာလည်းကောင်း။ သမာဓိရတနံ၊ သမာဓိရတနာလည်းကောင်း။ ပညာရတနံ၊ ပညာရတနာလည်းကောင်း။ ဝိမုတ္တိရတနံ၊ အရဟတ္တဖိုလ်ရတနာလည်းကောင်း။ ဝိမုတ္တိဉာဏဒဿနရတနံ၊ အရဟတ္တဖိုလ်ဉာဏ်အမြင်ရတနာလည်းကောင်း။ ပဋိသမ္ဘီဒါရတနံ၊ ပဋိသမ္ဘီဒါရတနာလည်းကောင်း။ ဗောဇ္ဈင်္ဂရတနံ၊ ဗောဇ္ဈင်္ဂရတနာလည်းကောင်း။ ဣတိဣမာနိ၊ ဤသည်တို့တည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သီလရတနံ၊ သီလရတနာသည်။ ကတမံ၊ အဘယ်နည်း။
ပါတမောက္ခသံဝရသီလံ၊ ပါတိမောက္ခသံဝရသီလ လည်းကောင်း။ ဣန္ဒြိယသံဝရသီလံ၊ ဣန္ဒြိယသံဝရသီလလည်းကောင်း။ အာဇီဝပါရိသုဒ္ဓိသီလံ၊ အာဇီဝပါရိသုဒ္ဓိသီလလည်းကောင်း။ ပစ္စယ သန္နိဿိတသီလံ၊ ပစ္စယသံနိဿိတသီလလည်းကောင်း။ စူဠသီလံ၊ စူလသီလလည်းကောင်း။ မဇ္ဈိမသီလံ၊ မဇ္ဈိမသီလလည်းကောင်း။ မဟာသီလံ၊ မဟာသီလလည်းကောင်း။ မဂ္ဂသီလံ၊ မဂ္ဂသီလလည်းကောင်း။ ဖလသီလံ၊ ဖလသီလလည်းကောင်း။ ဣတိ၊ ဤသည်ပင်တည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ခေါ၊ စင်စစ်။ သီလရနေန၊ သီလရတနာဖြင့်။ ဝိဘူသိတဿ၊ တန်ဆာဆင်သော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်အား။ သဒေဝကော၊ နတ်ပြည်ငါးထပ်နှင့်တကွသော။ သမာရကော၊ မာရ်မင်းနေရာဝသဝတ္တီ နတ်ပြည်နှင့်တကွသော။ သဗြဟ္မကော၊ ဗြဟ္မပြည်နှင့်တကွသော။ လောကော၊ လူအပေါင်းသည်။ သဿမဏဗြာဟ္မဏီ၊ ရဟန်းပုဏ္ဏားနှင့်တကွသော။ ပဇာ၊ သတ္တဝါအပေါင်းသည်။ ပိဟယတိ၊ ချစ်၏။ ပတ္ထေဟိ၊ တောင့်တ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ သီလရတနံ၊ သီလရတနာကို။ ပိဠန္ဓော၊ ဖန်ဆင်းသော။ ဘိက္ခု၊ ရဟန်းသည်။ ဒိသမ္ပိ၊ တူရူဖြစ်သောအရပ်၌လည်းကောင်း။ အနုဒိသမ္ပိ၊ အထောင့်ဖြစ်သောအရပ်၌လည်းကောင်း။ ဥဒ္ဓံပိ၊ အထက်၌လည်းကောင်း။ အဓောပိ၊ အောက်၌လည်းကောင်း။ တိရိယမ္ပိ၊ ဘီလာရှစ်မျက်နှာ၌လည်းကောင်း။ ဝိရောစတိ၊ တင့်တယ်၏။ အတိဝိရောစတိ၊ အလွန်တင့်တယ်၏။ ဟေဋ္ဌတော၊ အောက်မှ။ အဝီစိံ၊ အဝီစိကို။ ဥပရိတော၊ အထက်မှ။ ဘဝဂ္ဂံ၊ ဘဝဂ်ကို။ ဥပါဒါယ၊ အစပြု၍။ ဧတ္ထကန္တရေ၊ ဤအတွင်း၌။ သဗ္ဗရတနာနိ၊ အလုံးစုံသောရတနာတို့ကို။ အတိက္ကမိတွာ၊ လွန်၍။ အဘိဘဝိတွာ၊ ထိစီး၍။ အဇ္ဈောတ္ထရိတွာ၊ လွှမ်းမိုး၍။ တိဋ္ဌတိ၊ တည်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ခေါ၊ စင်စစ်။ ဧဝရူပါနိ၊ ဤသို့သဘောရှိကုန်သော။ သီလရတနာနိ၊ သီလရတနာတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ရတနာပဏေ၊ ရတနာဈေးတော်ကြီး၌။ ပသာာရိတာနိ၊ ဘုရားရှင်ဖြန့်ခင်းတော်မူ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သီလရတနန္တိ၊ သီလရတနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဧဝရူပါနိ၊ ဤသို့ သဘောရှိကုန်သော။ သီလာနိ၊ ပါတိမောက္ခသံဝရစသော သီတို့သည်။ ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏။ အာပဏေ၊ ရတနာ ဈေးတော်ကြီး၌။ သန္တိ၊ ရှိကုန်၏။
ကမ္မေန၊ ကုသိုလ်ကံအတိုးဖြင့်။ တံရတနံ၊ ထိုရတနာကို။ ကိဏိတွာန၊ ဝယ်၍။ ဝေါ၊ သင်တို့သည်။ ပိဠန္ဓထာ၊ ပန်ဆင်ကြကုန်လော။ ဣတိ၊ ဤကားမှတ်ဖွယ်ရာ ဂါထာပေတည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သမာဓိရတနံ၊ သမာဓိရတနာသည်။ ကတမံ၊ အဘယ်နည်း။
သဝိတက္ကသဝိစာရော မတ္တောသမာဓိ၊ အဝိတက္ကဝိစာရမတ္တသမာဓိလည်းကောင်း။ အဝိတက္ကအဝိရော သမာဓိ၊ အဝိတက္ကအဝိစာရ သမာဓိလည်းကောင်း။ သုညတောသမာဓိ၊ သုညတ သမာဓိလည်းကောင်း။ အနိမိတ္တောသမာဓိ၊ အနိမိတ္တသမာဓိလည်းကောင်း။ အပ္ပဏိဟိတော သမာဓိ၊ အပ္ပဏိဟိတ သမာဓိလည်းကောင်း။ ဣတိ၊ ဤသည်ပင်တည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ခေါ၊ စင်စစ်။ သမာဓိရတနံ၊ သမာဓိရတနာကို။ ပိလန္တဿ၊ ပန်ဆင်သော။ ဘိက္ခုနော၊ ရဟန်းအား။ ယေတေ ကာမဝိတက္ကဗျာပါဒ ဝိတက္ကဝိဟိံ သာ၊ အကြင်ကာမဝိတက်ဗျာပါဒ ။ ဝိတက်ဝိဟိံသာ၊ ဝိတက်မာနဥဒ္ဓစ္စဒိဋ္ဌိဝိစိကိစ္ဆာတို့သည်လည်းကောင်း။ ကိလေသဝတ္ထုနိ၊ ကိလေသာ၏ မှီရာဖြစ်ကုန်သော။ ဝိဝိဓာနိ၊ အထူးထူးအပြားပြားများစွာကုန်သော။ ကုဝိတက္ကာနိစ၊ မကောင်းသော အကြံအစည်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ ဧတံသဗ္ဗေ၊ ထိုအလုံးစုံသော အကုသိုလ်တရားတို့သည်။ သမာဓိံ၊ သမာဓိသို့။ အာသဇ္ဇ၊ ကပ်ရောက်၍။ ဝိကိရန္တိ၊ ဖရိုဖရဲကြဲကုန်၏။ ဝိဓမန္တိ၊ မှုတ်လွှင့်ကုန်၏။ ဝိဒ္ဓံသန္တိ၊ ဖျက်ဆီးကုန်၏။ နသဏ္ဌန္တိ၊ မတည်ကုန်။ နဥပလိမ္ပန္တိ၊ မလိမ်းကျံကုန်။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ ဝါရိ၊ ရေသည်။ ပေါက္ခရပတ္တေ၊ ကြာရွက်၌။ ဝိကိရတိ၊ ဖရိုဖရဲကြဲ၏။ ဝိဓမတိ၊ မှုတ်လွှင့်၏။ ဝိဒ္ဓံသတိ၊ ဖျက်ဆီး၏။ နသဏ္ဌတိ၊ မတည်။ နဥပလိမ္ပိတိ၊ မလိမ်းကျံ။
တံ၊ ထိုသို့မလိမ်းကျံခြင်းသည်ဉ။ ကိဿဟေတု၊ အဘယ်ကြောင့်နည်းဟူမူကား။
ပဒုမဿ၊ ပဒုမ္မာကြာ၏။ ပရိသုဒ္ဓတ္တာ၊ စင်ကြယ်သည်အဖြစ်ကြောင့်တည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ သမာဓိရတနံ၊ သမာဓိရတနာကို။ ပိလန္ဓဿ၊ ပန်ဆင်သော။ ဘိက္ခုနော၊ ရဟန်းအား။ ယေတေကာမဝိတက္ကဗျာပါဒဝိတက္ကဝိဟိံသာဝိတက္ကမာ နုဒ္ဓစ္စဒိဋ္ဌိဝိစိကိစ္ဆာစ၊ အကြင်ကာမ ဝိတက်ဗျာပါဒဝိတက်ဝိဟိံ သာဝိတက်မာန ဥဒ္ဓစ္စဒိဋ္ဌိဝိစိကိစ္ဆာတို့သည်လည်းကောင်း။ ကိလေသာဝတ္ထူနိ၊ ကိလေသာ၏တည်ရာဖြစ်ကုန်သော။ ဝိဝိဓာနိ၊ အထူးထူးအပြားပြားများစွာကုန်သော။ ကုဝိတက္ကာနိစ၊ မကောင်းသော အကြံအစည်တို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေသဗ္ဗေ၊ ထိုအလုံးစုံသောအကုသိုလ်တရားတို့သည်။ သမာဓိံ၊ သမာဓိသို့။ အာသဇ္ဇ၊ ကပ်ရောက်ကုန်၍။ ဝိကိရန္တိ၊ ဖရိုဖရဲကြဲကုန်၏။ ဝိဓမန္တိ၊ မှုတ်လွှင့်ကြကုန်၏။ ဝိဒ္ဓံသန္တိ၊ ဖျက်ဆီးကုန်၏။ နသဏ္ဌန္တိ၊ မတည်ကုန်။ နဥပလိမ္ပန္တိ၊ မလိမ်းကျံကုန်။
တံ၊ ထိုသို့မလိမ်းကျံခြင်းသည်။ ကီဿဟေတု၊ အဘယ်ကြောင့်နည်းဟူမူကား။
သမာဓိဿ၊ သမာဓိ၏။ ပရိသုဒ္ဓတ္တာ၊ စင်ကြယ်သည့်အဖြစ်ကြောင့်တည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သမာဓိရတနန္တိ၊ သမာဓိရတနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ခေါ၊ စင်စစ်။ ဧဝရူပါနိ၊ ဤသို့သဘောရှိကုန်သော။ သမာဓိရတနာနိ၊ သမာဓိရတနာတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ရတနာပဏေ၊ ရတနာဈေးတော်၌။ ပသာရိတာနိ၊ ဘုရားရှင်ဖြန့်ခင်းတော်မူအပ်ကုန်၏။
သမာဓိရတနာနိ၊ သမာဓိရတနာပန်းကို ပန်ဆင်သောသူအား။ ကုဝိတက္ကာ၊ မကောင်းသော အကြံအစည်တို့သည်။ နဇာယရေ၊ မဖြစ်ပေါ်ကုန်။
စိတ္တံ၊ စိတ်သည်။ နစဝိက္ခိပတေ၊ ပျံ့လည်းမပျံ့လွင့်။ တုမှေ၊ သင်တို့သည်။ ဧတံ၊ ထိုသမာဓိပန်းကို။ ပိဠန္ဓထာ၊ ပန်ဆင်ကုန်လော။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာ ပေတည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ပညာရတနံ၊ ပညာရတနာသည်။ ကတမံ၊ အဘယ်နည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ အကြင်အခြင်းဖြင့်။ ပညာယ၊ ပညာဖြင့်။ အရိယသာဝကော၊ အရိယာသာဝကသည်။ ဣဒံ၊ ဤသည်ကား။ ကုသလန္တိ၊ ကုသိုလ်ဟူ၍။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ ပဇာနာတိ၊ သိ၏။ ဣဒံ၊ ဤသည်ကား။ အကုသလန္တိ၊ အကုသိုလ်ဟူ၍။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ ပဇာနာတိ၊ သိ၏။ ဣဒံ၊ ဤတရားသည်။ သာဝဇ္ဇံ၊ အပြစ်ရှိ၏။ ဣဒံ၊ ဤတရားသည်။ အနဝဇ္ဇံ၊ အပြစ်မရှိ။ ဣဒံ၊ ဤတရားကို။ သေဝိတဗ္ဗံ၊ မှီဝဲအပ်၏။ ဣဒံ၊ ဤတရားကို။ နသေဝိတဗ္ဗံ၊ မမှီဝဲအပ်။ ဣဒံ၊ ဤတရားသည်။ ဟီနံ၊ ယုတ်၏။ ဣဒံ၊ ဤတရားသည်။ ပဏီတံ၊ မြတ်၏။ ဣဒံ၊ ဤတရားသည်။ ကဏှံ၊ မည်းနက်၏။ ဣဒံ၊ ဤတရားသည်။ သုတ္တံ၊ ဖြူစင်၏။ ဣဒံ၊ ဤတရားသည်။ ကဏှသုက္ကသပ္ပဋိဘာဂန္တိ၊ အမည်း အဖြူရော၍ တူသောအဘို့ရှိ၏ဟူ၍။ ယထာဘူတံ၊ ဟုတ်မှန်သော အတိုင်း။ ပဇာနာတိ၊ သိ၏။ ဣဒံ၊ ဤသည်ကား။ ဒုက္ခန္တိ၊ ဒုက္ခဟူ၍။ ယထာဘူတံ၊ ဟုတ်မှန်သော အတိုင်း။ ပဇာနာတိ၊ သိ၏။ အယံ၊ ဤသည်ကား။ ဒုက္ခသမုဒယောတိ၊ ဒုက္ခ၏ အကြောင်းဟူ၍။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ ပဇာနာတိ၊ သိ၏။ အယံ၊ ဤသည်ကား။ ဒုက္ခနိရောဓောတိ၊ ဒုက္ခ၏ချုပ်ရာ နိရောဓသစ္စာဟူ၍။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ ပဇာနာတိ၊ သိ၏။ အယံ၊ ဤသည်ကား။ ဒုက္ခနိရောဓောတိ၊ ဒုက္ခ၏ချုပ်ရာနိရောဓသစ္စာဟူ၍။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ ပဇာနာတိ၊ သိ၏။ အယံ၊ ဤသည်ကား။ ဒုက္ခနိရောဓဂါမိနိပ္ပဋိပဒါတိ၊ ဒုက္ခ၏ချုပ်ရာ နိဗ္ဗာန်သို့ရောက်ကြောင်းအကျင့်ဟူ၍။ ယထာဘူတံ၊ ဟုတ်မှန်သောအတိုင်း။ ပဇာနာတိ၊ သိ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ပညာရတနန္တိ၊ ပညာရတနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ပညာရတနမာလဿ၊ ပညာရတနာပန်းကို ပန်ဆင်သူအား။ ဘဝေါ၊ ဘဝသည်။ စိရံ၊ မြင့်ရှည်စွာ။ နဝတ္တတေ၊ မဖြစ်နိုင်။
သော၊ ထိုပညာရတနာပန်းကို ပန်ဆင်သောသူသည်။ ခိပ္ပံ၊ လျင်မြန်စွာ။ အမတံ၊ နိဗ္ဗာန်ကို။ ပဿတိ၊ မြင်၏။ ဘဝေ၊ ဘဝသုံးပါး၌။ နရောစတေ၊ မနှစ်သက်နိုင်။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာပေတည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဝိမုတ္တိရတနံ၊ ဝိမုတ္တိရတနာဟူသည်။ ကတမံ၊ အဘယ်နည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ အရဟတ္တံ၊ အရဟတ္တဖိုလ်ကို။ ဝိမုတ္တိရတနံခေါ၊ ဝိမုတ္တိရတနာဟူ၍သာလျှင်။ ဝုစ္စတိ၊ ဆိုအပ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပတ္တောခေါ၊ ရောက်သည်သာဖြစ်သော။ ဘိက္ခု၊ ရဟန်းသည်။ ဝိမုတ္တိရတနံ၊ ဝိမုတ္တိရတနာကို။ ပိသန္ဓောတိ၊ ပန်ဆင်သောသူဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ မုတ္တာကလာပ မဏိကလာပ ပဝါဠကလာပါဘရဏပ္ပဋိမဏ္ဍိတော၊ ပုလဲစည်း ပတ္တမြားစည်း သန္တာစည်း တန်ဆာတို့ဖြင့် တန်ဆာဆင်ယင်အပ်သော။ အဂလုတဂရတာလီသက လောဟိတစန္ဒနာနုလိတ္တဝတ္တော၊ အကျော်တောင်ဇလပ်ခေါင်ရမ်း စန္ဒကူးနီတို့ဖြင့် လိမ်းကျံသော ကိုယ်ရှိသော။ နာဂပုန္နာဂသာလသလဠ စမ္ပကယူထိကာတိမုတ္တက ပါဋလုပ္ပလဝဿိကမလ္လိကာဝိစိတ္တော၊ ကန့်ကော် ပုန်းညက် အင်ကြင်း သရဖီစကား စံပယ်စစ်ကြီးကသစ်ကြာညို မိုးဆွေကြက်ရုံးပန်းတို့ဖြင့် ဆန်းကြယ်စွာ ပန်ဆင်အပ်သော။ ပုရိသော၊ ယောက်ျားသည်။ သေသဇနေ၊ ကြွင်းသောသူအပေါင်းတို့ကို။ အတိက္ကမိတွာ၊ လွန်၍။ မထာဂန္ဓရတနာဘရဏေဟိ၊ ပန်းနံ့သာ ရတနာပန်းတို့ဖြင့်။ ဝိရောစတိ၊ တင့်တယ်၏။ အတိဝိရောစတိ၊ အလွန်တင့်တယ်၏။ ဩဘာသတိ၊ ထွန်းပ၏။ ပဘာသတိ၊ အပြားအားဖြင့် ထွန်းပ၏။ သမ္ပဘာသတိ၊ ကောင်းစွာ အပြားအားဖြင့် ထွန်းပ၏။ ဇလတိ၊ ထိန်လင်း၏။ ပဇ္ဇလတိ၊ အပြားအားဖြင့် ထိန်လင်း၏။ အဘိဘဝတိ၊ နှိပ်စက်၏။ အဇ္ဈောတ္ထရတိ၊ လွှမ်းမိုး၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ ပတ္တော၊ ရောက်သော။ ဝိမုတ္တိရတနံ၊ ဝိမုတ္တိရတနာကို။ ပိလန္ဓော၊ ပန်ဆင်သော။ ခီဏာသဝေါ၊ ကုန်ပြီးသော အာသဝေါရှိသော ရဟန္တာပုဂ္ဂိုလ်သည်။ ဥပါဒါယု ပါဒါယ၊ ထောက်၍ထောက်၍။ ဝိမုတ္တာနံ၊ ကိလေသာမှလွတ်ကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့ကို။ အတိက္ကမိတွာ၊ လွန်၍။ သမတိက္ကမိတွာ၊ ကောင်းစွာလွန်၍။ ဝိမုတ္တိယာ၊ ဝိမုတ္တိရတနာဖြင့်။ ဝိရောစတိ၊ တင့်တယ်၏။ အတိဝိရောစတိ၊ အလွန်တင့်တယ်၏။ ဩဘာသတိ၊ ထွန်းပ၏။ ပဘာသတိ၊ အပြားအားဖြင့် ထွန်းပ၏။ ဇလတိ၊ ထိန်လင်း၏။ ပဇ္ဇလတိ၊ အပြားအားဖြင့် ထိန်လင်း၏။ အတိဘဝတိ၊ နှိပ်စက်၏။ အဇ္ဈောတ္တရတိ၊ လွှမ်းမိုး၏။
တံ၊ ထိုလွှမ်းမိုးနိုင်ခြင်းသည်။ ကိဿဟေတု၊ အဘယ်ကြောင့်နည်းဟူမူကား။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယဒိဒံ ဝိမုတ္တိပိဠန္ဓနံ၊ အကြင်ဝိမုတ္တိဟူသော ပန်ဆင်ဖွယ်သည်။ အတ္ထိ၊ ရှိ၏။ တံပိလန္ဓနံ၊ ထိုဝိမုတ္တိဟူသော ပန်ဆင်ဖွယ်သည်။ သဗ္ဗပိဠန္ဓနာနံ၊ အလုံးစုံသော ပန်ဆင်ဖွယ်တို့ထက်။ အဂ္ဂံ၊ အမြတ်ဆုံးဖြစ်၍တည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဝိမုတ္တိရတနန္တိ၊ ဝိမုတ္တိရတနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
မဏိ မာလာဓရံ၊ ပတ္တမြားပန်းကို ပန်ဆင်သော။ ဂေဟံ၊ အိမ်ရှင်ဖြစ်သော။ သာမိံ၊ အရှင့်ကို။ ဇနော၊ လူအပေါင်းသည်။ ဥဒိက္ခတိ၊ မော်၍ကြည့်၏။
ဝိမုတ္တိရတနမာလံတု၊ ဝိမုတ္တိရတနာပန်းကို ပန်ဆင်သူကိုကား။ သဒေဝကာ၊ နတ်နှင့်တကွသော လူတို့သည်။ ဥဒိက္ခန္တိ၊ ကြည့်ရှုကုန်၏။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာပေတည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဝိမုတ္တိ ဉာဏဒဿနရတနံ၊ ဝိမုတ္တိဉာဏ်အမြင်ရတနာဟူသည်။ ကတမံ၊ အဘယ်နည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပစ္စဝေက္ခဏဉာဏံ၊ ပစ္စဝေက္ခနာဉာဏ်ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဝိမုတ္တိဉာနဒဿနရတနန္တိ၊ ဝိမုတ္တိဉာဏဒဿနရတနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ ယေနဉာဏေန၊ အကြင်ပစ္စဝေက္ခနာဉာဏ်ဖြင့်။ အရိယသာဝကော၊ အရိယာသာဝကသည်။ မဂ္ဂဖလနိဗ္ဗာနာနိစ၊ မဂ်ဖိုလ်နိဗ္ဗာန်တို့ကိုလည်းကောင်း။ ဝတီနကိလေသာ ဝသိဋ္ဌ ကိလေသေစ၊ ပယ်အပ်ပြီးသော ကိလေသာကြွင်သေးသော ကိလေသာတို့ကိုလည်းကောင်း။ ပစ္စဝေက္ခတိ၊ ဆင်ခြင်၏။
ယေနဉာဏေန၊ အကြင်ဉာဏ်ဖြင့်။ အရိယာ၊ အရိယာပုဂ္ဂိုလ်တို့သည်။ ကတကိစ္စတံ၊ ပြုပြီးကိစ္စရှိသော ရဟန္တာအဖြစ်ကို။ ဗုဇ္ဈန္တိ၊ သိမြင်နိုင်ကုန်၏။
တံဉာဏရတနံ၊ ထိုဉာဏ်တော်ရတနာကို။ လဒ္ဓုံ၊ ရခြင်းငှာ။ ဇိနောရသ၊ ဘုရားရှင်၏ သားတော်တို့။ တုမှေ၊ သင်တို့သည်။ ဝါယာမေထ၊ အားထုတ်ကြကုန်လော။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာပေတည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ပဋိသမ္ဘိဒါရတနံ၊ ပဋိသမ္ဘိဒါရတနာဟူသည်။ ကတမံ၊ အဘယ်နည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ခေါ၊ စင်စစ်။ ပဋိသမ္ဘီဒါယော၊ ပဋိသမ္ဘိဒါတို့သည်။ အတ္ထပဋိသမ္ဘီဒါ၊ အတ္ထပဋိသမ္ဘိဒါလည်းကောင်း။ ဓမ္မပဋိသမ္ဘိဒါ၊ ဓမ္မပဋိသမ္ဘိဒါလည်းကောင်း။ နိရုတ္တိပဋိသမ္ဘိဒါ၊ နိရုတ္တိပဋိသမ္ဘိဒါလည်းကောင်း။ ပဋိဘာနပဋိသမ္ဘိဒါ၊ ပဋိဘာနပဋိသမ္ဘိဒါလည်းကောင်း။ ဣတိ၊ ဤသို့။ စတဿော၊ လေးပါးအပြားရှိကုန်သည်။ ဟောန္တိ၊ ဖြစ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ စတူဟိ၊ လေးပါးကုန်သော။ ဣမေဟိခေါ ပဋိသမ္ဘိဒါရတနေဟိ၊ ဤပဋိသမ္ဘိဒါရတနာတို့ဖြင့်။ သမလင်္ကတော၊ ကောင်းစွာတန်ဆာဆင်အပ်သော။ ဘိက္ခု၊ ရဟန်းသည်။ ယံယံပရိသံ၊ အကြင်အကြင် ပရိသတ်သို့။ ဥပသင်္ကမတိ၊ ကပ်၏။ ခတ္တိယပရိသံ၊ မင်းပရိတ်သတ်သို့။ ယဒိဥပသင်္ကမတိ၊ အကယ်၍ ချဉ်းကပ်အံ့။ ယဒိဗြာဟ္မဏပရိသံ၊ ဗြဟ္မာပရိတ်ိသတ်သို့။ ယဒိဥပသင်္ကမတိ၊ အကယ်၍ ချဉ်းကပ်အံ့။ ဂဟပတိပရိသံ၊ သူကြွယ်ပရိတ်သတ်သို့။ ယဒိ ဥပသင်္ကမတိံ၊ အကယ်၍ ချဉ်းကပ်အံ့။ သမဏပရိသံ၊ ရဟန်းပရိတ်သတ်သို့။ ယဒိဥပသင်္ကမတိ၊ အကယ်၍ချဉ်းကပ်အံ့။ ဝိသာရဒေါ၊ ရဲရင့်သည်ဖြစ်၍။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏။ အမင်္ကတော၊ မျက်နှာသာရွှင်သည်ဖြစ်၍။ အဘိရု၊ မကြောက်သည်ဖြစ်၍။ အဆမ္ဘိ၊ ကိုယ်ခက်တရော်မရှိသည်ဖြစ်၍။ အနုတြာသီ၊ မထိတ်လန့်သည်ဖြစ်၍။ ဝိဂတလောမဟံသော၊ ကြက်သီးမွေးညှင်းထခြင်းကင်းသည်ဖြစ်၍။ ပရိသံ၊ ပရိတ်သတ်သို့။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ ယောဓော၊ သူရဲသည်။ သင်္ဂါမသူရော၊ စစ်မြေပြင်၌ရဲရင့်သည်ဖြစ်၍။ သန္နဒ္ဓပဉ္စာဝုဓော၊ ကောင်းစွာဘွဲ့အပ်သောလက်နက်ငါးပါးရှိသည်ဖြစ်၍။ အစ္ဆမ္ဘိတော၊ ကိုယ်ခက်တရော်မရှိသည်ဖြစ်၍။ သင်္ဂါမံ၊ စစ်မြေပြင်သို့။ ဩတရတိ၊ သက်ဝင်၏။ အမိတ္တာ၊ ရန်သူတို့သည်။ ဒူရေ၊ အဝေး၌။ သစေတဝိဿန္တိ၊ အကယ်၍ဖြစ်ကုန်အံ့။ ဥဿုနာ၊ မြှားဖြင့်။ ပါတယိဿာမိ၊ ကျရောက်စေအံ့။ တတော၊ ထိုမှ။ ဩရတော၊ အတွင်း၌။ သစေဘဝိဿန္တိ၊ အကယ်၍ဖြစ်ကုန်အံ့။ သတ္တိယာ၊ လှန်ဖြင့်။ ပဟရိဿာမိ၊ ထိုးပစ်အံ့။ တတော၊ ထိုမှ။ ဩရတော၊ အတွင်း၌။ သစေဘဝိဿန္တိ၊ အကယ်၍ဖြစ်ကုန်အံ့။ ကဏယေန၊ ခရင်းလှံမဖြင့်။ ပဟရိဿာမိ၊ ထိုးပစ်အံ့။ ဥပဂတံ၊ အနီးသို့သွားလာသော။ သန္တံ၊ ထင်ရှားသော သူကို။ မဏ္ဍလဂ္ဂေန၊ သန်လျက်ဖြင့်။ ဒွိဓာ၊ နှစ်ပိုင်း။ ဆိန္ဒိဿာမိ၊ ဖြတ်အံ့။ ကာယူပဂတံ၊ ကိုယ်အနီးသို့ ကပ်သူကို။ ဆုရိကာယ၊ လက်စောင့်ထားစူးဖြင့်။ ဝိနိဝိဇ္ဈိဿာမိ၊ ထိုးစိုက်အံ့။ ဣတိ၊ ဤသိုံ့။ ဩတရတိ၊ သက်ဝင်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ စတူဟိ၊ လေးပါးကုန်သော။ ပဋိသမ္ဘိဒါရကနေဟိ၊ ပဋိသမ္ဘိဒါရတနာတို့ဖြင့်။ မဏ္ဍိတော၊ တန်ဆာဆင်အပ်သော။ ဘိက္ခူ၊ ရဟန်းသည်။ အဆမ္ဘိတော၊ ကိုယ်ခက်တရော်မရှိသည်ဖြစ်၍။ ပရိသံ၊ ပရိသတ်သို့။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။ အတ္ထပဋိသမ္ဘိဒေ၊ အတ္ထပဋိသမ္ဘိဒါ၌။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိဿတိ၊ မေးလတ္တံ့။ တဿ၊ ထိုသူအား။ အတ္ထေန၊ အနက်ဖြင့်။ အတ္ထံ၊ အနက်ကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ကာရဏေန၊ အကြောင်းဖြင့်။ ကာရဏံ၊ အကြောင်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ဟေတုနာ၊ နိမိတ်ဖြင့်။ ဟေတုံ၊ နိမိတ်ကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ နယေန၊ နည်းဖြင့်။ နယံ၊ နည်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ နိဿံသယံ၊ ယုံမှားမရှိသည်ကို။ ကရိဿာမိ၊ ပြုအံ့။ ပဉှာဝေယျာကရဏေန၊ ပြဿနာကိုဖြေဆိုသဖြင့်။ ဝိမတိံ၊ ယုံမှားခြင်းကို။ ဝိပေစေဿာမိ၊ ကင်းပျောက်စေအံ့။ တောသယိဿာမိ၊ နှစ်သက်စေအံ့။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။ မံ၊ ငါ့ကို။ ဓမ္မပဋိသဗ္ဘိဒေ၊ ဓမ္မပဋိသမ္ဘိဒါ၌။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိဿတိ၊ မေးလတ္တံ့။ တဿ၊ ထိုသူအား။ ဓမ္မေန၊ ပါဠိဖြင့်။ ဓမ္မံ၊ ပါဠိကို။ ကတယိဿာမိ၊ ဖြေဆိုအံ့။ အမတေန၊ အမြိုက် နိဗ္ဗာန်ဖြင့်။ အမတံ၊ အမြိုက်နိဗ္ဗာန်ကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ အသင်္ခတေန၊ မပြုပြင်ခြင်းဖြင့်။ အသင်္ခတံ၊ မပြုပြင်ခြင်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ နိဗ္ဗာနေန၊ ငြိမ်းခြင်းဖြင့်။ နိဗ္ဗာနံ၊ ငြိမ်းခြင်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ သုညတေန၊ ဆိတ်ခြင်းဖြင့်။ သုညတံ၊ ဆိတ်ခြင်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ အနိမိတ္တေန၊ အကြောင်းကင်းသဖြင့်။ အနိမိတ္တံ၊ အကြောင်းကင်းခြင်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ အပ္ပဟိတေန၊ တောင့်တခြင်းကင်းခြင်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ အနေဇေန၊ အပြစ်မရှိသဖြင့်။ အနေဇံ၊ အပြစ်မရှိသည်ကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ပဉှာဝေယျာကရဏေန၊ ပြဿနာကိုဖြေဆိုသဖြင့်။ ဝိမတိံ၊ ယုံမှားခြင်းကို ။ ဝိဝေစေဿာမိ၊ ကင်းပျောက်စေအံ့။ တောသယိဿာမိ၊ နှစ်သက်စေအံ့။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သောသူသည်။ မံ၊ ငါ့ကို။ နိရုတ္တိပဋိသမ္ဘိဒေ၊ နိရုတ္တိပဋိသမ္ဘိဒါ၌။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိဿတိ၊ မေးလတ္တံ့။ တဿ၊ ထိုသူအား။ နိရုတ္တိယာ၊ ဝိဂြိုလ်ဖြင့်။ နိရုတ္တိံ၊ ဝိဂြိုလ်ကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ပဒေန၊ ပုဒ်ဖြင့်။ ပဒံ၊ ပုဒ်ကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ အနုပဒေန၊ ပုဒ်သို့အစဉ်လိုက်သော ဝိဘတ်ပစ္စည်းဖြင့်။ အနုပဒံ၊ ပုဒ်သို့အစဉ်လိုက်သော ဝိဘတ်ပစ္စည်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ အက္ခရေန၊ အက္ခရာဖြင့်။ အက္ခရံ၊ အက္ခရာကို။ ကထယိဿာမိ‌၊ ဖြေဆိုအံ့။ သန္ဓိယာ၊ စပ်ခြင်းဖြင့်။ သန္ဓိံ၊ စပ်ခြင်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ဗျဉ္ဇနေန၊ ဗျည်းဖြင့်။ ဗျဉ္ဇနံ၊ ဗျည်းကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ အနုဗျဉ္ဇနေန၊ ဗျည်းသို့အစဉ်လိုက်သော နိဂ္ဂဟိတ်ဖြင့်။ အနုဗျဉ္ဇနံ၊ ဗျည်းသို့အစဉ်လိုက်သော နိဂ္ဂဟိတ်ကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ဝဏ္ဏေန၊ ဝဏ္ဏဖြင့်။ ဝဏ္ဏံ၊ ဝဏ္ဏကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ သရေန၊ သရဖြင့်။ သရံ၊ သရကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ပညတ္တိယာ၊ ပညတ်ဖြင့်။ ပညတ္တိံ၊ ပညတ်ကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ဝေါဟာရေန၊ ‌ဝေါဟာရဖြင့်။ ဝေါဟာရံ၊ ဝေါဟာရကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ နိဿံသယံ၊ ယုံမှားမရှိသည်ကို။ ကရိဿာမိ၊ ပြုအံ့။ ပဉှာဝေယျာကရဏေန၊ ပြဿနာကိုဖြေဆိုသဖြင့်။ ဝိမတိံ၊ ယုံမှားခြင်းကို။ ဝိဝေစေဿာမိ၊ ကင်းပျောက်စေအံ့။ တောသဟိဿာမိ၊ နှစ်သက်စေအံ့။
ယောကောစိ၊ အမှတ်မရှိတစုံတယောက်သော သူသည်။ မံ၊ ငါ့ကို။ ပဋိဘာနပဋိသမ္ဘိဒေ၊ ပဋိဘာနပဋိသမ္ဘိဒါ၌။ ပဉှံ၊ ပြဿနာကို။ ပုစ္ဆိဿတိ၊ မေးလတ္တံ့။ တဿ၊ ထိုသူအား။ ပဋိဘာနေန၊ ပညာဖြင့်။ ပဋိဘာနံ၊ ပညာကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ဩပမ္မေန၊ ဥပမာဖြင့်။ ဩပမ္မံ၊ ဥပမာကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ လက္ခဏေန၊ လက္ခဏာဖြင့်။ လက္ခဏံ၊ လက္ခဏာကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ ရသေန၊ ရသဖြင့်။ ရသံ၊ ရသကို။ ကထယိဿာမိ၊ ဖြေဆိုအံ့။ နိဿံသယံ၊ ယုံမှားမရှိသည်ကို။ ကရိဿာမိ၊ ပြုအံ့။ ပဉှာဝေယျာကရဏေန၊ ပြဿနာကို ဖြေဆိုသဖြင့်။ ဝိမတိံ၊ ယုံမှားခြင်းကို။ ဝိဝေစေဿာမိ၊ ကင်းပျောက်စေအံ့။ တောသယိဿာမိ၊ နှစ်သက်စေအံ့။ ဣတိ၊ ဤသို့။ ဥပသင်္ကမတိ၊ ချဉ်းကပ်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ပဋိသမ္ဘိဒါရတနန္တိ၊ ပဋိသမ္ဘိဒါရတနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ယော၊ အကြင်သူသည်။ ပဋိသမ္ဘိဒါ၊ ပဋိသမ္ဘိဒါလေးပါးတို့ကို။ ကိဏိတွာန၊ ဝယ်ယူ၍။ ဉာဏေန၊ ဉာဏ်ဖြင့်။ ဿယေယျ၊ ရှုမြင်ငြားအံ့။
သော၊ ထိုသူသည်။ အဆမ္ဘိတော၊ မတုန်လှုပ်ဘဲ။ အနုဗ္ဗိဂ္ဂေါ၊ မထိတ်လန့်ဘဲ။ သဒေဝကေ၊ နတ်နှင့်တကွသော လောက၌။ အတိရောစတိ၊ လွန်၍တင့်တယ်၏။ ဣတိ၊ ဤကားမှတ်ဖွယ်ဂါထာပေတည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဗောဇ္ဈင်္ဂရတနံ၊ ဗောဇ္ဈင်ရတနာဟူသည်။ ကတမံ၊ အဘယ်နည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တို့သည်။ သတိသံဗောဇ္ဈင်္ဂေါ၊ သတိသံဗောဇ္ဈင်လည်းကောင်း။ ဓမ္မဝိစယသမ္ဗောဇ္ဈင်္ဂေါ၊ ဓမ္မဝိစယသံဗောဇ္ဈင်လည်းကောင်း။ ဝီရိယသံမ္ဗောဇ္ဈင်္ဂေါ၊ ဝီရိယသံဗောဇ္ဈင်လည်းကောင်း။ ပီတိသံမ္ဗောဇ္ဈင်္ဂေါ၊ ပီတိသံဗောဇ္ဈင်လည်းကောင်း။ ပဿဒ္ဓိသံမ္ဗောဇ္ဈင်္ဂေါ၊ ပဿဒ္ဓိသံဗောဇ္ဈင်လည်းကောင်း။ သမာဓိသံမ္ဗောဇ္ဈင်္ဂေါ၊ သမာဓိသံဗောဇ္ဈင်လည်းးကောင်း။ ဥပေက္ခာသံမ္ဗောဇ္ဈင်္ဂေါ၊ ဥပေက္ခာသံဗောဇ္ဈင်၎င်း။ ဣမေသတ္တ၊ ဤခုနစ်ပါးတို့တည်း။ မဟာရာဇ၊ မြတ်သောမင်းကြီး။
ခေါ၊ စင်စစ်။ သတ္တဟိ၊ ခုနစ်ပါးကုန်သော။ ဣမေဟိဗောဇ္ဈင်္ဂရတနေဟိ၊ ဤဗောဇ္ဈင်ရတနာတို့ဖြင့်။ ပဋမဏ္ဍိတော၊ ပန်ဆင်သော။ ဘိက္ခု၊ ရဟန်းသည်။ သဗ္ဗံတမံ၊ အလုံးစုံသောအမိုက်မှောင်ကို။ အသိဘုယျ၊ နှိပ်စက်ဖိစီး၍။ သဒေဝကံ၊ နတ်နှင့်တကွသော။ လောကံ၊ လောကကို။ ဩဘာသေတိ၊ ထွန်းလင်းစေ၏။ ပဘာသေတိ၊ အပြားအားဖြင့်ထွန်းလင်စေ၏။ အာလောကံ၊ အလင်းကို။ ဇနေဟိ၊ ဖြစ်စေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဗောဇ္ဈင်္ဂရတနန္တိ၊ ဗောဇ္ဈင်ရတနာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဗောဇ္ဈင်္ဂရတနမာလဿ၊ ဗောဇ္ဈင်ရတနာပန်းကိုပန်ဆင်သူအား။ သဒေဝကာ၊ နတ်နှင့်တကွသောလူတို့သည်။ ဥပဋ္ဌဟန္တိ၊ ဆည်းကပ်ကုန်၏။ ကမ္မေန၊ ကုသိုလ်ကံဖြင့်။
တံရတနံ၊ ထိုဗောဇ္ဈင်ရတနာပန်းကို။ ကိဏိတွာန၊ ဝယ်ယူ၍။ ဝေါ၊ သင်တို့သည်။ ပိလန္ဓလ၊ ပန်ဆင်ကြကုန်လော။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာပေတည်း။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ ဗုဒ္ဓဿ၊ သစ္စာလေးအင် သိမြင်တော်မူသော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗာပဏံ၊ ကုန်စုံဈေးတော်ဟူသည်။ ကတမံ၊ အဘယ်နည်း။ ဣတိ၊ ဤသို့မေးလျှောက်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ နဝင်္ဂံ၊ အင်္ဂါကိုးတန်ရှိသော။ ဗုဒ္ဓဝစနံ၊ ဘုရားပါဠိတော်သည်လည်းကောင်း။ သာရီရိကာနိ၊ ကိုယ်တော်စားဖြစ်ကုန်သော။ စေတိယာနိစ၊ ဥဒ္ဒိဿစေတီဓာတုစေတီတို့သည်လည်းကောင်း။ ပရိဘောဂိကာနိ၊ သုံးဆောင်တော်မူရာဖြစ်ကုန်သော။ စေတီယာနိစ၊ ကျောင်းကန်စသော ပရိဘောဂစေတီတို့သည်လည်းကောင်း။ သံဃရတနဉ္စ၊ သံဃာရတနာသည်လည်းကောင်း။ သဗ္ဗာပဏံခေါ၊ ကုန်စုံဈေးတော်မည်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗာပဏေ၊ ကုန်စုံဈေးတော်၌။ ဇာတိသမ္ပတ္တိ၊ ဇာတိ၏ပြည့်စုံခြင်းဟူသောကုန်ကို။ ပသာရိတာ၊ ဖြန့်ခင်းအပ်၏။ ဘောဂသမ္ပတ္တိ၊ ဘောဂ၏ပြည့်စုံခြင်းဟူသော ကုန်ကို။ ပသာရိတာ၊ ဖြန့်ခင်းအပ်၏။ အာရောဂျသမ္ပတ္တိ၊ ရောဂါမဲ့ခြင်း၏ပြည့်စုံခြင်းဟူသောကုန်ကို။ ပသာရိတာ၊ ဖြန့်ခင်းအပ်၏။ ဝဏ္ဏသမ္ပတ္တိ၊ အဆင်း၏ ပြည့်ခြင်းဟူသောကုန်ကို။ ပသာရိတာ၊ ဖြန့်ခင်းအပ်၏။ ပညာသမ္ပတ္တိ၊ ပညာ၏ပြည့်စုံခြင်းဟူသော ကုန်ကို။ ပသာရိတာ၊ ဖြန့်ခင်းအပ်၏။ မာနုဿိကသမ္ပတ္တိ၊ လူ့ပြည်၌ဖြစ်ခြင်း၏ပြည့်စုံခြင်းဟူသောကုန်ကို။ ပသာရိတာ၊ ဖြန့်ခင်းအပ်၏။ ဒိဗ္ဗသမ္ပတ္တိ၊ နတ်ပြည်၌ဖြစ်ခြင်း၏ပြည့်စုံခြင်းဟူသော ကုန်ကို။ ပသာရိတာ၊ ဖြန့်ခင်းအပ်၏။ နိဗ္ဗာနသမ္ပတ္တိ၊ နိဗ္ဗာန်၏ပြည့်စုံခြင်းဟူသောကုန်ကို။ ပသာရိတာ၊ ဖြန့်ခင်းအပ်၏။
တတ္ထ၊ ထိုကုန်စုံဈေးတော်၌။ ယေ၊ အကြင်သူတို့သည်။ တံတံသမ္ပတ္တိံ၊ ထိုထိုပြည့်စုံခြင်းကို။ ဣစ္ဆန္တိ၊ အလိုရှိကုန်၏။ တေ၊ ထိုသူတို့သည်။ ကမ္မမူလံ၊ ကုသိုလ်ကံဟူသောအဘို့ကို။ ဒတွာ၊ ပေး၍။ တ္ထိတဝတ္ထိတံ၊ တောင့်တအပ်အလိုရှိအပ်သော။ သမ္ပတ္တံ၊ ပြည့်စုံခြင်းကို။ ကီဏန္တိ၊ ဝယ်ယူကုန်၏။ ကေစိ၊ အချို့သောသူတို့သည်။ သီလသမာဒါနေန၊ သီလကိုကျင့်သုံဆောက်တည်သဖြင့်။ ကီဏန္တိ၊ ဝယ်ယူကုန်၏။ သီလသမာဒါနေန၊ သီလကိုကျင့်သုံးဆောက်တည်သဖြင့်။ ကီဏန္တိ၊ ဝယ်ယူကုန်၏။ ကေစိ၊ အချို့သောသူတို့သည်။ ဥပေါသထကမ္မေန၊ ဥပေါသထကံဖြင့်။ ကီဏန္တိ၊ ဝယ်ယူကုန်၏။ အပ္ပမတ္တကေန၊ အနည်းငယ်မျှသော။ ကမ္မမူလေနပိ၊ ကုသိုလ်ကံအဘို့ဖြင့်လည်း။ ဥပါဒါယုပါဒါယ၊ ထောက်၍ထောက်၍။ သမ္ပတ္တိယော၊ ပြည့်စုံခြင်းတို့ကို။ ပဋိလဘန္တိ၊ ရကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ အာပဏိကဿ၊ အိမ်ဈေးရှင်၏။ အာပဏေ၊ ဈေးဆိုင်၌။ တိလမုဂ္ဂမာသေ၊ နှမ်းပဲနောက်ပဲကြီးတို့ကို။ ပရိတ္တကေန၊ အနည်းငယ်မျှသော။ တဏ္ဍုလမုဂ္ဂမာသေနပိ၊ ဆန်ပဲနောက်ပဲကြီးဖြင့်လည်းကောင်း။ အပ္ပမတ္တကေန၊ အနည်းငယ်မျှသော။ မူလေနပိ၊ အရင်းဥစ္စာဖြင့်လည်းကောင်း။ ဥပါဒါယုပါဒါယ၊ ထောက်၍ထောက်၍။ ဂဏှန္တိ၊ ယူကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ = ဤအတူပင်လျှင်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗာပဏေ၊ ကုန်စုံဈေးတော်၌။ အပ္ပမတ္တကေန၊ အနည်းငယ်မျှသော။ ကမ္မမူလေနပိ၊ ကုသိုလ်ကံဟူသောအဘို့ဖြင့်လည်း။ ဥပါဒါယုပါဒါယ၊ ထောက်၍ထောက်၍။ သမ္ပတ္တိယော၊ ပြည့်စုံခြင်းတို့ကို။ ပဋိလဘန္တိ၊ ရကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣဒံံ၊ ဤတရားစုကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ သဗ္ဗာမဏန္တိ၊ ကုန်စုံဈေးတော်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဇိနေ၊ ဘုရားရှင်၏။ သဗ္ဗာပဏေ၊ အလုံးစုံဖြန့်ခင်းကျင်းပသော ဈေးတော်ကြီး၌။ အာယု၊ အသက်ရှည်ကြောင်းကုန်သည်လည်းကောင်း။ အရောဂတာ၊ အနာကင်းကြောင်းကုန်သည်လည်းကောင်း။ ဝဏ္ဏံ၊ အဆင်းလှကြောင်းကုန်သည်လည်းကောင်း။ သဂ္ဂံ၊ နတ်ပြည်ရောက်ကြောင်းကုန်သည်လည်းကောင်း။ ဥစ္စကုလီနတာ၊ အမျိုးဖြင့် မြတ်ကြောင်းကုန်သည်လည်းကောင်း။
အသင်္ခတံ၊ ပြုပြင်စီရင်ခြင်းကင်းသော။ အမတဉ္စ၊ နိဗ္ဗာန်ကုန်မြတ်သည်လည်းကောင်း။ အတ္ထိ၊ အပြည့်အနှက်ရှိကုန်၏။
အပ္ပေနပိ၊ အနည်းငယ်မျှလည်းဖြစ်ကုန်သော။ ဗဟုကေနာပိ၊ အများလည်းဖြစ်ကုန်သော။ ကမ္မမူလေန၊ ကုသိုလ်ကံဟူသော အရင်းဥစ္စာဖြင့်။ ဂယှတိ၊ ဝယ်ယူနိုင်ပေ၏။
ဘိက္ခဝေါ၊ ရဟန်းတို့။ တုမှေ၊ သင်တို့သည်။ သဒ္ဓါမူလေန၊ သဒ္ဓါဟူသော အဘိုးရင်းဖြင့်။ ကီဏိတွာ၊ ဝယ်ယူကုန်၍။ သမိဒ္ဓါ၊ ပြည့်စုံကြွယ်ဝချမ်းသာကြကုန်သည်။ ဟောလ၊ ဖြစ်ကုန်သော။ ဣတိ၊ ဤကားမှတ်ဖွယ်ရာဂါထာတို့ပေတည်း။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနုဂရေခေါ၊ တရားမြို့တော်ကြီး၌ကား။ ဧဝရူပါ၊ ဤသို့သဘောရှိကုန်သော။ ဇနာ၊ သူကောင်းသူမွန်တို့သည်။ ပဋိဝသန္တိ၊ ထင်ရှားစွာနေထိုင်ကုန်၏။ သုတ္တန္တိကာ၊ သုတ္တန်ပိဋတ်ကို ဆောင်ကုန်သူတို့သည်။ ဝေနယိကာ၊ ဝိနည်းဝိဋကတ်ကိုဆောင်ကုန်သူတို့သည်။ အာဘိဓမ္မိကာ၊ အဘိဓမ္မာပိဋကတ်ကိုဆောင်ကုန်သူတို့သည်။ ဓမ္မကထိကာ၊ ဓမ္မကထာကို ဟောကြားတတ်ကုန်သူတို့သည်။ ဇာတကာဘာဏကာ၊ ဇတ်တော်ကို ဆောင်ကုန်သူတို့သည်။ ဒီဃဘာဏကာ၊ ဒီဃနိပါတ်ကို ဆောင်ကုန်သူတို့သည်။ မဇ္ဈိမဘာဏကာ၊ မဇ္ဈိမနိပါတ်ကို ဆောင်ကုန်သူတို့သည်။ သံယုတ္တဘာဏကာ၊ သံယုတ္တနိပါတ်ကိုဆောင်ကုန်သူတို့သည်။ အင်္ဂုတ္တရဘာဏကာ၊ အင်္ဂုတ္တရနိကာယ်ကို ဆောင်ကုန်သူတို့သည်။ ခုဒ္ဒကဘာဏကာ၊ ခုဒ္ဒကနိကာယ်ကို ဆောင်ကုန်သူတို့သည်။ သီလသမ္ပန္နာ၊ သီလပြည့်စုံကုန်သူတို့သည်။ သာမဓိသမ္ပန္နာ၊ သမာဓိပြည့်စုံကုန်သူတို့သည်။ ပညာသမ္ပန္နာ၊ ပညာပြည့်စုံကုန်သူတို့သည်။ ဗောဇ္ဈင်္ဂ ဘာဝနာရတာ၊ ဗောဇ္ဈင်တရားကို ပွားများခြင်း၌ မွေ့လျော်ကုန်သူတို့သည်။ ဝိပဿကာ၊ ဝိပဿနာ ရှုကုန်သူတို့သည်။ သဒတ္ထံ၊ မိမိအကျိုးကို။ အနုယုတ္တာ၊ အားကြိုးလုံးပမ်း ကုန်သူတို့သည်။ အာရညိကာ၊ အရညကင်ဆောက်တည် ကုန်သူတို့သည်။ ရုက္ခမူလိကာ၊ ရုက္ခမူဆောက်တည်ကုန်သူတို့သည်။ အဗ္ဘောကာသိကာ၊ အဗ္ဘောကာသိဓုတင်ဆောက်တည်ကုန်သူတို့သည်။ ပလာသပုဉ္ဇကာ၊ ကောက်ရိုးပုံနေကုန်သူတို့သည်။ သောသာနိကာ၊ သုသာန်ဓုတင်ဆောက်တည်ကုန်သူတို့သည်။ နေသဇ္ဇိကာ၊ နိသဇိဓုတင် ဆောက်တည်ကုန်သူတို့သည်။ ပဋိပန္နကာ၊ မဂ်အကျင့်နှင့် ပြည့်စုံကုန်သူတို့သည်။ ဖလဋ္ဌာ၊ ဖိုလ်၌တည်ကုန်သူတို့သည်။ သေက္ခာ၊ သေက္ခပုဂ္ဂိုလ်တို့သည်။ ဖလသမင်္ဂီနော၊ ဖိုလ်နှင့်ပြည့်စုံကုန်သူတို့သည်။ သောတာပန္နာ၊ သောတာပန်တို့သည်။ သကဒါဂါမိနော၊ သကဒါဂါမ်တို့သည်။ အနာဂါမိနော၊ အနာဂါမ်တို့သည်။ အရဟန္တော၊ ရဟန္တာတို့သည်။ တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးတို့နှင့် ပြည့်စုံကုန်သူတို့သည်။ ဆဠာဘိညာ၊ အဘိညာဏ်ခြောက်ပါးနှင့်ပြည့်စုံကုန်သူတို့သည်။ ဣဒ္ဓိမန္တော၊ တန်ခိုးကြီးသောသူတို့သည်။ ပညာယ၊ ပညာ၏။ ပါရမိံ၊ ပါရမီသိုံ့။ ဂတာ၊ ရောက်ကုန်သူတို့သည်။ သတိပဋ္ဌာန သမ္မပ္ပဓာနဣဒ္ဓိ ပါဒိန္ဒြိယ ဗလဗောဇ္ဈင်္ဂမဂ္ဂဝရဈာန ဝိမောက္ခရူပါရူပသန္တသုခ သမာပတ္တိကုသလာ၊ သတိပဋ္ဌာန် သမ္မပ္ပဓာန်ဣဒ္ဓိပါဒ် ဣန္ဒြေဗိုလ်ဗောဇ္ဈင်မဂ်မြတ်သော ဈာန်ဝိမောက္ခာရူပ အရူပသိမ်မွေ့ချမ်းသာသော သမာပတ်၌ လိမ္မာကုန်သူတို့သည်။ ပဋိဝသန္တိ၊ ထင်ရှားစွာနေထိုင်ကုန်၏။ ဓမ္မနဂရံ၊ ဘုရားရှင်၏ တရားမြို့တော်ကြီးသည်။ တေဟိအရဟန္တေဟိ၊ ထိုရဟန္တာတို့ဖြင့်။ နဠဝနသရဝနမိဝ၊ ကျူတော မြားဆိပ်ပင်တောကဲ့သို့။ အာကုလံ၊ ရှပ်ရှက်သည်။ သမာကုလံ၊ အလွန်ရှုပ်ရှက်သည်။ အာကိဏ္ဏံ၊ ပြွမ်းသည်။ သမာကိဏ္ဏံ၊ အလွန်ပြွမ်းသည်။ အဟောသိ၊ ဖြစ်လတ်ပြီ။
ဣဟ၊ ဤအရာ၌။ ဘဝတိ၊ သင်္ဂဟဂါထာဖြစ်၏။
ဓမ္မနဂရေ၊ ဘုရားရှင်၏တရားမြို့တော်ကြီး၌။ ဝီတရာဂါ၊ ရာဂကင်းသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ဝီတဒေါသာ၊ ဒေါသကင်းသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ဝီတမောဟာ၊ မောဟကင်းသော ပုဂ္ဂိုလ်တို့သည်လည်းကောင်း။ အနာသဝါ၊ အသဝေါမြစ်ရင်းကင်းလွတ်ကုန်သူတို့သည်လည်းကောင်း။
ဝီတတဏှာ၊ တပ်ခြင်းတဏှာ ကင်းကုန်သူတို့သည်လည်းကောင်း။ အနုပါဒါနာ၊ ဥပါဒါန် မြစ်ရင်း ပြင်းစွာ မစွဲလမ်းကုန်သူတို့သည်လည်းကောင်း။ တေ၊ ထိုသို့သဘောရှိသူ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏တရားမြို့တော်ကြီး၌။
အာရညိကာ၊ အရညကင်ဆောင်ကုန်သူတို့သည်လည်းကောင်း။ ဓူတဓရာ၊ ဓုတင်အကျင့်ကို ဆောင်ကုန်သောသူတို့သည်လည်းကောင်း။ ဈာယိနော၊ ဈာန်ယာဉ်ပျော်မွေ့ကုန်သူတို့သည်လည်းကောင်း။ လူခစီဝရာ၊ ခေါင်းပါးသော သင်္ကန်းရှိကုန်သူတို့သည်လည်းကောင်း။
ဝိဝေကာဘိရတာ၊ ဆိတ်ငြိမ်ရာ၌မွေ့လျော်သော သူတို့သည်လည်းကောင်း။ ဓီရာ၊ ပညာရှိသူတို့သည်လည်းကောင်း။ တေ၊ ထိုသို့သဘောရှိသူ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ပသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏ တရားမြို့တော်ကြီး၌။
နေသဇ္ဇိကာ၊ ထိုင်ခြင်းအရိယာပုထ်ဖြင့်သာနေခြင်း နိသဇိဓုတင်ဆောင်ကုန်သူတို့သည်လည်းကောင်း။ သန္တတိကာ၊ ပေးရသမျှ ကျောင်းနေရာ၌သာနေထိုင်သူတို့သည်လည်းကောင်း။ အထောပိ၊ ထိုမှတပါးလည်း။ ဋ္ဌာနစင်္ကမာ၊ ရပ်ခြင်းစင်္ကြံ သွားခြင်းဖြင့်သာ နေထိုင်သူတို့သည်လည်းကောင်း။
ပံသုကူလဓရာ၊ ပံသုကူ ဓုတင်ဆောင်ကုန်သူတို့သည်လည်းကောင်း။ သဗ္ဗေ၊ အလုံးစုံကုန်သော။ တေ၊ ထိုသို့သဘောရှိသူ ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏တရားမြိုတော်ကြီး၌။ စမ္မခဏ္ဍစတုတ္ထကာ၊ နိသိဒုန်ဓမ္မခဏ်လျှင် လေးထည်မြောက်ရှိကုန်၍။ တိစီဝရဓရာ၊ တိစီဝရိတ်သင်္ကန်းကိုဆောင်ကုန်လျက်။
သန္တာ၊ ငြိမ်သက်တည်ကြည်ကုန်သူတို့သည်လည်းကောင်း။ ဧကာသနေ၊ တစ်နေရာတည်းနေခြင်းစားခြင်း၌။ ဓုတာ၊ မွေ့လျော်သောသူတို့သည်လည်းကောင်း။ ဝိညူ၊ သိမြင်လိမ္မာသူတို့သည်လည်းကောင်း။ တေ၊ ထိုသို့သဘောရှိသူပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏ တရားမြို့တော်ကြီး၌။
အပ္ပိစ္ဆာ၊ အလိုနည်းပါးသူတို့သည်လည်းကောင်း။ နီပကာ၊ ပညာကြီးရင့်သူတို့သည်လည်းကောင်း။ ဓီရာ၊ ဖြောင့်မှန်တည်ကြည်သူတို့သည်လည်းကောင်း။ အပ္ပါဟာရာ၊ နည်းပါးသောအစားရှိသူတို့သည်လည်းကောင်း။ အလောလုပါ၊ အစား၌မလျှပ်ပေါ်သူတို့သည်လည်းကောင်း။
လာဘလာဘေန၊ လာဘ်ရ လာဘ်မရခြင်းဖြင့်။ သန္တုဋ္ဌာ၊ ရောင့်ရဲသူတို့သည်လည်းကောင်း။ တေ၊ ထိုသို့သဘောရှိသူ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏တရားမြိုတော်ကြီး၌။
ဈာယီ၊ ဈာန်ဝင်စားလေ့ရှိသူတို့သည်လည်းကောင်း။ ဈာနရတာ၊ ဈာန်၌မွေ့ပျော်သူတို့သည်လည်းကောင်း။ ဓီရာ၊ ဈာန်၌သာတည်ကြည်သူတို့သည်လည်းကောင်း။ သန္တစိတ္တာ၊ ငြိမ်သက်သော စိတ်ရှိသူတို့သည်လည်းကောင်း။ သမာဟိတာ၊ တည်ကြည်သော သမာဓိရှိသူတို့သည်လည်းကောင်း။
အာကိဉ္စညံ၊ ကြောင့်ကြစိုးရိမ်မရှိရခြင်း အာကိဉ္စညဈာန်ကို။ ပတ္ထယမာနာ၊ တောင့်တကုန်သူတို့သည်လည်းကောင်း။ တေ၊ ထိုသို့သဘောရှိသူ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏ တရားမြို့တော်ကြီး၌။
ပဋိပန္နာစ၊ မဂ်အကျင့်ရှိသူတို့သည်လည်းကောင်း။ ဖလဋ္ဌာစ၊ ဖလဋ္ဌာန်တို့သည်လည်းကောင်း။ သေက္ခာစ၊ သေက္ခပုဂ္ဂိုလ်တို့သည်လည်းကောင်း။ ဖလသမင်္ဂိနောစ၊ ဖိုလ်နှင့်ပြည့်စုံသူတို့သည်လည်းကောင်း။
ဥတ္တမတ္ထံ၊ မြတ်သောအကျိုးဟူသော အရဟတ္တဖိုလ်ကို။ အာသီသကာစ၊ တောင့်တကုန်သူတို့သည်လည်းကောင်း။ တေ၊ ထိုသို့သဘောရှိသောပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏မြို့တော်ကြီး၌။
ဝိမလာ၊ အညစ်အကြေးကင်းကုန်သော။ သောတာပန္နာ၊ သောတာပန်ဖြစ်ကုန်သော။ ယေစ၊ အကြင်သူတို့သည်လည်းကောင်း။ သကဒါဂါမိနော၊ သကဒါဂါမ်ဖြစ်ကုန်သော။ ယေစ၊ အကြင်သူတို့သည်လည်းကောင်း။ အနာဂါမိနော၊ အနာဂါမ်ဖြစ်ကုန်သော။
ယေစ၊ အကြင်သူတို့သည်လည်းကောင်း။ အရဟန္တော၊ ရဟန္တာဖြစ်ကုန်သော။ ယေစ၊ အကြင်သူတို့သည်လည်းကောင်း။ သန္တိ၊ ရှိကုန်၏။ တေ၊ ထိုသို့သဘောရှိသူ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏တရားမြို့တော်ကြီး၌။
သတိပဋ္ဌာနကုသလာ၊ သတိပဋ္ဌာန်၌ လိမ္မာကုန်သူတို့သည်လည်းကောင်း။ ဗောဇ္ဈင်္ဂဘာဝနာရတာ၊ ဗောဇ္ဈင်ကိုပွားခြင်း၌ ပျော်ပိုက်သူတို့သည်လည်းကောင်း။
ဝိပဿကာ၊ ဝိပဿနာရှုကုန်သူတို့သည်လည်းကောင်း။ ဓမ္မဓရာ၊ ပိဋကတ်တရားကို ဆောင်ကုန်သူတို့သည်လည်ကောင်း။ တေ၊ ထိုသို့သဘောရှိသူပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏တရားမြို့တော်ကြီး၌။
ဣဒ္ဓိပါဒေသု၊ ဣဒ္ဓိပါဒ်လေးပါးတို့၌။ ကုသလာ၊ လိမ္မာကုန်သူတို့သည်လည်းကောင်း။ သမာဓိဘာဝနာရတာ၊ သမာဓိကို ပွားများခြင်း၌မွေ့လျော်သူတို့သည်လည်းကောင်း။
သမ္မပ္ပဓာနာနုယုတ္တာ၊ သမ္မပ္ပဓာန်လုံ့လကို အမြဲယှဉ်ကုန်သူတို့သည်လည်းကောင်း။ တေ၊ ထိုသို့သဘောရှိသူ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏တရားမြို့တော်ကြီး၌။
အဘိညာပါရမိံ၊ အဘိညာပါရမီသို့။ ပတ္တာ၊ ရောက်ကုန်သူတို့သည်။ ပေတ္တိကေ၊ ဘုရားရှင်ဟူသောခမည်းတော်၏ဥစ္စာဖြစ်သော။ ဂေါစရေ၊ သတိပဋ္ဌာန်စသောအာရုံ၌။ ရတာ၊ မွေ့လျော်သူတို့သည်လည်းကောင်း။
အန္တလိက္ခမှီ၊ ကောင်းကင်၌။ စရဏာ၊ ဈာန်ဖြင့် သွားလာနိုင်သူတို့သည်လည်းကောင်း။ တေ၊ ထိုသဘောရှိသူ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏တရားမြို့တော်ကြီး၌။
ဩက္ခိတ္တစက္ခူ၊ အောက်သို့ချထားသော မျက်လွှာရှိသူတို့သည်လည်းကောင်း။ မိတဘာဏီ၊ အတိုင်းအရှည်နှင့်ယှဉ်သောစကားရှိသူတို့သည်လည်းကောင်း။ ဂုတ္တဒွါရာ၊ လုံခြုံသောတံခါးရှိသူတို့သည်လည်းကောင်း။ သုသံဝုကာ၊ ဣန္ဒြေစောင့်စည်းကုန်သူတို့သည်လည်းကောင်း။
ဥတ္တမေ၊ အမြတ်ဆုံးဖြစ်သော။ ဒမ္မေ၊ ဣန္ဒြေကို ဆုံးမခြင်း၌။ သုဒန္တာ၊ ကောင်းစွာဆုံးမယဉ်ကျေးကုန်သူတို့သည်လည်းကောင်း။ တေ၊ ထိုသို့သဘောရှိသူ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။ ဓမ္မနဂရေ၊ ဘုရားရှင်၏တရားမြို့တော်ကြီး၌။
တေဝိဇ္ဇာ၊ ဝိဇ္ဇာသုံးပါးရှိသူတို့သည်လည်းကောင်း။ ဆဠာဘိညာ၊ အဘိညာဉ်ခြောက်ပါးရှိသူတို့သည်လည်းကောင်း။ ဣဒ္ဓိယာ၊ တန်ခိုးဣဒ္ဓိပါဒ်၌။ ပါရမိံ၊ လွန်မြတ်သည်အဖြစ်သို့။ ဂတာ၊ ရောက်ကုန်သူတို့သည်လည်းကောင်း။
ပညာယ၊ ပညာ၏။ ပါရမိံ၊ လွန်မြတ်သည့်အဖြစ်သို့။ ပတ္တာ၊ ရောက်ကုန်သူတို့သည်လည်းကောင်း။ တေ၊ ထိုသို့သဘောရှိသူ ပုဂ္ဂိုလ်မွန် ပုဂ္ဂိုလ်မြတ်တို့သည်။ ဝသန္တိ၊ နေထိုင်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေခေါတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်ကား။ အပရိမိတဉာဏဝရဓရာ၊ မနှိုင်းယှဉ်နိုင်သော ဉာဏ်ကိုဆောင်ကုန်၏။ အသင်္ဂါ၊ ငြိတွယ်ပိတ်ပင်ခြင်းမရှိကုန်။ အတုလဂုဏာ၊ မချိန်စက်နိုင်သောဂုဏ်ရှိကုန်၏။ အတုလယသာ၊ အတုမဲ့သောအခြံအရံ အကျော်အစောရှိကုန်၏။ အတုလဗလာ၊ အတုမဲ့သောဉာဏ်အားအစွမ်းရှိကုန်၏။ အတုလတေဇော၊ အတုမဲ့သေ တန်ခိုးရှိကုန်၏။ ဓမ္မစက္ကာနုပ္ပဝတ္တကာ၊ တရားစက်ကို အတုပြု၍လည်စေနိုင်ကုန်၏။ ပညာပါရမိံ၊ ပညာပါရမီသို့။ ဂတာ၊ ရောက်ပေကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **ဓမ္မသေနာပတိနော**တိ၊ တရားစစ်ဗိုလ်ချုပ်ကြီးတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပန၊ ထို့အပြင်။ ယေတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ဣဒ္ဓိမန္တော၊ တန်ခိုးရှိကုန်၏။ အဓိဂတပဋိသမ္ဘိဒါ၊ ရအပ်သော ပဋိသမ္ဘိဒါဉာဏ်ရှိကုန်၏။ ပတ္တဝေသာရဇ္ဇာ၊ ရအပ်ရောက်အပ်သော ဝေသာရဇ္ဇဉာဏ်ရှိကုန်၏။ ဂဂနစရာ၊ ကောင်းကင်သို့ ပျံသွားနိုင်ကုန်၏။ ဒရာသဒါ၊ သူတပါးတို့နှိပ်စက်နိုင်ခဲကုန်၏။ ဒုပ္ပသဟာ၊ သူတပါးတို့သည်းခံနိုင်ခဲကုန်၏။ အနာလမ္ဗစရာ၊ အငြိအတွယ်မရှိ သွားလာနိုင်ကုန်၏။ သသာဂရမဟိဓရ ပထဝီကမ္ပကာ၊ သမုဒ္ဒရာတောင်ထုနှင့် တကွသောမြေကို တုန်လှုပ်စေနိုင်ကုန်၏။ စန္ဒသူရိယ ပရိမဇ္ဇကာ၊ လနေတို့ကို သုံးသပ်နိုင်ကုန်၏။ ပိကုဗ္ဗနာမိဋ္ဌာနာဘိနီဟာရကုသလာ၊ ဣဒ္ဓိဝိကုဗ္ဗနအဓိဋ္ဌာန်ကို ရှေးရှုဆောင်ခြင်း၌ လိမ္မာကုန်၏။ ဣဒ္ဓိသာ၊ တန်ခိုး၏။ ပါရမိံ၊ ပါရမီသို့။ ဂတာ၊ ရောက်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်ဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတာ၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **ပုရောဟိတာ**၊ ပုရောဟိတ်ကြီးတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ဓုတင်္ဂ၊ ဓုတင်အကျင့်သို့။ အနုဂထာ၊ အစဉ်လိုက်ကုန်၏။ အပ္ပိစ္ဆာ၊ အလိုနည်းကုန်၏။ သန္တုဋ္ဌာ၊ ရောင့်ရဲလွယ်ကုန်၏။ ဝိညတ္တိမနေသနဇိဂုစ္ဆကာ၊ ဝိညတ်အနေသနတို့ကို စက်ဆုပ်ကုန်၏။ ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။ သပဒါနစာရိနော၊ အိမ်စဉ်လှည့်လည်သောအကျင့်ရှိကုန်၏။ ဘမရာ၊ ပျားပိတုန်းတို့သည်။ ဂန္ဓံ၊ ပန်းရနံ့ကို။ အနုသာယိတွာ၊ စုပ်နမ်းကုန်၍။ ပဝိသန္တိဣဓ၊ ဝင်ကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ ဝိဝိတ္တကာနံ၊ ဆိတ်ငြိမ်ရာတောသို့။ ပဝိသန္တိ၊ ဝင်ကုန်၏။ ကာယေစ၊ ကိုယ်၌လည်းကောင်း။ ဇိဝိတေစ၊ အသက်၌လည်းကောင်း။ နိရပေက္ခာ၊ ငဲ့ကွက်ခြင်းကင်းကုန်၍။ အရဟတ္တံ၊ အရဟတ္တဖိုလ်သို့။ အနုပတ္တာ၊ အစဉ်ရောက်ကုန်၏။ ဓုတင်္ဂဂုဏေ၊ ဓုတင်ဂုဏ်ကျေးဇူး၌။ အဂ္ဂနိက္ခိတ္တာ၊ အမြက်ဟုထားကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **အက္ခဒဿာ**တိ၊ တရားဆုံးဖြတ်သော တရားပိုင်ချုပ်တို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေစပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ပရိသုဒ္ဓါ၊ စင်ကြယ်ကုန်၏။ ဝိမလာ၊ အညစ်အကြေးကင်းကုန်၏။ နိက္ကိလေသာ၊ ကိလေသာမရှိကုန်။ စုတူပပါတကုသလာ၊ စုတိပဋိသန္ဓေ၌ လိမ္မာကုန်၏။ ဒိဗ္ဗစက္ခုရှိ၊ ဒိဗ္ဗစက္ခုဉာဏ်၌။ ပါရမိံ၊ ပါရမီသို့။ ဂတာ၊ ရောက်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတာ၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **နဂရဇော တကာ**တိ၊ မြို့အသရေကို ထွန်းလင်းစေတတ်သောအတွင်းမြို့ဝန်ကြီးတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ဗဟုဿုတာ၊ များသော အကြားအမြင်ရှိကုန်၏။ အာဂတဂမာ၊ လာသော အာဂုံပါဠိရှိကုန်၏။ ဓမ္မဓရာ၊ တရားကိုဆောင်ကုန်၏။ ဝိနယဓရာ၊ ဝိနည်းကိုဆောင်ကုန်၏။ မာတိကဓရာ၊ မာတိကာကိုဆောင်ကုန်၏။ သိထိလဓနိတဒီဃရဿဂရုကလဟု ကက္ခရပရိစ္ဆေဒကုသလာ၊ လျော့တင်းရှည်တိုလေးလျှင်၍ ရွတ်တတ် အပ်သော အက္ခရာကိုပိုင်းခြားခြင်း၌လိမ္မာကုန်၏။ နဝင်္ဂသာသနဓရာ၊ အင်္ဂါကိုးတန်ရှိသော သာသနာကိုဆောင်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **ဓမ္မရက္ခာ**တိ၊ တရားတော်စောင့်အမတ်ကြီးတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ဝိနယန္တိ၊ ဝိနည်းကိုသိကုန်၏။ ဝိနယကောဝိဒါ၊ ဝိနည်း၌လိမ္မာကုန်၏။ ဋ္ဌာနာဋ္ဌာနကုသလာ၊ အရာအခွင့်ဟုတ်မဟုတ်၌ လိမ္မာကုန်၏။ အာပတ္တာနာပတ္တိဂရုကလဟုကသတေကိစ္ဆ အတေကိစ္ဆဝုဋ္ဌာနေဒေသနာနိဂ္ဂဟပဋိကမ္မဩသာရဏနိသာရဏကုသလာ၊ အာပတ်ရှိ အာပတ်မဲ့ ဂရုကအာပတ်လဟုကအာပတ် ကုစားကောင်း မကုစာကောင်း ဝုဋ္ဌာနကံဒေသနာ ကံနှိပ်ခြင်းကုစားခြင်းသွင်းခြင်း နှင်ထုတ်ခြင်း တဖန်အောက်မေ့စေခြင်းတို့၌ လိမ္မာကုန်၏။ ဝိနယေ၊ ဝိနည်း၌။ ပါရမိံ၊ ပါရမီသို့။ ဂတာ၊ ရောက်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့‌တော်ကြီး၌။ **ရူပရက္ခာ**တိ၊ မြို့၏အဆင်း ရူပါရုံစောင့်တတ်သော အမတ်တို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ဝိမုတ္တိဝရသုခမဟာဝဒ္ဓါ၊ မြတ်သောဝိမုတ္တိ ချမ်းသာဖြင့်လွန်စွာကြီးပွားကုန်၏။ ဝရပ္ပဝရမဟဂ္ဃသေဋ္ဌဘာဝံ၊ မြတ်သည်ထက် အလွန်မြတ်၍ကျေးတန်လှစွာမြတ်သည်အဖြစ်သို့။ အနုပ္ပတ္တာ၊ အစဉ်ရောက်ကုန်၏။ ဗဟုဇနကန္တတိမပတ္ထိတာ၊ များစွာသောသူတို့သည် ချစ်ခင်အပ်တောင့်တအပ်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **ပုပ္ဖာပဏီကာ**တိ၊ ပန်းဈေးဆိုင်ရှင်တို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ စတုသစ္စာဘိသမယပ္ပဋိဝိဒ္ဓါ၊ သစ္စာလေးအင်ကိုသိမြင်ခြင်း၌ထွင်းဖောက်နိုင်ကုန်၏။ ဒိဋ္ဌသစ္စာ၊ မြင်ပြီးသော သစ္စလေးပါးရှိကုန်၏။ ဝိညာတသာသနာ၊ သိပြီးသော ပဋိဝေဓသာသနာရှိကုန်၏။ စတူသုသာမညဖလေသု၊ လေးပါးသောမဂ်ဖိုလ်တို့၌။ တိဏ္ဏဝိစိကိစ္ဆာ၊ လွန်မြောက်ပြီးသော ယုံမှားရှိကုန်၏။ ပဋိလဒ္ဓဖလသုခါ၊ ရောက်အပ်ရအပ်ပြီးသော ဖိုလ်ချမ်းသာရှိကုန်၏။ အညေသမ္ပိပဋိပန္နာနံ၊ တပါးသော မဂ်အကျင့်ကို ကျင့်သူတို့အားလည်း။ တေဖလေ၊ ထိုအကျိုးတို့ကို။ သံဝိဘဇန္တိ၊ ဝေဖန်ခွဲခြမ်းကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **ဖလာပဏိကာ**တိ၊ သစ်သီးဈေးဆိုင်ရှင်တို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ သီသလံဝရဂန္ဓမနုလိတ္တာ၊ သီလစောင့်ရှောက်ခြင်းဟူသောနံ့သာဖြင့်လိမ်းကျံကုန်၏။ အနေကဝိဓဗဟုဂုဏဓရာ၊ တပါးမကများပြားစွာသော ဂုဏ်ကျေးဇူးတို့ကိုဆောင်ကုန်၏။ ကိလေသမလဒုဂ္ဂန္ဓဝိဓမကာ၊ ကိလေသာအညစ်အကြေးဟူသောမကောင်းသောအနံ့ကို ဖျက်ဆီးကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **ဂန္ဓာပဏိကာ**တိ၊ နံ့သာဈေးဆိုင်ရှင်တို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ဓမ္မကာမော၊ တရားကိုအလိုရှိကုန်၏။ ပိယသမုဒါဟာရာ၊ ခင်မင်နှစ်သက်စုံမက်စွာဆောင်ကုန်လျက်။ အဘိဓမ္မေ၊ အဘိဓမ္မာ၌။ အဘိဝိနယေ၊ အဘိဝိနည်း၌။ ဥဠာရပါမောဇ္ဇဇာ၊ အလွန်ဝမ်းမြောက်ကုန်၏။ အရညဂတာပိ၊ တော၌ကပ်ရောက်ကုန်သော်လည်းကောင်း။ ရုက္ခမူလဂတာပိ၊ သစ်ပင်ရင်း၌ကပ်ရောက်ကုန်သော်လည်းကောင်း။ သုညာဂါရဂတာပိ၊ ဆိတ်ငြိမ်ရာ၌ကပ်ရောက်ကုန်သော်လည်းကောင်း။ ဓမ္မဝရရသံ၊ တရားတော်မြတ်၏အရသာကို။ ပီဝန္တိ၊ သောက်ကုန်၏။ ကာယေန၊ ကိုယ်ဖြင့်။ ဝါစာယ၊ နှုတ်ဖြင့်။ မနသာ၊ စိတ်ဖြင့်။ ဓမ္မဝရရသံ၊ တရားတော်မြတ်၏အရသာကို။ ဩဝါဠာ၊ သက်ဝင်နစ်မြုပ်ကုန်၏။ အဓိမတ္တပဋိဘာနာ၊ လွန်ကဲသောပဋိဘန်ရှိကုန်၏။ ဓမ္မေသု၊ တရားတို့၌။ ဓမ္မေသနပ္ပဋိပန္နာ၊ တရားကိုရှာမှီးလျက်သာသွားလာကျင့်ကြံကုန်၏။ ဣတောဝါ၊ ဤအရပ်မှလည်းကောင်း။ တတောဝါ၊ ထိုအရပ်မှလည်းကောင်း။ ယတ္ထ၊ ယတ္ထအကြင်အကြင်အရပ်၌။ အပိစ္ဆကထာ၊ အလိုနည်းသည်ကို ချီးကျူးပြောဆိုကုန်၏။ သန္တုဋ္ဌိကထာ၊ ရောင့်ရဲလွယ်သည်ကို ချီးကျူးပြောဆိုကုန်၏။ ပဝိဝေက ကထာ၊ ဆိတ်ငြိမ်သည်ကို ချီးကျူးပြောဆိုကုန်၏။ အသံသပ္ပကထာ၊ ကာမရောဂနှင့် ရောနှောခြင်းကို ချီးကျူးပြောဆိုကုန်၏။ ဝီရိယာရမ္ဘကထာ၊ အားထုတ်ခြင်းကို ချီးကျူးပြောဆိုကုန်၏။ သီလကထာ၊ သီလကိုချီးကျူးပြောဆိုကုန်၏။ သမာဓိကထာ၊ သမာဓိကို ချီးကျူးပြောဆိုကုန်၏။ ပညာထာ၊ ပညာကို ချီးကျူးပြောဆိုကုန်၏။ ဝိမုတ္တိကထာ၊ အရဟတ္တဖိုလ်ကို ချီးကျူးပြောဆိုကုန်၏။ ဝိမုတ္တိဉာဏဒဿနကထာ၊ အရဟတ္တံဖိုလ်ဉာဏ်အမြင်ကို ချီးကျူးးပြောဆိုကုန်၏။ တတ္ထတတ္ထ၊ ထိုထိုအရပ်၌။ ဂန္တွာ၊ သွား၍။ တံတံကထာရသံ၊ ထိုထိုအပိစ္ဆကထာတို့၏အရသာကို။ ပီဝန္တိ၊ သောက်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **သောဏ္ဍပိပါသာ**တိ၊ တရားအရသာ၌ကြူးယစ်သောက်စားသူတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ပုဗ္ဗာရတ္တာပရရတ္တံ၊ ညဉ့်၏ရှေးညဉ့်၏နောက်၌။ ဇာဂရိယာနုယောဂံ၊ နိုးကြားခြင်း၌အားထုတ်ခြင်းကို။ အနုယုတ္တာ၊ အားထုတ်ကုန်လျက်။ နိသဇ္ဇဋ္ဌာနစင်္ကမေဟိ၊ ထိုင်ခြင်းရပ်ခြင်းစင်္ကြံသွားခြင်းတို့ဖြင့်။ ရတ္တိန္ဒိဝံ၊ ညဉ့်နေ့ကို။ ဝိတိနာမေန္တိ၊ လွန်စေကုန်၏။ ဘာဝနာနုယောဂံ၊ ဘာဝနာ၏အားထုတ်ခြင်းကို။ အနုယုတ္တာ၊ အားထုတ်ကုန်လျက်။ ကိလေသပ္ပဋိဗာဟနာယ၊ ကိလေသာကိုတားမြစ်ခြင်းငှာ။ သဒတ္ထပ္ပသုတာ၊ အရဟတ္တဖိုလ်ကိုသာ လေ့လာအားထုတ်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **နဂရဂုတ္တိကာ**တိ၊ မြို့စောင့်တို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ နာင်္ဂံ၊ အင်္ဂါကိုးတန်ရှိသော။ ဗုဒ္ဓဝစနံ၊ ဘုရားပါဠိတော်ကို။ အတ္ထတောစ၊ အနက်အားဖြင့်လည်းကောင်း။ ဗျဉ္ဇတောစ၊ ဗျည်းအားဖြင့်လည်းကောင်း။ နယတောစ၊ နည်းအားဖြင့်လည်းကောင်း။ ကာရဏတောစ၊ အကြောင်းအားဖြင့်လည်းကောင်း။ ဟေတုကောစ၊ ဟိတ်အားဖြင့်လည်းကောင်း။ ဥဒါဟရဏတောစ၊ ဥဒါဟရုဏ်အားဖြင့်လည်းကောင်း။ ဝါစေန္တိ၊ ပို့ချကုန်၏။ အနုဝါစေန္တိ၊ အဖန်ဖန်ပို့ချကုန်၏။ ဘာသန္တိ၊ ပြောဆိုကုန်၏။ အနုဘာသန္တိ၊ အဖန်ဖန်ပြောဆိုကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **ဓမ္မာပဏိကာ**တိ၊ တရားဈေးဆိုင်ရှင်တို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယေပနတေဘိက္ခူ၊ အကြင်ရဟန်းတို့သည်။ ဓမ္မရတနဘောဂေန၊ တရားရတနာဟူသော ဥစ္စာဖြင့်။ အာဂမပရိယတ္တိသုတဘောဂေန၊ အာဂုံပရိယတ်အကြားအမြင်ဟူသောဥစ္စာဖြင့်။ ဘောဂိနော၊ စည်းစိမ်ရှိကုန်၏။ ဓနိနော၊ ဥစ္စာရှိကုန်၏။ နိဒ္ဒိဋ္ဌသရဗျဉ္ဇန လက္ခဏပ္ပဋိဝေဓာ၊ အကျယ်ထုတ်ဆိုအပ်သော သရဗျည်းတို့၏ သဘောလက္ခဏာကိုထိုးထွင်း၍ သိနိုင်၏။ ဝိညူ၊ ပညာရှိကုန်၏။ ဖရဏာ၊ ပညာပြန့်နှံ့ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာလျှင်ဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **ဓမ္မသေဌိနော**တိ၊ တရားသူဋ္ဌေးတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ပန၊ ထို့အပြင်။ ယေတေဘိက္ခု၊ အကြင်ရဟန်းတို့သည်။ ဥဠာရဒေသနာပဋိဝေဓာ၊ မွန်မြတ်လှစွာသော ဒေသနာကိုထိုးထွင်း၍ သိနိုင်ကုန်၏။ ပရိစိဏ္ဍာရမ္မဏဝိဘတ္တိနိဒ္ဒေသာ၊ လေ့ကျင့်အပ်သော အာရုံကို ဝေဖန်၍ အကျယ်ညွန်းပြနိုင်ကုန်၏။ သိက္ခာဂုဏပါရမိပ္ပတ္တာ၊ သိက္ခာဂုဏ် ကျေးဇူးအစု၏ မြတ်သည့်အဖြစ်သို့ရောက်ကုန်၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပါခေါ၊ ဤသို့သဘောရှိသည်သာလျှင်ဖြစ်ကုန်သော။ ဘိက္ခူ၊ ရဟန်းတို့ကို။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရေ၊ တရားမြို့တော်ကြီး၌။ **ဝိဿုတဓမ္မိကာ**တိ၊ ထင်ရှားသော တရားကျင့်သူတို့ဟူ၍။ ဝုစ္စန္တိ၊ ဆိုအပ်ကုန်၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝံခေါ၊ ဤသို့လျှင်။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မနဂရံ၊ တရားမြို့တော်ကြီးကို။ သုဝိဘတ္တံ၊ ကောင်းစွာဝေဖန်အပ်၏။ ဧဝံ၊ ဤဿို့။ သုမာပိတံ၊ ကောင်းစွာဖန်ဆင်းအပ်၏။ ဧဝံ၊ ဤသို့။ သုဝိဟိတံ၊ ကောင်းစွာစီရင်အပ်ပေ၏။ ဧဝံ၊ ဤသို့။ သုပရိပူရိထံ၊ ကောင်းစွာပြည့်စုံစေအပ်၏။ ဧဝံ၊ ဤဿို့။ သုဝဝတ္ထာပိတံ၊ ကောင်းစွာပိုင်းခြားမှတ်သားအပ်၏။ ဧဝံ၊ ဤသို့။ သုရက္ခိတံ၊ ကောင်းစွာစောင့်ရှောက်အပ်၏။ ဧဝံ၊ ဤသို့။ သုဂေါပိတံ၊ ကောင်းစွာလုံခြုံစေအပ်၏။ ဧဝံ၊ ဤသို့။ ပစ္စတ္တိကေဟိ၊ ဆန့်ကျင်ဘက်ကို အလိုရှိကုန်သော။ ပစ္စာမိတ္တေဟိ၊ ရန်သူတို့သည်။ ဒုပ္ပသယှံ၊ နှိပ်စက်နိုင်ခဲ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဣမိနာကာရဏေန၊ ဤအကြောင်းဖြင့်လည်းကောင်း။ ဣမိနာဟေတုနာ၊ ဤဇနကအကြောင်းဖြင့်လည်းကောင်း။ ဣမိနာနယေန၊ ဤနည်းဖြင့်လည်ကောင်း။ ဣမိနာအနုမာနေန၊ ဤသို့ရမ်းဆသော ဉာဏ်ဖြင့်လည်ကောင်း။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ အတ္ထိ၊ ရှိ၏။ ဣတိ၊ ဤသို့။ ဉာတဗ္ဗံ၊ သိအပ်၏။
သုဝိဘတ္တံ၊ ကောင်းစွဝေဖန်ပိုင်းခြားအပ်သော။ မနောရမံ၊ စိတ်နှလုံး၏ ရွှင်ပြုံးနှစ်သက်ဖွယ်ရာဖြစ်သော။ နဂရံ၊ နန်းမြို့တော်ကို။ ဒိသွာ၊ မြင်ရ၍။
ဝဍ္ဎကိဿ၊ မြို့စီမံထား လက်သမား၏။ မဟတ္တနံ၊ လက်မှုအထက်မြင့်မြတ်ကြီးကျယ်သည့်အဖြစ်ကို။ အနုမာနေန၊ မျက်မြင်ဒိဋ္ဌဉာဏ်ရမ်းဆသဖြင့်။ ဇာနန္တိယထာပိ၊ သိနိုင်ကုန်ပေသကဲ့သို့လည်းကောင်း။
တထေဝ၊ ထိုနည်းအတူပင်လျှင်။ လောကနာထဿ၊ ဘုရားရှင်၏။ ဝရံ၊ တောင့်တအပ်၍ မြတ်လှစွာသော။ ဓမ္မပုရံ၊ တရားမြို့တော်ကြီးကို။ ဒိသွာ၊ မြင်၍။
သောဘဂဝါ၊ မြို့ပြလက်သမားထိုဘုရားရှင်သည်။ အတ္ထိ၊ မလွှဲဧကန်ရှိသင့်တန်၏။
ဣတိ၊ ဤသို့။ အနုမာနေန၊ မျက်မြင်ဒိဋ္ဌဉာဏ်ရမ်းဆသဖြင့်။ ဇာနန္တိ၊ သိသင့်လေကုန်၏။ သာဂရေ၊ သမုဒ္ဒရာပြင်ကျယ်ပင်လယ်ကြီး၌။ ဦမိံ၊ လှိုင်းတံပိုးကို။ ဒိသွာန၊ မြင်ရ၍။ ယထာ၊ အကြင်ကြောင့်။
အယံဦမီ၊ ဤကြီးကျယ်စွာသော လှိုင်းတံပိုးကို။ ဒိဿတေ၊ ရှုမြင်အပ်ပေ၏။ တထာ၊ ထိုကြောင့်။ သော၊ ထိုသမုဒ္ဒရာသည်။ မဟန္တော၊ ကြီးကျယ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ဟူ၍။ အနုမာနေန၊ မျက်မြင်ဒိဋ္ဌဉာဏ်ထောက်ဆသဖြင့်။ ဇာနန္တိယထာ၊ သိကုန်သကဲ့သို့။
တထာ၊ ထို့အတူ။ သောကနုဒံ၊ သောကကိုနှုတ်ပယ်နိုင်သော။ သဗ္ဗတ္တ၊ အလုံးစုံသောအရာဋ္ဌာန၌။ အပရာဇိတံ၊ ရန်သူတို့သည်မအောင်နိုင်သော။
တဏှာက္ခယံ၊ တဏှာကုန်ခြင်းသို့။ အနုပ္ပတ္တံ၊ ကောင်းစွာရောက်သော။ ဘဝသံသာရမောစနံ၊ ဘဝသံသရာမှ လွတ်ထွက်ပြီးသော။
ဗုဒ္ဓံ၊ ဘုရားကို။ အနုမာနေန၊ မျက်မြင်ဒိဋ္ဌဉာဏ်ရမ်းဆသဖြင့်။ ဉာတဗ္ဗံ၊ သိအပ်၏။ သဒေဝကေ၊ နတ်နှင့်တကွသော လောကသမုဒ္ဒရာကြီး၌။ ဦမီံ၊ တရားလှိုင်းတံပိုးကို။ ဒိသွာ၊ မြင်၍။
ယထာ၊ အကြင်ကြောင့်။ ဓမ္မူမိဝိမ္ဖာရော၊ တရားလှိုင်း၏ပြန့်ကျယ်ခြင်းသည်။ ဟောတိ၊ ဖြစ်၏။ တထာ၊ ထို့ကြောင့်။ အဂ္ဂေါ၊ သမုဒ္ဒရာကြီးအလားထင်ရှားမြင့်မြတ်သော။ ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ဟူ၍။
အနုမာနေန၊ မျက်မြင်ဒိဋ္ဌဉာဏ်ရမ်းဆသဖြင့်။ ဉာတဗ္ဗံ၊ သိအပ်၏။ အစ္စုဂ္ဂတံ၊ အလွန်မြင့်လှသော။ ဂိရိံ၊ တောင်ကို။ ဒိသွာ၊ မြင်၍။
ယထာ၊ အကြင်ကြောင့်။ ဧသော၊ ဤတောင်သည်။ အစ္စုဂ္တော၊ အလွန်မြင့်၏။ တထာ၊ ထို့ကြောင့်။ သော၊ ထိုတောင်သည်။ ဟိမဝါ၊ ဟိမဝန်တောင်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ဟူ၍။
အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဇာနန္တိယထာ၊ သိကုန်သကဲ့သို့။ တထာ၊ ထို့အတူ။ သီတိဘူတံ၊ ရာဂစသည်ငြိမ်းအေးသည်ဖြစ်၍ဖြစ်သော။ နိရူပဓိံ၊ ဥပဓိကင်းသော။
အစ္စုဂ္ဂတံ၊ အလွန်မြင့်လှသော။ အစလံ၊ မတုန်လှုပ်သော။ သုပ္ပဋိဌိတဝံ၊ ကောင်းစွာတည်သော။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ဓမ္မဂိရိံ၊ တရားဟူသောတောင်ကြီးကို။ ဒိသွာ၊ မြင်၍။ ဉာတဗ္ဗံ၊ သိအပ်၏။
တထာဟိ၊ ထို့အတူပင်လျှင်။ ဓမ္မပဗ္ဗတ္တံ၊ တရားဟူသာတောင်ကြီးကို။ ဒိသွာန၊ မြင်၍။
သောမဟာဝီရော၊ ထိုလုံ့လကြီးသော ပုဂ္ဂိုလ်သည်။ အဂ္ဂေါ၊ လောက၌မြတ်သော။ ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ဟူ၍။ အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဉာတဗ္ဗံ၊ သိအပ်၏။
မာနုသာ၊ လူအပေါင်းတို့သည်။ ဂဇရာဇဿ၊ ဆင်မင်း၏။ ပဒံ၊ ခြေရာကို။ ဒိသွာ၊ မြင်၍။ ဧသော၊ ဤဆင်သည်။ မဟာ၊ ကြီးသော။ ဂဇော၊ ဆင်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတိ၊ ဤသို့။ အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဇာနန္တိယထာ၊ သိကုန်သကဲ့သို့။
တထေဝ၊ ထိုအတူပင်လျှင်။ ဝိဘာဝိနော၊ သဗ္ဗညုတဉာဏ်ပညာရှိပေသော။ ဗုဒ္ဓနာဂဿ၊ ဘုရားဆင်မင်း၏။ ပဒံ၊ တရားခြေကို။ ဒိသွာ၊ မြင်၍။
သော၊ ထိုဘုရားသည်။ ဥဠာရော၊ မြင့်မြတ်သည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့ဟူ၍။ အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဇာနန္တိ၊ သိနိုင်ကုန်၏။
တီတေ၊ ကြောက်လန့်ကုန်သော။ ကုမ္မိဂေ၊ သားငယ်အပေါင်းတို့ကို။ ဒိသွာ၊ မြင်၍။
မိဂရာဇဿ၊ သားတို့သေနင်းခြင်္သေ့မင်း၏။ သဒ္ဒေန၊ အသံကြောင့်။ ဣမေကုမ္မိဂါ၊ ဤသားငယ်အပေါင်းတို့သည်။ ဘီတာ၊ ကြောက်လန့်ကုန်၏။ ဣတိ၊ ဤသို့။
အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဇာနန္တိယထာ၊ သိကုန်သကဲ့သို့။ တထေဝ၊ ထိုအတူပင်လျှင်။ ဘီကမာနသေ၊ ကြောက်သော စိတ်ရှိကုန်လျက်။ ဝိတ္ထတေ၊ တုန်လှုပ်တွန့်ရွံ့ကုန်သော။ တိတ္ထိယေ၊ တတ္ထိတတ္ထတွန်းတို့ကို။ ဒိသွာ၊ မြင်၍။
ဓမ္မရာဇေန၊ တရားမင်းဘုရားသည်။ ဂဇ္ဇိတံ၊ ကြုံးဝါး၍ဟောသောတရားတော်ကို။ အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဉာတဗ္ဗံ၊ သိအပ်၏။
နိဗ္ဗုတိံ၊ အပူငွေ့မှအေးငြိမ်းလျက်။ ဟရိတပတ္တံ၊ စိမ်းလန်းသော မြက်သစ်ရွက်ရှိသော။ မဟောဒိကံ၊ များသောရေလည်းရှိသော။ ပထဝိံ၊ မြေကို။ ဒိသွာ၊ မြင်၍။ မဟာမေဃေန၊ သည်းစွာရွာသွန်းသော မိုးကြီးကြောင့်။ နိဗ္ဗုတံ၊ အေးမြ၏ဟူ၍။
အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဇာနန္ထိယထာ၊ သိနိုင်သကဲ့သို့။ တထေဝ၊ ထိုအတူပင်လျှင်။
အာမောဒီတပ္ပမောဒိတံ၊ လွန်စွာနှစ်သက်ဝမ်းမြောက်သော။ ဣမံဇနံ၊ ဤလူအပေါင်းကို။ ဒိသွာ၊ မြင်၍။
အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဇာနန္ထိယထာ၊ သိနိုင်သကဲ့သို့။ တထေဝ၊ ထိုအတူပင်လျှင်။ ဓမ္မမေဃေန၊ တရားမိုးကြီးကြောင့်။ တဂ္ဂိကံ၊ နှစ်သက်ဝမ်းမြောက်၏ဟူ၍။
အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဉာတဗ္ဗံ၊ သိအပ်၏။ လဂ္ဂံ၊ ငြိတွယ်စေးကပ်သော။ တုသံ၊ ပြင်းထန်များမြောက်သော။ ပင်္ကံ၊ ရွှံ့ညွန်ရှိသော။ ကလလဒ္ဒဂတံ၊ ညွန်ဖြင့် စိုစွတ်သည်ဖြစ်သော။ မဟိံ၊ မြေအပြင်ကို။ ဒိသွာ၊ မြင်၍။
ဝါရိက္ခန္ဓော၊ ရေလုံးရေစုသည်။ မဟာ၊ များပြားသည်။ ဂတော၊ ဖြစ်ပေရာ၏ဟူ၍။ အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဇာနာန္တိယထာ၊ သိနိုင်သကဲ့သို့။
တထေဝ၊ ထို့အတူပင်လျှင်။ ဓမ္မနဒိယာ၊ တရားဟူသော မြစ်ရေသည်။ ဂဟိတံ၊ မျောအပ်သော။ ဓမ္မသာဂရေ၊ တရားသမုဒ္ဒရာကြီး၌။ ဝိဿဋ္ဌံ၊ စွန့်ပစ်အပ်သော။ ရဇပင်္က ပမောဟိတံ၊ ကိလေသာမြူညွန်ကို ဆေးကြောစွန့်ချအပ်သော။
ဣမံဇနံ၊ ဤလူအပေါင်းကို။ ဒိသွာ၊ မြင်၍။
ဓမ္မာမတဂတံ၊ တရားအမြိုက်ရည်၌ ရောက်သော။ သဒေဝကံ၊ နတ်နှင့်တကွသော။ ဣမံမဟိံ၊ ဤလူအပေါင်းကို။ ဒိသွာ၊ မြင်၍။
ဓမ္မက္ခန္ဓော၊ တရားရေစုသည်။ မဟာ၊ များပြားသည်။ ဂဟော၊ ဖြစ်ပေရာ၏ဟူ၍။ အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဉာတဗ္ဗံ၊ သိအပ်၏။
ဥတ္တမံ၊ မြတ်လှသော။ ဂန္ဓံ၊ နံ့သာကို။ ဃာယိတွာ၊ နမ်းရှုပ်ရ၍။ ယထာ၊ အကြင်ကြောင့်။
အယံဂန္ဓော၊ ဤပန်းရနံ့သည်။ ဝါယတေ၊ ပျံ့လှိုင်၏။ တထာ၊ ထိုကြောင့်။ ဒုမာ၊ ပန်းပင်တို့သည်။ ပုပ္ဖိတာ၊ ပွင့်ကုန်သည်။ ဟေဿန္တိ၊ ဖြစ်ပေကုန်လတ္တံ့ဟူ၍။
အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဇာနန္တိယထာ၊ သိနိုင်ကုန်သကဲ့သို့။ တထေဝ၊ ထို့အတူပင်။ ယထာ၊ အကြင်ကြောင့်။ သဒေဝကေ၊ နတ်နှင့်တကွသောလောက၌။ အယံသီလဂန္ဓော၊ ဤသီလနံ့သည်။ ပဝါသတိ၊ ရနံ့ကြိုင်ခင်းပျံ့လှိုင်သင်း၏။
တထာ၊ ထိုကြောင့်။ အနုတ္တရော၊ တစုံတဦးနှင့်အတူမရှိသော။ ဗုဒ္ဓေါ၊ ဘုရားရှင်သည်။ အတ္ထိ၊ ရှိ၏ဟူ၍။ အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဉာတဗ္ဗံ၊ သိအပ်၏။ ဣတိ၊ ဤသို့ဂါထာချိုဆိမ့်မိန့်တော်မူပြီး၍။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝရူပေနခေါ၊ ဤသို့နည်းရှိသည်သာဖြစ်သော။ ကာရဏသတေန၊ အကြောင်းတစ်ရာဖြင့်လည်းကောင်း။ ကာရဏသဟဿေန၊ အကြောင်းတစ်ထောင်ဖြင့်လည်းကောင်း။ ဟေတုသတေန၊ ဇနကအကြောင်းတစ်ရာဖြင့်လည်းကောင်း။ ဟေတုသဟဿေန၊ ဇနကအကြောင်းတစ်ထောင်ဖြင့်လည်းကောင်း။ နယသတေန၊ နည်းတစ်ရာဖြင့်လည်းကောင်း။ နယသဟဿေန၊ နည်းတစ်ထောင်ဖြင့်လည်းကောင်း။ ဩပမ္မသတေန၊ ဥပမာတစ်ရာဖြင့်လည်းကောင်း။ ဩပမ္မသဟဿေန၊ ဥပမာတစ်ထောင်ဖြင့်လည်းကောင်း။ ဗုဒ္ဓဗလံ၊ ဘုရား၏အားအစွမ်းကို။ ဥပဒဿယိတုံ၊ ထုတ်ဆောင်ပြဆိုခြင်းငှာ။ သက္ကာ၊ ငါကားစွမ်းဆောင်နိုင်ပေ၏။
မဟာရာဇ၊ မြတ်သောမင်းကြီး။ ယထာ၊ ဥပမာအားဖြင့်။ ဒက္ခေါ၊ လိမ္မာသော။ မာလာကာရော၊ ပန်းသည်ယောက်ျားသည်။ နာနာပုပ္ဖရာသိမှာ၊ အမျိုးမျိုးသောပန်းတို့၏အစုအပုံမှ။ အာစရိယာနုသိဋ္ဌီယာ၊ ဆရာ၏အဆုံးအမဖြင့်လည်းကောင်း။ ပစ္စတ္တပုရိသကာရေန၊ မျက်မှောက်ဖြစ်သော ယောက်ျားလုံ့လဖြင့်လည်းကောင်း။ ဝိစိတ္တံ၊ ဆန်းကြယ်လှစွာသော။ မာလာဂုဏရာသိံ၊ ပန်းကုံးအစုကို။ ကရေယျ၊ သီကုံးပြုလုပ်ပေရာ၏။ မဟာရာဇ၊ မြတ်သောမင်းကြီး။ ဧဝမေဝခေါ၊ ဤအတူပင်လျှင်။ သောဘဂဝါ၊ ထိုမြတ်စွာဘုရားသည်။ ဝိစိတ္တ ပုပ္ဖရာသီဝိယ၊ ဆန်းကြယ်သော ပန်းပုံစုကဲ့သို့။ အနန္တဂုဏော၊ အဆုံးမရှိသော ဂုဏ်တော်ထူးရှိ၏။ အပ္ပမေယျဂုဏော၊ မနှိုင်းယှဉ်နိုင်သော ဂုဏ်တော်အစုရှိပေ၏။ အဟံ၊ ငါသည်။ ဧတရဟိ၊ ယခုအခါ၌။ ဇိနသာသနေ၊ မြတ်စွာဘုရား သာသနာတော်၌။ မာလာကာရော၊ ပန်းသည်ယောက်ျားသည်။ ပုပ္ဖဂန္ထကောဝိယ၊ ပန်းအမျိုးမျိုးကို သီကုံးသကဲ့သို့။ ပုဗ္ဗကာနံအာစရိယာနံ၊ ရှေးဖြစ်သော ဆရာမြတ်တို့၏။ မဂ္ဂေနပိ၊ ပြဆိုသောနည်းညွန်းလမ်းမအားဖြင့်လည်းကောင်း။ မယှံ၊ ငါ၏။ ဗုဒ္ဓိဗလေနပိ၊ ပညာဉာဏ်စွမ်းဖြင့်လည်းကောင်း။ အသင်္ချေယျေနပိ၊ မရေတွက်သာ များလှစွာပင်ဖြစ်ပေသော။ ကာရဏေန၊ အကြောင်းမျိုးဖြင့်။ အနုမာနေန၊ ဉာဏ်ဖြင့်ချိန်ဆသဖြင့်။ ဗုဒ္ဓဗလံ၊ ဘုရားရှင်၏အစွမ်းအားအင်ကို။ ဒီပယိဿာမိ၊ ပြလိမ့်ဦးအံ့။ တွံပန၊ သင်မင်းကြီးသည်ကား။ ဧတ္ထ၊ ဤသို့ပြလတ္တံ့သော အရာ၌။ သဝနာယ၊ ကြားနာခြင်းငှာ။ ဆန္ဒံ၊ အလိုဆန္ဒကို။ ဇနေဟိ၊ ဖြစ်စေပေတောလော။ ဣတိ၊ ဤသို့မိန့်တော်မူ၏။
ဘန္တေနာဂသေန၊ နာဂသိန်ကိုယ်တော်အရှင်ဘုရား။ အညေသံ၊ တပါသောပုဂ္ဂိုလ်တို့အား။ ဧဝရူပေန၊ ဤသို့သဘောရှိသော။ ကာရဏေန၊ အကြောင်းဖြင့်။ အနုမာနေန၊ ဉာဏ်ရမ်းဆသဖြင့်။ ဗုဒ္ဓဗလံ၊ ဘုရား၏အစွမ်းအားအင်ကို။ ဥပဒဿယိတုံ၊ ထုတ်ဆောင်ပြဆိုခြင်းငှာ။ ဒုက္ကရံ၊ ခဲယဉ်းလှပေလိမ့်။ ဘန္တေနာဂသေန၊ နာဂသိန်ကိုယတော်အရှင်ဘုရား။ တုမှာကံ၊ အရှင်ဘုရားတို့၏။ ပရမဝိစိတ္တေန၊ အလွန်ဆန်းကြယ်လှသော။ ပဉှာဝေယျာကာရဏေန၊ ပုစ္ဆာအဖြေစကားဖြင့်။ နိဗ္ဗုတော၊ စိတ်ကြည်ရွှင်ပြ အေးငြိမ်းရပေသည်။ အသ္မိံ၊ ဖြစ်လှပါပေပြီ။ ဣတိ၊ ဤသို့လျှောက်၏။
အနုမာနပဉှံ၊ အနုမာနပဉှာသည်။ သမတ္တံ၊ ပြီးပြီ။