Issues
Select Version
Nettippakaraṇapāḷi
Nettippakaraṇapāḷi

Nettippakaraṇapāḷi

Author: နိဿယ @ IAPT

၁-သင်္ဂဟဝါရ၊

သလောကပါ‌လော၊ စတုလောကပါလနှင့်တကွဖြစ်သော။ လောကော၊ သတ္တလောကသည်။ ယံ နရဝရံ၊ အကြင်လူတကာတို့ထက် မြတ်သော သဗ္ဗညုဘုရားကို။ သဒါ၊ အခါခပ်သိမ်း။ ပူဇယတေ၊ ပူဇော်မြတ်နိုး၏။ နမဿတိ စ၊ ရှိသည်းခိုး၏။ တံ တဿ နရဝရဿ၊ ထိုလူတကာတို့ထက် မြတ်သော သဗ္ဗညုဘုရား၏။ ဧတံ သာသနဝရံ၊ ဤသာသနာတော်မြတ်ကို။ ဝိဒူဟိ၊ ပညာရှိတို့သည်။ ဉေယျံ၊ သိအပ်၏။
တိဝိဓံပိ သာသနံ၊ သုံးပါးအပြားရှိသော သာသနာတော်ကိုလည်း။ သာသနဝရန္တိ၊ သာသနဝရဟူ၍။ ဝုစ္စတေ၊ ဆိုအပ်၏။ တေသု၊ ထိုသုံးပါးတို့တွင်။ ယံ ပရိယတ္တိသာသနံ၊ အကြင်ပရိယတ္တိသာသနာတော်သည်။ သုတ္တံ၊ သုတ်မည်၏။ တံ သုတ္တံ၊ ထိုသုတ်သည်။ ဒွါဒသပဒါနိ၊ တဆဲ့နှစ်ပုဒ်တို့သည်။ ဟောတိ၊ ဖြစ်၏။ တံ သဗ္ဗံ၊ ထိုသုတ်ဟု ဆိုအပ်သော အလုံးစုံသော ဘုရားစကားတော်သည်။ ဗျဉ္ဇနဉ္စ၊ ဗျဉ္ဇနပဒသည်လည်းကောင်း။ အတ္ထော စ၊ အတ္ထပဒသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ တံ ဥဘယံ၊ ထိုနှစ်ပါးစုံကို။ သရူပတော၊ သရုပ်အားဖြင့်။ ဝိဉေယျံ၊ သိအပ်၏။ တတ္ထ၊ ထိုနှစ်ပါးတို့တွင်။ အတ္ထော၊ အနက်သည်။ ကော၊ အဘယ်နည်း။ ဗျဉ္ဇနံ၊ သဒ္ဒါသည်။ ကတမံ၊ အဘယ်နည်း။ ဣတိ၊ ဤသို့။ သရူပတော၊ သရုပ်အားဖြင့်။ ဝိဉေယျံ၊ သိအပ်၏။
သာသနဿ၊ ပရိယတ္တိသာသနာတော်၏။ ပရိယေဋ္ဌိ၊ ထက်ဝန်းကျင်မှ အနက်တို ရှာမှီးရာရှာမှီးကြောင်းဖြစ်သော။ သောဠသဟာရော၊ တဆဲ့ခြောက်ပါးသော ဟာရရှိထသော။ ပဉ္စနယာ၊ ငါးပါးသော နည်းရှိထသော။ အဋ္ဌာရသမူလပဒါ၊ တဆဲ့ရှစ်ပါးသော မူလပဒရှိထသော။ နေတ္တိ၊ နေတ္တိကို။ မဟာကစ္စာနေန၊ အရှင်မဟာကစ္စည်းမထေရ်သည်။ နိဒ္ဒိဋ္ဌာ၊ ပြတော်မူအပ်ပြီ။
ဟာရာ၊ ဟာရတို့သည်။ သုတ္တဿ၊ သုတ်၏။ ဗျဉ္ဇနဝိစယော၊ သဒ္ဒါကို ရွေးချယ်စိစစ်တတ်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တယော စ၊ သုံးပါးလည်းဖြစ်ကုန်သော။ နယာ၊ အတ္ထနယတို့သည်။ သုတ္တတ္ထော၊ သုတ်၏ အနက်ကို ရွေးချယ်စိစစ်တတ်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တံ ဥဘယံ၊ ထိုဟာရနယနှစ်ပါးတို့၏အပေါင်းကို။ သံဝဏ္ဏကေန၊ ဖွင့်တတ်သော ဆရာသည်။ ပရိဂ္ဂဟိတံ၊ သံဝဏ္ဏေတဗ္ဗသုတ်၏ ထက်ဝန်းကျင်မှ ယူအပ်၏။ သုတ္တံ၊ သုတ်ကို။ နေတ္တိ၊ နေတ္တိဟု ဆိုအပ်သော သံဝဏ္ဏနာသည်။ ယထာသုတ္တံ၊ သံဝဏ္ဏေတဗ္ဗသုတ်အားလျော်စွာ။ ဝုစ္စတိ ဝဒတိ, သံဝဏ္ဏေတိ၊ ဖွင့်တတ်၏။
ယာ စေဝ ဒေသနာ၊ အကြင်ပါဠိတော်သည်လည်ကောင်း။ ယဉ္စ ဒေသိတံ၊ အကြင်ပါဠိ၏အနက်သည်လည်ကောင်း။ အတ္ထိ၊ ရှိ၏။ တံ ဥဘယဉ္စ၊ ထိုနှစ်ပါးစုံကိုလည်း။ ဝိညေယျံ ဧဝ၊ သိအပ်သည်သာလျှင်တည်း။ တတြ၊ ထိုသို့သိခြင်း၌။ အယံ အနုပုဗ္ဗီ၊ ဤဆိုလတ္တံ့သောဟာရနယတို့၏ အစဉ်သည်။ နဝဝိဓသုတ္တန္တပရိယေဋ္ဌိ၊ အင်္ဂါကိုးပါးအပြားရှိသော သုတ္တန်၏အနက်ကို ရှာမှီးစိစစ်တတ်သော အဋ္ဌကထာသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသည်လျှင်သင်္ဂဟဝါရအပြီးတည်း။
သင်္ဂဟဝါရော၊ သင်္ဂဟဝါရသည်။ သမတ္တော၊ ပြီးပြီ။