Issues
Select Version
နိဿယ
မြန်မာဘာသာ
Abhidhammāvatāra-abhinavaṭīkā
Abhidhammāvatāra-abhinavaṭīkā

(အကြင်အကြင်ဆိုအပ်ခဲ့ပြီးသော စကားရပ်တို့ဖြင့် အောက်၌ဝန်ခံခဲ့သည့်အားလျော်စွာ အဘိဓမ္မာဝတာရအဋ္ဌကထာ၏ အဖွင့်သံဝဏ္ဏနာဋီကာကျမ်းကို ကြိုးပမ်းမလွင့်ပြပြီး၍ ယခုအခါ၌ သာရိပုတ္တမဟာထေရ်အစရှိသည်ဖြင့် ရှိခိုးအပ်သော ဆရာ၏မှီရာကိုလည်းကောင်း၊ ရဟန်းတို့အား လျောက်ပတ်သော နေရာအရပ

Author: နိဿယ @ IAPT

(အကြင်အကြင်ဆိုအပ်ခဲ့ပြီးသော စကားရပ်တို့ဖြင့် အောက်၌ဝန်ခံခဲ့သည့်အားလျော်စွာ အဘိဓမ္မာဝတာရအဋ္ဌကထာ၏ အဖွင့်သံဝဏ္ဏနာဋီကာကျမ်းကို ကြိုးပမ်းမလွင့်ပြပြီး၍ ယခုအခါ၌ သာရိပုတ္တမဟာထေရ်အစရှိသည်ဖြင့် ရှိခိုးအပ်သော ဆရာ၏မှီရာကိုလည်းကောင်း၊ ရဟန်းတို့အား လျောက်ပတ်သော နေရာအရပ်ကိုလည်းကောင်း ထိုဆရာ၏မြတ်သောသီတင်းသုံးဖော်တို့သည် လွန်စွာမြတ်နိုးအပ်သည်၏အဖြစ်အစရှိသော ဂုဏ်ကိုပြသဖြင့် မယုတ်မာသည်၏အဖြစ်ကိုလည်းကောင်း၊ ထိုဆရာကိုအမှီပြု၍ မိမိ၏သာသနာတော်၌ ကြီးပွါးသည်၏အဖြစ်ကိုလည်းကောင်း၊ ကျမ်းပြုသောကောင်းမှုတို့ကိုလည်းကောင်း၊ မိမိသည်လိုအပ်သော တောင်းတခြင်းကိုလည်းကောင်း ပြတော်မူလိုသော အရှင်သုမင်္ဂလာသာမိမထေရ်မြတ်သည် ရမ္မေ ပုလတ္ထိနဂရေ အစရှိသောငါးဂါထာတို့ကို မိန့်တော်မူ၏။)

ယော သာရိပုတ္တတ္ထေရော၊ သည်။ ရမ္မေ၊ မွေ့လျော်ဖွယ်ဖြစ်သော။ နဂရာဓိရာဇေ၊ ပြည်တို့ထက်အလွန်မြတ်သော။ ပုလတ္ထိနဂရေ၊ ပုလတ္ထိအမည်ရှိသောမင်းနေပြည်၌။ မဟာဘုဇေန၊ ကြီးသောအားလက်ရုံးရှိတော်မူသော။
ပရက္ကမဘုဇေန၊ ပရက္ကမဗာဟုအမည်ရှိသော။ ရညာ၊ မင်းသည်။ ကာရာပိတေ၊ ဆောက်လုပ်စေအပ်သော။ ရမ္မဟမ္မိယဝရူပဝနာဘိရာမေ၊ မွေ့လျော်ဖွယ်သောပြာသာဒ်, မြတ်သောဥယျာဉ်တို့ဖြင့် အလွန်မွေ့လျော်ဖွယ်ရှိသော။ ဇေတဝနေ၊ ဇေတမင်းသား၏ဥယျာဉ်၌ အနာထပိဏ်သဌေး ဆောက်လုပ်အပ်သောကျောင်းတော်နှင့် နှိုင်းသင့်စလာတူလှပေသောကြောင့် ဇေတဝန်အမည်ရှိသော။ ဝိဟာရေ၊ ၌။ ဝသတိ၊ ဣရိယာပထ ညီမျှလေးထွေ သီတင်းသုံးနေတော်မူ၏။
သမ္ပန္နသီလဒမသံယမတောသိတေဟိ၊ ပြည့်စုံသော ပါတိမောက္ခသံဝရသီလ, ဣန္ဒြေတို့ကို ဆုံးမစောင့်စည်းခြင်းတို့ကြောင့် ပညာရှိတို့သည် နှစ်သက်မြတ်နိုးအပ်ကုန်သော။ ဝါ၊ ပညာရှိတို့သည် နှစ်သက်အပ်သော ပြည့်စုံသောပါတိမောက္ခသံဝရသီလ, ဣန္ဒြေတို့ကို ဆုံးမစောင့်စည်းခြင်းရှိကုန်သော။ ဝါ၊ ပြည့်စုံသောပါတိမောက္ခသံဝရသီလ, ဣန္ဒြေတို့ကို ဆုံးမစောင့်စည်းခြင်းရှိသည်ဖြစ်၍ ပညာရှိတို့သည် နှစ်သက်အပ်ကုန်သော။
ဂုဏာကရေဟိ၊ သီလစသောဂုဏ်တို့၏တည်ရာ မြှုပ်ထားရာဖြစ်ကုန်သော။ ဝသိဂဏေဟိ၊ ဈာနသမာပတ် ဖလသမာပတ်နှစ်ပါးဖြင့် လေ့လာခြင်းရှိကုန်သော ပုဂ္ဂိုလ်အပေါင်းတို့သည်။ သမ္မာနိတော စ၊ လွန်စွာစိတ်ဖြင့် မြတ်နိုးအပ်သည်လည်းဖြစ်သော။ မုနိန္ဒဝစနာဒီသု၊ မုနိငါးပါးတို့ကို အစိုးရတော်မူသော မြတ်စွာဘုရား၏ စကားတော်အစရှိကုန်သော။ အနေကဂန္ထဇာတေသု၊ တစ်ပါးမက များလှစွာသော ကျမ်းဂန်အပြားတို့၌။
ဝိဒူဟိ၊ ပညာရှိတို့သည်။ မဟိတံ၊ ပို့ချသည်၏အစွမ်းအားဖြင့် ပူဇော်အပ်သော။ အာစရိယတံ၊ ဆရာ၏အဖြစ်သို့။ ပတ္တော စ၊ ရောက်တော်မူသည်လည်းဖြစ်သော။
ဣဟ ဣမသ္မိံ သာသနေ၊ ဤဂေါတမမြတ်စွာဘုရားသာသနာတော်၌။ ယဿ ။ိပုတ္တတ္ထေရဿ၊ ၏ (သာရတ္ထဒီပနီမုခါပုဒ်, ဉာဏာနုဘာဝံ ပုဒ်တို့၌စပ်)။ ဝိနယဋ္ဌကထာဒိကာနံ၊ ဝိနည်းအဋ္ဌကထာအစရှိကုန်သော။ ဝါ၊ ဝိနည်းအဋ္ဌကထာအင်္ဂုတ္တိုရ်အဋ္ဌကထာ အစရှိကုန်သော။ အဋ္ဌကထာနံ၊ တို့၏(ထည့်)။
သာရတ္ထ ဒီပနီမုခါ၊ သာရတ္ထဒီပနီဋီကာ အဦးရှိသော။ ဝါ၊ သာရတ္ထဒီပနီဋီကာအစရှိသော။ ဝါ၊ သာရတ္ထဒီပနီဋီကာ, အင်္ဂုတ္တိုရ်ဋီကာ အစရှိသော။ ယာ သံဝဏ္ဏနာ၊ သည်။ ဉာဏာနုဘာဝံ၊ ဉာဏ်၏သတ္တိကို။ သူစယန္တီ စ၊ ပြတတ်သည်လည်း။ ဟောတိ၊ ၏။ မဓုရတ္ထသာရသန္ဒီပနေန၊ ကောင်းမြတ်သောအနက်တို့ကို ပြတတ်သောကြောင့်။ သုဇနံ၊ သူတော်ကောင်းအပေါင်းကို။ ပရိတောသယန္တီ စ၊ ထက်ဝန်းကျင်မှ နှစ်သက်စေတတ်သည်လည်း။ ဟောတိ၊ ၏ (ယဿ စ၌ စကို ကြိယာနှစ်ချက်နောင်ယှဉ်)။
ထာမဂတသာရဂုဏာကရဿ၊ မြဲမြံသည်၏ အဖြစ်သို့ရောက်ကုန်သော မြတ်သောဂုဏ်တို့၏ တည်ရာဖြစ်သော။ တဿ သာရိပုတ္တတ္ထေရဿ၊ ၏။ အနုကမ္ပံ၊ အစဉ်သနားတော်မူသည်ကို။
အဝလမ္ဗိယ အဝလမ္ဗိတွာ၊ အမှီပြု၍။ နန္ဒိပရိဝေဏ နိဝါသဝါသီ၊ နန္ဒိမည်သော ပရိဝုဏ်၌ အမြဲနေခြင်းဖြင့် နေလေ့ရှိသော။ ယော အဟံ၊ အကြင်သုမင်္ဂလသာမိ အမည်ရှိသော ငါသည်။ ဇိနဝရဿ၊ မြတ်စွာဘုရား၏။ သာသနေ၊ ၌။ ဥဠာရံ၊ မြတ်သော။ ရတိံ၊ မွေ့လျော်ခြင်းကို။ ပပ္ပေါတိ၊ ရောက်၏။
သုမင်္ဂလောဒီရိတနာမဝိဿုတော၊ သုမင်္ဂလသာမိဟု ဆရာသခင်တို့သည်မိန့်အပ်သောအမည်ဖြင့် ကျော်စောထင်ရှားသော။ သောအဟံ၊ ထိုငါသည်။ အနပ္ပကံ၊ အတိုင်းမသိသော။ ဝါ၊ များစွာပြည့်လျှမ်းတင်ကျမ်းဖြစ်သော။ ဟိတံ၊ အစီးအပွါးကို (တု-အနက်မရှိ)။ ဝါ- သောတုဟိတံ၊ စာသင်သားတို့၏ အစီးအပွါးကို (ဤအလို သော အဟံဟူသော နိယတ် ပါဋ္ဌသေသတည်း)။ သာဓယံ သာဓယန္တော၊ ပြီးစေသည်။ ဟုတွာ၊ ၍ (ထည့်)။ မဓုရတ္ထသမ္ပဒံ၊ ချိုမြိန်ကောင်းမြတ်သောအနက်နှင့် ပြည့်စုံခြင်းကို။ ပကာသယန္တိံ၊ ပြတတ်သော။ (တနည်းကား) မဓုရတ္ထသမ္ပဒံ၊ ချိုမြိန်ကောင်းမြတ်သော အနက်နှင့်ပြည့်စုံသော။ ပကာသယန္တိံ၊ အဘိဓမ္မတ္ထတို့ကို ထင်ရှားပြတတ်သော။ ဣမံ အဘိဓမ္မတ္ထဝိကာသိနိံ၊ ဤအဘိဓမ္မတ္ထဝိကာသိနီအမည်ရှိသော ကျမ်းကို။ အကာ အကာသိ၊ ပြုစီရင်ပြီ။
အဘိဓမ္မာဝတာရဋီကာ၊ အဘိဓမ္မာဝတာရအဋ္ဌကထာကို ဖွင့်ကြောင်းဖြစ်သော ဋီကာကျမ်းသည်။ သမတ္တာ၊ ပြီးပြီ။