Issues
Select Version
နိဿယ
မြန်မာဘာသာ
Vinayālaṅkāra-ṭīkā
Vinayālaṅkāra-ṭīkā

Ganthārambhakathā

Author: နိဿယ @ IAPT

လောကေ၊ လောကသုံးခွင်၊ ဘုံအပြင်၌။ ယော နာထော၊ သတ္တဝါတို့၏ အားထားကိုးကွယ်ရာဖြစ်တော်မူသော အကြင်မြတ်စွာဘုရားသည်။ လောကလောကော (လောကာ-တိလောကော)၊ လူမင်း, နတ်မင်း၊ ဗြဟ္မာမင်းတို့ထက် မြတ်တော်မူသည်။ ဝရတရဝရဒေါ၊ အလွန်အကြူး၊ အထူးသဖြင့် မြတ်သောနိဗ္ဗာန်ကို ပေးတော်မူတတ်သည်။ ရာဇရာဇဂ္ဂဇညော၊ မင်းမင်းတကာတို့ထက် မြတ်သည်ဖြစ်၍ အလုံးစုံသောတရားအပေါင်းကို သိတော်မူသည်။ အာကာသာကာရကာရော၊ ကောင်းကင်, မြေကြီး၊ အံ့မငြီးအောင်၊ ကိလေသာတို့မှ၊ ဝေးစွာပြုတော်မူတတ်သည်။ ပရမရတိရတော၊ မြတ်သောနိဗ္ဗာန်၌သာ မွေ့လျော်တော်မူသည်။ ဒေဝဒေဝန္တဝဇ္ဇော၊ နတ်နတ်တကာတို့၏ အသိဥာဏ်ထက်လွန်သော သဗ္ဗညုတဥာဏ်ရှိ‌တော်မူသည်။
သံသာရာသာရသာရော၊ အနှစ်မရှိသော သံသရာဝဋ်ဆင်းရဲကို ပယ်ဖျောက်တော်မူတတ်သည်။ သုနရနမနတော၊ ကောင်းမြတ်သော နတ်နှင့်တကွသော လူအပောင်းတို့၏ဦးညွတ်ရာ ဖြစ်တော်မူသည်။ မာရဟာရန္တရဋ္ဌော၊ မာန်တည်းဟူသော ကိလေသာတို့၏ ကုန်ရာကုန်ကြေင်းဖြစ်သော နိဗ္ဗာန်တရားတော်၌ မွေ့လျော်တော်မူသည်။ ဟောတိ၊ ဖြစ်တော်မူ၏။
သံသာရာသာရသာရော၊ အနှစ်မရှိသော သံသရာဝဋ်ဆင်းရဲကို ပယ်ဖျောက်တော်မူတတ်သည်။ သုနရနမနတော၊ ကောင်းမြတ်သော နတ်နှင့်တကွသော လူအပေါင်းတို့၏ဦးညွတ်ရာ ဖြစ်တော်မူသည်။ မာရဟာရန္တရဋ္ဌော၊ မာန်တည်းဟူသော ကိလေသာတို့၏ ကုန်ရာကုန်ကြောင်းဖြစ်သော နိဗ္ဗာန်လျှင် အရပ်ဒေသရှိတော်မူသည်။ လောကာလင်္ကာရကာရော၊ လောကသုံးပါး၏ တန်ဆာသဖွယ်ဖြစ်သော ၃၇-ပါးသော ဗောဓိပက္ခိယတရား ရှိတော်မူသည်။ အတိသတိဂတိမာ ဓီရဝီရတ္တရမ္မော၊ အလွန်ကောင်းမြတ်သော သတိ, အလွန်ကောင်းမြတ်သော အလား, အလွန်ကောင်း မြတ်သောတည်ကြည်ခြင်းအလွန်တပ်ခြင်း ကင်းသော နိဗ္ဗာန်တရားတော်၌ မွေ့လျော်တော်မူသည်။ ဟောတိ၊ ဖြစ်တော်မူ၏။
သံသာရစက္ကဝိဒ္ဓံသံ၊ သံသရာစက်၏ အကန့်ထောက်ဆံတို့ကို ဖျက်ဆီးတော်မူတတ်သော။ သုမာနသံ၊ ကောင်းမြတ်သောစိတ်နှလုံးတော်ရှိတော်မူသော။ သုဂုဏေသံ၊ ၉-ပါးသောဂုဏ်တော်တို့၏ တည်ရာဖြစ်တော်မူသော။ သံဒေသိတသုဒုဒ္ဒသံ၊ ကောင်းစွာဟောကြား၍ မြင်နိုင်ခဲ, သိနိုင်ခဲသော။ တံ သမ္ဗုဒ္ဓံ၊ ထိုဆိုအပ်ခဲ့ပြီးသော ဂုဏ်အပေါင်းနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရားကို။ သံနာမာမိ၊ ဒူး,လက်,နဖူး တည်ငါးဦးဖြင့် ကြည်နူးဝန္ဒနာ ရှိခိုးပါ၏။
ယေန ဥာဏေန၊ အကြင်မဂ်ဥာဏ်ဖြင့်။ ပါပါ၊ မကောင်းမူအကုသိုလ်တရားတို့ကို။ ဝိဒ္ဓံသိတာ၊ ပယ်ဖျောက်အပ်ကုန်ပြီ။ ယေန ဥာဏေန၊ အကြင်မဂ်ဥာဏ်ဖြင့်။ ဒရာ၊ ကိလေသာတည်းဟူသော ပူလောင်ခြင်းတို့ကို။ နိဗ္ဗာပိတာ၊ ငြိမ်းအေးစေကုန်ပြီ။ ယေန ဥာဏေန၊ အကြင်မဂ်ဥာဏ်ဖြင့်။ သတ္တေ၊ ဝေနေယျသတ္တဝါတို့ကို(ထည့်)။ လောကာ၊ လောက ၃-ပါးမှ။ နိဿရိသုံ၊ ထုတ်ဆောင်ကယ်တင်အပ်ကုန်ပြီ။ အဟံ၊ အကျွန်ုပ်သည်။ ယေန ကာရဏေန၊ အကြင်သို့သော အကြောင်းဖြင့်။ တံ ဓမ္မံ၊ ထိုမဂ် ၄-တန်, ဖိုလ် ၄-တန်၊ နိဗ္ဗာန်,ပရိယတ်၊၁၀-ပါးသော တရားမြတ်ကို။ နမာမိ၊ ရှိခိုးပါ၏။
ဝန္တန္တဝရဓမ္မဇံ၊ ကိလေသာတည်းဟူသော ထွေးအန်အပ်ပြီးသော မြတ်သောတရားကြောင့်ဖြစ်သော။ သုဘမာနသံ၊ တင့်တယ်သောစိတ်နှလုံးရှိတော်မူသော။ သုသံံသံ၊ ကောင်းစွာစောင့်စည်းအပ်သော ဣန္ဒြိယသံဝရသီလရှိထသော။ မဂ္ဂဂ္ဂမနဖလဋ္ဌံ၊ မဂ်၌တည်သောပုဂ္ဂိုလ်, ဖိုလ်၌တည်သောပုဂ္ဂိုလ်၊ ဤ ၈-ယောက်အစုံဟုဆိုအပ်သော။ သံသံဃံ၊ ကလျာဏပုထုဇဉ် သံဃာနှင့်တကွသော။ သံဃံ၊ အရိယာသံဃာတော်မြတ်အပေါင်းကို။ နမာမိ၊ ရှိခိုးပါ၏။
ဝိနယံ၊ ဝနယဿ၊ ကိုယ်, နှုတ် ၂-ပါး တို့ကို ဆုံးမရာဆုံးမကြောင်းဖြစ်သော ဝိနည်း ပိဋကတ် ပရိယတ်၏။ သာရံ၊ အနှစ်သာရဖြစ်သော။ ဝိနယံ၊ ဝိနည်းခေါ်လတ် ပိဋကတ်တော်မြတ်ကိုလည်းကောင်း။ သင်္ဂဟံ၊ အကျဉ်းပေါင်း၍ ယူခြင်းကို။ ကရံ၊ ပြုတော်မူသော။ သင်္ဂဟံ၊ သင်္ဂဟမည်လတ် ကျမ်းတော်မြတ်ကိုလည်းကောင်း။ ဝါ၊ **ဝိနယသင်္ဂဟ** နာမမည်ဆန်း၊ **အဋ္ဌကထာကျမ်း**ကိုလည်းကောင်း။ စရိယံ၊ ပါတိမောက္ခသံဝရသီလ, ဣန္ဒြိယသံဝရသီလ,စတုပါရိသုဒ္ဓိသီလစသော သီလတော်အပေါင်းနှင့် ပြည့်စုံတော်မူသော။ စရိယံ၊ အာသဝေါကုန်လတ် ရှင်သာရိပုတ္တာရာရဟန္တာအရှင်မြတ်နှင့် ဘွဲ့တံဆိပ်တူမျှသည်၏အဖြစ်ကြောင့် **အရှင်သာရိပုတ္တာရာ** ဟူ၍ ရအပ်သော ဘွဲ့တံဆိပ်ရှိတော်မူသော ဤကျမ်းပြုဆရာထေရ်မဟာကိုလည်းကောင်း။ ပရမံ၊ သီလ, သမာဓိ,ပညာ၊ ဂုဏ် ၃-ဖြာဖြင့် မြတ်စွာသော။ သုတံ၊ ပရိယတ္တိ ဝိသာရဒဂုဏ်ဖြင့် ထင်ပေါ်ကျော်ကြားသော။ ပရမံ၊ ဆရာမြတ်အပေါင်းကိုလည်းကောင်း။ ဝန္ဒေ၊ သဒ္ဓါရိုကျိုး လက်အုပ်မိုး၍ ရှိခိုးပါ၏။
မမ၊ ငါ၏ ပကာရေ ဗဟုပကာရေ၊ များသော ကျေးဇူးဥပကာရရှိတော်မူသော။ သာဂရေ ဂုဏသာပရေ၊ ရှစ်သောင်းလေးထောင် အနက်ဆောင်သော မဟာသမုဒ္ဒရာတည်းဟူသော သီလဂုဏ်, သမာဓီဂုဏ်,ပညာဂုဏ်နှင့်ပြည့်စုံတော်မူသော။ ဂရဝေါ ဂရဝေါ၊ ကျောက်ထီးတန္တု အလေးပြုအပ်သော ဆရာမြတ်အပေါင်းတို့ကိုလည်း။ ဝန္ဒာမိ အဘိဝန္ဒာမိ၊ အလွန်အကြူး အထူးသဖြင့် ရှိခိုးပါ၏။
ဣတိ၊ ဤသို့(ထည့်)။ မယာ၊ ငါသည်။ ဝတ္ထုတ္တယေ၊ ရတနာ ၃-ပါး တို့၏ အပေါင်း၌လည်းကောင်း။ ဂန္ထကာရေ၊ ကျမ်းပြုဆရာတော်၌လည်းကောင်း။ ဂရူသု၊ ဆရာမြတ်အပေါင်းတို့၌လည်းကောင်း။ သာဒရံ၊ ရိုသေစွာ။ ကတေန၊ ပြုအပ်ပြီးသော။ နမက္ကာရေန၊ ရှိခိုးရသောကောင်းမူကံကြောင့်။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ ဥပဒ္ဒေဝေ၊ ဘေးရန်အပေါင်းတို့ကို။ ဟိတွာ၊ ပယ်စွန့်ပြီး၍။
ဇိနသာသနကာရိဘိ၊ မြတ်စွာဘုရား သာသနာတော်မြတ်၏ ပြန့်ပွားခြင်းကို ပြုလေ့ရှိကုန်သော။ သိက္ခာကာမေဟိ၊ သိက္ခာ ၃-ပါးကို အလိုရှိကြကုန်သော။ ဝိနယညူဟိ၊ ဝိနည်းပရိယတ် ပိဋကတ်ကို သိလေ့ရှိကုန်သော။ ဓီရေဟိ၊ မြဲမြံတည်တံ့ခိုင်ခံ့သော ပညာရှိကုန်သော။ ဘိက္ခူဟိ၊ ရဟန်းတော်တို့သည်။ သာဒရံ၊ ရိုသေစွာ။ အဘိယာစီတော၊ တောင်းပန်အပ်သည်ဖြစ်၍။
ဝေနယံကာနံ၊ ဝိနည်းကိုဆောင်ကုန်သော။ ဘိက္ခူနံ၊ ရဟန်းတို့၏။ ယထာသတ္တိဗလံ၊ မိမိတို့၏အစွမ်းသတ္တိအားလျော်စွာ။ အဟံ၊ ငါသည်။ ပီတိဝဍ္ဎနံ၊ ပညာရှိတို့၏ စိတ်နှလုံးကို ပွားစေတတ်သော။ ဝိနယသင်္ဂဟံ၊ **ဝိနယသင်္ဂဟ**အမည်ရှိသော အဋ္ဌကထာကျမ်းကို။ ဝဏ္ဏာ ယိဿမိ၊ ဖွင့်ဆိုပေအံ့။
ပေါရာဏေဟိ၊ ရှေ့၌ထင်ပေါ် ဆရာကျော်တို့သည်။ ကတာ၊ ရေးသားပြုပြင် စီရင်အပ်သော။ ယာ ဋီကာ၊ အကြင်ဋီကာကျမ်းသည်။ ကိဉ္စာပိ အတ္ထိ၊ အကယ်၍ကား ရှိပါပေ၏။ ပန တထာပိ၊ ထိုသို့ပင်ရှိပါသော်လည်း။ သာဋီကာ၊ ထိုဋီကာသည်။ အတိသင်္ခေပဘာဝေန၊ အလွန်ကျဉ်းသည်၏အဖြစ်ကြောင့်။ ယဒိစ္ဆိတံ၊ အလိုရှိအပ်သောအနက်ကို။ ယသ္မာ၊ အကြင်ကြောင့်။ န သာဓေတိ၊ မပြီးစေနိုင်။
တသ္မာ ဟိ၊ တသ္မာ ဧဝ ထို့ကြောင့်သာလျှင်။ နာနာသတ္ထေဟိ၊ အထူးထူးသောကျမ်းဂန်တို့မှ။ သာရံ၊ အနှစ်သာရကို။ သာဓုကံ၊ ကောင်းစွာ။ အာဒါယ၊ ယူ၍။ နာတိသင်္ခေပဝိတ္ထာရံ၊ မကျဉ်းမကျယ် အလယ်အလတ်ဖြစ်သော နာတိဝိတ္တာရ နာတိသင်္ခေပနည်းဖြစ်သော။ အတ္ထဝဏ္ဏနံ၊ အနက်၏အဖွင့်ကို။ ဝါ၊ အနက်ကို ဖွင့်ဆိုကြောင်းဖြစ်သော ဋီကာကျမ်းကို။ ကရိဿံ၊ ရေးသားပြုပြင် စီရင်ပေအံ့။
ဝိနယာလင်္ကာရံ နာမ၊ **ဝိနယာလင်္ကာရ**အမည်ရှိသော။ ဣမံ ပကရဏံ၊ ဤဋီကာကျမ်းကို။ ပေသလာနံ၊ သီလကို ချစ်မြတ်နိုးခြင်းရှိကြကုန်သော ရဟန်းတော်တို့၏။ ပမောဒနံ၊ ဝမ်းမြောက်ဝမ်းသာ။ သမ္မာ၊ ကောင်းစွာ။ သဗ္ဗေ၊ ခပ်သိမ်းကုန်သော။ သာဓဝေါ၊ သူတော်ကောင်းဖြစ်ကြကုန်သော ပညာရှိတို့သည်။ ဓါရေန္တု၊ ဆောင်နိုင်ပါစေကုန်သတည်း။ ဣတိ၊ ဤတွင် ရတနတ္တယပဏာမ စသော စကားရပ် အပြီးသတ်တည်း။