ပရဒုက္ခေ သူတပါးဆင်းရဲသည်။ သတိ ဖြစ်လတ်သော်။ သာဓူနံ သူတော်ကောင်းတို့၏။ ဟဒယကမ္ပနံ နှလုံးတုန်လှုပ် ပင်ပန်းသည်ကို။ ကရောတိ ၏။ ဣတိ-တသ္မာ ကြောင့်။ (သာ ဓမ္မဇာတိ သည်။) ကရုဏာ မည်၏ ဤဝိဂြိုဟ်၌ လိုရင်းကား ကရောတီတိ ကရုဏာ-တည်း။ အဘယ်သူတို့၏ အဘယ်ကိုပြုသနည်း၊ အဘယ်အကြောင်းရှိလတ်သော် ပြုသနည်းဟု။ ပ။ ကား။ ပရဒုက္ခေ သတိ သာဓူနံဟဒယကမ္ပနံ-ဟူသည်။ ။ ကမ္ပနဟူသည်လည်း ပရဒုက္ခကိုမြင်၍ ထိုဒုက္ခကို ပယ်လိုသသူ၏ သည်းမခံနိုင်သော အခြင်းအရာအားဖြင့် စိတိ၏ အညထတ္တတည်း။ ထိုဟဒယကမ္ပနသည် သပ္ပရိသတို့အားသာ ဖြစ်ရကား သာဓူနံ-ဟူသည်။ ထိုစကားသင့်၏ ။ သပ္ပုရိသတို့ကို မိမိစီးပွါး သူ့စီးပွါးတို့ကို ပြီးစေတတ်သောကြောင့် သာဓု-ဟူ၍ ဆိုအပ်ကုန်၏ ။ (ပြည်)။
(ယာ ဓမ္မဇာတိ) ပရဒုက္ခေ သူတစ်ပါး၏ ဒုက္ခသည်။ သတိ ဖြစ်လသော်။ သာဓူနံ ကရုဏာရှင်,သူတော်စင်တို့၏။ ဟဒယကမ္ပနံ စိတ်နှလုံး၏ တုန်လှုပ်ခြင်းကို။ (စိတ်နှလုံးကို တုန်လှုပ်အောင်၊) ကရောတိ ပြုတတ်၏။ ဣတိ ကြောင့်။ (သာဓမ္မဇာတိ) ကရုဏာ မည်၏။