အရူပဓမ္မာနံ ဥပဋ္ဌာနာကာရကထာဝဏ္ဏနာ
သဒ္ဒ ဖဿ ရူပ ရသ ဂန္ဓာ၊ အသံ, အတွေ့, အဆင်း, အရသာ, အနံ့တို့သည်။ တမ္မတ္တာနိ၊ မည်ကုန်၏။
တသ္မိံ တသ္မိန္တု တမ္မတ္တာ၊ တေန တမ္မတ္တတာ မတာ။
န သန္တာ နာပိ ဃောရာ တေ၊ န မူဠှာ စာဝိသေသိနော-ဟုဆို၏။
တသ္မိံ တသ္မိံ၊ ထိုထိုအသံစသည်၌။ တမ္မတ္တာ၊ ထိုအသံစသော အတိုင်းအရှည်မျှသည်၊ ဝါ၊ ထိုအသံစသည်တို့၏ အတိုင်းအရှည်မျှသည်။ (အတ္ထိ၊၏။) တေန၊ထိုကြောင့်။ (တေသံ၊ ထိုအသံစသည်တို့၏။) တမ္မတ္တတာ၊ တမ္မတ္တမည်သည်၏ အဖြစ်ကို။ မတာ၊ သိအပ်၏။ တေ၊ ထိုတမ္မတ္တတို့သည်။ န သန္တာ၊ နှစ်သက်ဖွယ် ငြိမ်းအေးချမ်းသာသည်လည်း မဟုတ်ကုန်။ န ဃောရာ၊ ကြောက်ဖွယ်ဆင်းရဲသည်လည်း မဟုတ်ကုန်။ န မူဠှာ စ၊ ထိုင်းမှိုင်းတွေဝေသည်လည်း မဟုတ်ကုန်။ အဝိသေသိနော၊ မထူးမခြား တမျိုးတစားတည်း ဖြစ်ကုန်၏။
ထိုဂါထာ၏ အဖွင့်၌ တေသု တေသု ဘူတေသု တမ္မတ္တာ တိဋ္ဌန္တိ ဣတိ ကတွာ ဓမ္မဓမ္မိအဘေဒတော (ဂုဏ်နှင် ဂုဏေးမကွဲပြားခြင်းကြောင့်) ဒဗ္ဗာနမ္ပိ တမ္မတ္တတာ မတာ၊ တေ စပဒတ္ထာ တမ္မတ္တရူပါ (တမ္မတ္တ သဘောရှိသော ထိုပဒတ္ထတိုသည်လည်း) သန္တဃောရမူဠှာချေဟိ ထူလဂတသဒ္ဒါဒိဝိသေသေဟိ သုညာ ဧကရူပဝန္တတော။ တထာ စ သန္တာဒိဝိသေသ သုညသဒ္ဒါဒိမန္တာနမေဝ ဘူတာနံ သဒ္ဒါဒိတမ္မတ္တတာ ဣတိ အဓိပ္ပါယော။ တတော ဧဝ အဝိသေသိနော အဝိသေသသညကာ ဣစ္စေတဿ အတ္ထော-ဟု ပြဆို၏။
ဤတမ္မတ္တတို့ကို အသံစသည်ဟု ဆိုသော်လည်း ပကတိ လူသာမန်တို့ ကြားနိုင် သိနိုင်ကောင်းသည်ကား မဟုတ်၊ ပတဉ္ဇလိ၏ ယောဂနည်းဖြင့် လေ့ကျင့်သော ယောဂီတို့နှင့်နတ်တို့သာ ကြားနိုင် သိနိုင်သည်ဟူ၍၎င်း, ပကတိလူတို့ ကြားနိုင် သိနိုင်သော အသံကြမ်းစသည် ဖြစ်ရန်အတွက် အကြောင်းမျိုးစေ့သဘောဖြစ်၍ အလွန်သိမ်မွေ့သော အသံစသည်တို့ဖြစ်သည်ဟူ၍၎င်း သဒ္ဒတမ္မတ္တဟူသည်မှာ အသံဂုဏ်ထူးကို ဖြစ်စေနိုင်သော သိမ်မွေ့သော အာကာသဓာတ် ဖြစ်သည်ဟူ၍၎င်း ဤသို့စသည်ဖြင့် သာင်္ချဝါဒီတို့က ဆိုကြ၏။ ထိုကြောင့်-
"သဒ္ဒတမ္မတ္တတော အာကာသံ သဒ္ဒဂုဏံ၊ သဒ္ဒတမ္မတ္တသဟိတာ ဖဿတမ္မတ္တတော ဝါယု သဒ္ဒဖဿဂုဏော သဒ္ဒတမ္မတ္တမှ အသံဂုဏ်ထူးရှိသော အာကာသဓာတ် ဖြစ်ပေါ်သည်၊ သဒ္ဒတမ္မတ္တနှင့် တကွဖြစ်သော ဖဿတမ္မတ္တမှ အသံနှင့် အတွေ့ဟူသော ဂုဏ်ထူး ၂-ပါးရှိသော ဝါယောဓာတ် ဖြစ်ပေါ်သည်" ဤသို့စသည်ဖြင့်ဆိုသော (သာင်္ချကာရိကာ၏အဖွင့်) သာင်္ချတတွကောမုဒီကို သာရဗောဓိနီ၌-
သဒ္ဒတမ္မတ္တတော-သဒ္ဒဂုဏကတော သုခုမာကာသတော သဒ္ဒဂုဏကံ ထူလမာကာသံ ဇာယတေ၊ သဒ္ဒတမ္မတ္တသဟိတာ ဖဿတမ္မတ္တတော-သဒ္ဒဖဿဂုဏကာ သုခုမဝါယုတော သဒ္ဒဖဿဂုဏကော ထူလော ဝါယု ဇာယတေ ဣတျာဒိ အတ္ထော ဉေ ယျော-ဟု ဖွင့်ပြထားသောကြောင့်-
သဒ္ဒတမ္မတ္တဟူသည်မှာအသံကိုဖြစ်စေနိုင်သည့် ဂုဏ်ထူးရှိသော (အီသာခေါ်) သိမ်မွေ့သော အာကာသဓာတ်ဟူ၍၎င်း, ဖဿတမ္မတ္တဟူသည်မှာ အတွေ့ကို ဖြစ်စေနိုင်သည့် ဂုဏ်ထူးရှိသော သိမ်မွေ့သော ဝါယောဓာတ်ဟူ၍၎င်း, ရူပတမ္မတ္တ ရသတမ္မတ္တ ဂန္ဓတမ္မတ္တတို့ဟူသည်မှာ အစဉ်အတိုင်း အဆင်း, အရသာ, အနံ့တို့ကို ဖြစ်စေနိုင်သည့် ဂုဏ်ထူးရှိသော သိမ်မွေ့သော တေဇော, အာပေါ, ပထဝီဓာတ်တို့ ဖြစ်ကြသည်ဟူ၍၎င်း ယင်းဝါဒီတို့၏ အလိုအားဖြင့်မှတ်အပ်၏။ နောက်၌သာ၍ ထင်ရှားလတံ့။```
{{nissaya|အညမညဝိသိဋ္ဌာနံ| အချင်းချင်းမှ ထူးကုန်သော။}}
{{nissaya|ပထဝီအာဒီနံ| ပထဝီအစရှိသော ဘုတ်တို့၏``၁-ဤအရာ၌ သာင်္ချဝါဒမူလကျမ်းရင်းတို့၏ အလိုအားဖြင့် ပြဆိုခဲ့သော သဒ္ဒတမ္မတ္တစသည်တို့နှင့် အစဉ်အတိုင်း စပ်ဟပ်၍ အာကာသ, ဝါယု,တေဇ, အာပ, ပထဝီ-ဟု ယူရန်"အာကာသဒီနံ" ဟု ဆိုသင့်သော်လည်း အချို့သော နောက်ရေးသာင်္ချကျမ်းတို့၌ ပထဝီမှစ၍ ပြဆိုချက်များလည်း ရှိသောကြောင့် ပထဝီမှစ၍ ပြဆိုသော သာသနိကအစဉ်နှင့်လည်းညီစေရန် ဤအရာ၌ အထက်ပါအတိုင်း ပထဝီမှစ၍ ပြဆိုသည်ဟု ယူရာ၏။``။}}
{{nissaya|ဧကုတ္တရတာဒဿနတော| တခုလွန်ကဲသည်၏အဖြစ်ကို တွေ့ရခြင်းကြောင့်။}}
{{nissaya|တမ္မတ္တာနိ| တို့သည်။}}
{{nissaya|ဧကုတ္တရာနိ| တခုလွန်ကဲကုန်၏```၂-ဧကုတ္တရ ဖြစ်ပုံကား အာကာသ၌ သဒ္ဒလွန်ကဲ၏၊ ထိုအတူ ဝါယော,တေဇော,အာပေါ,ပထဝီတို့၌ အစဉ်အတိုင်း ဖောဋ္ဌဗ္ဗ,ရူပ, ရသ, ဂန္ဓတို့လွန်ကဲကုန်၏-ဟု သာင်္ချကျမ်းဆရာတို့သည်၎င်း, ဝိသေသိကဒဿနကျမ်း ဆရာတို့သည်၎င်းဆိုကုန်၏။ ဝိသေသိကကျမ်းတို့၌ ပထဝီ,အာပေါ,တေဇော,ဝါယော,အာကာသ-ဟု ပြဆိုသော အစဉ်မျှသာထူးသည်။ ဤဋီကာ၌လည်း ပထဝီအာဒီနံ-ဟု ပထဝီမှစ၍ ပြသောကြောင့် ထိုဝိသေသိကကျမ်း ဆရာတို့၏ဝါဒကို ပြလေသလောဟူ၍လည်း ယူဆဖွယ်ရှိ၏။ သို့ဖြစ်လျှင် ဝိဇ္ဈဝါသိ-ဟူသောပါဌ်အရာ၌ ဝိသေသိကဒါဒိနော-ဟု ပြင်၍ "တမ္မတ္တာနိ၊ တို့သည်။ ဧကုတ္တရာနိ၊ ကုန်၏။ ဣတိ၊သို့။ ဝိသေသိကဒါဒိနော၊ ဝိသေသိကဝါဒီတို့သည်။ (ဝဒန္တိ၊ ကုန်၏။) ဧကလက္ခဏေဟိ၊ တမျိုးတည်းသော လက္ခဏာရှိကုန်သော။ တမ္မတ္တေဟိ၊ တို့မှ။ အနေကလက္ခဏာ၊ သန္တ, ဃောရစသည်အားဖြင့် များသောလက္ခဏာရှိကုန်သော။ ဝိသေသာ၊ တို့ကို"။ ဤသို့ စသည်ဖြင့်အနက်ပြန်ရာ၏။ ထိုသာသနာပ ဗာဟိရပုဂ္ဂိုလ်တို့၏ အလိုအားဖြင့် တမ္မတ္တတို့၌ တခုလွန်ပုံကိုအောက်ပါ ယောဂဘာသာကျမ်းနှင့် သာရဗောဓိနီကျမ်းတို့ဖြင့် သိအပ်၏။}}
"ဧကဒွိတိစတုပဉ္စလက္ခဏာ သဒ္ဒါဒယော" ဣတိယောဂဘာဿေန သုခုမာကာသရူပသဒ္ဒတမ္မတ္တံ (သိမ်မွေ့သော အာကာသလျှင် အထည်ကိုယ်ရှိသော သဒ္ဒတမ္မတ္တသည်) သဒ္ဒမတ္တဓမ္မကံ (အသံမျှသဘော လက္ခဏာရှိ၏)၊ သုခုမဝါယုသင်္ခါတဖဿတမ္မတ္တံ စ သဒ္ဒဖဿဓမ္မကံ၊ သုခုမတေဇောတိဓေယျရူပတမ္မတ္တံ စ သဒ္ဒဖဿရူပဓမ္မကံ၊ သုခုမဇလရူပရသတမ္မတ္တံ စ သဒ္ဒဖဿရူပရသဓမ္မကံ၊ သုခုမပထဝီသင်္ခါတဂန္ဓတမ္မတ္တံ စ သဒ္ဒဖဿရူပရသဂန္ဓဓမ္မကံ (အသံအတွေ့ အဆင်းအရသာ အနံ့သဘော လက္ခဏာရှိ၏)၊ ဣတိဗောဓနတော။
ဆိုလိုသည်မှာ သိမ်မွေ့သော အာကာသဟူသော သဒ္ဒတမ္မတ္တမှာ အသံမျှသာရှိသည်၊ သိမ်မွေ့သော ဝါယောဓာတ်ဟူသော ဖဿတမ္မတ္တမှာ အသံနှင့် အတွေ့ဟူသော ဂုဏ်နှစ်ပါးရှိသည်။
သိမ်မွေ့သော တေဇောဓာတ်ဟူသော ရူပတမ္မတ္တမှာ အသံအတွေ့နှင့်အဆင်းဟူသော ဂုဏ်သုံးပါးရှိသည်၊ သိမ်မွေ့သော အာပေါဓာတ်ဟူသော ရသတမ္မတ္တမှာ အသံ အတွေ့ အဆင်းနှင့်အရသာဟူသော ဂုဏ်လေးပါးရှိသည်၊ သိမ်မွေ့သော ပထဝီဓာတ်ဟူသော ဂန္ဓတမ္မတ္တမှာ ဂန္ဓပါ ဂုဏ်ငါးပါးလုံးရှိသည်၊ ဤသို့ ဂုဏ်တခုတခုလွန်သည်-ဟု ဆိုလို၏။```။
{{nissaya|ဣတိ| ကြောင့်။}}
{{nissaya|ဝိဇ္ဈဝါသိဧကလက္ခဏေဟိ| ထွင်းအပ်သော ပဲခွပ်ကဲ့သို့ တမျိုးတစားတည်း လက္ခဏာရှိကုန်သော။}}
{{nissaya|(ဤကား ပါဌ်ရှိရင်းအတိုင်းသင့်လျော်အောင်ပြန်အပ်သော အနက်ဖြစ်သည်။ပဲခွပ်ထွင်းမည့် သံတုံးမှာ မထွင်းရသေးမီက ကောင်းဆိုးကြီးငယ်စသည်ဖြင့် ပဲခွပ်ပုံအထူးအပြား မရှိသေးပဲ တမျိုးတစားတည်းသာ ရှိနေသကဲ့သို့ တမ္မတ္တတို့၌ သန္တဃောရမူဠှအားဖြင့်အထူးအပြား မရှိသေးပဲ တမျိုးတစားတည်း လက္ခဏာရှိသည်ကို ဆိုသည်ဟုယူအပ်၏။ အဝိသေသဧကလက္ခဏေဟိ-ဟူ၍သော်လည်း ပါဌ်ရှိသင့်၏။ "သန္တဃောရမူဠှအားဖြင့် အထူးအပြားမရှိပဲ တမျိုးတစားတည်း လက္ခဏာရှိကုန်သော" ဟု အနက်ပြန်ရာ၏) တမ္မတ္တေဟိ| ငါးပါးသော တမ္မတ္တတို့မှ။}}
{{nissaya|ဧကလက္ခဏာ| တမ္မတ္တတို့နှင့်တူသော လက္ခဏာရှိကုန်သော။}}
{{nissaya|(ဤ၌လည်း "အနေကလက္ခဏာ၊ သန္တ ဃောရစသည်အားဖြင့် များသောလက္ခဏာရှိကုန်သော" ဟူ၍သော်၎င်း "ထူလလက္ခဏာ၊ ကြမ်းတမ်းသော လက္ခဏာရှိကုန်သော" ဟူ၍သော်၎င်း ပါဌ်ရှိသင့်၏) ဝိသေသာ| ငါးပါးသော ဘုတ်အထူးတို့ကို။}}
{{nissaya|သဇ္ဇီယန္တိ| စီရင်အပ်ကုန်၏။}}
{{nissaya|(သီမူ၌ သဉ္ဇီယန္တိ-ဟု ရှိ၏) တနည်းကား။ ဝိသေသာ| ငါးပါးသော ဘုတ်အထူးတို့ကို။}}
{{nissaya|သဇ္ဇီယန္တိ| ဖြစ်ပွါးကုန်၏``၁-သက်ရှိသက်မဲ့ အတွင်းအပ လောကကြီးတခုလုံးကို ပကတိမှ ဖြစ်ပွါးသည်ဟူ၍သာ သာင်္ချဝါဒီတို့က ယူကြသည်၊ တစ်စုံတစ်ယောက်က စီရင်သည် ဖန်ဆင်းသည်ဟူ၍ကား မယူကြ၊ ထိုကြောင့် စီရင်သည်ဟု ဆိုသော်လည်းဖြစ်ပွါးသည်ကိုသာ ဆိုလိုပေသည်။ သို့ဖြစ်၍ အဓိပ္ပါယတ္ထအားဖြင့် " ဖြစ်ပွါးကုန်၏"-ဟု ထပ်မံ၍ ပြန်ဆိုသည်။``။}}
{{nissaya|ပန| ထိုမှတပါး။}}
{{nissaya|နေသံ| ထိုဘုတ်တို့၏။}}
{{nissaya|(အညေသံ-ဟု ရှိသင့်၏။ အညေသံ| လွန်ကဲသည်မှတပါးသောဘုတ်တို့၏။)}}
{{nissaya|သုခုမဘာဝေန| သိမ်မွေ့သည်၏ အဖြစ်ဖြင့်။}}
{{nissaya|သမ္ပဝေသနတော| ပါဝင်ခြင်းကြောင့်။}}
{{nissaya|ဝါ| အတွင်းငုပ်ခြင်းကြောင့်။}}
{{nissaya|(နေသံသမ္ပဝေသနတော-အရာ၌ သီမူတွင် တေသမ္ပဝေသတော-ဟု ရှိ၏) ဧကုတ္တရတာ| တခုလွန်ကဲသည်၏အဖြစ်သည်။}}
{{nissaya|(ဟောတိ| ၏။)}}
{{nissaya|ဣတိ| သို့။}}
{{nissaya|ကေစိ| တို့သည်။}}
{{nissaya|(ဝဒန္တိ| ကုန်၏။)}}
``၂-ဤ၌လည်း ကေစိ-ဟု ဆိုထားသည်မှာ ဋီကာဆရာတို့၏ခေတ်က ဝါဒကွဲဖြစ်ဟန်ရှိ၏၊ ယခုခေတ်၌ကား ထိုဝါဒမျိုး မထင်ရှားပေ။``
ဂန္ဓာဒီဟိ၊ ဂန္ဓအစရှိသော တမ္မတ္တတို့သည်``၄-ရှေး၌မူလသာင်္ချဝါဒကျမ်းတို့နှင့် အညီ "သဒ္ဒဖဿရူပရသဂန္ဓာ" ဟု ဆိုခဲ့၏၊ ထိုနှင့်လျော်စွာ ဤအရာ၌လည်း "သဒ္ဒါဒီဟိ အာရဒ္ဓါ အာကာသဝါယုအဂ္ဂိဥဒကပထဝိယော" ဟုဆိုသင့်၏၊ သို့သော်လည်း အချို့သော သာင်္ချဝါဒကျမ်းတို့၌ ဂန္ဓမှ စ၍၎င်း, ပထဝီမှ စ၍၎င်း ဆိုထားသောအစဉ်လည်းရှိသောကြောင့် ပထဝီမှစ၍ဆိုသော သာသနိကဝေါဟာရအစဉ်နှင့်လည်း ညီစေရန် ဤအရာ၌ "ဂန္ဓာဒီဟိ" ဟူ၍၎င်း, "ပထဝီဥဒကအဂ္ဂိဝါယုအာကာသာနိ" ဟူ၍၎င်း ဆိုသည်ဖြစ်ရာ၏။``။ အာရဒ္ဓါနိ၊ အားထုတ်အပ် ဖြစ်စေအပ်ကုန်သော။ (တနည်း)ဂန္ဓာဒီဟိ၊ ဂန္ဓအစရှိသောတမ္မတ္တတို့မှ။ အာရဒ္ဓါနိ၊ ဖြစ်ပွါးကုန်သော``၅-အာရဒ္ဓ-အာရမ္ဘ-ပုဒ်တို့ကို သာင်္ချကျမ်းတို့၌ "ဖြစ်ပွါးသည်-ဖြစ်ပွါးခြင်း" ဟုပြန်ဆိုကြ၏၊ ထိုပြန်ဆိုချက်အားလျော်စွာ ဤ၌လည်း " ဖြစ်စေအပ်သည်ဖြစ်ပွါးသည်" ဟုပြန်သည်၊ သင့်လည်းသင့်၏။``။ ပထဝီ ဥဒက အဂ္ဂိ ဝါယု အာကာသာနိ၊ မြေ ရေ မီး လေ အာကာသတို့သည်``၆-ရှေး၌မူလသာင်္ချဝါဒကျမ်းတို့နှင့် အညီ "သဒ္ဒဖဿရူပရသဂန္ဓာ" ဟု ဆိုခဲ့၏၊ ထိုနှင့်လျော်စွာ ဤအရာ၌လည်း "သဒ္ဒါဒီဟိ အာရဒ္ဓါ အာကာသဝါယုအဂ္ဂိဥဒကပထဝိယော" ဟုဆိုသင့်၏၊ သို့သော်လည်း အချို့သော သာင်္ချဝါဒကျမ်းတို့၌ ဂန္ဓမှ စ၍၎င်း, ပထဝီမှ စ၍၎င်း ဆိုထားသောအစဉ်လည်းရှိသောကြောင့် ပထဝီမှစ၍ဆိုသော သာသနိကဝေါဟာရအစဉ်နှင့်လည်း ညီစေရန် ဤအရာ၌ "ဂန္ဓာဒီဟိ" ဟူ၍၎င်း, "ပထဝီဥဒကအဂ္ဂိဝါယုအာကာသာနိ" ဟူ၍၎င်း ဆိုသည်ဖြစ်ရာ၏။``။ ဘူတာနိ၊ ဘုတ်တို့မည်ကုန်၏။ ပုရိသော၊ ပုရိသဟု ခေါ်သော အတ္တသည်။ စေတနာသဘာဝေါ၊ စေတနာသဘောရှိ၏။ ဣတိ ဧဝံ၊ ဤသို့။ ပကတိအာဒီနိ၊ ပကတိအစရှိသော တတွတို့ကို။ သရူပတော၊ သရုပ်အားဖြင့်။ ဝေဒိတဗ္ဗာနိ၊ ကုန်၏။
ထိုနှစ်ဆယ့်ငါးပါးတို့တွင် ပကတိနှင့် ယင်းမှဖြစ်ပွါးသော တတွ နှစ်ဆယ့်သုံးပါးတို့မှာ စိတ်စေတနာမရှိ ရုပ်တရားဟူ၍၎င်း,ပုရိသသည်သာလျှင် စိတ်စေတနာသဘောရှိသည်ဟူ၍၎င်း ဆိုကြ၏။ ပုရိသနှင့် ပကတိတို့သည်အစမရှိ, အဆုံးမရှိ အကြောင်းမရှိ မပျက်စီးပဲ အစဉ်ထာဝရ အမြဲတည်နေကြသည်ဟူ၍၎င်း, ပုရိသမှာ ပေါက်ဖွားစေခြင်းသဘောမရှိ၊ ပကတိသည်သာလျှင် ပုရိသနှင့် ပေါင်းစပ်မိသောအခါ မဟာအဟံကာရစသည်တို့ကို ဖြစ်ပွါးစေလျက် သက်ရှိသက်မဲ့ အတွင်းအပ အရာဝတ္ထု ဟူသမျှတို့ကို ဖြစ်ပေါ်စေသည်ဟူ၍၎င်း ဆိုကြ၏။
ထိုပြင် ပကတိသည် တစုံတခုကြောင့်မျှ ဖြစ်ပေါ်လာသော ဝိကတိမဟုတ်သောကြောင့်ပကတိသာလျှင်မည်၏၊ မဟာအဟံကာရနှင့် တမ္မတ္တတို့သည် ပကတိစသောအကြောင်းမှဖြစ်ပွါးခဲ့သောကြောင့်ဝိကတိလည်းမည်၏၊ အဟံကာရ ဣန္ဒြေ တမ္မတ္တ ဘူတရုပ်တို့ကို ဖြစ်စေတတ်သောကြောင့် မူလအကြောင်းပကတိလည်းမည်၏၊ ဣန္ဒြေတစ်ဆယ့်တစ်ပါးနှင့်အာကာသစသော ဘူတရုပ်ငါးပါးတို့သည် အဟံကာရနှင့် တမ္မတ္တတို့မှ ဖြစ်ပေါ်လာသောကြောင့်၎င်း, မိမိတို့က တခြားအရာကိုမဖြစ်ပွါးစေတတ်သောကြောင့်၎င်း အကျိုးဝိကတိသာ မည်ကုန်၏။ ပုရိသသည်ကား တစုံတခုသောအကြောင်းကြောင့်လည်း မဖြစ်၊ မိမိကလည်း တစုံတခုကိုမျှ မဖြစ်စေတတ်သောကြောင့် အကြောင်းပကတိလည်းမဟုတ် အကျိုးဝိကတိလည်းမဟုတ်ဟု ဆိုကုန်၏။
သတ္တဝါ၏ ကိုယ်ထဲ၌ ထူလသရီရခေါ် ကြမ်းသော ကိုယ်တခု, သုခုမသရီရခေါ်သိမ်မွေ့သော ကိုယ်တခုအားဖြင့် ကိုယ်နှစ်မျိုးရှိသည်ဟူ၍၎င်း, ကြမ်းသောကိုယ်မှာ မိဘတို့၏အသားအသွေးနှင့် ကြမ်းသော ဘူတရုပ်တို့ဖြင့် ပြီး၍ သေသောအခါ ပျက်စီးသွားသည်ဟူ၍၎င်း, သိမ်မွေ့သော ကိုယ်မှာ မဟာ, အဟံကာရ, ဣန္ဒြေတစ်ဆယ့်တစ်ပါး, တမ္မတ္တငါးပါးတို့ဖြင့်ပြီး၍ ယင်းကို လိင်္ဂသရီရခေါ်သည်၊ ယင်းသည်ကား သေသောအခါ၌ ခန္ဓာကိုယ်ကြမ်းထဲမှ ထွက်သွား၍ တခြား ခန္ဓာကိုယ်၌ တည်သည်၊ ပျက်စီးခြင်းမရှိဟူ၍၎င်း ဆို၏။ အောက်ပါမှာ သာင်္ချကာရိကာကျမ်းမှ ဂါထာတို့ဖြစ်သည်။
သုခုမာ မာတာပိတုဇာ၊ ပဘူတေဟိ တိဓာ ဝိသေသာ သိယုံ။
သုခုမာ တေသံ နိယတာ၊ မာတာပိတုဇာ နိဝတ္တန္တေ။ (သံ-ကာ ၃၉)
သုခုမာ၊ သိမ်မွေ့သော ကိုယ်တို့သည်၎င်း။ မာတာပိတုဇာ၊ မိဘတို့မှဖြစ်သောကိုယ်တို့သည်၎င်း။ (အမွှေး သွေး အသားတို့မှာ အမိမှဖြစ်ကြသည်၊ အကြောအရိုး ချဉ်ဆီတို့မှာအဘမှ ဖြစ်ကြသည်-ဟု ထို၏ အဖွင့် သာရကောမုဒီ၌ ဆို၏) ပဘူတေဟိ သဟ၊ မဟာဘုတ် ရုပ်ကြမ်းတို့နှင့် တကွ။ တိဓာ၊ သုံးပါးအပြားအားဖြင့်။ ဝိသေသာ၊ ထူးခြားသောကိုယ်တို့သည်၊ သိယုံ၊ ဖြစ်ကုန်၏။ (ဤဒုတိယပါဒ၌ ပဘူတဲး-ဟူသော သက္ကတမှ ပဘူတေဟိ-ဟု ပါဠိပြန်ရသောကြောင့်၎င်း, သျူး-မှ သိယုံ-ဟု ပြန်ရသောကြောင့်၎င်း အက္ခရာ ၂-လုံး ပိုနေသည်။) တေသံ၊ ထိုကိုယ်တို့တွင်။သုခုမာ၊ ၊ သိမ်မွေ့သော ကိုယ်တို့သည်။ နိယတာ၊ ပျက်စီးခြင်းမရှိဘဲ ကမ္ဘာ ပျက်သည်တိုင်အောင် ခိုင်မြဲကုန်၏။ ( ကမ္ဘာ ပျက်မှပျက်သည်-ဟု ဆိုလို၏) မာတာပိတုဇာ၊ မိဘမှဖြစ်သောကိုယ်တို့သည်။ နိဝတ္တန္တေ၊ တခုတခုသောဘဝ၌ သေသောအခါတွင် ဆုတ်နစ် (ကျန်ရစ်လျက်) ပျက်စီးကုန်၏။
ပုဗ္ဗုပ္ပန္နမသတ္တံ၊ နိယတံ မဟဒါဒိသုခုမပရိယန္တံ။
သ့သရတိ နိရူပတောဂံ၊ ဘာဝေဟျဓိဝါသိတံ လိင်္ဂံ။(သံ-ကာ ၄၀)
ပုဗ္ဗုပ္ပန္နံ၊ (ပုရိသ-ဟုခေါ်သော အတ္တ တခုစီအတွက် ပကတိက ကိုယ်တခုစီ ဖြစ်စေခဲ့၍) ရှေးကမ္ဘာဦးကာလကပင်ဖြစ်ပေါ်ခဲ့သော။ မဟဒါဒိသုခုမပရိယန္တံ၊ မဟာ အစ-သိမ်မွေ့သော တမ္မတ္တလျှင် အဆုံးရှိသော။ (မဟာ,အဟံကာရ, ဣန္ဒြေ ၁၁ပါး, တမ္မတ္တ ငါးပါး-ဤ ၁၈-ပါးသောအစိတ်တို့ ပါဝင်သောကိုယ်-ဟုဆိုလို၏) လိင်္ဂံ၊ လိင်္ဂသရီရခေါ်သောသိမ်မွေ့သောကိုယ်သည်။ အသတ္တံ၊ (ခန္ဓာအိမ်သစ်ဆီသို့ သွားသောအခါ ကျောက်တောင်ကိုသော်လည်းဖောက်ထွင်းသွားနိုင်သောကြောင့် မည်သည့်အရပ်၌မျှ) အငြိအတွယ်အပိတ်အပင်မရှိ။ နိယတံ၊ (ဖြစ်ပေါ်ခဲ့သည်မှစ၍ ကမ္ဘာပျက်သည်တိုင်အောင်) ပျက်စီးခြင်းမရှိပဲ ခိုင်မြဲတည်တံ့၏။ နိရုပတောဂံ၊ မိမိသက်သက်မူကား မခံစားနိုင်သောကြောင့်။ ဘာဝေဟိ အဓိဝါသိတံ၊ ကောင်းမူကံ မမကောင်းမူကံတို့ဖြင့် အထုံရသည်ဖြစ်၍။ (ဤ ၂-ပုဒ်သည် ဟေတုမန္တဝိသေသနများဖြစ်၏။) သံသရတိ၊ (တခုတခုသောဘဝ၌ ထူလသရီရခေါ်သော ခန္ဓာကိုယ်ဟောင်း ပျက်စီးသောအခါ အသစ်အသစ်ဖြစ်သော ထူလသရီရခေါ်ခန္ဓာကိုယ် ကြမ်းသို့)ပြောင်းရွှေ့၍ ပြောင်းရွှေ့၍ ကျင်လည်၏။
ဤကပိလဂိုဏ်းဝင် သာင်္ချဝါဒီတို့၏ အယူ၌ "ပကတိစသည်မှ မဟာ အဟံကာရစသည် ဖြစ်ပေါ်လာသည်" ဟု ဆိုသော်လည်း မရှိသေးသော အသစ်တစုံတရာ ဖြစ်ပေါ်လာသည်ကားမဟုတ်၊ သိမ်မွေ့၍မထင်ရှားသော ရှိပြီးပကတနိစသည်မှ ကြမ်းတမ်းထင်ရှားသည့်အနေအားဖြင့် ပေါ်လာခြင်းသာဖြစ်သည်၊ မူလက မရှိသောအခြေအနေမှ ရှိသည့်အနေဖြင့် အသစ်ဖြစ်ပေါ်လာခြင်းမည်သည် မရှိဟူ၍ဆိုကြ၏၊ ထိုပြင် ပျက်သောအခါ၌လည်း ကြမ်းတမ်းသော မဟာဘုတ်တို့မှ သိမ်မွေ့၍ တမ္မတ္တအဖြစ်သို့ ရောက်သည်၊ ထိုတမ္မတ္တနှင့် ဣန္ဒြေတို့မှ အဟံကာရအဖြစ်သို့ ပြန်ရောက်သည်၊ ထိုမှ တဖန် မဟာအဖြစ်သို့ ပြန်ရောက်သည်။ မဟာမှ တဖန် သတွ, ရဇ,တမဟူသော ဂုဏ် ၃-ပါးညီမျှသည့် ပကတိအဖြစ်သို့ ပြန်ရောက်သည်။ ဤသို့ကြမ်းတမ်းထင်ရှားသော အခြေအနေမှ သိမ်မွေ့၍မထင်ရှားသော အခြေအနေသို့ ရောက်သွားခြင်းမျှသာဖြစ်သည်၊ ထင်ရှားရှိနေသော အရာဝတ္ထုအဖြစ်မှ လုံးဝမရှိသော အခြေအနေသို့ ရောက်လျက် လုံးလုံး ပျောက်ပျက်သွားခြင်းမည်သည် မရှိဟူ၍လည်း ဆိုကြ၏။ ထိုကြောင့်ပင်ဝိသုဒ္ဓိမဂ် (၂-၁၄၄) ၌၎င်း,သမ္မောဟဝိနောဒနီ (၈၄) ၌၎င်း "န ပလေန သဂဗ္ဘော ပကတိဝါဒီနံ ပကတိ ဝိယ"ဟု ဤပကတိဝါဒကို ပယ်လေသည်။```
ဣဟ တန္တေသု၊ ဤချည်ချောင်းတို့၌။ ပဋောတိ၊ ပုဆိုးဟူသောအမည်သည်။ (ဟောတိ၊ ၏။) ဣဟကပါလေသု၊ ဤမြေအိုးအုံတို့၌။ ဝါ၊ ဤမြေအိုးခြမ်းတို့၌။ ဃဋောတိ၊ အိုးဟူသော အမည်သည်။ (ဟောတိ၊ ၏။ ဣတိ၊ သို့။) ဣဟေတိ-ဣဟ ဣတိ၊ ဤ၌ဟူ၍။ ယတော၊ အကြင်ကြောင့်။ ဟေတုဟေတုဖလာနံ၊ အကြောင်းနှင့်အကျိုးတို့၏။ သမ္ဗန္ဓော၊ ဆက်စပ်ခြင်းကို။ သမဝါယောတိ၊ သမဝါယဟူ၍။ ဝုတ္တော၊ ဆိုအပ်၏``၁-သံယောဂ-ယှဉ်ခြင်းနှင့် သမဝါယ-ပူးတွဲပါဝင်နေခြင်းတို့၏ အထူးကား- သံယောဂ-ယှဉ်ခြင်းမှာ မူလက တခြားစီ ကွဲနေသော ဒြဗ်ဝတ္ထုနှစ်ခုတို့ အကြောင်းအားလျော်စွာ အခိုက်အတန့်မျှ ယှဉ်တွဲသွားခြင်းဖြစ်သည်။ ၎င်းသည် ဒြဗ်ဝတ္ထုနှစ်ခုတို့၏ ယှဉ်တွဲခြင်းဖြင့် ပြီးသောကြောင့် ယုတသိဒ္ဓ ဖြစ်၏၊ အခိုက်အတန့်မျှသာ ယှဉ်ခြင်းဖြစ်၍ တခြားစီလည်း ပြန်၍ ကွဲသွားနိုင်၏၊ လူနှင့်ကုလားထိုင် ထိစပ်ခြင်း,ဘောလုံးနှစ်ခု ထိသွားခြင်းတို့ကို ပုံစံအဖြစ်ဖြင့် နှာ ၂၂၁-မှတ်ချက် ၅-၌ ပြခဲ့ပြီ။ သမဝါယ-ပူးတွဲပါဝင်နေခြင်းမှာမူ ထိုကဲ့သို့မဟုတ်၊ တခုနှင့်တခု နောက်ကာလမှ ယှဉ်ခြင်းမဟုတ်ပဲ မူလကပင် ပူးတွဲပါဝင်နေခြင်းဖြစ်သည်၊ အရာဝတ္ထုတခုထဲမှာ အခြားတခုက အလုံးစုံပင် ပျံ့နှံ့လျက် ပါဝင်နေခြင်းဖြစ်သည်၊၎င်းတို့ကို တခြားစီခွဲ၍ မရနိုင်၊ ပုံစံမှာ - ချည်ချောင်းများနှင့်ပုဆိုး၊ အိုးအုံနှင့်အိုး၊ လူ၏အဖြစ်နှင့်လူ၊ နီသောအဆင်းနှင့် နီသောပန်း၊ လှုပ်ရှားမှုနှင့် လှုပ်ရှားသော ဝတ္ထုစသည်တို့ပင် ဖြစ်သည်။ ဤပုံစံတို့၌ ချည်ချောင်းများနှင့်ပုဆိုးစသည်တို့သည် မူလကပင် အချင်းချင်း ပူးတွဲပါဝင်လျက်ရှိ၏၊ ၎င်းတို့ကို အချင်းချင်းခွဲခွါ၍ မရနိုင်၊ ဤသို့ နောက်မှယှဉ်တွဲရသည်မဟုတ်ပဲ မူလကပင်ယှဉ်တွဲမှု အလိုလိုပြီးနေသောကြောင့် ယင်းကို အယုတသိဒ္ဓဟူ၍လည်းခေါ်သည်။ ထိုကြောင့်ပင် ဋီကာ၌ နာမ်ရုပ်သို့ သွင်းပြရာတွင် အယုတ္တသမ္ဗန္ဓေ-ဟု မိန့်ဆိုပေသည်။``။ (ဧသော၊ ဤဆက်စပ်ခြင်းသည်။) သမဝါယော၊ သမဝါယမည်၏။ ဝါ၊ ပူးတွဲပါဝင်နေခြင်းမည်၏။ ဣတိ ဧဝံ၊ သို့။ ဧတေ ဒြဗျာဒိကာ၊ ဤဒြဗျအစရှိသော တတွတို့ကို။ (သရူပတော၊ ဖြင့်။ ဝေဒိတဗ္ဗာ၊ ကုန်၏။)
ထိုတွင် သံသဂ္ဂအဘာဝသည် (၁) ပါဂဘာဝ-ပဌမကမရှိသေးခြင်း၊ (၂) ဓွံသာဘာဝ-ပျက်ပြီးနောက် မရှိပြန်ခြင်း၊ (၃) အစ္စန္တာဘာဝ-စင်စစ်အလျင်းမရှိခြင်းဟူ၍ သုံးပါးအပြားရှိ၏။ ထိုတွင်မဆောက်လုပ်ရသေးမီက အိမ်၏မရှိသေးခြင်းမျိုးကို ပါဂဘာဝ-ဟုခေါ်သည်။ ရှိနေသောအိမ် ပျက်စီးသွားသည့်နောက်၌ ထိုအိမ်၏ မရှိတော့ခြင်းမျိုးသို့ ဓွံသာဘာဝ-ဟုခေါ်သည်။ လေထဲ၌ အရောင်အဆင်းမရှိခြင်းမျိုးကို အစ္စန္တာဘာဝ-ဟုခေါ်သည်။ ယင်းမှာ ရှေးကလည်းမရှိ၊ နောက်လည်းမရှိ၊ ကာလသုံးပါးလုံး၌ မရှိခြင်းဖြစ်သည်။ ဤအဘာဝသုံးပါးလုံး ပညတ်မျှသာဖြစ်သည်။
ဤအဏုဝါဒီတို့၏ လောကဖြစ်ပုံ ပျက်ပုံမှာ အကျဉ်းချုပ်အားဖြင့် အောက်ပါအတိုင်းဖြစ်သည်။ ပထဝီ အာပေါ တေဇော ဝါယော-ဟူသော ဤဓာတ်လေးပါးတို့၏ အသေးဆုံးမြူကလေးများကို ပရမာဏုမြူဟု ခေါ်သည်၊ ထိုပရမာဏုမြူနှစ်ခု အပေါင်းကို ဒွိအဏုကဟုခေါ်သည်၊ ဤမြူနှစ်မျိုးကို မျက်မှောက်မမြင် မသိနိုင်၊ အနုမာနအားဖြင့် မှန်းဆ၍သာသိနိုင်သည်ဟု ဆို၏။ ထိုဒွိအဏုက ၃-ခုအပေါင်းကို တိအဏုက-ဟုခေါ်သည်။ တြသရေဏု-ဟူ၍လည်း ခေါ်၏။ ယင်းကိုကား မျက်မှောက်သိမြင်နိုင်သည်ဟု ဆို၏။ သတ္တဝါတို့၏ကံအားလျော်စွာ အကောင်းအဆိုးကို ခံစားနိုင်ကြစေရန် မဟေသွရ-မဟိဿရခေါ်သော ကမ္ဘာ့ပိုင်ရှင် ထာဝရဘုရားသခင်က ကမ္ဘာလောကကြီးကိုဖန်ဆင်းရန် အလိုဆန္ဒဖြစ်သောအခါ သတ္တဝါတို့၏ကံအားလျော်စွာ ဝါယောဓာတ် ပရမာဏုမြူများက စ၍ လှုပ်ရှားလာကြသည်၊ ယင်းတို့သည် နှစ်ခု နှစ်ခုပေါင်းစပ်၍ ဒွိအဏုကဖြစ်လာကြသည်၊ ထိုမှတဖန် တိအဏုကမြူများ ဖြစ်လာကြပြီးလျှင် ကြမ်းတမ်းသော ဝါယောဓာတ် မဟာဘုတ်ကြီးများဖြစ်လာကြသည်။ ထိုအတူပင် အာပေါပရမာဏုမှလည်း လှုပ်ရှား၍ ဒွိအဏုက တိအဏုကစသည် အဆင့်ဆင့်ဖြစ်၍ ကြမ်းတမ်းသော အာပေါဓာတ် ဘူတရုပ်ကြီးများ ဖြစ်လာကြသည်။ ထိုနောင် ပထဝီပရမာဏုများက လှုပ်ရှား၍ ဒွိအဏုက တိအဏုကစသည် အဆင့်ဆင့်ဖြစ်ပွါးပြီးလျှင် ကြမ်းတမ်းသော ပထဝီဓာတ် ဘူတရုပ်ကြီးများ ဖြစ်လာကြသည်။ ထိုနောင် တေဇောပရမာဏုများက လှုပ်ရှား၍ ဒွိအဏုကစသည် အဆင့်ဆင့်ဖြစ်လျက် ကြမ်းတမ်းသောတေဇောဓာတ် ဘူတရုပ်ကြီးများ ဖြစ်လာကြသည်။ ထိုနောင် လောကကြီး ဖြစ်ပွါးရန်အတွက် ပထဝီနှင့် တေဇောမဟာဘုတ် ပရမာဏုတို့မှ ဗြဟ္မဏ္ဍဟု ခေါ်သောအရာဝတ္ထုဖြစ်ပေါ်လာသည်။ မဟိဿရသည် ဗြဟ္မာအား ထိုဗြဟ္မဏ္ဍ၌ လောကကို ဖန်ဆင်းစေသည်၊ ထို ဗြဟ္မာသည် ဉာဏ, ဝိရာဂျ, ဣဿရိယတို့နှင့် ပြည့်စုံသည်အားလျော်စွာ ဗြဟ္မာ နတ် လူ အစရှိသော အမျိုးမျိုးသော သတ္တဝါတို့ကို ဖန်ဆင်းသည်-ဟုဆို၏။
နောက်ဆုံး ကမ္ဘာပျက်သောအခါ၌ ကြီးကုန်ကြီးကုန်သော ပထဝီအထည်ဝတ္ထု မြူတို့ကွဲပျက်ကြ၍ ပရမာဏုအဖြစ်သို့ ရောက်ကြသည်၊ ထိုနောင် ကြမ်းတမ်းသော အာပေါဓာတ် တေဇောဓာတ် ဝါယောဓာတ်တို့ အစဉ်အတိုင်း ကွဲပျက်ကြ၍ ပရမာဏုမြူအဖြစ်သို့ ရောက်ကြသည်။ ထိုပရမာဏုမြူတို့ကား ဘယ်အခါမျှမပျက် နိစ္စတရားတို့ဖြစ်သည်။ ကမ္ဘာဖြစ်ချိန်တန်သောအခါ ယင်းပရမာဏုမြူတို့က တဖန်ပေါင်းစပ်၍ ဒွိအဏုကစသည်တို့ဖြစ်ကြသည်။ ထိုကြောင့် ဒွိအဏုကစသည်တို့မှာ အနိစ္စ-မမြဲသောတရား-ဟုဆိုကြ၏။ ဤဝါဒကိုပင်ရည်၍ သီလက္ခန်ဋီကာစသည်တို့၌ "ပရမာဏဝေါ နိစ္စာ ဓုဝါ၊ ဒွိအဏုကာဒယော အနိစ္စာတိ ဧဝံ ပဝတ္တဝါဒါ သင်္ခါရေကစ္စသဿတဝါဒါ သေယျထာပိ ကဏာဒါ" ဟု မိန့်ဆိုလေသည်။```
အဒိဋ္ဌောပိ၊ မမြင်အပ်သော သဘောသည်လည်း။ ဓမ္မာဓမ္မဘာဝတော၊ ဓမ္မ၏အဖြစ် အဓမ္မ၏အဖြစ်ကြောင့်။ ဝါ၊ ကုသိုလ်၏အဖြစ် အကုသိုလ်၏အဖြစ်ကြောင့်။
ရူပရသဂန္ဓဖဿ သင်္ချာပရိမာဏာနိပုထုတွံ သံယောဂဝိဘာဂါပရတွာပရတွာ ဗုဒ္ဓိယောသုခဒုက္ခာနိ ဣစ္ဆာဒေါသာပယတ္တာ စ ဂုဏာ (က-သူ ၁-၁-၆) ဣတိ သုတ္တေ ကဏာဒေနဝုတ္တာ၊ တတြေဝ သုတ္တေ အနုတ္တသမုစ္စယတ္ထကေန စကာရေန ဂဟိတာ ဂုရုတွာဒယော သတ္တေ' တျေဝံ စတုဝီသတိ ဂုဏာ၊ အဒီဋ္ဌသဒ္ဒေန ဓမ္မာဓမ္မာနံ ဒွိန္နံ ဂဟဏံ (ဤကားအဖွင့်)
ဤသို့ ကဏာဒဝါဒီတို့က အဒိဋ္ဌဖြင့် ဓမ္မနှင့်အဓမ္မကိုယူကြသောကြောင့် ဓမ္မာဓမ္မဘာဝတော-ဟုမိန့်ဆိုလေသည်။ ထိုပြင် အဒိဋ္ဌကို မခွဲပဲယူလျှင်ဂုဏ် ၂၃-မျိုးသာရသောကြောင့် ဂုဏ်သရုပ်ကို ရေတွက်ဖော်ပြရာ၌ တေဝီသတိ-ဟု ဆိုခဲ့ပေသည်။ ထိုပြင် ယခုထုတ်ပြအပ်သော သဗ္ဗဒဿနသင်္ဂဟကျမ်း စကားထဲ၌ သ္နေ ဟနှင့် သင်္ခါရတို့၏ အကြားမှာ "ဝေဂ" မပါသောကြောင့် ဤမဟာဋီကာပါဌ်တွင်လည်း သရုပ်ကိုပြသော ရှေးစကားရပ်၌ ဝေဂမပါသော သီဟိုဠ်မူသာ ယုတ္တတရဖြစ်ကြောင်း ထင်ရှား၏။```
{{nissaya|နာမမေဝ| နာမ်သာလျှင်တည်း။}}
ဇီဝါဇီဝ ဗန္ဓ ပုည ပါပါသဝ သံဝရ နိဇ္ဇရဝိမောက္ခာ၊ အသက်ကောင်,အသက်ကောင် မဟုတ်သော အရာ,ဖွဲ့ခြင်း, ကောင်းမှု, မကောင်းမှု, ဝင်ရောက်ခြင်း, ပိတ်ဆို့ခြင်း, ကြေပျက်စေ-ကုန်စေခြင်း, လွတ်မြောက်ခြင်းတို့သည်။ ဇီဝါဒိကာ၊ ဇီဝအစရှိသော တတွတို့မည်ကုန်၏။
အတြသံခေပတော တာဝ ဇီဝါဇီဝါချာနိ ဒွေ တတွာနိ သိယုံ၊ တတြ ဗောဓနတ္တကော (သိတတ်သော သဘောရှိသော အရာသည်) ဇီဝေါ၊အဗောဓနတ္တကော တု အဇီဝေါ။ (သဗ္ဗ ၆၉)
အပရေ ပုန ဇီဝါဇီဝါနံ အပရံ ပပဉ္စမာစက္ခတေ ဇီဝါကာသဓမ္မာဓမ္မပုဂ္ဂလအတ္ထိကာယဘေဒတော (ဇီဝ အာကာသ ဓမ္မ အဓမ္မ ပုဂ္ဂလဟူသော ရှိသောကာယ အပြားအားဖြင့်)။ (သဗ္ဗ၆၇)
ကေစန သတ္တ တတွာနီတိ ဝဏ္ဏယန္တိ၊ တဒါဟ-ဇီဝါဇီဝါသဝဗန္ဓသံဝရနိဇ္ဇရမောက္ခာတတွာနိ။(သဗ္ဗ ၇၃)
ဇီဝါဇီဝါ ပုညပါပယုတာ အာသဝေါ သံဝရာ နိဇ္ဇရဏံ ဗန္ဓော မောက္ခဉ္စ နဝ တတွာနိ။(သဗ္ဗ ၈၂)
ဤသို့ ဂျိန်းကျမ်းတို့၌ အမျိုးမျိုး အထွေထွေ ပြထားရာတွင် အပြည့်အစုံဆုံး ဖြစ်သော နောက်ဆုံးပြချက်ကို ယူ၍ ဤဋီကာ၌ ဖော်ပြထားသည်။
ထိုပြင် ဂျိန်းဝါဒ၌ ဇီဝတို့ကိုလည်း သံသာရီ-ကျင်လည်ခြင်းရှိသူများ,မုတ္တ-လွတ်မြောက်သူများဟူ၍ နှစ်မျိုးခွဲပြ၏။ ထိုတွင် တဘာဝမှ ဘတတပါးသို့ ရောက်ခြင်းရှိသော ဇီဝတို့သည် သံသာရီ-ကျင်လည်ခြင်းရှိသူတို့ မည်ကုန်၏၊ ယင်းတို့ကိုလည်း သမနက-စိတ်ရှိသူများ,အမနက-စိတ်မရှိသူများဟူ၍ နှစ်မျိုးခွဲပြ၏။ ထိုတွင် သူတပါးတို့က သင်ပြသောနည်း ဥပဒေသကို၎င်း, သူတပါးတို့၏ ပြုလုပ်ပုံ ပြောဆိုပုံတို့ကို၎င်း မှတ်ယူတတ်သည့် သညာရှိသော သူတို့သည် သမနက-စိတ်ရှိသူတို့မည်ကုန်၏၊ ယင်းတို့မှာ နတ် ဂန္ဓဗ္ဗ လူနှင့် ဆင် မြင်းစသော အချို့သော သားတိရစ္ဆာန်များ, ကြက်တူရွေးစသော အချို့သော ငှက်များ ဖြစ်သည်၊ ယင်းတို့မှာ ပဉ္စိန္ဒြိယ-ဣန္ဒြေငါးပါးရှိသော ဇီဝတို့ဖြစ်သည်။ ပြခဲ့ပြီးသော သညာနှင့်မပြည့်စုံသော သတ္တဝါတို့သည် အမနက-စိတ်မရှိသောသူတို့မည်ကုန်၏၊ယင်းတို့မှာ တသလှုပ်ရှားတတ်သော သတ္တဝါ,ထာဝရ-မလှုပ်ရှားတတ်သောသတ္တဝါဟူ၍ နှစ်မျိုးကွဲပြားကုန်၏။ ထိုတွင် မြေ ရေ မီး လေနှင့် သစ်ပင်တို့သည် ထာဝရမည်ကုန်၏၊ ယင်းတို့မှာ တွေ့ထိနိုင်သော ကာယိန္ဒြေတခုတည်းသာရှိ၍ ဧကိန္ဒြိယဇီဝလည်း မည်ကုန်၏။ ထိုကြောင့်ပင် ဘုရားလက်ထက်တော်ကာလက ဤအယူရှိသော လူတို့သည် "ဧကိန္ဒြိယံ ဇီဝံ ဝိဟေဌေန္တိဣန္ဒြေတပါးရှိသော သတ္တဝါကို ညှဉ်းဆဲကြသည်" (ဝိ ၂-၄၉-၅၁) ဟု မြေတူးသောရဟန်း သစ်ပင်ခုတ်သောရဟန်းတို့ကို ကဲ့ရဲ့ ကြလေသည်။ တသ-လှုပ်ရှားတတ်သောသတ္တဝါတို့မှာ ဒွိန္ဒြိယ,တိဝိန္ဒြိယ,စတုရိန္ဒြိယ,ပဉ္စိန္ဒြိယ သတ္တဝါဟူ၍ လေးမျိုးကွဲပြားကုန်၏။ ထိုတွင် ခရု,ကနုကမာကောင်စသည်တို့သည် ကာယနှင့် ဇိဝှါဟူသော ဣန္ဒြေနှစ်ပါးသာရှိသောကြောင့် ဒွိန္ဒြိယမည်ကုန်၏။ ပိပီလိကာခေါ် ပရွက်ဆိတ် (နက်ကြီး) သန်းစသော သတ္တဝါတို့သည် ကာယ,ဇိဝှါ,ဃာနဟူသော ဣန္ဒြေ သုံးခုရှိသောကြောင့် တိဝိန္ဒြိယမည်ကုန်၏။ မှတ်,ခြင်,ပိတုန်းကောင်စသည်တို့သည် ကာယ,ဇိဝှါ,ဃာန,စက္ခုဟူသော ဣန္ဒြေလေးခုရှိသောကြောင့် စတုရိန္ဒြိယမည်ကုန်၏။ လူ,သားတိရစ္ဆာန်နှင့် ငှက်စသည်တို့သည် ကာယ,ဇိဝှါ,ဃာန,စက္ခု,သောတ ဟူသောဣန္ဒြေငါးခုလုံးရှိသောကြောင့် ပဉ္စိန္ဒိယ မည်ကုန်၏။```
တေသု၊ ထိုပုဂ္ဂလဓမ္မစသည်တို့တွင်။ သဒ္ဒ ဖဿ ရူပ ရသ ဂန္ဓ သဏ္ဌာန ဗန္ဓ ဘေဒ သုခုမ (ပရအပရာဃာတ) ပ္ပဘာစ္ဆာယောဇ္ဇောတ တမာနိ၊ အသံ,အတွေ့,အဆင်း,အရသာ,အနံ့,သဏ္ဌာန်,ဖွဲ့တွယ်ခြင်း,ကွဲပြားခြင်း,သိမ်မွေ့ခြင်း,(တပါးတပါးမဟုတ် ထိပါးခြင်း) အရောင်,အရိပ်,အလင်း,အမှောင်တို့သည်။
ဖဿရသဂန္ဓဝဏ္ဏဝန္တာ ပုဂ္ဂလာ၊ တေ စ ဒုဝိဓာ အဏဝေါ ခန္ဓာ စ၊ ဘောတ္တုမသက္ကုဏေယျာ အဏဝေါ၊ ဒွိအဏုကာဒယော ခန္ဓာ။ (သဗ္ဗဒဿနသင်္ဂဟ ၇၁)
တတြ ဖဿော အဋ္ဌဝိဓော ကဌိနော မုဒု ဂရု လဃု သီတံ ဥဏှံ သိနိဒ္ဓေါ လူခေါ ဣတိ။ (၎င်း၏အဖွင့်)
အထက်ပါကျမ်းအဆိုတို့တွင် "ဘောတ္တုံ အသက္ကုဏေယျာ၊ သုံးစွဲခြင်းငှါ မစွမ်းနိုင်ကောင်းသော အသီးအသီးသော မြူတို့သည်။ အဏဝေါ၊ ပရမာဏုမည်ကုန်၏။ ဒွိအဏုကာဒယော၊ ဒွိအဏုကစသော မြူအပေါင်းအစုတို့သည်။ ခန္ဓာ၊ အပေါင်းအစုမည်ကုန်၏" ဟူသောပြဆိုချက်အရ ဤဋီကာ၌ ဗန္ဓဘေဒ-ဟု ပြဆိုသည်။ ဝဏ္ဏ-ဟူသောပုဒ်အရ သဏ္ဌာနပဘာစသော ဝဏ္ဏအထူးတို့ကို ပြဆိုသည်။ ဖဿ-ဟူသောပုဒ်အရ သုခုမဟူ၍ ဖဿအထူးကို ပြဆိုထားသဖြင့် ထို၏ ဆန့်ကျင်ဖက် ကဌိန-လူခဟူသော ဖဿအထူးတို့ကိုလည်း ပြခဲ့သည်သာ ဖြစ်ရာ၏။ ယင်းမှာ ဖရုသ-ဟု ဖြစ်သင့်၍ ယခုလက်ရှိ ဋီကာစာပေတို့၌ ပရအ-ဟူ၍၎င်း ပါဒရာ-ဟူ၍၎င်း ပျက်နေသည်ဖြစ်ရာ၏။ ထိုပြင် ဂုရု လဃုတို့၏ အရ ဂါရဝ လာဃဝတို့မှ ပရာဃာတ-ဟူ၍၎င်း ပရာဃာရ-ဟူ၍၎င်း ပျက်နေသည်ဖြစ်ရာ၏၊ သီတဥဏှတို့ကိုကား ဖဿ-ဟူသော ပုဒ်ဖြင့်ပင် သိနိုင်သောကြောင့် ခြွင်းချန်ထားသည် ဖြစ်ရာ၏။ ထိုပြင်ဂျိန်းဝါဒ၌ ဤအရာတွင် ခန္ဓနှင့် သံဃာတဟူသော ဝေါဟာရများသာ ရှိသောကြောင့် ဤဋီကာ၌လည်း ဗန္ဓဘေဒ-ဟူရာတွင် မူလက ခန္ဓဘေဒ ဟု ရေးခဲ့ဟန်တူ၏၊ သို့သော် ပါဠိကျမ်းဂန်တို့၌ ထိုသို့သော အရာတွင် ခန္ဓ-ပုဒ်အသုံး မထင်ရှားသောကြောင့်၎င်း, သီဟိုဠ်အက္ခရာ၌ ခ-နှင့် ဗ-တို့သည် ဆင်တူရိုးမှားရှိသောကြောင့်၎င်း, ဘေဒ၏ ဆန့်ကျင်ဖက် ဗန္ဓသာလျှင် ထင်ရှားသောကြောင့်၎င်း ခ-မှ-ဗ သို့ ပြောင်းလဲလာဟန်ရှိ၏။ ထိုပြင် စ္ဆာယောဇ္ဇာကတမာနိ-ကား အနက်ဖော်ရန်ခက်၏။ သီမူ၌ စ္ဆာယော-ဇ္ဇောတ္တမာနိ-ဟုရှိ၏၊ ယင်းကိုမှီ၍ စ္ဆာယောဇ္ဇောတတမာနိ-ဟု ဤ၌ပြင်လိုက်သည်။
ဂျိန်းကျမ်းရင်းတို့၌၎င်း, အိန္ဒိယဖီလော်ဆော်ဖီခေါ်သော ကျမ်းစာအုပ်၌၎င်း အတွေ့ အရသာ အနံ့ အဆင်း ဤရုပ် ၄-မျိုးကိုသာလျှင် အရင်းခံရုပ်-ဟု ပြ၍ အသံ အအေး အပူ အရိပ် အလင်း အမှောင် ပေါင်းစပ်ခြင်း ကွဲကွာခြင်း သိမ်မွေ့နူးညံ့ခြင်း ကြမ်းတမ်းခြင်း ပုံသဏ္ဌာန်စသည်တို့မှာမူ အကြောင်းတိုက်ဆိုင်သည်အားလျော်စွာ နောက်မှ ဖြစ်ပေါ်လာသော ရုပ်များဖြစ်သည်-ဟု ဆို၏။```
{{nissaya|ပုဂ္ဂလလက္ခဏံ| ပုဂ္ဂလ၏လက္ခဏာတည်း။}}
{{nissaya|ဣတိ| ထိုကြောင့်။}}
{{nissaya|ပုဂ္ဂလော| ပုဂ္ဂလသည်။}}
{{nissaya|ရူပဓမ္မာနံ| ရုပ်တရားတို့၏။}}
{{nissaya|ပဝတ္တိအာကာရမတ္တတော| ဖြစ်သောအခြင်းအရာမျှ ဖြစ်ခြင်းကြောင့်။}}
{{nissaya|ရူပံ| ရုပ်တည်း။}}
```၁-ဒွိအဏုကာဒိက္ခန္ဓဘေဒါ အဏွာဒိ ဥပ္ပဇ္ဇတေ၊ အဏွာဒိသံဃာတာ ဒွိအဏုကာဒိဥပ္ပဇ္ဇတေ၊ ကွစိ ဘေဒသံဃာတေဟိ ခန္ဓုပ္ပတ္တိ၊ တတော ဧဝ ပူရယန္တိ ဂလယန္တီတိ ပုဂ္ဂလာ၊(သဗ္ဗ ၇၂)
တတြ ဒွိအဏုကာဒိက္ခန္ဓဝိဒါရဏေန ပုဂ္ဂလာနံ (ရုပ်တို့၏) အဏုပရိဏာမော ဇာယတေ၊အဏွာဒီနံ မိထု သံယောဂါ စ ပုဂ္ဂလာနံ ခန္ဓပရိဏာမော ဇာယတေ။ ဘေဒေါ ဝိဒါရဏံ။ ပုထုဘူတာနံ ဧကတြ သံဟနနံ သံဃာတော။ ကွစီတိ ယထာ တိအဏုကာဒိဝိဒါရဏာ အဏူနံ သံဃာတာ စ ဒွိအဏုကာဒိပရိဏာမော ဇာယတေ။ (ယင်း၏အဖွင့်။ ကွစိစသောအဖွင့်၌ ဆိုလိုသည်မှာ တိအဏုကနှင့် ထိုထက်ကြီးသော အဏုအပေါင်းတို့ ကွဲသွားခြင်းကြောင့်လည်း ဒွိအဏုက တိအဏုကစသော ခန္ဓသည် ဖြစ်၏၊ အသီးအသီးသော အဏုမြူတို၏ပေါင်းစပ်ခြင်းကြောင့်လည်း ဒွိအဏုကစသော ခန္ဓသည် ဖြစ်၏၊ ထိုကြောင့် သဗ္ဗဒဿနသင်္ဂဟစာကိုယ်၌ ကွစိ ဘေဒသံဃာတေဟိ ခန္ဓုပ္အတ္တိ-အချို့အရာ၌ ကွဲကွာခြင်း ပေါင်းစပ်ခြင်းတို့ကြောင့် ဒွိအဏုကစသော အပေါင်းခန္ဓဖြစ်သည်-ဟု ဆိုသည်-ဟူ၍ ဆိုလို၏။)
အထက်ပါစကားရပ်တို့ဖြင့် အသီးအသီးသော အဏုမြူတို့၏၎င်း,ဒွိအဏုကစသည်တို့၏၎င်း ပေါင်းစပ်ခြင်းအားဖြင့် ရုပ်တို့သည် ကြီးထွားလျက် ပြည့်စေတတ်သောကြောင့်၎င်း ဒွိအဏုက တိအဏုကစသော အပေါင်းစုတို့၏ ကွဲကွာခြင်း ဖြင့် သေးငယ်လျက် လျောကျတတ်သောကြောင့်၎င်း ပုဂ္ဂလမည်သည်ဟု သိစေ၏။
ဓမ္မာဓမ္မာကာသကာလာနံ ယထာသမ္ဘဝံ ဂတိဋ္ဌိတိအဝဂါဟဝတ္တနာဟေတုတ္တာဒိသာမညာနိ ဂုဏာ။ (သဗ္ဗ ၇၂) ဂတိဟေတုတ္တံ ဓမ္မဿ ဂုဏော၊ ဌိတိဟေတုတ္တံ အဓမ္မဿဂုဏော၊ အဝဂါဟဟေတုတ္တံ အာကာသဿ ဂုဏော၊ ဝတ္တနာဟေတုတ္တံ ကာလဿ ဂုဏော (၎င်း၏အဖွင့်)
အထက်ပါအတိုင်း ပြဆိုကြသောကြောင့် ဓမ္မ အဓမ္မ-ဟူသည်မှာ ဤဂျိန်းဝါဒ၌ လှုပ်ရှားခြင်းနှင့် တည်ငြိမ်ခြင်းကို ဆိုလိုသည်။ ထိုကြောင့် ဋီကာ၌ ဂတိဋ္ဌိတိမတ္တတာယ-ဟု မိန့်ဆိုလေသည်။```
ဓမ္မာဓမ္မာ၊ ဓမ္မနှင့်အဓမ္မတို့သည်။ ဇီဝပုဂ္ဂလာနံ၊ ဇီဝဟုခေါ်သော အတ္တနှင့် ပုဂ္ဂလဟုခေါ်သော ရုပ်တရားတို့၏။ ဂတိဋ္ဌိတိမတ္တတာယ၊ သွားခြင်း (လှုပ်ရှားခြင်း) တည်ငြိမ်ခြင်းမျှ၏အဖြစ်ကြောင့်။
ထိုကျမ်း၏အဖွင့်၌- မိစ္ဆာဒဿနာဒီဟိ ဟေတူဟိ သုခုမာနံ ဧကသ္မိံ သရီရေ ပဝိသန္တာနံ အနန္တာဝယဝါနံ ပုဂ္ဂလာနံ အဏုဒွိအဏုကာဒီနံ ကမ္မရူပေန ပရိဏာမယောဂျာနံ ဥပသိလေသနံ အဝိဘာဂေန သမ္ဗန္ဓံ ကရောတိ၊ အယမေဝ ဗန္ဓော ဣတိ ဝုစ္စတေ-ဤသို့စသည်ဖြင့် ပြဆိုထားသောကြောင့်၎င်း,ထိုအဖွင့်၌ပင်လျှင် အတ္တကမ္မာနံ အညောညာဝယ ဝါနုပဝေသော ဗန္ဓော-ဟု ဆိုသာကြောင့်၎င်း ကမ္မပုဂ္ဂလန္တရသံယောဂေါ-ဟူသော ဤအရာ၌ "ကမ္မပုဂ္ဂလတ္တသံယောဂေါ၊ ကံဖြစ်နိုင်သော ပုဂ္ဂလခေါ်ရုပ်တို့၏ အတ္တနှင့် ယှဉ်ခြင်းတည်း" ဟု ပါဌ်ရှိသင့်၏။
ဂျိန်းဝါဒအရပြဆိုထားသော ဇီဝ,အဇီဝ စသည်တို့ကို မယုံကြည်ခြင်းသည် မိစ္ဆာဒဿနမည်၏။ ဓာတ်လေးပါးနှင့် ထာဝရရုပ်,ဇင်္ဂမရုပ်ဟူသော ရုပ်ခြောက်မျိုးကို မစွဲယူခြင်းနှင့် ဣန္ဒြေခြောက်ပါးကို စောင့်ရှောက်ခြင်းသည် ဝိရတိ-ကြဉ်ရှောင်ခြင်းမည်၏၊ ထိုမှအပြန်အားဖြင့် မကြဉ်ရှောင်ခြင်းသည် အဝိရတိ မည်၏။ သမိတိငါးပါး ဂုတ္တိသုံးပါးတို့၌ အားမထုတ်ခြင်းသည် ပမာဒ-မေ့လျော့ခြင်းမည်၏။ ကောဓ မာန မာဃာ လောဘတို့သည် ကသာယ-စွဲကပ်သော ဖန်ရည်တရားမည်၏။ ထိုမိစ္ဆာဒဿနစသည်တို့၏အစွမ်းကြောင့်၎င်း,ယှဉ်ခြင်းအထူးကြောင့်၎င်း တခုသောကိုယ်၌ ဝင်လာကုန်သော သိမ်မွေ့ကုန်သော ကံအဖြစ်သို့ ပြောင်းလဲသွားနိုင်ကုန်သော အဏုမြူ ဒွိအဏုက စသော ရုပ်တို့ကို အတ္တ-ကလက်ခံလျှင် ဗန္ဓ-ဖွဲ့တွယ်အပ်သည်မည်၏။ တနည်း ကံတို့ အချင်းချင်း အစိတ်အပိုင်းတို့၌ ဝင်ခြင်းသည် ဗန္ဓမည်၏။ ရုပ်တို့က ကံအဖြစ်သို့ ပြောင်းလဲပုံမှာ အိုးခွက်အထူး၌ထည့်ထားသော အမျိုးမျိုးသော အရသာရှိသော အစေ့ ပန်း အသီးတို့၏ သေရည်အဖြစ်သို့ ပြောင်းလဲသွားပုံနှင့် တူသည်ဟူ၍ ထိုသဗ္ဗဒဿနသင်္ဂဟ၏ အဖွင့်၌ဆို၏။```
{{nissaya|[၃၆၁] တဒဝိသိဋ္ဌာ| ထိုဇီဝနှင့် ပုဂ္ဂလတို့မှ မထူးခြားသော သဘောတရားတို့တည်း။}}
ကမ္မပုဂ္ဂလာဂမနံ၊ ကမ္မပုဂ္ဂလတို့၏ လာရောက်ခြင်းသည်။ ဝါ၊ ကံဖြစ်နိုင်သောရုပ်တို့၏လာရောက်ခြင်းသည်။
ထို၏အဖွင့်၌ သုဘာသုဘကမ္မာဂမဒွါရံ (ကုသိုလ်အကုသိုလ်ကံ၏ လာခြင်းအကြောင်းသည်) အာသဝေါ (အာသဝမည်၏) ဟု အကျဉ်းချုပ် ပြဆိုထား၏။
အာသဝနိရောဓော သံဝရော၊ ယေန အတ္တနိ ပဝိသကမ္မံ ပတိသိဇ္ဈတေ (ပတိသေဓိယတေ)၊ သဂုတ္တိသမိတိအာဒိ သံဝရော။ (သဗ္ဗ ၇၈)။ အာသဝေါ အတ္တနော (အတ္တ၏)စလနံ၊ ဣဒမေဝ ယောဂပဒေန ဝုစ္စတေ။ တဿ နိရောဓေဟိ ကမ္မပုဂ္ဂလာနံ အတ္တနိပဝေသော န သမ္ဘဝတိ။ (၎င်း၏အဖွင့်) ဤသို့စသော ပြဆိုချက်တို့ကို ထောက်၍ ကမ္မပုဂ္ဂလာဂမနမာသဝေါ-ဟု ရှိသော သီဟိုဠ်မူသာလျှင် ယုတ္တတရဖြစ်၍ ၎င်းအတိုင်း အနက်ပြန်ထားသည်။```
{{nissaya|အာသဝေါ| အာသဝမည်၏။}}
{{nissaya|ဣတိ| သို့။}}
{{nissaya|ဝစနတော| ဆိုသောကြောင့်။}}
{{nissaya|ပုညာပုညသမ္ဘဝေ| ကောင်းမှုနှင့် မကောင်းမှုတို့၏ ဖြစ်ခြင်း၌။}}
{{nissaya|အာသဝသမညာ| အာသဝဟူသော အမည်သည်။}}
{{nissaya|(ဟောတိ| ၏။)}}
{{nissaya|ဣတိ| ကြောင့်။}}
{{nissaya|အာသဝေါ| အာသဝသည်။}}
{{nissaya|တတော| ထို ကောင်းမှု မကောင်းမှုတို့မှ။}}
{{nissaya|အဝိသိဋ္ဌော| မထူးခြားသည်။}}
{{nissaya|(ဟောတိ| ၏။)}}
မောက္ခောပိ၊ လွတ်မြောက်ခြင်းသည်လည်း။ သဗ္ဗကမ္မဝိမောက္ခော၊ အလုံးစုံသောကံတို့မှ လွတ်မြောက်ခြင်းတည်း။ ဣတိ၊ သို့။ ဝစနတော၊ ဆိုသောကြောင့်။ ကမ္မပုဂ္ဂလဇီဝဝိယောဂေါ၊ ကမ္မပုဂ္ဂလတို့နှင့် ဇီဝ၏မယှဉ်ခြင်းတည်း။
သံဝရော နိဇ္ဇရာ စေတိ မောက္ခ ဟေတုဒွယံ၊ တတြ သံဝရေန ကမ္မပုဂ္ဂလာနံ ဇီဝတ္တနိပဝေသာဘာဝါ အဘိနဝကမ္မာဘာဝေါ၊ သဉ္စိတဿ စ နိဇ္ဇရာယ ခေပနံ၊ ဧဝံ ကသိဏ(သကလ) ကမ္မဝိမောက္ခေ မောက္ခော သိဇ္ဈတိ။(၎င်း၏အဖွင့်)
အထက်ပါပြဆိုချက်များဖြင့် ဂျိန်းဝါဒအရ လွတ်မြောက်ရေး၌ သံဝရနှင့် နိဇ္ဇရာဟူ၍ အကြောင်းနှစ်ပါး ရှိရာတွင် သံဝရဖြင့် ကမ္မပုဂ္ဂလခေါ် ကံဖြစ်နိုင်သောရုပ်တို့ကို မဝင်ရောက် မရောယှက်စေခြင်းကြောင့် ကံအသစ်မဖြစ်ခြင်း,နိဇ္ဇရာဖြင့် ကံဟောင်းကို ကုန်စေခြင်းဟူသော ဤနှစ်မျိုးဖြင့် ကံအားလုံးမှ လွတ်မြောက်လျှင် မောက္ခ ပြီးစီးသည်-ဟု ပြ၏။
ထိုသို့ မောက္ခ ပြီးစီးရာ၌ "သမ္မာဒဿန-ဉာဏ-စာရိတ္တာနိ မောက္ခမဂ္ဂေါ"(သဗ္ဗ ၆၃) ဟူသည်နှင့်အညီ (၁) သမ္မာဒဿန-အမြင်မှန်၊ (၂) သမ္မာဉာဏ-အသိမှန်၊ (၃) သမ္မာစာရိတ္တ-အကျင့်မှန်-ဟူသော ဤ ၃-ပါးကို ဂျိန်းဝါဒအရလွတ်မြောက်ကြောင်း မဂ်လမ်းဟူ၍၎င်း,တြိရတနာဟူ၍၎င်း ဆို၏။
ထိုတွင် ဂျိန်းဘာသာတရား၌ ယုံကြည်ခြင်းကို သမ္မာဒဿန-ဟု ဆို၏။ ဇီဝ အဇီဝစသော ဂျိန်းသဘာဝတရားတို့ကို သိခြင်းကို သမ္မာဉာဏ-ဟု ဆို၏။ (၁) အဟိံသာ (၂) သစ္စာ (၃) အထေယျ (၄) ဗြဟ္မစရိယ (၅) အပရိဂ္ဂဟ-ဟူသော မဟာဝတခေါ် ဤဝတ်ငါးပါးအကျင့်ကို သမ္မာစာရိတ္တဟု ဆို၏။
ထိုတွင် ဂျိန်းဝါဒ၌ (၁) အဟိံသာ-မညှဉ်းဆဲခြင်း ဟူသည်မှာ သဝိညာဏကဖြစ်၍လှုပ်ရှားတတ်သော သတ္တဝါတို့ကိုသာ မဟုတ်၊ အဝိညာဏကဖြစ်သော မလှုပ်ရှားတတ်သော မြေ ရေ လေ မီး သစ်ပင်တို့ကိုပါ ဧကိန္ဒြိယသတ္တဝါဟု ယူ၍ ယင်းတို့ကိုပါ မညှဉ်းဆဲရသောအကျင့်ဖြစ်သည်။ အပြင်းအထန်ကျင့်သော အချို့ဂျိန်းရဟန်းများသည် လေထဲ၌လွင့်ပါလာသော သတ္တဝါများအား ညှဉ်းဆဲမှုမဖြစ်စေရန် နှာခေါင်း၌ အဝတ်ဖြင့် ဖုံးလွှမ်းထားသည် ဟူ၏။ ဂျိန်းဘာသာဝင် လူဝတ်ကြောင်တို့မှာ ဤအဟိံ သာအကျင့်ကို အပြည့်အစုံမကျင့်နိုင်၍ ဒွိန္ဒြိယပါဏစသော လှုပ်ရှားတတ်သော သတ္တဝါတို့အားမညှဉ်းဆဲခြင်းကိုသာလျှင်ကျင့်နိုင်ကြသည် ဟူ၏။ သတ်ဖြတ်ညှဉ်းဆဲရန် ကြံစည်ခြင်း,ပြောဆိုခြင်း,ခွင့်ပြုခြင်း,တိုက်တွန်းခြင်းဖြင့်လည်း ဤကျင့်ဝတ်ပျက်သည်ဟု ယူကြ၏။
(၂) သစ္စာ-အမှန်ကိုပြောခြင်း ဟူသည်မှာ မမှန်သည်ကိုပြောခြင်းမှ ရှောင်ကြဉ်၍မှန်ကန်သော ကောင်းသော ချိုသာသော အကျိုးရှိသောစကားကို ပြောခြင်း-ဟု ဆိုလို၏။ ဗုဒ္ဓဘာသာ၌ သမ္မာဝါစာမျိုးပင်ဖြစ်သည်။
(၃) အထေယျ-မခိုးရခြင်း ဟူသည်မှာ သူတပါးမပေးသည့် ဥစ္စာကို မယူရခြင်းပင် ဖြစ်သည်။ ဗုဒ္ဓဘာသာ၌ အဒိန္နာဒါနဝိရတီမျိုးပင် ဖြစ်သည်။ ဂျိန်းဆရာတဦးကမူကား ပစ္စည်းဥစ္စာမှာ ပိုင်ရှင်ဖြစ်သူ၏ အပြင်ပ-အသက်ဖြစ်၍ ထိုပစ္စည်းကို လုယက်ခိုးယူလျှင် အပြင်ပအသက်ကို လုယက်ခိုးယူရာရောက်သည်ဟု ဆို၏။
(၄) ဂျိန်းဝါဒ၌ ဗြဟ္မစရိယ-မြတ်သောအကျင့် ဟူသည်မှာ မေထုန်မှုမှ ကြဉ်ရှောင်ရုံမျှသာမဟုတ်၊ ကာမဂုဏ်အာရုံခံစားမှု ဟူသမျှမှ ကြဉ်ရှောင်ခြင်းဟူ၍ ယူဆကြ၏။ ကာမဂုဏ်ခံစားမှုနှင့်စပ်၍ ပြောဆိုခြင်း,ကြံစည်ခြင်းခြင်း,နောင်ကာလ နောင်ဘဝ၌ ခံစားရန်မျှော်လင့်ခြင်း သူတပါးအား ခွင့်ပြုခြင်းများကိုလည်း မပြုရဟူ၏။
(၅) အပရိဂ္ဂဟ-မသိမ်းပိုက်ခြင်း ဟူသည်မှာ အာရုံငါးပါး၌ ကပ်ငြိတွယ်တာခြင်းကို စွန့်ပယ်ခြင်းဟု ဆိုလို၏။ လောကီအာရုံ၌ ကပ်ငြိတွယ်တာခြင်းသည် လောက၌ဖွဲ့တွယ်စေသော ဗန္ဓဖြစ်၍ ယင်း၏အားစွမ်းသတ္တိက ဘဝသစ်ကိုဖြစ်စေတတ်သည်။ ထိုကြောင့် ယင်းကပ်ငြိတွယ်တာခြင်းကို မစွန့်မပယ်လျှင် လွတ်မြောက်ခြင်း မဖြစ်နိုင်ဟု ယူဆကြ၏။ မူအားဖြင့် ဗုဒ္ဓဘာသာတရားတော်နှင့် တူညီ၏။ ဗုဒ္ဓဘာသာတရားတော်၌ကား လောကီအာရုံငါးပါးမျှ၌သာ မဟုတ်ပဲ အာရုံခြောက်ပါးလုံးနှင့်တကွ မိမိကိုယ်၌ပါ ကပ်ငြိတွယ်တာမှု ကင်းအောင် ကျင့်ရ၏။```