ဟိ၊ ယာနိ စ နေသံ" စသော သာဓေတဗ္ဗ၏ သာဓကကား။ ပရိဝါရေပိ၊ ၌လည်း။ "အကပ္ပကတံ။ပ။ စိန္တိတာ" တိ၊ ယူသော။ ဧတံ၊ ဤစကားကို။ ဝုတ္တံ၊ အပ်၏။
ယေန ယတ္ထ၊ အကြင်အဝတ်၌။ အကပ္ပကတံ၊ ကပ္ပဗိန္ဓုလည်း မထိုးအပ်။ ရဇနာယ၊ ဆိုးရည်ဖြင့်။ နာပိ ရတ္တံ၊ ဆိုလည်း မဆိုးအပ်။
အာသိတ္ထိ ကူပဓာနန္တိ၊ ကား။ တမ္ဗလောဟေန ဝါ၊ ကြေးနီဖြင့် လည်းကောင်း။ ရဇတေန ဝါ၊ ငွေဖြင့်လည်းကောင်း။ ကတာယ၊ ပြုသော။ ပေဠာယ၊ ပအုပ်၏။ ဧတံ၊ ဤသဒ္ဒါသည်။ အဓိဝစနံ၊ တည်း။ ပဋိက္ခိတ္တတ္တာ ပန၊ ပယ်အပ်တော်မူသောကြောင့် ကား။ ဒါရုမယာပိ၊ သစ်သားဖြင့် ပြီးသော ပအုပ်သော်လည်း။ န ဝဋ္ဋတိ၊ မအပ်။
(ဤအရာ၌ ရှစ်မြှောင့် တဆယ့် ခြောက်မြှောင့် အစရှိသော အခြင်းအရာဿဏ္ဌာန် အထူးအားဖြင့် ပြုအပ်သော တည်ရာအခြင်းအရာရှိသောကြောင့် သာ လျှင် ထိုအာသိတ္တကူပဓာန ပအုပ်သည် အကပ္ပိယဖြစ်သည် ဝတ္ထုဒြဗ် ဧကန်စင်စစ် မသိအပ်သောကြောင့် အကပ္ပိယဖြစ်သည်မဟုတ်။ ထို အာသိတ္တကူပဓာန ပအုပ်သည် သုံးဆောင်အပ်သော ဘောဇဉ်တို့၏ တည်ရာဖြစ်စေခြင်းငှာ ရည်၍ ပြုအပ်သော ဝတ္ထုဒြပ်လည်း မဟုတ်၊ ဘောဇဉ်နှင့်တကွသော ကပ္ပိယ ထာလကတို့၏ တည်ရာ ပရမ္မရအဆင့်ဆင့် အကျိုးငှာ သာ ရည်၍ ပြုအပ်သော တည်ရာ ဝတ္ထုဒြပ်ဖြစ်သည်။ အကယ်၍ ဝတ္ထုဖြစ်၍ ဧကန် စစ်စစ် မအပ်သောကြောင့် အကပ္ပိယဖြစ်သည်ဖြစ်အံ့ ဧကန်စင်စစ် ကပ္ပိယထာလက အဖြစ်ကို ပြတတ်သော "တမ္ဗလောဟေန ဝါ" ဟူသော စကားကို အဋ္ဌကထာဆရာ မဆိုတန်ရာ။ "အာသိတ္တကူပဓာနံ နာမ ။ပ။ ဒါရုမယာပိ န ဝဋ္ဋတိ" ဟူ၍ ဆိုပြန်ဘိ၏။ ထို့ကြောင့် ဝတ္ထုဒြပ် အပ်သည်ဖြစ်စေ။ မအပ်သည်ဖြစ်စေ အခြင်းအရာ သဏ္ဌာန် အထူးပြုအပ်သောကြောင့်သာ ထိုအာသိတ္တကူပဓာန ပအုပ်သည် အကပ္ပိယဖြစ်သည်။ ထိုကြောင့် အာသိတ္တကူပဓာနဝတ္ထု၌ "သေယျထာပိ ဂိဟိကာမဘောဂိနောတိ" ဟူ၍ လူတို့ကဲ့ရဲ့သော အခြင်းအရာကို ပြဆိုတော်မူသည်။ ထို အာသိတ္တကူပဓာန သရုပ်ကိ ပြဆိုရာ အဋ္ဌကထာပါဌ်၌လည်း "ရဌတေန ဝါ" ဟူသော ပုဒ်ဖြင့် နိဿဂ္ဂိယဝတ္ထုကို ပြတော်မူသည်" တမ္ဗလောဟေန ဝါ" ဟူသော ပုဒ်ဖြင့် အကပ္ပိယဝတ္ထုကို ပြတော်မူသည်။ လို နှစ်ပါးစုံသော ပုဒ်ဖြင့် ဝတ္ထုဒြပ်ပဓာန မဟုတ်၊ ပြုအပ်သော အခြင်းအရာ သဏ္ဌာန် အထူးသာလျှင် ပဓာနဖြစ်ကြောင်းကို ပြတော်မူသည်။ ထို အာသိတ္တကူပဓာန အကပ္ပိယ ဖြစ်ရာ၌လည်း သပိတ် ခွက်တို့၏ တည်ရာ သပိတ်ခြေအဖြစ်ဖြင့် သုံးဆောင်ရာ၌သာ အကပ္ပိယမုချ စင်စစ်ဖြစ်သည် ။ ဆွမ်းဘောဇဉ်တို့၏ တည်ရာ ထာလကခွက်အဖြစ်ဖြင့် သုံးဆောင်ရာ၌ကား ထို အာသိတ္တကူပဓာန ပအုပ်သည် ကပ္ပိယ အကပ္ပိယ နှစ်ပါးနှင့်ဆက်ဆံ၏။ အသို့ ဆက်ဆံသနည်း ဟူမူကား နိဿဂ္ဂိယဝတ္ထု ဒုက္ကဋ် ဝတ္ထုတို့နှင့် မဆက်ဆံ၊ တုမ္ဗကဋာဟသိက္ခာပုဒ် ဃဋိကဋာဟသိက္ခာပုဒ် နှစ်ပါးတို့နှင့်လည်း မဆက်ဆံ ကြွင်းကျန်သော အကပ္ပိယ ဝတ္ထုတို့ဖြင့် ပြုလုပ်အပ်သော အာသိတ္တကူပဓာန ပ အုပ်ကိုကား ထာလကပရိဘောဂ အတိုင်း သုံးဆောင်အပ်သောကြောင့် ကပ္ပိယနှင့် ဆက်ဆံ၏။ တုမ္ဖကဠာဟသိက္ခာပုဒ် ဃဋိကာဋဟသိက္ခာပုဒ်တို့နှင့် ဆက်ဆံသော အာသိတ္တကူပဓာန ပအုပ်ကား ထို သိက္ခာပုဒ်နှစ်ပါးနှင့် အညီ ထာဝရ အားဖြင့် မသုံးဆောင်အပ်၊ ဇင်္ဂမအားဖြင့်သာ သုံးဆောင်အပ်သည်။ နိဿဂ္ဂိယဝတ္ထုဒုက္ကဋ်ဝတ္ထုတို့ဖြင့် ပြုအပ်သော အာသိတ္တကူပဓာန ပအုပ်ကိုကား "သံဃဿ ဒေမ၊ ဂဏဿ ဒေမ၊ ပုဂ္ဂလဿ ဒေမ၊ စေတိယဿ ဒေမ၊ နဝကမ္မဿ ဒေမ" ဟူ၍ လှူအပ်သော အာသိတ္တကူပဓာန ပအုပ်ဖြစ်မူကား သုံးသပ်ခြင်းငှာ မအပ်သောကြောင့် ထာလကပရိဘောဂအာဖြင့် မသုံးဆောင်အပ်သင့်ကြောင်းကို ပါဠိတော် အဋ္ဌကထာ ဋီကာတို့၌ မားစွာ ဆို၏။ ဤ အာသိတ္တကူပဓာန ပအုပ်ကိုလည်း ပစ္စန္တရစ်တို့၌ပြုခြင်းငှာ အလေ့မရှိကုန်၊ မဇ္ဈိမဒေသ၌သာ ပြုကြကုန်သည်။ ကေစိဆရာတို့ကား လူတို့အသုံးအဆောင်ဖြစ်သော သံခွက် အစရှိသော အလုံးစုံသော တည်ရာသည်လည်း အာသိတ္တကူပဓာန သို့သာလျှင် လျော်ကုန်သည်ဟု ဆိုကြကုန်သည်။ ဧကေဆရာတို့ကား ကပ္ပိယလောဟဖြင့် ပြီးသော သပိတ်ခြေသည် မဠောရီက မည်သော သပိတ်ခြေသို့လာလျှင် လျော်ကုန်သည် ဟုဆိုကုန်သည်။ ထို အာသိတ္တကူပဓာန မဠောရိက နှစ်ပါးတို့တွင် ကြေးနီ၊ ကြေးဝါ၊ ကြေးဖြူ။ သံ၊ ရွှေငွေ၊ သစ်သား၊ နီး၊ ထန်းဖတ်၊ ကြိမ် အစရှိသည်ဖြင့် ပြီးသော ပအုပ်သည် အာသိတ္တကူပဓာန မည်၏။ လှံတံ သပိတ်ခြေ၊ တောင်ဝှေး သပိတ်ချြေ၊ သစ်ရွက်သပိတ်ခြေ၊ တောင်းအပြင် ကြာသွတ်အိုး အိုးလည်ပင်း ဆုံးငယ် အစရှိသည်တို့သည် မဠောရိကသပိတ်ခြေ မည်၏။ ဤသို့ အာသိတ္တဟူ ပဓာနှင့် မဠောရိက အထူးကို သိအပ်၏။ ထို အာသိတ္တ ကူပဓာနကို ဝိနယဓရဝိနယသေက ဝိနယမာမက ပုဂ္ဂိုလ်တို့ အထံ၌ စူးစမ်းဆင်ခြင်၍ ယူကြလေ)။