**၁၀၈။** စတုတ္ထသိက္ခာပဒေ၊ ၌။
ဟေမန္တိကေ ကာလေတိ၊ ကား။
ဟေမန္တ ကာလေ၊ ဆောင်းအခါ၌။
ဟိမပါတသမယေ၊ ဆီးနှင်းကျရာ အခါ၌။
ကာယံ ဩတာ ပေန္တာတိ၊ ကား။
မဉ္စပီဌာဒီသု၊ ညောင်စောင်း, အင်းပျဉ် အစရှိသော နေရာတို့၌။
နိသိန္နာ၊ ထိုင်ကုန်လျက်။
ဗာလာတပေန၊ နေစာသည်။
(ဓာတ်ကတ္တား။)
ဝါ၊ ကို။
ကာယံ၊ ကိုယ်ကို။
ဩတာပေန္တာ၊ ပူစေကုန်လတ်သော်။
(ဗာလာတပေန ကာယံ ဩတာပေန္တာ၊ နေစာလှုံကုန်လတ်သော်။ နေဝ ဥဒ္ဓရိံသု, န ဥဒ္ဓရာပေသုံဟု ပါဠိ တော်၌ လှမ်းစပ်။)
ကာလေ အာရောစိတေတိ၊ ကား။
ယာဂုဘတ္တာဒီသု၊ ယာဂု, ထမင်း အစရှိသည်တို့တွင်။
ယဿကဿစိ၊ အမှတ်မရှိ တစ်စုံတစ်ခု၏။
ကာလေ၊ အချိန်ကို။
အာရောစိတေ၊ လျှောက်အပ်သော်။
(ယာဂု ဘုဉ်းပေးချိန်တန်ပါပြီ, ယာဂု ခံချိန် တန်ပါပြီ, စသည်ဖြင့် လျှောက်အပ်သော်။)
ဩဝဋ္ဌံ ဟောတီတိ၊ ကား။
ဟိမဝဿေန၊ ဆီးနှင်းမိုးသည်။
သြဝဋ္ဌံ တိန္တံ၊ စိုစွပ်အပ်သည်။
ဟောတိ၊ ဖြစ်၏။
[ဩဝဋ္ဌံကို “တိန္တံ” ဟု ဖွင့်သည်။]
**၁၁၀။** အဝဿိကသင်္ကေတေတိ၊ ကား။
ဝဿိကဝဿာနုမာသာ၊ မိုးအခါ၌ ဖြစ်သော မိုးလတို့။
ဣတိ ဧဝံ၊ သို့။
အပညာတေ၊ မသိအပ်ကုန်သော။
ဝါ၊ မထင် ရှားကုန်သော။
စတ္တာရော၊ ၄ လကုန်သော။
ဟေမန္တိကေ၊ ဆောင်းအခါ၌ ယှဉ်သည် လည်းဖြစ်ကုန်သော။
စတ္တာရော, ဂိမှိကေစ၊ နွေအခါ၌ ယှဉ်သည်လည်း ဖြစ်ကုန် သော။
အဋ္ဌမာသေ၊ ၈ လတို့ပတ်လုံး။
(“နိက္ခိပိတုံ အနုဇာနာမိ” ဟု ပါဠိတော်၌လှမ်းစပ်။) ဟေမန္တကာလေ ။ ။“ဟိမမေဝ-ဆီးနှင်းသည်ပင်၊ ဟိမန္တော-မည်၏၊ သုတ္တန္တဝနန္တ ကဲ့သို့ အန္တသဒ္ဒါ အနက်သီးခြား မရှိ၊ ဟိမန္တော + ဧတ္ထ အတ္တီတိ ဟေမန္တိကော (ကာလော)” ဟု ပြု၊ ဤကား ပါဠိတော်၌ ဟေမန္တိကောရှိသည့်အတိုင်း ပြုအပ်သော ဝိဂ္ဂဟတည်း၊ ဟေမန္တ ကာလေ၌ကား “ဟိမံ ဧတ္တာတိ ဟေမော၊ ဟေမောယေဝ ဟေမန္တော”ဟု အန္တသဒ္ဒါ တဗ္ဗာဝပြု၊ ဤသို့ ဟေမန္တိကနှင့် ဟေမန္တသည် အရကူသောကြောင့် “ဟေမန္တကာလေ”ဟု ဖွင့်သည်။
ဟိမဝဿေန ။ ။ဟိမမေဝ ဝဿော ဟိမဝဿော-ဆီးနှင်းသာလျှင် ဖြစ်သော မိုး၊ ဆောင်းအခါဖြစ်၍ ဆီးနှင်းသည် မိုးပေါက်ကဲ့သို့ တစ်ဖျောက်ဖျောက် ကျနေသည်၊ ဟိမ ဝဿေနာတိ ဟိမမေဝ ဝုတ္တံ၊-(ဋီကာ၊) ယောဇနာ၌ “ဟိမဝဿေနာတိ ဟိမေနစ ဝဿေနစ" ဟု ဒွန်သမာသ် ကြံလေသည်ကား ဋီကာနှင့် မညီ။
အဝဿိကသင်္ကေတေ ။ ။ဝဿေ+ နိယုတ္တာ ဝဿိကာ၊ ဝဿိကာ ဣတိ + သင်္ကေတာ ဝဿိကသင်္ကေတာ၊ န + ဝဿိကသင်္ကေတာ အဝဿိကသင်္ကေတာဟု ပြုစေလို၍ “ဝဿိကဝဿာနမာသာတိ ဧဝံ အပညာတေ” ဟု ဖွင့်သည်၊ အပညာတေကား အသင်္ကေတ၏ အဖွင့်။ [အပညာတေတိ အပ္ပတီတေ-မသိအပ်ကုန်သော၊ အပ္ပသိဒ္ဓေ-မထင်ရှားကုန်သော၊ ဣတိ အတ္ထော။-(ဋီကာ)။] ဣတိ အတ္ထော။
ဟိမဝဿေန ။ ။ဟိမမေဝ ဝဿော ဟိမဝဿော-ဆီးနှင်းသာလျှင် ဖြစ်သော မိုး၊ ဆောင်းအခါဖြစ်၍ ဆီးနှင်းသည် မိုးပေါက်ကဲ့သို့ တစ်ဖျောက်ဖျောက် ကျနေသည်၊ ဟိမ ဝဿေနာတိ ဟိမမေဝ ဝုတ္တံ၊-(ဋီကာ၊) ယောဇနာ၌ “ဟိမဝဿေနာတိ ဟိမေနစ ဝဿေနစ" ဟု ဒွန်သမာသ် ကြံလေသည်ကား ဋီကာနှင့် မညီ။
အဝဿိကသင်္ကေတေ ။ ။ဝဿေ+ နိယုတ္တာ ဝဿိကာ၊ ဝဿိကာ ဣတိ + သင်္ကေတာ ဝဿိကသင်္ကေတာ၊ န + ဝဿိကသင်္ကေတာ အဝဿိကသင်္ကေတာဟု ပြုစေလို၍ “ဝဿိကဝဿာနမာသာတိ ဧဝံ အပညာတေ” ဟု ဖွင့်သည်၊ အပညာတေကား အသင်္ကေတ၏ အဖွင့်။ [အပညာတေတိ အပ္ပတီတေ-မသိအပ်ကုန်သော၊ အပ္ပသိဒ္ဓေ-မထင်ရှားကုန်သော၊ ဣတိ အတ္ထော။-(ဋီကာ)။] ဣတိ အတ္ထော။
မဏ္ဍပေဝါတိ၊ ကား။
သာခါမဏ္ဍပေဝါ၊ သစ်ခက်ဖြင့် မိုးအပ်သော မဏ္ဍပ်၌သော်လည်းကောင်း။
ပဒရမဏ္ဍပေဝါ၊ ပျဉ်ချပ်ဖြင့် မိုးအပ် သော မဏ္ဍပ်၌သော်လည်းကောင်း။
ရုက္ခမူလေဝါတိ၊ ကား။
ယဿကဿစိ၊ အမှတ် မရှိ တစ်စုံတစ်ခုသော။
ရုက္ခဿ၊ ၏။
ဟေဋ္ဌာ၊ အောက်၌သော်လည်းကောင်း။
(မဏ္ဍပေဝါ ရုက္ခမူလေဝါ၌ ဝါသဒ္ဒါအတွက် ဟင်းလင်းအပြင်၌လည်း ထားကောင်း သည်ဟု ဋီကာဖွင့်သည်။)
ယတ္ထ ။
ပေ။
န ဦဟဒန္တီတိ၊ ကား။
ယတ္ထ၊ အကြင်သစ်ပင်၏ အောက်၌။
ဓုဝ နိဝါသေန၊ အမြဲနေခြင်းအားဖြင့်။
ကုလာဝကေ၊ အသိုက်တို့ကို။
ကတွာ၊ ၍။
ဝသ မာနာ၊ နေကုန်သော။
ဧတေ ကာကကုလာဝါ၊ ဤကျီး, စွန်သတ္တဝါတို့သည်သော် လည်းကောင်း။
အညေ၊ အခြားကုန်သော။
သကုန္တာဝါ၊ ငှက်တို့သည်သော်လည်း ကောင်း။
တံ သေနာသနံ၊ ထိုအိပ်ရာနေရာကို။
န ဦဟဒန္တိ၊ ကျင်ကြီး စွန့်မချကုန်။
တာဒိသေ၊ ထိုကဲ့သို့ ရှုအပ်သော။
ရုက္ခမူလေ၊ သစ်ပင်၏ အနီးအောက်၌။
နိက္ခိပိတုံ၊ ထားခြင်းငှာ။
အနုဇာနာမိ၊ ခွင့်ပြုတော်မူ၏။
ဣတိ၊ ဤသို့မှတ်အပ်၏။
တသ္မာ၊ ကြောင့်။
ယတ္ထ၊ အကြင်သစ်ပင်၌။
ဂေါစရပ္ပသုတာ၊ ကျက်စားရာ အရပ်သို့ သွား ကုန်သော။
သကုန္တာ၊ ငှက်တို့သည်။
ဝိဿမိတွာ၊ အပန်းဖြေ၍။
ဂစ္ဆန္တိ၊ သွားကြ ကုန်၏။
တဿ ရုက္ခဿ၊ ၏။
မူလေ၊ အနီးအောက်၌။
နိက္ခပိတုံ၊ ငှာ။
ဝဋ္ဋတိ၊ ၏။
ပန၊ ဗျတိရိက်ကား။
ယသ္မိံ၊ အကြင်သစ်ပင်၌။
ဓုဝနိဝါသေန၊ အမြဲနေခြင်းအားဖြင့်။
ကုလာဝကေ၊ အသိုက်တို့ကို။
ကတွာ၊ ၍။
ဝသန္တိ၊ နေကြကုန်၏။
တဿ ရုက္ခဿ၊ ၏။
မူလေ၊ အနီးအောက်၌။
န နိက္ခိပိတဗ္ဗံ၊ မထားရာ။
အဋ္ဌမာသေတိ၊ ဟူ၍။
ဝစနတော၊ ဟောတော်မူခြင်းကြောင့်။
ယေသု ဇန ပဒေသု၊ တို့၌။
ဝဿကာလေ၊ မိုးအခါ၌။
န ဝဿတိ၊ မိုးမရွာ။
တေသုပိ၊ ထိုဇနပုဒ်တို့၌လည်း။
ဋီကာ ။ ။အဝဿိကသင်္ကေတေတိ ဣမိနာ အနုညာတေပိ အဋ္ဌမာသေ ယတ္ထ ဟေမန္တေ ဒေဝေါ ဝဿတိ၊ တတ္ထ အပရေပိ စတ္တာရော မာသာ ပဋိက္ခိတ္တာတိ အာဟ “အဝဿိကသင်္ကေတေတိ ဝစနတော" တိ အာဒိ ဣမိနာ ဣမံ ဒီပေတိ၊“ယသ္မိံ ဒေသေ ဟေမန္တေ ဒေဝေါ ဝဿတိ၊ တတ္ထ အဋ္ဌမာသေ ပဋိက္ခိပိတွာ စတ္တာရော မာသာ အနုညာတာ၊ ယတ္ထ ပန ဝဿာနေယေဝ ဝဿတိ၊ တတ္ထ စတ္တာရော မာသေ ပဋိက္ခိပိတွာ အဋ္ဌမာသာ အနုညာတာတိ၊ ဣမိနာဝ နယေန မဇ္ဈိမပဒေသေ ယတ္ထ ဟေမန္တေ ဟိမဝဿံ ဝဿတိ၊ တတ္ထာပိ အဋ္ဌဝ မာသာ ပဋိက္ခိတ္တာတိ ဝေဒိတဗ္ဗာ၊ တသ္မာ ဝဿာနကာလေ ပကတိ အဇ္ဈောကာသေ ဩဝဿကမဏ္ဍပေ ရုက္ခမူလေစ သန္တရိတုံ န ဝဋ္ဋတိ၊ ဟေမန္တကာလေ ပကတိ အဇ္ဈောကာသေ ဩဝဿကမဏ္ဍပါဒီသုပိ ဝဋ္ဋတိ၊ တဉ္စ ခေါ ယတ္ထ ဟိမဝသေန သေနာသနံ န တေမေတိ၊ ဂိမှကာလေပိ ပကတိ အဇ္ဈောကာသာဒီသု ဝဋ္ဋတိယေဝ၊ တဉ္စ ခေါ အကာလ မေဃာဒဿနေန၊ ကာကာဒီနံ နိဗဒ္ဓဝါသရုက္ခမူလေ ပန ကဒါစိပိ န ဝဋ္ဋတီတိ ဧ၀မေတ္ထ ဝိနိစ္ဆယော ဝေဒိတဗ္ဗော။
စတ္တာရော မာသေ၊ မိုးလေးလတို့ပတ်လုံး။
နိက္ခိပိတုံ န ဝဋ္ဋတိယေဝ။
အဝဿိက သင်္ကေတေတိ၊ ဟူ၍။
ဝစနတော၊ ဟောတော်မူခြင်းကြောင့်။
ယတ္ထ၊ အကြင်ဇနပုဒ်၌။
ဟေမန္တေ၊ ဆောင်းအခါ၌။
ဒေဝေါ၊ မိုးသည်။
ဝဿတိ၊ ရွာ၏။
တတ္ထ၊ ထိုဇနပုဒ်၌။
ဟေမန္တေပိ၊ ၌လည်း။
အဇ္ဈောကာသေ၊ လွင်တီးခေါင်၌။
နိက္ခိပိတုံ န ဝဋ္ဋတိ။
ပန၊ ကား။
ဂိမှေ၊ နွေအခါ၌။
သဗ္ဗတ္ထ၊ အလုံးစုံသော ဇနပုဒ်၌။
ဝိဂတ ဝလာဟကံ၊ ကင်းသော တိမ်တိုက်ရှိသော။
ဝိသုဒ္ဓံ၊ စင်ကြယ်သော။
နဘံ၊ ကောင်း ကင်သည်။
ဟောတိ၊ ၏။
ဧဝရူပေ၊ ဤသို့သဘောရှိသော။
ကာလေ၊ ၌။
ကေနစိ ဒေဝ၊ တစ်စုံတစ်ခုသာလျှင် ဖြစ်သော။
ကရဏီယေန၊ ပြုဖွယ်ကိစ္စကြောင့်။
အဇ္ဈောကာသေ မဉ္စပီဌံ နိက္ခိပိတုံ ဝဋ္ဋတိ။
အဗ္ဘောကာသိကေနာပိ၊ လွင်တီးခေါင်း၌ နေလေ့ရှိသော ရဟန်းသည်လည်း။
ဝါ၊ အဗ္ဘောကာသဓုတင်ဆောင်သော ရဟန်းသည်လည်း။
ဝတ္တံ၊ ကျင့်ဝတ်ကို။
ဇာနိ တဗ္ဗံ၊ သိထိုက်၏။
ဟိ၊ ချဲ့။
တဿ၊ ထိုအဗ္ဘောကာသိက ရဟန်း၏။
ပုဂ္ဂလိကမဉ္စ ကော၊ သည်။
သစေ အတ္ထိ။
တတ္ထေဝ၊ ထိုပုဂ္ဂလိကညောင်စောင်း၌သာ။
သယိတဗ္ဗံ၊ အိပ်ရာ၏။
သံဃိကံ၊ သံဃိကညောင်စောင်းကို။
ဂဏှန္တေန၊ ယူလိုလတ်သော်။
ဝေတ္တေနဝါ၊ ကြိမ်ဖြင့်သော်လည်းကောင်း။
ဝါကေနဝါ၊ လျှော်ဖြင့်သော်လည်း ကောင်း။
ဂီတမဉ္စကော၊ ယက်အပ်သော ညောင်စောင်းငယ်ကို။
ဂဟေတဗ္ဗော၊ ယူထိုက်၏။
[အညံ့ဆုံး ညောင်စောင်းငယ်ကို ယူထိုက်သည်၊ ဟူလို။]
တသ္မိံ၊ ထိုကြိမ် ဖြင့် ခက်အပ်, လျှော်ဖြင့် ခက်အပ်သော ညောင်စောင်းငယ်သည်။
အသတိ၊ မရှိ လတ်သော်။
ပုရာဏမဉ္စကော၊ အဟောင်းဖြစ်သော ညောင်စောင်းငယ်ကို။
ဂဟေ တဗ္ဗော၊ ၏။
[အဝတ်ပြားဖြင့် ယက်အပ်သော ညောင်စောင်းအဟောင်းကို ယူထိုက် ၏။ ကုလားများ၏ အဝတ်အိပ်စင်မျိုးတည်း။|
တသ္မိံပိ၊ ထိုပုရာဏမဉ္စကသည်လည်း။
အသတိ၊ သော်။
နဝဝါယိမောဝါ၊ အသစ်ယက်အပ်သော ညောင်စောင်းကိုသော် လည်းကောင်း။
ဩနဒ္ဓကောဝါ၊ သားရေဖြင့် ယက်အပ်သော ညောင်စောင်းကို သော်လည်းကောင်း။
ဂဟေတဗ္ဗော။
(“ဣတိ၊ သို့။
ဝတ္တံ ဇာနိတဗ္ဗံ” ပြန်လှည့်။)
[အသစ်ယက်အပ်သော ညောင်စောင်းသည် ယုတ်တရက် မပျက်နိုင်။ သားရေဖြင့် ကြပ်အပ်သော ညောင်စောင်းကား သာ၍ပင် မပျက်စီးနိုင်။ ထို့ကြောင့် ထိုညောင် စောင်းမျိုးကို ယူပါ။]
စပန၊ ထပ်၍ ဆက်။
ဂဟေတွာ၊ ယူပြီး၍။
အဟံ၊ သည်။
ဥက္ကဋ္ဌရုက္ခမူလိကော၊ ဥက္ကဌ်ရုက္ခမူဓုတင်ဆောင် ပုဂ္ဂိုလ်တည်း။
ဥက္ကဋ္ဌအဗ္ဘောကာသိကော၊ ဥက္ကဌ်အဗ္ဘော ကာသဓုတင်ဆောင် ပုဂ္ဂိုလ်တည်း။
ဣတိ၊ ဤသို့အကြောင်းပြ၍။
စီဝရကုဋိမ္ပိ၊ သင်္ကန်းကျောင်းငယ်ကိုလည်း။
အကတွာ၊ မပြုမူ၍။
အသမယေ၊ မထားသင့်ရာ အခါ၌။
(မိုးအခါ၌လည်းကောင်း, မိုးရွာလိမ့်မည်ဟု မှန်းဆနိုင်သော အခါ၌လည်း ကောင်း-ဟူလို။)
အဇ္ဈောကာသေ၊ ၌သော်လည်းကောင်း။
ရုက္ခမူလေဝါ၊ သစ်ပင်၏အနီးအောက်၌သော်လည်းကောင်း။
ပညပေတွာ နိပဇ္ဇိတုံ န ဝဋ္ဋတိ။
ပန၊ ဆက်။
စတုဂ္ဂုဏေနပိ၊ ၄ ထပ်ရှိသည်လည်း ဖြစ်သော။
စီဝရေန၊ ဖြင့်။
ကတကုဋိ၊ ပြုအပ် သော ကျောင်းငယ်သည်။
(မဉ္စပီဌံ၊ ကို။)
အတေမေန္တံ၊ မိုးမစွပ်အောင်။
ရက္ခိတုံ န သက္ကောတိ။
သတ္တာဟဝဋ္ဋလိကာဒီနိ၊ ၇ ရက်ပတ်လုံး တိမ်တိုက်တို့၏ လှည့်လည်ရာ အခါ အစရှိသည်တို့သည်။
ဝါ၊ ၇ ရက်ပတ်လုံး မိုးစွေရာအခါ အစရှိသည်တို့သည်။
ဘဝန္တိ၊ ဖြစ်ကုန်အံ့။
(မဉ္စပီဌဿ၊ ၏။)
ဘိက္ခုနော၊ ၏။
ကာယာနုဂတိကတ္တာ၊ ကိုယ်သို့ အစဉ်လိုက်သည်၏ အဖြစ်ကြောင့်။
ဝဋ္ဋတိ။
အရညေ၊ ၌။
ပဏ္ဏကုဋီသု၊ သစ်ရွက်ကျောင်းတို့၌။
ဝသန္တာနံ၊ နေကုန်သော ရဟန်းတို့အား။
သီလသမ္ပဒါယ၊ သီလ၏ ပြည့်စုံခြင်း၌။
ပသန္နစိတ္တာ၊ ကြည်ညိုသော စိတ်ရှိကုန်သော။
မနုဿာ၊ တို့သည်။
သံဃိကပရိဘောဂေန၊ သံဃိကပစ္စည်းကို သုံးဆောင်နည်းဖြင့်။
ပရိဘုဉ္ဇထ၊ သုံးစွဲကြပါကုန်။
ဣတိ၊ ဤသို့လျှောက်၍။
နဝံ၊ အသစ်ဖြစ်သော။
မဉ္စပီဌံ၊ ကို။
ဒေန္တိ၊ လှူတတ်ကြကုန်၏။
ဝသိတွာ၊ နေပြီး၍။သတ္တာဟ ဝဋ္ဋလိကာဒီနိ ။ ။ဝဋ္ဋန္တိ ဝလာဟကာ အာဝဋ္ဋန္တိ အသ္မိံ သမယေတိဝဋ္ဋလော၊ (ဝဋ္ဋဓာတ်, ဥလပစ္စည်း၊) သောဧဝ ဝဋ္ဋလိကော၊ (သွတ္ထအနက် ဏိကပစ္စည်းသက်၊) သတ္တာဟံ ဝဋ္ဋလိကော, သတ္တာဟောဝါ ဝဋ္ဋလိကော သတ္တာဟဝဋ္ဋလိကော၊ သော အာဒိ ယေသံ တာနီတိ သတ္တာဟဝဋ္ဋလိကာဒီနိ။-(ယောဇနာ)။
ကာယာနုဂတိကတ္တာ ။ ။ကာယံ-ရဟန်း၏ ကိုယ်သို့ + အနုဂစ္ဆတိ-အစဉ်လိုက် တတ်၏၊ ဣတိ ကာယာနုဂတိကံ၊ (မဉ္စပီဌံ၊) ညောင်စောင်း အင်းပျဉ်က ရဟန်း၏ ကိုယ်နှင့် မကွဲမကွာ ဖြစ်သောကြောင့် ရဟန်း၏ ကိုယ်ကို မိုးစွပ်သောအခါ မဉ္စပီဌလည်း မိုးစွပ်မည် ဖြစ်ရကား ထိုမိုးစွပ်ခြင်းကြောင့် အပြစ်မရှိပါ-ဟူလို၊ ဤစကားကိုလည်း ရဟန်းက စီဝရကုဋိ၌ နေခိုက်အခါကို ရည်ရွယ်သည်၊ ဆွမ်းခံသွားဖို့ရန် အစရှိသည်ဖြင့် စီဝရကုဋိမှ ထွက်သွားသော အခါ၌ကား ညောင်စောင်း အင်းပျဉ်ကို စီဝရကုဋိအတွင်း၌ ထားခဲ့ခြင်းငှာ မအပ်-ဟု သာရတ္ထ ဋီကာ ဆိုသည်။
မဉ္စပီဌံ ဒေန္တိ ။ ။ဒါယကာတို့က အဖိုးတစ်ထောင်ထိုက်သော ကမ္ဗလာကိုပင် “ခြေ သုတ်ပုဝါလုပ်၍ သုံးပါဘုရား” ဟု လျှောက်၍ သံဃိကအဖြစ်ဖြင့် လှူစေဦးတော့၊ ထိုလျှောက် သည့်အတိုင်း ခြေသုတ်လုပ်၍ သုံးကောင်းသည်၊ ထို့ကြောင့်. ဒါယကာတို့က ညောင်စောင်း အင်းပျဉ်ကို ချမ်းသာသလို သုံးစွဲကြပါဟု လျှောက်၍ လှူလျှင် လွင်တီးခေါင်၌လည်း ထား၍ သုံးစွဲကောင်း၏-ဟု ဋီကာ၌ ဝဒန္တိဝါဒလာ၏။ .
မှတ်ချက် ။ ။ထိုဝဒန္တိဝါဒကို လိုက်၍လည်းကောင်း, “ယထာ ဒါယကာ ဝဒန္တိ၊ တထာ ပဋိပဇ္ဇိတဗ္ဗံ” ဟူသော အဋ္ဌကထာစကားကို ယူ၍လည်းကောင်း, ယခုခေတ် သံဃိက ကျောင်း ရေစက်ချရာ၌ “ချမ်းသာသလို အသုံးပြုကြပါ” ဟု ထည့်၍ ချကြ၏၊ သို့သော် ဟု ပစ္စလက်ခတ်ကား သုံးကောင်းလိမ့်မည် မဟုတ်၊ မိမိပိုင်ပစ္စည်းသော်မှ မရိုမသေ သုံးစွဲလျှင် ဒုပ္ပရိဘောဂ ဒုက္ကဋ်အာပတ် သင့်သေး၏၊ သံဃိကပစ္စည်းကို မရိုမသေ သုံးစွဲလျှင်ကား ဘာဆိုဖွယ်ရာ' ရှိတော့အံ့နည်း။ [ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်း၏ အကြောင်း၌ သံဃိကသင်ဖြူးပေါ်ဝယ် ခြေမဆေးဘဲ နင်းခဲ့ဖူးကြောင်းကိုလည်း သာမညဖလသုတ် အဋ္ဌ ကထာ၌ ဆိုသည်။ ဂစ္ဆန္တေဟိ၊ သွားလိုကုန်လတ်သော်။ သာမန္တဝိဟာရေ၊ အနီးဖြစ်သော ကျောင်း၌။ သဘာဂဘိက္ခူနံ၊ သဘာဂဖြစ်သော ရဟန်းတို့၏ (အထံသို့)။ ပေသေတွာ၊ ပို့၍။ ဂန္တဗ္ဗံ၊ သွားရာ၏။ သဘာဂါနံ၊ သဘောတူသော ရဟန်းတို့၏။ အဘာဝေ၊ မရှိခြင်း သည်။ (သတိ၊ ဖြစ်လတ်သော်။) အနောဝဿကေ၊ မိုးမစွပ်အပ်သော အရပ်၌။ နိက္ခိပိတွာ, ဂန္ထဗ္ဗံ။ အနောဝဿကေ၊ သည်။ အသတိ၊ မရှိလတ်သော်။ ရုက္ခေ၊ ၌။ လဂ္ဂေတွာ၊ ချိပ်၍။ ဂန္တဗ္ဗံ၊ သွားရာ၏။ [သစ်ပင်၌ ချိပ်ထားလျှင် တော်တော်ကြာ အောင် ခြ မတက်နိုင်သောကြောင့်လည်းကောင်း မိုးစိုပြန်လျှင်လည်း ခြောက် လွယ်သောကြောင့်လည်းကောင်း “လဂ္ဂေတွာ ဂန္တဗ္ဗံ” ဟု ဆိုသည်။]
ကာယာနုဂတိကတ္တာ ။ ။ကာယံ-ရဟန်း၏ ကိုယ်သို့ + အနုဂစ္ဆတိ-အစဉ်လိုက် တတ်၏၊ ဣတိ ကာယာနုဂတိကံ၊ (မဉ္စပီဌံ၊) ညောင်စောင်း အင်းပျဉ်က ရဟန်း၏ ကိုယ်နှင့် မကွဲမကွာ ဖြစ်သောကြောင့် ရဟန်း၏ ကိုယ်ကို မိုးစွပ်သောအခါ မဉ္စပီဌလည်း မိုးစွပ်မည် ဖြစ်ရကား ထိုမိုးစွပ်ခြင်းကြောင့် အပြစ်မရှိပါ-ဟူလို၊ ဤစကားကိုလည်း ရဟန်းက စီဝရကုဋိ၌ နေခိုက်အခါကို ရည်ရွယ်သည်၊ ဆွမ်းခံသွားဖို့ရန် အစရှိသည်ဖြင့် စီဝရကုဋိမှ ထွက်သွားသော အခါ၌ကား ညောင်စောင်း အင်းပျဉ်ကို စီဝရကုဋိအတွင်း၌ ထားခဲ့ခြင်းငှာ မအပ်-ဟု သာရတ္ထ ဋီကာ ဆိုသည်။
မဉ္စပီဌံ ဒေန္တိ ။ ။ဒါယကာတို့က အဖိုးတစ်ထောင်ထိုက်သော ကမ္ဗလာကိုပင် “ခြေ သုတ်ပုဝါလုပ်၍ သုံးပါဘုရား” ဟု လျှောက်၍ သံဃိကအဖြစ်ဖြင့် လှူစေဦးတော့၊ ထိုလျှောက် သည့်အတိုင်း ခြေသုတ်လုပ်၍ သုံးကောင်းသည်၊ ထို့ကြောင့်. ဒါယကာတို့က ညောင်စောင်း အင်းပျဉ်ကို ချမ်းသာသလို သုံးစွဲကြပါဟု လျှောက်၍ လှူလျှင် လွင်တီးခေါင်၌လည်း ထား၍ သုံးစွဲကောင်း၏-ဟု ဋီကာ၌ ဝဒန္တိဝါဒလာ၏။ .
မှတ်ချက် ။ ။ထိုဝဒန္တိဝါဒကို လိုက်၍လည်းကောင်း, “ယထာ ဒါယကာ ဝဒန္တိ၊ တထာ ပဋိပဇ္ဇိတဗ္ဗံ” ဟူသော အဋ္ဌကထာစကားကို ယူ၍လည်းကောင်း, ယခုခေတ် သံဃိက ကျောင်း ရေစက်ချရာ၌ “ချမ်းသာသလို အသုံးပြုကြပါ” ဟု ထည့်၍ ချကြ၏၊ သို့သော် ဟု ပစ္စလက်ခတ်ကား သုံးကောင်းလိမ့်မည် မဟုတ်၊ မိမိပိုင်ပစ္စည်းသော်မှ မရိုမသေ သုံးစွဲလျှင် ဒုပ္ပရိဘောဂ ဒုက္ကဋ်အာပတ် သင့်သေး၏၊ သံဃိကပစ္စည်းကို မရိုမသေ သုံးစွဲလျှင်ကား ဘာဆိုဖွယ်ရာ' ရှိတော့အံ့နည်း။ [ဗိမ္ဗိသာရမင်း၏ ခြေဖဝါးကို ဓားခွဲခံရခြင်း၏ အကြောင်း၌ သံဃိကသင်ဖြူးပေါ်ဝယ် ခြေမဆေးဘဲ နင်းခဲ့ဖူးကြောင်းကိုလည်း သာမညဖလသုတ် အဋ္ဌ ကထာ၌ ဆိုသည်။ ဂစ္ဆန္တေဟိ၊ သွားလိုကုန်လတ်သော်။ သာမန္တဝိဟာရေ၊ အနီးဖြစ်သော ကျောင်း၌။ သဘာဂဘိက္ခူနံ၊ သဘာဂဖြစ်သော ရဟန်းတို့၏ (အထံသို့)။ ပေသေတွာ၊ ပို့၍။ ဂန္တဗ္ဗံ၊ သွားရာ၏။ သဘာဂါနံ၊ သဘောတူသော ရဟန်းတို့၏။ အဘာဝေ၊ မရှိခြင်း သည်။ (သတိ၊ ဖြစ်လတ်သော်။) အနောဝဿကေ၊ မိုးမစွပ်အပ်သော အရပ်၌။ နိက္ခိပိတွာ, ဂန္ထဗ္ဗံ။ အနောဝဿကေ၊ သည်။ အသတိ၊ မရှိလတ်သော်။ ရုက္ခေ၊ ၌။ လဂ္ဂေတွာ၊ ချိပ်၍။ ဂန္တဗ္ဗံ၊ သွားရာ၏။ [သစ်ပင်၌ ချိပ်ထားလျှင် တော်တော်ကြာ အောင် ခြ မတက်နိုင်သောကြောင့်လည်းကောင်း မိုးစိုပြန်လျှင်လည်း ခြောက် လွယ်သောကြောင့်လည်းကောင်း “လဂ္ဂေတွာ ဂန္တဗ္ဗံ” ဟု ဆိုသည်။]
စေတိယင်္ဂဏေ၊ စေတီယင်ပြင်၌။
သမ္မဇ္ဇနိံ၊ တံမြက်စည်းကို။
ဂဟေတွာ၊ ၍။
ဘောဇနသာလင်္ဂဏံဝါ၊ ဆွမ်းစားကျောင်း အပြင်ကိုသော်လည်းကောင်း။
ဥပေါ သထာဂါရင်္ဂဏံဝါ၊ ဥပုသ်ကျောင်းဆောင် အပြင်ကိုသော်လည်းကောင်း။
ပရိဝေဏ ။
ပေ။
သာလာဒီသု၊ ပရိဝုဏ်, နေ့နေရာ အရပ်, မီးတင်းကုတ် အစရှိသော အရပ် တို့တွင်။
အညတရံဝါ၊ အမှတ်မထား, တစ်ပါးပါးသော အရပ်ကိုသော်လည်းကောင်း။
သမ္မဇ္ဇိတွာ၊ တံမြက်လှည်းပြီး၍။
ဓောဝိတွာ၊ ဆေးကြောပြီး၍။
ပုန၊ တစ်ဖန်။
သမ္မဇ္ဇနီ မာဠကေယေဝ၊ တံမြက်စည်း ထားရာ စင်၌သာ။
ထပေတဗ္ဗာ၊ ထားထိုက်၏။
ဥပေါ သထာဂါရာဒီသု၊ ဥပုသ်ကျောင်းဆောင် အစရှိသော အရပ်တို့တွင်။
အညတရသ္မိံ၊ အမှတ်မထား, တစ်ပါးပါးသော အရပ်၌။
ဂဟေတွာ၊ ယူပြီး၍။
အဝသေသာနိ၊ ကြွင်းသော ဘောဇနသာလင်္ဂဏ အစရှိသော အရပ်တို့ကို။
သမ္မဇ္ဇန္တဿပိ၊ တံမြက် လ၌ပြားတိုးထွက်လို။
ဧသေဝနယော။ (မူလတံမြက်စည်း ထားရာစပ်၌ ပြန်ထားသည်-ဟူလို။)
ပန၊ ဆက်။
ယော၊ အကြင်ရဟန်းသည်။
ဘိက္ခာစာရမဂ္ဂံ၊ ဆွမ်းခံ လှည့်လည်ရာ လမ်းကို။
[ရွာ မရောက်မီ လမ်းကို ဆိုသည်။]
သမ္မဇ္ဇန္တောဝ၊ လျက်သာ။
ဂန္တုကာမော၊ သည်။
ဟောတိ၊ ဖြစ်၏။
(သပိတ်ကို နောက်၌ လွယ်ထားသောကြောင့် တံမြက်စည်းလှည်းလျက် သွားနိုင်သည်။)
စေတိယင်္ဂဏေ ၊ပေ၊ ထပေတဗ္ဗော ။ ။မူလက စေတီယင်ပြင် လှည်းဖို့ရာ တံမြက် စည်းကို ယူသွား၍ လှည်းပြီးလျှင် ဘောဇနသာလင်္ဂဏ စသည်ကို ဆက်၍ လှည်းပြီးနောက် ထိုဘောဇနသာလင်္ဂဏ စသည်၌ ထား မပစ်ခဲ့ရ၊ မူလနေရာဖြစ်သော တံမြက်စည်းစင်သို့ ရောက်အောင် ထားပါ-ဟူလို၊ “သမ္မဇ္ဇိတွာ, ဓောဝိတွာ” ဟု ဆိုသောကြောင့် မြေကြီးပေါ်၌ တံမြက်လှည်းပြီးလျှင် ထိုတံမြက်စည်းကို ဆေးရမည်ဟု သတိပြုပါ၊ ဖုံများများ မလူးလျှင် အသင့်အတင့် ခါလျှင်လည်း သင့်လျော်စရာရှိ၏၊ ထို့ကြောင့် ယောဇနာ၌ ဓောဝိတွာကို “သမ္ဗဇ္ဇနိံ သုဒ္ဓံ ကတွာ” ဟု ဖွင့်သည်။
တေန၊ ထိုရဟန်းသည်။
သမ္မဇ္ဇိတွာ၊ တံမြက် လှည်းပြီး ၍။
အန္တရာမဂ္ဂေ၊ ခရီးအကြား၌။
သာလာ၊ စရပ်သည်။
သစေ အတ္ထိ၊ အံ့။ (
ဧဝံသတိ။)
တတ္ထ၊ ထိုစရပ်၌။
ထပေတဗ္ဗာ၊ ထားထိုက်၏။
(မိုး မစွပ်အောင် စရပ်ထည်း၌ ထား ခဲ့ပါ-ဟူလို။)
(သာလာ၊ စရပ်သည်။)
သစေ နတ္ထိ၊ အံ့။
(ဧဝံသတိ။)
ဝလာဟကာနံ၊ တိမ်တိုက်တို့၏။
အနုဋ္ဌိတဘာဝံ၊ မကက်လာကုန်သည်၏ အဖြစ်ကို။
သလ္လက္ခေတွာ၊ မှတ်သား၍။
အဟံ၊ ငါသည်။
ယာဝ၊ အကြင်မျှလောက်သော အခါ၌။
ဂါမတော၊ ရွာမှ။
နိက္ခမာမိ၊ ထွက်လာ၏။
တာဝ၊ ထိုရွာမှ ထွက်လာရာ အခါတိုင်အောင်။
န ဝဿိဿတိ၊ မိုးရွာလိမ့်မည် မဟုတ်။
ဣတိ၊ သို့။
ဇာနန္တေန၊ သိလတ်သော်။
ယတ္ထ ကတ္ထစိ၊ အမှတ်မထား, တစ်ပါးပါးသော အရပ်၌။
နိက္ခိပိတွာ၊ ထားခဲ့၍။
ပုန၊ တစ်ဖန်။
ပစ္စာဂစ္ဆန္တေန၊ ပြန်လာလတ်သော်။
(တချို့စာ၌ “ပုန ဂစ္ဆန္တေန” ဟု ရှိ၏။ မကောင်း။)
ပါကတိကဋ္ဌာနေ၊ ပကတိယူခဲ့ရာ အရပ်၌။
ထပေတဗ္ဗာ၊ ပြန်ထားထိုက်၏။
ဝဿိဿ တိ၊ မိုးရွာလတံ့။
ဣတိ။
ဇာနန္တော၊ သိလျက်။
(အသိသားနဲ့)။
အဇ္ဈောကာသေ၊ လွင်တီး ခေါင်၌။
သစေ ထပေတိ၊ အကယ်၍ ထားခဲ့အံ့။
(ဧဝံသတိ။)
ဒုက္ကဋံ (ဟောတိ။)
ဣတိ။
မဟာပစ္စရီယံ၊ ၌။
ဝုတ္တံ။
[သံဃိကပစ္စည်းကို မကောင်းသဖြင့် သုံးစွဲခြင်း ကြောင့် ရောက်အပ်သော ဒုပ္ပရိဘောဂ ဒုက္ကဋ်အာပတ်ကို ဆိုလိုဟန်တူသည်။]
ပန၊ ဆက်။
တတြ တတြေဝ၊ ထိုထိုအရပ်၌ပင်။
(စေတီယင်ပြင် စသော ထိုထိုအရပ် ၌ပင်။)
သမ္မဇ္ဇနတ္ထာယ၊ ငှာ။
သမ္မဇ္ဇနီ၊ သည်။
ဝါ၊ ကို။
နိက္ခိတ္တာ၊ ထားအပ်ပြီးသည်။
သစေ ဟောတိ၊ အံ့။
(အသင့်ထားပြီး ဖြစ်အံ့။)
(ဧဝံသတိ။)
တံ တံ ဌာနံ၊ ထိုထိုအရပ် ကို။
(စေတီယင်ပြင် စသော ထိုထိုအရပ်ကို။)
သမ္မဇ္ဇိတွာ၊ တံမြက်လှည်းပြီး၍။
တကြ တတြေဝ၊ ၌ပင်။
နိက္ခိပိတုံ၊ ထားခြင်းငှာ။
ဝဋ္ဋတိ၊ ၏။
(“တံမြက်စည်းစင်သို့ ရောက် အောင် ပို့နေဖွယ် မလို"-ဟူလို။)
အာသနသာလံ၊ နေရာ စံရပ်ကို။
ဝါ၊ ဆွမ်းစားစရပ်ကို။
သမ္မဇ္ဇန္တေန၊ တံမြက် လှည်းသော ရဟန်းသည်။
ဝတ္တံ၊ ကျင့်ဝတ်ကို။
ဇာနိတဗ္ဗံ၊ သိထိုက်၏။
တတြ၊ ထို “ဝတ္တံ ဇာနိတဗ္ဗံ" ဟူသော စကားရပ်၌။
ဣဒံ၊ ဤဆိုအပ်လတံ့ကား။
ဝတ္တံ၊ ကျင့်ဝတ်တည်း။၀လာဟကာနံ အနုဋ္ဌိတဘာဝံ သလ္လက္ခေတွာ ။ ။ဤပါဌ်ကို ထောက်၍ “နွေအခါ၌ပင် ဖြစ်သော်လည်း မိုးတက်လာလျှင် မဉ္စပီဌ စသော သေနာသနအသုံးအဆောင်ကို လွင်တီးခေါင်၌ ထားခြင်းငှာ မအပ်" ဟူသော အဓိပ္ပာယ်ကို သိထိုက်သည်။ [၀လာဟကာနံ အနုဋ္ဌိတဘာဝံ သလ္လက္ခေတွာတိ ဣမိနာစ ဂိမှာနေပိ မေဃေ ဥဋိဟေ မဉ္စပီဌာဒိံ ယံကိဉ္စိ သေနာသနံ အဇ္ဈောကာသေ နိက္ခိပိတုံ န ဝဋ္ဋတီတိ ဒီပိတံတိ ဝေဒိတဗ္ဗံ။ (-ဋီကာ)၊]
အာသနသာလံ ။ ။ယောဇနာ၌ အသ၊(ဘက္ခဏေ) ဓာတ်, ယုပစ္စည်းကြံ၍ “အသနသာလံ” ဟု ပါဌ်တွေ့ရ၏၊ အဘိဓာန် (၂၁၈) ၌ “အာသနသာလာနှင့် ပဋိက္ကမန” ကိုပရိယာယ်ဟု ဆို၏၊ ထို့ကြောင့် ရွာတွင်းရှိ စရပ်သည်.ဆွမ်းစားရုံသာ မက ခေတ္တခဏ ကပ်ဝင်နားနေရာလည်းဖြစ်, တရား နှလုံးသွင်းရာလည်း ဖြစ်၏၊ ထို့ကြောင့် “အာသနသာလံ” ဟုသာ ရှိသင့်သည်။ [သီဟဠဒီပေယေဝ တေသု တေသု ဂါမေသု အာသနသာလာယံ န တံ အာသန မတ္ထိ, ယတ္ထ ယာဂုံ ပိဝိတွာ အရဟတ္တပ္ပတ္တာ ဘိက္ခူ နတ္ထီတိ၊- သီလက္ခန်ဋ္ဌ, သာမညဖလ, သမ္ပဇညအခန်း။] မဇ္ဈတော၊ အလယ်မှ။ ပဋ္ဌာယ၊ ၍။ ပါဒဋ္ဌာနာဘိမုခါ၊ ခြေ၏ တည်ရာ အရပ်သို့ ရှေ့ရှူနေကုန်သော။ ဝါလိကာ၊ သဲတို့ကို။ ဟရိတဗ္ဗာ၊ ဖယ်ရှားထိုက်ကုန်၏။
အာသနသာလံ ။ ။ယောဇနာ၌ အသ၊(ဘက္ခဏေ) ဓာတ်, ယုပစ္စည်းကြံ၍ “အသနသာလံ” ဟု ပါဌ်တွေ့ရ၏၊ အဘိဓာန် (၂၁၈) ၌ “အာသနသာလာနှင့် ပဋိက္ကမန” ကိုပရိယာယ်ဟု ဆို၏၊ ထို့ကြောင့် ရွာတွင်းရှိ စရပ်သည်.ဆွမ်းစားရုံသာ မက ခေတ္တခဏ ကပ်ဝင်နားနေရာလည်းဖြစ်, တရား နှလုံးသွင်းရာလည်း ဖြစ်၏၊ ထို့ကြောင့် “အာသနသာလံ” ဟုသာ ရှိသင့်သည်။ [သီဟဠဒီပေယေဝ တေသု တေသု ဂါမေသု အာသနသာလာယံ န တံ အာသန မတ္ထိ, ယတ္ထ ယာဂုံ ပိဝိတွာ အရဟတ္တပ္ပတ္တာ ဘိက္ခူ နတ္ထီတိ၊- သီလက္ခန်ဋ္ဌ, သာမညဖလ, သမ္ပဇညအခန်း။] မဇ္ဈတော၊ အလယ်မှ။ ပဋ္ဌာယ၊ ၍။ ပါဒဋ္ဌာနာဘိမုခါ၊ ခြေ၏ တည်ရာ အရပ်သို့ ရှေ့ရှူနေကုန်သော။ ဝါလိကာ၊ သဲတို့ကို။ ဟရိတဗ္ဗာ၊ ဖယ်ရှားထိုက်ကုန်၏။
ကစဝရံ၊ အမှိုက်ကို။
ဟတ္ထေဟိ၊ လက်တို့ဖြင့်။
ဂဟေတွာ၊ ယူပြီး၍။
ဗဟိ၊ ပြင်ပ၌။
ဆဍ္ဍေတဗ္ဗံ၊ စွန့်ပစ်ရာ၏။
ဣဒံ၊ ကား။
ဝတ္တံ၊ တည်း။
**၁၁၁။** မသာရကောတိ၊ ကား။
မဉ္စပါဒေ၊ ညောင်စောင်းခြေတို့ကို။
ဝိဇ္ဈိတွာ၊ ထွင်းဖောက်၍။
တတ္ထ၊ ထိုအပေါက်၌။
အဋနိယော၊ အပေါင်တို့ကို။
(ဘောင်တို့ကို။)
ပဝေသေတွာ၊ သွင်း၍။
ကတော၊ ပြုအပ်သော ညောင်စောင်းတည်း။
ဗုန္ဓိကာ ဗဒ္ဓေါတိ၊ ကား။
အဋနီဟိ၊ တို့ဖြင့်။
မဉ္စပါဒေ၊ ညောင်စောင်းခြေတို့ကို။
ဍံသာပေတွာ၊ ကိုက်ယူစေ၍။
(ညှပ်၍။)
ပလ္လင်္ကသင်္ခေပေန၊ ပလ္လင်အသွင်ဖြင့်။
ကတော၊ ပြုအပ် သော ညောင်စောင်းတည်း။
ကုဠီရပါဒကောတိ၊ ကား။
အဿမေဏ္ဍကာဒီနံ၊ မြင်း, သိုး အစရှိသော သတ္တဝါတို့၏။
ပါဒသဒိသေဟိ၊ ခြေနှင့် တူကုန်သော။
ပါဒေဟိ၊ ခြေတို့ဖြင့်။
ကတော၊ ပြုအပ်သော ညောင်စောင်းတည်း။
ဝါပန၊ သည်သာ မက သေး။
ယောကောစိ၊ အမှတ်မထား, တစ်ပါးပါးသော။
ဝင်္ကပါဒကော၊ ကောက်သော အခြေရှိသော ညောင်စောင်းသည်။
(အတ္ထိ။)
အယံ၊ ဤကောက်သော အခြေရှိသောညောင်စောင်းကို။မဇ္ဈတော ၊ပေ၊ ဆဋ္ဋေတဗ္ဗံ ။ ။အာသနသာလာကို တံမြက်လှည်းသူအတွက် အထူးဝတ္တရားရှိ၏။ ထိုဝတ္တရားဟူသည် အလယ်မှ စ၍ ခြေချရာဘက်သို့ ရှေ့ရှုနေသော သဲများကို ဖယ်ရခြင်း, (ထိုသို့ မဖယ်လျှင် ထိုသဲတို့က ဝင်သူ ထွက်သူ၏ ခြေကို လူးဖွယ်, ကပ်ပါနေဖွယ် ရှိသည်၊) အမှိုက်တို့ကိုလည်း လက်တို့ဖြင့် ယူ၍ စွန့်ပစ်ရခြင်းတည်း၊ တောင်းစသည်ဖြင့်ကျုံးလျှင် သဲတွေပါသွားမည်စိုး၍ “ဟတ္ထေဟိ ဂဟေတွာ” ဟု ဆိုသည်။
** မှတ်ချက်** ။ ။ဤအာသနသာလာ၌ တံမြက်စည်းလှည်းပုံ ကျင့်ဝတ်သည် ရှေးရှေးကပင် ပျောက်ကွယ်နေဟန် တူ၏၊ ထို့ကြောင့် ဋီကာတို့၌ ဝါဒအမျိုးမျိုး ပြလျက် ရှိသည် ဤ၌လည်း မိမိအထင်မျှကိုသာ ရေးရပါသည်။ [ယောဇနာ၌ မဇ္ဈဓာတ်၏ သုဒ္ဓိအနက်ကို ယူ၍ မဇ္ဈတောကို “ပဝိတ္တတော (စင်ကြယ်သော အရပ်မှ၊)" ဟု ဖွင့်၏၊ စဉ်းစားပါ။]
မသာရကော ။ ။ပါဒေ မသိတွာ (ဝိဇ္ဈိတွာ) တတ္ထ အဋ္ဋနိယော ပဝေသေတဗ္ဗာ ဧတ္ထာတိ မသာရကော၊-ယောဇနာ၊ မသဓာတ်, အာရပစ္စည်း, က-လာဟု ကြံ၊ “မသာရကောထွင်းအပ်သော အခြေရှိသော ညောင်စောင်း" ဟု ပေးပါ။
ဗုန္ဒိကာဗဒ္ဓေါ ။ ။ဗုန္ဒော ဧဝ ဗုဒ္ဒိကော (ပါဒေါ)၊ တသ္မိံ အာဗဒ္ဓါ (ဗဇ္ဇိတာ) အဋ္ဋနီ ယဿာတိ ဗုန္ဒိကာဗဒ္ဓေါ၊-ယောဇနာ၊ “ဗုန္ဒိကာဗဒ္ဓေါ-အခြေ၌ ဖွဲ့စပ်ညှပ်ထားအပ်သော အပေါင်ရှိသော ညောင်စောင်း" ဟု ပေါးပါ။ ကုဠီရပါဒကောတိ၊ ကဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
** မှတ်ချက်** ။ ။ဤအာသနသာလာ၌ တံမြက်စည်းလှည်းပုံ ကျင့်ဝတ်သည် ရှေးရှေးကပင် ပျောက်ကွယ်နေဟန် တူ၏၊ ထို့ကြောင့် ဋီကာတို့၌ ဝါဒအမျိုးမျိုး ပြလျက် ရှိသည် ဤ၌လည်း မိမိအထင်မျှကိုသာ ရေးရပါသည်။ [ယောဇနာ၌ မဇ္ဈဓာတ်၏ သုဒ္ဓိအနက်ကို ယူ၍ မဇ္ဈတောကို “ပဝိတ္တတော (စင်ကြယ်သော အရပ်မှ၊)" ဟု ဖွင့်၏၊ စဉ်းစားပါ။]
မသာရကော ။ ။ပါဒေ မသိတွာ (ဝိဇ္ဈိတွာ) တတ္ထ အဋ္ဋနိယော ပဝေသေတဗ္ဗာ ဧတ္ထာတိ မသာရကော၊-ယောဇနာ၊ မသဓာတ်, အာရပစ္စည်း, က-လာဟု ကြံ၊ “မသာရကောထွင်းအပ်သော အခြေရှိသော ညောင်စောင်း" ဟု ပေးပါ။
ဗုန္ဒိကာဗဒ္ဓေါ ။ ။ဗုန္ဒော ဧဝ ဗုဒ္ဒိကော (ပါဒေါ)၊ တသ္မိံ အာဗဒ္ဓါ (ဗဇ္ဇိတာ) အဋ္ဋနီ ယဿာတိ ဗုန္ဒိကာဗဒ္ဓေါ၊-ယောဇနာ၊ “ဗုန္ဒိကာဗဒ္ဓေါ-အခြေ၌ ဖွဲ့စပ်ညှပ်ထားအပ်သော အပေါင်ရှိသော ညောင်စောင်း" ဟု ပေါးပါ။ ကုဠီရပါဒကောတိ၊ ကဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
အာဟစ္စပါဒ ကောနာမ ။
ပေ။
ဟောတီတိ၊ ဟူ၍။
ဧဝံ၊ ဤသို့။
ပရတော၊ နောက်၌။
ပါဠိယံယေဝ၊ ပါဠိတော်၌ပင်။
ဝုတ္တော၊ တိုက်ရိုက်ဖွင့်ဆိုအပ်ပြီ။
(ဘူတဂါမဝဂ်, ဝေဟာသကုဋိ သိက္ခာပုဒ်၏ ပဒဘာဇနီ၌ ဖွင့်ဆိုထားသည်။)
တသ္မာ၊ ကြောင့်။
အဋနိယော၊ အပေါင်တို့ကို။
ဝိဇ္ဈိတွာ၊ ထိုးဖောက်၍။
ဝါ၊ ထွင်း၍။
တတ္ထ၊ ထိုအပေါက်၌။
ပါဒသိခံ၊ ခြေ၏ အဖျားကို။
ပဝေသေတွာ၊ သွင်း၍။
ဥပရိ၊ အထက်၌။
ဝါ၊ အထက်က။
အာဏိံ၊ မယ်နကို။
ဝါ၊ စို့ကို။
ဒတွာ၊ ပေး၍။
ဝါ၊ ရိုက်၍။
ကတမဉ္စော၊ ပြုအပ်သော ညောင် စောင်းကို။
အာဟစ္စပါဒကောတိ၊ ဟူ၍။
ဝေဒိတဗ္ဗော၊ ၏။
ပီဌေပိ၊ အင်းပျဉ်၌လည်း။
ဧသေဝနယော။
အန္တော သံဝေဌေတွာ ဗဒ္ဓံ ဟောတီတိ၊ ကား။
ဟေဋ္ဌာစ၊ အောက်အပြင်၌လည်း ကောင်း။
ဥပရိစ၊ အထက်အပြင်၌လည်းကောင်း။
ဝိတ္ထိတံ၊ ကျယ်ပြန့်သည်ကိုလည်း ကောင်း။
မ၊ အလယ်၌။
သံခိတ္တံ၊ ချုံးအပ်သည်ကိုလည်းကောင်း။
ပဏဝသဏ္ဌာနံ၊ ထက်စည်သဏ္ဌာန်ရှိသည်ကို။
ကတွာ၊ ၍။
ဗဒ္ဓံ၊ ရစ်ပတ်ဖွဲ့ချီအပ်သည်။
ဟောတိ။
တံ၊ ထိုကောစ္ဆကို။
ဝါ၊ ထိုခတ်အခင်းကို။
မဇ္ဈေ၊ ၌။
သီဟဗျဂ္ဃစမ္မပရိက္ခိတ္တမ္ပိ၊ ခြင်္သေ့ရေ ကျားရေတို့ဖြင့် မွန်းမံကာရံအပ်သည်ကိုလည်း။
ကရောန္တိ ကိရ၊ ပြုကြကုန်သတတ်။
ဧတ္ထ၊ ဤခတ်အခင်း၌။
အကပ္ပိယစမ္မံနာမ၊ မအပ်သော အရေမည်သည်။
နတ္ထိ၊ မရှိ။
ဟိ၊ မှန်။
သေနာသနံ၊ သံဃိကမဉ္စပီဌစသော အိပ်ရာနေရာသည်။
သောဝဏ္ဏ မယမ္ပိ၊ ရွှေဖြင့် ပြုအပ်သော အိပ်ရာနေရာသော်မှလည်း။
ဝဋ္ဋတိ။
တသ္မာ၊ ကြောင့်။
တံ၊ ထိုခတ်အခင်းသည်။
မဟဂ္ဃံ၊ များသော အဖိုးရှိသည်။
ဝါ၊ အဖိုးများစွာ ထိုက်တန်သည်။ကုဠီရပါဒေါ ။ ။ကုဠီရဿ (ပုဇွန်၏) + ပါဒေါ ဝိယ ပါဒါ ယဿာတိ ကုဠီရ ပါဒေါ၊ ပုဇွန်၏ ခြေသည် ကောက်သကဲ့သို့ ကောက်သော ခြေရှိသော ညောင်စောင်းအားလုံးကို “ကုဠီရပါဒ” ဟု ခေါ်ပါ၊ ထို့ကြောင့် "အဿမေဏ္ဍကာဒီနံ ပါဒသဒိသေဟိ" ဟု ဆိုသည်၊ “ကုဠီရပါဒေါ-ပုဇွန်ခြင်းခြေ, ယွင်းမသွေသည့်, အခြေရှိသော ညောင်စောင်း” ဟု ပေးပါ။ [ဤညောင်စောင်း၌ အပေါင်အခြေတို့ကို သွင်းခြင်း မသွင်းခြင်းမှာ ပဓာန မဟုတ်, အခြေ၏ကောက်ခြင်းသာ ပဓာနတည်း။]
အာဟစ္စပါဒကော ။ ။“အာဟစ္စ (အင်္ကံ ဝိဇ္ဈိတွာ) တတ္ထ ပဝေသိတော ပါဒေါ ယဿာတိ အာဟစ္စပါဒကော” ဟု ယောဇနာ ပြု၏၊ “အာဟစ္စပါဒကော-အပေါင်ထွင်း၍ သွင်းအပ်သော အခြေရှိသော ညောင်စောင်း" ဟု ပေးပါ။
ကောစ္ဆံ ။ ။“အထက်အောက် ၂ ဖက်က စ၍ အတွင်းဘက်သို့ ရစ်ပတ်ဖွဲ့ချီလာသောအခါ တိုး၍ တိုး၍ ကျဉ်းသွားအောင် ရစ်ပတ်အပ်သောကြောင့် အလယ်ခေါင်၌ ကျုံ့လျက် အထက်အောက် ၂ ဖက်၌ ကျယ်ပြန့်နေသည်၊ ဆင်းတုတော် တင်ပလ္လင်ခွေအောက်၌ တည် သော ပလ္လင်နှင့် ပုံသဏ္ဌာန် တူ၏၊ တချို့ ပလ္လင်တော်မှာ အလွန်မြင့်သော်လည်း တချို့ပလ္လင် တော်ကား တစ်ထွာလောက်သာ ရှိသည်၊ ထိုသို့ တစ်ထွာလောက်သာ ရှိသော်လည်း အလယ်မှာ ကျုံ့လျက်ပင်။ ဟောတိ၊ ၏။
အာဟစ္စပါဒကော ။ ။“အာဟစ္စ (အင်္ကံ ဝိဇ္ဈိတွာ) တတ္ထ ပဝေသိတော ပါဒေါ ယဿာတိ အာဟစ္စပါဒကော” ဟု ယောဇနာ ပြု၏၊ “အာဟစ္စပါဒကော-အပေါင်ထွင်း၍ သွင်းအပ်သော အခြေရှိသော ညောင်စောင်း" ဟု ပေးပါ။
ကောစ္ဆံ ။ ။“အထက်အောက် ၂ ဖက်က စ၍ အတွင်းဘက်သို့ ရစ်ပတ်ဖွဲ့ချီလာသောအခါ တိုး၍ တိုး၍ ကျဉ်းသွားအောင် ရစ်ပတ်အပ်သောကြောင့် အလယ်ခေါင်၌ ကျုံ့လျက် အထက်အောက် ၂ ဖက်၌ ကျယ်ပြန့်နေသည်၊ ဆင်းတုတော် တင်ပလ္လင်ခွေအောက်၌ တည် သော ပလ္လင်နှင့် ပုံသဏ္ဌာန် တူ၏၊ တချို့ ပလ္လင်တော်မှာ အလွန်မြင့်သော်လည်း တချို့ပလ္လင် တော်ကား တစ်ထွာလောက်သာ ရှိသည်၊ ထိုသို့ တစ်ထွာလောက်သာ ရှိသော်လည်း အလယ်မှာ ကျုံ့လျက်ပင်။ ဟောတိ၊ ၏။
အနုပသမ္ပန္နံ ။
ပေ။
ပလိဗောဓောတိ၊ ကား။
ယေန၊ အကြင် ရဟန်းသည်။
သန္တရာပိတံ၊ လူသာမဏေကို ခင်းစေအပ်ပြီ။
ဝါ၊ အခင်းခိုင်းအပ်ပြီ။
တဿ၊ ထိုအခင်းခိုင်းသော ရဟန်း၏။
ပလိဗောဓော၊ ပလိဗောဓတည်း။
ဝါ၊ ဖဲသွား ခြင်းကို နှောက်ယှက်တတ်သော တာဝန်တည်း။
(လူသာမဏေကို အခင်းခိုင်းလျှင် အရပ်တစ်ပါးသို့ သွားလိုသောအခါ ထိုအခင်းကို မရုပ်သိမ်းဘဲ သွားလျှင် ခိုင်းသော ရဟန်းမှာ အာပတ်သင့်၏၊ ဟူလို။)
လေဍ္ဍူပါတံ ။
ပေ။
ပါစိတ္တိယဿာတိ၊ ကား။
ထာမမဇ္ဈိမဿ၊ အားအစွမ်းအားဖြင့် အလယ်အလတ်၌ ဖြစ်သော။
ပုရိသဿ၊ ၏။
လေဍ္ဍူပါတံ၊ ခဲကျရာအရပ်ကို။
ဝါ၊ ခဲတစ်ကျအရပ်ကို။
အတိက္ကမန္တဿ၊ ကျော် လွန်သွားသော ရဟန်း၏။
ပါစိတ္တိယံ ဟောတိ။
ပန၊ ဆက်။
အယံ၊ ဤဆိုအပ်လတံ့ကား။
ဧတ္ထ၊ ဤလေဍ္ဍူပါတံ အတိက္ကမန္တဿ ဟူသော ပါဌ်၌။
ဝိနိစ္ဆယော၊ တည်း။
[ယောဇနာ၌ကား “ဧတ္ထာတိ အနာပုစ္ဆံဝါ ဂစ္ဆေယျာတိ ပဒေ”ဟု ဆို၏။
အနာပုစ္ဆံဝါ ဂစ္ဆေယျကို တိုက်ရိုက် ဖွင့်နေသောအရာ မဟုတ်သောကြောင့် ထိုအနက်ကို စဉ်းစားပါ။]
ထေရော၊ ထေရ်သည်။
ဘောဇန သာလာယံ၊ ဆွမ်းစားစရပ်၌။
ဘတ္တကိစ္စံ၊ ဆွမ်းကိစ္စကို။
ကတွာ၊ ပြုပြီး၍။
ဒဟရံ၊ ရဟန်းငယ်ကို။
အာဏာပေတိ၊ စေခိုင်းအံ့။
(ကိံ၊ နည်း။)
ဂစ္ဆ၊ သွားချေ။
ဒိပါ ဌာနေ၊ နေ့နေရာ အရပ်၌။
မဉ္စပီဌံ၊ ညောင်စောင်းအင်းပျဉ်ကို။
ပညပေဟိ၊ ခင်းထားချေ လော။
ဣတိ၊ ဤသို့စေခိုင်းအံ့။
သော၊ ထိုရဟန်းငယ်သည်။
တထာ၊ ထိုစေခိုင်းသည့် အတိုင်း။
ကတွာ၊ ပြုပြီး၍။
နိသိန္နော၊ ထိုင်နေ၏။
ထေရော၊ သည်။
ယထာရုစိ၊ အလို ရှိတိုင်း။
ဝိစရိတွာ၊ လှည့်လည်ပြီး၍။
(လှည့်လည်ပြီးမှ။)
တတ္ထ၊ ထိုညောင်စောင်း အင်းပျဉ် ခင်းထားရာ အရပ်သို့။
ဂန္တွာ၊ ၍။
ထဝိကံဝါ၊ အိပ်ကိုသော်လည်းကောင်း။
ဥတ္တရာသင်္ဂံ ဝါ၊ အပေါ်ခြုံဧကသီကိုသော်လည်းကောင်း။
ထပေတိ၊ ထားအံ့။
တတော၊ ထိုအခါမှ။
ပဋ္ဌာယ၊ စ၍။
ထေရဿ၊ ၏။
ပလိဗောဓော၊ တည်း။
(ရဟန်း ငယ်မှာ ရုပ်သိမ်းဖို့အတွက် တာဝန် မရှိတော့-ဟူလို။)
နိသီဒိတွာ၊ ထိုင်ပြီး၍။
သာယံ၊ ညနေချမ်းအခါ၌။
ဂစ္ဆန္တော၊ သွားလတ်သော်။
နေဝ ဥဒ္ဓရတိ၊ ကိုယ်တိုင်မူလည်း မရုပ်သိမ်းအံ့။
န ဥဒ္ဓရာပေတိ၊ သူတစ်ပါးကိုမူလည်း မရုပ်သိမ်းစေအံ့။
လေဍ္ဍူ ပါတာတိက္ကမေ၊ ခဲတစ်ကျကို လွန်ရာအခါ၌။
ပါစိတ္တိယံ (ဟောတိ။)
ထေရော၊ သည်။
တတ္ထ၊ ထိုညောင်စောင်းအင်းပျဉ် ခင်းထားရာ အရပ်၌။
ထဝိကံဝါ၊ သော်လည်းကောင်း။
ဥတ္တရာသင်္ဂံဝါ၊ သော်လည်းကောင်း။
အထပေတွာ၊ မထားမူ၍။
စင်္ကမန္တောဝ၊ စင်္ကြန်သွားလျက်သာ။
ဒဟရံ၊ ရဟန်းငယ်ကို။
တွံ၊ သင် သည်။
ဂစ္ဆ၊ သွားတော့။
ဣတိ၊ သို့။
သစေ ဘဏတိ၊ အံ့။
(ဧဝံသတိ၊ သော်။)
တေန၊ ထိုရဟန်းငယ်သည်။
ဘန္တေ၊ အရှင်ဘုရား။
ဣဒံ၊ ဤဟာကား။
မဉ္စပီဌံ၊ ပါတည်း။
ဣတိ၊ သို့။
အာစိက္ခိတဗ္ဗံ၊ လျှောက်ထားရာ၏။
ထေရော၊ သည်။
ဝတ္တံ၊ ကျင့်ဝတ်ကို။
သစေ ဇာနာတိ၊ အကယ်၍ နားလည်အံ့။
(ဧဝံသတိ။)
တွံ၊ သင်သည်။
ဂစ္ဆ၊ သွား တော့။
အဟံ၊ သည်။
ပါကတိကံ၊ ပင်ကိုယ်သဘောရှိသည်ကို။
ကရိဿာမိ၊ ပြု လိုက်အံ့။
ဣတိ, ဝတ္တဗ္ဗံ၊ ပြောရာ၏။
(နဂိုနေရာသို့ ပြန်ထားလိုက်အံ့ဟု ပြောရမည် ဟူလို)။
(ထေရော၊ သည်။)
ဗာလော၊ ကျင့်ဝတ်၌ မကျွမ်းကျင်သည်။
အနုဂ္ဂဟိတ ဝတ္တော၊ သင်ယူအပ်ပြီးသော ကျင့်ဝတ် မရှိသည်။
ဝါ၊ ကျင့်ဝတ်ကို မသင်ယူခဲ့ရ သည်။
(ဗာလောကို ထပ်၍ ဖွင့်သည်။)
သစေ ဟောတိ။
ဂစ္ဆ၊ သွား။
ဣဓ၊ ဤအရပ် ၌။
မာ တိဋ္ဌ၊ ရပ်မနေနှင့်။
နိသီဒိတုံ၊ ထိုင်ခြင်းငှာ။
ဝါ၊ ထိုင်ခွင့်ကို။
နေဝ ဒေမိ၊ မပေး။
နိပဇ္ဇိတုံ၊ လျောင်းခြင်းငှာ။
ဝါ၊ လျောင်းခွင့်ကို။
န ဒေမိ၊ မပေး။
ဣတိ၊ ဤသို့ပြော၍။
ဒဟရံ၊ ရဟန်းငယ်ကို။
(သစေ) တဇ္ဇေတိယေဝ၊ အကယ်၍ ခြိမ်းချောက်၍ သာ နေအံ့။
(ဧဝံသတိ။)
ဒဟရေန၊ ရဟန်းငယ်သည်။
ဘန္တေ၊ အရှင်ဘုရား။
သုခံ၊ ချမ်းချမ်း သာသာ။
သယထ၊ အိပ်ရစ်ပါကုန်။
ဣတိ၊ ဤသို့လျှောက်၍။
ကပ္ပံ၊ အပ်သော အခွင့် ကို။
လဘိတွာ၊ ရ၍။
ဝန္ဒိတွာ၊ ဝပ်ချ၍။
ဂန္တဗ္ဗံ၊ သွားရာ၏။
[ကပ္ပံ လဘိတွာတိ ဂစ္ဆာတိ ဝုတ္တဝစနေန ကပ္ပံ လဘိတွာ။ ထေရဿ ဟိ အာဏတ္တိယာ ဂစ္ဆန္တဿ အနာပတ္တိ။ ဋီကာ။]
တသ္မိံ၊ ထိုရဟန်းငယ်သည်။
ဂတေ၊ သွားလတ်သော်။
ထေရဿေဝ၊ ၏။
သာပလိဗောဓော၊ တည်း။
စ၊ ဆက်။
ပုရိမနယေနေဝ၊ ဖြင့်သာလျှင်။
(နိသီဒိတွာ သာယံ ဂစ္ဆန္တောတိ အာဒိနာ ပုဗ္ဗေ ဝုတ္တနယေန။)
အဿ၊ ထိုထေရ်၏။
အာပတ္တိ ဝေဒိတဗ္ဗာ။
ပန၊ ဆက်။
အာဏတ္တိက္ခဏေယေဝ၊ စေခိုင်းအပ်ရာ ခဏ၌ပင်လျှင်။
(ခိုင်းရာ ခဏတုန်းကပင်။)
ဒဟရော၊ ရဟန်းငယ်သည်။
ဘန္တေ၊ အရှင်ဘုရား။
မယှံ၊ တပည့် တော်၏။ (တပည့်တော်မှာ။)
ဘဏ္ဍကဓောဝနာဒိ၊ ဘဏ္ဍာငယ်ကို ဖွပ်လျှော်ခြင်း အစရှိသော။
ကိဉ္စိ၊ တစ်စုံတစ်ခုသော။
ကရဏီယံ၊ ပြုဖွယ်ကိစ္စသည်။
အတ္ထိ၊ ရှိပါ၏။
ဣတိ၊ သို့။
အထ ၀ဒတိ၊ အကယ်၍ လျှောက်အံ့။
(ဧဝံသတိ၊ သော်။)
ထေရောစ၊ ထေရ်သည်လည်း။
နံ၊ ထိုရဟန်းငယ်ကို။
တွံ၊ သင်သည်။
ပညပေတွာ၊ ခင်းပြီး၍။
ဂစ္ဆာဟိ၊ လော။
(သွားတော့။)
ဣတိ ဝတွာ။
ဘောဇနသာလတော၊ ဆွမ်းစားစရပ်မှ။
နိက္ခမိတွာ၊ ထွက်၍။
အညတ္ထ၊ အခြားအရပ်သို့။
ဂစ္ဆတိ၊ သွားအံ့။
ပါဒုဒ္ဓါရေန၊ ခြေကို ကြွမြှောက်ခြင်းဖြင့်။
ကာရေတဗ္ဗော၊ ပြုစေခိုက်၏။
ဝါ၊ ဆုံးဖြတ်ထိုက်၏။
တတ္ထေဝ၊ ထိုညောင်စောင်းအင်းပျဉ် ခင်းထားရာ အရပ်သို့သာ။
ဂန္တွာ၊ သွား၍။
သစေ နိသီဒတိ၊ အကယ်၍ ထိုင်အံ့။
အညတ္ထ ဂစ္ဆတိ၊ ပါဒုဒ္ဓါရေန ။ ။ညောင်စောင်းအင်းပျဉ် ခင်းထားရာ အရပ်သို့ သွားကြောင်းလမ်းမှ အခြားသော လမ်းသို့ သွားခြင်းကို “အညတ္ထ ဂစ္ဆတိ” ဟု ဆိုသည်၊ ခင်း ထားသော နေရာနှင့် ယခုသွားသော နေရာမှာ ခဲတစ်ကျကို လွန်ပြီးဖြစ်သောကြောင့် လေဍ္ဍူ ပါတအတိက္ကမဖြင့် မဆုံးဖြတ်ဘဲ အခြားလမ်းဘက်သို့ ပဋ္ဌမခြေလှမ်း ကြွလျှင် ဒုက္ကဋ်, ဒုတိယ ခြေလှမ်း ကြွလျှင် ပါစိတ်ဟု ဆုံးဖြတ်ပါ။
ပုရိမနယေနေဝ၊ ရှေ့နည်းဖြင့်သာလျှင်။
အဿ၊ ထိုရဟန်း၏။
လေဍ္ဍူပါတာတိက္ကမေဝ၊ ခဲတစ်ကျကို လွန်ရာအခါ၌လည်း။
အာပတ္တိ ဟောတိ၊ ၏။
[ဒဟရကို စေခိုင်းပုံမှ တစ်ပါး သာမဏေကို စေခိုင်းပုံကို ပြလို၍ “သစေ ပန” စသည် မိန့်။]၊
ပန၊ ကား။
ထေရော၊ သည်။
သာမဏေရံ၊ ကို။
သစေ အာဏာ ပေတိ၊ အကယ်၍ စေခိုင်းအံ့။
(ဧဝံသတိ။)
သာမဏေရေ၊ သည်။
တတ္ထ၊ ၌။
မဉ္စပီဌံ၊ ညောင်စောင်းအင်းပျဉ်ကို။
ပညပေတွာ၊ ခင်းပြီး၍။
နိသိန္နေပိ၊ ထိုင်နေပါသော်လည်း။
ဘောဇနသာလတော၊ ဆွမ်းစားစရပ်မှ။
အညတ္ထ၊ အခြားအရပ်သို့။
ဂစ္ဆန္တော၊ သွား သော ထေရ်ကို။
ပါဒုဒ္ဓါရေန၊ ခြေကို ကြွမြှောက်ခြင်းဖြင့်။
ကာရေတဗ္ဗော၊ ပြုစေ ထိုက်၏။
ဝါ၊ ဆုံးဖြတ်ထိုက်၏။
[သာမဏေမှာ ရဟန်းငယ်လောက် တာဝန် မရှိ။ ထို့ကြောင့် သာမဏေက စောင့်၍ နေသော်လည်း အခြားအရပ်သို့ သွားသော ထေရ်မှာ အာပတ်သင့်ရသည်။]
ဂန္တွာ၊ သွားပြီး၍။
နိသိန္နော၊ ထိုင်နေပြီးသော ထေရ် ကို။
ပုန၊ တစ်ဖန်။
ဂမနကာလေ၊ ပြန်သွားရာ အခါ၌။
လေဍ္ဍူပါတာတိက္ကမေ၊ ခဲ တစ်ကျကို လွန်ရာအခါ၌။
အာပတ္တိယာ၊ ပါစိတ်အာပတ်ဖြင့်။
ကာရေတဗ္ဗော၊ ၏။
ပန၊ ဆက်။
အာဏာပေန္တော၊ စေခိုင်းလတ်သော်။
ဝါ၊ စေခိုင်းတုန်းက။
မဉ္စပီဌံ၊ ညောင်စောင်းအင်းပျဉ်ကို။
ပညပေတွာ၊ ခင်းပြီး၍။
တတ္ထေ၀၊ ထိုအရပ်၌ပင်။
နိသီဒ၊ ထိုင်နေဦးလော့။
ဣတိ၊ ဤသို့ပြော၍။
သစေ အာဏာပေတိ၊ အကယ်၍ စေခိုင်းအံ့။
(ဧဝံသတိ။)
ယတြ၊ အကြင်အရပ်သို့။
(ဂန္တုံ၊ ငှာ။)
ဣစ္ဆတိ၊ အလိုရှိ၏။
တတြ၊ ထိုအရပ် သို့။
ဂန္တွာ၊ သွားပြီး၍။
အာဂန္တုံ၊ ပြန်လာခြင်းငှာ။
ဝါ၊ ပြန်လာခွင့်ကို။
လဘတိ၊ ရ၏။
ပန၊ ဆက်။
သာယံ၊ ညနေချမ်းအခါ၌။
ပါကတိကံ၊ ပင်ကိုယ်အတိုင်းရှိသည်ကို။
အကတွာ၊ မပြုမူ၍။
ဂစ္ဆန္တဿ၊ ပြန်သွားသော ထေရ်၏။
လေဍ္ဍူပါတာတိက္ကမေ ပါစိတ္တိယံ။
အန္တရသန္နိပါတေ၊ အကြားအကြား စည်းဝေးရာအခါ၌။
(စည်းပေးနေကျ ရက်မဟုတ်ဘဲ အကြားအကြား အစည်းအဝေး၌။)
မဉ္စပီဌာနိ၊ ညောင်စောင်း အင်းပျဉ်တို့ကို။
ပညပေတွာ၊ ပြီး၍။
နိသိန္နေဟိ၊ ထိုင်နေကုန်သော ရဟန်းတို့သည်။
(ဝတ္တဗ္ဗံ၌ စပ်။)
ဂမနကာလေ၊ ပြန်သွားရာ အခါ၌။
အာရာမိကာနံ၊ အာရာမ်စောင့် တို့အား။
ဣမံ၊ ဤညောင်စောင်းအင်းပျဉ်ကို။
ပဋိသာမေထ၊ သိမ်းထားလိုက်ပါကုန်။
ဣတိ, ဝတ္တဗ္ဗံ၊ ပြောဆိုရာ၏။
အဝတွာ၊ မပြောဆိုဘဲ။
ဂစ္ဆန္တာနံ၊ သွားကုန်သော ရဟန်း တို့၏။
လေဍ္ဍူပါတာတိက္ကမေ၊ ၌။
အာပတ္တိ၊ ပါစိတ်အာပတ်သည်။
ဟောတိ။
မဟာ ဓမ္မဿဝနံနာမ၊ ကြီးကျယ်သော တရားပွဲမည်သည်။
ဟောတိ၊ ရှိ၏။
တတ္ထ၊ ထိုတရား ပွဲ၌။
ဥပေါသထာဂါရတောပိ၊ ဥပုသ်ကျောင်းဆောင်မှလည်းကောင်း။
ဘောဇန သာလတောပိ၊ ဆွမ်းစားစရပ်မှလည်းကောင်း။
အာဟရိတွာ၊ ဆောင်ယူ၍။
မဉ္စ ပီဌာနိ၊ တို့ကို။
ပညပေန္တိ၊ ခင်းတတ်ကြကုန်၏။
(ဧဝံသန္တေ၊ သော်။)
အာဝါသိကာနံယေဝ၊ တို့၏သာလျှင်။
ပလိဗောဓော၊ တည်း။
အာဂန္တုကာ၊ တို့သည်။
ဣဒံ၊ ဤညောင် စောင်းအင်းပျဉ်သည်။
အမှာကံ၊ တို့၏။
ဥပဇ္ဈာယဿ၊ ဖို့။
(ဟောတိ။)
ဣဒံ၊ သည်။
အမှာကံ၊ တို့၏။
အာစရိယဿ၊ ဆရာဖို့။
(ဟောတိ။)
ဣတိ၊ သို့။
သစေ ဂဏှန္တိ၊ ကုန် အံ့။
(ဧဝံသတိ။)
တတော၊ မှ။
ပဋ္ဌာယ၊ စ၍။
တေသံယေဝ၊ ထိုအာဂန္တုကတို့၏သာ။
ပလိဗောဓော၊ တည်း။
ဂမနကာလေ၊ ပြန်သွားရာအခါ၌။
ပါကတိကံ၊ ပင်ကိုယ် အတိုင်း ရှိသည်ကို။
အကတွာ၊ မပြုမူ၍။
လေဍ္ဍုပါတံ၊ ကို။
အတိက္ကမန္တာနံ၊ ကျော်လွန် ကုန်သော အာဂန္တုကရဟန်းတို့၏။
အာပတ္တိ၊ ပါစိတ်အာပတ်သည်။
ဟောတိ။
ပန၊ ဝါဒန္တရကား။
မဟာပစ္စရီယံ၊ ၌။
ဝုတ္တံ၊ အပ်ပြီ။
(ကိံ၊ အဘယ်သို့ ဆိုအပ် သနည်း။)
ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။
အညေ၊ အခြားရဟန်း တို့သည်။
န နိသီဒန္တိ၊ မထိုင်ကုန်သေး။
တာဝ၊ ထိုမထိုင်သေးသမျှ ကာလပတ်လုံး။
ယေဟိ၊ အကြင်ရဟန်းတို့သည်။
[အာဂန္တုကဖြစ်စေ, အာဝါသိကဖြစ်စေ အကြင် ရဟန်းတို့သည်။]
ပညတ္တံ၊ ခင်းအပ်ပြီ။
တေသံ၊ ထိုခင်းသော ရဟန်းတို့၏။
ဘာရော၊ တာဝန်တည်း။
အညေသု၊ အခြားရဟန်းတို့သည်။
အာဂန္တွာ၊ လာ၍။
နိသိန္နေသု၊ ထိုင်ပြီးကုန်လတ်သော်။
နိသိန္နကာနံ၊ ထိုင်ကုန်သော ရဟန်းတို့၏။
ဘာရော၊ တည်း။
တေ၊ ထိုထိုင်သော ရဟန်းတို့သည်။
အနုဒ္ဓရိတွာဝါ၊ ကိုယ်တိုင် မရုပ်သိမ်းမူ၍လည်း ကောင်း။
အနုဒ္ဓရာပေတွာဝါ၊ သူတစ်ပါးကို မရုပ်သိမ်းစေမူ၍လည်းကောင်း။
သစေ ဂစ္ဆန္တိ၊ ကုန်အံ့။
(ဧဝံသတိ။)
ဒုက္ကဋံ။
ကသ္မာ၊ အဘယ့်ကြောင့် ဒုက္ကဋ်သာ ဖြစ်ရသနည်း။
အနာဏတ္တိယာ၊ မစေခိုင်းခြင်းဖြင့်။
(မစေခိုင်းဘဲ။)
ပညပိတတ္တာ၊ ခင်းအပ်ကုန် သည်၏ အဖြစ်ကြောင့်တည်း။
ဣတိ၊ သို့။
ဝုတ္တံ၊ ဆိုအပ်ပြီ။
[မဟာအဋ္ဌကထာ၌ ပါစိတ်အာပတ်ဟု ဆို၍ မဟာပစ္စရီ၌ မခိုင်းဘဲ ခင်းအပ်သော အခင်းဖြစ်၍ ဒုက္ကဋ်ဟု ဆိုသည်။]
ဓမ္မာသနေ၊ တရားဟော ပလ္လင်ကို။
ပညတ္တေ၊ ခင်းအပ်ပြီးသော်။
ယာဝ၊ အကြင်မျှလောက်သော ကာလပတ်လုံး။
ဥဿာရကောဝါ၊ ပါဠိသက်သက်ကို ဖြစ်စေတတ်ရွတ်ပြတတ်သော ပုဂ္ဂိုလ်သည်သော်လည်းကောင်း။
ဓမ္မကထိကောဝါ၊ ဓမ္မကထိကသည်သော်လည်းကောင်း။
န အာဂစ္ဆတိ၊ မလာသေး။
တာ၀၊ ထိုမလာသေးသမျှ ကာလပတ်လုံး။
ပညာပကာနံ၊ ခင်းသော ရဟန်းတို့၏။
ပလိဗောဓော၊ တည်း။
တသ္မိံ၊ ထိုဥဿာရကပုဂ္ဂိုလ်, သို့မဟုတ် ဓမ္မကထိကပုဂ္ဂိုလ်သည်။
အာဂန္တွာ၊ လာ၍။
ဥဿာရကော ။ ။“သရဘာဏကော-အသံသာသာဖြင့် ပါဠိကိုသာ ရွတ်ဆိုတတ် သော ပုဂ္ဂိုလ်”ဟု ဖွင့်၏၊ ဥဒ္ဓံ ဥဒ္ဓံ-အထက်အထက်၌၊ ပါဠိပါဌံ သာရေတိ ပ၀တ္တေတိ-ပါဠိကို ဖြစ်စေတတ်၏၊ ဣတိ ဥဿာရကောဟု ပြု၊-(ဝိမတိ၊) ပါဠိသက်သက်ကိုသာ မက အနက် အဓိပ္ပာယ်ကိုပါ ဟောပြတတ်သော ပုဂ္ဂိုလ်ကို “ဓမ္မကထိက" ဟု ခေါ်သည်၊ ဓမ္မကထာယံ တရားစကား၌ + နိယုတ္တော ဓမ္မကထိကော" ဟု တဒ္ဓိတ်ပြု။ [“ကထေတီတိ ကထိကော"ဟု မပြုနိုင်၊ ထိုသို့ပြုလျှင်ဏွုပစ္စည်းဖြင့် “ကထကော” ဟုသာ ပြီးလိမ့်မည်။]
နိသိန္နေ၊ လတ်သော်။
တဿ၊ ထိုဥဿာရကပုဂ္ဂိုလ်သို့မဟုတ် ဓမ္မကထိကပုဂ္ဂိုလ်၏။
ပလိဗောဓော၊ တည်း။
သကလံ၊ အလုံးစုံသော။
အဟောရတ္တံ၊ နေ့ညဉ့်ပတ်လုံး။
ဓမ္မဿဝနံ၊ တရားနာခြင်းသည်။
ဝါ၊ တရားပွဲသည်။
ဟောတိ၊ အံ့။
အညော၊ အခြား သော။
ဥဿာရကောဝါ၊ သော်လည်းကောင်း။
ဓမ္မကထိကောဝါ၊ သော်လည်း ကောင်း။
ဥဋ္ဌဟတိ၊ တသွား၏။
အညော၊ အခြားသော ဥဿာရကပုဂ္ဂိုလ်, သို့မဟုတ် ဓမ္မကထိကပုဂ္ဂိုလ်သည်။
နိသီဒတိ၊ ထိုင်လာ၏။
ယော ယော၊ အကြင်အကြင်ရဟန်း သည်။
အာဂန္တွာ၊ ၍။
နိသီဒတိ၊ ၏။
တဿ တဿ၊ ထိုထိုထိုင်လာသော ရဟန်း၏။
ဘာရော၊ တည်း။
ပန၊ ထိုသို့ထိုင်လာသော ရဟန်း၏ တာဝန်ဖြစ်ပါသော်လည်း။
ဥဋ္ဌဟန္တေန၊ ထသွားသော ရဟန်းသည်။
ဣဒံ အာသနံ၊ ဤနေရာသည်။
တုမှာကံ၊ အရှင်ဘုရားတို့၏။
ဘာရော၊ တာဝန်ပါတည်း။
ဣတိ၊ သို့။
ဝတွာ၊ နောက်လာသော ရဟန်းအား ပြော၍။
ဂန္တဗ္ဗံ၊ သွားရာ၏။
ဣတရသ္မိံ၊ အခြားသော ရဟန်းသည်။
အနာဂတေယေဝ၊ မလာသေးမီပင်။
ပဌမံ၊ စွာ။
နိသိန္နော၊ ထိုင်နေသော ရဟန်း သည်။
ဥဋ္ဌာယ၊ ၍။
သစေပိ ဂစ္ဆတိ၊ အကယ်၍မူလည်း သွားအံ့။
(ဧဝံသတိ၊ သော်။)
တသ္မိံစ၊ ထိုထသွားသော ရဟန်းသည်လည်း။
အန္တော ဥပစာရဋ္ဌေယေဝ၊ ဥပစာ အတွင်း၌ တည်စဉ်ပင်။
ဣတရော၊ အခြားသော ရဟန်းသည်။
အာဂန္တွာ၊ ၍။
နိသီ ဒတိ၊ အံ့။
ဥဋ္ဌာယ၊ ၍။
ဂတော၊ သွားသော ရဟန်းကို။
အာပတ္တိယာ၊ ဖြင့်။
န ကာရေ တဗ္ဗော၊ မဆုံးဖြတ်ထိုက်။
ပန၊ ဆက်။
ဣတရသ္မိံ၊ သည်။
အနာဂတေယေဝ၊ မီပင်။
ပဌမံ၊ စွာ။
နိသိန္နော၊ ထိုင်သော ရဟန်းသည်။
အာသနာ၊ နေရာမှ။
ဥဋ္ဌာယ၊ ၍။
လေဍ္ဍူပါတံ၊ ခဲတစ်ကျအရပ်ကို။
သစေ အတိက္ကမတိ၊ အံ့။
(ဧဝံသတိ။)
အာပတ္တိယာ ကာရေတဗ္ဗော။
စ၊ ဆက်။
သဗ္ဗတ္ထ၊ အလုံးစုံသော အဆုံးအဖြတ်တို့၌။
လေဍ္ဍုပါတာ တိက္ကမေ၊ ၌။
ပဌမပါဒေ၊ ၌။
ဒုက္ကဋံ။
ဒုတိယေ ပါဒေ, ပါစိတ္တိယံ။
ဣတိ၊ သို့။
အယံ နယော၊ ကို။
မဟာပစ္စရီယံ၊ ၌။
ဝုတ္တော၊ ပြီ။
အယံ၊ ကား။
ဧတ္ထ၊ ဤလေဍ္ဍုပါတံ အတိက္ကမန္တဿ အစရှိသော ပါဠိရပ်၌။
ဝိနိစ္ဆယော၊ တည်း။
(ဣတိတစ်လုံး အပို ထည့်၍ “အယံ ပနေတ္ထ ဝိနိစ္ဆယော” ကို ပြန်လှည့်။)
**၁၁၂။** စိမိလိကံ ဝါတိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။
စိမိလိကာနာမ၊ စိမိလိကာမည်သည်။
သုဓာဒိပရိကမ္မကတာယ၊ အင်္ကတေ အစရှိသည်တို့ဖြင့် ပြု အပ်သော ပရိကမ်ရှိသော။ (အင်္ကတေ စသည်ဖြင့် သုတ်လိမ်းအပ်သော။)
ဘူမိယာ၊ မြေ၏။
ဝဏ္ဏာနုရုက္ခဏတ္ထံ၊ အဆင်းကို စောင့်ရှောက်ခြင်းအကျိုးငှာ။
ကတာ၊ ပြု အပ်သော အခင်းတည်း။
(ဟောတိဟု ရှိသည်ကား မကောင်း။)
တံ၊ ထိုအခင်းကို။
သုဓာဒိပရိကမ္မကတာယ ။ ။ကတံ ပရိကမ္မံ ဧတိဿာတိ ပရိကမ္မကတာ၊ သုဓာ ဒီဟိ + ပရိကမ္မကတာ သုဓာဒိပရိကမ္မကတာ၊ ထက်ဝန်းကျင် အင်္ကတေ စသည်တို့ဖြင့် သုတ် လိမ်းမှုကို “ပရိကမ်”ဟု ခေါ်သည်၊ သုဓာဒိ၌ အာဒိဖြင့် မြေညက်, ဆေးအမျိုးမျိုးတို့ကို ယူပါ၊ထိုကဲ့သို့ အင်္ကတေ မြေညက် ဆေးတို့ဖြင့် သုတ်လိမ်းထားသော မြေပေါ်ဝယ် သင်ဖြူးတို့ကို တိုက်ရိုက်ခင်းလိုက်လျှင် အင်္ကတေရောင်, မြေညက်ရောင်, ဆေးရောင်တို့ ပျက်သွားစရာ ရှိ၏၊ ထိုသို့ မပျက်အောင် “စိမိလိကာ” ခေါ်သော အဝတ်ကြမ်းကို အောက်ကထားပြီးမှ သင်ဖြူးတို့ကို ခင်းကြရသည်။
ဟေဋ္ဌာ၊ အောက်၌။
ဝါ၊ အောက်က။
ပတ္ထရိတွာ၊ ဖြန့်ခင်း၍။
ဥပရိ၊ အထက်၌။
ဝါ၊ အပေါ်က။
ကဋသာရကံ၊ သင်ဖြူးကို။
ပတ္တရန္တိ၊ ဖြန့်ခင်းကြကုန်၏။
ဥတ္တရတ္ထရဏံ နာမ၊ မည်သည်။
မဉ္စပီဌာနံ၊ တို့၏။
ဥပရိ၊ ၌။
အတ္ထရိတဗ္ဗကံ၊ ခင်းထိုက်သော။
ပစ္စတ္ထရဏံ၊ အပေါ် လွှမ်းအခင်းတည်း။
[အတ္ထရီယတေတိ အတ္ထရဏံ၊ ဥတ္တရိ + အတ္ထရဏံ ဥတ္တရတ္ထရဏံ။]
ဘူမတ္ထရဏံနာမ၊ မည်သည်။
ဘူမိယံ၊ မြေပေါ်၌။
အတ္ထရိ တဗ္ဗာ၊ ခင်းထိုက်သော။
[ဘူမိယံ အတ္ထရိတဗ္ဗာတိ စိမိလိကာယ သတိ တဿာ ဥပရိ, အသတိ သုဒ္ဓဘူမိယံ. အတ္ထရိတဗ္ဗာ။]
ကဋသာရကာဒိ ဝိကတိ၊ သင်ဖြူး အစရှိသော အထူးပြုအပ်သော အခင်းတည်း။
(“ကဋသာရကာဒိ ဝိကတိ” ဟု ဆိုသောကြောင့် တဋ္ဋိကာမှ အထူးပြုအပ်သော သင်ဖြူးကို ယူပါ။)
တဋ္ဋိကာနာမ၊ မည်သည်။
တာလပဏ္ဏေဟိဝါ၊ ထန်းရွက်တို့ဖြင့်သော်လည်းကောင်း။
ဝါကေဟိဝါ၊ လျော်တို့ဖြင့်သော်လည်းကောင်း။
ကတတဋ္ဋိကာ၊ ပြုအပ်သော သပေါ့ဖျာတည်း။
စမ္မခဏ္ဍာနာမ၊ စမ္မခဏ်မည်သည်။
သီဟဗျဂ္ဃဒီပိတရစ္ဆစမ္မာဒီသုပိ၊ ခြင်္သေ့ရေး ကျားရေ, သစ်ရေ, အောင်းရေ အစရှိသော အရေတို့တွင်လည်း။
ယံကိဉ္စိ၊ အမှတ် မထား, တစ်ပါးပါးသော။
စမ္မံ၊ အရေတည်း။
[စမ္မဿ၊ အရေ၏။
ခဏ္ဍော၊ အပိုင်း တည်း။
စမ္မခဏ္ဍော၊ ပိုင်း။]
ဟိ၊ မှန်။
အဋ္ဌကထာသူ၊ ရှေးအဋ္ဌကထာတို့၌။
သေနာ သနပရိဘောဂေ၊ ကျောင်းအသုံးအဆောင်၌။
ပဋိက္ခိတ္တစရွံနာမ၊ ပယ်အပ်သော အရေမည်သည်ကို။
န ဒိဿတိ၊ မတွေ့မြင်အပ်။
တသ္မာ၊ ကြောင့်။
သီဟစမ္ပာဒီနံ၊ ခြင်္သေ့ရေ အစရှိသည်တို့ကို။
ပရိဟရဏေယေဝ၊ သွားလေရာ ဆောင်ယူခြင်း၌သာ။
ပဋိက္ခေပေါ၊ ပယ်မြစ်ခြင်းကို။
ဝေဒိတဗ္ဗော၊ သိထိုက်၏။
ပါဒပုဉ္ဆနီနာမ၊ မည်သည်။
ရဇ္ဇုကေဟိဝါ၊ ကြိုးငယ်တို့ဖြင့်သော်လည်းကောင်း။
ပိလောတိကာဟိဝါ၊ အဝတ်ပိုင်း တို့ဖြင့်သော်လည်းကောင်း။
ပါဒပုဉ္ဆနတ္ထံ၊ ခြေကို သုတ်ခြင်းအကျိုးငှာ။
ကတာ၊ ပြုအပ်သော ခြေသုတ်တည်း။
[ကြိုးကလေးတို့ကို ရစ်၍ဝိုင်းပြီး ထားလိုက်လျှင်ခြေသုတ်ကြိုးဝန်း ဖြစ်၏။ သင်္ကန်းစုတ်တို့ကို ကြိုးကျစ်၍ ဝိုင်းတားလိုက်လျှင် ပိလောတိက ခြေသုတ်ဖြစ်၏။ ရှေးက ထိုခြေသုတ်မျိုးသာ ရှိသည်ယခုအခါ ခြေသုတ်ဖုံများကိုကား အတ္ထန္တရဝိကပ္ပနတ္ထဝါသဒ္ဒါဖြင့် ယူပါ။]ပရိဟရဏေယေဝ ။ ။ကိုယ့်ဥစ္စာအနေအားဖြင့် ထိုထိုအရပ်သို့ သွားလေရာ ဆောင် ယူ၍ (ညောင်စောင်း အင်းပျဉ် စသည်တို့၌ ခင်း၍) သုံးဆောင်ခြင်း၌သာ ခြင်္သေ့ရေ စသော သားရေကို ပယ်သည်၊ ကိုယ်ပိုင်မဟုတ်ဘဲ သံဃိကကျောင်း အသုံးအဆောင်အဖြစ်၌ကား မအပ်သော သားရေ မရှိပါ။ [သီဟစမ္မာဒီနံ ပရိဟရဏံယေဝ ပဋိက္ခေပေါ ဝေဒိတဗ္ဗောတိ ဣမိနာ – နဘိက္ခဝေ မဟာစမ္မာနိ ဓာရေတဗ္ဗာနိ၊ သီဟစမ္မံ, ဗျဂ္ဃစမ္မံ, ဒီပိစမ္မံ၊ ယော ဓာရေယျ၊ အာပတ္တိ ဒုက္ကဋဿာ” တိ ဧဝံ ဝုတ္တာယ ခန္ဓကပါဠိယာ အဓိပ္ပာယံ ဝိဘာဝေတိ၊-ဋီကာ။]
ဖလကပီဌံနာမ၊ မည်သည်။
ဖလကမယံ၊ ပျဉ်ချပ်ဖြင့် ပြုအပ်သော။
ပီဌံ၊ အင်း ပျဉ်တည်း။
ဝါ၊ ထိုင်ခုံတည်း။
[ဤပဌမနည်းဖြင့် ဖလကပီဌံဝယ် အလယ်၌ မယပုဒ် ကျေနေသည်ကို ပြသည်ဟု ယောဇနာ ဆို၏။ “ဖလကဉ္စ+တံ+ပီဌဉ္စာတိ ဖလက ပီဌံ” ဟု အရတူ ကမ္မဓာရည်းသမာသ်ကို ပြသည်ဟု ထင်သည်။]
အထဝါ၊ ထို့ပြင် တစ်နည်းကား။
ဖလကဉ္စေ၀၊ ပျဉ်ချပ်လည်းကောင်း။
ဒါရုမယပီဌဉ္စ၊ သစ်သားဖြင့် ပြုအပ်သော အင်းပျဉ်လည်းကောင်းတည်း။
[ဤဒုတိယနည်းအလို ဖလကနှင့် ပီဌအရကို တစ်မျိုးစီ ယူ၍ “ဖလကဉ္စ+ပီဌဉ္စ ဖလကပီဌံ” ဟု ဒွန်သမာသ် ပြုရ မည်ဟု ပြသည်။]
ဧတေန၊ ဤဖလကပီဌံဟူသော ပါဌ်ဖြင့်။
သဗ္ဗမ္ပိ၊ အလုံးစုံလည်း ဖြစ်သော။
ဒါရုဘဏ္ဍာဒိ၊ သစ်ဘဏ္ဍာ အစရှိသည်ကို။
သင်္ဂဟိတံ၊ သိမ်းယူအပ်ပြီ။
ပန၊ ဝါဒန္တရကား။
မဟာပစ္စရိယံ၊ ၌။
ဝိတ္ထာရေနေဝ၊ အကျယ်အားဖြင့်သာလျှင်။
ဝုတ္တံ၊ ပြီ။
[ “သဗ္ဗမ္ပိ ဒါရုဘဏ္ဍာဒိ သင်္ဂဟိတံ” ဟု တစ်ပေါင်းတည်းလုံး၍ မဆိုဘဲ ခွဲခြား၍ ဆိုထားသည်ကို “အကျယ်ဆိုအပ်ပြီ" ဟု ဆိုသည်။]
(ကိံ၊ အဘယ်သို့ ဆိုအပ် သနည်း။)
အာဓာရကံ၊ သပိတ်ခြေကိုလည်းကောင်း။
ပတ္တပိဓာနံ၊ သပိတ်ဖုံးကိုလည်း ကောင်း။
ပါဒကထလိကံ၊ ခြေပွတ်အိုးခြမ်းကိုလည်းကောင်း။
တာလဝဏ္ဍံ၊ ထန်းရွက် ယပ်ဝန်းကိုလည်းကောင်း။
ဗီဇနီပတ္တကံ၊ ယပ်အပြားကိုလည်းကောင်း။
ယံကိဉ္စိ၊ အမှတ်မထား, တစ်ပါးပါးသော။
ဒါရုဘဏ္ဍံ၊ သစ်ဘဏ္ဍာကိုလည်းကောင်း။
အန္တမ သော၊ အောက်ထစ်ဆုံးအားဖြင့်။
ပါနီယဥဠုင်္ကံ၊ သောက်ရေမှုတ်ကိုလည်းကောင်း။
ပါနီယသင်္ခံ၊ သောက်ရေ ခရုသင်းကိုလည်းကောင်း။
အဇ္ဈောကာသေ၊ လွင်တီး ခေါင်၌။
နိက္ခိပိတွာ၊ ထား၍။
ဂစ္ဆန္တဿ၊ သွားသော ရဟန်း၏။
ဒုက္ကဋံ၊ တည်း။
ဣတိ ဝုတ္တံ။
မဟာအဋ္ဌကထာယံ ပန၊ ၌ကား။
ဧသ (ဧသော) နယော၊ ဤနည်းကို။
ဒုတိယသိက္ခာပဒေ၊ ၌။
ဒဿိတော၊ ပြအပ်ပြီ။
အဇ္ဈောကာသေ၊ လွင်တီးခေါင်၌။
ရဇနံ၊ ဆိုးရည်ကို။
ပစိတွာ၊ ကျိုပြီး၍။
ရဇန ဘာနံ၊ ဆိုးရည်အိုးလည်းကောင်း။
ရဇနဥဠုင်္ကော၊ ဆိုးရည်မှတ်လည်းကောင်း။
ရဇနဒေါဏိကာ၊ ဆိုးရည်ထည့်စရာ ဇလားလည်းကောင်း။
ဣတိ၊ ဤသို့အစရှိသော။
သဗ္ဗံ၊ အလုံးစုံကို။
အဂ္ဂိသာလာယ၊ မီးတင်းကုတ်၌။
ပဋိသာမေတဗ္ဗံ၊ သိုမှီးသိမ်းဆည်း ရာ၏။
အဂ္ဂိသာလာ၊ မီးတင်းကုတ်သည်။
သစေ နတ္ထိ၊ အံ့။
အနောဝဿကေ၊ မိုး မစွပ်အပ်သော။
ပဗ္ဗာရေ၊ တောင်ဝှမ်း၌။
နိက္ခိပိတဗ္ဗံ၊ ထားရာ၏။
တသ္မိံပိ၊ ထို တောင်ဝှမ်းသည်လည်း။
အသတိ၊ သော်။
ယတ္ထ၊ အကြင်အရပ်၌။
ဩလောကန္တာ၊ ကြည့်ရှုကုန်သော။
ဘိက္ခူ၊ တို့သည်။
ပဿန္တိ၊ အလွယ်တကူ မြင်နိုင်ကုန်၏။
တာဒိသေ၊ ထိုကဲ့သို့ရှုအပ်သော။
ဌာနေ၊ အရပ်၌။
ထပေတွာပိ၊ ထား၍လည်း။
ဂန္တုံ၊ သွားခြင်းငှာ။
ဝဋ္ဋတိ၊ အပ်၏။
[ခြစသည်တို့ တက်နေလျှင် အလွယ်တကူ မြင်နိုင် လောက်သော အရပ်၌ အခြားရဟန်းများ မြင်လျှင် သုတ်သင်ရှင်းလင်းနိုင်၏။ ထို့ကြောင့် “ယတ္ထ ဩလောကေန္တာ ။ပေ။ ထပေတွာပိ” ဟု ဆိုသည်။]
အညဿ ပုဂ္ဂလိကေတိ၊ ကား။
ယသ္မိံ၊ အကြင်ပုဂ္ဂိုလ်၌။
ဝိဿာသဂ္ဂါဟော၊ အကျွမ်းဝင်ခြင်းကြောင့် ယူခြင်းသည်။
န ရုဟတိ၊ မတက်ရောက်။
ဝါ၊ အထ မမြောက်။
တဿ၊ ထိုပုဂ္ဂိုလ်၏။
သန္တကေ၊ ဥစ္စာ၌။
(အနုဒ္ဓရိတွာဝါ၊ ၍လည်းကောင်း။
အနုဒ္ဓရာပေတွာဝါ၊ ၍လည်းကောင်း။
ဂစ္ဆန္တဿ၊ ၏။)
ဒုက္ကဋံ (ဟောတိ။)
ပန၊ အနွယ ကား။
ယသ္မိံ၊ အကြင်ပုဂ္ဂိုလ်၌။
ဝိဿာသော၊ အကျွမ်းဝင်ခြင်းသည်။
ဝါ၊ အကျွမ်းဝင် ခြင်းကြောင့် ယူခြင်းသည်။
ရုဟတိ၊ တက်ရောက်၏။
ဝါ၊ အထမြောက်၏။
တဿ၊ ထိုပုဂ္ဂိုလ်၏။
သန္တကံ၊ ဥစ္စာသည်။
အတ္တနော၊ ၏။
ပုဂ္ဂလိကမေဝ၊ ပုဂ္ဂလိကဥစ္စာကဲ့သို့။
ဟောတိ၊ ၏။
ဣတိ၊ သို့။
မဟာပစ္စရိယာဒီသု၊ မဟာပစ္စရီ အစရှိသော အဋ္ဌကထာ တို့၌။
ဝုတ္တံ၊ ဆိုအပ်ပြီ။
အာပုစ္ဆံ ဂစ္ဆတီတိ၊ ကား။
ယော ဘိက္ခုဝါ၊ အကြင်ရဟန်းသည် သော်လည်းကောင်း။
ယော သာမဏေရောဝါ၊ အကြင်သာမဏေသည်သော်လည်း ကောင်း။
ယော အာရာမိကောဝါ၊ အကြင်အာရာမ်စောင့်သည်သော်လည်းကောင်း။
လဇ္ဇီ၊ ရှက်ခြင်းရှိသည်။
ဟောတိ၊ ၏။
အတ္တနော၊ ၏။
ပလိဗောဓံ ဝိယ၊ ပလိဗောဓကို ကဲ့သို့။
မညတိ၊ မှတ်ထင်၏။
[လဇ္ဇီဟူရာ၌ လဇ္ဇီပေသလသိက္ခာကာမကို ဆိုလိုသည် မဟုတ်။ မိမိဥစ္စာကဲ့သို့ ဂရုစိုက်တတ်သော ပုဂ္ဂိုလ်ကို ဤနေရာ၌ လဇ္ဇီ ခေါ်သည်ဟု ပြလို၍ “အတ္တနော ပလိဗောဓံ ဝိယ မညတိ"ဟု လဇ္ဇီပုဒ်ကို ထပ်၍ သရုပ်ဖော် သည်။]
ယော၊ အကြင်ရဟန်းသည်။
တထာရူပံ၊ ထိုသို့သဘောရှိသော ပုဂ္ဂိုလ်ကို။
အာပုစ္ဆိတွာ၊ ပန်ပြော၍။
ဂစ္ဆတိ၊ ၏။
တဿ၊ ၏။
အနာပတ္တိ။
ဩတာပေန္တော ဂစ္ဆတီတိ၊ ကား။
အာတပေ၊ နေပူ၌။
ဩတာပေန္တော၊ နေလှန်းလျက်။
အာဂန္တွာ၊ ပြန် လာ၍။
ဥဒ္ဓရိဿာမိ၊ ရုပ်သိမ်းအံ့။
ဣတိ၊ ဤသို့ကြံ၍။
ဂစ္ဆတော၊ သွားသော ရဟန်း ၏။
အနာပတ္တိ။
ကေနစိ ပလိဗုဒ္ဓံ ဟောတီတိ၊ ကား။
သေနာသနံ၊ အိပ်ရာနေရာသည်။
ဝါ၊ ကို။
ကေနစိ၊ တစ်စုံတစ်ယောက်သည်။
ဥပဒ္ဒုတံ၊ ကပ်၍ နှိပ်စက်အပ်သည်။
ဝါ၊ နှောက်ယှက်အပ်သည်။
ဟောတိ၊ ဖြစ်အံ့။
ဣတိ အတ္ထော၊ နက်။
ဟိ ချဲ့။
ဝုဍ္ဎတရော၊ မိမိထက် သီတင်းကြီးသော။
ဘိက္ခု၊ သည်။
ဥဋ္ဌာပေတွာ၊ ထစေ၍။
သစေပိ ဂဏှာ တိ၊ အံ့။
(ဧဝံသတိဝါ၊ ဤသို့ယူသော်လည်းကောင်း။)
ယက္ခောဝါ၊ ဘီလူးသည်သော် လည်းကောင်း။
ပေတောဝါ၊ ပြိတ္တာသည်သော်လည်းကောင်း။
အာဂန္တွာ၊ ၍။
သစေပိ နိသီဒတိ၊ အံ့။
(ဧဝံသတိဝါ၊ ဤသို့ထိုင်သော်လည်းကောင်း။)
ကောစိ၊ တစ်စုံတစ် ယောက်သော။
ဣဿရော၊ အစိုးရသူသည်။
အာဂန္တွာ၊ ၍။
သစေ ဂဏှာတိ၊ အံ့။
(ဧဝံသတိဝါ၊ ဤသို့ယူသော်လည်းကောင်း။)
သေနာသနံ၊ သည်။
ဝါ၊ ကို။
ပလိဗုဒ္ဓံ၊ နှောက်ယှက်အပ်သည်။
ဟောတိ၊ ၏။
ဝါ ပန၊ သည်သာ မကသေး။
သီဟဗျဂ္ဃါဒီသု၊ ခြင်္သေ့ ကျားအစရှိသော သတ္တဝါတို့သည်။
တံ ပဒေသံ၊ သို့။
အာဂန္တွာ၊ ၍။
ဌိတေသု ပိ၊ တည်နေပြန်ကုန်သော်လည်း။
သေနာသနံ၊ သည်။
ဝါ၊ ကို။
ပလိဗုဒ္ဓံ၊ နှောက်ယှက် အပ်သည်။
ဟောတိယေဝ၊ သည်သာ။
ဧဝံ၊ သို့။
ကေနစိ၊ တစ်စုံတစ်ယောက်သည်။
(သေနာသနေ၊ ကို။)
ပလိဗုဒ္ဓေ၊ နှောက်ယှက်အပ်သော်။
အနုဒ္ဓရိတွာပိ၊ မရုပ်သိမ်း မူ၍လည်း။
ဂစ္ဆတော၊ သွားသော ရဟန်း၏။
အနာပတ္တိ။
[ပလိဗုဒ္ဓေနဟု ရှေးစာအုပ် တို့၌ န ပါနေသည်ကား အပို။]
အာပဒါသူတိ၊ ကား။
ဇီဝိတဗြဟ္မစရိယန္တရာယေသု၊ အသက်အန္တရာယ်, ဗြဟ္မစရိယအန္တရာယ်တို့ကြောင့်။
(အနုဒ္ဓရိတွာ ဂစ္ဆတော အနာ ပတ္တိ)
သေသံ ဥတ္တာနမေဝ၊ ပေ၊ တိဝေဒနန္တိ၊
[ဤအဋ္ဌကထာဆိုပုံနှင့် ကင်္ခါအဋ္ဌ ကထာ ဆိုပုံသည် မတူ။ ကင်္ခါအဋ္ဌကထာ၌ ရှုပါ။ ]
ပဌမသေနာသနသိက္ခာပဒံ စတုတ္ထံ။