**၈၆။** ဒသမသိက္ခာပဒေ၊ ၌။
ဇာတာစ ။
ပေ။
ဣမေဟိ ပဒေဟိ၊ ဟူကုန်သော ဤပုဒ်တို့ဖြင့်။
ဇာတပထ၀ိံစ၊ ဇာတပထဝီကိုလည်းကောင်း။
ဝါ၊ မြေအစစ်ကိုလည်း ကောင်း။
အဇာတပထဝိံစ၊ အဇာတပထဝီကိုလည်းကောင်း။
ဝါ၊ အစစ် မဟုတ် သော မြေကိုလည်းကောင်း။
ဒဿတိ၊ ပြ၏။
အပ္ပပါသာဏာဒီသု၊ အပ္ပပါသာဏ အစရှိသော ပုဒ်တို့၌။
(အတ္ထာ ဒဋ္ဌဗ္ဗာ၌ စပ်။)
ဧတ္ထ၊ ဤမြေ၌။
အပ္ပါ၊ အနည်းငယ် ကုန်သော။
ပါသာဏာ၊ ကျောက်ခဲတို့သည်။
(သန္တိ) ဣတိ၊ ကြောင့်။
(သာ၊ ထိုမြေ သည်။)
အပ္ပပါသာဏာ၊ မည်၏။
ဣတိ ဧဝံ အတ္ထော ဒဋ္ဌဗ္ဗော။
တတ္ထ၊ ထိုအပ္ပ ပါသာဏ အစရှိသည်တို့တွင်။
မုဒိပ္ပမာဏတော၊ လက်ဆုပ်ဖြင့် ယူနိုင်သော ပမာဏ ရှိသော ကျောက်ခဲမှ။
ဥပရိ၊ အထက်၌။
(အထက်ဖြစ်သော ကျောက်ခဲတို့ကို။)
ပါသာ ဏောတိ၊ ဟူ၍။
ဝေဒိတဗ္ဗာ၊ ၏။
မုဋ္ဌိပ္ပမာဏာ၊ လက်ဆုပ်ဖြင့် ယူနိုင်သော ပမာဏ ရှိသော ကျောက်ခဲတို့ကို။
သက္ခရာ၊ သက္ခရတို့ဟူ၍။
ဝါ၊ ကျောက်စရစ်တို့ဟူ၍။
ဝေဒိတဗ္ဗာ၊ ကုန်၏။
[မုနိပ္ပမာဏာတိ၊ မုဋ္ဌိနာ သင်္ဂဟေတဗ္ဗပ္ပမာဏာ။ ]
ကထလာတိ၊ ကား။
ကပါလခဏ္ဍာနိ၊ အိုးခြမ်း၏ အစိတ်အပိုင်းတို့တည်း။
ဝါ၊ အိုးခြမ်းကွဲတို့တည်း။
မရုမ္ဗာတိ၊ ကား။
ကဋသက္ခရာ၊ ကျောက်ပြုတ်တို့တည်း။
[ကဋေ + သံဒိဿမာနာ သက္ခရာ ကဋသက္ခရာ၊ ဖျာပေါ်၌ တွေ့မြင်အပ်ကုန်သော ကျောက်ခဲကလေးတို့။ သက္ခရာ၌လည်း “သံ + ခရ” ဟု ခွဲ၊ ဖုံမှုန့်ကလေးများလို နုညံ့မနေဘဲ ကြမ်းတမ်း သော အတွေ့ရှိသော ကျောက်မှုန့်များကို “သက္ခရ” ဟု ခေါ်သည်ဟု ကြံပါ။]
ဝါလိကာတိ၊ ကား။
ဝါလိကာယေဝ၊ သဲတို့ပင်တည်း။
[ပရိယာယ်အထူး မရှိ-ဟူလို။]
ယေဘုယျေန ပံသုကာတိ၊ ကား။
တီသု၊ ၃ ပါးကုန်သော။
ကောဋ္ဌာသေသု၊ အဖို့ အစုတို့တွင်။
ဒွေ ကောဋ္ဌာသာ၊ ၂ ဖို့ ၂ စုတို့သည်။
ပံသု၊ မြေမှုန်တည်း။
ဧကော၊ တစ်ဖို့တစ်စုသည်။
ပါသာဏာဒီသု၊ ကျောက်ခဲ အစရှိသည်တို့တွင်။
အညတရော၊ အမှတ်မထား, တစ်ပါးပါးသော အဖို့အစုတည်း။
အဒဍ္ဎာပီတိ၊ ကား။
ဥဒ္ဓန ။
ပေ။
ဝသေန၊ ဖိုခနောက်ထားခြင်း, သပိတ်ဖုတ်ခြင်း, အိုးထိန်းသည်တို့၏ အိုးကို ဖုတ်ခြင်း အစရှိသည်တို့၏ အစွမ်းဖြင့်။
[ကင်္ခါ၌ “ဥဒ္ဓန ပတ္တပစနာဒိဝသေန” ဟုသာ ရှိ၏။]
တထာ တထာ၊ ထိုထိုအခြင်းအရာအားဖြင့်။
အဒဍ္ဎာ၊ မီးမလောင်အပ်သော မြေတည်း။
ပန၊ ဆက်။
သာ၊ ထိုအဒဍ္ဎမြေသည်။
ဝိသုံ၊ သီးခြား။
နတ္ထိ၊ မရှိ။
သုဒ္ဓပံသု အာဒီသု၊ သုဒ္ဓပံသု အစရှိသည်တို့တွင်။
အည တရောဝ၊ တစ်မျိုးသော မြေသာတည်း။
(ဣတိ၊ သို့)။
ဝေဒိတဗ္ဗာ၊ ၏။
ယေဘုယျေန သက္ခရာတိ၊ ကား။
ဗဟုတရသက္ခရာ၊ များသော ကျောက်စရစ်ရှိသော မြေတည်း။
ဟတ္ထိကုစ္ဆိယံ၊ ဟတ္ထိကုစ္ဆိအရပ်၌။
ဧကပစ္ဆိပူရံ၊ တောင်းတစ်လုံး ပြည့်အောင်။
အာ ဟရာပေတွာ၊ မြေကို ဆောင်စေ၍။
ဒေါဏိယံ၊ စကျင်း၌။
ဓောဝိတွာ၊ ဆေး၍။
ပထဝိယာ၊ မြေ၏။
ယေဘုယျေန သက္ခရဘာဝံ၊ ယေဘုယျေန သက္ခရ၏ အဖြစ်ကို။
ဝါ၊ များသောအားဖြင့် ကျောက်စရစ်ရှိသည်၏ အဖြစ်ကို။
ဉတွာ၊ သိ၍။
သယံ၊ ကိုယ်တိုင်။
ဘိက္ခူ၊ တို့သည်။
ပေါက္ခရဏိံ၊ ရေကန်ကို။
ခနိံသု ကိရ၊ တူးကြကုန်ဖူး သတတ်။
[“ခဏိံသု” ဟုလည်း ရှိ၏။]
ပန၊ ဆက်။
မဇ္ဈေ၊ အလယ်၌။
အပ္ပပံသု အပ္ပမတ္တိကာတိ၊ ဟူကုန်သော။
ဒွေ၊ ၂ ပုဒ်ကုန်သော။
ယာနိ ပဒါနိ၊ တို့သည်။
(သန္တိ၊ ရှိကုန်၏။)
တာနိ၊ ထို ၂ ပုဒ်တို့သည်။
ဟတ္ထိကုစ္ဆိယံ ပေ၊ ခနိံသု ။ ။ဟတ္ထိကဋ္ဌိအရပ်ဝယ် တစ်တောင်းစာလောက် မြေကို ယူ၍ ရေစကျင်းထည်း၌ ရေဆေးကြည့်သောအခါ မြေမှုန်တွေက ရေထည်း၌ မျော သွား၍ ကျောက်စရစ်တွေသာ ကျန်သည်၊ ထိုကျန်သော ကျောက်စရစ်တွေသည် မျောသွား သော မြေထက် များသောကြောင့် ယေဘုယျေန သက္ခရပထဝီဖြစ်ကြောင်း သိသာ၏၊ ထို့ ကြောင့် အဇာတပထဝီတွင် ပါဝင်ရကား ထိုဟတ္ထိကုစ္ဆိအရပ်၌ ရဟန်းများ ကိုယ်တိုင် ရေကန် တူးကြသတတ်၊ ဤဝတ္ထုကို ထောက်၍ "ယခုကာလ ကျောက်တောင်များကိုလည်း ကိုယ်တိုင် တူးနိုင်သည်” ဟု မှတ်ပါ။
ယေဘုယျေန ပါသာဏာဒိ ပဉ္စကမေဝ၊ ယေဘုယျေန ပါသာဏ အစရှိသော ၅ ပါး အပေါင်းသို့သာ။
ပဝိသန္တိ၊ ဝင်ကုန်၏။
ဟိ၊ မှန်။
ဧတံ၊ ဤယေဘုယျေန ပါသာဏ အစရှိသော ၅ ပါး အပေါင်းသည်။
ဒွိန္နံ၊ အပ္ပပံသု အပ္ပမတ္တိကအားဖြင့် ၂ ပါးကုန် သော။
တေသံယေဝ၊ ထိုပုဒ်တို့၏သာ။
ပဘေဒဒဿနံ၊ အထူးအပြားကို ပြကြောင်း ဖြစ်သော ၅ ပါး အပေါင်းတည်း။
[အပ္ပဂံသုဆိုလျှင် ယေဘုယျေန ပါသာဏသော် လည်း ဖြစ်, ယေဘုယျေန သက္ခရသော်လည်း ဖြစ်, ယေဘုယျေန ကထလသော် လည်း ဖြစ်, ယေဘုယျေန မရုမ္ဗသော်လည်း ဖြစ်, ယေဘုယျေန ဝါလိကာသော် လည်း ဖြစ်ရမည်။ အပ္ပမတ္တိကာဟူသည်လည်း ထို ၅ ပါးထည်းက တစ်မျိုးမျိုးပင် ဖြစ်မည်-ဟူလို။]
သယံ ။
ပေ။
ပါစိတ္တိယဿာတိ ဧတ္ထ၊ ၌။
ပဟာရေ ပဟာရေ၊ ပုတ်ခတ်တိုင်း ပုတ်ခတ်တိုင်း၌။
(ပေါက်တူး စသည်ဖြင့် ပေါက်တိုင်း ပေါက်တိုင်း၌။)
ပါစိတ္တိယံ၊ ကို။
ဝေဒိတဗ္ဗံ၊ ၏။
သကိံ ။
ပေ။
ခဏတီတိ၊ ကား။
(အာဏတ္တော၊ စေခိုင်း အပ်သူသည်။)
သကလဒိဝသံ၊ တစ်နေ့ပတ်လုံး။
သစေပိ ခဏတိ၊ အကယ်၍မူ လည်း တူးစေဦးတော့။
(ဧဝံသတိပိ၊ ဤသို့ပင် တူးပါသော်လည်း။)
အာဏာ ပကဿ၊ စေခိုင်းတတ်သော ရဟန်း၏။
ဧကံယေ၀၊ တစ်ချက်သာလျှင် ဖြစ်သော။
ပါစိတ္တိယံ, (ဟောတိ။)
ပန၊ ဆက်။
(အာဏတ္တော၊ သည်။)
ကုသီတော၊ ပျင်းသည်။
ပုနပ္ပုနံ၊ ထပ်ခါ ထပ်ခါ။
အာဏာပေတဗ္ဗော၊ စေခိုင်းထိုက်သည်။
သစေ ဟောတိ၊ အံ့။
တံ၊ ထိုပျင်းသူကို။
အာဏာပေတွာ၊ စေခိုင်း၍။
ခဏာပေန္တဿ၊ တူးစေသော ရဟန်း၏။
ဝါစာယ ဝါစာယ၊ စကားခွန်းတိုင်း စကားခွန်းတိုင်း၌။
ပါစိတ္တိယံ, (ဟောတိ။)
အယံ၊ ဤဆိုအပ်ပြီးကား။
တာဝ၊ ပါဠိမုတ္တကဝိနိစ္ဆယမှ ရှေးဦးစွာ။
(နိဒ္ဒိဋ္ဌာ၊ သော။)
ပါဠိဝဏ္ဏနာ၊ ပါဠိတော်၏ အဖွင့်တည်း။
အယံ ပန၊ ဤဆိုအပ်လတံ့ကား။
ပါဠိမုတ္တကဝိနိစ္ဆယော၊ ပါဠိတော်မှ အလွတ် ဖြစ်သော အဆုံးအဖြတ်တည်း။
[ခဏတိဝါ ခဏာပေတိဝါ၏ ရှေ့နားတိုင်အောင် ပါဠိမုတ္တက ဝိနိစ္ဆယဖြစ်သည်။]
ပေါက္ခရဏိံ၊ လေးထောင့်ကန်ကို။
ခဏ၊ တူးလော။
ဣတိ၊ သို့။
ဝဒတိ၊ အံ့။
ဝဋ္ဋတိ၊ အပ်၏။
[“ဤနေရာ၌ တူးလော” ဟု နေရာကို သတ်မှတ်၍ မခိုင်းသောကြောင့် အပ်သည်၊ ဝဋ္ဋတီတိ “ဣမသ္မိံ ဩကာသေ”တိ အနိယမေတ္တာ ဝုတ္တတ္တာ ဝဋ္ဋတိ၊-ဋီကာ။]
ဟိ၊ မှန်၏။
(တစ်နည်း)
ဟိ (ယသ္မာ)၊ ကြောင့်။
ပေါက္ခရဏီနာမ၊ မည်သည်။
ခတာယေဝ၊ တူးအပ်သည်သာ။
(တူးစရာ သည်သာ။)
ဟောတိ။
တသ္မာ၊ ကြောင့်။
အယံ၊ ဤပေါက္ခရဏိံ ခဏဟူသော အသုံး အနှုန်းသည်။
ကပ္ပိယဝေါဟာရော၊ အပ်သော အသုံးအနှုန်းတည်း။
[ဤရေကန်ဟု နေရာကို မသတ်မှတ်ဘဲ ခိုင်းသောကြောင့် ကပ္ပိယဝေါဟာရ ဖြစ်သည်။]
ဝါပိံခဏ၊ ရေကန်ကို တူးလော။
တဠာကံ ခဏ၊ တစ်ဖက်ဆည်ကန်ကို တူးလော။
အာဝါဋံ ခဏ၊ တွင်းကို တူးလော။
ဣတိ အာဒီသုပိ၊ ဤသို့ အစရှိသော စေခိုင်းခြင်းတို့၌လည်း။
ဧသနယော၊ တည်း။
ပန၊ ဗျတိရိတ်ကား။
ဣမံ ဩကာသံ၊ ကို။
ခဏ၊ လော။
ဣမသ္မိံ ဩကာသေ၊ ၌။
ပေါက္ခရဏိံ ခဏ။
ဣတိ၊ သို့။
ဝတ္ထုံ န ဝဋ္ဋတိ။
[နေရာ သတ်မှတ်ချက် ပါသောကြောင့် မအပ်။]
ကန္ဒံ၊ သစ်တုကို။
ခဏ။
မူလံ၊ သစ်မြစ်ကို။
ခဏ။
ဣတိ၊ ဤသို့။
အနိယမေတွာ၊ (မည်သည့် သစ်အု သစ်မြစ်ဟု) မသတ်မှတ်မူ၍။
ဝတ္တုံ ဝဋ္ဋတိ။
ဣမံ ဝလ္လိံ၊ ဤနွယ်ကို။
ခဏ။
ဣမသ္မိံ ဩကာသေ၊ ၌။
ကန္ဒံ ခဏ။
ဣတိဝါ၊ ဤသို့သော်လည်းကောင်း။
ဣမံ မူလံ ခဏ ဣတိဝါ။
ဝတ္တုံ၊ သတ်မှတ်၍ ပြောဆိုခြင်းငှာ။
န ဝဋ္ဋတိ။
ပေါက္ခရဏိံ၊ ကို။
သောဓေန္တေဟိ၊ သုတ်သင်ရှင်းလင်းသော ရဟန်းတို့သည်။
(အပနေတုံ ဝဋ္ဋတိ၌ စပ်။)
ယော တနုကကဒ္ဒမော၊ အကြင်ကြဲသော ညွန်သည်။
ဝါ၊ ကို။
ကုဋေဟိ၊ အိုးတို့ဖြင့်။
ဥဿိဉ္စိတုံ၊ အထက်သို့ ခပ်ယူခြင်းငှာ။
သက္ကာ၊ တတ် ကောင်းသည်။
ဟောတိ၊ ၏။
တံ၊ ထိုကြဲသော ညွန်ကို။
အပနေတုံ၊ ဖယ်ရှားခြင်းငှာ။
ဝဋ္ဋတိ၊ ၏။
ဗဟလော၊ ပြစ်သော။
(ယော ကဒ္ဒမော၊ အကြင်ညွန်သည်။
အတ္ထိ၊ ၏။
တံ၊ ထိုပြစ်သော ညွန်ကို။
အပနေတုံ၊ ငှာ။)
န ဝဋ္ဋတိ။
[ဤသို့လိုက်သင့်သော ပုဒ်များ ကို လိုက်၍ ပေးပါ။ အချို့စာအုပ်များ၌ “ဗဟလံ န ဝဋ္ဋတိ” ဟု ရှိသည်ကား စာသွား မကောင်း။]
အာတပေန၊ နေပူကြောင့်။
သုက္ခကဒ္ဒမော၊ ခြောက်သော ညွန် သည်။
ဖလတိ၊ ကွဲအက်၏။
တတြ၊ ထိုခြောက်သော ညွန်၌။
ဝါ၊ ထိုခြောက်သော ညွန်တွင်။
ယော၊ အကြင်ညွန်သည်။
ဟေဋ္ဌာ၊ အောက်၌။
ပထဝိယာ၊ မြေကြီးနှင့်။
အသမ္ဗဒ္ဓေါ၊ မဆက်စပ်။
("အပေါ်ရံ၌ အလှပ်လှပ်ဖြစ်၍ မြေနှင့် ကွာနေသည်” ဟူလို။)
တမေဝ၊ ထိုမြေကြီးနှင့် မဆက်စပ်သော ညွန်ကိုသာ။
အပနေတုံ ဝဋ္ဋတိ။
ဥဒကေန၊ ရေသည်။
ဂတဋ္ဌာနေ၊ စီးသွားအပ်သော အရပ်၌။
ဥဒကပ္ပဋကောနာမ၊ ရေလွှာမည်သည်။
ဟောတိ၊ ရှိတတ်၏။
ဝါတပ္ပဟာရေန၊ လေ၏ တိုက်ခတ်ခြင်း ကြောင့်။
စလတိ၊ လှုပ်၏။
တံ၊ ထိုရေလွှာကို။
အပနေတုံ ဝဋ္ဋတိ။
ပေါက္ခရဏီ အာဒီနံ၊ လေးထောင့်ကန် အစရှိသည်တို့၏။
တဋံ၊ ကမ်းပါးသည်။
ဘိဇ္ဇိတွာ၊ ပြတ်၍။
ဝါ၊ ပြို၍။
ဥဒကသာမန္တာ၊ ရေ၏ အနီး၌။
ပတတိ၊ ကျ၏။
[ကမ်း ပြိုကျသည်-ဟူလို။]
ဩမကစာတုမာသဩဝဋ္ဌံ၊ မိုးစွပ်အပ်သည်ဖြစ်၍ ၄ လအောက် ယုတ်လျော့သော ကာလရှိသည်။
သစေ (ဟောတိ)၊ အံ့။
(ဧဝံသတိ၊ သော်။
တံ၊ ထိုမြေကို။)
ဆိန္ဒိတုံဝါ၊ ဖြတ်ခြင်းငှာလည်းကောင်း။
ဘိန္ဒိတုံဝါ၊ ခွဲခြင်းငှာလည်း ကောင်း။
ဝဋ္ဋတိ။
စာတုမာသတော၊ ၄ လမှ။
ဥဒ္ဓံ၊ အထက်၌။
န ဝဋ္ဋတိ။
[မိုးတစ်ကြိမ် စွပ်ပြီးနောက် လေးလကြာလျှင် ဇာတပထဝီဖြစ်သောကြောင့် ဖြတ်ခြင်းငှာ မအပ် ဟူလို။]
ပန၊ ဆက်။
(တဋံ၊ သည်။
ဘိဇ္ဇိတွာ၊ ၍။)
ဥဒကေယေဝ၊ ရေ၌သာ။
သစေ ပတတိ၊ အကယ်၍ ကျအံ့။
(ဧဝံသတိ၊ သော်။)
ဒေဝေ၊ မိုးသည်။
(ဩဝဋ္ဌေ၌ စပ်။ဩဝဋ္ဌေ၏ ကံကား “ဥဒကေယေဝ”တည်း။)
အတိရေကစာတုမာသံ၊ လေးလထက် လွန်သော ကာလ၌ (ကာလတုန်းက။)
ဩဝဋ္ဌေပိ၊ စွပ်အပ်ပါသော်လည်း။
ဝါ၊ စွပ် အပ်သည်လည်းဖြစ်သော။
ဥဒကေယေဝ၊ ရေပြင်၌သာ။
ဥဒကဿ၊ မိုးရေ၏။
ပတိ တတ္တာ၊ ကျသည်၏ အဖြစ်ကြောင့်။
ဝဋ္ဋတိ။
[ကမ်းပါးပြတ် မြေကား ရေထည်း ရောက်နေသောကြောင့် မိုးသည် မြေကို မစွပ်။ အပေါ်ရံ မြေပြင်ကိုသာ စွပ် သည်။ ထို့ကြောင့် ကမ်းပါးပြိုထားသော ရေအတွင်းက မြေသည် ဆိန္ဒိတုံ ဘိန္ဒိတုံ ဝဋ္ဋတိ-ဟူလို။]
ပါသာဏပိဋ္ဌိယံ၊ ကျောက်အပြင်ပေါ်၌။
သောဏ္ဍိံ၊ ရေကန်ကို။
ခဏန္တိ၊ တူးကြကုန်၏။
တတ္ထ၊ ထိုရေကန်၌။
ပဌမမေဝ၊ ရှေးဦးစွာသာလျှင်။ (မိုး မရွာမီ ရှေးဦးကပင်။)
သုခုမရဇံ၊ သိမ်မွေ့ သော မြူမှုန်သည်။
သစေ ပတတိ၊ အကယ်၍ ကျအံ့။
တံ၊ ထိုမြူမှုန်သည်။
ဝါ၊ ကို။
ဒေဝေန၊ မိုးသည်။
ဩဝဋ္ဌံ၊ စွပ်အပ်သည်။
စေ ဟောတိ၊ အကယ်၍ ဖြစ်အံ့။
(ဧဝံသတိ၊ သော်။)
စာတုမာသစ္စယေန၊ ၄ လလွန် သဖြင့်။
ဝါ၊ ၄ လလွန်ရာအခါ၌။
အကပ္ပိယပထဝီသင်္ချံ၊ အကပ္ပိယပထဝီဟူသော အရေအတွက်သို့။
ဂစ္ဆတိ၊ ၏။
(ဇာတပထဝီဖြစ်ပြီ၊ ဟူလို။)
ဥဒကေ၊ သည်။
ပရိယာ ဒိဏ္ဏေ၊ ကုန်ခန်းလတ်သော်။
သောဏ္ဍိံ၊ ရေကန်ကို။
သောဓေန္တေဟိ၊ သုတ်သင် ကုန်သော ရဟန်းတို့သည်။
တံ၊ ထိုမြေကို။
ဝိကောပေတုံ၊ ဖျက်ဆီးခြင်းငှာ။
န ဝဋတိ။
[ဤစကားကို ထောက်၍ “ယခုကာလ ပန်းအိုးထည်း၌ ထည့်ထားသော အပေါ် ရံကစ၍ မိုးစွပ်သမျှ မြေသည် ၄ လကြာလျှင် ဇာတပထဝီ ဖြစ်၏”ဟု မှတ်။]
ပဌမမေဝ၊ ရှေးဦးစွာသာလျှင်။
(မိုးမရွာမီ ရှေးဦးကပင်။)
ဥဒကေန၊ ရေဖြင့်။
သစေ ပူရတိ၊ အကယ်၍ ပြည့်နေအံ့။
ပစ္ဆာ၊ နောက်မှ။
ရဇံ၊ မြူမှုန်သည်။
သစေ ပတတိ၊ အံ့။
(ဧဝံသတိ။)
တံ၊ ထိုမြေကို။
ဝိကောပေတုံ ဝဋ္ဋတိ။
(ကသ္မာ၊ နည်း။)
ဟိ (ယသ္မာ)၊ ကြောင့်။
တတ္ထ၊ ရေဖြင့်ပြည့်သော ထိုရေကန်၌။
ဒေဝေ၊ မိုးသည်။
ဝဿန္တေပိ၊ ရွာသော်လည်း။
ဥဒကေယေဝ၊ ၌သာ(ရေ၏ အပေါ်၌သာ။)
ဥဒကံ၊ မိုးရေ သည်။
ပတတိ၊ ၏။
ဣတိ၊ ကြောင့်။
(ဝိကောပေတုံ ဝဋ္ဋတိ။)
[နောက်မှ ကျသော မြူမှုန်က ရေအတွင်းသို့ ဝင်သွားသဖြင့် မိုးမစွပ်အပ်သောကြောင့် ဇာတပထဝီ မဟုတ်-ဟူလို။]
ပိဋ္ဌိပါသာဏေ၊ ကျောက်ဖျာအပြင်ပေါ်၌။
သုခုမရဇံ၊ သိမ်မွေ့သော မြူမှုန်သည်။
ဟောတိ။
ဒေဝေ၊ မိုးသည်။
ဖုသာယန္တေ၊ ထိမှုကို ပြုလတ်သော်။ (မိုး ထိလတ်သော်။)
အလ္လိယတိ၊ ငြိကပ်၏။
(မိုးထိသဖြင့် ထိုမြူမှုန်သည် ကျောက်ဖျာ၌ ငြိကပ်သွား၏-ဟူလို)။
တမ္ပိ၊ ထိုမြူမှုန်ကိုလည်း။
စာတုမာသစ္စယေန ဝိကောပေတုံ န ဝဋ္ဋတိ။
ပန၊ ဆက်။
အကတပဗ္ဘာရေ၊ မပြုမပြင်အပ်သော တောင်ဝှမ်း၌။
ဝမ္မိကော၊ တောင်ပို့သည်။
ဥဋ္ဌိတော၊ ထသည်။
ဝါ၊ ပေါက်သည်။
သစေ ဟောတိ။
(ဧဝံသတိ။
တံ၊ ထိုတောင်ပို့ကို။)
ယထာသုခံ၊ ချမ်းသာသည်အားလျော်စွာ။
ဝိကောပေတုံ ဝဋ္ဋတိ။
အဗ္ဘောကာသေ၊ လွင်တီးခေါင်၌။
(ဝမ္မိကော၊ သည်။)
သစေ ဥဋ္ဌဟကိ၊ အကယ်၍ ထအံ့။
ဝါ၊ ပေါက်အံ့။
(ဧဝံသတိ။)
ဩမကစာတုမာသဩဝဋ္ဌော၊ မိုးစွပ်အပ်သည် ဖြစ်၍ ယုတ်လျော့သော ၄ လရှိသည်။
(သမာနော) ယေဝ၊ ဖြစ်သော်သာ။
ဝါ၊ ဖြစ်မှသာ။
(ဝိကောပေတုံ) ဝဋ္ဋတိ။
(မိုးတစ်ကြိမ် စွပ်ပြီးနောက် ၄ လကျော်လျှင် မဖျက်ဆီးကောင်းတော့-ဟူလို။)
[ဩမကစာတုမာသဩဝဋ္ဌောပုဒ်၏ သမာသ်ဖြစ် သင့်ကြောင်းကို နောက်၌ ပြအံ့။]
ရုက္ခာဒီသု၊ သစ်ပင် အစရှိသော အရပ်တို့၌။
အာရုဠှဥပစိကာမတ္တိကာယပိ၊ တက်သော ခြ၏ မြေညက်၌လည်း။
(ခြသွားလမ်း ခြအိမ်၏ မြေညက်၌လည်း။)
ဧသေဝနယော၊ တည်း။
(လေးလအောက် မိုးစွပ်အပ်သော ခြသွားလမ်း ခြအိမ် တို့ကို ဖျက်ဆီးကောင်းသည်-ဟူလို။)
ဂဏ္ဍုပ္ပါဒဂူထ ။
ပေ။
ဒီသုပိ၊ တီသတ္တဝါ၏ ချေး, ကြွက်ကျစ်စာ, နွားခွာဖြင့် ဖြတ်အပ်သော ဆူးအစရှိသည်တို့၌လည်း။
ဧသေဝ နယော။
[တီကျစ်စာကို “ဂဏ္ဍုပ္ပါဒဂူထ” ဟု ဆိုသည်။ မူသိက + ဥက္ကူလဟူသည် ကြွက်တို့၏ တွင်းလုပ်သောအခါဝယ် တွင်းဘေး၌ စုပုံထားအပ်သော မြေပုံတည်း။]
ဂါဝီနံ၊ နွားမတို့၏။
ခရစ္ဆိန္နကဒ္ဒမော၊ ခွာဖြင့် ဖြတ်အပ်သော ညွန်ကို။
ဂေါကဏ္ဍကော နာမ၊ မည်၏ဟူ၍။
ဝုစ္စတိ၊ ၏။
ပန၊ ဆက်။
(ဂေါကဏ္ဍကော၊ နွားခွာဖြင့် ဖြတ်အပ် သော ဆူးသည်။)
ဟေဋ္ဌိမတလေန၊ အောက်အပြင်အားဖြင့်။
ဘူမိသမ္ဗန္ဓော၊ မြေ ကြီးနှင့် ဆက်စပ်နေသည်။
သစေ ဟောတိ၊ အံ့။
(ဧဝံသတိ။)
ဧကဒိဝသမ္ပိ၊ တစ်ရက် မျှရှိသော ဂေါကဏ္ဍကကိုလည်း။
(ဝိကောပေတုံ။)
န ဝဋ္ဋတိ။
[ဧကဒိဝသမြို့၌ ပိဖြင့်ဩမကစာတုမာသကို သမ္ဘာဝနာပြု။ လေးလအောက် ယုတ်လျော့သည်ကို မဆို ထားဘိ။ တစ်ရက်မျှရှိသေးသော ဂေါကဏ္ဍကကိုတောင် မဖျက်ဆီးကောင်း-ဟူလို။]အကတပဗ္ဘာရေ ။ ။မည်သူမျှ မသုံးစွဲဘဲ ပစ်ထားအပ်သော တောင်ဝှမ်းကို အကတ ပဗ္ဘာရဟု ခေါ်သည်၊ သုံးစွဲဖို့ရန် တံမြက်လှည်းခြင်း စသည် မပြုအပ်သောကြောင့် “အကတ” ဟု ဝိသေသနပြုထားသည်၊ ထိုတောင်ဝှမ်းမျိုး၌ တောင်ပို့ ပေါက်တတ်သောကြောင့် “အကတ ပဗ္ဘာရ” ကို ညွှန်ပြထားသည်၊ အမှန်အားဖြင့်ကား မည်သို့သော တောင်ဝှမ်း တောင်ခေါင်း၌ မဆို တောင်ပို့ပေါက်လျှင် မိုးမစွပ်အပ်သောကြောင့် ဖျက်ဆီးကောင်းပါ၏။
ဂေါကဏ္ဍက ။ ။နွားခွာဖြင့် နင်း၍ အပေါ်သို့ တက်လာသော ညွန်သည် ဆူး ကဲ့သို့ စူးတတ်သောကြောင့် “ဂေါကဏ္ဍက” မည်၏၊ ထိုဂေါကဏ္ဍကသည် ၂ မျိုးရှိ၏၊ နင်းလိုက် သောအခါ အောက်မြေနှင့် မဆက်မစပ် ပြတ်ထွက်သွားသော ခပ်မာမာ ညွန်တစ်မျိုး ပြတ်ထွက် မသွားဘဲ အောက်ကမြေနှင့် ဆက်စပ်နေသော ညွန်တစ်မျိုးတည်းထိုတွင် မြေနှင့် စပ်နေသော ဂေါကဏ္ဍကကို မဖျက်ဆီးကောင်း။
ဧကဒိဝသံပိ ။ ။"သြဝဋ္ဌ ဧကဒိဝသာတိက္ကန္တောပိ-မိုးစွပ်အပ်ပြီး၍ တစ်ရက်လွန်မျှ ဖြစ်သော ညွန်ကိုလည်း" ဟု ဖွင့်၏၊ မိမိကား “နွားခွာဖြင့် ဖြတ်ပြီးနောက် တစ်ရက်ရှိသော် လည်း” ဟု ဆိုလိုမည် ထင်သည်၊ မူလဇာတပထဝီနှင့် အဆက်မပြတ်သောကြောင့် လုံးလုံး မဖျက်ကောင်းဟု ဆိုလိုသည်အချို့ကား အပေါ်ပိုင်းမှာ ဇာတပထဝီ မဟုတ်သောကြောင့် ဖြတ်၍ ယူကောင်း၏ဟု ဆိုကြသေးသတတ်၊-ဋီကာ။
ဂေါကဏ္ဍက ။ ။နွားခွာဖြင့် နင်း၍ အပေါ်သို့ တက်လာသော ညွန်သည် ဆူး ကဲ့သို့ စူးတတ်သောကြောင့် “ဂေါကဏ္ဍက” မည်၏၊ ထိုဂေါကဏ္ဍကသည် ၂ မျိုးရှိ၏၊ နင်းလိုက် သောအခါ အောက်မြေနှင့် မဆက်မစပ် ပြတ်ထွက်သွားသော ခပ်မာမာ ညွန်တစ်မျိုး ပြတ်ထွက် မသွားဘဲ အောက်ကမြေနှင့် ဆက်စပ်နေသော ညွန်တစ်မျိုးတည်းထိုတွင် မြေနှင့် စပ်နေသော ဂေါကဏ္ဍကကို မဖျက်ဆီးကောင်း။
ဧကဒိဝသံပိ ။ ။"သြဝဋ္ဌ ဧကဒိဝသာတိက္ကန္တောပိ-မိုးစွပ်အပ်ပြီး၍ တစ်ရက်လွန်မျှ ဖြစ်သော ညွန်ကိုလည်း" ဟု ဖွင့်၏၊ မိမိကား “နွားခွာဖြင့် ဖြတ်ပြီးနောက် တစ်ရက်ရှိသော် လည်း” ဟု ဆိုလိုမည် ထင်သည်၊ မူလဇာတပထဝီနှင့် အဆက်မပြတ်သောကြောင့် လုံးလုံး မဖျက်ကောင်းဟု ဆိုလိုသည်အချို့ကား အပေါ်ပိုင်းမှာ ဇာတပထဝီ မဟုတ်သောကြောင့် ဖြတ်၍ ယူကောင်း၏ဟု ဆိုကြသေးသတတ်၊-ဋီကာ။
ကသိတဌာနေပိ၊ ထွန်အပ်သော အရပ်၌လည်း။
နင်္ဂလစ္ဆိန္နမတ္တိကာပိဏ္ဍံ၊ ထွန်သွား ဖြင့် ဖြတ်အပ်သော မြေညက်ဆိုင်ကို။
ဂဏှန္တဿ၊ ယူသော ရဟန်း၏။
ဧသေဝ နယော။
[ထွန်ချေးခဲက ပြော့နေ၍ စပ်နေလျှင် မယူကောင်း၊ မစပ်လျှင်ကား ယူကောင်းသည်၊ “ကသိတဋ္ဌာနေပိ-ထွန်အပ်ရာ အရပ်၌လည်း” ဟု မပေးနှင့်၊ ကသိတနှင့် ဌာနတို့ အရကောက် တစ်မျိုးတည်းဖြစ်သောကြောင့် “ထွန်အပ်သော အရပ်” ဟုသာ ပေး။]
အစ္ဆဒနံဝါ၊ အမိုးမရှိသည်မူလည်းဖြစ်သော။
ဝိနဋ္ဌစ္ဆဒနံဝါ၊ ပျက်သော အမိုးရှိ သည်မူလည်း ဖြစ်သော။
ပုရာဏသေနာသနံ၊ ရှေးကျောင်းဟောင်းသည်။
ဟောတိ၊ ရှိတတ်၏။
အတိရေကစာတုမာသဩဝဋ္ဌံ၊ မိုးစွပ်အပ်ပြီးသည် ဖြစ်၍ လေးလထက် ပိုလွန်သော ကာလရှိသည်။
(သမာနံ၊ သော်။)
ဇာတပထဝီ သင်္ချမေဝ ဂစ္ဆတိ။
တတော၊ ထိုကျောင်းဟောင်းမှ။
အဝသေသံ၊ ကြွင်းကျန်သော။
ဆဒနိဋ္ဌကံဝါ၊ အမိုး အုတ်ကိုသော်လည်းကောင်း။
ဂေါပါနသီအာဒိကံ၊ အချင်ယနယ် အစရှိသော။
ဥပ ကရဏံဝါ၊ အဆောက်အဦကိုသော်လည်းကောင်း။
(ဂဏှိတုံ၌ လှမ်းစပ်။)
ဣဋ္ဌကံ၊ အုတ်ကို။
ဂဏှာမိ၊ ယူ၏။
ပဒရတ္ထရဏံ၊ ပျဉ်ချပ်အခင်းကို။
(ဂဏှာမိ။)
ပါသာဏထမ္ဘံ၊ ကျောက်တိုင်ကို။
(ဂဏှာမိ။)
ဂေါပါနသိံ၊ ကို။
(ဂဏှာမိ။)
ဘိတ္ထိပါဒံ၊ နံရံခြေကို။
(ဂဏှာမိ။)
ဣတိ၊ သို့သော။
သညာယ၊ အမှတ်သညာဖြင့်။
ဂဏှိတုံ ဝဋ္ဋတိ။
တေန၊ ထိုအုတ်အစရှိသည်နှင့်။
သဒ္ဓိံ၊ ကွ။
မတ္တိကာ၊ သည်။
ပတတိ၊ ပြိုကျလာအံ့။
အနာပတ္တိ။
[မြေကို ယူမည်ဟု အမှတ်မရှိသောကြောင့် မြေပြိုကျသော်လည်း အာပတ် မသင့်။]
ပန၊ ဗျတိရိတ်ကား။
ဘိတ္တိမတ္တိကံ၊ နံရံမြေညက်ကို။
ဂဏှန္တဿ အာပတ္တိ ဟောတိ။
ယာ ယာ၊ အကြင်အကြင်မြေညက်ကို။
အတိန္တာ၊ မိုးမစွပ်အပ်။
တံ တံ၊ ထိုထိုမြေညက် ကို။
သစေ ဂဏှာတိ၊ အံ့။
(ဧဝံသတိ။)
အနာပတ္တိ။
အန္တောဂေဟေ၊ အိမ်၏ အတွင်း၌။
မတ္တိကာပုဉ္ဇော၊ မြေညက်ပုံသည်။
ဟောတိ၊ ရှိတတ်၏။
တသ္မိံ၊ ထိုမြေညက်ပုံကို။
ဧကဒိဝသံ၊ တစ်နေ့၌။
ဩဝဋ္ဌေ၊ မိုးစွပ်အပ်ပြီးသော်။
(မိုးစွပ်အပ်ပြီးမှ။)
ဂေဟံ၊ အိမ် ကို။
ဆာဒေန္တိ၊ မိုးကြကုန်၏။
သဗ္ဗော၊ (အထက် အောက် အတွင်း အပြင်) အလုံးစုံသော မြေညက်ပုံသည်။
အတိရေကစာတုမာသသြ၀ဋ္ဌံ ။ ။ဤပုဒ်၌ အတိရေကစာတုမာသံဟု ဩဝဋ္ဌံနှင့် သမာသ် မတွဲဘဲ စာအုပ်များ၌ ရှိ၏၊ မိမိကား-မာသဇာတောပုဒ်ကဲ့သို့ “အတိရေကစာတုမာသံ+ ဩဝဋ္ဌဿ + ယဿာတိ အတိရေကစာတုမာသဩဝဋ္ဌံ” ဟု သမာသ်ရှိသင့်မည် ထင်သည်၊ မိုးစွပ်အပ်ပြီး၍ လေးလထက် ပိုလွန်သော ကာလရှိသော ကျောင်းဟောင်း-ဟူလို၊ ရှေ့ “ဩမက စာတုမာသံ ဩဝဋ္ဌောယေဝ” ၌လည်း “ဩမကစာတုမာသဩဝဋ္ဌာယေဝ” ဟု သမာသ်ပင် ရှိစေလိုသည်။
တိန္တော၊ မိုးစွပ်အပ်သည်။
သစေ (ဟောတိ)၊ အံ့။
(ဧဝံသတိ။)
စာတုမာသစ္စယေန၊ ၌။
ဇာတပထဝီယေဝ၊ ပင်တည်း။
အထ၊ သို့မဟုတ်။
အဿ၊ ထိုမြေညက်ပုံ၏။
ဥပရိဘာဂေါယေဝ၊ အထက်အဖို့သည်သာ။
တိန္တော၊ မိုးစွပ်အပ် သည်။
(ဟောတိ၊ အံ့။)
အန္တော၊ အတွင်းအဖို့သည်။
အတိန္တော၊ မိုးမစွပ်အပ်သည်။
(ဟောတိ၊ အံ့။)
ယတ္ထကံ၊ အကြင်မျှလောက်သော အရပ်ကို။
တိန္တံ၊ မိုးစွပ်အပ်၏။
တံ၊ ထိုမျှလောက်သော အရပ်ကို။
ကပ္ပိယကာရကေဟိ၊ ကပ္ပိယကာရကတို့သည်။
ဝါ၊ တို့ကို။
(ကာရိတ်ကံ။)
ကပ္ပိယဝေါဟာရေန၊ အပ်သော အသုံးအနှုန်းဖြင့်။
အပ နာမေတွာ၊ ဖယ်ရှားစေပြီး၍။
[ဤမြေကို သိစမ်း စသော အသုံးအနှုန်းဖြင့် ပယ် ရှားစေ၍။ ]
သေသံ၊ ကြွင်းသော မြေညက်ကို။
ယထာသုခံ၊ ချမ်းသာသည်အားလျော် စွာ။
ဝဠဉ္ဇေတုံ၊ သုံးစွဲခြင်းငှာ။
ဝဋ္ဋတိ။
ဟိ၊ မှန်။
ဥဒကေန၊ ဖြင့်။
တေမေတွာ၊ စိုစေ၍။
ဧကာဗဒ္ဓါယေဝ၊ တစ်စပ်တည်း ဖွဲ့စပ်အပ်သော မြေသည်သာ။
ဇာတပထဝီ၊ သည်။
ဟောတိဣတရာ၊ အခြားသော မြေသည်။
(ရေဖြင့် မစိုအပ်ဘဲ တစ်စပ်တည်း မဖွဲ့စပ်အပ်သော မြေသည်။)
ဇာတပထဝီ၊ သည်။
န၊ မဟုတ်။
ဣတိ၊ ဤသို့ မှတ် အပ်၏။
အဗ္ဘောကာသေ၊ လွင်တီးခေါင်၌။
(အမိုးမရှိသော အရပ်၌။)
မတ္တိကာပါကာ ရော၊ မြေညက်တံတိုင်းသည်။
ဟောတိ၊ ရှိတတ်၏။
အတိရေကစာတုမာသဩဝဋ္ဌော၊ မိုးစွပ်အပ်သည်ဖြစ်၍ ၄ လထက် ပိုလွန်သော ကာလရှိသည်။
(သမာနော၊ ဖြစ်လတ်သော်။)
ဇာတပထဝီ သင်္ချံ, ဂစ္ဆတိ၊ ၏။
[ဤ၌လည်း “အတိရေက စာတု မာသဩဝဋ္ဌော” ဟု ရှိရမည်။]
ပန၊ ဆက်။
တတ္ထ၊ ထိုမြေညက်တံတိုင်း၌။
လဂ္ဒပံသုံ၊ ငြိကပ်နေသော မြူမှုန်ကို။
အလ္လဟတ္ထေန၊ စိုသော လက်ဖြင့်။
ဆုပိတွာ၊ တို့၍။
ဂဟေတုံ ဝဋ္ဋတိ။
[လက်ဖြင့် ကုတ်၍ ခြစ်၍ ယူခြင်းငှာကား မအပ်-ဟူလို။]
ဣဋ္ဌက ပါကာရော၊ အုတ်တံတိုင်းသည်။
သစေ ဟောတိ၊ အံ့။
(ဧဝံသတိ၊ သော်။)
ယေဘု ယျေန ကထလဋ္ဌာနေ၊ များသောအားဖြင့် အိုးခြမ်းကွဲ၏ အရာ၌။
တိဋ္ဌတိ၊ တည်၏။
(တသ္မာ။)
ယထာသုခံ ဝိကောပေတုံ ဝဋ္ဋတိ။
အဗ္ဘောကာသေ၊ ၌။
ဌိတမဏ္ဍပထမ္ဘံ၊ တည်သော မဏ္ဍပ်တိုင်ကို။
ဣတောစိတောစ၊ ဤမှ ဤမှလည်း။
သဉ္စာလေတွာ၊ လှုပ်စေ၍။
ပထဝိံ၊ ကို။
ဝိကောပေန္တေန၊ ဖျက်ဆီးလျက်။
ဂဟေတုံ န ဝဋ္ဋတိ။
ဥဇုက မေဝ၊ ဖြောင့်ဖြောင့်သာလျှင်။
ဥဒ္ဓရိတုံ၊ နုတ်ခြင်းငှာ။
ဝဋ္ဋတိ။
[ဟိုဘက် ဒီဘက် လှုပ်ရှားစေသောအားဖြင့် မနှဲ့ ဘဲ အထက်သို့ တည့်တည့် ဆွဲနုတ်ခြင်းငှာ အပ်၏။]
အညမ္ပိ၊ မဏ္ဍပ်တိုင်မှ အခြားလည်း ဖြစ်သော။
သုက္ခရုက္ခံဝါ၊ ခြောက်သော သစ်ပင် ကိုသော်လည်းကောင်း။
သုက္ခခါဏုကံဝါ၊ ခြောက်သော သစ်ငုတ်ကိုသော်လည်း ကောင်း။
ဂဏှန္တဿ၊ ယူသော ရဟန်း၏။
ဧသေဝနယော။
[မနှဲ့ ဘဲ နုတ်ခြင်းငှာ အပ်၏- ဟူလို။ စိုသော သစ်ပင်ငုတ်ကို နုတ်ရာ၌ ဘူတဂါမ အာပတ်သင့်သော ကြောင့် “သုက္ခ” ဟု ဝိသေသန ပြုသည်။]
နဝကမ္မတ္ထံ၊ အသစ်အသစ်ဖြစ်သော အမှုအကျိုးငှာ။
(ကျောင်းအိုကို ခုထား ခြင်း, ကျားထောက်ခြင်း စသော အကျိုးငှာ။)
ပါသာဏံဝါ၊ ကျောက်တုံးကိုသော် လည်းကောင်း။
ရုက္ခံဝါ၊ သစ်တုံးကိုသော်လည်းကောင်း။
ဒဏ္ဍကေဟိ၊ ဒုတ်တို့ဖြင့်။
ဥစ္စာလေတွာ၊ မြှောက်ကော်၍။
(ကုတ်တို့ဖြင့် ကော်၍)။
ပဝဋ္ဋေန္တာ၊ လိမ့်စေကုန် လျက်။
(လိမ့်လျက်။)
ဂစ္ဆန္တိ၊ သွားကြကုန်၏။
တတ္ထ၊ ထိုသို့လိမ့်သွားရာ၌။
ပထဝီ၊ သည်။
ဘိဇ္ဇတိ၊ ပျက်၏။
သုဒ္ဓစိတ္တာ၊ သန့်ရှင်းသော စိတ်ရှိကြကုန်သည်။
(ဟုတွာ။)
သစေ ပဝဋ္ဋေန္တိ၊ အကယ်၍ လိမ့်စေကုန်အံ့။
(ဧဝံသတိ။)
အနာပတ္တိ။
[မြေကြီးကို ပျက်စီးစေလိုသော စိတ်နှင့် မရောခြင်းကို “သုဒ္ဓစိတ္တ” ဟု ဆိုသည်။]
အထပန၊ သို့မဟုတ်။
တေန အပဒေသေန၊ ထိုညွှန်ပြအပ်သော အမြွက်ဖြင့်။
(“ကျောက်တုံး လိမ့်တာဘဲ, သစ်ပင်လိမ့်တာဘဲ မြေပျက်လို့ အရေးမကြီးပါ” ဟု အမြွက်ထောင် သဖြင့်။)
ပထဝိံ၊ ကို။
ဘိန္ဒိတုကာမာယေဝ၊ ဖျက်ဆီးလိုကုန်သည်သာလျှင်။
ဟောန္တိ၊ ဖြစ်ကုန်အံ့။
အာပတ္တိ (ဟောတိ။)
သာခါဒီနိ၊ သစ်ခက် အစရှိသည်တို့ကို။
ကဍ္ဎန္တာ နမ္ပိ၊ ဆွဲငင်ကုန်သော ရဟန်းတို့၏လည်းကောင်း။
ပထဝိယံ၊ မြေပေါ်၌။
ဒါရူနိ၊ ထင်းတို့ကို။
ဖာလေန္တာနမ္ပိ၊ ခွဲကုန်သော ရဟန်းတို့၏လည်းကောင်း။
ဧသေဝန ယော၊ ပင်တည်း။
ပထဝိယံ၊ ၌။
အဋ္ဌိသူစိကဏ္ဍကာဒီသုပိ၊ အရိုး, အပ်, ဆူး အစရှိသည်တို့တွင် လည်း။
ယံကိဉ္စိ၊ အမှတ်မရှိ တစ်စုံတစ်ခုကို။
အာကောဋေတုံဝါ၊ စိုက်နှက်ခြင်းငှာ လည်းကောင်း။
ပဝေသေတုံဝါ၊ သွင်းခြင်းငှာလည်းကောင်း။
န ဝဋ္ဋတိ။
ပဿာဝ ဓာရာယ၊ ကျင်ငယ်အယာဉ်၏။
ဝေဂေန၊ အဟုန်ဖြင့်။
(ကျင်ငယ်ကို ပြင်းပြင်း စွန့် သဖြင့်။)
ပထဝိံ၊ ကို။
ဘိန္ဒိဿာမိ၊ ဖျက်ဆီးအံ့။
ဣတိ၊ ဤသို့ကြံ၍။
ဧဝံ၊ ဤသို့အဟုန် ပြင်းပြင်း။
ပဿာဝမ္ပိ၊ ကျင်ငယ်ကိုသော်မှလည်း။
ကာတုံ န ဝဋ္ဋတိ။
[ပိဖြင့် အခြား သော ရေသွန်ခြင်း စသည်ကို သမ္ဘာဝနာပြုလျက် ဆည်းသည်။]
(ဧဝံ၊ ဤသို့အဟုန် ပြင်းပြင်း။
ပဿာဝံ၊ ကို။)
ကရောန္တဿ၊ ပြုစဉ်။
(ပထဝီ၊ သည်။)
ဘိဇ္ဇတိ၊ ပျက်အံ့။
အာပတ္တိ, (ဟောတိ။)
ပိသမဘူမိံ၊ မညီညွတ်သော မြေကို။
သမံ၊ ညီညွတ်အောင်။
ကရိဿာမိ၊ အံ့။
ဣတိ၊ ဤသို့ကြံ၍။
သမ္မုဉ္ဇနိယာ၊ တံမြက်စည်းဖြင့်။
ဃံသိတုမ္ပိ၊ ပွတ်တိုက်ခြင်းငှာလည်း။ '
န ဝဋ္ဋတိ။
[ပွတ်တိုက်သောအားဖြင့် ခပ်နာနာ ဖိ၍ လှည်းခြင်းငှာလည်း မအပ်-ဟူလို။]
ဟိ၊ မှန်။
ဝတ္တသိသေနေဝ၊ ဝတ်ကို အဦးပြု သဖြင့်သာလျှင်။
သမ္မဇ္ဇိတဗ္ဗံ၊ တံမြက်လှည်းရာ၏။
(လှည်းရမည်။)
ကေစိ၊ အချို့ ပုဂ္ဂိုလ်တို့သည်။
ကတ္တရယဋ္ဌိယာ၊ တောင်ဝှေးဖြင့်။
ဘူမိံ၊ ကို။
ကောဋ္ဋေန္တိ၊ ရိုက်နှက် တတ်ကြကုန်၏။
(ရိုက်နှက်သကဲ့သို့ နာနာထောက်တတ်ကြကုန်၏။)
ပါဒင်္ဂုဋ္ဌကေန၊ ခြေမဖြင့်။
ဝိလိခန္တိ၊ ခြစ်တတ်ကြကုန်၏။
စင်္ကမိတဋ္ဌာနံ၊ စင်္ကြန်သွားအပ်သော အရပ် ကို။
ဒဿေဿာမ၊ ပြကုန်အံ့။
ဣတိ၊ ဤသို့ကြံ၍။
ပုနပ္ပုနံ၊ ထပ်ကာ ထပ်ကာ။
ဘူမိံ၊ ကို။
ဘိန္ဒန္တာ၊ ဖျက်ဆီးကုန်လျက်။
စင်္ကမန္တိ၊ စင်္ကြန်သွားတတ်ကြကုန်၏။
သဗ္ဗံ၊ အလုံးစုံသော အမှုသည်။
(ဘူမိကောဋ္ဋန စသော အလုံးစုံသည်။)
န ဝဋ္ဋတိ။
ပန၊ ဆက်။
ဝီရိယသမ္မဂ္ဂဟတ္ထံ၊ ဝီရိယကို ချီမြှောက်ခြင်းအကျိုးငှာ။
သမဏဓမ္မံ၊ ရဟန်း တရားကို။
ကရောန္တေန၊ ပြုလျက်။
သုဒ္ဓစိတ္တေန၊ သန့်ရှင်းသော စိတ်ဖြင့်။
(သူတစ်ပါး တို့က အထင်ကြီးစေလိုသော စိတ်မဖက်, သက်သက်။)
စင်္ကမိတုံ ဝဋ္ဋတိ။
[ထိုင်နေ လျောင်းနေလျှင် ဝီရိယလျော့သွားတတ်၏။ ထို့ကြောင့် ဝီရိယကို ချီမြှောက်ခြင်း အကျိုးငှာ ရှေးအခါက စင်္ကြံန်သွားလျက် တရားနှလုံးသွင်းလေ့ရှိကြသည်။]
ဟတ္ထံ၊ လက်ကို။
ဓောဝိဿာမ၊ ဆေးကုန်အံ့။
ဣတိ၊ ဤသို့ကြံ၍။
ပထဝီယံ၊ ၌။
ဃံသန္တိ၊ ပွတ်တိုက်ကြကုန်၏။
န ဝဋ္ဋတိ။
ပန၊ အနွယကား။
အင်္ဃံသန္တေန၊ မပွတ်တိုက်ဘဲ။
အလ္လဟတ္ထံ၊ စိုသော လက်ကို။
ပထဝီယံ၊ ၌။
ထပေတွာ၊ ၍။
ရဇံ၊ ကို။
ဂဟေတုံ ဝဋ္ဋတိ။
ကေစိ၊ အချို့ ပုဂ္ဂိုလ်တို့သည်။
ကဏ္ဍကစ္ခုအာဒီဟိ၊ ယားနာ ဝဲနာ အစရှိသည် တို့ဖြင့်။ (အာဒိဖြင့် မိတ်ပေါက်ခြင်း စသည်ကို ယူ။)
အာဗာဓိကာ၊ အနာရှိကုန်သည်။
(ဟုတွာ။)
ဆိန္နတဋာဒီသု၊ ပြတ်သော ကမ်းပါး အစရှိသော အရပ်တို့၌။
အင်္ဂပစ္စင်္ဂါနိ၊ အင်္ဂါကြီးငယ်တို့ကို။
ဃံသန္တိ၊ ပွတ်တိုက်တတ်ကြကုန်၏။
န ဝဋ္ဋတိ။
(ဣတိ၊ ဤကား။
ပါဠိမုတ္တကဝိနိစ္ဆယော၊ တည်း။
ဤသို့ပြန်အုပ်ဖို့ရာ “ဣတိ” ပါသင့်၏။)
**၈၇။** ခဏတိဝါ ခဏာပေတိဝါတိ၊ ကား။
အန္တမသော၊ အားဖြင့်။
ပါဒင်္ဂုဋ္ဌကန ပိ၊ ခြေမဖြင့်လည်းကောင်း။
သမ္မုဉ္ဇနိသလာကာယပိ၊ တံမြက်စည်းတံဖြင့်လည်း ကောင်း။
သယံဝါ၊ ကိုယ်တိုင်မူလည်း။
ခဏတိ၊ တူးခြစ်အံ့။
အညေနဝါ၊ အခြားသူ သည်မူလည်း။
ဝါ၊ ကိုမူလည်း။
ခဏာပေတိ၊ တူးခြစ်စေအံ့။
ဘိန္ဒတိဝါ ဘေဒါပေတိ ဝါတိ၊ ကား။
အန္တမသော၊ အားဖြင့်။
ဥဒကမ္ပိ၊ ရေကိုသော်လည်း။
ဆဍ္ဍေန္တော၊ စွန့် လျက်။
သယံဝါ၊ မူလည်း။
ဘိန္ဒတိ၊ ဖျက်အံ့။
အညေနဝါ, ဘိန္ဒာပေတိ၊ ဖျက်စေအံ့။
ဒဟတိဝါ ဒဟာပေတိဝါတိ၊ ကား။
အန္တမသော, ပတ္တမ္ပိ၊ သပိတ်ကိုသော်လည်း။
ပစန္တော၊ ဖုတ်လျက်။
(ဖုတ်စဉ်။)
သယံဝါ, ဒဟတိ၊ မီးတိုက်အံ့။
အညေနဝါ, ဒဟာ ပေတိ၊ မီးတိုက်စေအံ့။
ယတ္တကေသု၊ အကြင်မျှအတိုင်းအရှည်ရှိကုန်သော။
ဌာနေ သု၊ အရပ်တို့၌။
အဂ္ဂိံ၊ မီးကို။
ဒေတိဝါ၊ ကိုယ်တိုင်မူလည်း ပေးအံ့။
ဒါပေတိဝါ၊ သူ တစ်ပါးကိုမူလည်း ပေးစေအံ့။
တတ္တကာနိ၊ ထိုမျှအတိုင်းအရှည် ရှိကုန်သော။
ပါစိတ္တိယာနိ (ဟောန္တိ)။
ဟိ၊ မှန်။
ပတ္တံ၊ ကို။
ပစန္တေနပိ၊ ဖုတ်သော ရဟန်းသည်လည်း။
ပုဗ္ဗေ၊ ရှေး၌။
ပက္ကဋ္ဌာနေယေဝ၊ ဖုတ်အပ်ဖူးရာ အရပ်၌သာလျှင်။
ပစိတဗ္ဗော၊ ဖုတ် ထိုက်၏။
အဒဍ္ဎာယ၊ မီးမလောင်အပ်ဖူးသော။
ပထဝိယာ၊ ၌။
အဂ္ဂိံ ထပေတုံ န ဝဋ္ဋတိ။
ပန၊ ဆက်။
ပတ္တပစနကပါလဿ၊ သပိတ်ဖုတ်ရာ အိုးကင်း၏။
ဥပရိ၊ အထက်၌။
အဂ္ဂိံ ထပေတုံ ဝဋ္ဋတိ။
ဒါရူနံ၊ ထင်းတို့၏။
ဥပရိ၊ အထက်၌။
(အဂ္ဂိံ)။
ထပေတိ၊ ထားတတ်၏။
(သပိတ်ဖုတ်ကြောင်း ထင်းတို့၏ အပေါ်၌ မီးကို ထား တတ်၏။)
သော အဂ္ဂိ၊ သည်။
တာနိ၊ ထိုထင်းတို့ကို။
ဒဟန္တော၊ လောင်လျက်။
ဂန္တွာ၊ သွား၍။
ပထဝိံ၊ ကို။
ဒဟတိ၊ လောင်အံ့။
န ဝဋ္ဋတိ။
(ဘာ့ကြောင့်နည်း၊ ထင်းတို့က လောင်စာဖြစ်သောကြောင့်တည်း-ဟူလို။)
ဣဋ္ဌကကပါလာဒီသုပိ၊ အုတ်ဖုတ်ရာ ခွက် အစရှိသည်တို့၌လည်း။
(အုတ်ကျင်း အစရှိသည်တို့၌လည်း။)
ဧသေဝနယော။
(အာဒိဖြင့် ကျောက်တို့ကို ထုံးဖြစ်အောင် ဖုတ်ရာ ကျောက်ကျင်း စသည်ကို ယူ။)
ဟိ၊ မှန်။
တတြာပိ၊ ထိုအုတ်ကျင်း အစရှိသည်တို့၌လည်း။
ဣဋ္ဌကာဒီနံယေဝ၊ အုတ် အစရှိသည်တို့၏သာ။
ဥပရိ (အဂ္ဂိံ)။
ထပေတုံ ဝဋ္ဋတိ။
ကသ္မာ၊ နည်း။
တေသံ၊ ထို အုတ် အစရှိသည်တို့၏။
အနုပါဒါနတ္တာ၊ လောင်စာ မဟုတ်ကုန်သည်၏ အဖြစ် ကြောင့်တည်း။
ဟိ၊ မှန်။
တာနိ၊ ထိုအုတ် အစရှိသည်တို့သည်။
အဂ္ဂိဿ၊ ၏။
ဥပါဒါန သင်္ချံ၊ လောင်စာဟူသော အရေအတွက်သို့။
န ဂစ္ဆန္တိ။
သုက္ခခါဏုသုက္ခရုက္ခာဒီသုပိ၊ အစရှိသည်တို့၌လည်း။
အဂ္ဂိံ ဒါတုံ န ဝဋ္ဋတိ။
(လောင်စာဖြစ်သောကြောင့် မအပ်-ဟူလို။)
ပန၊ ဆက်။
ပထဝိံ၊ သို့။
အပတ္တမေဝ၊ မရောက်သေးမီသာလျှင်။
နိဗ္ဗာပေတွာ၊ ငြိမ်းစေ၍။
ဂမိဿာမိ၊ အံ့။
ဣတိ၊ ဤသို့ ကြံ၍။
(အဂ္ဂိံ၊ ကို။)
သစေ ဒေတိ၊ အံ့။
(ဧဝံသတိ။)
ဝဋ္ဋတိ။
ပစ္ဆာ၊ မီးကို ပေးပြီးနောက်မှ။
နိဗ္ဗာပေတုံ၊ ငှာ။
န သက္ကောတိ၊ မတတ်နိုင်အံ့။
အဝိသယတ္တာ၊ စွမ်းနိုင်သော အရာ မဟုတ်သည်၏ အဖြစ်ကြောင့်။
အနာပတ္တိ။
တိဏုက္ကံ၊ မြက်မီးရှူးကို။
ဂဟေတွာ၊ ကိုင်၍။
ဂစ္ဆန္တော၊ သွားသော ရဟန်းသည်။
ဟတ္ထေ၊ လက်ကို။
ဒယှမာနေ၊ မီးလောင် အပ်သော်။
ဘူမိယံ၊ မြေပေါ်၌။
ပါတေတိ၊ ကျစေအံ့။
အနာပတ္တိ။
(ဤနေရာ၌လည်း “အဝိသယတ္တာ၊ လက်ကို မီးလောင်နေသဖြင့် ကိုင်၍ ထားခြင်းငှာ တတ်နိုင်သော အရာ မဟုတ်တော့သည်၏ အဖြစ်ကြောင့် အနာပတ်ဖြစ်သည်-ဟူလို။)
ပတိတဋ္ဌာ နေယေဝ၊ မီးကျရာ အရပ်၌သာလျှင်။
ဥပါဒါနံ၊ လောင်စာကို။
ဒတွာ၊ ပေး၍။
အဂ္ဂိံ ကာတုံ ဝဋ္ဋတိ။
ဣတိ၊ သို့။
မဟာပစ္စရိယံ ဝုတ္တံ။
စ၊ ဆက်။
ဒဍ္ဎပထဝိယာ၊ မီးလောင် အပ်ပြီးသော မြေ၏။
ယတ္တကံ ဌာနံ၊ အကြင်မျှလောက်သော အရပ်ကို။
ဥသုမာယ၊ မီး၏ အငွေ့သည်။ (မီး၏ အရှိန်သည်။)အဝိသယတ္တာ အနာပတ္တိ ။ ။သုက္ခခါဏု စသည်တို့က မြေပေါ်မှာ အတော်ရှည်လျားသည်ဖြစ်၍ အထက်ပိုင်းကိုသာ ရှိပြီးလျှင် မြေကြီးသို့ မရောက်မီ ငြိမ်းအံ့ဟု ကြံ၍ မီးရှို့ခြင်းငှာ အပ်၏၊ ရှို့ရင်း ရှို့ရင်း မီးက အားကောင်းလာသဖြင့် မြေကြီး မရောက်မီ ငြိမ်း ခြင်းငှာ မစွမ်းနိုင်လျှင်လည်း အဝိသယဖြစ်သောကြောင့် (တတ်နိုင်သော အရာ မဟုတ်သော ကြောင့်) အနာပတ်တည်း။
ဋီကာ ။ ။ဋီကာ၌ “နဂိုက မြေကြီး မရောက်မီ ငြိမ်းအံ့”ဟု သုဒ္ဓစိတ်ဖြင့် မီးရှို့လျှင် နောင်အခါ ငြိမ်းနိုင်စေကာမူ မငြိမ်းတော့ဘဲ မြေကြီးပါလောင်ချင် လောင်ပစေတော့ဟု သဘောထားသော်လည်း အနာပတ်ဟုပင် ဆို၏၊ ထိုအဆိုသည် သင့်သည်သာ၊ ဘာ့ကြောင့် နည်း- မီးရှို့မှု ကာယပယောဂပြုစဉ်က သုဒ္ဓစိတ်ဖြစ်သောကြောင့်တည်း၊ လောင်ချင် လောင် ပစေတော့ဟု နောက်မှဖြစ်သော စိတ်မှာ ကာယပာဂ ဝစီပယောဂ မဖက် စိတ်သက်သက် သာ ဖြစ်၏၊ ထို့ကြောင့် “မနောဒွါရေ အနာပတ္တိ” အရ အနာပတ်ဖြစ်နိုင်သည်။ အနုဂတံ၊ အစဉ်လိုက်အပ်ပြီ။ သဗ္ဗံ၊ အလုံးစုံ သော ထိုအရပ်ကို။ ဝိကောပေတုံ ဝဋ္ဋတိ။ ဣတိ၊ သို့။ တတ္ထေဝ၊ ထိုမဟာပစ္စရီ အဋ္ဌကထာ၌ပင်။ ဝုတ္တံ၊ ပြီ။
ဋီကာ ။ ။ဋီကာ၌ “နဂိုက မြေကြီး မရောက်မီ ငြိမ်းအံ့”ဟု သုဒ္ဓစိတ်ဖြင့် မီးရှို့လျှင် နောင်အခါ ငြိမ်းနိုင်စေကာမူ မငြိမ်းတော့ဘဲ မြေကြီးပါလောင်ချင် လောင်ပစေတော့ဟု သဘောထားသော်လည်း အနာပတ်ဟုပင် ဆို၏၊ ထိုအဆိုသည် သင့်သည်သာ၊ ဘာ့ကြောင့် နည်း- မီးရှို့မှု ကာယပယောဂပြုစဉ်က သုဒ္ဓစိတ်ဖြစ်သောကြောင့်တည်း၊ လောင်ချင် လောင် ပစေတော့ဟု နောက်မှဖြစ်သော စိတ်မှာ ကာယပာဂ ဝစီပယောဂ မဖက် စိတ်သက်သက် သာ ဖြစ်၏၊ ထို့ကြောင့် “မနောဒွါရေ အနာပတ္တိ” အရ အနာပတ်ဖြစ်နိုင်သည်။ အနုဂတံ၊ အစဉ်လိုက်အပ်ပြီ။ သဗ္ဗံ၊ အလုံးစုံ သော ထိုအရပ်ကို။ ဝိကောပေတုံ ဝဋ္ဋတိ။ ဣတိ၊ သို့။ တတ္ထေဝ၊ ထိုမဟာပစ္စရီ အဋ္ဌကထာ၌ပင်။ ဝုတ္တံ၊ ပြီ။
ပန၊ ဆက်။
အဇာနနကော၊ မီးလုပ်နည်းကို နားမလည်သော။
ယော ဘိက္ခု၊ အကြင်ရဟန်းသည်။
အရဏီသဟိတေန၊ ပွတ်ခုံနှင့် တကွဖြစ်သော ပွတ်ကျည်ဖြင့်။
အဂ္ဂိံ၊ ကို။
နိဗ္ဗတ္တေတွာ၊ ဖြစ်စေပြီး၍။
ဟတ္ထေန၊ လက်ဖြင့်။
ဥက္ခိပိတွာ၊ မြှောက်ယူ၍။
ကိံ၊ အဘယ်ကို။
ကရောမိ၊ ပြုရမည်နည်း။
ဣတိ၊ သို့။
ဝဒတိ၊ ပြော၏။
(တံ၊ ထိုရဟန်း ။
အညော၊ အခြားရဟန်းသည်။)
ဇာလေဟိ၊ မီးကို တောက်စေလော။
ဣတိ ။
ဝတ္တဗ္ဗော၊ ပြောဆိုထိုက်၏။
ဟတ္ထော၊ လက်ကို။
ဍယှတိ၊ လောင်အပ်၏။
ဣတိ၊ သို့။
ဝဒတိ၊ ပြောပြန်အံ့။
ယထာ၊ အကြင်အခြင်းအရာအားဖြင့် ပြုအပ်သော်။
(ဟတ္ထော၊ ကို။)
န ဍယှတိ၊ မီးမလောင်အပ်။
တထာ၊ ထိုအခြင်းအရာအားဖြင့်။
ကရောဟိ၊ ပြုလော။
ဣတိ ဝတ္တဗ္ဗော။
ပန၊ ဗျတိရိက်ကား။
ဘူမိယံ၊ ၌။
ပါတေဟိ၊ ကျစေလော။
ဣတိ၊ သို့။
န ဝတ္တဗ္ဗော။
(ပြောလျှင် မြေကြီးကို မီးရှို့စေရာ ရောက် သောကြောင့် ဤသိက္ခာပုဒ်အရ အာပတ်သင့်၏။)
ဟတ္ထေ၊ ကို။
ဍယုမာနေ၊ မီး လောင်အပ်သော်။
သစေ ပါတေတိ၊ အကယ်၍ မီးကို ကျစေအံ့။
(မီးကို မြေကြီး ပေါ်၌ ချပစ်လိုက်အံ့။)
(ဧဝံသတိ၊ ဤသို့ကျစေလတ်သော်။)
ပထဝိံ၊ ကို။
ဒဟိဿာ မိ၊ မီးရှို့အံ့။
ဣတိ၊ ဤသို့ကြံ၍။
အပါတိတတ္တာ၊ မကျစေအပ်သည်၏ အဖြစ်ကြောင့်။
အနာပတ္တိ။
ပန၊ ဆက်။
ပတိတဋ္ဌာနေ၊ မီးကျရာ အရပ်၌။
အဂ္ဂိံ၊ ကို။
ကာတုံ ဝဋ္ဋတိ။
ဣတိ၊ သို့။
ကုရုန္ဒိယံ၊ ကုရုန္ဒီအဋ္ဌကထာ၌။
ဝုတ္တံ၊ ပြီ။
**၈၈။** အနာပတ္တိ ဣမံ ဇာနာတိ အာဒီသု၊ အစရှိသော ပါဠိရပ်တို့၌။
(အတ္ထော ဧဝံ ဝေဒိတဗ္ဗော၌ စပ်။)
ဣမဿ ထမ္ဘဿ၊ ဤတိုင်၏။
အာဝါဋံ၊ တွင်းကို။
ဇာန၊ သိလော့။
မဟာမတ္တိကံ၊ မြေညက်ဆိုင်ကြီးကို။
ဇာန။
ထုသမတ္တိကံ၊ ဖွဲနှင့် ရောသော မြေညက်ကို။
ဇာန။
မဟာမတ္တိကံ၊ ကို။
ဒေဟိ၊ ပေးလော့။
ထုသမတ္တိကံ ဒေဟိ။
မတ္တိကံ၊ မြေညက်ကို။
အာဟရ၊ ဆောင်ယူခဲ့လော။
ပံသုံ၊ မြေမှုန့်ကို။
အာဟရ။
မတ္တိ ကာယ၊ မြေညက်ဖြင့်။
အတ္ထော၊ အလိုရှိ၏။
ပံသုနာ အတ္ထော။
ဣမဿ ထမ္ဘဿ၊ ၏။
အာဝါဋံ၊ ကို။
ကပ္ပိယံ ကရောဟိ၊ အပ်အောင် ပြုလော့။
(ကပ္ပိစမ်းလော့။)
ဣမံ မတ္တိကံ၊ ကို။
ကပ္ပိယံ ကရောဟိ။
ဣမံ ပံသုံ, ကပ္ပိယံ ကရောဟိ၊ လော။
ဣတိဧဝမတ္တော ဝေဒိတဗ္ဗော။
အာဝါဋံ ဇာန စသည် ။ ။တွင်းတူးလိုလျှင် “တွင်းတူးလော” ဟု မခိုင်းရ၊ “တွင်း ကို သိလော, တိုင်စိုက်ဖို့ရာ တွင်း အလိုရှိ၏။ တွင်းကို ကပ္ပိစမ်း" ဟု ခိုင်းရမည်၊ ထုသ မတ္တိကာဟူသည် ဖွဲတို့ဖြင့် ရော၍ နယ်အပ်သော မြေညက်တည်း၊ ထိုကဲ့သို့ မြေညက်လုပ်ဖို့ရာ မြေတူးခိုင်းခြင်းကို “ထုသမတ္တိကံ ဇာန” ဟု ဆိုသည်၊ ဤ၌လည်း “သိလော, ကပ္ပိလော, ဆောင်ယူခဲ့လော” ဟု ခိုင်းရမည်။
အသဉ္စိစ္စာတိ၊ ကား။
ပါသာဏရုက္ခာဒီ၊ ကျောက်တုံး, သစ်တုံး အစရှိသည် တို့ကို။
ပဝဋ္ဋေန္တဿဝါ၊ လိမ့်စဉ်သော်လည်းကောင်း။
ကတ္တရဒဏ္ဍန၊ တောင်ဝှေး ဖြင့်။
အာဟစ္စ အာဟစ္စ၊ ထောက်၍ ထောက်၍။
ဂစ္ဆန္တဿဝါ၊ သွားစဉ်သော်လည်း ကောင်း။
ပထဝီ၊ သည်။
ဘိဇ္ဇတိ၊ ပျက်အံ့။
သာ၊ ထိုမြေကြီးသည်။
(ဘိန္နာနာမ ဟောတိ၌ စပ်။)
တေန၊ ထိုရဟန်းသည်။
(အဘိန္နတ္တာ၌ စပ်။)
ဘိန္ဒိဿာမိ၊ ဖျက်အံ့။
ဣတိ ဧဝံ၊ ဤသို့ကြံ၍။
သဉ္စိစ္စ၊ သညာနှင့်တကွ စေ့ဆော်၍။
အဘိန္နတ္တာ၊ မဖျက် အပ်သည်၏ အဖြစ်ကြောင့်။
အသဉ္စိစ္စ ဘိန္နာနာမ၊ အသဉ္စိစ္စ ဘိန္နာမည်သည်။
ဟောတိ။
[ယောဇနာ၌ “တေနာတိ ပဝဋ္ဋေနာဒိနာ” ဟု ဖွင့်၏စဉ်းစားပါ။]
ဣတိ၊ ဤသို့။
အသဉ္စိစ္စ၊ ပျက်စေမှန်းကို သိသော သညာနှင့်တကွ မစေ့ဆော်မူ၍။
ဘိန္ဒန္တ ဿ၊ ဖျက်သော ရဟန်း၏။
အနာပတ္တိ။
[ပါဠိတော်၌ အသဉ္စိစ္စ၏ စပ်ဖို့ရာ “ဘိန္ဒန္တ ဿ” ထည့်ပါ-ဟူလို။]
အသတိယာတိ၊ ကား။
အညဝိဟိတော၊ အခြားသော အာရုံ၌ ထားအပ်သော စိတ်ရှိသည်။
(အခြားသော အာရုံကို နှလုံးသွင်းနေသည်။
ဟုတွာ။)
ကေနစိ၊ တစ်ဦးတစ်ယောက်သော ပုဂ္ဂိုလ်နှင့်။
သဒ္ဓိံ၊ ကွ။
ကိဉ္စိ၊ တစ်စုံတစ်ခုသော အကြောင်းအရာကို။
ကထေမန္တာ၊ ပြောဆိုနေစဉ်။
ပါဒင်္ဂုဋ္ဌကေနဝါ၊ ခြေမဖြင့်သော် လည်းကောင်း။
ကတ္တရယဋ္ဌိယာဝါ၊ တောင်ဝှေးဖြင့်သော်လည်းကောင်း။
ပထဝိံ၊ ကို။
ဝိလိခန္တော၊ ခြစ်လျက်။
တိဋ္ဌတိ၊ တည်အံ့။
ဧဝံ၊ သို့။
အသတိယာ၊ သတိကင်း သဖြင့်။
ဝိလိခန္တဿဝါ၊ ခြစ်သည်မူလည်း ဖြစ်သော။
ဘိန္ဒန္တဿဝါ၊ ဖျက်သည်မူလည်း ဖြစ်သော။
(ဘိက္ခုနော၊ ၏။)
အနာပတ္တိ။
အဇာနန္တဿာတိ၊ ကား။
အန္တောဂေဟေ၊ အိမ်၏ အတွင်း၌။
ဩဝဋ္ဌံ၊ မိုးစွပ်အပ် ပြီးသည်။
(ဟုတွာ။)
ဆန္နံ၊ မိုးအပ်သော။
(မိုးစွပ်အပ်ပြီးမှ မိုးအပ်သော။)
ပထဝိံ၊ ကို။
အကပ္ပိယပထဝီတိ၊ ဟူ၍။
န ဇာနာတိ၊ မသိ။
ကပ္ပိယပထဝီတိ၊ ဟူသော။
သညာယ၊ အမှတ်ဖြင့်။
ဝိကောပေတိ၊ ဖျက်ဆီးအံ့။
(ဧဝံ အဇာနန္တဿ အနာပတ္တိ၌ စပ်။)
ဝါ၊ တစ်နည်း။
ခဏာမိ၊ တူး၏။
ဘိန္ဒာမိ၊ ဖျက်၏။
ဒဟာမိ၊ မီးရှို့၏။
ဣတိ၊ သို့။
န ဇာနာတိ၊ မသိအံ့။
ကေဝလံ၊ သက်သက်။
သင်္ဂေါပနတ္ထာယ၊ လုံခြုံစေခြင်း အကျိုးငှာ။
ခဏိတ္တာဒီနိဝါ၊ တူးရွင်း အစရှိသည်တို့ကိုမူလည်း။
ထပေတိ၊ ထားအံ့။
ဍယုမာနဟတ္ထော၊ မီးလောင်အပ်သော လက်ရှိသည်။
(ဟုတွာဝါ၊ ဖြစ်၍မူလည်း။)
အဂ္ဂိံ၊ ကို။
ပါတေတိ၊ ကျစေအံ့။
ဧဝံ၊ သို့။
အဇာနန္တဿ၊ မသိသော ရဟန်း၏။
အနာ ပတ္တိ။
သေသံ၊ ပေ၊တိဝေဒနန္တိ၊
ပထဝီခဏနသိက္ခာပဒံ ဒသမံ။
ဝဏ္ဏနာက္ကမေန၊ ဖွင့်ခြင်း၏ အစဉ်အားဖြင့်။
ပဌမော၊ ရှေးဦးစွာသော။
မုသာဝါဒဝဂ္ဂေါ၊ သည်။
သမတ္တော၊ ပြည့်စုံပြီ။
မုသာဝါဒဝဂ် ပြီးပြီ။