Issues
Select Version
玛欣德尊者
中文
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
元亨寺·CBETA
中文
巴宙
中文
莊春江讀經站
繁体中文
(DN) Mahāvaggapāḷi
(DN) Mahāvaggapāḷi

Āyusaṅkhāraossajjanaṃ

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

အထ ခေါ၊ ၌။ ( မိန့်တော်မူပြီးရာ ထိုအခါ၌ ။) ဘဂဝါ။ စာပါလေ၊ စာပါလ– မည်သော။ စေတိယေ၊ စေတီ၌။ ဝါ၊ လူတို့ အမှတ် သစ်ပင်မြတ်ဟု ဆည်းကပ်မြတ်နိုး ကိုးကွယ်အပ်သော နတ်ရဲသစ်ပင်၌။ ( နတ်ရှိသော သစ်ပင်၌။) [ ထို အရပ်၌ ဆောက်လုပ်အပ်သော ကျောင်းလည်း " စာပါလ စေတိယ" မည်သည်ပင်။] သတော၊ မပြတ်မလပ် အမှတ်ရတော်မူသည်။ သမ္ပဇာနော၊ ကောင်းစွာ အပြားအားဖြင့် သိတော်မူသည်။ ( ဟုတွာ။) အာယုသင်္ခါရံ၁။အာယုသင်္ခါရံ။ ။ " အာယု" ဟူသည် မြန်မာတို့က " အသတ်" ဟူ၍ ‌ခေါ်အပ်သော ဇီဝိတိန္ဒြေ– တည်း။ ထို ဇီဝိတိန္ဒြေ– ကို အဆက်မပြတ် မသွားအောင် ပြုစီမံနိုင်သောဖလသမာပတ် ( အရဟတ္တဖိုလ်တရား) ကို " အာယု သင်္ခါရ" ဟုခေါ်၏။ [ သင်္ခရောတီတိ သင်္ခါရော၊ အာယုံ+ သင်္ခါရော အာယုသင်္ခါရော။]
စွန့်လွှတ်တော်မူပုံ။ ။ ဩဿဇ္ဇိ– အရ "စွန့်" ဟူရာ၌ လက်ဖြင့် ခဲကို လွှတ်ပစ်လိုက်သလို စွန့်ပစ်သည်မဟုတ်။ အာယုသင်္ခါရ– မည်သော ဖလသမာပတ်ကို " သုံးလမျှလောက်သာ ဝင်စားတော်မူမည်။ သုံးလမှ နောက်၌ ဖလသမာပတ်ကို မဝင်စားတော့အံ့" ဟုစိတ်ကို ဆုံးဖြတ်၍ စွန့်လွှတ်တော်မူခြင်းကို " အာယုသင်္ခါရ လွှတ်ခြင်း" ဟု ခေါ်၏။
ထို သမာပတ်ကို စွန့်လွှတ်လိုက်သဖြင့်ပင် ဇီဝိတိန္ဒြေ– ဟူသော အသက်ကိုလည်း " သုံးလမှ နောက်၌ ‌ဆက်၍ မဖြစ်စေတော့အံ့" ဟု စွန့်လွှတ်တော်မူပြီးဖြစ်သည်။ [ သတိသမ္ပဇည– ဖြစ်ပုံကို ဋီကာ၌– ကြည့်ပါ။]
၊ ဇီဝိတိန္ဒြေ– ကို ပြုစီမံတတ်သော ဖလသမာပတ်ကို။ ဩဿဇ္ဇိ၊ စွန့်လွှတ်တော်မူပြီ။
ဘဂဝတာ၊ သည်။ အာယုသင်္ခါရေ၊ ကို။ ဩဿဋ္ဌေ၊ စွန့်လွှတ်အပ်သော်။ ဘိံ သနကော၊ ရာဂ– မကင်းသေးသူတို့ကို ကြောက်စေတတ်သော။ [ အဝီတရာဂေ ဘိံ သေတီတိ ဘိံ သနော၊ သောယေဝ ဘိံ သနကော။– ဋီကာ။] ဝါ၊ ကြောက်စရာကောင်းသော။ သလောမဟံသော၊ မွေးညင်းတို့၏ ရွှင်ခြင်းနှင့်တကွ ဖြစ်သော။ ဝါ၊ ကြက်သီးမွေးညင်းထလောက်သော။ မဟာဘူမိစာလော၁။မဟာဘူမိစာလော။ ။ လှုပ်ရာအရပ်၏ ကျယ်ဝန်းခြင်း၊ လှုပ်ပုံ အခြင်းအရာ၏ ကြီးကျယ်ခြင်းကြောင့် " မဟာဘူမိစာလ– အကြီးအကျယ်မြေလှုပ်ခြင်း" ဖြစ်၏။ မှန်၏– ထိုအခါတစ်သောင်းသော လောကဓာတ်သည် ခြောက်မျိုးသော အခြင်းအရာအားဖြင့် အကြီးအကျယ်လှုပ်လေသည်။
ခြောက်မျိုး။ ။ ခြောက်မျိုး ဟူသည် (၁) အထက်အထက်သို့ တက်၍ တက်၍ လှုပ်ခြင်း၊ (၂) အထက်အောက်နိမ့်တုံမြင့်တုံလှုပ်ခြင်း၊ (၃) အရှေ့မှ အနောက်သို့၊ (၄) အနောက်မှ အရှေ့သို့၊ (၅) တောင်မှမြောက်သို့၊ (၆) မြောက်မှ တောင်သို့– လှုပ်ခြင်းတည်း။ [ သီလက္ခန် ဋီကာသစ်၊ ပထမ ဟောသံဂီတိကထာဝဏ္ဏနာ– အဆုံးအနား၌ တစ်နည်းဖွင့်ထားသေး၏။]
စ၊ ကြီးစွာသော မြေလှုပ်ခြင်းသည်လည်း။ အဟောသိ၊ ဖြစ်ပြီ။ ဒေဝဒုန္ဒုဘိယော စ၊ မိုးစည်တို့သည်လည်း။ ( နတ်စည်တို့သည် လည်း ။) ဖလိံသု၊ မြည်ကုန်ပြီ။ ဝါ၊ ထစ်ချုန်းကုန်ပြီ။ [ ဒေဝဒုန္ဒုဘိ၏ အဓိပ္ပာယ်ကို ဘာသာဋီကာ၌ကြည့်ပါ။]
အထခေါ၊ ၌။ ( အာယုသင်္ခါရ– ကို လွှတ်တော်မူပြီးရာ ထိုအခါ၌။) ဘဂဝါ၊ သည်။ ဧတမတ္ထံ ၂။ဧတမတ္ထံ ဝိဒိတွာ။ ။ ခန္ဓာငါးပါး သင်္ခါရ– တရားနှင့် နိဗ္ဗာန်တည်းဟူသော သင်္ခါရ– မရှိရာ ဝိသင်္ခါရ– တရားတို့၏ ထူးခြားပုံအကြောင်းအရာကို သိတော်မူ၍။ ၊ ဤ အကြောင်းအရာကို။ ဝိဒိတွာ၊ သိတော်မူ၍။ တာယံ ဝေလာယံ၊ ထိုအချိန်၌။ ဣမံ ဥဒါနံ ဥဒါနေသိ ၁။ဥဒါနံ ဥဒါနေသိ။ ။ " ငါသည် ဤသို့ ရှည်ကြာသော ကာလပတ်လုံးခန္ဓာကိုယ်ဟု အသိအမှတ်ပြုအပ်သော ဒုက္ခတည်းဟူသော ဝန်ထုပ်ဝန်ပိုးကြီးကို ဆောင်ထားအပ်ပြီ။ ယခုအခါ မကြာမီပင် ဤဒုက္ခတုံးကြီးကို ပစ်ချရတော့မည်" ဟုပရိနိဗ္ဗာန်စံတော်မူဖို့ရန် နီးလာသည့် အရေးကို တွေး၍ နှစ်သက်ဝမ်းမြောက်သော ပီတိ– အဟုန်ကြောင့် ဥဒါန်းကျူးတော်မူသည်။ ၊ ( ကိံ။) " တုလမတုလဉ္စ သမ္ဘဝံ။ ပ။ အဘိန္ဒိ ကဝစမိဝတ္တသမ္ဘဝ" န္တိ၊ ဟူ၍။ ( ဥဒါနေသိ။)

**ဂါထာအနက်**။ ။ မုနိ၊ ပစ္စုပ္ပန် တနလွန် နှစ်တန်သော လောကကို သိတော်မူတတ်သော မြတ်စွာဘုရားသည်။ သမ္ဘဝံ၊ အကျိုးတရား၏ ကောင်းစွာ ဖြစ်ခဲ့ရာလည်း ဖြစ်ထသော။ ဘဝသင်္ခါရံ၊ အသစ်တဖန် ဘဝကို စီမံတတ်သည်လည်းဖြစ်ထသော။ တုလံ၊ ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်းစွာ ချိန်အပ် ပိုင်းဖြတ်အပ်သော ကာမာဝစရ ' ကံ' ကိုလည်းကောင်း။ အတုလံ စ၊ ချိန်ခွင်ပမာ ဉာဏ်ပညာဖြင့် ကောင်းစွာ ပိုင်ပိုင် မချိန်အပ် မချိန်နိုင်သော မဟဂ္ဂုတ် ‘ ကံ’ ကိုလည်းကောင်း။ အဝဿဇိ၊ မဂ်အရဟတ္တ ရတုန်းကပင် လုံးဝမငဲ့ စွန့်လွှတ်တော်မူခဲ့လေပြီ။ (မဟာယောဓော၊ သူရဲကောင်းကြီးသည်။) ကဝစံ၊ စစ်ဝတ်တန်ဆာကို။ ( ဘိန္ဒတိ) ဣဝ၊ ဆုတ်ဖျက်သကဲ့သို့။ ( တထာ၊ ထို့အတူ။) အဇ္ဈတ္တရတော၊ မိမိသန္တာန်၌ ဂေါစရသေဝန– ဖြင့် မွေ့လျော်တော်မူသည်။ သမာဟိတော၊ ကောင်းစွာ အာရုံ၌ ထားအပ်သော ဥပစာရသမာ‌ဓိအပ္ပနာသမာဓိ– ရှိတော်မူသည်။ ( ဟုတွာ။) အတ္တသမ္ဘဝံ၊ မိမိသန္တာန်အဖန်ဖန်ဖြင့် မှန်မှန်ဖြစ်ပွား ကိလေသာတရားကို။ အဘိန္ဒိ၊ အရဟတ္တမဂ်ဖြင့် ဖျက်ဆီးတော်မူပြီ။

**တနည်း**။ ။ မုနိ၊ သည်။ အတုလံ စ၊ အတုမရှိသော နိဗ္ဗာန်ကိုလည်းကောင်း။ ဝါ၊ နိဗ္ဗာန်၏ အကျိုးကိုလည်းကောင်း။ သမ္ဘဝံ၊ အလုံးစုံသောဘဝ– ကိုလည်းကောင်း။ ဝါ၊ အလုံးစုံသော ဘဝ– ၌အပြစ်ကိုလည်းကောင်း။ တုလံ ( တုလေန္တော)၊ နှိုင်းချိန်သည့်အသွင် ကောင်းစွာ မြင်တော်မူလျက်။ ဘဝသင်္ခါရံ၊ အသစ်တဖန် ဘဝ– ကိုစီမံတတ်သော ' ကံ' ကို။ ( ကမ္မက္ခယကရေန၊ 'ကံ' ၏ကုန်ခြင်းကိုပြုတတ်သော အရဟတ္တမဂ်ဖြင့်။) အဝဿဇိ၊ ပြီ။ ( မဟာယောဓော၊ သည်။) ကဝစံ၊ ကို။ ဘိန္ဒတိ ဣဝ၊ ကဲ့သို့။ ( တထာ၊ တူ။) မုနိ၊ သည်။ အဇ္ဈတ္တရတော၊ ဝိပဿနာ– အားဖြင့်မိမိသန္တာန်၌ မွေ့လျော်တော်မူသည်။ သမာဟိတော၊ သမထ– အား ဖြင့် ကောင်းစွာ အာရုံ၌ထားအပ်သော စိတ်ရှိတော်မူသည်။ ( ဟုတွာ။) အတ္တသမ္ဘဝံ၊ မိမိသန္တာန်၌ဖြစ်သော ကိလေသာတည်းဟူသော ပိုက်ကွန်ကို။ အဘိန္ဒိ၊ ပြီ။