အာနန္ဒ။ ဣဒံ အတ္ထဝသံ၊ ဤစီးပွားအထူးကို။ ပဋိစ္စ။ ပ။ ထူပါရဟော၊ ၏။ [ နောက်ဝါကျများ၌ အနက်လွယ်ပြီ။]
စကြာမင်းစေတီထိုက်ပုံ။ ။ စကြာမင်းသည် လေးကျွန်းတို့ကို တရားသဖြင့် အုပ်စိုး၍ လူအများကို ငါးပါးသီလကျင့်ဖို့ရန် တိုက်တွန်းသော မင်းကောင်းမင်းမြတ်ဖြစ်၏။ ထို့ကြောင့်ပင် အသက်ရှင်တုန်းက လူအများ၏ အကြည်ညိုကိုခံရ၏။ ကွယ်လွန်သော အခါ၌လည်း စေတီ ပုထိုးတည်ထားလျှင် ထိုမင်း၏ အဆုံးအမကို သတိရ၍ လိုက်နာနေထိုင်သူတိုင်းကို သုဂတိ– ဘဝသို့ ရောက်စေနိုင်သည်။ ထို့ကြောင့် စကြာမင်းတို့သည် စေတီပုထိုးတည်၍ ကိုးကွယ်ထိုက်သော ပုဂ္ဂိုလ်အမျိုးအစားတွင် ပါဝင်နိုင်သည်။ [ အခြားမှတ်ဖွယ်များကို အဋ္ဌကထာမှာရှု။]