Issues
Select Version
Dhammasaṅgaṇī-aṭṭhakathā
Dhammasaṅgaṇī-aṭṭhakathā

Kāmāvacarakusalaṃ dvārakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

[ ကမ္မဒွါရ ဝိဉာဏဒွါရ-စသည်ဖြင့် ဒွါရနှင့်စပ်သော စကားတို့ကို ဆိုရာအခန်းဖြစ်သောကြောင့် "ဒွါရကထာ"ဟု ခေါ်၏ ။ ယခုအခါ "ဒွါရံ ပန အနိဗဒ္ဓံ" စသော စကားနှင့်စပ်၍ ဒွါရကထာကို ပြလိုသောကြောင့် "ဣမဿ ပန" စသည်မိန့်။]
ဣမဿ။ ပ။ ပကာသနတ္ထံ။ ။ "ဒွါရံ အနိဗဒ္ဓံ ကမ္မဿ အနိဗဒ္ဓတ္တာ"အရ "ဒွါရဖြင့်လည်း ကံကို အမြဲသတ်မှတ် နာမည်တပ်၍ မဖြစ်နိုင်၊ ကံဖြင့်လည်း ဒွါရကို အမြဲသတ်မှတ် နာမည်တပ်၍ မဖြစ်နိုင်" ဟူသော ဤအနက်ကို "ဒွါရေ စရန္တိ ကမ္မာနိ" စသော ဂါထာဖြင့် သွယ်ဝိုက်၍ ပြခြင်းငှာ ဒွါရကထာကို မဟာအဋ္ဌကထာ၌ ဆိုအပ်ပြီ။ ပဉ္စဝိညာဏာနိ။ ။ ဝိညာဥ် ၅-ပါး၊ ဝိညာဏဒွါရ ၅-ပါးကိုသာ ပြ၍ ဆဋ္ဌမနော ဝိညာဥ် ဆဋ္ဌ မနောဒွါရကို မပြ။ ထိုသို့ မပြခြင်းကား မနောဒွါရ ဟူသောဘဝင်နှင့် မနောဝိညာဥ်တို့က (စက္ခုဒွါရ စက္ခုဝိညာဥ် စသည်တို့ကဲ့သို့)တွဲဖက်၍ မဖြစ်နိုင်သောကြောင့်တည်း။ ပန၊ ဆက်။ ဣမဿ အတ္ထဿ၊ ဤအနက်အဓိပ္ပါယ်ကို။ ပကာသနတ္ထံ၊ ထင်ရှားပြခြင်း အကျိုးငှာ။ ဣမသ္မိံ ဌာနေ၊ ဤ အရာ၌။ [ရူပါရမ္မဏံ စသော ပုဒ်ကို ဖွင့်ရာ၌။] မဟာအဋ္ဌကထာယံ၊ ၌။ ဒွါရကထာ၊ ဒွါရကထာကို။ (အာစရိယေဟိ၊ အဋ္ဌကထာ ဆရာတို့သည်။) ကထိတာ၊ ဆိုအပ်ပြီ။
တတ္ထ၊ ထို မဟာအဋ္ဌကထာ၌။ တီဏိ၊ သုံးပါးကုန်သော။ ကမ္မာနိ၊ ကံတို့လည်းကောင်း။ တီဏိ၊ ကုန်သော။ ကမ္မဒွါရာနိ၊ တို့လည်းကောာင်း။ ပ။ ဒသ၊ ဆယ်ပါးကုန်သော။ အကုသလ ကမ္မပထာ၊ အကုလသကမ္မပထ-တို့လည်းကောင်း။ ဒသ၊ ကုန်သော။ ကုသလအမ္မပထာ၊ တို့လည်းကောင်း။ ဣတိ၊ သို့။ ဧတ္တကံ၊ ဤမျှအတိုင်းအရှည်ရှိသော။ ဣဒံ၊ ဤစကားသည်။ ဒွါရကထာယ၊ ၌။ မာတိ-ကာထပနံ နာမ၊ မာတိကာကို ထားကြောင်း စကားမည်၏ ။
တတ္ထ၊ ထိုမာတိကာ၌။ တီဏိ၊ ကုန်သော။ ကမ္မာနိ၊ တို့ကို။ ပဌမံ၊ ရှေးဦးစွာ။ ကိဉ္စာပိဝုတ္ထာနိ၊ အကယ်၍ကားဆိုအပ်ပါပေကုန်ပြီ။ ပန၊ ထိုသို့ပင် ဆိုအပ်ပါကုန်သော်လည်း။ တာနိ၊ ထို၃-ပါးသော ကံတို့ကို။ ထပေတွာ၊ ထား၍။ (အကျယ်မချဲ့သေးဘဲထား၍။) အာဒိတော၊ ကံတို့၏ အစ၌။ တာဝ၊ အစဥ်အတိုင်း။ တီဏိ၊ ကုန်သော။ ကမ္မဒွါရာနိ၊ ကမ္မဒွါရတို့ကို။ ဘာဇေတွာ၊ ဝေဖန်၍။ (အာစရိယေဟိ။) ဒဿိတာနိ၊ ပြအပ်ကုန်ပြီ။
တီဏိ၊ ကုန်သော။ ကမ္မဒွါရာနိ၊ ကမ္မဒွါရတို့ဟူသည်။ ကတမာနိ၊ အဘယ်တို့နည်း။
ကာယကမ္မဒွါရံ၊ ကာယကမ္မဒွါရလည်းကောင်း။ ပ။ မနောကမ္မဒွါရံ၊ လည်းကောင်း။ ဣတိ၊ ဤသည်တို့တည်း။
တတ္ထ၊ ထိုကာယကမ္မဒွါရံ အစရှိသော စကားရပ်၌။ ကာယော၊ ကာယသည်။ ဥပါဒိန္နကော၊ ဥပါဒိန္နက ကာယလည်းကောင်း။ အာဟာရသမုဋ္ဌာနော၊ အာဟာရသမုဋ္ဌာန ကာယ လည်းကောင်း။ ပ။ စိတ္တသမုဋ္ဌာနော၊ လည်းကောင်း။ ဣတိ၊ သို့။ စတုဗ္ဗိဓော၊ ၄-ပါးအပြားရှိ၏ ။
တတ္ထ၊ ထို ၄-ပါး အပြားရှိသော ကာယတွင်။ စက္ခာယတနာဒီနာ၊ စက္ခာယတန အစရှိကုန်သော။ ဇီဝိတိန္ဒြိယပရိယန္တာနိ၊ ဇီဝိတိန္ဒြေ အဆုံးရှိကုန်သော။ အဋ္ဌ၊ ကုန်သော။ ကမ္မသမုဋ္ဌာန ရူပါနိပိ၊ ကံဟူသောဖြစ်ကြောင်းရှိသော ရုပ်တို့သည်လည်းကောင်း။ (ဥပါဒိန္နကထာယောနာမ-၌ စပ်။) [ ဓမ္မသင်္ဂဏီ၌လာသော ဧကန် ကမ္မဇရုပ်တို့ကိုသာ ယူသောကြောင့် ၈-ပါးဖြစ်ရသည်။ ဟဒယ-ရုပ် မပါ။] ကမ္မသမုဋ္ဌာနာနေဝ၊ ကမ္မသမုဋ္ဌာန်ပင် ဖြစ်ကုန်သော။ စတဿော၊ ကုန်သော။ ဓာတုယော၊ တို့လည်းကောင်း။ ဝဏ္ဏော၊ အဆင်းလည်းကောင်း။ ဂန္ဓော၊ အနံ့လည်းကောင်း။ ရသော၊ အရသာလည်းကောင်း။ ဩဇာ၊ အဆီအနှစ်လည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌ၊ ရှစ်ပါးသော ရုပ်တို့သည်လည်းကောင်း။ [ အဋ္ဌကလာပ်ရုပ်ကို ဆိုသည်။] ဥပါဒိန္နကကာယော နာမ၊ မည်၏ ။ ( တဏှာ ဒိဋ္ဌိတို့သည် ကပ်အပ်သော ကံသည် ငါ၏ အကျိုးအဖြစ်ဖြင့် ယူအပ်‌သော ကမ္မဇရုပ်အပေါင်းမည်၏ ။)
တာနေဝ အဋ္ဌ၊ ထို ၈-ပါးသောရုပ်တို့သည်ပင်။ အဟာရဇာနိ၊ အဟာရကြောင့် ဖြစ်ကုန်သည်။ (သမာနာနိ၊ ဖြစ်ကုန်လတ်သော်။) အာဟာရသမုဋ္ဌာနိကကာယော နာမ၊ မည်၏ ။ (အာဟာရဟူသော ဖြစ်ကြောင်းရှိသော ရုပ်အပေါင်းမည်၏ ။)
(တာနေဝ)အဋ္ဌ၊ တို့သည်ပင်။ ဥတုဇာနိ၊ ကုန်သည်။ (သမာနာနိ။) ဥတုသမုဋ္ဌာနိကကာယော နာမ၊ မည်၏ ။ (ဥတုဟူသော ဖြစ်ကြောင်းရှိသော ရုပ်အပေါင်းမည်၏ ။)
(တာနေဝ)အဋ္ဌ။ စိတ္တဇာနိ၊ ကုန်သည်။ (သမာနာနိ။) စိတ္တသမုဋ္ဌာနိကကာယော နာမ၊ မည်၏ ။ စိတ္တသမုဋ္ဌာနိကကာယော နာမ။ ။ ကံ-စသော အကြောင်း ၄-ပါးကြောင့် ဖြစ်သော ကာယ (ရုပ်အပေါင်းဖြစသော ခန္ဓာကိုယ်) ဝယ် အမြဲဖြစ်သော ရူပရူပ (ရုပ်အစစ်)တို့ကိုသာ ပြသည်။ ထို့ကြောင့် တစ်ရံတစ်ခါမှဖြစ်သော သဒ္ဒရုပ်ကိုလည်းကောင်း၊ ရုပ်အစစ်မဟုတ်သော အနိပ္ပန္နရုပ်များကိုလည်းကောင်း မပြဘဲထားသည်ဟု မှတ်ပါ။ (စိတ်ဟူသော ဖြစ်ကြောင်းရှိသော ရုပ်အပေါင်းမည်၏ ။)
တေသု၊ ထို ၄-ပါးသော ကာယတို့တွင်။ ကာယကမ္မဒွါရန္တိ၊ ကာယ-ကမ္မဒွါရ-ဟူသော အမည်သည်။ ဥပါဒိန္နကကာယဿ၊ ၏ ။ နေဝ နာမံ၊ အမည်မဟုတ်။ ဣတရေသံ၊ ဥပါဒိန္နကကာယမှ တစ်ပါးကုန်သော ကာယတို့၏ ။
(အာဟာရသမုဋ္ဌာနိကကာယ၊ ဥတုသမုဋ္ဌာနိကကာယ၊ စိတ္တသမုဋ္ဌာနိက-ကာယ-တို့၏ ။) န နာမံ၊ အမည်မဟုတ်။ ပန၊ အဟုတ်ကား။ စိတ္တသမုဋ္ဌာနေသု၊ ကုန်သော။ အဋ္ဌသု၊ ကုန်သော။ ရူပေသု၊ တို့၌။ ဧကာ၊ တစ်မျိုးသော။ ဝိညတ္တိ၊ ဝိညတ်သည်။ အတ္ထိ၊ ရှိ၏ ။ (ပါ၏ ။) ဣဒံ၊ ဤ ကာယဝိညတ်သည်။ ကာယကမ္မဒွါရံ နာက၊ မည်၏ ။
ယံ၊ ယင်း ကာယကမ္မဒွါရကို။ သန္ဓာယ၊ ရည်ရွယ်တော်မူ၍။ ကတမံ တံ။ ပ။ ကာယဝိညတ်တ္တီတိ၊ ဟူ၍။ (ဘဂဝတာ။) ဝုတ္တံ၊ ပြီ။
[ကာယဝိညတ္တိ၊ ကာယဝိညတ်ဟူသော။ တံ ရူပံ၊ ထို ရုပ်သည်။ ကတမံ၊ နည်း။
ကုသလစိတ္တဿ ဝါ၊ ကိုသိုလ်စိတ်ရှိသည်မူလည်းဖြစ်သော။ ပ။ အဗျာ-ကတစိတ်တဿ ဝါ၊ အဗျာကတစိတ် ရှိသည်မူလည်းဖြစ်သော။ အဘိက္ကမန္တဿ ဝါ၊ ရှေ့သို့ သွားသူ၏ သော်လည်းကောင်း။ ပဋိက္ကမန္တဿ ဝါ၊ နောက်သို့ ပြန်သူ၏ သော်လည်းကောင်း။ အာလောကေန္တဿ ဝါ၊ ရှေ့တည့်တည့်သို့ ကြည့်သူ၏ သော်လည်းကောင်း။ ဝိလောကေန္တဿ ဝါ၊ စောင်း၍ ကြည့်သူ၏သော်လည်းကောင်း။ သမိဉ္စေန္တဿ ဝါ၊ လက် ခြေ စသည်ကို ကွေးသူ၏သော်လည်းကောင်း။ ပသာရေန္တဿ ဝါ၊ လက် ခြေ စသည်ကို ဆန့်သူ၏သော်လည်းကောင်း။ ကာယဿ၊ ကိုယ်ကို။ ယာ ထမ္ဘနာ၊ အကြင် ထောက်ပံ့ခြင်းသည်။ (ယာ)သန္ထမ္ဘနာ၊ အကြင် ကောင်းစွာထောက်ပံ့ခြင်းသည်။ (ယံ) သန္ထမ္ဘိတတ္တံ၊ အကြင်ကောင်းစွာထောက်ပံ့တတ်သောရုပ်၏ ဖြစ်ကြောင်းဖြစ်ရာသည်။ (ယာ) ဝိညတ္တိ၊ အကြင်သိစေခြင်း သဘောတရားသည်။ (ယာ) ဝိညာ-ပနာ၊ အကြင်သိစေခြင်းဟူသော အခြင်းအရာသည်။ (ယာ) ဝိညာပိတတ္တံ၊ အကြင် သိစေတတ်သည်၏ အဖြစ်ဟူသော သဘောတရားသည်။ (အတ္ထိ။) ကာယဝိညတ္တိ၊ ကာယဝိညတ်ဟူသော။ တံ ရူပံ၊ ထိုရုပ်သည်။ ဣဒံ၊ ဤ သဘောတရားတည်း။ -ရူပကဏ္ဍဝိညတ်ရုပ်ခန်း။]
ဟိ၊ ချဲ့။ အဘိက္ကမိဿမိ၊ ရှေ့သို့သွားအံ့။ ပဋိက္ကမိဿမိ၊ ပြန်အံ့။ ဝါ၊ ဆုတ်အံ့။ ဣတိ၊ သို့။ စိတ္တံ၊ သည်။ ဥပ္ပဇ္ဇမာနံ၊ ဖြစ်လတ်သော်။ ရူပံ၊ စိတ္တဇရုပ်ကို။ သမုဋ္ဌာပေတိ၊ ဖြစ်စေ၏ ။
တတ္ထ၊ ထိုသို့ ရုပ်ကိုဖြစ်စေရာ၌။ [ဝါယောဓာတု-၌ စပ်။ ရှေးနိဿယ၌ "တတ္ထာတိ တသ္မိံ ဥပ္ပဇ္ဇမာနစိတ္တက္ခဏေ"ဟု စွဲ၏ ။] ပထဝီဓာတု၊ ပထဝီဓာတ်လည်းကောင်း။ ပ။ တံနိဿိတော၊ ထိုဓာတ်လေးပါးကိုမှီသော။ ဝဏ္ဏော၊ အဆင်းလည်းကောင်း။ ပ။ ဩဇာ၊ အဆီအနှစ်လည်းကောင်း။ ဣတိ၊ သို့။ အဋ္ဌန္နံ၊ ကုန်သော။ ဣမေသံ ရဓပကလာပါနံ၊ ဤ ရုပ်ကလာပ်တို့၏ ။ အဗ္ဘန္တရေ၊ အတွင်း၌။ (အဋ္ဌကလာပ်ရုပ်တို့တွင်-ဟူလို။) စိတ္တ-သမုဋ္ဌာနာ၊ သော။ ယာ ဝါယောဓာတု၊ အကြင် ဝါယောဓာတ်သည်။ (အတ္ထိ။) သာ၊ ထိုဝါယောဓာတ်သည်။ အတ္တနာ၊ မိမိနှင့်။ သဟဇာတံ၊ တကွဖြစ်သော။ ရူပကာယံ၊ ရုပ်အပေါင်းကို။ သန္ထမ္ဘေတိ၊ ကောင်းစွာ ထောက်ပံ့၏ ။ သန္ဓာရေတိ၊ ကောင်းစွာ ဆောင်ထား၏ ။ စာလေတိ၊ လှုပ်ရှားစေ၏ ။ အဘိက္ကမာပေတိ၊ ရှေ့သို့သွားစေ၏ ။ ပဋိက္ကမာပေတိ၊ ပြန်စေ၏ ။
တတ္ထ၊ ထို စိတ္တသမုဋ္ဌိတ- ဝါယောဓာတ်တို့တွင်။ (ပဌမစိတ္တသမုဋ္ဌိတာ ဝါယောဓာတု-စသည်၌ စပ်။) ဧကာဝဇ္ဇနဝီထိယံ၊ တစ်ခုသော အာဝဇ္ဇန်းရှိသော မနောဒွါရဝီထိ၌။ [အာဝဇ္ဇန်း ၂-မျိုးပါသော ပဉ္စဒွါရဝီထိက ဝိညတ်ကို မဖြစ်စေနိုင်သောကြောင့် မနောဒွါရဝဇ္ဇန်း တစ်ခုသာပါသော မနောဒွါရဝီထိကို ပြသည်။] သတ္တသု၊ ၇-ကြိမ်ကုန်သော။ ဇဝနေသု၊ ဇောတို့တွင်။ ပဌမစိတ္တသမုဋ္ဌိတာ၊ ပထမဇောစိတ်ကြောင့် ဖြစ်သော။ ["ပဌမဇဝနသမုဋ္ဌိတာ၊ ပထမဇောကြောင့် ဖြစ်သော" ဟုပင်ရှိသည်။] ဝါယောဓာတု၊ သည်။ အတ္တနာ၊ နှင့်။ သဟဇာတံ၊ သော။ ရူပကာယံ၊ ကို။ သန္တ မ္ဘေတုံ သန္ဓာရေတုံ။ ။ လှည်းတစ်စီးကို နွား ၇-ရှဥ်းဖြင့် ဆောင်ယူသွားရာ၌ ရှေ့ကသွားသော ၆ ရှဥ်း-တို့သည် လှည်းကို တောင့်ထားကြ၊ သွားမည့်လမ်းဘက်သို့ ရှေးရှုဆွဲငင်ဆောင်နေကြသကဲ့သို့ ထို့အတူ ရှေ့ဇော ၆ကြိမ်ကြောင့်ဖြစ်သော ဝါယောဓာတ်တို့က တကွဖြစ်ဖက် ရုပ်တို့ကို လျော့မသွားအောင် တောင့်ထားခြင်းကို "သန္ထ မ္ဘေတုံ" ဟုလည်းကောင်း၊ သွားမည့်ဘက် လှုပ်ရှားမည့်ဘက်သို့ရှေးရှု ဆွဲဆောင်ထားခြင်းကို "သန္ဓာရေတုံ" ဟုလည်းကောင်းဆိုသည်။ သန္ထ မ္ဘေတုံ၊ ကောင်းစွာ တောင့်ထားခြင်းငှာလည်းကောင်း။ သန္ဓာရေတုံ၊ ကောင်းစွာ ဆောင်ထားခြင်းငှာလည်းကောင်း။ သက္ကောတိ၊ စွမ်းနိုင်၏ ။ ပန၊ ဗျာတိရိက်ကား။ အပရာပရံ။ ပ။ န။ သက္ကောတိ။ ။ ပဋ္ဌမဇဝနသမုဋ္ဌိတ-ဝါယောဓာတ်သည် လှုပ်အောင် မတတ်နိုင်သော်လည်း ထိုဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်၌ ဝိညတ်ဟူသော ဝိကာရရုပ်ကား ပါဝင်သည်သာ။ မှန်၏- အရှေ့သို့ သွားလိုလျှင် ပဌမဇဝနသမုဋ္ဌိတ-ဝါယောဓာတ်ကလည်း အရှေ့သို့ ရှေးရှုလျက်သာ ထောက်ပံ့ရ ဆောင်ထားရလေသည်။ ထိုသို့ အရှေ့ဘက် ရှေးရှုခြင်းသည် ဝိညတ်ဟူသော ဝိကာရ၏ အစွမ်းကြောင့်သာ ဖြစ်ရ၏ ။ အပရာပရံ၊ ထိုမှ ဤမှ။ စာလေတုံ၊ လှုပ်စေခြင်းငှာ။ န သက္ကောတိ၊ မစွမ်းနိုင်။
ဒုတိယာ-ဒီသုပိ၊ ဒုတိယစိတ္တသမုဋ္ဌိတ-ဝါယောဓာတ် အစရှိသည်တို့၌လည်း။ ဧသေဝနယော။
ပန၊ ကား။ သတ္တမစိတ္တေန၊ သတ္တမ-ဇောစိတ်ကြောင့်။ သမုဋ္ဌိတာ၊ ဖြစ်သော။ ဝါယောဓာတု၊ သည်။ ဟေဋ္ဌာ၊ အောက်၌။ ဆဟိ၊ ၆-ပါးကုန်သော။ စိတ္တေဟိ၊ ဇောစိတ်တို့ကြောင့်။ သမုဋ္ဌိတံ၊ ကောင်းစွာ ဖြစ်သော။ ဝါယောဓာတုံ၊ ဝါယောဓာတ်ဟူသော။ ဥပတ္ထမ္ဘနပစ္စယံ၊ ထောက်ပံ့တတ်သောအကြောင်းကို။ လဘိတွာ၊ ရ၍။ အတ္တနာ သဟဇာတံ။ ရူပကာယံ၊ ကို။ သန္တ မ္ဘေတုံ၊ ငှာလည်းကောင်း။ ပ။ စာလေတုံ၊ လှုပ်စေခြင်းငှာ လည်းကောင်း။ အဘိက္ကမာပေတုံ၊ ရှေ့သို့ သွားစေခြင်းငှာ လည်းကောင်း။ ပဋိက္ကမာပေတုံ၊ နောက်သို့ ပြန်စေခြင်းငှာ လည်းကောင်း။ အာလောကာပေတုံ၊ ရှေ့တည့်တည့်သို့ ကြည့်စေခြင်းငှာ လည်းကောင်း။ ဝိလောကာပေတုံ၊ စောင်း၍ ကြည့်စေခြင်းငှာ လည်းကောင်း။ သမိဉ္စာပေတုံ၊ ကွေးစေခြင်းငှာ လည်းကောင်း။ ပသာရာပေတုံ၊ ဆန့်စေခြင်းငှာ လည်းကောင်း။ သက္ကောတိ၊ ၏ ။
တေန၊ ထို သတ္တမစိတ္တသမုဋ္ဌိတ-ဝါယောဓာတ်ကြောင့်။ (တစ်နည်း) တေန၊ ထိုသို့ စွမ်းနိုင်ခြင်းကြောင့်။ ဂမနံ နာမ၊ သွားခြင်းမည်သည်။ ဇာယတိ၊ ဖြစ်၏ ။ (အဘိက္ကမကို ရည်ရွယ်သည်။) အာဂမနံ နာမ၊ ပြန်လာခြင်း မည်သည်။ ဇာယတိ၊ ဖြစ်၏ ။ (ပဋိက္ကမ-ကို ရည်ရွယ်သည်။) မဂနာဂမနံ နာမ၊ သွားခြင်း ပြန်လာခြင်း မည်သည်။ ဇာယတိ၊ ၏ ။ (၂-မျိုးလုံးကို ရည်ရွယ်သည်။)
"ယောဇနံ၊ တစ်ယူဇနာရှိသော။ အရပ်သို့။ ဂတော၊ ရောက်ပြီ။ ဒသယောဇနံ၊ ၁၀-ယူဇနာရှိသော အရပ်သို့။ ဂတော၊ ပြီ။" ["ယောဇနံ၊ တစ်ယူဇနာတိုင်တိုင်။ ဂတော၊ သွားပြီ။ ဒသယောဇနံ၊ ၁၀-ယူဇနာတိုင်တိုင်။ ဂတော၊ ပြီ" ဟုလည်း ပေးနိုင်၏ ။] ဣတိ၊ သို့။ ဝတ္တဗ္ဗတံ အာပဇ္ဇာပေတိ။ ။ ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ်တွေ အကြိမ်များစွာ ဖြစ်သောအခါ "တစ်ယူဇနာရောက်ပြီ" ဟု ဆိုနိုင်စေသည်။ ဝါယောဓာတ် လွန်ကဲသော ရုပ်ကလာပ် အနည်းငယ် ဖြစ်ရုံမျှဖြင့်ကား ထိုမျှလောက် မရောက်စေနိုင်ပါ-ဟူလို။ ဝတ္တဗ္ဗတံ၊ ဆိုထိုက်သည်၏ အဖြစ်သို့။ အာပဇ္ဇာပေတိ၊ ၏ ။
ဟိ၊ ဥပမာဆောင် ထပ်အောင်ပြအံ့။ သတ္တဟိ၊ ခုနစ်ခုကုန်သော။ ယုဂေဟိ၊ ထမ်းပို့တို့ဖြင့်။ အာက**တဗ္ဗေ၊ ဆွဲငင် ထိုက်သော။ (နွားခုနှစ်ရှဥ်း က-သော ထမ်းပိုးခုနစ်ခုတို့ဖြင့် ဆွဲမှ ပါလာနိုင်လောက်အောင် ဝန်လေးသော။) သကဋေ၊ လှည်း၌။ တာဝ၊ ရှေးဦးစွာ။ ပဌမယုဂေ၊ ပထမထမ်းပိုး၌။ ယုတ္တဂေါဏာ၊ ကပ်ယှဥ်အပ်သော နွားတို့သည်။ ယုဂံ၊ ထမ်းပိုးကို။ သန္ထမ္ဘေတုံ သန္ဓာရေတုံ။ သက္ကောန္တိ ယထာ၊ စွမ်းနိုင်ကုန်သကဲ့သို့။ ပန၊ ဗျတိရိက်ကား။ စက္ကံ၊ လှည်းဘီးကို။ နပ္ပဝဋ္ဋေန္တိယထာ၊ မလိမ့်စေနိုင်ကုန်သကဲ့သို့။
ဒုတိယာဒီသုပိ၊ ဒုတိယယုဂ-ယုတ္တဂေါဏ အစရှိသည်တို့၌လည်း။ ဧသေဝ နယော။
ပန၊ ကား။ (တစ်နည်း) ပန၊ အနွယ ကား။ သတ္တမယုဂေ၊ ၌။ ဂေါဏေ၊ တို့ကို။ ယောဇေတွာ၊ ယှဥ်စေ၍။ ဝါ၊ ကပ်၍။ ယဒါ၊ ၌။ ဆေကော၊ ကျွမ်းကျင်သော။ သာရထိ၊ လှည်းသမားသည်။ ["သာရေတိ၊ သွားစေတတ်၏ ။ ဣတိ သာရေထိ" နှင့်အညီ လှည်း-နွား-မြင်း-ကား-ရထားတို့ကို သွားစေတတ်သောကြောင့် လှည်းသမား စသည်ကို "သာရထိ" ဟု ခေါ်သည်။] ဓုရေ၊ လှည်းဦး၌။ နိသီဒိတွာ၊ ထိုင်၍။ ယောတ္တာနိ၊ ကြိုး တို့ကို။ အာဒါယ၊ ကိုင်၍။ သဗ္ဗပုရိမတော၊ အလုံးစုံသော နွားတို့၏ ရှေ့ဖြစ်သောနွားမှ။ ယဋ္ဌာယ၊ စ၍။ ပတောဒလဋ္ဌိယာ၊ နှင်တံဖြင့်။ ဂေါဏေ၊ တို့ကို။ အာကောဋေတိ၊ ရိုက်နှက်၏ ။ တဒါ၊ ၌။ သဗ္ဗေဝ၊ အလုံးစုံသောနွားတို့သည်ပင်။ ဧကဗလာ၊ တူသော အားရှိကုန်သည်။ ဟုတွာ။ ဓုရဉ္စ၊ လှည်းဦးကိုလည်း။ သန္ဓာရေန္တိယထာ၊ ကောင်းစွာ ဆောင်ကုန်သကဲ့သို့။ စက္ကာနိ စ၊ တို့ကိုလည်း။ ပဝ‌ေဋ္ဋန္တိယထာ၊ ကုန်သကဲ့သို့။
သကဋံ၊ ကို။ ပဟေတွာ၊ ၍။ (သကဋော။) ဒသယောဇနံ၊ သို့။ ဂတော၊ ပြီ။ ဝီသတိယောဇနံ၊ သို့။ ဂတော၊ ပြီ။ ဣတိ။ ဝတ္တဗ္ဗတံ၊ သို့။ အာပါဒေန္တိ ယထာ၊ ရောက်စေကုန်သကဲ့သို့။ ဧဝံ သမ္ပဒံ၊ ဤသို့ မချွတ်မယွင်း ပြီးစီးခြင်း ရှိသော။ ဣဒံ၊ ဤ ဥပမေယျကို။ ဝေဒိတဗ္ဗံ။ [ဧဝံ သမ္ပဒံပုဒ်ပြီးပုံကို ပါရာဇိကဏ်ဘာသာဋီကာ အဇ္ဈတ္တိကနိဒါန်း အရိယူပဝါဒ-ကံ အဖွင့်၌ ရှုပါ။]
တတ္ထ၊ ထို ဥပါဒိန္နက အစရှိသော ကာယတို့တွင်။ ယော စိတ္တသမုဋ္ဌာနိကကာယော၊ အကြင် စိတ္တသမုဋ္ဌာနိက-ကာယသည်။ (အတ္ထိ။) သော၊ ထို စိတ္တသမုဋ္ဌာနိက-ကာယသည်။ ဝိညတ္တိ၊ ဝိညတ်သည်။ န၊ မဟုတ်။ ပန၊ အဟုတ်ကား။ စိတ္တသမုဋ္ဌာနာယ၊ သော။ ဝါယောဓာတုယာ၊ နှင့်။ သဟဇာတံ၊ သော။ ရူပကာယံ၊ ကို။ ပ။ စာလေတုံ၊ ငှာ။ ပစ္စယော၊ အကြောင်းသည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ သမတ္ထော၊ စွမ်းနိုင်သော။ ဧကော၊ တစ်ပါးသော။ အာကာရဝိကာယော၊ ထူးခြားသော အမူအရာသည်။ အတ္ထိ၊ ၏ ။ အယံ၊ ဤ ထူးခြားသော အမူအရာသည်။ ဝိညတ္တိ နာမ၊ မည်၏ ။
သာ၊ ထို ဝိညတ်သည်။ အဋ္ဌရူပါနိ၊ ရှစ်ပါးသော ရုပ်ကလာပ်တို့သည်။ (စိတ္တသမုဋ္ဌာနာနိ) ဝိယ၊ စိတ်ကြောင့် ဖြစ်ကုန်သကဲ့သို့။ နစိတ္တသမုဋ္ဌာနာ၊ စိတ်ကြောင့်မဖြစ်။ ["ရုပ်အစစ်မဟုတ်သောကြောင့် စိတ္တသမုဋ္ဌာန်မဟုတ်"ဟု ဆိုသည်။]
ပန၊ ထိုသို့ပင် စိတ္တသမုဋ္ဌာန် မဟုတ်ပါသော်လည်း။ (စိတ္တသမုဋ္ဌာနာ နာမ ဟောတိ-၌ စပ်။) အနိစ္စဒိဘေဒါနံ၊ အနိစ္စ အစရှိသော အပြားရှိကုန်သော။ ဓမ္မာနံ၊ သင်္ခတတရားတို့၏ ။ ဇရာမရဏတ္တာ၊ ဇရာမရဏ၏ အဖြစ်ကြောင့်။ "ဇရာမရဏံ။ ပ။ သင်္ခတ"န္တိ အာဒိ၊ ဇရာမရဏံ။ ပ။ သင်္ခတံ-အစရှိသော စကားတော်တို့ကို။ (ဘဂဝတာ။) ဝုတ္တံ ယထာ၊ ကဲ့သို့။ ဧဝံ၊ တူ။ စိတ္တသမုဋ္ဌာနာနံ၊ ကုန်သော။ ရူပါနံ၊ တို့၏ ။ ဝိညတ္တိတာယ၊ ဝိညတ်ဟူသော ဝိကာရ၏ အဖြစ်ကြောင့်။ သာပိ၊ ထို ဝိညတ်သည်လည်း။ စိတ္တသမုဋ္ဌာနာ နာမ။ ။ ဌာနဖြစ်သော ရုပ်ကလာပ်၏ စိတ္တသမုဋ္ဌာန အမည်အစစ်ကို ဌာနီဖြစ်သော ဝိကာရရုပ် ဝိညတ်ပေါ်၌ ဝိညတ်ကိုလည်းဌာနူပစာရအားဖြင့် စိတ္တသမုဋ္ဌာန် အမည်ရသည်ဟု ပြလိုသောကြောင့် "စိတ္တသမုဋ္ဌာနာ နာမ"ဟု နာမ-ထည့်၍ ဆိုရသည်။ စိတ္တသမုဋ္ဌာနာ နာမ၊ စိတ္တသမုဋ္ဌာန် မည်တော့သည်။ ဟောတိ၊ ၏ ။
["ဝါယောဓာတ်၏ ဝိကာရကို အဘယ်ကြောင့် ဝိညတ်ဟု ဆိုရသနည်း"ဟု မေးဖွယ်ရှိသောကြောင့် "ဝိညာပနတ္တာ"စသည်မိန့်။] ပန၊ ဆက်။ ဝိညာပနတ္တာ၊ သိစေတတ်သည်၏ အဖြစ်ကြောင့်။ ဧသာ၊ ဤအမူအရာ အထူးကို။ ဝိညတ္တီတိ၊ ဝိညတ်ဟူ၍။ ဝုစ္စတိ၊ ဆိုအပ်သည်။ [ဤစကားဖြင့် "ဝိညာပေတီတိ ဝိညတ္တိ" ဟူသော ဟေတုကတ္တုသာဓ် ဝဏနတ်ကိုပြသည်။]
ကိံ၊ အဘယ်ကို။ ဝိညာပေတိ၊ သိစေတတ်သနည်း။ ဣတိ၊ ဤကားအမေးတည်း။
ဧကံ၊ တစ်ပါးသော။ ကာယိကကရဏံ။ ။ "ကာယဒွါရပ္ပဝတ္တံ စိတ္တကြိယံ" ဟု ဋီကာဖွင့်၏ ။ ကာယေ၊ ကာရဒွါရ၌+ပဝတ္တံ ကာယိကံ။ ကရီယတေ၊ ပြုခြင်း။ ဝါ၊ အမူအရာ။ ကရဏံ၊ အမူအရာ။ ထို အမူအရာ ဟူသည် "စိတ်၏ အလိုဆန္ဒတည်း"ဟု သိစေလို၍ "အဓိပ္ပာယံတိအတ္ထော"ဟု ဋီကာဖွင့်သည်။ ကာယိကကယဏံ၊ ကာယဒွါယ၌ဖြစ်သော အမူအရာ ကြိယာကို။ (ဝိညာပေတိ၊ သိစေတတ်၏ ။ ဣတိ၊ ဤကား အဖြေတည်း။)
ဟိ၊ ချဲ့။ စက္ခုပထသ္မိံ၊ စက္ခုပသာဒ၏ လမ်း၌။ ဌိတော၊ တည်သူသည်။ ဟတ္ထံ ဝါ၊ လက်ကိုသော်လည်းကောင်း။ ပါဒံ ဝါ၊ ခြေကိုသော်လည်းကောင်း။ ဥက္ခိပတိ၊ မြှောက်လိုက်အံ့။ သီသံ ဝါ၊ ဦးခေါင်းကိုသော်လည်းကောင်း။ လမုကံ ဝါ၊ မျက်ခုံးကိုသော်လည်းကောင်း။ စာလေတိ၊ လှုပ်စေအံ့။ ဟတ္ထာဒီနံ၊ လက် အစရှိသည်တို့၏ ။ (အာဒိဖြင့် ခြေ, ဦးခေါင်း, မျက်ခုံးတို့ကိုယူ။) အယံ အာကာရော၊ ဤ မြှောက်ခြင်း လှုပ်ခြင်းဟူသော အမူအရာသည်။ စက္ခုဝိညေယျော၊ စက္ခုဝိညာဥ်ဖြင့် သိအပ်သိနိုင်သည်။ ဟောတိ၊ ၏ ။
ဝိညတ္တိ ပန၊ ဝိညတ်ကိုကား။ န စက္ခုဝိညေယျာ၊ စက္ခုဝိညာဥ်ဖြင့် မသိအပ် မသိနိုင် မနော ဝိညေယျာ ဧဝ၊ မနောဝိညာဥ်ဖြင့်သာ သိအပ်သိနိုင်၏ ။
ဟိ၊ မှန်။ စက္ခုနာ၊ စက္ခုဖြင့်။ ဟတ္ထဝိကာရာဒိဝသေန၊ လက်၏ ထူးခြားသော အမူအရာ အစရှိသည်တို့၏ အစွမ်းဖြင့်။ ဝိပ္ဖန္ဒမာနံ၊ လှုပ်ရှားသော။ ဝဏ္ဏာရမ္မဏမေဝ၊ အဆင်းဟူသော အာရုံကိုသာလျှင်။ ပဿတိ၊ မြင်နိုင်၏ ။
ဝိညတ္တိံ ပန၊ ဝိညတ်ကိုကား။ (ဇာနာတိ-၌ စပ်။) မနောဒွါရိက စိတ္တေန၊ မနောဒွါရိက စိတ်ဖြင့်။ စိန္တေ တွာ၊ ကြံ၍။ ဝါ၊ စဥ်းစား၍။ "ဧသ(ဧသော)၊ ဤသူသည်။ ဣဒဉ္စိဒဉ္စ၊ ဤမည်သောအမှု ဤမည်သောအမှုကိုလည်း။ ကာရေတိ မညေ။ ။ ကာရေတိ မညေဖြင့် ထို လက်စသည်ကို လှုပ်သူသည်၏ အလိုဆန္ဒသိရပုံကိုပြ၏ ။ ထိုသို့ ပြသဖြင့် အလိုကိုသိခြင်း၏ အရင်းခံဖြစ်သော ဝိညတ်ကိုလည်းသိအပ်ပြီး ဖြဤ ကာရေတိမညေ ပါဌ်ဖြင့်ပင် ပြသည်။ မှန်၏-လှုပ်သောလက်၏ အဆင်းကိုမြင်သော ပထမဝီထိ၊ ထို အတိတ် အဆင်းကိုသိသော တဒနုဝတ္တိကာ ဒုတိယဝီထိ၊ ထိုဝီထိကို အစဥ်လိုက်သော တတိယမနောဒွါရဝီထိဖြင့် ဝိညတ်ကို သိပြီးမှ စတုတ္ထမနောဒွါရဝီထိဖြင့် အလိုကို သိရသည်။ ဝီထိဆိုရိုး ဝိညတ္တိဝီိခန်းကိုရှုပါ။ ကာရေတိ မညေ၊ ပြုစေလိုယောင်တကား။ ဝါ၊ ပြုစေလို၏ဟု ထင်၏ ။" ဣတိ၊ သို့။ ဇာနာတိ၊ သိ၏ ။
ဟိ၊ ဥပမာဆောင် ထင်အောင်ပြအံ့. အရညေ၊ တော၌။ နိဒါဃသမယေ၊ နွေအခါ၌။ ဥဒကဋ္ဌညနေ၊ ရေ၏ တည်ရာအရပ်၌။ (ရေရှိရာအရပ်၌။) မနုဿာ၊ လူတို့သည်။ (ဗန္တာပေန္တိ-၌ စပ်။) "ဣမာယ သညာယ၊ ဤ အမှတ်အသားဖြင့်။ ဣဓ၊ ဤအရပ်၌။ ဥဒကဿ၊ ရေ၏ ။ အတ္ထိဘာဝံ၊ ရှိသည်၏ အဖြစ်ကို။ (ရှိမှန်းကို။) ဇာနိဿန္တိ၊ သိနိုင်ကုန်လတ္တံ့။" ဣတိ၊ ဤသို့ နှလုံးသွင်း၍။ ရုက္ခဂ္ဂေ၊ သစ်ပင်ခေါင်ဖျား၌။ တာလ ပဏ္ဏာဒီနိ၊ ထန်းရွက် အစရှိသော အမှတ်အသားတို့ကို။ ဗန္တာပေန္တိ၊ ဖွဲ့ချည်စေကြကုန်၏ ။ သုရာပါနဒွါရေ၊ သေရည်ဆိုင်၏ တံခါးပေါက်၌။ (အရက်ဆိုင်တံခါးပေါက်၌။) ဓဇံ၊ အလံကို။ ဥဿာပေန္တိ၊ ထောင်စေကြကုန်၏ ။ ဝါ၊ စိုက်ထူကုန်၏ ။ ဝါ ပန၊ သည်သာ မကသေး။ ဥစ္စံ၊ မြင့်သော။ ရုက္ခံ၊ သစ်ပင်ကို။ ဝါတော၊ လေသည်။ ပဟရိတွာ၊ တိုက်ခတ်၏ ။ စာလေတိ၊ လှုပ်စေ၏ ။ အန္တော ဥဒက၊ ရေ၏ အတွင်း၌။ မစ္ဆေ၊ ငါးသည်။ စလန္တေ၊ လှုတ်လတ်သော။ ဥပရိ၊ အထက်၌။ ပုဗ္ဗုဠကာနိ၊ ရေပွက်ငယ်တို့သည်။ ဥဋ္ဌဟန္တိ၊ ထကုန်၏ ။ မဟောဃဿ၊ ကြီးစွာသော ရေအလျဥ်၏ ။ ဂတမဂ္ဂပရိယန္တေ၊ သွားအပ်သောလမ်း၏ အထက်ပိုင်းအခြား၌။ တိဏပဏ္ဏကသဋံ၊ မြက် သစ်ရွက်အမှိုက်သည်။ ဥဿရိတံ၊ အထက်၌ တင်နေသည်။ ဟောတိ။ ["ဥဿာရိတံ၊ အထက်၌ တင်နေစေအပ်သည်"ဟုလည်း ရှိ၏ ။]
တတ္ထ၊ ထို ဖွဲ့ချည်စေမှု စသည်ဖြစ်ရာ၌။ တာလပဏ္ဏ။ ပ။ ကသဋေ၊ ထန်းရွက်, အလံ, သစ်ခက်လှုပ်ခြင်း, ရေပွက်, မြက်, သစ်ရွက်, အမှိုက်တို့ကို။ ဒိသွာ၊ မြင်ရ၍။ စက္ခုနာ၊ စက္ခုပသာဒဖြင့်။ ဝါ၊ စက္ခုဝိညာဥ်ဖြင့်။ အဒိဋ္ဌံ၊ မမြင်အပ်သည်။ (သမာနံပိ၊ ဖြစ်ပါသော်လည်း။) ဧတ္ထ၊ ဤ ထန်းရွက် ဖွဲ့ချည်ထားရာအရပ်၌။ ဥဒကံ၊ ရေသည်။ ဘဝိဿတိ၊ ရှိလတ္တံ့။ (ဧတ္ထ၊ ဤ အလံစိုက်ထားရာအရပ်၌။) သုရာ၊ သေရည်သည်။ ဘဝိဿတိ၊ ရှိလတ္တံ့။ အယံ ရုက္ခေည၊ ဤ သစ်ပင်သည်။ ဝါ၊ ကို။ ဝါတေန၊ လေသည်။ ပဟတော၊ တိုက်ခတ်အပ်သည်။ ဘဝိဿတိ။ အန္တော ဥဒကေ၊ ၌။ မစ္ဆော၊ ငါးသည်။ ဘဝိဿတိ။ ဧတ္တကံ ဌာနံ၊ ဤမျှ အတိုင်းအရှည်ရှိသော အရပ်ကို။ အဇ္ဈောတ္ထရိတွာ၊ လွမ်းမိုး၍။ ဩဃော၊ ရေအလျဥ်သည်။ ဂတော၊ သွားသည်။ ဘဝိဿတိ။" ဣတိ၊ သို့။ မနေညဝိညာဏေန၊ ဖြင့်။ ဇာနာတိ ယထာ၊ သိနိုင်သကဲ့သို့။ (မှန်းဆနိုင်သကဲ့သို့။) ဧဝမေဝ။ ပ။ ဇာနာတိ။ ။ တောထဲ၌ နွေအခါဝယ် သစ်ပင်ခေါင်ဖျား၌ ဖွဲ့ထားအပ်သော ထန်းရွက်၊ အလံ-စသည်တို့သည် လှုပ်ရှားသောလက်၏ ရူပါရုံနှင့်တူ၏ ။ တိုထန်းရါက်-စသည်ကို မြင်ပြီးနောက် ရေ-စသည်တို့ ရှိမှန်းကို သိရခြင်းသည် ရူပါရုံကို မြင်သောဝီထိ ဖြစ်ပြီးနောက် မနောဒွါရိက-ဝီထိဖြင့် ဝိညတ်ကို သိရခြင်းနှင့်တူသည်။ ဤအစဥ်သည် အကြမ်းမျှသာ။ ဤ့ထက်ကျယ်သော ဝီထိအစဥ်ကို ဋီကာအဖွင့်၌ ရှုပါဦး။ ဧဝမေဝ၊ လျှင်။ ဝိညတ္တိပိ၊ ကိုလည်း။ န စက္ခုဝိညေယျာ၊ စက္ခုဝိညာဥ်ဖြင့် မသိအပ် မသိနိုင်။ မနောဝိညေယျာဝ၊ မနောဝိညာဥ်ဖြင့်သာ သိအပ် သိနိုင်၏ ။
ဟိ၊ မှန်။ စက္ခုနာ၊ ဖြင့်။ ပ။ ကာရေတိ မညေ၊ ပြုစေလိုယောင် တကား။ ဝါ၊ ပြုစေလို၏ဟု ထင်၏ ။ ဣတိ ဇာနာတိ။
စ၊ ဆက်။ ကေဝလံ၊ ဝိညေယျအနက်မဖက် သက်သက်။ ဧသာ၊ ဤ ဝိကာရသည်။ ဝိညာပနတော (ဝ)၊ အလိုကို သိစေတတ်သည်၏ အဖြစ်ကြောင့်သာ။ ဝိညတ္တိ နာမ၊ မည်သည်။ န၊ မဟုတ်သေး။ [အချို့စာအုပ်၌(ဝ)မပါ၊ ကေဝလံပါသောကြောင့်(ဝ)မပါခြင်းက သာ၍ကောင်းသည်။]
ပန၊ အဟုတ်ကား။ ဝိညေယျတောပိ၊ သိထိုက်သည်၏ အဖြစ်ကြောင့်လည်း။ ဝိညတ္တိယေဝနာမ၊ ဝိညတ် မည်သည်သာ။ [ဤစကားဖြင့် "ဝိညာယတီတိ ဝိညတ္တိ" ဟူသော ကမ္မသာဓ် ဝစနတ်ကိုပြသည်။]
ဟိ၊ ချဲ့။ အယံ၊ ဤဝိကာရာရုပ် ဟူသော ဝိညတ်သည်။ ပရေသံ၊ သူတစ်ပါးတို့၏ (စိတ်၌)။ အန္တမသော၊ အောက်ထစ်ဆုံးအားဖြင့်။ တိရစ္ဆာနာဂတာနမ္ပိ၊ တိရစ္ဆာန်တို့၏ စိတ်၌သော်မှလည်း။ ပါကဋာ၊ ထင်ရှားသည်။ ဟောတိ၊ ၏ ။
ဟိ၊ မှန်။ [ပါကဋာ ဟောတိကို ဒဠီကရဏပြုသည်။] တတ္ထ တတ္ထ၊ ထိုထို အရပ်၌။ သန္နိပတိတာ၊ စုဝေးနေကုန်သော။ သောဏသင်္ဂါလကာကဂေါဏာဒယော၊ အိမ်ခွေး, တောခွေး, ကျီး, နွား-အစရှိသော သတ္တဝါတို့သည်။ ဒဏ္ဍံ ဝါ၊ တုတ်ကိုသော်လည်းကောင်း။ လေဋ္ဋံ ဝါ၊ ခဲကိုသော်လည်းကောင်း။ ဂဟေတွာ၊ ကိုင်၍။ ပဟရဏာကာရေ၊ ပုတ်ခတ်ခြင်း၏ အခြင်းအရာကို။ (ပုတ်ခတ်မည့် အမူအရာကို။) ဒဿိတေ၊ ပြအပ်သော်။ "အယံ၊ ဤလူသည်။ နော၊ ငါတို့ကို။ ပဟရိတုကာမော၊ ပုတ်ခတ်ခြင်းငှာ အလိုရှိ၏ ။" ဣတိ၊ သို့။ ဉတွာ၊ သိ၍။ ယေန ဝါ-တေန ဝါ၊ ဟုတ်ဟုတ်ညားညားသော လမ်းဖြင့်မူလည်း။ (ဦးတည့်ရာ လမ်းဖြင့်မူလည်း။) ပလာယန္တိ၊ ပြေးကြကုန်၏ ။
ပန၊ ဆက်။ ပါကာရကုဋ္ဋာဒိအန္တရိတဿ၊ တံတိုင်း နံရံ အစရှိသည်တို့ ခြားကွယ်အပ်သော။ ပရဿ၊ သူတစ်ပါး၏ (စိိတ်၌)။ အပါကဋကာလောပိ၊ မထင်ရှားရာ အခါသည်လည်း။
တသ္မိံ ခဏေ၊ ထို ခြားကွယ်ရာ ခဏ၌။ (ဝိညတ္တိ၊ သည်။) ကပါကဋာ၊ မထင်ရှားသည်။ ကိဉ္စာပိဟောတိ၊ အကယ်၍မူလည်း ဖြစ်ပါစေဦးတော့။ ပန၊ ထိုသို့ပင် ဖြစ်ပါသော်လည်း။ သမ္မုခီဘူတာနံ။ ပ။ နာမ ဟောတိ။ ။ သမ္မုခီဘူတ ဖြစ်သူတို့၏ စိတ်၌ ထင်ရှားသည်ဟု ဆိုသဖြင့် ဝိညတ္တိဟူသော နာမည်သည် အနွတ္ထနာမည် ဖြစ်ကြောင်းကို ပြီးစေ၏ ။ မှန်၏-"ဝိညာပေတီတိ ဝိညတ္တိ"ဟု ဟေတုကတ္တုသာဓ် ပြုလျှင် သမ္မုခီဘူတ ဖြစ်သူတို့ကိုသာ မိမိ၏ အလိုကို သိစေနိုင်၏ ။ "ဝိညာယတီတိ ဝိညတ္တိ"ဟု ကမ္မသာဓ်ပြုလျှင်လည်း သမ္မုခီဘူတ ဖြစ်သူတို့သည်သာ သိအပ်ဟုဟူသော အနက်ကို ပြ၏ ။ ထို့ကြောင့် ဋီကာ၌ "သဘာဝဘူတံ တံ ဒွိဓာဝိညတ္တိဘာဝံ သာဓေတိ"ဟု ဖွင့်သည်။ သမ္မုခီဘူတာနံ၊ မျက်မှောက်ဖြစ်၍ ဖြစ်သူတို့၏ (စိတ်၌။) ပါကဋာတ္တာ၊ ထင်ရှာသည်၏ အဖြစ်ကြောင့်။ ဝိညတ္တိယေဝ နာမ၊ ဝိညတ်မည်သည်သာ။ ဟောတိ၊ ၏ ။
စိတ္တသမုဋ္ဌာနိကေ ပန ကာယေ။ ။ ရှေး၌ "တတ္ထ ယာ ပထဝီဓာတု။ ပ။သာအတ္တနာ သဟဇာတံ ရူပကာယံ သန္ထ မ္ဘေတိ သန္ဓာရေတိ စာလေတိ အဘိက္ကမာပေတိပဋိက္ကမာပေတိ"ဟု စိတ္တဇဝါယောဓာတ်က ဤ ရူပကာယကို လှုပ်စေပုံကို ပြခဲ့၏ ။ ထိုလှုပ်စေခြင်းနှင့် စပ်၍ တေသမုဋ္ဌာနိက-ကာယ လှုပ်-မလှုပ်ကို စောဒနာလိုသောကြောင့် "စိတ္တသမုဋ္ဌာနိကေ ပန ကာယေ" အစရှိသောစကားကို မိန့်သည်။ ထို့ကြောင့် ပနသည် ပြတ်ပြီးကို ပြန်၍ဆက်သော ဝါကျာရမ္ဘဇောတေက-သာမက၊ ပုစ္ဆာဇောတကလည်း ဖြစ်နိုင်၏ ။ ပန၊ ဆက်။ (တစ်နည်း)ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကိုဆိုဦးအံ့။ စိတ္တသမုဋ္ဌာနိကေ၊ စိတ်ဟူသော ဖြစ်ကြောင်းရှိသော။ ကာယေ၊ ရုပ်အပေါင်းသည်။ (စိတ္တဇကလာပ်ရုပ်သည်-ဟူလို။) စလန္တေ၊ လှုတ်လတ်သော်။ တေသမုဋ္ဌာနိကော၊ တေသမုဋ္ဌာနိက-ကာယသည်။ (ကမ္မ၊ အာဟာရ၊ ဥတုသမုဋ္ဌာနိက ကာယသည်။) စလတိ၊ လှုပ်သလော။ န စလတိ၊ မလှုပ်သလော။ ဣတိ၊ ဤကား အမေးတည်း။
သောပိ၊ ထို တေသမုဋ္ဌာနိက-ကာယသည်လည်း။ တထေဝ၊ ထို စိတ္တသမုဋ္ဌာနိက-ကာယ အတူသာလျှင်။ စလတိ၊ လှုပ်ရ၏ ။
တံဂ-တိကော(ဝ)၊ ထို စိတ္တသမုဋ္ဌာနိက-ကာယ၏ ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသည်သာ။ တဒနုဝတ္တိကောဝ၊ ထို စိတ္တတမုဋ္ဌာနိက-ကာယသို့ အစဥ်လိုက်ရသည်သာ။ (တံဂတိကော-ကို ထပ်ဖွင့်သည်။) ဟောတိ၊ ဖြစ်၏ ။
ဟိ၊ ဥပမာဆောင် တင်အောင်ပြအံ့။ ဥဒကေ၊ ရေသည်။ ဂစ္ဆန္တေ၊ သွားလတ်သော်။ ဥဒကေ၊ ၌။ ပတိဘာနိ၊ ကျကုန်သော။ သုက္ခဒဏ္ဍက တိဏပဏ္ဏာဒီနိပိ၊ ခြောက်သောတုတ်ကလေး, ခြောက်သောမြက်, ခြောက်သောသစ်ရွက် အစရှိသော အရာဝတ္ထုတို့သည်လည်း။ ဥဒကဂတိကာနေဝ၊ ရေ၏ ဖြစ်ခြင်းနှင့် တူသော ဖြစ်ခြင်းရှိကုန်သည်သာ။ ဝါ၊ ရေနှင့် အလားတူကုန်သည်သာ။ ဘဝန္တိ ယထာ၊ ဖြစ်ကုန်သကဲ့သို့။ တသ္မိံ၊ ထိုရေသည်။ ဂစ္ဆန္တေ၊ သွားလတ်သော်။ ဂစ္ဆန္တိ ယထာ၊ သွားရကုန် သကဲ့သို့။ တိဋ္ဌန္တေ၊ ရပ်လတ်သော်။ တိဋ္ဌန္တိ ယထာ၊ ရပ်ရကုန်သကဲ့သို့။ ဧဝံ သမ္ပဒံ၊ ဤသို့ မချွတ်မယွင်း ပြီးစီးခြင်းရှိသော။ ဣဒံ၊ ဤ ဥပမေယျကို။ ဝေဒိတဗ္ဗံ။
[စိတ္တသမုဋ္ဌာနေသု ပန အဋ္ဌသုရူပေသု။ ပ။ ဣဒံ။ ကာယကမ္မဒွါရံ နာမ၊ ဟူသော စကားကို အကျယ်ပြလာခဲ့ရာ ယခုအခါ နိဂုံး အုပ်လိုသောကြောင့် ဧဝမေသာ စသည်မိန့်။] ဧဝံ၊ ဤသို့လျှင်။ စိတ္တသမုဋ္ဌာနေသု၊ ကုန်သော။ ရူပေသု၊ တို့တွင်။ ဧသာ ဝိညတ္တိ၊ ဤဝိညတ်သည်။ ကာယကမ္မဒွါရံနာမ၊ မည်၏ ။ ဣဒိ၊ သို့။ ဝေဒိတဗ္ဗာ။ [ဝိညတ်၏ ကာယကမ္မဒွါရ အမည်ရပုံကို နောက်၌လည်းပြဦးလတ္တံ့။]
ပန၊ ဆက်။ တသ္မိံ ဒွါရေ သိဒ္ဓါ။ ။ လက်လှုပ် ခြေလှုပ်စသော အမူအရာကို ပြီးစေနိုင်သော ကာယဝိညတ် (ကာယဒွါယ) ပါမှ ကာယကံဟူသော စေတနာ၏ (ဖြစ်နေပုံ)ကို သူတစ်ပါး။ တို့ သိနိုင်၏ ။ ထို ကာယဒွါယကြောင့်ပင် စေတနာသည် ကာယကံဟူသော နာမည်ကို ရ၏ ။ ထို့ကြောင့် "တသ္မိံ ဒွါရေ သိဒ္ဓါ-ထို ကာယဒွါယ၌ ထင်ရှားသောစေတနာ"ဟု ဆိုသည်။ [ဋီကာ၌ "ပါကဋဘာဝဝသေန သိဒ္ဓါ"ဟု ဖွင့်သောကြောင့် သိဒ္ဓါ၏ နိပ္ဖန္န-ပြီးစီးခြင်းအနက်၊ နိစ္စအနက်တိုကို မယူဘဲ ပါကဋအနက်ကို ယူသည်။] တသ္မိံ ဒွါရေ၊ ထို ကာယကမ္မဒွါရ၌။ သိဒ္ဓါ၊ ထင်ရှားသော။ ယာ စေတနာ၊ အကြင် စေတနာသည်။ (အတ္ထိ။) ယာယ၊ အကြင် စေတနာဖြင့်။ ပါဏံ၊ သတ္တဝါကို။ ဟနတိ၊ သတ်၏ ။ အဒိန္နံ၊ မပေးအပ်သော သူ့ဥစ္စာကို။ အာဒိယတိ၊ ယူ၏ ။ မိစ္ဆာစာရံ၊ ကဲ့ရဲ့ထိုက်သော အကျင့်ကို။ (ကာမေသုမိစ္ဆာစာရကို။) စရတိ၊ ကျင့်၏ ။ ပါဏာတိပါတာဒီဟိ၊ ပါဏာတိပါတ အစရှိသော ဒုစရိုက်တို့မှ။ ဝိရမတိ၊ ရှောင်ကြည်၏ ။ ဣဒံ၊ ဤစေတနာသည်။ ကာယကမ္မံ နာမ၊ မည်၏ ။
ဧဝံ၊ သို့။ ပရဝါဒိမှိ၊ မရဝါဒီပုဂ္ဂိုလ်သည်။ သတိ၊ ရှိလတ်သော်။ (ထိုစကားကို ပြောဆိုရာပရိသတ်၌ ပရဝါဒီပါလျှင်။) ကာယော၊ လှုပ်ရှားစေတတ်သော ကာယသည်။ ဒွါရံ၊ ဒွါရမည်၏ ။ တမှိ ဒွါရေ၊ ထို ကာယကမ္မဒွါရ၌။ သိဒ္ဓါ၊ ထင်ရှားသော။ စေတနာ၊ သည်။ ကာယကမ္မံ၊ ကာယကံသည်။ ကုသလံ ဝါ အကုသလံ ဝါတိ ထပေတဗ္ဗံ။ ။ ပရဝါဒီပုဂ္ဂိုလ်သည် အကျိုးပေးနိုင်သော သဝိပါက စေတနာကိုသာ "ကံ"ဟု အယူရှိ၏ ။ အကျိုးမပေးနိုင်သော အဗျာကတ ကြိယာ စေတနာကိုကား ကာယကံ၊ ဝစီကံ၊ မနောကံ-ဟု နာမည်မပေးလို။ ထို့ကြောင့် ထို ပရိသတ်၌ ပရဝါဒီပုဂ္ဂိုလ် ပါနေလျှင် "ကာယကမ္မံ ကုသလံ ဝါ အကုသလံ ဝါ (ကာယကံ ကုသိုလ်သော်လည်းကောင်း၊ အကုသိုလ်သော်လည်းကောင်း) ဟောတိ" ဟု ဆို၍ ရပ်ထားလိုက်ပါ။ ရှေ့တိုး၍ "အဗျာကတံ ဝါ"ဟု ထည့်လျှင် ပရဝါဒီက ကန့်ကွက်လိမ့်မည်-ဟူလို။ ကုသလံ ဝါ၊ ကုသိုလ်သည် သော်လည်းကောင်း။ အကုသလံ ဝါ၊ အကုသိုလ်သည် သော်လည်းကောင်း။ ဟောတိ၊ ၏ ။ ဣတိ၊ သို့။ ထဗေတဗ္ဗံ၊ တန့်ထားရာ၏ ။
ပရဝါဒိမှိ၊ သည်။ အသတိ ပန၊ မရှိသော်လည်း။ အဗျာကတံ ဝါတိ ထပေတဗ္ဗံ။ ။ သကဝါဒီ ပုဂ္ဂိုလ်တို့ကား အကျိုးပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ကာယဝိညတ်ကို ဖြစ်စေနိုင်လျှင် ကာယကံ မည်တော့၏ ။ မနောဒွါရာဝဇ္ဇန်း မဟာကြိယာစိတ်များလည်း ဝိညတ်ကို ဖြစ်စေနိုင်၏ ။ ဝိညတ်ကို ဖြစ်စေနိုင်လျှင် ကာယကံအမည်လည်း ရတော့သည်သာ။ ထို့ကြောင့် "နာမည်တပ်ရာ၌ အကျိုးပေးခြင်း၊ မပေးခြင်းမှာ လိုရင်းမဟုတ်"ဟု ယူဆကြသည်။ ထို့ကြောင့်ကုသလံ ဝါ အကုသလံ ဝါ အပြင် "အဗျာကတံ ဝါ" ထည့်၍ ကုသလတိက်ကို ပြည့်ပါစေ-ဟူလို။ အဗျာကကံ ဝါ၊ အဗျာကတ-သည် သော်လည်း။ ဟောတိ၊ ၏ ။ ဣတိ၊ သို့။ တိကံ၊ ကုသလတိတ်ကို။ ပူရေ တွာဝ၊ ပြည့်စေပြီး၍ သာလျှင်။ ထပေတဗ္ဗံ၊ တန့်ထားရာ၏ ။
တတ္ထ၊ ထိုဒွါရ ကမ္မတို့တွင်။ (ဒွါရေ ကမ္မံ-တို့၌ စပ်။) နဂရဒွါရံ၊ မြို့တံခါးပေါက်သည်။ ကတဋ္ဌာနေယေဝ၊ ပြုအပ်ရာ အရပ်၌သာ။ (တံခါးပေါက်ဖောက်ထားအပ်ရာ အရပ်၌သာ။) တိဋ္ဌတိ ယထာ၊ တည်သကဲ့သို့။ အင်္ဂုလမတ္တမ္ပိ၊ လက်တစ်သစ်မျှလည်း။ အပရာပရံ၊ ထိုထို ဤဤ အရပ်သို့။ န သင်္ကမတိယထာ၊ မပြောင်းရွှေ့သကဲ့သို့။ ပန၊ ကား။ တေန ဒွါရေန၊ ထိုထို တံခါးပေါက်ဖြင့်။ မဟာဇနော၊ များစွာသော လူအပေါင်းသည်။ သဉ္စရတိယထာ၊ လှည့်လည်သကဲ့သို့။ ဧဝမေဝ၊ ဤ့အတူသာလျှင်။ ဒွါရေ ဒွါရံ န သဉ္စရတိ။ ။မြို့အရှေ့မျက်နှာ၌ ဖောက်ထားအပ်သော မြို့တံခါးပေါက်သည် အနောက်ဘက် တံခါးပေါက်အဖြစ် စသည်ဖြင့် မဖြစ်နိုင်သကဲ့သို့ ကာယဒွါရ၌ ဝစီဒွါရ မနောဒွါရ၏ အဖြစ်ဖြင့် မဖြစ်နိုင်ခြင်း စသည်ကို "ဒွါရေ ဒွါရံန သဉ္စရတိ"ဟု ဆိုသည်။ ဆိုလိုရင်းကား-ကာယဒွါရက ဝစီဒွါရ မနောဒွါရအဖြစ်ဖြင့် မဖြစ်နိုင်၊ ဝစီဒွါရ စသည်ကလည်း ကာယဒွါရ မနောဒွါရ အဖြစ်ဖြင့် မဖြစ်နိုင်။ ဤသို့ စသည်ဖြင့် ဆိုလိုသည်။ ဒွါရေ၊ ဒွါရတစ်ခု၌။ ဒွါရံ၊ ဒွါရတစ်ခုသည်။ န သဉ္စရတိ၊ မလှည့်လည်။ (မဖြစ်-ဟူလို။) ****။ ။ လူတစ်ယောက်သည် အရှေ့တံခါးပေါက်၌လည်း သွားလာနိုင်၊ အနောက်, တောင်, မြောက်တံခါးပေါက်တို့၌လည်း သွားလာနိုင်သကဲ့သို့ ကာယဒွါရ၌ ဖြစ်လေ့ရှိသော ပါဏာတိပါတ ကာယကံသည် ဝစီဒွါရ၌လည်း ဖြစ်နိုင်၏ ။ ဤသို့ စသည်ဖြင့် အခြားဒွါရ၌လည်း ကံ၏ ဖြစ်နိုင်ခြင်းကို "ကမ္မံ ပန။ ပ။ စရေတိ" ဟု ဆိုသည်။ ကမ္မံ ပန၊ ကံသည်ကား။ တသ္မိံ ဒွါရေ၊ ထိုထို ဒွါရ၌။ ဥပ္ပဇ္ဇနတော၊ ဖြစ်ခြင်းကြောင့်။ စရတိ၊ လှည့်လည်၏ ။
တေန၊ ကြောင့်။ ပေါရဏာ၊ ရှေးဆရာတို့သည်။
ဒွါရေ။ ဒွါရစာရိနော။ ။ ဤ ၂-ပါဒတွင် "ဒွါရေ စရန္တိ ကမ္မာနိ" သည် "ကမ္မံပန။ ပ။ စရတိ" ၏ သာဓကတည်း။ "န ဒွါရာ ဒွါရစာရိနော" သည် "ဒွါရေ ဒွါရံ န သဉ္စရတိ" ၏ သာဓကတည်း။ ဤသို့ အစဥ်အတိုင်းမဟုတ်ဘဲ သာဓျနှင့် သာဓကတို့ နောက်ပြန်ယူရ ပုံကို သတိပြုပါ။ [ဒွါရန္တ ရစရဏံ၊ ဒွါရန္တရုပ္ပတ္တိ၊... ဒွါရေ ဒွါရာနိ န စရန္တီတိ-ဒွါရန္တရဘာဝေန န ပဝတ္တန္တိ၊ ဒွါရန္တရံ ဝါ န သင်္ကမန္တိ။-အနု။ ဤအဖွင့်များကို ထောက်၍ စရဓာတ်၏ပဝတ္တန အနက် သင်္ကမအနက်များကို ယူနိုင်ကြောင်းသိပါ။] "ဒွါရေ။ ပ။ ဝဝတ္ထိတာ" တိ၊ ဟူ၍။ အာဟု၊ ဆိုကြကုန်ပြီ။ [ကမ္မာနိ၊ ကံတို့သည်။ ဒွါရေ၊ ရိုးရာဒွါရမှ တစ်ပါးသော ဒွါရ၌။ သဉ္စာရန္တိ၊ လှည့်လည်ကြ ဖြစ်ကြကုန်၏ ။ ဒွါရာ၊ ဒွါရတို့သည်။ န ဒွါရစာရိနော၊ ဒွါရတစ်ပါး၌ မလှည့်လည်နိုင်ကုန်။ (ဒွါရတစ်ပါး၏ အဖြစ်ဖြင့် မဖြစ်နိုင်ကြကုန်။)
တသ္မာ။ ပ။ ဝဝတ္ထိတာ။ ။ ဒွါရက ဒွါရတစ်ပါးအဖြစ်သို့ မပြောင်းဘဲ၊ ခိုင်မြဲသောကြောင့် ထို မြဲသော ဒွါရတို့ဖြင့် ကံကို သတ်မှတ်လျက် နာမည်တပ်ရသည်။ ပါဏာတိပါတ-ကံကို တစ်ရံတစ်ခါ ဝစီဒွါရ၌ ဖြစ်သော်လည်း ကာယဒွါရဖြင့် သတ်မှတ်၍ "ကာယကံ" ဟု နာမည်တပ်ရသည်။ မုသာဝါဒ-ကံကိုလည်း တစ်ရံတစ်ခါ ကာယဒွါရ၌ ဖြစ်စေကာမူ ဝစီဒွါရဖြင့် သတ်မှတ်၍ "ဝစီကံ" ဟု နာမည်တပ်ရသည်။ ဤသို့ စသည်ဖြင့် သိပါ။ [အခြားနာမည်နှင့် မရောရအောင် ပိုင်းခြား သတ်မှတ်ထားခြင်းကို "ဝဝတ္ထိတ" ဟု ဆိုသည်။ ထို့ကြောင့် ဋီကာ၌ "အညမညံ ဝဝတ္ထိတာတိစ အညမညံ ဝိသေသိတာတိအတ္ထော"ဟု အဓိပ္ပာယတ္ထ ဖွင့်သည်။ သဒ္ဒတ္ထမှာ "ဝိ-အခြား နာမည်တို့မှ သီးခြား+အဝ-ပိုင်းခြား သတ်မှတ်၍+ထိတာ (ထာပိတာ)-တည်စေအပ်ကုန်"ဟု ဖြစ်၏ ။] တသ္မာ၊ ကြောင့်။ ဒွါရေဟိ၊ တို့ဖြင့်။ ကမ္မာနိ၊ တို့ကို။ **အညမညံ**။ ။ ရှေးဦးစွာ ဒွါရဖြင့် ကံကို သတ်မှတ်၍ ထို့နောက် ထိုကံဖြင့် ဒွါရကို သတ်မှတ်ရခြင်းကို "အညမည ဝဝတ္ထိတ၊ အပြန်အလှန် သတ်မှတ်ခြင်း"ဟု ဆိုသည်။ ဥပမာ-ပါဏာတိပါတကို ကာယဝိညတ်ဟူသော ဒွါရဖြင့် သတ်မှတ်၍ "ကာယကံ"ဟု ရှေးဦးစွာ နာမည်တပ်ပြီးလျှင် ထိုကာယကံ၏ ဖြစ်ကြောင်း ဖြစ်သောကြောင့် ထို ကာယဝိညတ်ကိုပင် ကာယကံဖြင့် သတ်မှတ်၍ "ကာယကမ္မဒွါရ"ဟု နာမည်တပ်ရခြင်းမျိုးတည်း။ ဤသို့ အပြန်အလှန် သတ်မှတ်ပုံကို "ယသ္မိံ သာမယေ။ ပ။ စိတ္တံ ဥပ္ပန္နံ ဟောတိ၊ တသ္မိံ သမယေ" တုန်းကလည်း အဋ္ဌကထာဆရာ ပြခဲ့ပြီ။ ယသ္မိံ သမယေ စိတ္တံ-၌ သမယဖြင့် စိတ်ကိုသတ်မှတ်၍ "တသ္မိံ သမယေ၊ ထိုစိတ်ဖြစ်ရာအခါ၌" ဟု စိတ်ဖြင့် သမယကို ပြန်၍ သတ်မှတ်သည်။ အညမညံ၊ ချင်း။ ဝဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်အပ်ကုန်ပြီ။]
[အညမညံ ဝဝတ္ထိတ-ဖြစ်ပုံကို အကျယ်ပြလိုသောကြောင့် "တတ္ထ"စသည်မိန့်။] တတ္ထ၊ ထို ဒွါရကမ္မတို့တွင်။ ကမ္မေနာပိ၊ ကံဖြင့်လည်း။ ဒွါရံ၊ ဒွါရသည်။ နာမံ၊ အမည်ကို။ လဘတိ၊ ရ၏ ။ ဒွါရေနာဝိ၊ ဖြင့်လည်း။ ကမ္မံ၊ သည်။ (နာမံ လဘတိ။)
ဟိ၊ ဥပမာဆောင် ထင်အောင် ပြဦးအံ့။ ဝိဉာဏာဒီနံ၊ ဝိညာဥ်အစရှိသည်တို့၏ ။ ဥပ္ပဇ္ဇနဋ္ဌာနာနိ၊ ဖြစ်ရာဋ္ဌာနတို့သည်။ ဝိဉာဏဒွါရံ၊ ဝိဉာဏဒွါရ။ ပ။ သံဝရဒွါရံ၊ သံဝရဒွါရ။ ဣတိ၊ သို့။ နာမံ၊ ကို။ လဘန္တိယထာ၊ ကဲ့သို့။ [ဝိဉာဏဒွါရ-စသည်ကို ကမ္မကထာ အဆုံး၌ ပြလတ္တံ့။] ဧဝံ၊ တူ။ ကာယကမ္မဿ၊ ကာယကံ၏ ။ဥပ္ပဇ္ဇနဋ္ဌာနံ။ ။ စက္ခုဝိညာဥ်၏တည်ရာ စက္ခုပသာဒကို "စက္ခုဒွါရ"ဟု ခေါ်ရာ၌ (လူသည် ထိုင်ခုံပေါ်၌ တည်နေသကဲ့သို့) စက္ခုဝိညာဥ်သည် စက္ခုပသာဒအပေါ်၌ တကယ်တည်နေသည်မဟုတ်ပါ။ စက္ခုပသာဒမရှိလျှင် စက္ခုဝိညာဥ် မဖြစ်နိုင်သောကြောင့်သာ "စက္ခုဝိညာဥ်၏ တည်ရာ မှီရာ"ဟု ဆိုရသည်။ ထို့အတူ ကာယဝိညတ်မပါလျှင် ကာယကံမဖြစ်သေး။ ကာယဝိညတ်ပါမှ ကာယကံ ဖြစ်သောကြောင့် ကာယဝိညတ်ကိုလည်း "ကာယကံ၏ ဖြစ်ရာဌာန"ဟု ခေါ်ရပါသည်။ [ထိုသို့ ကာယကမ္မ၏ ဖြစ်ရာဌာနကိုပင် ကာယကံဖြစ်ခြင်း၏ အကြောင်းဒွါရလည်း ဖြစ်သောကြောင့် "ကာယကမ္မဒွါရ"ဟု ခေါ်ရသည်။] ဥပ္ပဇ္ဇနဋ္ဌာန၊ ဖြစ်ရာဌာနသည်။ "ကာယကမ္မဒွါရန္တိ" နာမ၊ ကာယကမ္မဒွါရဟူသော အမည်ကို။ လဘတိ၊ ၏ ။
ဝစီမနောကမ္မဒွါရေသုပိ၊ ဝစီကမ္မဒွါရ မနောကမ္မဒွါရတို့၌လည်း။ ဧသေဝနယော၊ တည်း။
ပန၊ ကား။ (ကံဖြင့် ဒွါရအမည်ရပုံမှတစ်ပါး ဒွါရဖြင့် ကံအမည်ရပုံကား။) တသ္မိံ တသ္မိံ ရုက္ခေ၊ ထိုထို သစ်ပင်၌။ အဓိဝတ္တာ၊ စိုးအုပ်၍ နေသော။ ဒေဝတာ၊ နတ်သည်။ (နာမံ လဘတိ-၌ စပ်။) သိမ္ဗလိဒေဝတာ၊ လက်ပံပင်နတ်။ ပလာသ ဒေဝတာ၊ ပေါက်ပင်နတ်။ ပုစိမန္ဒဒေဝတာ၊ တမာပင်နတ်။ ဖန္ဒ နဒေဝတာ၊ ကြို့ပင်နတ်။ ဣတိ၊ သို့။ တေန တေန ရုက္ခေန၊ ထိုထို သစ်ပင်ဖြင့်။ နာမံ၊ ကို။ လဘတိ ယထာ၊ ရသကဲ့သို့။ ဧဝမေဝ၊ သာလျှင်။ ကာယဒွါရေန၊ ကာယဒွါရဖြင့်။ ကတံ၊ ပြုအပ်သော။ ကမ္မမ္ပိ၊ သည်လည်း။ ကာယကမ္မံ၊ မည်၏ ။ ဣတိ၊ သို့။ ဒွါရေန နာမံ လဘတိ။
ဝစီကမ္မ မနောကမ္မေသုပိ၊ တို့၌လည်း။ ဧသေဝနယော။ [ဤတိုင်အောင် အညမညံ ဝဝတ္ထိ အကျယ်တည်း။]
[ယခုအခါ ကာယနှင့် ကမ္မကို ခွဲခြားပြလို၍ တတ္ထ-စသည်မိန့်။] တတ္ထ၊ ထို ကာယနှင့် ကမ္မတို့တွင်။ ကာယော၊ ကာယဟူသည်။ အညော၊ ကမ္မမှ တစ်မျိုးတခြားတည်း။ ကမ္မံ၊ ကံဟူသည်။ အညံ၊ ကာယမှတစ်မျိုး တခြားတည်း။ ပန၊ ထိုသို့ တစ်မျိုးစီ ဖြစ်ပါသော်လည်း။ ကာယေန၊ ကာယဒွါရဖြင့်။ ကတတ္တာ၊ ပြုအပ်သည်၏ အဖြစ်ကြောင့်။ တံ၊ ထိုကံကို။ "ကာယကမ္မ"န္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏ ။
တေန၊ ကြောင့်။ အဋ္ဌကထာစရိယာ၊ ရှေးအဋ္ဌကထာ ဆရာတို့သည်။
[ကာယေန၊ ကာယဒွါရဖြင့်။ ကမ္မံ၊ ကံကို။ စေ ကတံ၊ အကယ်၍ ပြုအပ်သည်ဖြစ်အံ့။ (ဧဝံ သတိ။) ကာယကမ္မန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏ ။
ကာယောစ၊ ကာယဝိညတ်ဟူသော ကာယကိုလည်းကောင်း။ ကာယကမ္မဉ္စ၊ စေတနာ ဟူသော ကာယကံကို လည်းကောင်း။ အညမညံ၊ အချင်းချင်း။ ဝ ဝတ္ထိတာ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်အပ်ကုန်ပြီ။
သူစိယာ၊ အပ်ဖြင့်။ ကမ္မံ၊ အမှုကို။ စေ ကတံ၊ (ဧဝံ သတိ။) သူစိကမ္မန္တိ၊ ဟူ၍။ ဝါ၊ အပ်ချုပ်မှုဟူ၍။ ဝုစ္စတိ။ ပ။
...ပုရိသေန၊ သည်။ ကမ္မံ၊ ကို။ စေကတံ။ ပ။ ဝ ဝတ္ထိတာ။
ဧဝမေဝံ၊ ဤအတူ။
ကာယေန၊ ဖြင့်။ ပ။ ဝ ဝတ္ထိတာ၊ ကုန်ပြီ။]
ဧဝံ သန္တေ။ ပ။ န ကမ္မဝ ဝတ္ထာနံ။ ။ "ဒွါရေ စရန္တိ ကမ္မာနိ" နှင့် စပ်၍ စောဒနာဖွယ်ကို ပြလိုသောကြောင့် "ဧဝံ သန္တေ"စသည်ကို မိန့်သည်။ ဤသို့ ကံတို့၏ ဒွါရတစ်ပါး၌ဖြစ်ခြင်း၊ အချင်းချင်းလည်း နာမည်တပ်၍ သတ်မှတ်ခြင်း ဖြစ်လတ်သော ဒွါရကို ကံဖြင့်သတ်မှတ်ခြင်းလည်း မသင့်။ ကံကိုလည်း ဒွါရဖြင့် သတ်မှတ်ခြင်းလည်းမသင့်-ဟူလို။ [ဧဝံ သန္တေတိ-ကမ္မာနံ ဒွါရစရဏေ အညမညန စ ဝဝတ္ထာနေ သတိ။-ဋီကာ။] ဤဋီကာ၌လည်း "ဒွါရေ စရန္တိ ကမ္မာနိ၊ အညမညံ ဝ ဝတ္ထိတာ"ဟူ‌သော လွန်ခဲ့ပြီး စကားကို ချုံး၍ ဧဝံ သန္တေ ၏ အစွဲကို ဖွင့်သည်။ ကထံ စသည်ကား ထိုစောဒနာကို အကျယ်ပြသော စကားတည်း။ ဝ ဝတ္ထာနံ န ယုဇ္ဇတိ-တိုင်အောင် ထိုအကျယ်ကိုသိပါ။ [ယေဘုယျနည်း၊ တဗ္ဗဟုလနည်းတို့၏ သဘောကိုနည်း ၄၀-၌ ကြည့်ပါ။] ဧဝံ သန္တေ၊ ဤသို့ ဖြစ်လတ်သော်။ (ကံတို့၏ ဒွါရတစ်ပါး၌ ဖြစ်ခြင်း၊ အချင်းချင်းလည်း နာမည်တပ်၍ သတ်မှတ်ခြင်း ဖြစ်လတ်သော-ဟူလို။ ဒွါရဝ ဝတ္ထာနံ၊ ဒွါရကို ကံဖြင့်ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းသည်။ နေဝ ယုဇ္ဇတိ၊ မသင့်သည် မဟုတ်ပါလော။ ကမ္မဝ ဝတ္ထာနံ၊ ကံကိုဒွါရဖြင့် ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းသည်။ န ယုဇ္ဇတိ၊ မသင့်သည် မဟုတ်ပါလော။
ကထံ၊ အဘယ််သို့ မသင့်သနည်း။
ဟိ၊ အဖြေကား။ (တနည်း) ဟိ၊ အကျယ်ကို ဆိုဦးအံ့။ ကာယဝိညတ္တိယံ၊ ကာယဝိညတ်၌။ ဝစီကမ္မမ္ပိ၊ သည်လည်း။ ပဝတတ္တိ၊ ဖြစ်၏ ။ တေန၊ ကြောင့်။ (ထိုသို့ကာယဒွာရ၌လည်း ဝစီကံ၏ ဖြစ်ခြင်းကြောင့်။) အဿာ၊ ထို ကာယဝိညတ်၏ ။ "ကာယကမ္မဒွါရ"န္တိ ဟူ၍။ ဝ ဝတ္ထာနံ၊ ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းသည်။ (ဒွါရကို ကံဖြင့် သတ်မှတ်၍ နာမည်တပ်ခြင်းသည်။) တ ယုတ္တံ၊ မသင့်။
ကာယကမ္မဉ္စ၊ သည်လည်း။ ဝစီဝိညတ္တိယကမ္မိ၊ ဝစီဝိညတ်၌လည်း။ (ဝစီဒွါရ၌လည်း။) ပဝတ္တိတိ၊ ၏ ။ တေန၊ ကြောင့်။ (ထိုသို့ ကာယကံ၏ ဝစီဒွါရ၌ ဖြစ်ခြင်းကြောင့်။) အဿ၊ ထို ကာယကံ၏ ။ "ကာယကမ္မ"န္တိ၊ ဟူ၍။ ဝ ဝတ္တာနံ။ န ယုဇ္ဇတိ၊ မသင့်။ ဣတိ၊ ဤကား စောဒနာတည်း။
နော န ယုဇ္ဇတိ၊ မသင့်မဟုတ်သင့်သည်သာ။ [ကာယကမ္မဒွါရန္တိ၊ ဟူ၍။ ဝ ဝတ္တာနံ၊ သည်လည်းကောင်း။ ကာယကမ္မန္တိ၊ ဟူ၍။ ဝ ဝတ္တာနံ၊ သည်လည်းကောင်း။ နော န ယုဇ္ဇတိ။ ဤသို့လည်း ထည့်၍ပေးနိုင်သည်။]
တသ္မာ၊ ကြောင့်။ (ကာယကမ္မန္တိ၊ ဟူ၍။ ဝ ဝတ္တာနံ၊ သည်လည်းကောင်း။ ပ။ နော န ယုဇ္ဇတိ၊ မသင့်မဟုတ် သင့်သနည်း။
ယေဘုယျေန၊ အားဖြင့်။ ဝုတ္တိတာယ စေဝ၊ ဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ တဗ္ဗဟုလ္လဝုတ္တိတာယ စ၊ ထို၌ များသောဖြစ်ခြင်းရှိသည်၏ အဖြစ်ကြောင့်လည်းကောင်း။ (နော န ယုဇ္ဇတိ။)
[ထို အကျဥ်းအဖြေကို အကျယ်ပြလိုသောကြောင့် "ကာယကမ္မမေဝ ဟိ" စသည်မိန့်။] ဟိ၊ ချဲ့။ ကာယကမ္မမေဝ၊ သည်သာ။ ယေဘုယျေန။ ပ။ ပဝတ္တတိ။ ဣတရာနိ၊ ကာယကံမှ တစ်ပါးသော ဝစီကံ မနောကံတို့သည်။ (ကာယဝိညတ္တိယံ၊ ၌။ ယေဘုယျေန၊ ဖြင့်။) န (ပဝတ္တန္တိ)၊ မဖြစ်ကုန်။ ကာယကမ္မဿ၊ ၏ ။ ယေဘုယျေန၊ ဖြင့်။ တသ္မာ ကာယ။ ပ။ သိဒ္ဓော။ ။ ကာယဝိညတ်ဟူသော ကာယဒွါရ၌ ပါဏာတိပါတ-စသော ဒုစရိုက် ၃-ပါးသာ အဖြစ်များ၏ ။ မုသာဝါ-စသော ဝစီဒုစရိုက်တို့ကား (တစ်ရံတစ်ခါမှသာ ဖြစ်သောကြောင့်) အဖြစ်မများချေ။ ထိုသို့ အဖြစ်များရာလိုက်၍ ယေဘုယျဝုတ္တိနည်းအားဖြင့် "ကာယကမ္မဒွါရ (ကာယကံ၏ ဖြစ်ရာဒွါရ)"ဟု နာမည်သာ လောကထုံးစံအတိုင်းပြီးစီးရသည်။ ဤသို့ ယေဘုယျနည်းအားဖြင့် ပြီးစီးရသောကြောင့် "ဒွါရဝ ဝတ္ထာနံ ယုဇ္ဇတိ-အဖြစ်များသောကံဖြင့် ဒွါရကို နာမည်သတ်မှတ်ခြင်းသည် လောက ယုတ္တိရှိပါသည်"ဟူလို။ တသ္မာ ပဝတ္တိတော၊ ထိုသို့ ဖြစ်ခြင်းကြောင့်။ တဿာ၊ ထို ကာယဝိညတ်၏ ။ ကာယကမ္မဒါရဘာဝေါ၊ ကာယကမ္မဒွါရ၏ အဖြစ်သည်။ သိဒ္ဓော၊ ပြီး၏ ။ (ကိမိဝ၊ အဘယ်ကဲ့သို့နည်း။)
ဗြဟ္မဏ။ ပ။ ဝိယ။ ။ ပုဏ္ဏားများနေရာရွာ၌ အခြားလူမျိုးတွေ နည်းနည်းပါးပါးနေကြသော်လည်း များရာလိုက်၍ "ဗြဟ္မဏဂါမ(ပုဏ္ဏားရွာ)"ဟု နာမည်တပ်ရခြင်း၊ သရက်အများပေါက်ရာ ဥယျာဥ်၌ အခြားသစ်ပင်အနည်းငယ်ရှိသော်လည်း "အမ္ဗဝန(သရက်ဥယျဥ်)"ဟု အမည်တပ်ရခြင်း၊ ကံ့ကော်(ဂန့်ဂေါ်)ပင် အများပေါက်ရာ ဥယျာဥ်ကိုလည်း နာဂဝန(ကံ့ကော်ဥယျာဥ်)ဟု နာမည်တပ်ရခြင်းမျိုး၌ ယေဘုယျနည်းအားဖြင့် နာမည် ပြီးစီးရသကဲ့သို့တည်း။ ဗြာဟ္မဏ။ ပ။ ဝနာဒီနံ၊ ပုဏ္ဏားရွာ, သရက်ဥယျာဥ်, ကံ့ကော်တော အစရှိသည်တို့၏ ။ ဗြာဟ္မာဏဂါမာဒိဘာဝေါ၊ ဗြဟ္မဏဂါမ-အစရှိသည်တို့၏ အဖြစ်သည်။ ဝါ၊ ဗြာဟ္မဏဂါမ-အစရှိသောအမည်သည်။ သိဒ္ဓော ဝိယ၊ ပြီးသကဲ့သို့တည်း။ ဣတိ၊ ဤသို့။ ဝါ၊ ဤနည်းအားဖြင့်။ ဒွါရဝ ဝတ္ထာနံ၊ ဒွါရကို ကံဖြင့် ပိုင်းခြားသတ်မှတ် နာမည်တပ်ခြင်းသည်။ ယုဇ္ဇတိ၊ သင့်၏ ။
ပန၊ ကား။ (ဒွါရဖြင့် နာမည်တပ်ပုံမှတစ်ပါး ကံဖြင့် နာမည်တပ်ပုံကား။) ကာယကမ္မံ ပန။ ။ ဒွါရဖြင့် ကံကို နာမည်နပ်၍ သတ်မှတ်ပုံကို ပြလိုသောကြောင့် "ကာယကမ္မံ ပန"စသည်မိန့်။ "ဝနေ၊ တော၌+စရတိ၊ လှည့်လည် နေတတ်၏" ဟူသော ဝိဂြိုဟ်အရ "ဝနစရက" အမည်ရသော မုဆိုးသည် ရွာ၌ လှည့်လည်ပါသေး၏ ။ သို့သော် တော၌ လှည့်လည်ခြင်းက များသောကြောင့် တဗ္ဗဟုလနည်းအားဖြင့် "ဝနစရက"ဟု နာမည်တပ်ရသကဲ့သို့လည်းကောင်း၊ အပျိုကြီးအိမ်၌ အလည်အပတ်များသော ရဟန်းကို "ထုလ္လကုမာရိကာဂေါစရ"ဟု ဆိုရသကဲ့သို့ လည်းကောင်း၊ ပါဏာတိပါတ စသော အမှုသည် ကာယဒွါရ၌သာ အဖြစ်များသောကြောင့် တဗ္ဗဟုလနည်းအားဖြင့် "ကာယကမ္မံ(ကာယဒွါရ၌ ဖြစ်သောကံ)"ဟု နာမည်တပ်၍ မှတ်ခြင်းလည်း လောကယုတ္တိ ရှိသည်သာ။ ကာယကမ္မံ၊ သည်။ ကာယဒွါရမှိ ယေဝ၊ ၌သာ။ ဗဟုလံ၊ များစွာ။ ပဝတ္တတိ။ အပ္ပံ၊ အနည်းငယ်။ ဝစီဒွါရေ၊ ၌။ (ပဝတ္တတိ။) [မနောဒွါရပကား ကယကံ၏ မဖြစ်နိုင်ခြင်းကြောင့် မပြတော့။]
ကာယဒွါရေ၊ ၌။ ဗဟုလံ၊ များစွာ။ တသ္မာ ပဝတ္တိတော၊ ကြောင့်။ ဧတဿ၊ ဤ ကာယကံ၏ ။ ကာယကမ္မဘာဝေါ၊ ကာယကံ၏ အဖြစ်သည်။ သိဒ္ဓေါ၊ ၏ ။ (ကိမိဝ။) ဝနစရက။ ပ။ ဂေါစရာနံ၊ တော၌ လှည့်လည်တတ်သော မုဆိုး, ထုလ္လကုမာရိကာ ဟူသော ကျက်စားရာရှိသူ အစရှိသည်တို့၏ ။ ဝနစရကာဒိဘာဝေါ၊ ဝစနရက-အစရှိသည်တို့၏ အဖြစ်သည်။ ဝါ၊ ဝနစရက-အစရှိသော အမည်သည်။ သိဒ္ဓေါဝိယ။
ဣတိ ဧဝံ၊ ဤသို့။ ဝါ၊ ဖြင့်။ ကမ္မဝ ဝတ္ထာနမ္ပိ။ ယုဇ္ဇတိ၊ ၏ ။ ဣတိ၊ ဤကား အပြီးတည်း။
ကာယကမ္မဒွါရကထာ၊ သည်။ နိဋ္ဌိတာ၊ ပြီးပြီ။