စတုဗ္ဗိဓ သင်္ဂဟာဝသာနေ၊ စတုဗ္ဗိဓသင်္ဂဟ၏အဆုံး၌။
ဒိဋ္ဌာဒီနံ၊ ဒိဋ္ဌအစရှိသော ပုဒ်တို့တွင်။
ပစ္ဆိမပဒဿ၊ နောက်ဆုံးဖြစ်သော ဝိညာတပုဒ်၏။
ဘေဒါ ဘာဝေန၊ အကွဲအပြား၏ မရှိခြင်းကြောင့်။
အာဒိတော၊ အစဖြစ်သော ဒိဋ္ဌံပုဒ်မှ။
ပဋ္ဌာယ၊ ၍။
ပုစ္ဆံ၊ ပုစ္ဆာကို။
အကတွာဝ၊ မပြုမူ၍သာ။ ["ကတမံ တံ ဒိဋ္ဌံ" စသည်ဖြင့် ပုစ္ဆာမထုတ်တော့ဘဲ။]
ရူပါယတနံ ၊ပေ၊ သုတံတိအာဒိ၊ အစရှိသော စကားရပ်ကို။
(ဘဂဝတာ) ဝုတ္တံ၊ ပြီ။
တတ္ထ၊ ထို ရူပါယတနံ ၊ပေ၊ သုတံအစရှိသော စကားရပ်၌။
ရူပါယတနံ၊ ရူပါယတနသည်။
စက္ခုနာ၊ စက္ခုပသာဒဖြင့်။
ဝါ၊ စက္ခုဝိညာဉ်ဖြင့်။
ဩလောကေတွာ၊ ကြည့်၍။
ဒက္ခိတုံ၊ မြင်ခြင်းငှာ။
သက္ကာ၊ တတ်ကောင်း၏။
ဣတိ၊ ကြောင့်။
ဒိဋ္ဌံနာမ၊ ဒိဋ္ဌမည်သည်။
ဇာတံ၊ ဖြစ်ပြီ။
သဒ္ဒါယတနံ၊ သည်။
သောတေန၊ သောတပသာဒဖြင့်။
ဝါ၊ သောတဝိညာဉ်ဖြင့်။
သုတွာ၊ ကြား၍။
ဇာနိတုံ သက္ကာ၊ ဣတိ၊ ကြောင့်။
သုတံနာမ ဇာတံ။
ဂန္ဓာယတနာဒိတ္တယံ၊ ဂန္ဓာယတန အစရှိသော ရုပ်သုံးပါးအပေါင်းသည်။
ဃာန ဇိဝှာကာယေဟိ၊ ဃာနပသာဒ, ဇိဝှါပသာဒ, ကာယပသာဒတို့ဖြင့်။
ဝါ၊ ဃာနဝိညာဉ်, ဇိဝှါဝိညာဉ်, ကာယဝိညာဉ်တို့ဖြင့်။
ပတွာ၊ ရောက်၍။
ဂဟေ တဗ္ဗတော၊ ယူထိုက်သည်၏အဖြစ်ကြောင့်။
မုနိတွာ၊ ဖွဲ့စပ်၍။
ဇာနိတဗ္ဗဋ္ဌေန၊ သိထိုက်သည်၏အဖြစ်ဟူသော သဘောကြောင့်။မစ္ဆိမပဒဿ ဘေဒါဘာဝေန။ ။ ဒိဋ္ဌံ သုတံ မုတံ ဝိညာတံဟူသော ပုဒ်တို့တွင် ဝိညာတံပုဒ်ကို "ပစ္ဆိမပဒ"ဟု ဆိုသည်။ ထို နောက်ဆုံးပုဒ်၌ ဝိညာတရုပ်, အဝိညာတရုပ်ဟူ၍ အကွဲအပြားမရှိခြင်း (ရုပ်ဟူသမျှ စိတ်ဖြင့်သိထိုက်သော ဝိညာတရုပ်ချည်းသာ ဖြစ်ခြင်း)ကို "ဘေဒါဘာဝ"ဟု ဆိုသည်။ ထိုသို့ အကွဲအပြားမရှိလျှင် ဒိဋ္ဌ သုတ မုတ ရုပ်အားလုံးလည်း ဝိညာတရုပ်တစ်မျိုးသာဖြစ်၏။ ထို့ကြောင့် ဒိဋ္ဌစသည်တို့သည် ဝိညာတမှ မကွဲပြားရကား "ကတမံ တံ ဒိဋ္ဌံ"စသည်ဖြင့် ပုစ္ဆာမထုတ်တော့ဘဲ "ရူပါယတနံ ဒိဋ္ဌံ"စသည်ဖြင့် အဖြေဝါကျကိုသာ ဟောပြတော်မူသည်။ ဆိုလိုရင်းကား- ဥဒ္ဒေသ၌ ပြအပ်သောပုဒ်တို့တွင် တစ်ပုဒ်နှင့်တစ်ပုဒ် အရကွဲမှ ပုစ္ဆာထုတ်ရသည်။ အရမကွဲလျှင် ပုစ္ဆာထုတ်ဖွယ် မလို၊ ဥပမာ- "ကတမံ တံ ရူပံ ဒိဋ္ဌံ"ဟု ပုစ္ဆာထုတ်လျှင် ထိုဒိဋ္ဌသည် ဝိညာတနှင့်အရကွဲမှ ပုစ္ဆာထုတ်၍ ဖြစ်၏။ ယခုသော်ကား ဝိညာတတွင် ဒိဋ္ဌက ပါဝင်နေသောကြောင့် အရမကွဲ၊ ထိုသို့ အရမကွဲသောကြောင့် ပုစ္ဆာမထုတ်ရ-ဟူလို။
မုနိတွာ ဇာနိတဗ္ဗဋ္ဌေန။ ။ "မု-ဗန္ဓနေ"ဟု ဓာတ်ကျမ်းရှိ၏။ ဃာနပသာဒစသည်နှင့် ဂန္ဓာရုံစသည်တို့သည် အချင်းချင်း ဖွဲ့စပ်ငြိကပ်ခြင်းကို "မုနိတွာ"ဟုဆို၏။ ထိုသို့ ဖွဲ့စပ်ငြိကပ်မှ သိအပ်သိထိုက်သောကြောင့် ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ သုံးပါးကို "မုနိတွာ ဇာနိတဗ္ဗ"ဟုဆိုသည်၊ ဤ ဇာနိတဗ္ဗကို ထောက်၍လည်းကောင်း, ဒိဋ္ဌံစသည်၌ "ဒက္ခိတုံ သက္ကာ"စသည်ဖြင့် သက္ကာထည့်၍ ဖွင့်သောကြောင့်လည်းကောင်း, ဒိဋ္ဌံစသည်၌ (တ) ပစ္စည်းကို အရဟ- သက္ကအနက်ဟောဟု မှတ်ပါ။ မုတံနာမ ဇာတံ။
မုနိတွာ ဇာနိတဗ္ဗဋ္ဌေန။ ။ "မု-ဗန္ဓနေ"ဟု ဓာတ်ကျမ်းရှိ၏။ ဃာနပသာဒစသည်နှင့် ဂန္ဓာရုံစသည်တို့သည် အချင်းချင်း ဖွဲ့စပ်ငြိကပ်ခြင်းကို "မုနိတွာ"ဟုဆို၏။ ထိုသို့ ဖွဲ့စပ်ငြိကပ်မှ သိအပ်သိထိုက်သောကြောင့် ဂန္ဓာရုံ ရသာရုံ ဖောဋ္ဌဗ္ဗာရုံ သုံးပါးကို "မုနိတွာ ဇာနိတဗ္ဗ"ဟုဆိုသည်၊ ဤ ဇာနိတဗ္ဗကို ထောက်၍လည်းကောင်း, ဒိဋ္ဌံစသည်၌ "ဒက္ခိတုံ သက္ကာ"စသည်ဖြင့် သက္ကာထည့်၍ ဖွင့်သောကြောင့်လည်းကောင်း, ဒိဋ္ဌံစသည်၌ (တ) ပစ္စည်းကို အရဟ- သက္ကအနက်ဟောဟု မှတ်ပါ။ မုတံနာမ ဇာတံ။
ဖုသိတွာ၊ ထိ၍။
ဝိညာဏုပ္ပတ္တိကာရဏတော၊ ဃာနဝိညာဉ်, ဇိဝှါဝိညာဉ်, ကာယဝိညာဉ်ဖြစ်ခြင်း၏ အကြောင်း၏အဖြစ်ကြောင့်။
မုတံနာမ၊ မုတမည်၏။
ဣတိပိ၊ သို့လည်း။
ဝုတ္တံ၊ ရှေးဆရာတို့ ဆိုအပ်ပြီ။ ["မု-ဗန္ဓနေ"အရ ဖွဲ့ဖြင်းဟူသည် ထိရောက်ခြင်းပင်တည်း။ ထို့ကြောင့် "ဖုသိတွာ"ဟု ရှေးဆရာတို့ ဖွင့်ကြသည်-ဟူလို။]
ပန၊ ဆက်။
သဗ္ဗမေဝ၊ သာလျှင်ဖြစ်သော။
ရူပံ၊ သည်။
ဝါ၊ ကို။
မနောဝိညာဏေန၊ သည်။
ဇာနိတဗ္ဗံ၊ သိထိုက်၏။
ဣတိ၊ ကြောင့်။
မနသာ၊ စိတ်ဖြင့်။
ဝိညာတံနာမ၊ သိအပ်သော ရုပ်မည်သည်။
ဇာတံ၊ ပြီ။