Issues
Select Version
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
中文翻译1
中文
Dhammasaṅgaṇī-mūlaṭīkā
Dhammasaṅgaṇī-mūlaṭīkā

Vīsatigāthāvaṇṇanā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

ဓမ္မသံတဏ္ဏနာယံ၊ ပါဠိတော်ဓမ္မကို ဖွင့်ပြရာ အဋ္ဌကထာ၌။ (ပရိယတ်ပါဠိတော် ဓမ္မကို ဖွင့်ပြရာအစ၌)။ သတ္ထရိ၊ မြတ်စွာဘုရား၌။ ပဏာမကရဏံ၊ ရှိခိုးမှုကို ပြုခြင်းသည်။ ဓမ္မဿ၊ ပါဠိတော်ဓမ္မ၏။ သွာက္ခာတဘာဝေန၊ ကောင်းစွာဟောတော်မူအပ်သည်၏အဖြစ်ကြောင့်။ (ကောင်းစွာ ဟောတော်မူအပ်သော ဓမ္မ၏အဖြစ်ကြောင်းဖြစ်ရာ အာဒိကလျာဏ အစရှိသော ဂုဏ်တော်ကြောင့်)။ သတ္ထရိ၊ ၌။ ပသာဒဇနနတ္ထံ၊ ကြည်ညိုခြင်းကို ဖြစ်စေရခြင်းအကျိုးရှိသည်လည်းကောင်း။ သတ္ထု၊ မြတ်စွာဘုရား၏။ အဝိတထဒေသန ဘာဝပ္ပကာသနေန၊ မချွတ်မယွင်းသော ဒေသနာရှိတော်မူသည်၏အဖြစ်ကို ထင်ရှားပြခြင်းကြောင့်။ ဓမ္မေ၊ တရားတော်၌။ ပသာဒဇနနတ္ထံစ၊ သည်လည်းကောင်း။ (ဟောတိ၊ ၏)။
ဟိ၊ ဆက်။ ဟိ၊ မုချ အကျိုးတစ်ပါးမှ တစ်ပါး အနုသင်္ဂိကအကျိုးကား။ တဒုဘယပ္ပသာဒါ၊ ထိုရတနာ ၂−ပါးစုံ၌ ကြည်ညိုခြင်းရှိသော။ ဓမ္မသမ္ပတိပတ္တိ၊ တရားတော်၌ ကောင်းစွာကျင့်ခြင်းသည်။ မဟတော၊ များစွာသော။ အတ္ထဿ၊ သီလအစ အနုပါဒါ ပရိနိဗ္ဗာန်အဆုံးရှိသော အကျိုး၏။ သိဒ္ဓိ၊ ပြီးစီးကြောင်းသည်လည်း။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။ [ဆက်သွယ်၍ရအပ်သော အကျိုးဆက်ကို ‘’အနုသင်္ဂိ’’ဟု ခေါ်၏၊ ဓမ္မသမ္ပတိပတ္တိ၌ ဓမ္မဟူသည် ပါဠိတော်အဋ္ဌကထာဓမ္မတည်း၊ ကောင်းစွာကျင့်ခြင်းဟူသည် နိဿရဏတ္ထအကျိုးကို မျှော်၌ သင်ယူ−ပို့ချခြင်းတည်း။]
အထဝါ၊ ထို့ပြင် တစ်နည်းကား။ ရတနတ္တယ ပဏာမဝစနံ၊ ရတနတ္တယ ပဏာမကို ဆိုကြောင်း ဂါထာစကားသည်။ [‘’ကရုဏာဝိယ သတ္တေသု’’မှစ၍ ‘’ကတွာ သံဃစဉ္စလိ’’တိုင်အောင်သောဂါထာစကားသည်။] အတ္တနော၊ မိမိ၏။ (မိမိဟူသော အရှင်မဟာဗုဒ္ဓဃောသ၏)။ ရတနတ္တယ ပသာဒဿ၊ ရတနာသုံးပါးအပေါင်း၌ကြည်ညိုခြင်းကို။မဟတော။ ။’’မဟန္တသဒ္ဒါသည် ပူဇာအနက် ဥတ္တမနက် အများဟူသော ပစုရအနက် သမ္ပတ္တိအနက် ဣဿရိယအနက် အကြီးဟူသော ဝုဍ္ဎအနက်တို့၌ ဖြစ်၏’’ဟု ဆိုအပ်သော အနက်တို့တွင်ဤနေရာ၌ ပစုရ အနက်ဟောတည်း။ ပူဇုတ္တမ ပစုရေသု သမ္ပတ္တိဿရိယေသုစ၊ ဝုဍ္ဎေစေဝါတိ အတ္ထေသု မဟာသဒ္ဒေါ ပဝတ္တတိ။−မဓု။
အထဝါ။ ။အထဝါတိ ပက္ခန္တရတ္ထော နိပါတော၊ ဤအလို ရှေ့နည်းမှတစ်ပါးသော နောက်တစ်နည်းကို ထွန်းပြသော ပက္ခန္တ ရတ္ထ နိပါတ်ပုဒ် တစ်ပုဒ်တည်းသာ၊ ထို့ကြောင့် ‘’ထို့ပြင် တစ်နည်းကား’’ဟု ပေးသည်၊ နိပါတ သမုဒါယောဝါ၊ ဤအလို အထ+ဝါ နိပါတ် ၂−ပုဒ်အပေါင်းတည်း၊ အထ (ဧသော ပုဗ္ဗနယော)−ဤဆိုအပ်ပြီးသော ရှေ့နည်းသည်၊ဟောတု−ဖြစ်ပါဦး၊ ဝါ−(အပရော နယော)−အခြားနည်း တစ်မျိုးကို၊ မဟာဝုစ္စတေ−၏၊ ဤသို့ အနက်ပေးပါ။ [လာမည့် ဂါထာ၌ နောက်နည်းကို ပဌမ ရှေ့နည်းကို ဒုတိယထားသည်။] အထဝါတိ ပဒေ ဘိန္နေ အပရော နယောဝ ဂယှတေ၊ အဘိန္နေ တု ဥဘယေဝ ပုဗ္ဗာပရေ နယာ မတာ။−မဓု။
ဝိညာပနတ္ထံ၊ သူတစ်ပါးတို့ကို သိစေရခြင်း အကျိုးရှိ၏။ ပန၊ ဆက်။ (တစ်နည်း)ပန၊ မုချ အကျိုးမှတစ်ပါး အနုသင်္ဂိက အကျိုးကား။ တံ၊ ထိုသိစေရခြင်းသည်။ [မိမိ၏ ရတနာ ၃−ပါး၌ ကြည်ညိုသူဖြစ်ကြောင်းကို သိစေရခြင်းသည်။] ဝိညူနံ၊ ပညာရှိသူတော်ကောင်းတို့၏။ စိတ္တာရာဓနတ္ထံ၊ စိတ်ကိုနှစ်သက်စေရခြင်းအကျိုးရှိ၏။ [ဝိညူမဟုတ်သော လူယုတ်တို့၏ စိတ်ကိုကား မနှစ်သက်စေနိုင်၊ ရတနာ ၃−ပါး၌ ကြည်ညိုခြင်းကိုပင် အထင်သေးကြ၏၊ ထို့ကြောင့် ‘’ဝိညူနံ’’ဟု ဝိသေသန ပြုသည်။] တံ၊ ထိုပညာရှိစိတ်ကို နှစ်သက်စေရခြင်းသည်။ အဋ္ဌကထာယ၊ ကို။ ဂါဟဏတ္ထံ၊ သင်ယူစေရခြင်း အကျိုးရှိ၏။ တံ၊ ထိုသင်ယူစေခြင်းသည်။ သဗ္ဗသမ္ပတ္တိ နိပ္ဖါဒနတ္ထံ၊ အလုံးစုံသော လောကီ လောကုတ္တရာသမ္ပတ္တိကို ပြီးစေရခြင်းအကျိုးရှိ၏။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ပန၊ ဆက်။ ဣဓ၊ ဤကျမ်း၏အစ, ပဏာမကို ပြုရာ၌။ [စာအုပ်များ၌ ‘’ဣဒံ’’ဟု ရှိသော်လည်း ဤနေရာမျိုး၌ ဋီကာများဝယ် ‘’ဣဓ’’ဟု သာရှိသည်၊ ဣဒံကို အမှန်ယူလျှင် ‘’ဣဒံ အဓိပ္ပေတပ္ပယောဇနံ’’ဟုပေး။] အာစရိယေန၊ အဋ္ဌကထာဆရာသည်။ အဓိပ္ပေတပ္ပယောဇနံ၊ အလိုရှိအပ်သော အကျိုးကား။ အန္တရာယဝိသောသနံ၊ အန္တရာယ်တို့ကို ခြေက်သွေ့စေခြင်းတည်း။
ဟိ၊ မှန်။ [အဓိပ္ပေတပ္ပယောဇန၏ အန္တရာယဝိသောသန အဖြစ်သည် မှန်၏။] ‘’နိပစ္စကာရဿေတဿ၊ပေ၊ အသေသတောတိ’’၊ ဟူ၍။ ဝက္ခတိ၊ ကိုယ်တိုင် မိန့်ဆိုလတ္တံ့။ [‘’အာနုဘာဝေန သောသေတွာ, အန္တရာယေ အသေသတော’’ဟု ကိုယ်တိုင်မိန့်ဆိုလိမ့်မည်။]
ဟိ၊ မှန်။ ရတနတ္တယ ပဏာမ ကရဏံ၊ ရတနတ္တယ ပဏာမကို ပြုကြောင်းစေတနာသည်။ အန္တရာယကရာပုညဝိဂါတကရပုညဝိသေသဘာဝတော (အန္တရာယကရ+အပုည+ဝိဃာတကရ+ပုည ဝိသေသဘာဝတော)၊ အန္တရာယ်ကိုပြုတတ်သော မကောင်းမှုကို ဖျက်ဆီးမှုကိုပြုတတ်သော ကောင်းမှုအထူး၏ အဖြစ်ကြောင့်လည်းကောင်း။ မင်္ဂလဘာဝတော၊ မင်္ဂလ၏ အဖြစ်ကြောင့်လည်းကောင်း။ ဘယာဒိ ဥပဒ္ဒဝနိဝါရဏတောစ၊ ဘယအစရှိသော ဥပဒ္ဒဝေါတို့ကို တားမြစ်နိုင်သည်၏ အဖြစ်ကြောင့်လည်းကောင်း။ အန္တရာယ ဝိသောသနေ၊ အန္တရာယ်တို့ကို ခြောက်သွေ့စေခြင်း၌။ သမတ္ထံ၊ စွမ်းနိုင်သည်။ ဟော တိ၊ ၏။
ပန၊ ပရိဟာရပက္ခမှတစ်ပါး, စောဒကပက္ခကို ဆိုဦးအံ့။ ကထံ၊ အဘယ့်ကြောင့်။ [နောက် ‘’ဝစနတော’’ဟူသော အဖြေကို ထောက်၍ ဟိတ်အနက်ပေးရသည်။] ဧတဿ (ရတနတ္တယ ပဏာမကရဏဿ)၊ ဤရတနတ္တယ ပဏာမကိုပြုကြောင်း စေတနာ၏။ အပုညဝိဃာတကရာဒိဘာဝေါ၊ အပုညဝိဃာတကရ အစရှိသည်၏အဖြစ်ကို။ (တုမှေဟိ၊ အရှင်တို့သည်)။ ဝိဇာနိတဗ္ဗော၊ သိအပ်သိနိုင်ပါသနည်း။ ဣတိ၊ ဤကား အမေးတည်း။
ယသ္မိံမဟာနာမ၊ပေ၊ ဟောတီတိ အာဒိဝစနတော၊ ယသ္မိံမဟာနာမ၊ပေ၊ဟောတိ ဤသို့အစရှိသော ပါဠိရပ်ကို ဟောတော်မူခြင်းကြောင့်လည်းကောင်း။ ပူဇာစ၊ပေ၊မင်္ဂလမုတ္တမန္တိစ၊ ပူဇာစ၊ပေ၊မင်္ဂလ မုတ္တမံဟူ၍လည်းကောင်း။ ဧဝံ ဗုဒ္ဓံ၊ပေ၊ နဟေဿတီတိစ၊ ဧဝံဗုဒ္ဓံ၊ပေ၊ နဟေဿတိဟူ၍လည်းကောင်း။
ဝစနတောစ၊ ဟောတော်မူခြင်းကြောင့်လည်းကောင်း။ (ဧတဿ ရတနတ္တယ ပဏာမဿ၊ ၏။ အပုညဝိဃာတကရာဒိဘာဝေါ၊ ကို။ အမှေဟိ၊ ငါတို့သည်။ ဝိဇာနိတဗ္ဗော၊ သိအပ်သိနိုင်၏)။ ဣတိ၊ ဤကား အဖြေတည်း။ [မဟာနာမ၊ မဟာနာမ်။ ယသ္မိံ သမယေ၊ ၌။ အရိယသာဝကော၊ အရိယသာဝကသည်။ တထာဂတံ၊ မြတ်စွာဘုရားကို။ အနုဿရတိ၊ အမှတ်ရ၏။ အဿ၊ ထိုအရိယသာဝက၏။ တသ္မိံသမယေ၊ ၌။ ရာဂ ပရိယုဋ္ဌိတံ၊ ရာဂသည် ထက်ဝန်းကျင် လုယူအပ်သော။ ဝါ၊ ရာဂထကြွသော။ စိတ္တံ၊ စိတ်သည်။ နေဝဟောတိ၊ မဖြစ်တော့။ −−−အင်္ဂုတ္တိုရ်, ဆက္ကဧကာဒသက နိပါတ်, မဟာနာမသုတ်။]
တတ္ထ၊ ထိုဓမ္မသံဝဏ္ဏနာ၏ အစ၌။ ယဿ သတ္ထုနော၊ အကြင် မြတ်စွာဘုရားကို။ ပဏာမံ၊ ရှိခိုးမှုကို။ ကတ္တုကာမော၊ ပြုခြင်းငှာ အလိုရှိသည်။ (ဟောတိ၊ ၏)။ တဿ၊ ထိုမြတ်စွာဘုရား၏။ ဂုဏဝိသေသ ဒဿနတ္ထံ၊ ဂုဏ်တော်အထူးကို ပြခြင်းအကျိုးငှာ။ ကရုဏာဝိယာတိ အာဒိံ၊ ကရဏာဝိယ အစရှိသော ဂါထာစကားရပ်ကို။ အာဟ၊ မိန့်ပြီ။
ဟိ၊ မှန်၏။ ဂုဏဝိသေသဝါ၊ ဂုဏ်အထူးရှိသော ပုဂ္ဂိုလ်သည်။ ပဏာမာရဟော၊ ရှိခိုးခြင်းကို ထိုက်သည်။ ဟောတိ၊ ၏။ ပဏာမာရဟေ၊ ရှိခိုးခြင်းကိုထိုက်သောပုဂ္ဂိုလ်၌။ယသ္မိံ၊ပေ၊ အာဒိဝစနတော။ ။အာဒိအားဖြင့် ‘’နဒေါသပရိယုဋ္ဌိတံ စိတ္တံ ဟောတိ၊ နမောဟပရိယုဋ္ဌိတံ စိတ္တံ ဟောတိ’’စသော ပါဠိတော်တို့ကိုယူ၊ နောက်ပါဠိတော် ၂ ရပ်ကား မင်္ဂလသုတ် ဓဇဂ္ဂသုတ် ပါဠိတော်တည်း၊အနက်ထင်ရှားပြီ၊ ‘’ဝစနတော’’ဟူသော ဟိတ်တို့က အပုညဝိဃာတကရ အစရှိသည်၏အဖြစ်ကို သိစေတတ်သော ဉာပကဟိတ်ဖြစ်သောကြောင့် ‘’ဝိဇာနိတဗ္ဗော’’ဟု ဋီကာ ဆရာ သုံးစွဲထားသည်။
တတ္ထ၊ပေ၊ အာဒိမာ။ ။အကျိုးကိုလိုလား၍ ပဏာမပြုလျှင် ‘’တဿ ပါဒေ နမဿိတွာ’’အစရှိသော စကားကိုသာ ဆိုထိုက်သည် မဟုတ်ပါလော၊ အဘယ်အကျိုးငှာ ‘’ကရုဏာဝိယ သတ္တေသု ‘’အစရှိသော စကားကို ဆိုရပါသနည်းဟု−မေးဖွယ်ရှိသောကြောင့် ‘’တတ္ထ’’စသည်မိန့်၊ ဘုရားရှင်၏ ဂုဏဝိသေသကို ပြခြင်းအကျိုးငှာ ‘’ကရုဏာဝိယ သတ္တေသူ’’စသော ထောမနာ ပဏာမကို ပြရပါသည်−ဟူလို။
ကတော၊ ပြုအပ်သော။ ပဏာမောစ၊ သည်လည်း။ ဝုဍ္ဎပ္ပယောဇန သိဒ္ဓိကရောဝ၊ ဆိုအပ်ပြီးသော အကျိုးရင်းအကျိုးဆက်၏ ပြီးစီးမှုကို ပြုနိုင်သည်သာလျှင်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့မှတ်အပ်၏။
စ၊ ဆက်။ ဘဂဝတော၊ ၏။ ဒေသနာ၊ ဒေသနာတော်သည်။ ဝိနယပိဋကေ၊ ဝိနည်းပိဋက၌။ ကရုဏာပ္ပဓာနာ၊ ကရုဏာပ္ပဓာနရှိ၏။ (ပြဋ္ဌာန်းသော ကရုဏာရှိ၏)။ သုတ္တန္တပိဋကေ၊ ၌။ ပညာကရုဏာပ္ပဓာနာ၊ ပညာကရုဏာပဓာနရှိ၏။ (ပြဋ္ဌာန်းသောပညာကရုဏာရှိ၏)။
စ၊ ဆက်။ တေနေဝ ကာရဏေန၊ ထိုအကြောင်းကြောင့်ပင်။ (ဝိနည်းပိဋက၌ ကရုဏာပဓာန, သုတ္တန်ပိဋက၌ ပညာကရုဏာပဓာန ရှိသည်၏အဖြစ်ကြောင့်ပင်)။ ဝိနယပိဋကဿ၊ ၏။ သံဝဏ္ဏနံ၊ ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာကို။ ကရောန္တေန၊ ပြုသော အရှင်ဗုဒ္ဓဃောသဆရာသည်။ ကရုဏာပ္ပဓာနာ၊ ကရုဏာပဓာနရှိသော။ ဘဂဝတော၊ ကို။ ထောမနာ၊ ကို။ ကတာ၊ အပ်ပြီ။ [‘’နမော မဟာ ကာရုဏိကဿ တဿ’’ဟု ကရုဏာကို ခေါင်းတပ်၍ ထောမနာပဏာမကို ပြုထားသည်−ဟူလို။] အာဂမံ သံဝဏ္ဏနာ၊ သုတ္တန် အဋ္ဌကထာကို။ ကရောန္တေနစ၊ ပြုပြန်သော်လည်း။ ဥဘယပ္ပဓာနာ၊ ပညာကရုဏာ ၂−ပါးစုံပဓာနရှိသော။ ဘဂဝတော၊ ကို။ (ထောမနာ၊ ကို။ ကတာ၊ အပ်ပြီ။)။ [‘’ကရုဏာသီတလဟဒယံ, ပညာပဇ္ဇောတ ဝိဟတမောဟတမံ’’ဟု ကရုဏာနှင့် ပညာ ၂−ပါးစုံခေါင်းတပ်၍ ထောမနာ ပဏာမပြုသည်−ဟူလို။]ဘဂဝတောစ၊ပေ၊ ထောမေတိ။ ။’’ထောမနာပဏာမကိုပြုလိုလျှင် အဘယ့်ကြောင့် ကရုဏာကို အပ္ပဓာန ဥပမာနအဖြစ်ဖြင့်ယူ၍ ပညာကိုကား ပဓာန ဥပမေယျ အဖြစ်ဖြင့်ယူ၍ ချီးမွမ်းရပါသနည်း’’ဟု မေးဖွယ်ရှိသောကြောင့် ‘’ဘဂဝတောစ’’စသည်မိန့်၊ ဘုရားရှင်၏ အဘိဓမ္မာဒေသနာတော်သည် ပညာပဓာန ဖြစ်သောကြောင့် ပညာကို ပဓာန ဥပမေယျအဖြစ်ဖြင့် ယူ၍ ချီးမွမ်းရပါသည်−ဟူလို။
ကရုဏာပ္ပဓာနာ။ ။ဝိနည်းပိဋကကို ပညတ်တော်မမူလျှင် ရဟန်း သံဃာတို့သည် မေထုန်မှီဝဲမှုမှစ၍ အကုသိုလ်ဒုစရိုက် အကြီးအငယ်တွေကိုပြုကာ အပါယ် ၄−ပါးသို့သာ ရောက်ဖို့ရာရှိတော့၏၊ သွားမှုလာမှု ကိစ္စစု၌ ဣန္ဒြေသိက္ခာ မရှိရကား လူ ဒါယကာတို့၏ အထင်သေးအမြင်သေးကိုခံရ၍ ပစ္စုပ္ပန်ဘဝ၌ပင် အနေအထိုင် ဆင်းရဲကျပ်တည်းသဖြင့် ကုလဓုသန အနေသန မိစ္ဆာဇီဝတို့ကိုပြုကာ အပါယ် ၄−ပါးသို့သာ ရောက်ဖို့ရာရှိ၏၊ ဤသို့ ပစ္စုပ္ပန်သံသရာ ၂−ဖြာသောဘဝတို့၌ တွေ့ရမည့် ဒုက္ခကို မျှော်တွေးတော်မူကာ ပြင်းပြလှစွာသော ကရုဏာတော်ကြောင့်သာ ဝိနည်းပိဋကကို ပညတ်တော်မူရပါသည်၊ ထိုသို့ ကရုဏာပြဋ္ဌာန်းသောကြောင့် ပင် ဝေရဉ္ဇာမြို့အစရှိသည်တို့၌ ကယိကဒုက္ခကို ခံတော်မူ၍လည်းကောင်း ‘’သိခရဏီ−သိ’’စသည်ဖြင့် လူကြီးလူကောင်းတို့သော်မှ မပြောကောင်းသော စကားကိုမိန့်တော်မူလျက် လည်းကောင်း ပညတ်တော်မူရပေသည်။
ဥဘယပ္ပဓာနာ။ ။သုတ္တန်ဒေသနာတော်ကို ဟောတော်မမူမီ ရှေ့အဖို့၌ မြတ်စွာဘုရားသည် မဟာကရုဏာတော် သမာပတ်ကို ဝင်စားတော်မူကာ ချွတ်ထိုက် (တရားဟောထိုက်)သော သတ္တဝါတို့ကို ကြည့်တော်မူရ၏၊ ထိုသို့ ကြည့်တော်မူ၍ မြင်တော်မူသောအခါ ထိုသတ္တဝါ၏ အလို အဇ္ဈာသယကိုလည်းကောင်း၊ ရာဂစသော အနုသယကိုလည်းကောင်း ဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူပြီးလျှင် ထိုအဇ္ဈာသယစသည်အားလျော်သော ဒေသနာတော်ကို စီစဉ်တော်မူရသည်၊ ထို့ကြောင့် ဒေသနာတော် ဟောတော်မူခါနီး၌ ကရုဏာပညာ ၂−ပါးစုံပင် ဗျာပါရစိုက်ရသောကြောင့် သုတ္တန် ဒေသနာတော်ကို ‘’ဥဘယပ္ပဓာနာ’’ဟု မိန့်တော်မူသည်။
ပန၊ ကား။ အဘိဓမ္မာဒေသနာ၊ အဘိဓမ္မာဒေသနာသည်။ ပညာပ္ပဓာနာ၊ ပညာပဓာနရှိ၏။ (ပြဋ္ဌာန်းသော ပညာရှိ၏)။ ဣတိကတွာ၊ ဤသို့ စိတ်၌ပြု၍။ (တစ်နည်း) ဣတိ ကတွာ၊ ဤအကြောင်းကြောင့်။ ပညာပ္ပဓာနအမေဝ၊ ပညာပဓာန ရှိသည်သာလျှင်ဖြစ်သော။ ထောမနံ၊ ကို။ ကရောန္တော၊ ပြုလိုသည်။ (ဟုတွာ၊ ၍)။ ကရုဏာဝိယသတ္တေသူတိ၊ ဟူ၍။ ကရုဏံ၊ ကို။ ဥပမာနဘာဝေန၊ အပ္ပဓာန ဥပမာန၏အဖြစ်ဖြင့်။ ဂဟေတွာ၊ ယူ၍။ ပညာယ၊ ပညာဖြင့်။ ထောမေတိ၊ ချီးမွမ်း၏။ [ဥပမာန ဥပမေယျေ ၂ ပါးတို့တွင် ဥပမာနသည် ပဓာနမဟုတ် ဥပမေယျကသာ ပဓာနဖြစ်သည်၊ ထို့ကြောင့် ဤဂါထာ၌ ကရုဏာကို အပ္ပဓာန ဥပမာနအဖြစ်ဖြင့် ယူ၍ ပညာကိုသာ ပဓာန ဥပပေယျအဖြစ်ဖြင့် ပြသည်။] [ယခုအခါ၌ ဓာတ်ပစ္စည်း စသည်တို့ဖြင့် ခွဲခြားမှုကို မပြုဘဲ တစ်ပုဒ်စီ ပြုအပ်သော အနက်ကို ဖွင့်ပြလိုသောကြောင့် ‘’တတ္ထ ကရုဏာဝိယာတိ’’အစရှိသော စကားရပ်ကိုမိန့်။]
တတ္ထ၊ ထိုထောမနာဂါထာ၌။ ကရုဏာဝိယာတိ ဧတံ၊ ကရုဏာဝိယ ဟူသော ဤသဒ္ဒါသည်။ နိဒဿနဝစနံ၊ ညွှန်ပြကြောင်း ဥပမာကို ဟောသောသဒ္ဒါတည်း။ ယဿ၊ အကြင်မြတ်စွာဘုရား၏။ ကရုဏာ၊ (ပစ္စေကဗုဒ္ဓသာဝကစသောအခြားပုဂ္ဂိုလ်တို့နှင့် ဆက်ဆံခြင်းမရှိသော)မဟာကရုဏာတော်သည်။ပညာပ္ပဓာနာ။ ။အဘိဓမ္မာ ဒေသနာတော်ကို ဟောတော်မူသော အခါ၌ ရုပ်တရားနာမ်တရားတို့ကို လည်းကောင်း ပရမတ္ထ သဘောတရားတို့ကို လည်းကောင်း ပိုင်းခြားသိတော်မူသော ဉာဏ်ပညာသည် တရားတိုင်းမှာ ဗျာပါရကြီးစွာဖြင့် ပါရှိနေရ၏၊ ထို့ကြောင့် အဘိဓမ္မာ ဒေသနာကို ‘’ပညာပ္ပဓာန’’ဟု ဆိုသည်၊ ထိုသို့ ပညာပဓာန ဖြစ်သောကြောင့် ကရဏာဝိယ သတ္တေသုစသော ဂါထာ၌ ကရုဏာကို ဥပမာန အပ္ပ ဓာနအနေအားဖြင့် ‘’ကရုဏာဝိယ’’ဟု ပြ၍ ပညာကိုသာ ဥပမေယျ ပဓာန အနေအားဖြင့် ပြလျက် ဗုဒ္ဓမြတ်စွာကို ထောမနာပြုသည်။ [ပကတိဟေသာ အာစရိယာနံ ယဒိဒံ အာရမ္ဘာနုရူပ ထောမနာ−ဒေသနာအားလျော်စွာ ဒေသကဘုရားရှင်ကို ထောမနာခြင်းသည် ကျမ်းဆရာတို့၏ ရိုးရာထုံးစံဖြစ်သည်။]
သမာသ်တွဲပုံ။ ။’’ကရုဏာာပ္ပဓာနာ’’စသည်၌ ‘’ကရုဏာ+ပဓာနာ ယဿာတိ ကရုဏာ ပဓာနာ’’စသည်ဖြင့် တုလျာဓိကရဏ ဗဟုဗ္ဗီဟိတွဲ၍ နိဿယအတိုင်းအနက်ပေးပါ၊ ‘’ကရုဏာ ပြဋ္ဌာန်းခြင်းရှိ၏’’ဟု မပေးပါနှင့်၊ ပဓာနပုဒ်သည် ဘောအနက်ကို မဟော၊ ပြဋ္ဌာန်းသော တရားဒြပ်ကိုသာ ဟောပါသည်၊ ဗဟုဗ္ဗီဟိသမာသ်တွဲမှ ဒေသနာကိုရသောကြောင့် ‘’ကရုဏာပြဋ္ဌာန်း၏’’ဟု ကမ္မဓာရည်း အနက်လည်း မပေးပါနှင့်။
သဗ္ဗေသု၊ ကြွင်းမဲ့ဥဿုံ အလုံးစုံကုန်သော။ သတ္တေသု၊ သတ္တဝါတို့၌။ ပဝတ္တိယထာ၊ ဖြစ်တော်မူပြီးကဲ့သို့။ ဧဝံ၊ တူ။ သဗ္ဗေသု၊ ကုန်သော။ ဉေယျဓမ္မေသု၊ သိသင့်ဖွယ်သော တရားတို့၌။ ပညာပိ၊ မဟာကရုဏာ သမာပတ္တိဉာဏ်မှ ကြွင်းသော ပညာတော်သည်လည်း။ ပဝတ္တိတ္ထ၊ ဖြစ်တော်မူပြီ။ ဣတိ အတ္ထော၊ ဤကားအနက်။ [ကရုဏာ၏ နိဒဿန အဖြစ်ကို ပြရာ၌ ‘’ယဿ ယထာ ကရုဏာ သဗ္ဗေသု သတ္တေသု ပဝတ္တိတ္ထ’’တိုင်ရုံသာ ပြထိုက်သော်လည်း ဥပမေယျမရှိလျှင် ဥပမာနအဖြစ်လည်း မထင်ရှားသောကြောင့် ‘’ဧဝံ၊ပေ၊ ပဝတ္တိတ္ထာတိ’’ဟု ဥပမေယျဝါကျကိုပါယူ၍ အနက်ပြသည်။]
သတ္တေသူတိ ဧတံ၊ သတ္တေသု ဟူသော ဤသဒ္ဒါသည်။ ဝိသယနိဒဿနံ၊ ကရုဏာ၏ ဖြစ်ရာ အာရုံကို ညွှန်ပြကြောင်းသဒ္ဒါတည်း။ [ကရုဏာ၏ဖြစ်ရာ ဝိသယာဓာရကို ညွှန်ပြသည်−ဟူလို။]
ပညာတိ (ဧတံ)၊ ပညာဟူသောဤသဒ္ဒါသည်။ နိဒဿေတဗ္ဗဓမ္မ နိဒဿနံ၊ ညွှန်ပြထိုက်သော ဥပမေယျတရားကို ညွှန်ပြကြောင်းသဒ္ဒါတည်း။
ယဿာတိ(ဧတံ)၊ သည်။ တဒဓိဋ္ဌာနပုဂ္ဂလနိဒဿနံ၊ ထိုကရုဏာပညာတို့၏ တည်ရာပုဂ္ဂိုလ်ကို ညွှန်ပြကြောင်းသဒ္ဒါတည်း။
မဟေသိနောတိ (ဧတံ)၊ သည်။ တဗ္ဗိသေသနံ၊ ထိုယဿဟူသော သဒ္ဒါ၏ ဝိသေသနတည်း။
ဉေယျဓမ္မေသူတိ(ဧတံ)၊ သည်။ ပညာဝိသယနိဒဿနံ၊ ပညာ၏ဖြစ်ရာ အာရုံကို ညွှန်ပြကြောင်း သဒ္ဒါတည်း။
သဗ္ဗေသူတိ (ဧတံ)၊ သည်။ တဗ္ဗိသေသနံ၊ ထိုဉေယျ ဓမ္မေသုဟူသော သဒ္ဒါ၏ ဝိသေသနတည်း။
ပဝတ္တိတ္ထာတိ (ဧတံ)၊ သည်။ ကြိယာနိဒဿနံ၊ ကြိယာကို ညွှန်ပြကြောင်း သဒ္ဒါတည်း။
ယထာရုစီတိ (ဧတံ)၊ သည်။ ဝသိဘာဝနိဒဿနံ၊ ဝသီဘော်ကို ညွှန်ပြကြောင်း သဒ္ဒါတည်း။ (အစွမ်းသတ္တိရှိသည်၏အဖြစ်ကို ညွှန်ပြကြောင်း သဒ္ဒါတည်း)။ [ဈာန်ဝင်စားရာဝယ် ဝသီဘော်မြောက်သကဲ့သို့ ‘’ကရုဏာ ပညာတို့ လည်း ဆိုင်ရာအာရုံကို အာရုံပြုရာ၌ အလိုအတိုင်း ဖြစ်နိုင်သောကြောင့် ဝသီဘော် မြောက်, အစွမ်းသတ္တိရောက်နေသည်’’ဟူလို။]
[တစ်ပုဒ်တစ်ပုဒ်၏ အပေါင်းအနက်ကို ပြပြီး၍ ယခုအခါ၌ ဓာတ်ပစ္စည်း စသည်တို့ကို ခွဲခြား၍ ပြအပ်သော အစိတ်အစိတ်အနက်ကိုပြလိုသောကြောင့် ‘’တတ္ထကိရတီတိ’’စသည်ကိုမိန့်၊ ‘’ပဝတ္တိတ္ထာတိ ဝုစ္စတိ’’ တိုင်အောင် မျှော်သည်။] တတ္ထ၊ ထိုကရုဏာဝိယသတ္တေသု အစရှိသော ဂါထာ၌။ (အဝယဝတ္ထော၊ အစိတ်အနက်ကို။ ဧဝံ၊ ဤဆိုအပ်လတ္တံ့သောနည်းဖြင့်။ ဝေဒိတဗ္ဗော၊ သိထိုက်၏။ ယာ ဓမ္မဇာတိ၊ အကြင်တရားသဘောသည်)။ ကိရတိ၊ ပယ်ရှားတတ်၏။ ဣတိ၊ ကြောင့်။ သာဓမ္မဇာတိ၊ ထိုတရားသဘောသည်)။ ကရုဏာ၊ ကရုဏာမည်၏။ ပရဒုက္ခံ၊ သူတစ်ပါး၏ ဆင်းရဲကို။ ဝိက္ခိပတိ၊ ပစ်ပယ်တတ်၏။ ဣတိအတ္ထော၊ ဤကားအနက်။
ရူပါဒီသု၊ ရုပ်ဝေဒနာ အစရှိသော ခန္ဓာ ၅ ပါးတို့၌။ (တစ်နည်း) ရူပါဒီသု၊ ရူပ သဒ္ဒစသည့် အာရုံကာမဂုဏ်တို့၌။ သတ္တာ, ဝိသတ္တာ၊ ငြိကပ်တတ်ကုန်၏။ ဣတိ၊ ကြောင့်။ သတ္တာ၊ သတ္တတို့မည်၏။
ပန၊ ဆက်ဦးအံ့။ တဿာ ပညတ္တိယာ၊ ထို သတ္တဟူသော နာမည်ပညတ်၏။ ခန္ဓသန္တာနေ၊ ရုပ်နာမ် ခန္ဓာအစဉ်၌။ နိရုဠှဘာဝတော၊ တက်ရောက်သည်၏အဖြစ်ကြောင့်။ ဝါ၊ ထင်ရှားသည်၏အဖြစ်ကြောင့်။ နိစ္ဆန္ဒရောဂါပိ၊ ဆန္ဒရာဂ မရှိသော ရဟန္တာပုဂ္ဂိုလ်တို့ကိုလည်း။ သတ္တာတိ၊ သတ္တတို့ဟူ၍။ ဝုစ္စန္တိ၊ ကုန်၏။ [အနာဂါမ်၌ လောဘ မကုန်သေး၊ ထို့ကြောင့် နိစ္ဆန္ဒအရ−အနာ ဂါမ်ပုဂ္ဂိုလ်ကိုမယူဘဲ ရဟန္တာကိုသာ ယူရသည်၊ ဤစကား၏ အဓိပ္ပာယ်ကို အဋ္ဌသာလိနီဘာသာဋီကာ၌ ပြထားပြီ။]
ပဇာနာတိ၊ အပြားအားဖြင့် သိတတ်၏။ ဣတိ၊ ထို့ကြောင့်။ ပညာ၊ ပညာမည်၏။ ယထာသဘာဝံ၊ အကြင်အကြင်ဟုတ်မှန်သော သဘောအတိုင်း။ ပကာရေဟိ၊ အနိစ္စတာ အစရှိသောအပြားတို့ဖြင့်။ ပဋိဝိဇ္ဈတိ၊ ထိုထွင်း၍သိတတ်၏။ ဣတိအတ္ထော၊ ဤကားအနက်။ [အနိစ္စအစရှိသော တရားကို အနိစ္စသဘောအတိုင်းသိခြင်း စသည်ကို ‘’ယထာသဘာဝံ ဇာနာတိ’’ဟု ဆိုသည်။]
ယဿာတိ၊ ယဿဟူသော သဒ္ဒါသည်။ အနိယမနံ၊ အနိယမသဒ္ဒါတည်း။
ဝါ၊ မည်သည့် ပုဂ္ဂိုလ်ဟု သေချာတပ်အပ် မသတ်မှတ်ကြောင်း သဒ္ဒါတည်း။ တဿပါဒေ နမဿိတွာတိ ဧတေန၊ တဿပါဒေ နမဿိတွာဟူသော ဤသဒ္ဒါဖြင့်။ နိယမနံ၊ နိယမသဒ္ဒါကို။ (သေချာတပ်အပ် သတ်မှတ်ကြောင်း သဒ္ဒါကို)။ ဝေဒိတဗ္ဗံ၊ ၏။
မဟေသီတိ၊ မဟေသိဟူသည်ကား။ မဟန္တေ၊ မြတ်ကုန်သော။ သီလက္ခန္ဓာဒယော၊ သီလဂုဏ်ကျေးဇူး အစရှိသော တရားတို့ကို။ ဧသိ ဂဝေသိ၊ ရှာတော်မူပြီ။ ဝါ၊ ရှာ၍ ပြီးတော်မူပြီ။ ဣတိ၊ ထို့ကြောင့်။ မဟေသိ၊ မဟေသိမည်တော်မူတော်၏။
ဉာတဗ္ဗာ၊ သိထိုက်ကုန်၏။ ဣတိ၊ ထို့ကြောင့်။ ယျော၊ ဉေယျတို့မည်၏။ သဘာဝဓာရဏာဒိနာ၊ မိမိသဘောကို ဆောင်ခြင်း အစရှိသော။ အတ္ထေန၊ အနက်အားဖြင့်။ ဓမ္မာ၊ ဓမ္မတို့မည်၏။ [‘’အတ္တနော သဘာဝံ ဓာရေတီတိ ဓမ္မော’’စသည်ကိုပြသည်။]
တတ္ထ၊ ထိုဉေယျသဒ္ဒါ ဓမ္မသဒ္ဒါတို့တွင်။ ဉေယျတိ ဝစနေန၊ ဉေယျဟူသော သဒ္ဒါဖြင့်။ ဓမ္မာနံ၊ ဓမ္မတို့၏။ အညေယျတ္တံ၊ မသိအပ် မသိထိုက်ကုန်သည်၏အဖြစ်ကို။ ပတိက္ခိပတိ၊ ပယ်၏။ [‘’ဉေယျသိထိုက်’’ဟု ဆိုသဖြင့် မသိထိုက်သည်၏ အဖြစ်ကို ပယ်ရာရောက်သည်−ဟူလို၊ အညတ္ထာပေါဟနနည်းတည်း၊ အညတ္ထ တစ်ပါးသောအနက်တို့ကို။ အပဦဟန−ပယ်ရှားကြောင်းနည်း။]
ဓမ္မာတိဝစနေန၊ ဓမ္မဟူသော သဒ္ဒါဖြင့်။ ဉေယျာနံ၊ သိထိုက်သော အနက်တို့၏။ သတ္တဇီဝါဒိဘာဝံ၊ သတ္တ, ဇီဝအစရှိသည်တို့ အဖြစ်ကို။ ပတိက္ခိ၊ ပယ်၏။ [‘’မိမိသဘောကို ဆောင်တတ်သော ဓမ္မ’’ဟု ဆိုသဖြင့် မိမိသဘောကို မဆောင်နိုင်သော, ထင်ရှားမရှိသော သတ္တ (သတ္တဝါ) ဇီဝ (အသက်ကောင်) အာဒိဖြင့် ပုဂ္ဂလ (ပုဂ္ဂိုလ်) အတ္တတို့ကို ပယ်သည်−ဟူလို၊၊ အညတ္ထာပေါဟန နည်းပင်တည်း။]
ဉေယျာစ၊ သိထိုက်သော အနက်တို့လည်းဟုတ်၏။ တေ၊ ထိုသိထိုက်သော အနက်တို့ဟူသည်။ ဓမ္မာစ၊ မိမိသဘောကို ဆောင်တတ်သော ဓမ္မတို့လည်းဟုတ်၏။ ဣတိ၊ ကြောင့်။ ဉေယျဓမ္မာ၊ တို့မည်၏။
သဗ္ဗေသူတိ၊ သဗ္ဗေသုဟူသော သဒ္ဒါသည်။ အနဝသေသ ပရိယာဒါနံ၊ အကြွင်းမရှိသော အနက်တို့ကို သိမ်းယူကြောင်းသဒ္ဒါတည်း။
တေန၊ ထိုသဗ္ဗေသုဟူသောသဒ္ဒါဖြင့်။ အညာတာဘာဝံ၊ မသိအပ်သော တရား၏ မရှိခြင်းကို။ ဒဿေတိ၊ ပြ၏။ [‘’အားလုံးသော ဉေ ယျဓမ္မတို့၌ပညာဖြင့် သိတော်မူပြီးဖြစ်သည်’’ဟု ဆိုသဖြင့် ထိုပညာသည် ‘’မသိအပ်တရားမရှိတော့’’ဟု ပြသည်−ဟူလို။]
ပဝတ္တိတ္ထာတိ၊ ပဝတ္တိတ္ထဟူသည်ကား။ ဥပ္ပဇ္ဇိတ္ထ၊ ဖြစ်တော်မူပြီ။
ယထာရုစီတိ၊ ယထာရုစိ ဟူသည်ကား။ ယာယာ၊ အကြင် အကြင်သို့သော။ ရုစိ၊ အလိုတော်တည်း။ ယထာရုစိ၊ အကြင် အကြင်သို့သော အလိုတော်။ စ၊ ဆက်ဦးအံ့။ ရုစိတိ၊ ရုစိဟူသည်ကား။ ဣစ္ဆာ၊ အလိုတည်း။ သာ၊ ထိုအလိုဟူသည်။ ကတ္တုကာမတာ၊ ပြုခြင်းငှာ အလိုရှိသည်၏အဖြစ်ဟူသော ဆန္ဒတော်တည်း။
ယာယာ၊ အကြင် အကြင် အလိုတော်သည်။ ပဝတ္တာ၊ ပြီ။ တပ္ပဘေဒါ၊ ထိုထိုအလိုတော်ဖြစ်သလောက်အပြားရှိသော။ ပညာ၊ သည်။ ပဝတ္တိတ္ထ၊ ပြီ။ ဝါ၊ တစ်နည်း။ ယထာ၊ အကြင်အခြင်းအရာအားဖြင့်။ ရုစိ၊ အလိုတော်သည်။ ပဝတ္တာ၊ ဖြစ်ပြီ။ တထာ၊ ထိုအခြင်းအရာအားဖြင့်။ ရုစိ အနုရူပံ၊ အလိုတော်အားလျော်စွာ။ ပဝတ္တာ၊ ဖြစ်သောပညာကို။ ယထာရုစိ ပဝတ္တိတ္ထာတိ၊ ယထာရုစိ ပဝတ္တိတ္ထဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။
ဝါ၊ တစ်နည်းကား။ ယထာ ယထာ၊ အကြင်အကြင် အခြင်းအရာအားဖြင့်။ ရုစိ၊ အလိုတော်သည်။ ပဝတ္တာ၊ ဖြစ်ပြီ။ တထာ တထာ၊ ထိုထိုအခြင်းအရာအားဖြင့်။ ပဝတ္တာ၊ ဖြစ်သော။ ပညာ၊ ပညာကို။ ယထာရုစိ ပဝတ္တိတ္ထာတိ၊ ယထာရုစိ ပဝတ္တိတ္ထဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏။ယထာဝါရုစိ တထာ။ ။ဤနည်း၌ ယထာနှင့် ရုစိသည် သမာသ်မဟုတ်၊ နိဿယအတိုင်း အနက်ပေးပါ၊ ဆိုလိုရင်းကား− ‘’အလိုဆန္ဒတော်က အကြင်အရာကိုသိလိုလျှင် ပညာတော်က ထိုအရာကို သိနိုင်သည်’’ဟူလို၊ ထို့ကြောင့် ‘’ရုစိအနုရူပံ’’ဟု ယထာ ရုစိကို ဖြောင့်ဖွင့်၍ ‘’ပဝတ္တာ၊ပေ၊ဝုစ္စတိ’’ဟု စပ်ပုဒ်နှင့်တကွ အဓိပ္ပာယ်ဖွင့်သည်။
ယထာ ယထာဝါ ရုစိ။ ။ဤနည်း၌လည်း သမာသ်မဟုတ်၊ ‘’ယထာယထာ’’ဟု ဆိုသောကြောင့် ယထာ၏ စိစ္ဆာအနက်ပြသည်၊ [တထာတထာ ပဝတ္တာ ပညာယထာရုစိ ပဝတ္တိတ္ထာတိ စဝုစ္စတိ’’ကား စပ်ပုဒ်နှင့်တကွ အဓိပ္ပာယ်ပြ စကားပင်တည်း။]
တတ္ထ၊ ထို ကရုဏာဝိယသတ္တေသု အစရှိသောဂါထာ၌။ ဘဂဝတိ၊ မြတ်စွာဘုရား၌ (မြတ်စွာဘုရား သန္တာန်တော်၌)။ ပဝတ္တာဝ ကရုဏာ၊ ဖြစ်သော ကရုဏာကိုသာ။ ဘဂဝတော၊ မြတ်စွာဘုရား၏။ ပညာယ၊ ပညာ၏။ နိဒဿနန္တိ၊ ညွှန်ပြကြောင်း ဥပမာနဟူ၍။ ဂဟေတဗ္ဗာ၊ ယူထိုက်၏။
ဟိ၊ မှန်။ သာ၊ ထို ကရုဏာသည်။ အာသာဓာရဏာ၊ အခြားပုဂ္ဂိုလ်နှင့် မဆက်ဆံသော။ မဟာကရုဏာ၊ ကြီးကျယ်မြင့်မြတ်သော ကရုဏာတော်တည်း။ အညာ၊ အခြားသော ကရုဏာသာမညသည်။
န၊ မဟုတ်။ စ၊ ဆက်။ ယဿာတိ၊ ယဿဟူသော သဒ္ဒါသည်။ ဥဘိန္နမ္ပိ၊ နှစ်ပါးလည်း ဖြစ်ကုန်သော။ ကရုဏာပညာနံ၊ ကရုဏာပညာတို့၏။ အာဓာရပုဂ္ဂလနိဒဿနံ၊ တည်ရာပုဂ္ဂိုလ်ကို ညွှန်ပြကြောင်း သဒ္ဒါတည်း။
ဟိ၊ မှန်။ (တစ်နည်း) ဟိ ယသ္မာ၊ အကြင့်ကြောင့်။ [ဣတိကိုငဲ့၍ ဟိတ်ပေးသည်။] နိရာဓာရာ၊ တည်ရာ ပုဂ္ဂိုလ် မရှိသော။ ကရုဏာ၊ ကရုဏာမည်သည်။ န အတ္ထိ၊ မရှိ။ ဣတိ၊ ထို့ကြောင့်။ ကရုဏာတိ၊ ကရုဏာဟူ၍။ ဝုတ္တေ၊ ဆိုအပ်သော်။ တဒါဓာရဘူတော၊ ထိုကရုဏာ၏ တည်ရာဖြစ်၍ဖြစ်သော။ ပုဂ္ဂလော၊ ပုဂ္ဂိုလ်သည်။ ဝါ၊ ကို။ နိဒဿေတဗ္ဗော၊ ညွှန်ပြထိုက်သည်။ ဟောတိ၊ ၏။ သောစ၊ ထိုပုဂ္ဂိုလ်သည်လည်း။ ဣဓ၊ ဤဂါထာ၌။ အညော၊ ယဿဟုညွှန်ပြအပ်သောပုဂ္ဂိုလ်မှ တစ်ပါးသော။ ဝုတ္တော၊ ဆိုအပ်ပြီးသော ပုဂ္ဂိုလ်သည်။ နတ္ထိ၊ မရှိ။ အာသန္နံ၊ အနီးပုဂ္ဂိုလ်ကို။ ဝဇ္ဇေတွာ၊ ကြည့်၍။ ဒူရဿ၊ အဝေးပုဂ္ဂိုလ်ကို။ ဂဟဏေစ၊ ယူခြင်း၌လည်း။ ပယောဇနံ၊ အကျိုးသည်။ န အတ္ထိ၊ မရှိ။ ဣတိ၊ ထို့ကြောင့်။ ယဿာတိ နိဒဿိတ ပုဂ္ဂလောဝ၊ ယဿဟု ညွှန်ပြအပ်သော ပုဂ္ဂိုလ်သည်သာ။ ကရုဏာယ၊ ၏။ အာဓာရော၊ တည်ရာတည်း။
တေန၊ ထို့ကြောင့်။ (ယဿသဒ္ဒါ၏ ကရုဏာ ပညာနှစ်ပါးစုံတို့၏ တည်ရာပုဂ္ဂိုလ်ကို ညွှန်ပြသော သဒ္ဒါ၏ အဖြစ်ကြောင့်)။ [‘’နဟိ’’ ရှေ့က ပဓာနဝါကျကို လှမ်းစွဲသည်။] ဣဒံ၊ ဤအနက်သည်။ ဝါ၊ ကို။မှတ်ချက်။ ။’’ယထာဝါ’’ စသော ဒုတိယ တတိယနည်းကို အနုဋီကာမဖွင့်ပါ၊ ထို့ကြောင့် ထို ၂ နည်းလုံးမူလဋီကာ ရှေးစာအုပ်များ၌ ပါဟန်မတူ၊ တတိယနည်းဝယ် သမာသ် မဟုတ်ရာ၌ ယထာသဒ္ဒါလည်း ဝိစ္ဆာအနက်ကို မဟောနိုင်၊ မဓုဋီကာ၌လည်း ဤ ၂ နည်းလုံးကိုဖွင့်ပြပြီးမှ ‘’ပမာဒလိခိတ’’ဟု ကေစိဆရာတို့ ဆိုကြောင်းကို ပြထား၏၊ ထို ၂နည်းလုံးပင် နောက်ဆရာတို့ အဓိပ္ပာယ် ပြောရာမှ အပိုပါလာသောနည်းများဟု ထင်မိပါသည်။
တတ္ထ၊ပေ၊ ဟေတဗ္ဗာ။ ။ဥပမာန ဥပမေယျတို့မည်သည် တည်ရာမတူဘဲရှိသည်သာများ၏၊ ဥပမာ−‘’မြတ်စွာဘုရား၏ မျက်နှာတော်သည် လမင်းနှင့်တူ၏’’ဟူရာ၌ မျက်နှာတော်သည် ဘုရားရှင်၌တည်၍ လမင်းသည် ကောင်းကင်၌တည်သကဲ့သို့တည်း၊ ဤသို့ တည်ရာ မတူရိုးဖြစ်သောကြောင့် ဤဂါထာဝယ် ဥပမာနဖြစ်သော ကရုဏာတော်သည် အဘယ်ပုဂ္ဂိုလ်၌တည်သော ကရုဏာပါမည်နည်းဟု မေးဖွယ်ရှိရကား တတ္ထ စသည်မိန့်၊ ‘’ဘုရားရှင်၏ သန္တာန်တော်၌ တည်သော ကရုဏာကိုပင် ယူရသည်’’ဟူလို။
ဝုတ္တံ၊ ဆိုအပ်သည်။ ဝါ၊ ဆိုလိုသည်။ ဟောတိ၊ ။ (ကိံ၊ အဘယ်အနက်သည်။ ဝါ၊ ကို။ ဝုတ္တံ၊ သည်။ ဟောတိ၊ နည်း)။ ယဿ၊ အကြင်မြတ်စွာဘုရား၏။ အတ္တနော၊ ကိုယ်တော်၏။ ကရုဏာဝိယ၊ မဟာကရုဏာတော်သည်ကဲ့သို့။ ပညာပိ၊ ပညာတော်သည်လည်း။ ပဝတ္တိတ္ထ၊ ဖြစ်တော်မူပြီ။ ဣတိ၊ ဤအနက်သည်။ ဝုတ္တံ၊ သည်။ ဟောတိ၊ ၏။
ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကို ဆိုဦးအံ့။ ကထံ၊ အဘယ်နည်းဖြင့်။ ကရုဏာ၊ မဟာကရုဏာတော်သည်။ သတ္တေသု၊ သတ္တဝါတို့၌။ ပဝတ္တိတ္ထယထာ၊ ဖြစ်တော်မူပြီးကဲ့သို့။ (တထာ၊ တူ)။ ပညာပိ၊ သည်လည်း။ ဓမ္မေသု၊ ဉေယျ တရားတို့၌။ ပဝတ္တိတ္ထ၊ ဖြစ်တော်မူသနည်း။ ဣတိ၊ ဤကားအမေးတည်း။
နိရဝသေသတော၊ အကြွင်းမရှိသောအားဖြင့်လည်းကောင်း။ ယထာရုစိစ၊ အကြင် အကြင်အလိုတော်အတိုင်း လည်းကောင်း။ (ကရုဏာ၊ သည်။ သတ္တေသု၊ သတ္တဝါတို့၌။ ပဝတ္တိတ္ထယထာ, တထာပညာပိ ဓမ္မေသု၊ ဉေ ယျ တရားတို့၌။ ပဝတ္တိတ္ထ၊ ဖြစ်တော်မူပြီ။ ဣတိ၊ ဤကား အဖြေတည်း။ ဤသို့ ရှေ့ဝါကျပုဒ်များကို ထည့်၍စပ်ပါ။)
ဟိ၊ ချဲ့ဦးအံ့။ ဘဂဝတော၊ ၏။ ကရုဏာ၊ သည်။ ကဉ္စိသတ္တံ၊ တစ်စုံတစ်ယောက်သော သတ္တဝါကို။ အဝဇ္ဇေတွာ၊ မကြဉ်မူ၍။ သဗ္ဗေသု၊ ကုန်သော။ နိရဝသေသေသု၊ အကြွင်းမရှိကုန်သော။ သတ္တေသု၊ တို့၌။ ပဝတ္တတိ၊ ၏။ ပဝတ္တမာနာစ၊ ဖြစ်ပြန်သော်လည်း။ ရုစိဝသေန၊ အလိုဆန္ဒတော်၏ အစွမ်းဖြင့်။ ဧကသ္မိံ၊ တစ်ယောက်သော သတ္တဝါ၌လည်းကောင်း။ အနေကေသုစ၊ များစွာသော သတ္တဝါတို့၌လည်းကောင်း။ အညေဟိ၊ ပစ္စေကဗုဒ္ဓါ စသောအခြားပုဂ္ဂိုလ်တို့နှင့်။ အသာဓာရဏာ၊ မဆက်ဆံသည်။ (ဟုတွာ၊ ၍)။ ပဝတ္တတိ၊ ဖြစ်တော်မူ၏။

ဟိ၊ မှန်။ အညေသံ၊ မြတ်စွာဘုရားမှတစ်ပါး အခြားပုဂ္ဂိုလ်တို့၏။ (ကရုဏာက္ကမနံ၌စပ်)။ ဝါ၊ တို့သည်။ (ပဿန္တာနံ၌စပ်)။ မဟောဃပက္ခန္ဒာနံ၊ ကာမောဃ, ဘာဝေါဃစသော ကြီးစွာသော ဩဃ၌ သက်ဝင်နေရကုန်သော။ သတ္တာနံ၊ သတ္တဝါတို့ကို။ (ဥဒ္ဓတာဝယ် တုပစ္စည်း၌ဆဋ္ဌီကံ)။ မယာ၊ ငါ့ကို။ အညတြ၊ ကြဉ်၍။ အညော၊ ငါမှတစ်ပါးသော။ ဩဃာ၊ ဩဃမှ။ ဥဒ္ဓတာ၊ ထုတ်ဆယ်နိုင်သော။ ကောစိ၊ တစ်စုံတစ်ယောက်သည်။ နတ္ထိ၊ မရှိပါတကား။ ဣတိ၊ ဤသို့။ ပဿန္တာနံ၊ မြင်ကုန်လသော်။ (မြင်ရကုန်သော)။ အညေသံ၊ ဘုရားမှတစ်ပါး အခြားသော ပုဂ္ဂိုလ်တို့၏။ ဘဂဝတော ယထာ၊ မြတ်စွာဘုရား၏ကဲ့သို့။ ကရုဏောက္ကမနံ၊ ကရုဏာ၏ သက်ရောက်ခြင်းသည်။ န ဟောတိ၊ မဖြစ်နိုင်။ ဣတိ၊ ဤကား ကရုဏာတော်၏ အလုံးစုံသော သတ္တဝါတို့၌ဖြစ်ပုံအကျယ်တည်း။

[ယခုအခါ ပညာ၏ အလုံးစုံသော တရားတို့၌ ဖြစ်ပုံကို အကျယ်ပြလိုသောကြောင့် ပညာပိ စသည်ကိုမိန့်။] ဘဂဝတော၊ ၏။

ပညာပိ၊ ပညာတော်သည်လည်း။ သဗ္ဗေသု၊ ကုန်သော။ နိရဝသေသေသု၊ ကုန်သော။ ဓမ္မေသု၊ တို့၌။ ပဝတ္တတိ၊ ဖြစ်တော်မူ၏။ ပဝတ္တမာနာစ၊ ဖြစ်ပြန်သော်လည်း။ ဧကသ္မိံ၊ တစ်ပါးသော။ (ဓမ္မေ၊ တရား၌လည်းကောင်း)။ အနေကေသု၊ များစွာကုန်သော။ ဓမ္မေသုစ၊ တရားတို့၌ လည်းကောင်း။ သဘာဝကိစ္ဆာဒိဇာနနေန၊ ထင်ရှားရှိသော ကိစ္စအစရှိသည်ကို သိတော်မူခြင်းအားဖြင့်။ (အာဒိဖြင့် လက္ခဏ, ပစ္စုပဋ္ဌာန်, ပဒဋ္ဌာန်တို့ကိုယူ)။ အနာဝရဏာ၊ အပိတ်အပင်အဆီးအတားမရှိသည်။ အသာဓာရဏာ၊ တစ်ပါးသော ပုဂ္ဂိုလ်တို့နှင့်မဆက်ဆံသည်။ (ဟုတွာ၊ ၍)။ ယထာရုစိ၊ အကြင် အကြင် အလိုတော်အတိုင်း။ ပဝတ္တတိ၊ ဖြစ်တော်မူ၏။ စ၊ ဥပမာကား။ ပဿန္တဿ၊ မဟောဃပက္ခန္ဓ သတ္တဝါတို့ကိုမြင်တော်မူရသော။ ဘဂဝတော၊ ၏။ ကရုဏာ၊ ကရုဏာတော်သည်။ ယထာရုစိ၊ တိုင်း။ ပဝတ္တတိယထာ၊ ဖြစ်သကဲ့သို့တည်း။ (ဤကားပညာ၏ အလုံးစုံသော တရားတို့၌ ဖြစ်ပုံအကျယ်တည်း)။
တံ သဗ္ဗံ၊ ထိုအလုံးစုံသော ကရုဏာ၏ ယထာရုစိဖြစ်ပုံကို။ ပဋိ သမ္ဘိဒါမဂ္ဂေ၊ ပဋိသမ္ဘိဒါမဂ် ပါဠိတော်၌။ မဟာကရုဏာ ဉာဏဝိဘင်္ဂဝသေန၊ မဟာကရုဏာဉာဏ်တော်ကို အကျယ်ဝေဖန်ရာ ပါဠိရပ်၏ အစွမ်းဖြင့်။ ဇာနိတဗ္ဗံ၊ သိထိုက်၏။ ပညာယ၊ ပညာတော်၏။ ယထာရုစိ၊ တိုင်း။ ပဝတ္တိစ၊ ဖြစ်ပုံကိုလည်း။ သေသာသာဓာရဏဉာဏဝိဘင်္ဂါဒိဝိသေန၊ မဟာကရုဏာ ဝိဘင်းမှ ကြွင်းသော အသာဓာရဏဉဏဝိဘင်း အစရှိသည်တို့၏ အစွမ်းဖြင့်။ (ဇာနိတဗ္ဗာ၊ သိထိုက်၏)။ [ကရုဏာ ပညာတို့၏ ဖြစ်ပုံကို ပဋိသမ္ဘိဒါမဂ်၌ အကျယ်ဟောတော်မူထားသဖြင့် ထို၌ ရှုကြပါလော−ဟူလို။]
[ပညာသဒ္ဒါဖြင့် အဘယ်ပညာတို့ကို ယူရမည်နည်းဟု မေးဖွယ်ရှိသောကြောင့် ‘’ပညာဂ္ဂဟဏေန’’စသည်ကိုမိန့်။] စ၊ ဆက်။ ပညာဂ္ဂဟဏေန၊ ပညာသဒ္ဒါဖြင့်။ တီသု၊ အတိတ်, အနာဂတ်, ပစ္စုပ္ပန်အားဖြင့် သုံးပါးကုန်သော။ ကာလေသု၊ ကာလတို့၌။ အပ္ပဋိဟတဉာဏံ၊ အပိတ်အပင် အဆီးအတားမရှိသော ဉာဏ်လည်းကောင်း။ [ဤဉာဏ်ကို အနုဋီကာ ခန္ဓဝိဘင်းအစ၌ သဗ္ဗညုတဉာဿ်ဟု ဖွင့်လတ္တံ။] စတုဿစ္စဉာဏံ၊ သစ္စာ ၄−ပါးကိုသိတတ်သော ဉာဏ်လည်းကောင်း။ စတုပ္ပဋိသမ္ဘိဒါဉာဏံ၊ စတုပ္ပဋိသမ္ဘိဒါဉာဏ်လည်းကောင်း။ ကရုဏာဂ္ဂဟဏေန၊ ကရုဏာသဒ္ဒါဖြင့်။ မဟာကရုဏာသမာပတ္တိဉာဏဿ၊ မဟာကရုဏာ သမပတ်နှင့်ယှဉ်သောဉာဏ်တော်၏။ ဝါ၊ ကို။ ဂဟိတတ္တာ၊ ယူအပ်ပြီး၏အဖြစ်ကြောင့်။ တံ၊ ထိုဉာဏ်ကို။ ဝဇ္ဇေတွာ၊ ကြဉ်၍။ အညာနိ၊ အခြားကုန်သော။ အသာဓာရဏဉာဏာနိ၊ အသာဓာရဏဉာဏ် ၅−ပါးတို့ကို လည်းကောင်း။ စတုဝေသာရဇ္ဇဉာဏံ၊ ၄−ပါးသောဝေသာရဇ္ဇဉာဏ် လည်းကောင်း။ ဒသဗလာနိ၊ ၁၀−ပါးသော ဉာဏ်တော်အားတို့လည်းကောင်း။ ဆ၊ ကုန်သော။ အဘိညာ၊ အဘိညာဉ် ဉာဏ်တို့လည်းကောင်း။ စတုစတ္တာလီသ၊ ၄၄−ပါးသော။ ဉာဏဝတ္ထူနိ၊ ဉာဏဝတ္ထုတို့ လည်းကောင်း။ သတ္တသတ္တတိ၊ ၇၇−ပါးသော။ ဉာဏဝတ္ထူနိ၊ တို့လည်းကောင်း။ ဣတိ ဧဝမာဒယော၊ ဤသို့အစရှိကုန်သော။ အနေကေ၊ တစ်ပါးမက များစွာကုန်သော။ ပညာပ္ပဘေဒါ၊ ပညာအပြားတို့ကို။ သင်္ဂယှန္တိ၊ သိမ်းယူအပ်ကုန်၏။ တသ္မာ၊ ထို့ကြောင့်။ တဿာ တဿာ ပညာယ၊ ထိုထိုပညာတော်၏။ ပဝတ္တိဝသေန၊ ဖြစ်ခြင်း၏ အစွမ်းဖြင့်။ ယထာရုစိ၊ တိုင်း။ ပဝတ္တိ၊ ဖြစ်ပုံကို။ ဝေဒိတဗ္ဗာ၊ သိထိုက်၏။
တေန၊ ထို့ကြောင့်။ ကရုဏာဝိယ၊ပေ၊ ယထာရုစိတိ၊ ကရုဏာဝိယ၊ယထာရုစိဟူ၍။ (သင်္ဂဟကာရော၊ အဋ္ဌကထာကျဉ်းကို ပြုစီရင်သော အရှင်ဗုဒ္ဓဃောသသည်)။ အာဟ၊ မိန့်ပြီ။ [အဋ္ဌကထာဆရာသည် မူလဋီကာဆရာ၏ အာစရိယမဟုတ်၊ ထို့ကြောင့် ‘’သင်္ဂဟကာရ’’ဟု အသုံးပြုခြင်းက များသည်။]
တတ္တ၊ ထိုကရုဏာဝိယ သတ္တေသု အစရှိသော ဂါထာ၌။ ကရုဏာဂ္ဂဟဏေန၊ ကရုဏာသဒ္ဒါဖြင့်။ မဟာဗောဓိယာ၊ မြတ်သော ဗောဓိဖြစ်တော်မူသော အရဟတ္တ မဂ်ဉာဏ်, သဗ္ဗညုတဉာဏ်တော်၏။ မူလံ၊ အကြောင်းရင်းကို။ ဒဿေတိ၊ ၏။
ဟိ၊ ချဲ့။ မဟာဒုက္ခသမ္ဗာဓပ္ပဋိပန္နံ၊ ကြီးစွာသော သံသရာဒုက္ခဖြင့် ကျဉ်းကျဉ်း ကျပ်ကျပ်သွားနေရသော။ သတ္တနိကာယံ၊ သတ္တဝါအပေါင်းကို။ ဒိသွာ၊ မြင်တော်မူ၍။ တဿ၊ ထိုသတ္တဝါအပေါင်း၏။ အညော၊ ငါမှတစ်ပါးသော။ ကောစိ၊ တစ်စုံတစ်ယောက်သော။ သရဏံ၊ ကိုးကွယ်ရာသည်။ နတ္ထိ၊ မရှိပါတကား။ −−[သရဏံသည် နိစ္စနပုလ္လိင်ဖြစ်၍ ကောစိကို မငဲ့ဘဲ နပုလ္လိင်ထားသည်။] အဟံ၊ ငါသည်။ မုတ္တော၊ ကြီးစွာသောဒုက္ခမှ လွတ်မြောက်ပြီးသည်။ (သမာနော၊ ဖြစ်လသော်)။ ဧဝံ၊ ဤသတ္တဝါအပေါင်းကို။ မောစေဿာမိ၊ လွတ်စေအံ့။ ဣတိ၊ ဤသို့ကြံတော်မူ၍။ ကရုဏာယ၊ မဟာကရုဏာတော်သည်။ သဉ္စောဒိတမာနသော၊ လွန်စွာတိုက်တွန်းအပ်သော စိတ်ရှိတော်မူသည်။ ဟုတွာ၊ ဖြစ်၍။ အဘိနီဟာရံ၊ သဗ္ဗညုတဉာဏ်တော်သို့ ရှေးရှုဆောင်ကြောင်း ဆုတောင်းမှုကို။ ဒီပင်္ကရဿ ဘဂဝတော၊ ဒီပင်္ကရာမြတ်စွာဘုရား၏။ ပါဒမူလေ၊ ခြေတော်ရင်း၌။ ကတွာ၊ ပြုတော်မူပြီး၍။ ဗောဓိသမ္ဘာရေ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်၏ အဆောက်အအုံ ဖြစ်ကုန်သော ပါရမီတော်တို့ကို။ သမောဓာနေတွာ၊ စုပေါင်းတော်မူ၍။ အနုပုဗ္ဗေန၊ အားဖြင့်။ သမ္ဗောဓိံ၊ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်သို့။ ပတ္တော၊ ရောက်တော်မူပြီ။ ဣတိ၊ ထို့ကြောင့်။ ကရုဏာတော်သည်။ တတ္ထ ကရုဏာဂ္ဂဟဏေန။ ။ကရုဏာဝိယအစရှိသော သဒ္ဒါ၏ တိုက်ရိုက်ဟောအပ်သော အပေါင်းအနက် အစိတ်စိတ် အနက်အစရှိသည်တို့ကိုပြပြီး၍ ယခုအခါ၌ သာမတ္ထိယအားဖြင့် ရထိုက်သော နက်တို့ကို ပြခြင်းငှာ ‘’တတ္ထကရုဏာဂ္ဂဟဏေန၊ပေ၊ဗုဒ္ဓဂုဏာ ဒဿိတာ ဟောန္တိ’’တိုင်အောင်သာ ပါဌ်တို့ကို မိန့်သည်၊ [သဒ္ဒါတစ်ခု၏ ဟောစွမ်းနိုင်သော အနက်အပြင် ထိုသဒ္ဒါ၏ အစွမ်းသတ္တိဖြင့်ပြအပ်သော အနက်ကို သာမတ္ထိယတ္ထဟု ခေါ်သည်၊ သမတ္ထဿ ဘာဝေါ သာမတ္ထိယံ− ဟောစွမ်းနိုင်သော သဒ္ဒါ၏ ဖြစ်ကြောင်းြဖစ်ရာ ဟောစွမ်းနိုင်သောသတ္တိ၊ သာမတ္ထိယတော+လဒ္ဓေါ+အတ္ထော ယဿာတိ သာမတ္ထိယတ္ထော နိဿပေးသလို အနက်ပေး၍ မရဘဲ အဓိပ္ပာယ်အားဖြင့်သာ ယူရသော အနက်မျိုးတည်း။] မဟာဗောဓိယာ၊ မြတ်သော ဗောဓိဖြစ်တော်မူသော အရဟတ္တမဂ်ဉာဏ်သဗ္ဗညုတဉာဏ်တော်၏။ မူလံ၊ အကြောင်း အရင်း အခြေခံတည်း။ ဣတိ၊ ဤသို့ မှတ်၏။
သတ္တေသုတိ ဧတေန၊ သတ္တေသု ဟူသော ဤပါဌ်ဖြင့်။ မဟာဗောဓိယာ၊ မဟာဗောဓိကို။ ပယောဇနံ၊ ယှဉ်စေတတ်သော အာရုံကို။ ဒဿေတိ၊ ၏။
ဟိ၊ မှန်၏။ သတ္တာ၊ တို့သည်။ မဟာဗောဓိံ၊ မဟာဗောဓိကို။ ပယောဇေန္တိ၊ ယှဉ်စေကြကုန်၏။ (ကသ္မာ ဝိညာယတိ၊ နည်း)။
ဟိ (ယသ္မာ၊ ကြောင့်)။ သတ္တသန္တာရဏတ္ထံ၊ သတ္တဝါတို့ကို ကယ်တင်ခြင်းအကျိုးငှာ။ သဗ္ဗညုတာ၊ သဗ္ဗညုတ၏ အဖြစ်ကို။ ဝါ၊ ဘုရား၏အဖြစ်ကို။ အဘိပတ္ထိတာ၊ ရှေးရှု တောင့်တတော်မူအပ်ပြီ။
(တသ္မာ ဝိညာယတိ)။ ယထာဟ၊ အဘယ်ကဲ့သို့ ဟောတော်မူသနည်း။
ကိံမေ၊ပေ၊ သဒေဝ ကန္တိ၊ ကိံ မေ၊ပေ၊သဒေဝကံဟူ၍။ (အာဟ၊ ဟောတော်မူပြီ)။ (ဗုဒ္ဓဝင် ပါဠိတော်၌ ဟောတော်မူပြီ)။ −−−[ထာမဒဿိနာ၊ အစွမ်းကို သိမြင်သော။ ဝါ၊ သိမြင်ပါလျက်။ ဧကေန၊ တစ်ယောက်တည်းသည်။ (ဟုတွာ)။ တိဏ္ဏေန၊ သံသရာရေအယဉ်မှ ကူးသွားသော။ ပုရိသေန၊ ယောကျ်ားဖြင့်။ မေ၊ ငါ့အား။ ကိံ၊ အဘယ်အကျိုးရှိအံ့နည်း။ သဗ္ဗညုတံ၊ သဗ္ဗညု၏အဖြစ်သို့။ ပါပုဏိတွာ၊ ရောက်ပြီး၍။ ဝါ၊ ရောက်ပြီးမှ။ သဒေဝကံ၊ နတ်နှင့်တကွဖြစ်သော လောကကို။ သန္တောရေဿံ၊ သံသရာရေအယဉ်မှ ကယ်တင်တော်မူပေအံ့။]ကိံ၊မေ၊ပေ၊ ဒဿိနာ။ ။မေသဒ္ဒါသည် ကိံ၌ စပ်ရသော အလမတ္ထသမ္ပဒါန်ပုဒ်တည်း၊ ‘’ကိံ မေ ဟိရညသုဝဏ္ဏေန’’ ဝါကျမျိုးဖြစ်သည်၊ ဧကေနမှစ၍ ဒဿိနာတိုင်အောင် ဝိဘတ်တူ၏၊ ဝိဘတ်တူလျှင် အနက်အရတူရ၏၊ ထို့ကြောင့် ထိုအားလုံး၏ အနက်ကို ပုရိသချည်း ရစေရမည်၊ အားအစွမ်းကို သိမြင်သော ယောက်ကျား သံသရာရေအယဉ်ကို ကူးသော ယောက်ျား တစ်ယောက်တည်းသော ယောက်ျားဟူလို၊ ထိုယောက်ျား ဟူသည် သူများမဟုတ် သုမေဓာ ဘုရားအလောင်းက မိမိကိုပင် သူတစ်ပါးအနေအားဖြင့် ရွတ်ဆိုအပ်သော ဂါထာစကားဖြစ်သည်၊ သတ္တဝါအများကို ကယ်တင်နိုင်လောက်သော ဉာဏ်အားရှိမှန်းကိုလည်း သိမြင်သူဖြစ်ပါလျက် တစ်ယောက်တည်း သံသရာရေအယဉ်မှ ကူးသွားသော ယောက်ျားမျိုးဖြင့် ငါသုမေဓာမှာ အကျိုးမရှိ၊ ‘’ငါသည် ထိုယောက်ျားမျိုးမဖြစ်လို’’ဟူလို၊ ‘’တိဏ္ဏေန−သံသရာရေအယဉ်ကူးသဖြင့်’’ဟု အနက်ပေးကြသည်ကို စဉ်းစားပါ။
မဓုဋီကာ။ ။ဂါထာတ္ထော ပန ဧဝံ ဝေဒိတဗ္ဗော၊ ထာမဒဿန သိလေန ဧကကေန သံသာရတော တိဏ္ဏေန ပုရိသေန မေ မမကိံ ပယောဇနံ အတ္ထိ၊ ပုရိဿေနာတိ စေတ္ထ အတ္တာနံ သန္ဓာယ ပရံဝိယ ဝဒတိ။ [ဤဋီကာ၌ ‘’ထာမဒဿန သီလေန’’ဟု ဏီပစ္စည်းအတွက် တဿီလ အနက်ဖွင့်ခြင်းကိုကား စဉ်းစားသင့်သည်၊ ဘာ့ကြောင့်နည်း၊ အကြိမ်ကြိမ် မြင်ဖို့ရာ အလေ့အလာ (တဿီလ) မလိုသောကြောင့်တည်း။]
ပညာဂ္ဂဟဏေန၊ ပညာသဒ္ဒါဖြင့်။ မဟာဗောဓိံ၊ မဟာဗောဓိကို။ (သင်္ဂဟကာရော)။ ဒဿတိ၊ ပြ၏။
(တစ်နည်း) ဟိယသ္မာ၊ ကြောင့်။ သဗ္ဗညုတာယ၊ သဗ္ဗညုတဉာဏ်တော်၏။ ပဒဋ္ဌာနဘူတံ၊ နီးစွာသော အကြောင်း ဖြစ်၍ဖြစ်သော။ မဂ္ဂဉာဏံ၊ အရဟတ္တမဂ်ကို လည်းကောင်း။ မဂ္ဂညာဏပဒဋ္ဌာနံ၊ အရဟတ္တမဂ်ဉာဏ်လျှင် နီးစွာသောအကြောင်းရှိသော။ သဗ္ဗညုတဉာဏံစ၊ သဗ္ဗညုတဉာဏ်တော်ကို လည်းကောင်း။ မဟာဗောဓီတိ၊ မဟာဗောဓိဟူ၍။ ဝုစ္စတိ၊ ၏။ (ဣတိ၊ ကြောင့်)။ ဝုစ္စတိ၊ ၏။ (ဣတိ၊ ကြောင့်)။ ပညာဂ္ဂဟဏေန၊ ဖြင့်။ မဟာဗောဓိံ၊ ကို။ ဒဿတိ၊ ၏။ ဣတိ၊ သို့။ မယာ၊ သည်။ ဝုစ္စတိ၊ ဆိုအပ်၏)။ [ဤသို့ တစ်ဝါကျတည်း၌ ဟိနှင့် ဣတိပါလျှင် ဟိကို ဟေတွတ္ထပေးနိုင်သည်။]
ဉေ ယျဓမ္မေသူတိ ဧတေန၊ ဉေ ယျဓမ္မေသု သဗ္ဗေသု ဟူသော ဤပါဌ်ဖြင့်။ သန္တာရေတဗ္ဗာနံ၊ ကယ်တင်ထိုက်ကုန်သော။ သတ္တာနံ၊ တို့၏။ ဝါ၊ တို့သည်။ အဘိဉေယျ၊ပေ၊ သစ္ဆိကာတဗ္ဗေ၊ ထူးသောဉာဏ်ဖြင့် သိထိုက်ကုန်, ပိုင်းခြား၍ သိထိုက်ကုန် ပယ်စွန့်ထိုက်ကုန် မိမိသန္တာန်၌ ဖြစ်စေထိုက်ကုန်, ဉာဏ်ဖြင့် မျက်မှောက် ပြုထိုက်ကုန်သော။ ခန္ဓာယတန၊ပေ၊ သတိပဋ္ဌာနဒိဘေဒေ၊ ခန္ဓာ, အာယတန, ဓာတ်, သစ္စာ, ဣန္ဒြေ, ပဋိသစ္စသမုပ္ပါဒ်, သတိပဋ္ဌာန်အစရှိသော အပြားရှိသည်လည်း ဖြစ်ကုန်သော။ ကုသလာဒိ ဘေဒေစ၊ ကုသိုလ်အစရှိသော အပြားရှိသည်လည်းဖြစ်ကုန်သော။ သဗ္ဗဓမ္မေ၊ အလုံးစုံသော တရားတို့ကို။ ဒဿေတိ၊ ၏။ [ခန္ဓာယ အာယတန စသောတရားသည် ခန္ဓဝိဘင်းစသော ဝိဘင်းပါဠိတော်၌ လာသော သဗ္ဗဓမ္မတည်း၊ ကုသလာဒိဘေဒေကား− ကုသလာဓမ္မာ အကုသလာဓမ္မာစသည်ဖြင့် ဓမ္မသင်္ဂဏီပါဠိတော်၌လာသော ဓမ္မတည်း။] သဗ္ဗညုတာယ၊ပေ၊မဟာဗောဓီတိ ဝုစ္စတိ။ ။အရဟတ္တမဂ်ဉာဏ်ကို ရသည်နှင့် တစ်ပြိုင်နက် သဗ္ဗညုတဉာဏ်တော်ကိုလည်း ပိုင်ပြီးဖြစ်တော့၏၊ ထို့ကြောင့် အရဟတ္တမဂ်ဉာဏ်သည် သဗ္ဗညုတဉာဏ်ဟူသောနီးစွာသောကြောင်းဖြစ်၏၊ သဗ္ဗညုတဉာဏ်တော်မှာ အရဟတ္တမဂ်ဉာဏ်ဟူသော နီးစွာသောအကြောင်းလည်းရှိသည်၊ ‘’မဂ္ဂဉာဏံ+ပဒဋ္ဌာနံ ယဿာတိ မဂ္ဂဉာဏပဒဋ္ဌာနံ’’ဟုတွဲပါ၊ ဆိုလိုရင်းကား−အခြားသော ရဟန္တာ ပုဂ္ဂိုလ်များလည်း အရဟတ္တမဂ်ဉာဏ်ကိုရကြပါ၏၊ သို့သော် ထိုပုဂ္ဂိုလ်တို့၏ အရဟတ္တမဂ်ဉာဏ်သည် သဗ္ဗညုတဉာဏ်၏ နီးစွာသော အကြောင်းမဟုတ်၊ ထို့ကြောင်းအခြားသော ရဟန္တာပုဂ္ဂိုလ်တို့၏ မဂ်ဉာဏ်ကို ‘’မဟာဗောဓိ’’ဟု မဆိုရ၊ မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ်သည်ကား သဗ္ဗညုတဉာဏ်တော်၏ နီးစွာသော အကြောင်းရင်းလည်းဖြစ်၏၊ သဗ္ဗညုတဉာဏ်တော်မှာလည်း အရဟတ္တမဓ်ဉာဏ်ဟူသော အကြောင်း အထောက်အခံလည်း ရှိ၏၊ ထို့ကြောင့် မြတ်စွာဘုရား၏ အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်ကိုသာ ‘’မဟာဗောဓိ’’ဟု ဆိုအပ်သည်−ဟူလို။ [မဟတီ−ကြီးကျယ် မြင့်မြတ်သော+ဗောဓိ−အရဟတ္တမဂ်ဉာဏ် သဗ္ဗညုတဉာဏ်တော်တည်း၊ မဟာဗောဓိ−ဉာဏ်တော်။]
ပဝတ္တိတ္ထယထာရုစိတိ ဧတေန၊ ပဝတ္တိတ္ထ ယထာရုစိဟူသော ဤပါဌ်ဖြင့်။ ပဋိဝေဓ၊ပေ၊ဒီပနေန၊ ပဋိဝေဓဉာဏ် ပစ္စဝေက္ခဏာဉာဏ် ရှေ့သွားရှိသော ဒေသနာဉာဏ်တော်၏ ဖြစ်ပုံကိုပြသဖြင့်။ ပယောဇနသမ္ပတ္တိံ၊ အကျိုး၏ ပြည့်စုံခြင်းကို။ [မဓုဋီကာ၌ ''ယှဉ်စေတတ်သော သတ္တဝါအပေါင်း၏ ပြည့်စုံခြင်း''ဟု ဖွင့်ထားသည်။] ဒဿေတိ၊ ၏။
ဟိ၊ ချဲ့။ သဗ္ဗဓမ္မာနံ၊ အလုံးစုံသော တရားတို့ကို။ ပဋိဝေဓဉာဏံ၊ ထိုးထွင်း၍ သိသောဉာဏ်သည်။ ဗောဓိပလ္လင်္ကေ၊ မဟာဗောဓိပလ္လင်၌။ အဟောသိ၊ ဖြစ်တော်မူခဲ့ပြီ။
ဟိ၊ မှန်။ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်။ တံ၊ ထို ပဋိဝေဓဉာဏ်ဟူသည်။ မဂ္ဂဉာဏမေဝ၊ မဂ်ဉာဏ်ပင်တည်း။ ဣတိ၊ ကြောင့်။ (သဗ္ဗဓမ္မာနံ၊ တို့ကို။ ပဋိဝေဓဉာဏံ၊ သည်။ ဗောဓိပလ္လင်္ကေ၊ ၌။ အဟောသိ၊ ပြီ။ ဣတိ မယာ ဝုစ္စတိ)။
ပစ္စဝေက္ခဏဉာဏဉ္စ၊ ပစ္စဝေက္ခဏာဉာဏ်သည်လည်း။ (ဗောဓိပလ္လင်္ကေ၊ ၌။ အဟောသိ၊ ပြီ)။ [စ သဒ္ဒါက ဗောဓိပလ္လင်၌ ဖြစ်ခြင်းတူသော ပဋိဝေဓဉာဏ်ကိုဆည်းသည်။] ဝိသေသေန၊ အထူးအားဖြင့်။ (ပစ္စဝေက္ခဏဉာဏံ၊ အဘိဓမ္မာကို ဆင်ခြင်တတ်သောဉာဏ်သည်)။ ရတနဃရသတ္တာဟေ၊ ရတနာဃရသတ္တာဟ၌။ အဟောသိ၊ ဖြစ်ပြီ။ [မဂ်ဖိုလ်ဉာဏ်၌ဖြစ်သော ပစ္စဝေက္ခဏဉာဏ်သည် မဂ်ဉာဏ်ကိုရရာ ဗောဓိပလ္လင်၌ဖြစ်ခဲ့၏၊ အဘိဓမ္မာတရား ရတနာတို့ကို ဆင်ခြင်သော ပစ္စဝေက္ခဏ ဉာဏ်တော်ကား ရတနဃရသတ္တာဟရောက်မှ ဖြစ်သည်။]
ဧဝံ၊ ဤသို့။ ပဋိဝိဒ္ဓပစ္စဝေက္ခိတာနံ၊ ထိုးထွင်း၍သိအပ်ပြီးကုန် ဆင်ခြင်အပ်ပြီးကုန်သော။ ဓမ္မာနံ၊ တရားတို့ကို။ ဓမ္မစက္ကပဝတ္တနာဒီသု၊ ဓမ္မစက္ကပဝတ္တနာသုတ်ကိုဟောတော်မူရာ အစရှိသောအခါတို့၌။ ဒေသနာဉာဏံ၊ ဟောကြောင်းဖြစ်သောဉာဏ်တော်သည်။ အဟောသိ၊ သိတော်မူပြီ။ စ၊ ဆက်ဦးအံ့။ ဝိသေသေန၊ အထူးအားဖြင့်။ ပဏ္ဍုကမ္ဗလသိလာယံ၊ ပဏ္ဍုကမ္ဗလာကျောက်နေရာ၌။ သတ္တပ္ပ ကရဏဒေသနာယံ၊ အဘိဓမ္မာ ၇ကျမ်းကို ဟောတော်မူရာအခါ၌။ ဒေသနာဉာဏံ၊ သည်။ အဟောသိ၊ ။ ဣတိ၊ ဤကားအကျယ်တည်း။ [အဘိဓမ္မာဒေသနာကို ဖွင့်သောအရာဖြစ်၍ အဘိဓမ္မာဒေသနာဉာဏ်ကို ''ဝိသေသန''ဟု ဆိုသည်။]
[သာမတ္ထိယအားဖြင့် ရအပ်သောအနက်တို့ကို ပြပြန်လို၍ ဒေသနာဉာဏေန−စသည်ကိုမိန့်။] စ၊ ဆက်ဦးအံ့။ ဒေသနာဉာဏေန၊ ဒေသနာဉာဏ်တော်ဖြင့်။ ဒေသေန္တော၊ ဟောတော်မူသော။ ဘဂဝါ၊ သည်။ သတ္တေသု၊ သတ္တဝါတို့၌။ ဟိတပဋိပတ္တိံ၊ စီးပွားကိုကျင့်ကြောင်း အကျင့်ကို။ ပဋိပဇ္ဇတိ၊ ကျင့်တော်မူ၏။ ဣတိ၊ ဤသို့မှတ်အပ်၏။
သဗ္ဗေန၊ အလုံးစုံသော။ ဧတေန၊ ဤမဟာဗောဓိမူလစသည်ကိုပြခြင်းဖြင့်။ အတ္တဟိတပဋိပတ္တိံ၊ ကိုယ်တော်၏စီးပွားအလိုငှာ ကျင့်တော်မူခြင်းကို လည်းကောင်း။ ပရဟိတပဋိပတ္တိဉ္စ၊ သူတစ်ပါး၏ စီးပွားအလို့ငှာ ကျင့်တော်မူခြင်းကိုလည်းကောင်း။ ဒဿေတိ၊ ပြ၏။
ဟိ၊ မှန်၏။ မဟာဗောဓိဒဿေနေန၊ မဟာဗောဓိကို ပြခြင်းဖြင့်။ ဝါ၊ မဟာဗောဓိကိုပြကြောင်းဖြစ်သော ပညာသဒ္ဒါဖြင့်။ ပဋိပတ္တိ၊ ကိုယ်တော်၏ စီးပွားအလို့ ငှာ ကျင့်တော်မူခြင်းကို။ ဒဿိတာ၊ ပြတော်မူအပ်ပြီ။ ဣတရေဟိပိ၊ အခြားသော ပြခြင်းတို့ဖြင့်လည်း။ ပရဟိတ ပဋိပတ္တိ၊ သူတစ်ပါးတို့၏ စီးပွားအလို့ငှာ ကျင့်တော်မူခြင်းကို။ ဒဿတိ၊ ပြီ။ ဣတိ၊ ဤသို့မှတ်အပ်၏။
တေန၊ ထိုသို့ပြခြင်းဖြင့်။ အတ္တဟိတ ပဋိပန္နာဒီသု၊ အတ္တ ဟိတပဋိပန္န အစရှိကုန်သော။ စတူသု၊ ၄ ယောက်ကုန်သော။ ပုဂ္ဂလေသု၊ ပုဂ္ဂိုလ်တို့တွင်။ ဘဂဝတော၊ ၏။ စတုတ္ထ ပုဂ္ဂလဘာဝံ၊ ၄ယောက်မြောက်သော ပုဂ္ဂိုလ်၏ အဖြစ်ကို။ ဒဿေတိ၊ ပြ၏။ [ပုဂ္ဂိုလ် ၄ယောက်ကား−အတ္တဟိတ ပဋိပန္န နော ပရဟိတ ပဋိပန္နာပုဂ္ဂိုလ်, ပရဟိတ ပဋိန္န နော အတ္တဟိတ ပဋိပန္နပုဂ္ဂိုလ်, နေဝ အတ္တဟိတ ပဋိပန္န န ပရဟိတ ပဋိပန္နပုဂ္ဂိုလ်, အတ္တဟိတပဋိပန္န ပရဟိတပဋိပန္န ပုဂ္ဂိုလ်တို့တည်း၊ ထိုတွင် ဘုရားရှင်ကား အတ္တဟိတ ပရဟိတ ပဋိကန္နပုဂ္ဂိုလ်ဖြစ်သည်−ဟူလို။] −−စ၊ ဆက်ဦးအံ့။ တေန၊ ထိုသို့ ပြသဖြင့်။ အနုတ္တရ ဒက္ခိဏေယျ ဘာဝံ၊ အတု မရှိမြတ်သော ဒက္ခိဏေယျပုဂ္ဂိုလ်၏အဖြစ်ကိုလည်းကောင်း။ နိရတိ သယ ပဏာမာရဟဘာဝဉ္စ၊ အသာအလွန်မရှိသော ရှိခိုးထိုက်သောပုဂ္ဂိုလ်၏အဖြစ်ကိုလည်းကောင်း။ ဝါ၊ ရှိခိုးထိုက်သော ပုဂ္ဂိုလ်တို့တွင် အမြတ်ဆုံး၏ အဖြစ်ကိုလည်းကောင်း။ အတ္တနော၊ မိမိဟူသော အရှင်ဗုဒ္ဓဃောသ၏။ ကိရိယာယ၊ ရှိခိုးမှုကို ပြုခြင်း၏။ ခေတ္တင်္ဂတဘာဝံစ၊ ခေတ်သို့ ရောက်သည်၏အဖြစ်ကိုလည်းကောင်း။ ဒဿေတိ၊ ပြ၏။
[ကရုဏာ ပညာ သဒ္ဒါတို့ဖြင့် အခြားရထိုက်သော အနက်တို့ကို တိုးတက်၍ပြခြင်းငှာ ဧတ္ထအစရှိသော ပါဌ်ကိုမိန့်။] စ၊ ဆက်။ ဧတ္ထ၊ ဤဂါထာ၌။ ကရုဏာဂ္ဂဟဏေန၊ ကရုဏာသဒ္ဒါဖြင့်။ လောကိယေသု၊ လောကီတရားတို့တွင်။ မဟဂ္ဂတဘာဝပ္ပတ္တာ သာဓာရဏဂုဏ ဒီပနတော၊ မဟဂ္ဂုတ်၏အဖြစ်သို့ ရောက်သော အသာဓာရဏ ကရုဏာဂုဏ်ကို ပြခြင်းကြောင့်။ ဘဂဝတော၊ ၏။ သဗ္ဗလောကိယဂုဏသမ္ပတ္တိ၊ အလုံးစုံသော လောကီဂုဏ်တို့၏ ပြည့်စုံခြင်းသည်။ ဝါ၊ ကို။ ဒဿိတာ၊ ပြတော်မူအပ်ပြီးသည်။ ဟောတိ၊ ၏။ [‘’ကရုဏာကိုပဓာနပြု၍ အလုံးစုံသော လောကီဂုဏ်တို့၏ ပြည့်စုံခြင်းကိုပြသည်’’ဟူလို၊ ပဓာနနည်းတည်း၊ မဓုဋီကာ၌ ဥပလက္ခဏနည်းဟု ဆို၏။] ပညာဂ္ဂဟဏေနေပိ၊ ပညာသဒ္ဒါဖြင့်လည်း။ သဗ္ဗညုတဉာဏပဒဋ္ဌာန မဂ္ဂဉာဏ ဒီပနတော၊ သဗ္ဗညုတဉာဏ်တော်၏ နီးစွာသောအကြောင်းဖြစ်သော အရဟတ္တမဂ်ဉာဏ်ကိုပြခြင်းကြောင့်။ (ဘဂဝတော၊ ၏။) သဗ္ဗလောကုတ္တရဂုဏသမ္ပတ္တိ၊ အလုံးစုံသော လောကုတ္တရာ ဂုဏ်တို့၏ ပြည့်စုံခြင်းသည်။ ဝါ၊ ကို။ (ဒဿိတာ၊ သည်။ ဟောတိ၊ ၏။)
စ၊ သည်သာမကသေး။ ကရုဏာဝစနေန၊ ကရုဏာသဒ္ဒါဖြင့်။ နိရုပက္ကိလေသံ၊ လာဘ, သက္ကာရ စသည်အတွက် မျှော်လင့်ချက် ဥပက္ကိလေသ မရှိသော။ ဥပဂမနံ၊ တရားဟောဖို့ရန် ဝေနေယျတို့အထံသို့ ချဉ်းကပ်တော်မူခြင်းကို။ (ဒဿေတိ)။ ပညာဝစနေန၊ ပညာသဒ္ဒါဖြင့်။ နိရုပက္ကိလေသံ၊ ဒေါသ တည်းဟူသော ဥပ္ပက္ကိလေသမရှိသော။ အပဂမနံ၊ ဝေနေယျတို့အထံမှ ဖဲခွာတော်မူခြင်းကို။ ဒဿေတိ၊ ၏။ [‘’အပဂမနံ နိရုပက္ကိလေသန္တိ ယောဇေတဗ္ဗံ’’−အနုဋီကာ၊ ‘’နိရုပက္ကိလေသံ’’ကိုထည့်စပ်ပါ−ဟူလို။]
စ၊ သည်သာမကသေး။ ဥပဂမနံ၊ တရားဟောဖို့ရန်ဝေနေယျတို့၏အထံသို့ ချဉ်းကပ်တော်မူခြင်းကို။ ဒဿေန္တော၊ ပြတော်မူသော။ (သင်္ဂဟကာရော)။ ဘဂဝတော၊ ၏။ လောကေ၊ လူ့လောက၌။ သဉ္ဇာတ သံဝဍ္ဎဘာဝံ၊ ကောင်းစွာ မွေးဖွားတော်မူသည်၏ အဖြစ်, ကောင်းစွာကြီးပွားတော်မူသည်၏အဖြစ်ကို။ ဒဿေတိ၊ ၏။ [လူထဲ၌- မွေးဖွား၍ လူထဲ၌ ကြီးပွားသောကြောင့် လူအနားသို့ ချဉ်းကပ်တော်မူသည်ကို−ဟူလို။] အပဂမနံ၊ ဝေနေယျတို့အထံမှ ဖဲခွာခြင်းကို။ ဒဿေန္တော၊ သော။ (သင်္ဂဟကာရော)။ ဘဂဝတော၊ ၏။ လောကေန၊ သတ္တဝါအပေါင်းသည်။ အနုပလိတ္တတံ၊ မလိမ်းကျံ မကပ်ငြိအပ်သည်၏အဖြစ်ကို။ (ဒဿေတိ)။ [‘’လူတွေနှင့် လိမ်းကျံ ကပ်ငြိတဏှာမိနေလျှင် မခွဲခွာဘဲနေမှာပေါ့’’ ယခုတော့ကား ‘’ရေ၌ပေါက်သောကြာသည် ရေနှင့်မကပ်ငြိသကဲ့သို့, လူ၌ ဖွားသော်လည်း လူစသော သတ္တဝါများနှင့် မကပ်ငြိပါ’’ဟူလို။]
စ၊ သည်သာမကသေး။ ကရုဏာဝိယ သတ္တေသူတိ၊ ကရုဏာဝိယ သတ္တေသုဟူသော ပါဌ်ဖြင့်။ လောကသမညာနုရူပံ၊ လောကအမည်အားလျော်စွာ။ (လောကအသုံးအနှုန်းအတိုင်း)။ ဘဂဝတော၊ ၏။ ပဝတ္တိံ၊ ဖြစ်တော်မူခြင်းကို။ ဒဿေတိ၊ ၏။ [သတ္တေသုဟူသော အသုံးအနှုန်းသည် လောက၌ သုံးစွဲရိုးဖြစ်သော အသုံးအနှုန်းတည်း၊ ထိုအတိုင်းပင် ဘုရားရှင်သည် ‘’ဣတ္ထီပုရိသော’’စသည်ဖြင့် သုံးစွဲပါသည်−ဟူလို။] ဉေ ယျဓမ္မေသု သဗ္ဗေသု ယထာရုစိ ပညာ ပဝတ္တိတ္ထာတိ ဧတေန၊ ဉေ ယျဓမ္မေသု၊ပေ၊ ပတ္တိတ္ထဟူသော ဤပါဌ်ဖြင့်။ သမညာယ၊ လောကအမည်ကို။ (လောကအသုံးအနှုန်းကို)။ အနုတိဓာဝနံ၊ လွန်၍ မပြေးသွားခြင်းကို။ (ဒဿေတိ၊ ၏)။
ဟိ၊ မှန်။ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်။ သဗ္ဗဓမ္မ သဘာဝါ နဝဗောဓေ၊ အလုံးစုံသောတရားသဘောတို့ကို ထိုးထွင်း၍ မသိနိုင်ခြင်းသည်။ သတိ၊ သော်။ သမညံ၊ လောကအမည်ကို။ (လောကအသုံးအနှုန်းကို)။ အတိဓာဝိတွာ၊ ကျော်လွန်ပြေးသွား၍။ သတ္တော၊ သတ္တဝါတို့သည်။ အတ္ထိ၊ ရှိ၏။ ဇီဝေါ၊ အသက်ကောင်သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ ပရာမသနံ၊ ဒိဋ္ဌိဖြင့် မှားမှား ယွင်းယွင်း သုံးသပ်ခြင်းသည်။ ** သမညာယ အနတိဓာဝနံ**။ ။’’ငါသွား၏ သူသွား၏ ယောက်ျားသွား၏ မိန်းမသွား၏’’စသည်ဖြင့် ပြောဆိုရာ၌ ငါ သူ ယောက်ျား မိန်းမဟူသော အသုံးအနှုန်းသည် လောက ပြောရိုးဆိုစဉ် အမည်တည်း၊ ‘’ငါဟု ဆိုသည်နှင့်တစ်ပြိုင်နက် ငါဟူသော သတ္တဝါကလေးငါဟူသော အသက်ကောင်ကလေးသည် ဝမ်းထဲ၌ ရှိသေးသည်’’ဟူ ယူခြင်းသည် လောကအသုံးအနှုန်းကို ကျော်၍ ဒိဋ္ဌိဖြင့် ပြေးသွားခြင်းတည်း၊ မြတ်စွာဘုရားကႏး အလုံးစုံသော သဘာဝဓမ္မကို သိတော်မူပြီးဖြစ်သောကြောင့် ထိုလောက အသုံးအနှုန်းကို ကျော်လွန်၍ ဒိဋ္ဌိဖြင့် မပြေးသွားတော့၊ ထိုသို့ မပြေးသွားခြင်းကို ‘’ဉေ ယျဓမ္မေသု၊ပေ၊ ပဝတ္တိတ္ထ’’ဟူသော ပါဌ်ဖြင့်ပြသည်−ဟူလို။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ကြောင့်။
ဉေ ယျဓမ္မေသု၊ပေ၊ပဝတ္တိတ္ထာတိ ဧတေန၊ ဖြင့်။ သမညာယ၊ ကို။ အနုတိဓာဝနံ၊ ကို။ ဒဿေတိ၊ ၏။ ဣတိ၊ သို့။ မယာ၊ သည်။ ဝုစ္စတိ၊ အပ်၏)။ စ၊ သည်သာမကသေး။ သဗ္ဗေသံ၊ ကုန်သော။ ဗုဒ္ဓဂုဏာနံ၊ ဘုရားဂုဏ်တော်တို့၏။ အာဒိ၊ အစသည်။ ကရုဏာ၊ ကရုဏာတည်း။ (ကသ္မာ၊ နည်း။ ဗုဒ္ဓဂုဏာနံ၊ တို့၏)။ တန္နိဒါနဘာဝတော၊ ထို ကရုဏာဟူသော အခြေခံနိဒါန်းရှိကုန်သည်၏အဖြစ်ကြောင့်တည်း။ သဗ္ဗဗုဒ္ဓ ဂုဏာနံ၊ တို့၏။ ပရိယောသာနံ၊ အဆုံးကား။ ပညာ၊ ပညာတည်း။ (ကသ္မာ၊ ကြောင့်နည်း)။ တတော၊ ထို သဗ္ဗညုတဉာဏ်ပညာထက်။ ဥတ္တရိ၊ အလွန်။ ကရဏီယာဘာဝတော၊ ပြုဖွယ်ကိစ္စ၏ မရှိတော့ခြင်းကြောင့်တည်း။
စ၊ ဆက်။ အာဒိပရိယောသာနဒဿနေန၊ အစဖြစ်သော ကရုဏာ, အဆုံးဖြစ်သောပညာကို ပြသဖြင့်။ ဝါ၊ အစဖြစ်သော ကရုဏာ, အဆုံးဖြစ်သောပညာကို ပြကြောင်းဖြစ်သော ကရုဏာ ဝိယ သတ္တေသု အစရှိသော ဂါထာစကားရပ်တို့ဖြင့်။ သဗ္ဗေ၊ ကုန်သော။ ဗုဒ္ဓဂုဏာ၊ ဘုရား ဂုဏ်တော်တို့သည်။ ဝါ၊ တို့ကို။ ဒဿိတာဝ၊ ပြအပ်ကုန်ပြီးသည်သာလျှင်။ ဟောန္တိ၊ ကုန်၏။ [‘’အာဒိအန္တ ဒီပကနည်း မိဂပဒဝလဉ္စနနည်းအားဖြင့် အလုံးစုံသော ဂုဏ်တော်တို့ကို ပြပြီးဖြစ်တော့သည်’’ဟူလို။]
စ၊ သည်သာမကသေး။ ကရုဏာဂ္ဂဟဏေန၊ သဒ္ဒါဖြင့်။ သီလက္ခန္ဓာ ပုဗ္ဗင်္ဂမော၊ သီလက္ခန်လျှင် ရှေ့သွားရှိသော။ သမာဒိက္ခန္ဓော၊ သမာဓိက္ခန်သည်။ ဝါ၊ ကို။ ဒဿိတော၊ ပြအပ်ပြီးသည်။ ဟောတိ၊ ၏။
ဟိ၊ မှန်။ (တစ်နည်း) ကသ္မာ, ဧဝံ၊ သို့။ ဝုစ္စတိ၊ ဆိုအပ်သနည်း။ ဟိ ယသ္မာ၊ ကြောင့်။ သီလံ၊ သီလသည်။ ကရုဏာနိဒါနံ၊ ကရုဏာဟူသော အကြောင်းရင်းရှိ၏။ (ကသ္မာ၊ ကြောင့်။ ဝိညာယတိ၊ သိအပ်သနည်း)။ တတော၊ ထိုကရုဏာကြောင့်။ ပါဏာတိပါတာဒိဝိရတိပ္ပ ဝတ္တိတော၊ ပါဏာ တိပါတ အစရှိသည်တို့မှ ရှောင်ကြဉ်ကြောင်း သီလ၏ ဖြစ်ခြင်းကြောင့်။ ဝိညာယတိ၊ ၏။ တတော၊ ထိုသို့ သီလ၏ ကရုဏာဟူသော အကြောင်းအရင်းရှိသည်၏အဖြစ်ကြောင့်လည်းကောင်း)။ မှတ်ချက်။ ။’’သဗ္ဗဓမ္မ သဘာဝါ နဝဗောဓေဟိ’’စသော ဝါကျကို ဒိဠှီဝါကျဟု ဆိုလျှင် ‘’အလုံးစုံသော ဉေ ယျတရားတို့၌ ဖြစ်တော်မူ−သိတော်မူ၏’’ဟူသော ရှေ့ဝါကျ၏ ပြောင်းပြန်အဖြစ်ဖြင့် ထောက်ခံသောကြောင့် ဗျတိရေကဒဠှီဝါကျဟု ခေါ်ရ၏၊ ‘’ဟိ ယသ္မာ’’ဟု ပေးလျှင် ကား ဉာပကဟေတု ဝါကျတည်း၊ ဤဉာပကဟေတု ဝါကျကို ထောက်၍ ဉေ ယျဓမ္မေသု စကားဖြင့် သမညာနတိဓာဝနကို ပြသည်ဟု ဆိုနိုင်သည်−ဟူလို။ တဿာ၊ ထိုဂရုဏာ၏။ ဈာနတ္ထယသမ္ပယောဂတောစ၊ အောက်ဈာန် ၃−ပါး အပေါင်းနှင့် ယှဉ်ခြင်းကြောင့်လည်းကောင်း။ (ကရုဏာဂ္ဂဟဏေန၊ ဖြင့်။ သီလက္ခန္ဓပုဗ္ဗင်္ဂမော၊ ရှိသော။ သမာဓိက္ခန္ဓော ဒဿိတာ, ဟောတိ၊ ၏။ ဧဝံ၊ သို့။ မယာ၊ ငါသည်။ ဝုစ္စတိ၊ ၏။)
ပညာဝစနေန၊ ပညာသဒ္ဒါဖြင့်။ ပညက္ခန္ဓော၊ သည်။ ဝါ၊ ကို။ (ဒဿိတောဟောတိ)။
စ၊ ဆက်။ သီလံ၊ သည်။ သဗ္ဗဗုဒ္ဓဂုဏာနံ၊ အလုံးစုံသော ဘုရားဂုဏ်တော်တို့၏။ အာဒိ၊ အစတည်း။ သမာဓိ၊ သည်။ (သဗ္ဗဗုဒ္ဓဂုဏာနံ)။ မဇ္ဈံ၊ အလယ်တည်း။ ပညာ၊ သည်။ (သဗ္ဗဗုဒ္ဓဂုဏာနံ)။ ပရိယောသာနံ၊ အဆုံးတည်း။ ဣတိ ဧဝမ္ပိ၊ ဤသို့လည်း။ ဝါ၊ ဤနည်းအားဖြင့်လည်း။ အာဒိမဇ္ဈပရိယောသာနကလျာဏာ၊ အစ, အလယ်, အဆုံး, သုံးပါးလုံးကောင်းကုန်သော။ သဗ္ဗေ၊ ကုန်သော။ ဗုဒ္ဓဂုဏာ၊ တို့သည်။ ဝါ၊ တို့ကို။ ဒဿိတာ၊ ပြအပ်ကုန်ပြီးသည်။ ဟောန္တိ၊ ။
ဧဝံ၊ ဤသို့လျှင်။ ဝါ၊ ဆိုအပ်ပြီးသောနည်းဖြင့်။ (ကရုဏာပညာ ၂ပါးဖြင့် ဘုရား ဂုဏ်တော်အားလုံးကို သိမ်းကျုံး၍ ဖွင့်ပြခဲ့သော နည်းအားဖြင့်)။ သင်္ခေပေန၊ အကျဉ်းချုပ်အားဖြင့်။ သဗ္ဗဗုဒ္ဓဂုဏေဟိ၊ အလုံးစုံသော ဘုရားဂုဏ်တော်တို့ဖြင့်။ ဘဂဝန္တံ၊ ကို။ ထောမေတွာ၊ ချီးမွမ်းပြီး၍။ [ကရုဏာ ပညာဂုဏ်တော် ၂ပါးဖြင့် ဘုရာဂုဏ်တော်အားလုံးကို သိမ်းကျုံးသောကြောင့် ''သင်္ခေပေန ထောမေတွာ''ဟု ဆိုသည်။] ယဿာ၊ အကြင် အဘိဓမ္မဒေသနာတော်၏။ သံဝဏ္ဏနံ၊ ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာကို။ ကတ္တုကာမော၊ ပြုခြင်းငှာ လိုလားသည်။ (ဟောတိ၊ ၏။ အညေပိ၊ ဘုရားမှတစ်ပါးသော ပစ္စေကဗုဒ္ဓါ သာဝကတို့နှင့်။ အသာဓာရဏာယ၊ မဆက်ဆံသော။ တာယ အဘိဓမ္မဒေသနာယ၊ ထိုအဘိဓမ္မဒေသနာဖြင့်။ ထောမေတုံ၊ ငှာ။ ဒယာယ တာယာတိအာဒိံ၊ ဒယာယတာယ အစရှိသော စကားကို။ (သင်္ဂဟကာရော)။ အာဟ၊ ပြီ။
ပန၊ ဆက်။ တဿာ ဒေသနာယ၊ ထို အဘိဓမ္မဒေသနာတော်၏။ နိဒါနဉ္စ၊ နိဒါန်းကို လည်းကောင်း။ သမုဋ္ဌာနဉ္စ၊ ဖြစ်ကြောင်းကိုလည်းကောင်း။ ဒဿေတုံ၊ ငှာ။ ဒယာယတိအာဒိ၊ ဒယာယ တာယ အစရှိသော စကားကို။ကရုဏာနိဒါနံ၊ပေ၊သမ္ပယောဂတော။ ။ကရုဏာသည် သီလ၏ အကြောင်းအရင်းဖြစ်၏၊ ထိုကရုဏာကြောင့် ပါဏာတိပါတ ဝိရတိစသော သီလများဖြစ်ကြရသည်၊ ထို့ကြောင့် အကြောင်းကရုဏာကိုယူသဖြင့် အကျိုးသီလက္ခန္ဓာကိုလည်း ကာရဏူပစာရအားဖြင့် ပြုပြီးဖြစ်၏၊ ကရုဏာသည်လည်း စတုက္ကနည်းအားဖြင့် အောက်ဈာန် ၃−ပါး၌ ယှဉ်၏၊ ထိုဈာန်ကားသမာဓိတည်း၊ ထို့ကြောင့် ကရုဏာကိုပြသဖြင့် ယှဉ်ဖက်သမာဓိက္ခန္ဓကိုလည်း အဝိနာဘာဝနည်းအားဖြင့် ပြပြီးဖြစ်တာ့သည်−ဟူလို။
မှတ်ချက်။ ။ကရုဏာ နိဒါနဉှိသီလံ''သည် သီလက္ခန္ဓကို ပြခြင်း၏အကြောင်းဟိတ်တည်း၊ တတော၊ပေ၊ ဝိရတိပ္ပဝတ္တိတော''ကား သီလ၏ ကရုဏႏနိဒါနဖြစ်ခြင်း၏အကြောင်းပြတည်း၊ ''တဿာ၊ပေ၊ သမ္ပယောဂတော''ကား သမာဓိက္ခန္ဓကို ပြခြင်း၏အကြောင်းဟိတ်တည်း၊ ဤဝ်ကျ၏ နေပုံသည် စာသွားမချောလှပါ။
(သင်္ဂဟကာရေန)။ ဝုတ္တံ၊ ဆိုအပ်ပြီ။ ရှေ့အာဒိမာဟ၌ အာဒိဖြင့် ''ဒေဝါနံ သမ္ပဝတ္တိယိ''တိုင်အောင် မျှော်၏၊ ဤအာဒိဝုတ္တံ၌ အာဒိဖြင့်ကား ''ပါဋိဟီရာဝသာ နမှိ ပါရိစ္ဆတ္တကမူလမှိ−သိလာသနေ'' တိုင်ရုံသာ မျှော်သည်။]
စ၊ ဆက်။ နိဒါနံ၊ နိဒါန်းသည်။ အဗ္ဘန္တရရံ၊ အဗ္ဘန္တနိဒါန်း လည်းကောင်း။ ဗာဟိရဉ္စ၊ ဗာဟိရနိဒါန်း လည်းကောင်း။ ဣတိ၊ သို့။ ဒုဝိဓံ၊ ၏။
အဗ္ဘန္တရံ၊ အတွင်း၌ဖြစ်သောနိဒါန်းဟူသည်။ ကရုဏာ၊ မဟာကရုဏာတော်တည်း။ [ကရုဏာသည် မြတ်စွာဘုရား၏ ကိုယ်တော်အတွင်း၌ ဖြစ်သောကြောင့် အဗ္ဘန္တရနိဒါန်းမည်၏။] ဗာဟိရံ၊ အပြင်၌ ဖြစ်သော နိဒါန်းဟူသည်။ ဒေသကာလာဒိ၊ တရားဟောတော်မူရာအရပ်, တရားဟောတော်မူရာ ကာလ အစရှိသည်တည်း။ [ထိုအရပ် ထိုကာလတို့က မြတ်စွာဘုရား၏ အပြင်ပသန္တာန်၌ဖြစ်သောကြောင့် ဗာဟိရနိဒါန်းမည်၏၊ ထိုကရုဏာ ထိုဒေသကာလစသည် သည်ပင် အဘိဓမ္မာကို ဟောတော်မူခြင်း၏အကြောင်းဖြစ်သောကြောင့် နိဒါန်းလည်းမည်၏။]
သမုဋ္ဌာနံ၊ အဘိဓမ္မဒေသနာတော်၏ဖြစ်ကြောင်းဟူသည်။ ဒေသနာပညာ၊ ဟောတော်မူကြောင်းပညာတည်း။ [''သမုဋ္ဌာတိ ဧတေနာတိ သမုဋ္ဌာနံ''အရ အဘိဓမ္မာတရားတော်၏ ဖြစ်ကြောင်းပညာကို ''သမုဋ္ဌာန်''ဟု ခေါ်သည်၊ မှန်၏၊ ထိုပညာမရှိလျှင် အဘိဓမ္မာတရားတော် မဖြစ်ပေါ်နိုင်။]
တတ္ထ၊ ထိုနိဒါန်း ၂−ပါးတို့တွင်။ အဗ္ဘန္တရနိဒါနံ၊ အဗ္ဘန္တရ နိဒါန်းကို။ ဒဿေန္တော၊ ပြတော်မူလိုသည်။ (ဟုတွာ၊ ၍)။ ဒယာယတာယ၊ပေ၊ မာနသောတိ၊ ဟူ၍။ (သင်္ဂဟကာရော) အာဟ၊ ပြီ။
တတ္ထ၊ ထို ဒယာယ တာယအစရှိသော ပါဌ်၌။ ကရုဏာ၊ ကရုဏာကို။ ဒယာတိ၊ ဒယာဟူ၍။ အဓိပ္ပေတာ၊ အလိုရှိအပ်၏။ [ဒယာသဒ္ဒါက မေတ္တာ ကရုဏာ ၂−ပါးကိုဟောသောကြောင့် လည်းကောင်း, နောက်၌ လာလတ္တံ့ဖြစ်သောကြောင့် လည်းကောင်း ''ဒယာတိ ကရုဏာ အဓိပ္ပေတာ''ဟု ဆိုသည်။]
ဟိ၊ မှန်။ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်။ တာယ၊ ထိုကရုဏာသည်။ သမုဿာဟိတော၊ ကောင်းစွာ အားထုတ်စေအပ်သည်။ (ကောင်းစွာ တိုက်တွန်းအပ်သည်)။ (ဟုတွာ၊ ၍)။ အဘိဓမ္မကထာမဂ္ဂံ၊ အဘိဓမ္မကထာအစဉ်ကို။ သမ္ပဝတ္တယိ၊ ကောင်းစွာ ဖြစ်စေတော်မူပြီ။ ဝါ၊ ဟောတော်မူပြီ။ ဣတိ၊ ထို့ကြောင့်။ (ကရုဏာ၊ ကို။ ဒယာတိ၊ ၍။ အဓိပ္ပေတာ၊ ၏)။
တာယာတိ (ဧတ္ထ)၊ တာယဟူသောဤပါဌ်၌။ အယံ တသဒ္ဒေါ၊ ဤတသဒ္ဒါသည်။ ပုဗ္ဗေ၊ ရှေ့ဂါထာစကားရပ်၌။ ဝုတ္တဿ၊ ဆိုအပ်ပြီးသော အနက်ကို။ ပဋိနိဒ္ဒေသော၊ တစ်ဖန်ညွှန်ပြကြောင်းသဒ္ဒါသည်။ ဟောတိ၊ ၏။ [တသဒ္ဒါသည် ညွှန်ပြခြင်းအနက်ရှိ၏၊ ထိုသို့ ညွှန်ပြရာ၌ ဝုတ္တာပေက္ခ, ဝုစ္စမာနာပေက္ခဟု ၂−မျိုးရှိ၏၊ ဤ၌ ဝုတ္တာပေက္ခဟု သိစေလို၍ ''ဝုတ္တဿ ပဋိနိဒ္ဒေသော''ဟု ဆိုသည်။]
စ၊ ဆက်။ ပုရိမဂါထာယ၊ ရှေ့ဂါထာ၌။ ပဓာနဘာဝေန၊ ပဓာနအဖြစ်ဖြင့်။ ပညာ၊ ကို။ နိဒ္ဒိဋ္ဌာ၊ ညွှန်ပြအပ်ပြီ။ တဗ္ဗိသေသနဘာဝေန၊ ထိုပညာ၏ ဥပမာန ဝိသေသန၏ အဖြစ်ဖြင့်။ ကရုဏာ၊ ကရုဏာကို။ (နိဒ္ဒိဋ္ဌာ၊ အပ်ပြီ)။ [ဥပမာနကို ‘’ကရုဏာနှင့်တူသောပညာ’’ဟု ဝိသေသနသဘောရှိသောကြောင့် ဝိသေသန ဟု ဆိုသည်။]
ဟိ၊ မှန်။ သာ၊ ထို ဝိသေသနဖြစ်သော ကရုဏာသည်။ တဿာ၊ ထိုပညာ၏။ နိဒဿနဘူတာ၊ ညွှန်ပြကြောင်း ဥပမာနဖြစ်၍ ဖြစ်သည်။ ဝါ၊ ညွှန်ပြကြောင်း ဥပမာနဖြစ်၍ ဖြစ်သည်၏အဖြစ်ကြောင့်။ (ဟေတုမန္တဝိသေသန)။ အပ္ပဓာနာ၊ မပြဋ္ဌာန်းသည်။ (ဟုတွာ၊ ၍)။ တံ၊ ထိုပညာကို။ ဝိသေသေတွာ၊ အထူးပြု၍။ ဝိနိဝတ္တာ၊ ဆုတ်နစ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ ဝိသေသနအပ္ပဓာန၏အဖြစ်ကြောင့်)။ တာယာတိ၊ တာယဟူ၍။ ပဋိနိဒ္ဒေသံ၊ တစ်ဖန်ညွှန်ပြခြင်းကို။ နာရဟတိ၊ မထိုက်သည် မဟုတ်ပါလော။
စ၊ သည်သာမကသေး။ ယာပညာ၊ အကြင် ပညာသည်။ ပဓာနဘူတာ၊ ပဓာနဖြစ်၍ ဖြစ်၏။ သာ၊ ထိုပညာသည်။ ဒေသနာယ၊ ဒေသနာတော်၏။ သမုဋ္ဌာနံ၊ ဖြစ်ကြောင်းတည်း။ သမုဿာဟိနီ၊ တိုက်တွန်းတတ်သော တရားသည်။ န၊ မဟုတ်။ ဣတိ၊ ထို့ကြောင့်။ တဿာစ၊ ထိုပညာကိုလည်း။ ပဋိနိဒ္ဒေသော၊ တစ်ဖန်ညွှန်ပြခြင်းသည်။ န ယုတ္တော၊ မသင့်သည် မဟုတ်ပါလော။ ဣတိ၊ ဤကားစောဒနာတည်း။
တာဝ၊ ကရုဏာမှ ရှေးဦးစွာ။ (နိဒ္ဒိဋ္ဌာယ၊ ညွှန်ပြအပ်သော)။ ပညာယ၊ ကို။ ပဋိနိဒ္ဒေသော၊ တစ်ဖန် ညွှန်ပြခြင်းသည်။ နယုတ္တော၊ မသင့်သည် မဟုတ်ပါလော။ ဣတိ ဧတံ၊ ဤစကားကို။ (တယာ၊ သင်စောဒကသည်)။ သုဝုတ္တံ၊ ကောင်းစွာဆိုအပ်ပါပေပြီ။တာယာတိ၊ပေ၊နယုတ္တော။ ။ဤဝါကျတို့ကား စောဒနာ စကားတို့တည်း၊ စောဒနာ လိုရင်းကား−တသဒ္ဒါတို့မည်သည် ရှေ့ဝါကျက ပဓာနအနက်ကို ညွှန်ပြရိုး ဖြစ်၏၊ ဤ၌ကား ရှေ့ဝါကျက အပ္ပဓာနဖြစ်သော ကရုဏာကို ညွှန်ပြခြင်းကြောင့် သဒ္ဒ ထုံးစံမကျ၊ (သဒ္ဒယုတ္တိ မရ)၊ ရှေ့ဝါကျက ပဓာနဖြစ်သော ပညာကို ညွှန်ပြပြန်လျှင်လည်း တာယ သမုဿာဟိတမာနသောဝယ် သမုဿာဟိတ၏ ကတ္တားမဖြစ်နိုင်၊ တိုက်တွန်းတတ်သော တရားမဟုတ်၍ အတ္ထယုတ္တိမရှိ ဤသို့ မချီနိုင် မချနိုင်ဖွယ် ရှိသောကြောင့် ‘’တာယာဟိ’’စသည်ဖြင့် စကားချီ၍ စောဒနာဝါကျကို ထုတ်ပြရလေသည်၊ ထိုဝါကျတို့တွင် ‘’တာယာတိ၊ပေ၊ ဟောတိ’’ကား စကားစချီသော အခြေခံဝါကျတည်း၊ ‘’ပုရိမဂါထာယစ၊ပေ၊ ဝိနိဝတ္တာ’’ကား ‘’တသ္မာ၊ပေ၊ နာရဟတိ’’၏ အကြောင်းပြ ကာရဏဝါကျတည်း၊ ‘’ယာ၊စ၊ ပေ၊ သမဿာဟိနီ’’ကား ပညာကို ပဋိနိဒ္ဒေသ မပြုထိုက်ခြင်း၏ အကြောင်းပြဝါကျတည်း၊ ‘’တသ္မာ နာရဟတိ ဣတိ တဿာစ ပဋိနိဒ္ဒေသော န ယုတ္တော’’တို့ကား ဖလဝါကျလည်းဖြစ်သော စောဒနာ ဝါကျတို့တည်း။
ပညာယ တာဝ၊ပေ၊အရဟတိ။ ။’’ပညာယ တာဝ’’မှစ၍ ဤအရဟတိတိုင်အောင် စောဒနာ၏ အဖြေကို ပြသောဝါကျတည်း၊ စောဒကပုဂ္ဂိုလ်က ဒယာယ တာယ၌ တာယဖြင့် ပညာကို ပြန် မညွှန်းထိုက်ဟူသော စကားကို ‘’သုဝုတ္တမေတံ’’ဟု လက်ခံပြီးလျှင် ကရုဏာကိုပြန်၍ မညွှန်းထိုက်ဟူသောစကားကိုကား ‘’နောနယုတ္တော’’ဟုပယ်လှန်သည်၊ ထိုသို့ပယ်လှန်ပြီးလျှင် ကရုဏာကို ပြန်၍ညွှန်းထိုက်ကြောင်းကို ပြရာ၌ ဒယာယနှင့် တာယပုဒ်တို့၏ သမာနာဓိကရဏဖြစ်ခြင်းကို လည်းကောင်း သမာနာဓိကရဏပုဒ်မှန်လျှင် ရူပက္ခန္ဓာ၌ ရူပနှင့်ခန္ဓတို့ကဲ့သို့ ဝိသေသန ဝိသေသျ အဖြစ်ကို လည်းကောင်း ထိုဝိသေသနဝိသေသျ ၂မျိုးတွင် ပဓာနပုဒ်ကသာ ဝိသေသျဖြစ်ထိုက်၍ အပဓာနပုဒ်က ဝိသေသန ဖြစ်ထိုက်ကြောင်းကို လည်းကောင်းအကြောင်းပြပြီး၍ တာယသည် ဝိသေသန ဒယာယသည် ဝိသေသျဖြစ်ရကား တာယ၌ တသဒ္ဒါဖြင့် ရှေ့ဂါထာ၌ အပ္ပဓာနဖြစ်သော ကရုဏာကိုပင် ပြန်၍ညွှန်းထိုက်သည်ဟု ဖြေဆိုသည်။
ကရုဏာယပန၊ ကိုးကား။ ပဋိနိဒ္ဒေသော၊ သည်။ နောနယုတ္တော၊ မသင့်မဟုတ်, သင့်သည်သာ။ (ကသ္မာ၊ နည်း)။ ဒယာယ တာယာတိ၊ ဟူကုန်သော။ ဒွိန္နံပဒါနံ၊ တို့၏။ သမာနာဓိကရဏဘာဝတော၊ ဟူသော တည်ရာအနက်ရှိကုန်သည်၏အဖြစ်ကြောင့်တည်း။
ဟိ၊ ချဲ့။ သမာနာဓိကရဏာနံ၊ ကုန်သော။ ဒွိန္နံပဒါနံ၊ တို့၏။ ရူပက္ခန္ဓာဒီနံဝိယ၊ ရူပက္ခန္ဓ အစရှိသော ပုဒ်တို့၏ကဲ့သို့။ ဝိသေသန ဝိသေသိတဗ္ဗဘာဝေါ၊ ဝိသေသန, ဝိသေသိတဗ္ဗ၏ အဖြစ်သည်။ ဟောတိ၊ ၏။
ဟိ၊ မှန်။ ရူပသဒ္ဒေါ၊ သည်။ အညက္ခန္ဓနိဝတ္တနတ္ထံ၊ ရူပက္ခန္ဓာမှ တစ်ပါးသော ဝေဒနက္ခန္ဓာ စသည်တို့ကိုနစ်စေအကျိုးငှာ။ ဝုစ္စမာနော၊ ဆိုအပ်သည်။ (ဟုတွာ၊ ၍။) ဝိသေသနံ၊ ဝိသေသနသည်။ (ဟောတိယထာ၊ ကဲ့သို့လည်းကောင်း။ ခန္ဓသဒ္ဒေါစ၊ ခန္ဓသဒ္ဒါသည်လည်း။ နိဝတ္တေတဗ္ဗ၊ပေ၊ ဝစနဘာဝတော၊ နစ်စေထိုက်သော ခန္ဓာ လေးပါး, ယူထိုက်သော ရူပက္ခန္ဓာတို့နှင့် ဆက်ဆံသောသဒ္ဒါ၏ အဖြစ်ကြောင့်။ ဝိသေသိတဗ္ဗော၊ ဝိသေသိတဗ္ဗသည်။ (ဟောတိယထာ၊ ကဲ့သို့လည်းကောင်း)။ ဧဝံ၊ ဤအတူ။ ဣဓာပိ၊ ဤဂါထာ၌လည်း။ ဧကဝိဘတ္တိယုတ္တာနံ၊ တစ်ခုတည်းသော တတိယာဧကဝုစ် နာဝိဘတ်နှင့်ယှဉ်ကုန်သော။ ဒယာယတာယာတိ၊ ဒယာယ တာယဟူကုန်သော။ ဒွိန္နံပဒါနံ၊ တို့၏။ သမာနာဓိကရဏ ဘာဝတော၊ ကြောင့်။ ဝိသေသန ဝိသေသိတဗ္ဗဘာဝေါ၊ သည်။ ဟောတိ၊ ၏။
တတ္ထ၊ ထိုဒယာယတာဟူသောသဒ္ဒါတို့တွင်။ ဒယာ၊ ဒယာသဒ္ဒါသည်။ ဝါ၊ ဒယာ၏အနက်ဖြစ်သော မဟာကရုဏာတော်သည်။ သမုဿာဟိနီ၊ တိုက်တွန်းခြင်းရှိ၏။ (တိုက်တွန်းတတ်၏)။ ဣတိ၊ ကြောင့်။ ပဓာနာ၊ ပဓာနဖြစ်၏။ စ၊ သည်သာမကသေး။ ဣဒံ၊ ဤဒယာသဒ္ဒါသည်။ နိဝတ္တေတဗ္ဗဂဟေတဗ္ဗ သာဓာရဏဝစနံ၊ နစ်စေထိုက်သော သာမညကရုဏာ, ယူထိုက်သော မဟာကရုဏာတော်နှင့် ဆက်ဆံသောအနက်ကို ဟောသော သဒ္ဒါတည်း။
တသ္မာ၊ ထို့ကြောင့်။ (ဒယာ၏ ပဓာနအဖြစ်, ဆက်ဆံသော သာမည၏ အဖြစ်ကြောင့်)။ ဒယာယာတိ ဧတံ၊ ဟူသော ဤသဒ္ဒါသည်။ ဝိသေသိတဗ္ဗဝစနံ၊ အထူးပြုထိုက်သော ဝိသေသျသဒ္ဒါတည်း။ စ၊ ဆက်ဦးအံ့။ တဿ၊ ထို ဒယာသဒ္ဒါ၏။ တာယာတိ ဣဒံဝစနံ၊ တာယဟူသော ဤသဒ္ဒါသည်။ ယထာ၊ အကြင် တုလျာဓိကရဏ၏ အဖြစ်ကြောင့်။ ဝိသေသနံ၊ ဝိသေသနသည်။ ဟောတိ၊ ၏။ တထာ၊ ထို တုလျာဓိကရဏ အဖြစ်ကြောင့်။ တဿ၊ ထို တာယသဒ္ဒါ၏။ ပဋိနိဒ္ဒေသ ဘာဝေါ၊ ပဋိနိဒ္ဒေသ အဖြစ်ကို။ ယောဇေတဗ္ဗော၊ ယှဉ်စေထိုက်၏။
ဝါ၊ သုံးစွဲထိုက်။ ဟိ၊ မှန်၏။ (တစ်နည်း) ဟိ ယသ္မာ၊ အကြင့်ကြောင့်။ ပညာပဋိနိဒ္ဒေသဘာဝေ၊ ပညာ၏ ပဋိနိဒ္ဒေသ၏ အဖြစ်၌။ တသဒ္ဒေါ၊ တသဒ္ဒါသည် ဒယာဝိသေသနံ၊ ဒယာသဒ္ဒါ၏ ဝိသေသနသည်။ န ဟောတိ၊ မဖြစ်နိုင်။ ကရုဏာ ပဋိနိဒ္ဒေသဘာဝေဝ၊ ကရုဏာ၏ ပဋိနိဒ္ဒေသ၏အဖြစ်၌သာလျှင်။ (တ သဒ္ဒေါ၊ သည်။ ဒယာဝိသေသနံ၊ သည်။ ဟောတိ၊ ၏)။ [ဘာဝေဝဟု ဧဝနှင့်ရှိရမည်။] ဣတိ၊ ထို့ကြောင့်။ (တဿ၊ ထို တာယသဒ္ဒါ၏။ ပဋိနိဒ္ဒေသဘာဝေါ, ယောဇောတဗ္ဗော)။
စ၊ သည်သာမကသေး။ ပဓာနံ၊ ပဓာနဖြစ်သော။ ပညံ၊ ကို။ ဝဇ္ဇေတွာ၊ ကြဉ်၍။ ဒယာယာတိ ဧတေန၊ ဒယာယဟူသော ဤသဒ္ဒါနှင့်။ သမ္ဗဇ္ဈမာနော၊ စပ်အပ်သော။ တာယာတိ ဧတ္ထ၊ ဤပါဌ်၌။ အယံ တသဒ္ဒေါ၊ ဤတ သဒ္ဒါသည်။ အပ္ပဓာနာယ၊ အပ္ပဓာနဖြစ်သော။ ကရုဏာယ၊ ကရုဏာ၏။ ပဋိနိဒ္ဒေသော၊ တစ်ဖန် ညွှန်ပြကြောင်း သဒ္ဒါသည်။ ဘဝိတုံ၊ ဖြစ်ခြင်းငှာ။ အရဟတိ၊ ထိုက်၏။
အယံ၊ ဤဆိုအပ်လတ္တံ့ကား။ ဧတ္ထ၊ ဤ ဒယာယ တာယဟူသော ပါဌ်၌။ အတ္ထော၊ အနက်တည်း။ ယာယ ဒယာယ၊ အကြင် ကရုဏာသည်။ သမုဿာဟိတော၊ တိုက်တွန်းတော်မူအပ်ပြီ။ သာ၊ ထို ကရုဏာသည်။ ယာကာစိ၊ အမှတ်မထားတစ်ပါးပါးသော ကရုဏာသည်။ န၊ မဟုတ်။ ပန၊ အဟုတ်ကား။ သဗ္ဗညုတဉာဏဿ၊ သဗ္ဗညုတဉာဏ်တော်၏။တဿာစ၊ပေ၊ ယောဇေတဗ္ဗော**။ ။’’တာယ ဒယာယ’’၌ တာယသည် ရှေ့ဂါထာ၌လာသော ကရုဏႏကို ပြန်၍ညွှန်ပြသော ပဋိနိဒ္ဒေသဒ္ဒါဖြစ်လျှင် ဒယာယသဒ္ဒါသည် (အနက်မရှိဘဲ) အပိုဖြစ်နေသည်မဟုတ်တော၊ ထို ဒယသဒ္ဒါကို အဘယ်အဖြစ်ဖြင့် သုံးစွဲရမည်နည်း−ဟု မေးဖွယ်ရှိသောကြောင့် ‘’တဿာ စ’’စသည်မိန့်၊ ဒယာယသဒ္ဒါကိုလည်း ပဋိနိဒ္ဒေသ အဖြစ်ဖြင့် သုံးစွဲပါ−ဟူလို၊ ‘’အဘယ့်ကြောင့် ပဋိ နိဒ္ဒေသအဖြစ်ကို သုံးစွဲနိုင်သနည်း’’ဟု ထပ်၍ မေးဖွယ်ရှိသောကြောင့် ယထာ၊ပေ၊တထာ’’ဟု မိန့်သည်၊ တာယသဒ္ဒါနှင့် တုလျာဓိကရဏ သဒ္ဒါဖြစ်သောကြောင့် တာယသည် ပဋိနိဒ္ဒေသဖြစ်သကဲ့သို့ပင် ဒယာယကိုလည်း ထိုတာယ၏ ပဋိနိဒ္ဒေသအဖြစ်ဖြင့် သုံးစွဲရသည်−ဟူလို။ [‘’ယထာတိ−ယေန တုလျာဓိကရဏဘာဝေန၊ တဿာတိ တာယသဒ္ဒဿ’’−မဓု၊ စာအုပ်တို့၌ ‘’တဿာတိ တဿ သဒ္ဒဿ’’ဟု တွေ့ရ၏။]
မှတ်ချက်။ ။’’ဒယာ သမုဿာဟိနီတိ ပဓာနာ’’တုန်းက တာယကိုထောက်၍ ဒယာကို ပဓာနဟု ဆိုခဲ့၏။ ဤ ‘’အပ္ပဓာနာယ ကရုဏာယ’’၌ကား ရှေ့ဂါထာ၌ လာသော ပညာကိုထောက်၍ ကရုဏာကို အပ္ပဓာနဟု ဆိုသည်၊ ဤသို့ သူ့နေရာနှင့်တူလျော်အောင်ပဓာနဟုလည်းကောင်း အပ္ပဓာနဟုလည်းကောင်း ကရုဏာကိုသုံးစွဲထားသည်ဟု မှတ်ပါ။
[ဂါထာဝယ် ‘’ပညာယဿ’’၌ ပညာအရကို ‘’သဗ္ဗညုတဉာဏဿ’’ဟု ဖွင့်သည်။] နိဒဿနဘူတာ၊ ညွှန်ပြကြောင်း ဥပမာနဖြစ်၍ ဖြစ်သော။ မဟာကရုဏာ၊ မဟာကရုဏာတော်တည်း။ တာယ၊ ထိုမဟာကရုဏာတော်သည်။ သမုဿာဟိတော၊ တိုက်တွန်းတော်မူအပ်သည်။ (ဟုတွာ၊ ၍)။ (ဣတိ အယံ၊ ဤဆိုအပ်ပြီးကား။ ဧတ္ထ၊ ဒယာယ တာယဟူသော ဤပါဌ်၌။ အတ္ထော၊ တည်း။)
ပန၊ ပရိဟာရပက္ခမှတစ်ပါး စောဒကပက္ခကို ဆိုဦးအံ့။ ကထံ၊ ကြောင့်။ ကရုဏာ၊ ကရုဏာကို။ ဒယာတိ၊ ဒယာဟူ၍။ ဉာတဗ္ဗာ၊ သထိုက်သနည်း။ ဒယာပန္နောတိဧတဿ၊ ဒယောပန္နောဟူသော ဤပါဠိတော်ပါဌ်၏။ အဋ္ဌကယာယံ၊ ၌။ [သီလက္ခန် ဗြဟ္မဇာလသုတ် အဋ္ဌကထာ၌။] မေတ္တာစိတ္တတံ အာပန္နောတိ၊ ဟူ၍။ ဝုတ္ထံနနု၊ ဖွင့်ဆိုအပ်သည် မဟုတ်ပါလော။ တသ္မာ၊ ကြောင့်။ (ထိုသို့ မေတ္တာစိတ္တတံ အာပန္နောဟု ဖွင့်ဆိုအပ်သည်၏ အဖြစ်ကြောင့်)။ ဒယာ၊ ဒယာဟူသည်။ မေတ္တာ၊ မေတ္တာတည်း။ ဣတိ၊ ဤအနက်သည်။ ယုဇ္ဇေယျ၊ သင့်ရာသည် မဟုတ်ပါလော။ (ဒယာ၊ သည်)။ ကရုဏာ၊ ကရုဏာတည်း။ (ဣတိ၊ ဤကား စောဒနာတည်း)။
ယဒိဧဝံ၊ ယင်းသို့ ဖြစ်လျှင်။ အဒယာပန္နောတိ ဧတဿ၊ ဟူသော ဤပါဠိတော်ပါဌ်၏။ အဋ္ဌကထာယံ၊ ၌။ နိက္ကရုဏတံ အာပန္နောတိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ ဣတိ၊ ထို့ကြောင့်။ ဒယာ၊ သည်။ မေတ္တာ၊ တည်း။ ဣတိစ၊ ဤအနက်သည်လည်း။ နယုဇ္ဇေယျ၊ မသင်ရာ။ တသ္မာ၊ ကြောင့်။ ဒယာသဒ္ဒေါ၊ ဒယာသဒ္ဒါသည်။ ယတ္ထ ယတ္ထ၊ အကြင်အကြင် ပါဠိရပ်၌။ ပဝတ္တတိ၊ ဖြစ်၏။ တတ္ထ တတ္ထ၊ ထိုထိုပါဠိရပ်၌။ အဓိပ္ပာယဝသေန၊ ဝဒန္တပုဂ္ဂိုလ်အလို၏ အစွမ်းဖြင့်။ ယောဇေတဗ္ဗော၊ ယှဉ်စေထိုက်၏။ [မဓုဋီကာ၌ကား ‘’ယတ္ထ ယတ္ထာတိ ယသ္မိံ ယသ္မိံ အတ္တေတိ အတ္ထော’’ဟုဖွင့်၍ ယခုပေးအပ်သော အနက်ကို ကေစိဟု ဆိုထား၏။]
ဟိ၊ မှန်။ (တစ်နည်း) ဟိယသ္မာ၊ ကြောင့်။ ဒယာသဒ္ဒေါ၊ သည်။ အနုရက္ခဏတ္ထံ၊ စောင့်ရှောက်ခြင်းဟူသောဓာတ်နက်ကို။ ယဒိ ဧဝံ၊ပေ၊ အဝိရောဓော ဟောတိ။ ။မေတ္တာစိတ္တံတံ အာပန္နော’’ဟူသော အဋ္ဌကထာစကားဖြင့် ဒယာသဒ္ဒါ၏ ကရုဏာဟူသော အနက်မဖြစ်သင့်ကြောင်းကို စောဒနာသော စောဒကပုဂ္ဂိုလ်စကားကို အခြားအဋ္ဌကထာ စကားတစ်ရပ်ဖြင့် ပယ်ချလိုသောကြောင့် ‘’ယဒိဧဝံ’’ အစရှိသောစကားကို ပရိဟာရ်ဆရာကမိန့်သည်၊ ဆိုလိုရင်းကား− ‘’ဤကဲ့သို့ အဋ္ဌကထာစကားတစ်ကိုကြည့်၍ ကရုဏာအနက် မဟောနိုင်’’ဟု ဆိုလျှင် အခြားအဋ္ဌကထာစကားတစ်ရပ်ကိုကြည့်ပြန်လျှင် ဒယာသဒ္ဒါမေတ္တာအနက်ကိုလည်း မဟောနိုင်ရာရောက် လိမ့်မည်၊ ထို့ကြောင့် ‘’အတ္ထပ္ပကရဏာ လိင်္ဂါ ဩစိတျာ ကာလဒေသတော’’စသော ပရိဘာသာနှင့်အညီ သဒ္ဒါ၏ဟောနိုင်သမျှ အနက်ကို မယူဘဲဝဒန္တပုဂ္ဂိုလ်၏ အလိုအတိုင်း ဤနေရာနှင့် သင့်လျော်သောအနက်ကိုယူရသည်။ ဤသို့ယူမှသာ အဋ္ဌကထာ နှစ်ရပ် မဆန့်ကျင်ခြင်းဟူသော အကျိုးရှိသည်−ဟူလို၊ မှန်၏၊ −ဒယာသဒ္ဒါသည် ‘’ဒယတိ အနူရက္ခတီတိ ဒယာ’’ဟု အနူရက္ခဏ အနက်ကို အတွင်းပြု၍ ဝိဂြိုဟ်ပြုလျှင် သတ္တဝါတို့ကို စောင့်ရှောက်တတ်ခြင်းဟူသော မေတ္တာအနက်ကိုလည်း ဟောနိုင်၏၊ကရုဏာအနက်ကိုလည်း ဟောနိုင်၏၊ ဤနေရာ၌ကား ကရုဏာဟူသောအနက်နှင့် သင့်လျော်သည်။ အန္တောနီတံ၊ အတွင်း၌ ဆောင်အပ်သည်ကို။ (အတွင်း ဝင်သည်ကို)။ ကတွာ၊ ၍။ ပဝတ္တမာနော၊ ဖြစ်လသော်။ မေတ္တာယစ၊ မေတ္တာဟူသော အနက်၌လည်းကောင်း။ ကရုဏာယစ၊ ကရုဏာဟူသောအနက်၌လည်းကောင်း။ ပဝတ္တတိ၊ ၏။ ဣတိ၊ ကြောင့်။ နော နယုဇ္ဇေတိ၊ မသင့်သည်မဟုတ်, သင့်သည်သာ။
ဟိ၊ လဒ္ဓဂုဏ်ကိုဆိုဦးအံ့။ ဧဝံ၊ ဤသို့ယူလသော်။ အဋ္ဌကထာနံ၊ အဋ္ဌကထာ ၂−ရပ်တို့၏။ အဝိရောဓော၊ မဆန့်ကျင်ခြင်းသည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့မှတ်အပ်၏။
စ၊ ဆက်။ အစ္စန္တမေဝ ဟိ၊ပေ၊ဝိဟာသီတိ ဧဝမာဒီသု၊ အစ္စန္တမေဝ ဟိ၊ပေ၊ဝိဟာသိ ဤသို့အစရှိသော အဋ္ဌကထာပါဌ်တို့၌။ ကရုဏာ၊ ကို။ ဒေသနာယ၊ ဒေသနာ၏။ နိဒါနဘာဝေန၊ အဗ္ဘန္တရနိဒါန်း၏ အဖြစ်ဖြင့်။ ဝုတ္တာ၊ ဆိုအပ်ပြီ။ မေတ္တာ၊ ကို။ (ဒေသနာယ, နိဒါနဘာဝေန၊ ဖြင့်)။ န ဝုတ္တာ၊ မဆိုအပ်။ [ဟိ၊ မှန်။ အစ္စန္တမေဝ၊ အဆက်မပြတ်သာလျှင်။ တံသမယံ၊ ထိုတရားဟောတော်မူရာ အခါ၌။ ဘဂဝါ၊ သည်။ ကရုဏာ ဝိဟာရေန၊ ကရုဏာဖြင့် နေကြောင်းဖြစ်သော ပရဟိတပဋိပတ်ဖြင့်။ ဝိဟာသိ၊ နေတော်မူပြီ။] တသ္မာ၊ ကြောင့်။ ဣဓ၊ ဤဒယာယ တာယဟူသော ပါဌ်၌။ ကရုဏာဝ၊ ကိုသာ။ ဒယာဝစနေန၊ ဒယာသဒ္ဒါဖြင့်။ ဂဟိတာ၊ ယူအပ်ပြီ။ ဣတိ၊ သို့။ ဝေဒိတဗ္ဗော၊ ၏။
ဟိ၊ မှန်။ သာ၊ ထို ကရုဏာသည်။ သမုဿာဟိနီ၊ တိုက်တွန်းခြင်းရှိ၏။ မေတ္တာ၊ သည်။ န (သမုဿာဟိနီ)၊ တိုက်တွန်းခြင်းမရှိ။ မေတ္တာပန၊ သည်ကား။ ပညာဂတိကာ၊ ပညာ၏ ဖြစ်ခြင်းနှင့် တူသောဖြစ်ခြင်းရှိသည်။ (ပညာနှင့် အလားတူသည်။ ဟုတွာ)။ ပဝတ္တိနီ၊ အဘိဓမ္မဒေသနာကို ဖြစ်စေတတ်သည်။ ဟောတိ၊ ၏။ ဣတိ၊ ဤသို့မှတ်အပ်၏။
သတ္တေသူတိ၊ ဟူ၍။ ဧဝံ၊ ဤသို့။ ဝါ၊ ဤစကားကို။ ကသ္မာ၊ ကြောင့်။ ဝုတ္တံ၊ ဆိုအပ်သနည်း။ တာယာတိ ဧတေန ဝစနေန၊ တာယဟူသော ဤသဒ္ဒါဖြင့်။ သတ္တဝိသယာ၊ သတ္တဝါဟူသော ဝိသယာဓာရရှိသော။ ဝါ၊ သတ္တဝါ ဟူသော အာရုံရှိသော။ ကရုဏာ၊ ကရုဏာကို။ ဂဟိတာနနု၊ ယူအပ်ပြီး မဟုတ်ပါလော။ ဣတိ၊ ဤကား စောဒနာတည်း။ (တာယာတိ ဧတေန ဝစနေန၊ ဖြင့်။ သတ္တ ဝိသယာ၊ သော။ ဝါ၊ သော။ ကရုဏာ၊ ကို)။ ပညာဂတိကာ ပဝတ္တိနီ။ ။’’တဿာ ပညာယ တေဇသာ၊ အဘိဓမ္မာကထာမဂ္ဂံ ဒေဝါနံ သမ္ပဝတ္တယီ’’၌ ပညာသည် အဘိဓမ္မာကထာအစဉ်ကို ဖြစ်စေသကဲ့သို့ မေတ္တာကလည်း အဘိဓမ္မကထာအစဉ်ကို ဖြစ်စေသည်−ဟူလို၊ ထို့ကြောင့် ‘’ပညာဂတိကာပဝတ္တိနီ’’ဟု ရှိစေရမည်၊ ပညာယ+ဂတိဝိယ+ဂတိ ယဿာတိ ပညာဂတိကာ−ပညာ၏ဖြစ်ခြင်းနှင့်တူသော ဖြစ်ခြင်းရှိသော မေတ္တာ၊ ဒေသနံ ပဝတ္တိနီ၊−မဓု။
နော န ဂဟိတာ၊ မယူအပ်သည် မဟုတ်, ယူအပ်ပြီးသည်သာ။ ပန၊ ထိုသို့ပင် ယူအပ်ပြီးပါသော်လည်း။ ပုရိမ ဂါထာယ၊ ရှေ့ဂါထာ၌။ သတ္တေသု ကရုဏာ ယထာရုစိ ပဝတ္တိတ္ထာတိ၊ သတ္တေသု၊ပေ၊ဝတ္တိတ္ထဟူသောပါဌ်ဖြင့်။ သပ္ပဒေသသတ္တဝိသယာ၊ ညွှန်ပြအပ်သော အစိတ်အပိုင်းနှင့်တကွဖြစ်သော သတ္တဝါဟူသော ဝိသယာဓာရ ရှိသည်လည်းဖြစ်သော။ ဝါ၊ အကြွင်းရှိသော သတ္တဝါဟူသော အာရုံရှိသည်လည်းဖြစ်သော။ နိပ္ပဒေသ သတ္တဝိသယာစ၊ ညွန်ပြအပ်သော အစိတ်အပိုင်းမရှိသော သတ္တဝါဟူသော အာရုံရှိသည်လည်းဖြစ်သော။ သဗ္ဗာ၊ အလုံးစုံသော ကရုဏာကို။ ဝုတ္တာ၊ ဆိုအပ်ပြီ။ ဣဓ ပန၊ ဤဂါထာ၌ကား။ နိပ္ပဒေသ သတ္တဝိသယံ၊ သော။ တံ၊ ထိုကရုဏာကို။ ဂဟေတုံ၊ ယူခြင်းငှာ။ သတ္တေသူတိ၊ သတ္တေသုဟူသော ပါဌ်ဖြင့်။ နိပ္ပဒေသ သတ္တဝိသယဘူတာ၊ နိပ္ပဒေသ သတ္တဝါဟူသော အာရုံရှိသည်ဖြစ်၍ဖြစ်သော။ (ကရုဏာ၊ ကို)။ ဒဿိတာ၊ ပြအပ်ပြီ။
တေန၊ ထိုသို့ပြခြင်းကြောင့်။ (ဒဿိတောဝ ဟောတိ၌ လှမ်းစပ်)။ သဗ္ဗသတ္တ ဝိသယာယ၊ အလုံးစုံသော သတ္တဝါဟူသော အာရုံရှိသော။ ကရုဏာယ၊ မဟာကရုဏာတော်သည်။ သမုဿာဟိတော၊ တိုက်တွန်းအပ်သည်။ (ဟုတွာ)။ အဘိဓမ္မကထာ မဂ္ဂံ၊ အဘိဓမ္မာကထာစဉ်ကို။ ဒေဝါနံ၊ နတ်, ဗြဟ္မာတို့အား။ သမ္ပဝတ္တယိ၊ ကောင်းစွာဖြစ်စေတော်မူပြီ။ ဒေဝဝိသယာယ ဧဝ၊ နတ်ဗြဟ္မာဟူသော အာရုံရှိသည်သာလျှင် ဖြစ်သော။ (ကရုဏာ၊ သည်။ သမုဿာဟိတော၊ အပ်သည်။ ဟုတွာ၊ ၍။ အဘိဓမ္မကထာမဂ္ဂံ၊ ကို။ ဒေဝါနံ၊ တို့အား)။ န သမ္ပဝတ္တယိ၊ ကောင်းစွာ ဖြစ်စေတာ်မူသည်မဟုတ်။ ဝါ၊ ဟောတော်မူသည်မဟုတ်။ တသ္မာ၊ ကြောင့်။ သဗ္ဗသုတ္တဟိတတ္ထံ၊ အလုံးစုံသော ဝေနေယျတို့၏ စီးပွားအလို့ငှာ။ အဘိဓမ္မကထာမဂ္ဂံ၊ ကို။ ဒေဝါနံ၊ နတ်ဗြဟ္မာတို့အား။ သမ္ပဝတ္တယိ၊ ပြီ။ ဝါ၊ ပြီ။ ဒေဝါနံယေဝ၊ ဗြဟ္မာတို့၏သာလျှင်။ အတ္ထာယ၊ အကျိုးငှာ။သတ္တေသု။ ။’’ရှေ့ဂါထာ၌ သတ္တေသု’’ပုဒ်ပါပြီးဖြစ်၍ ဤဂါထာ၌ ‘’ဒယာယတာယ သတ္တေသု’’ဟု ဒယာယ၏ ဝိသယာဓာရ (အာရုံဖြစ်သော သတ္တေသုကို ထပ်၍ မဆိုထိုက်ဟု စောဒနာသည်၊ ဖြေလိုရင်းကား−ရှေ့ဂါထာ၌ ‘’ကရုဏ ယထာရုစိ ပဝတ္တိတ္ထ−ကရုဏာတော်သည် အလိုရှိတိုင်းဖြစ်နိုင်၏’’ဟု ဆိုသောကြောင့် တစ်ခါတစ်ရံ၌ ကရုဏာတော်သည် အချို့သော သတ္တဝါ အပေါ်၌သာ ဖြစ်၍ သပ္ပဒ္ဒေသ သတ္တဝိသယ ကရုဏာဖြစ်၏၊ တစ်ခါတစ်ရံ၌ကား သတ္တဝါ အားလုံးအပေါ်၌ ဖြစ်သောကြောင့် နိပ္ပဒေသ သတ္တဝိသယကရုဏာ ဖြစ်သည်−ဟုပြ၏၊ ဤဒယာယ တာယသတ္တေသု၌ တရားဟောဖို့ရန် ဒယာ ဖြစ်ပုံကား အကြွင်းမရှိသော သတ္တဝါတို့အပေါ်၌ ဖြစ်သည်ဟု ပြ၏၊ ဤသို့လျှင် ရှေ့ဂါထာ၌ သတ္တေသုအရ သပ္ပဒေသ သတ္တဝိယ နိပ္ပဒေသ သတ္တဝိသယ ဖြစ်သော ကရုဏာ ၂−မျိုးကိုဆိုအပ်ခဲ့သောကြောင့် ဤဂါထာ၌ နိပ္ပဒေသ သတ္တဝိသယ ဖြစ်သော ကရုဏာ တစ်မျိုးကိုသာယူခြင်းငီာ ‘’သတ္တေသု’’ဟု တစ်ဖန်ဆိုရပြန်သည်။ အဘိဓမ္မကထာမဂ္ဂံ၊ ကို။ ဒေဝါနံ၊ တို့အား။ န သမ္ပဝတ္တယိ၊ ကောင်းစွာ ဖြစ်စေတော်မူသည်မဟုတ်။ ဣတိ အယံ အတ္ထော၊ သည်။ ဝါ၊ ကို။ ဒဿိတောဝ၊ ပြအပ်ပြီးသည်သာ။ ဟောတိ၊ ၏။
အထဝါ၊ ထို့ပြင် တစ်နည်းကား။ သတ္တေသူတိဣဒံ၊ သတ္တေသုဟူသော ဤသဒ္ဒါသည်။ ဒယာယ၊ ကရုဏာ၏။ အာလမ္ဗနနိဒဿနံ၊ အာရုံကိုညွှန်ပြသော သဒ္ဒါသည်။ န၊ မဟုတ်။ ပန၊ အဟုတ်ကား။ (အနွယကား)။ သမုဿာဟနဝိသယော၊ သမုဿာဟနကြိယာ၏ ဝိသယာဓာရကို။ ဧတေန၊ ဤသတ္တေသု ဟူသော သဒ္ဒါဖြင့်။ ဒဿိတော၊ ပြတော်မူအပ်ပြီ။ [ကရုဏာသည် သတ္တဝါတို့ အပေါ်၌ တိုက်တွန်းအပ်သည်−ဟူလို။]
ဟိ၊ မှန်။ (တစ်နည်း) ဟိယသ္မာ၊ အကြင့်ကြောင့်။ အဘိဓမ္မကထာမဂ္ဂ ပ္ပဝတ္တနတ္ထံ၊ အဘိဓမ္မကထာအစဉ်ကို ဖြစ်စေခြင်းအကျိုးငှာ။ ဘဂဝါ၊ ကို။ ကရုဏာယ၊ မဟာကရုဏာတော်သည်။ ဒေဝေသုယေဝ၊ တရားနာမည့်နတ် ဗြဟ္မာတို့ အပေါ်၌သာ။ သမုဿာဟိတော၊ တိုက်တွန်းအပ်သည်။ န၊ မဟုတ်သေး။ ပန၊ အဟုတ်ကား။ (အနွယကား)။ သဗ္ဗဗောဓနေယျေသု၊ သစ္စာ ၄−ပါးကိုသိစေခြင်းကို ထိုက်သူအားလုံး ဖြစ်စေကုန်သော။ သတ္တေသု၊ တို့၌။ သမုဿာဟိတော၊ တိုက်တွန်းတော်မူအပ်ပြီ။ [ဗောဓနံ အရဟန္တီတိ ဗာဓနေယျာ၊ သဗ္ဗေ+ဗောဓနေယျာ သဗ္ဗဗောဓနေယျာ။] ကသ္မာ၊ အဘယ့်ကြောင့် သိနိုင်သနည်း။ သဗ္ဗေသံ၊ အလုံးစုံသော ဗောဓနေယျ သတ္တဝါတို့၏။ အတ္ထာယ၊ အကျိုးငှာ။ ပဝတ္တတ္တာ၊ အဘိဓမ္မာကထာ အစဉ်၏ ဖြစ်သည်၏အဖြစ်ကြောင့်။ ဝိညာယတိ၊ သိနိုင်၏။ တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ သဗ္ဗဗောဓနေယျသတ္တဝါတို့၏ အပေါ်၌ တိုက်တွန်းအပ်သည်၏ အဖြစ်ကြောင့်)။ သတ္တေသု သမုဿာဟိတမာနသောတိ (ဧတ္ထ)၊ သတ္တေသု သမုဿာဟိတမာနသောဟူသော ဤပါဌ်၌။ ဝိသယဘူတေသု၊ သမုဿာဟနကြိယာ၏ ဝိသယာဓာရဖြစ်၍ဖြစ်ကုန်သော။ သတ္တေသု၊ တို့၌။ ဝါ၊ တစ်နည်း။ နိမိတ္တဘူတေသု၊ နိမိတ်ဖြစ်၍ဖြစ်ကုန်သော။ (သတ္တေသု၊ သတ္တဝါတို့ကြောင့်)။ သမုဿာဟိတမာနသော၊ ကောင်းစွာအားထုတ်စေအပ်သော စိတ်တော်ရှိသည်။ ဥယျောဇိတစိတ္တော၊ တိုက်တွန်းအပ်သောစိတ်တော်ရှိသည်။ (ဟုတွာ)။ ဣတိအတ္ထော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏။ အချုပ်မှာ−‘’ရှေ့ဂါထာ၏ သတ္တေသု၌ သပ္ပဒေသသတ္တဝိသယ−နိပ္ပဒေသသတ္တ ဝိသယကရုဏာ ၂−မျိုးလုံးနှင့်ဆိုင်၍ ဤဂါထာ၌ သတ္တေသု၌ နိပ္ပဒေသ သတ္တဝိသယ တစ်မျိုးနှင့်သာ ဆိုင်သည်’’ဟူလို၊ ထိုသို့ နိပ္ပဒေသသတ္တဝိယသ တစ်မျိုးနှင့်သာဆိုင်ကြောင်းကို သိစေလို၍ ‘’သတ္တေသု’’ဟု ထပ်၍ ဆိုရပေသည်၊ သဒ္ဒါကျမ်းတို့၌ ‘’သိဒ္ဓေ သတိပိအရမ္ဘော နိယမာယဝါ ဟောတိ အတ္ထန္တရဝိညာပနာယဝါ’’ဟု လာသော ပရိဘာသာဝယ် အတ္ထန္တရဝိညာပန အကျိုးငှာ ထပ်၍ ဆိုရသည်−ဟု မှတ်ပါ။
ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။ အဗ္ဘန္တရနိဒါနံ၊ အဗ္ဘန္တရနိဒါန်းကို။ (''ကရုဏာ ဟူသော အဗ္ဘန္တရနိဒါန်းကို)။ ဒဿေတွာ၊ ပြတော်မူပြီး၍။ ဗာဟိရနိဒါနံ၊ ဗာဟိရနိဒါန်းကို။ (ကာလ, ဒေသ, ပရိသတ်ဟူသော ဗာဟိရနိဒါန်းကို)။ ဒဿေန္တော၊ ပြတော်မူလိုသည်။ (ဟုတွာ)။ ပါဋိဟီရာ ဝသာနမှီတိ အာဒိ၊ ပါဋိဟီရာဝသာနမှိ အစရှိသောစကားကို။ (သင်္ဂဟကာရော)။ အာဟ၊ ပြီ။
တတ္ထ၊ ထို ပါဋိဟီရာဝသာနမှိအစရှိသောစကားရပ်၌။ ယသ္မိံ ကာလေ၊ အကြင်အခါ၌။ ဘဂဝါတာ၊ သည်။ အဘိဓမ္မကထာမဂ္ဂေါ၊ အဘိဓမ္မကထာ အစဉ်ကို။ ပဝတ္တိတော၊ ဖြစ်စေတော်မူအပ်ပြီ။ တံ၊ ထိုအခါကို။ ဒဿေတုံ၊ ငှာ။ ပါဋိဟီရာဝသာနမှိဝသန္တောတိ၊ ဟူ၍။ (သင်္ဂဟကာရေန)။ ဝုတ္တံ၊ ဆိုအပ်ပြီ။
ပဋိဟီရာဝသာနမှိ၊ပေ၊တိဒသာလယေတိ၊ ဟူ၍။ ဝစနတော၊ ဆိုခြင်းကြောင့်။ (ဝိညာယတိ၊ ၌ လှမ်းစပ်)။ ယဿာ၊ အကြင်တန်ခိုးပြာဋိဟာကို ပြတော်မူခြင်းငှာ။ အဝသာနမှိ၊ အဆုံး၌။ တိဒသာလယေ၊ တာဝတိံသာ နတ်ပြည်၌။ ဝသိ၊ သီတင်းသုံးတော်မူပြီ။ ကဏ္ဍမ္ဗမူလေ၊ ကဏ္ဍမ္ဗမည်သော သရက်ပင်၏ အနီးအောက်၌။ [ကဏ္ဍမည်သော ဥယျာဉ်စောင့်သည် စိုက်ပျိုးအပ်သောကြောင့် ထိုသရက်ပင်ကို ကဏ္ဍမ္ဗဟု ခေါ်၏။] ကတံ၊ သော။ တံယမကပါဋိဟာရိယံ၊ ထိုရေမီး အစုံအစုံကို ဖြစ်စေနိုင်သော တန်ခိုးပြာဋိဟာကို။ ဣဓ၊ ဤဂါထာ၌။ ပါဋိဟီရန္တိ၊ ဟူ၍။ ဝုတ္တံ၊ ပြီ။ ဗောဓိမူလာဒီသု၊ ဗောဓိပင်၏ အနီးအောက် အစရှိသော အရပ်တို့၌။ ကတံ၊ ပြုအပ်သော။ ပါဋိဟာရိယံ၊ ကို။ (ပါဋိဟီရန္တိ၊ ဟူ၍)။ န (ဝုတ္တံ)၊ ဆိုအပ်သည် မဟုတ်။ [ဗောဓိမူလာဒိ၌ အာဒိဖြင့် ကပိလဝတ်ပြည် ပဌမရောက်ရာ အကြိမ်၌ ဆွေတော်မျိုးတော်တို့ အလယ်ဝယ် ပြုအပ်သော ယမကပါဋိဟာရိယနှင့် အခြား ပါဋိဟာရိယသာမညတို့ကိုယူ။] အာဒေသနာ နုသာသနိယောပိ၊ အာဒေသနာ ပါဋိဟာရိယ, အနုသာသနီ ပါဋိဟာရိယတို့ကိုလည်း။ (ပါဋိဟာရိန္တိ၊ ဟူ၍)။ န (ဝုတ္တံ)၊ ဆိုအပ်သည်မဟုတ်။ ဣတိ၊ သို့။ ဝိညာယတိ၊ သိအပ်၏။ စ၊ ဆက်။ ပါကဋတ္တာ၊ ကဏ္ဍမ္ဗသရက်ပင်၏ အနီးအောက်၌ ပြုအပ်သော တန်ခိုးပြာဋိဟာ၏ ထင်ရှားသည်၏ အဖြစ်ကြောင့်။ တဒေဝ၊ ထိုကဏ္ဍမ္ဗမူလ၌ ပြုအပ်သော ယမကပါဋိဟာရိယကိုသာ။ ဂဟိတံ၊ အပ်ပြီ။ ဣတိ၊ သို့။ ဒဋ္ဌဗ္ဗံ၊ ၏။ **ပါကဋတ္တာ၊ပေ၊ဒဋ္ဌဗ္ဗံ**။ ။မဓုဋီကာ၌ ''ပါကဋတ္တာစ''ဝယ် ''စသဒ္ဒေါ အာ ရမ္ဘတ္ထော''ဟု ဖွင့်၏၊ ဤနဓုဋီကာဖွင့်သည့် အလိုအားဖြင့် စကို ''စ−ဆက်ဦးအံ့'' ဝါကျရမ္ဘဇောတကအဖြစ်ဖြင့်ပေးရသည်။ ထိုသို့ဖြစ်လျှင် ''အာသန္နတ္တာစ''ဟု ယခုစာအုပ်တို့၌ တွေ့ရသော ဟိတ်သည် မဓုဋီကာလက်ထက်က ပါဟန်မတူ၊ အကယ်၍ ပါရိုးမှန်လျှင် ''ပါကဋတ္တာစ−ထင်ရှားသည်၏ အဖြစ်ကြောင့်လည်းကောင်း၊ အာသန္နတ္တာစ၊ နီးသည်၏ အဖြစ်ကြောင့်လည်းကောင်း''ဟု အညမညသမုစ္စယ အနက်ပေူရမည်သာဖြစ်၍ အာရမ္ဘတ္ထ မဖြစ်နိုင်။
ပါဋိဟာရိယပဒဿ၊ ပါဋိဟာရိယ ပုဒ်၏။ ဝစနတ္ထံ၊ ကို။ ပဋိပက္ခဟရဏတော၊ ဆန့်ကျင်ဘက်တို့ကို ပယ်ရှားတတ်သည်၏အဖြစ်ကြောင့်။ ရာဂါဒိကိလေသာပနယနတော၊ ရာဂ အစရှိသော ကိလေသာတို့ကို ပယ်ရှားတတ်သည်၏ အဖြစ်ကြောင့်။ ပါဋိဟာရိယံတိ၊ ဟူ၍။ ဝဒန္တိ၊ ကုန်၏။ ပန၊ ထိုသို့ပင်ဆိုကြပါသော်လည်း။ ယေ၊ အကြင် ရာဂ အစရှိသော ကိလေသာတို့ကို။ ဟရိတဗ္ဗာ၊ ပယ်ရှားထိုက်ကုန်၏။ ဘဂဝတော၊ ၏။ ဝါ၊ မှ။ ပဋိပက္ခာ၊ ဆန့်ကျင်ဘက်ဖြစ်ကုန်သော။ (တေ) ရာဂါဒယော၊ ထို ရာဂ အစရှိသော ကိလေသာတို့သည်။ န သန္တိ၊ မရှိကုန်။ဆက်ဦးအံ့။ ။''အာသန္နတ္တာ''ဟူသော ဟိတ်သည် နောက်ထည့်ပါဌ်ဖြစ်ရုံသာမက သဘာဝလည်း မကျချေ၊ ဘာ့ကြောင့်နည်း၊−−−''ပါတိဟီရာဝသာနမှိ ဝသန္တော တိဒသာလယေတိ ဝစနတော''ဟူသော ဟိတ်ပါဌ်နှင့် သဘောတူနေသောကြောင့်တည်း၊ မှန်၏၊− ကဏ္ဍမ္ဗမူလ၌ ပြုအပ်သောပြာဋိဟာသည် တာဝတိံသာဝယ် သီလင်းသုံးတော်မူရာကာလနှင့် နီးကပ်၏။ ထိုသို့ နီးကပ်ကြောင်းကို ''ပါတိဟီရာဝသာနမှိ ဝသန္တော တိဒသာလယေ''ဖြင့် ပြပြီးဖြစ်သည်၊ ထို့ကြောင့် ''အာသန္နတ္တာ''ဟူသောဟိတ်သည် အပိုသာတည်း၊ ထို့ပြင်−မဓုဋီကာ၌ ''ပါကဋတ္တာစဝယ်စကို ဝစနတောကို ပေါင်းသော သမ္ပိဏ္ဍန''ဟု ကေစိဝါဒရှိသေး၏၊ ထိုကေစိဝါဒအလိုအားဖြင့်လည်း ''ပါဋိဟီရာဝသာနမှိ ဝသန္တော တိဒသာလယေ''ဟူသော စကားကြောင့်သာ ကဏ္ဍမ္ပ မူလ၌ပြုအပ်သော ပါဋိဟာရိယကို ယူအပ်သည်မဟုတ်သေး ထင်ရှားသောကြောင့်လည်း ကဏ္ဍမ္ဗမူလ၌ပြုအပ်သော တန်ခိုးပြာဋိဟာကို ယူရမည်−ဟူလို၊ ဤကေစိဝါဒ အလိုအားဖြင့် ''အာသန္နတ္တာ''ဟူသောဟိတ်၏ မရှိကြောင်းသာ၍ သိသာပေသည်။ [''ထင်ရှား''ဟူသည် ဣဒ္ဓိပါတိဟာရိယဖြစ်သော ယမကပါဋိဟာရိယက အာဒေသနာ အနုသာသနီ ပါဋိဟာရိယတို့ထက် သာသနာတော်ဝယ် ထင်ရှားခြင်းတည်း။]
ပါဋိဟာရိယ၊ပေ၊ ဝဒန္တိ။ ။ပါဋိဟာရိယသဒ္ဒါ၏ ဝစနတ္ထကို အချို့ဆရာတို့က ''ပတိပက္ခ ဟရဏတော ပါတိဟာရိယံ''ဟု ဆိုကြ၏၊ ပတိပက္ခဟရဏတော၌ ပတိပက္ခကို ''ရာဂါဒိ ကိလေသ''ဟု လည်းကောင်း ဟရဏတောကို ''အပနယနတော''ဟု လည်းကောင်း၊ ထပ်ဖွင့်သည်၊ ဤဝဒန္တိ ဝါဒအလိုအားဖြင့် ''ဟရတိ−ပယ်ရှားတတ်၏။ ဣတိ ဟာရိယံ''ဟု လည်းကောင်း ''ပတိပက္ခေ−ရာဂစသော ဆန့်ကျင်ဘက်ကိလေသာတို့ကို+ဟာရိယံ''ပယ်ရှားတတ်သော တရားတည်း၊ ပတိဟာရိယံ−တရားဟု လည်းကောင်းပြုပါ။ [ဟာရိယံ−၌ ဟရဓာတ် ဏျပစ္စည်း ကတ္တားဟော]။
*ဘဂဝတော ပန၊ပေ၊ ဟရိတဗ္ဗာ။ ။ဤဝါကျကား ထိုဝဒန္တိဝါဒကို ပယ်ချသော ဝါကျတည်း၊ ထို့ကြောင့် ပနကိုလည်း အရုဈတ္ထဇောတကဟုကြံပါ။ ထိုသို့ အချို့ဆရာတို့က ဆိုကြသော်လည်း အရဟတ္တမဂ်ဖြင့် ကိလေသာအားလုံးကို ပယ်တော်မူပြီးသော မြတ်စွာဘုရားမှာ တန်ခိုးပြာဋိဟာဖြင့် ပယ်သင့်ပယ်ထိုက်သော (ပယ်စရာဖြစ်သော) ကိလေသာများမရှိကြတော့၊ ထို့ကြောင့် မြတ်စွာဘုရား၏ ပါဋိဟာရိယကို ပြသော အရာဝယ် ''ပတိပက္ခ ဟရဏတော''ဟူသော ဝိဂြိုဟ်ပြစကားသည် မသင့်ပါ။
ဟိ၊ ဆက်။ (တစ်နည်း) ဟိ (ယသ္မာ)၊ ကြောင့်။ ပုထုဇ္ဇနာနမ္ပိ၊ ပုထုဇဉ်တို့၏လည်း။ ဝိဂတုပက္ကိလေသေ၊ ကင်းသော ဥပက္ကိလေသရှိသော။ အဋ္ဌင်္ဂဂုဏသမန္နာဂတေ၊ ရှစ်ပါးသော အင်္ဂါရှိသော ဂုဏ်နှင့်ပြည့်စုံသော။ စိတ္တေ၊ စတုတ္ထဈာန်စိတ်သည်။ ဟတပဋိပက္ခေ၊ ပယ်ရှားအပ်ပြီးသော ဆန့်ကျင်ဘက် ကိလေသာရှိလသော်။ [ဆန့်ကျင်ဘက် ကိလေသာတို့ကို ပယ်ရှားပြီးမှ−ဟူလို။] ဣဒ္ဓိဝိဓံ၊ ဣဒ္ဓိဝိဓ အဘိညာဉ်သည်။ ပဝတ္တတိ၊ ဖြစ်၏။ တသ္မာ၊ ကြောင့်။ တတ္ထ၊ ထိုပုထုဇဉ်တို့၏။ ဣဒ္ဓိဝိဓ၌၊ ပဝတ္တဝေါဟာရေနစ ဖြစ်သော ပါဋိဟာရိယဟူသော အခေါ်အဝေါ်အားဖြင့်လည်း။ ဣဓ၊ ဤပါဋိဟီရာ ဝသာနမှိဟူသော ပုဒ်၌။ ပါဋိဟာရိယန္တိ၊ ဟူ၍။ ဝတ္တုံ၊ ဆိုခြင်းငှာ။ န သက္ကာ၊ မတတ်ကောင်း။ပုထုဇ္ဇနာနမ္ပိဟိ၊ပေ၊ဝတ္ထုံ။ ။ပုထုဇဉ်ကို သန္တာန်၌ဖြစ်သော ဣဒ္ဓိတ်ဝိဓ၏ ပတိပက္ခဟရဏကြောင့်ရအပ်သော ပါဋိဟာရိယအခေါ်အဝေါ်ကိုဘုရားရှင်၏ သန္တန်၌ဖြစ်သောဣဒ္ဓိဝိဓ၌ တင်စား၍ ပါဋိဟာရိယဟု ခေါ်ဝေါ်လျှင် ဤပါဋိဟီရာဝသာနမှိပုဒ်၌လာသော ပါဋိဟာရိယကို ''ပဋိပက္ခဟရဏတော ပါဋိဟာရိယံ''ဟု ဆိုထိုက်သည် မဟုတ်ပါလော၊− ဤသို့စောဒနာဖွယ်ရှိသောကြောင့် 'ပုထုဇ္ဇနာနမ္ပိ ဟိ၊ပေ၊ဝတ္ထုံ ''ဟု မိန့်၊ ''ထိုသို့ တင်စား၍ ဆိုခြင်းငှာလည်းမသင့်''ဟူလို။ [ပိဟိ၌ ဟိ သဒ္ဒါသည် စောဒနာဖွယ်ရှိ၍တက်သော ဝါကျာရမ္ဘဇောတကတည်း၊ ''ပိဖြင့် သေက္ခာနံကိုဆည်းသည်''ဟု မဓုဋီကာဖွင့်၏၊ မိမိကား ရှေ့ဝါကျက ဘဂဝတောကို ပေါင်းသော ''သမ္ပိဏ္ဍန''ဟု ထင်သည်၊ မြတ်စွာဘုရား၏ ဣဒ္ဓိဝိဓသာ ပယ်စရာ ကိလေသာ မရှိသည် မဟုတ်သေး ပုထုဇဉ်တို့၏ ဣဒ္ဓိဝိစ အဘိညာဉ်မှာလည်း ပယ်စရာကိလေသာမရှိ''ဟု ပယ်စရာလေသာမရှိချင်းတူသောကြောင့် ပိဖြင့် ပေါင်းနိုင်သည်။]
ဆက်ဦးအံ့− ပုထုဇဉ်တို့သည် ဣဒ္ဓိဝိဓစသော အဘိဉာဉ်တစ်မျိုးမျိုးကို ဖြစ်စေလိုလျှင် ပဉ္စမဇျာန် (သို့မဟုတ် စတုက္ကနည်းအားဖြင့် စတုတ္ထဈာန်) ကို ရပြီးဖြစ်ရမည်၊ ထိုစတုတ္ထ ဈာန်စိတ်လည်း ''သောဧဝံ သမာဟိတေ စိတ္တေ ပရိသုဒ္ဓေ(၁) ပရိယောဒါတေ(၂)အနင်္ဂဏေ(၃)ဝိဂတု ပက္ကိလေသေ(၄)မုဒဘူတေ (၅) ကမ္မနိဘေ(၆)ဌိတေ(၇)အာနဉ္ဇပ္ပတ္တေ(၈)''ဟု အဘိညာဉ်ခန်း၌ လာသည့်အတိုင်း ဂုဏ် အင်္ဂါရှစ်ပါးရှိရကား အဘိညာဉ်ကို ကန့်ကွက်မည့် ကိလေသာတို့ကို စောစောကပင် ပယ်ပြီးစေရသည်။
ဤသို့လျှင် ဣဒ္ဓိဝိဓ အဘိညာဉ် မဖြစ်မီကပင် ကိလေသာတို့ပယ်ပြီးဖြစ်၍ ပုထုဇဉ်တို့၏ ဣဒ္ဓိဝိဓမှာ ကိလေသာပယ်စရာရှိသောကြောင့် ပါဋိဟာရိယဟူသော အခေါ်အဝေါ်မရှိ၊ အကယ်၍မရှိခဲ့လျှင် (ပုထုဇဉ်ဘဝတုန်းက သတ္တဟူသော အခေါ်အဝေါ်ကို နိစ္ဆန္ဒရာဂဖြစ်သော ရဟန္တာအပေါ်၌င်စားနိုင်သကဲ့သို့) ပုထုဇဉ်ကို ဣဒ္ဓိဝိဓ၏၊ ပါဋိဟာရိယအမည်ကို ဘုရားရှင်၌ တင်စား၍ ခေါ်ဝေါ်ရာ၏။ ယခုသော်ကား ပုထုဇဉ်တို့၏ ဣဒ္ဓိဝိဓမှာပင် ထိုပါဋိဟာရိယအခေါ်အဝေါ်မဖြစ်ခဲ့သောကြောင့် ဘုရားရှင်၌ တင်စား၍ ခေါ်ခြင်းငှာ မဖြစ်နိုင်။ [ပဝတ္တ ဝေါဟာရေနစ၌ စ သဒ္ဒါဖြင့် အနွတ္ထအမည်ကိုဆည်းသည်။] ဤ''ပုထုဇ္ဇနာနမ္ပိ ဟိ''စသော စကားဖြင့်လည် ''ပဋိပက္ခ ဟရဏတော ပါဋိဟာရိယံ''ဟူသော ဝဒန္တိဝါဒကို ပယ်ချပြန်သည်။
ပန၊ ဆက်။ မဟာကာရုဏိကဿ၊ ကြီးမြတ်သော ကရုဏာရှင် ဖြစ်တော်မူသော။ ဘဂဝတော၊ ၏။ (ပဋိပက္ခ၌စပ်)။ ဝေနေယျဂတာ၊ ဝေနေယျတို့၏ သန္တာန်၌ဖြစ်ကုန်သော။ ကိလေသာစ၊ ကိလေသာတို့သည်လည်း။ ပဋိပက္ခာ၊ ဆန့်ကျင်ဘက်တို့တည်း။ တေသံ၊ ထိုဝေနယျဂ တကိလေသာတို့ကို။ ဟရဏတော၊ ပယ်ရှားတတ်သည်၏အဖြစ်ကြောင့်။ ပါဋိဟာရိယန္တိ၊ ဟူ၍။ သစေဝုတ္တံ၊ အကယ်၍ဆိုအပ်သည် ဖြစ်အံ့။ [ဝဒန္တိဝါဒီ ဆရာတို့ ဆိုအပ်သည် ဖြစ်အံ့။] ဧဝံသတိ၊ ဤသို့ဖြစ်လသော်။ ဧတံ၊ ဤပဋိပက္ခဟရဏတော ဟူသောစကားသည်။ ယုတ္တံ၊ သင့်၏။ ဝါ၊ သဒ္ဒယုတ္တိ အတ္ထယုတ္တိရှိ၏။
အထဝါ၊ ထို့ပြင် တစ်နည်းကား။ တိတ္ထိယာ၊ တိတ္ထိတို့သည်။ ဘဂဝတောစ၊ ၏လည်းကောင်း။ သာသနဿစ၊ သာသနာတော်၏ လည်းကောင်း။ ပဋိပက္ခာ၊ ဆန့်ကျင်ဘက်တို့တည်း။ တေသံ၊ ထိုတိတ္ထိတို့ကို။ ဟရဏတော၊ ပယ်ရှားတတ်သည်၏အဖြစ်ကြောင့်။ ပါဋိဟာရိယံ၊ မည်၏။
ဟိ၊ မှန်။ တေ၊ ထိုတိတ္ထိတို့သည်။သစေပန၊ပေ၊ယုတ္တမေတံ။ ။''ပဋိပက္ခ ဟရဏတော''ဟူသော အကြောင်းပြနှင့် အညီ ပါဋိဟာရိယအမည်၏ဖြစ်နိုင်ရာနည်းလမ်းကိုပြလို၍ ''သစေ ပန''စသည်မိန့်၊ ဘုရားရှင်သည် မဟာကာရုဏိက (အလွန်ပြင်းပြသော ကရုဏာရှင်) ဖြစ်တော်မူသောကြောင့် ဝေနေယျတို့သန္တာန်၌ဖြစ်သော ကိလေသာတို့လည်း ဘုရားရှင်၏ ဆန့်ကျင်ဘက်ပဋိပက္ခ များပင်ဖြစ်ကြ၏။ ထိုဝေနေယျတို့၏ ကိလေသာတို့ကို ပယ်ရှားတတ်သောကြောင့် ဘုရားရှင်၏ ဣဒ္ဓိ အာဒေသနာ အနုသာသနီတို့ကို ပါဋိဟာရိယဟုခေါ်လျှင် ပဋိပက္ခ ဟရဏတော ပါဋိ ဟာရိယံ''ဟူသော ဤစကားသည် သဒ္ဒယုတ္တိ အတ္ထယုတ္တိရှိသော စကာားပင် ဖြစ်ပါပေသည်−ဟူလို။ [ဘုရားရှင်သည် ဝေနေယျတို၏ ကိလေသာတို့ကို တန်ခိုးပြခြင်းဟူသော ဣဒ္ဓိဝိဓ သူ၏စိတ်ကိုညွှန်ပြခြင်းဟူသော အာဒေသနာ တရားဟောခြင်းတည်းဟူသော အနုသာသနီ ပါဋိဟာရိယဖြင့် ထိုက်သည့် အားလျော်စွာ ပယ်ရှားတော်မူသည်။]
အထဝါ ဘဂဝတောစ။ ။ဤနည်း၌ ''ပဋိပက္ခ''အရ ကိလေသာကို မယူဘဲတိတ္ထိတို့ကို ယူခြင်း ပယ်ရှားပုံတစ်မျိုးကိုပြခြင်းသည် ရှေ့နည်းနှင့်ကွဲပြား၏။ ''ပဋိပက္ခေ+ဟရတီတိ ပဋိဟာရိယံ''ဟူသော သဒ္ဒါနည်းကား မကွဲပြား၊ ဤသို့အကြောင်းအနက်သာ လဲလှယ်၍အကျိုးသဒ္ဒါကို မလဲလှယ်သောကြောင့် ''အထဝါ''ဟု တက်သည်။ [''ကြောင်း−ကျိုး နှစ်ခု တစ်ခုခုလဲမှု ဝါထဝါ''နိယာမ်။] တိတ္ထိတို့သည် ဘုရားရှင်၏လည်းကောင်း သာသနာတော်၏လည်းကောင်းပဋိပက္ခဖြစ်ကြ၏။ ထိုတိတ္ထိတို့ကို ပယ်ရှားနိုင်ခြင်းကြောင့် ဣဒ္ဓိဝိဓ အာဒေသနာ အနုသာသနီတို့ကို ''ပါဋိဟာရိယ''ဟု ခေါ်သည်။ [ပဋိပက္ခေ−ဆန့်ကျင်ဘက် တိတ္ထိတို့ကို+ဟရတီတိ ပဋိဟာရိယံ၊ ပဋိဟာရိယမေဝ ပါဋိဟာရိယံ။]
တေဟိ၊ပေ၊ ဟောန္တိ။ ။ဘုရားရှင်သည် အနုသာသနီ ပါဋိဟာရိယ ခေါ်အပ်သော တရားဟောတော်မူခြင်းဖြင့် အစေလကဿပ၏ မိစ္ဆာအယူကိုပယ်ရှား၍ သမ္မာဒိဋ္ဌိကို ဖြစ်စေတော်မူ၏။ သစ္စကပရိဗိုဇ်ကိုလည်း ထပ်၍ စကားမပြောနိုင်အောင်သူ၏ မိစ္ဆာအယူကို ပယ်ရှားတော်မူ၏။ကဏ္ဍမ္ဗသရက်ပင်အနီး၌ ပြုတော်မူအပ်သော ဣဒ္ဓိဝိဓယမက ပါဋိဟာရိယဖြင့် တိတ္ထိတွေ တန်ခိုးပြခြင်းငှာ မစွမ်းနိုင်အောင်ပယ်ရှားတော်မူ၏၊ အာဒေသနာ ပါဋိဟာရိယဖြင့်လည်း ဤနည်းအတိုင်း ပယ်ရှားပုံကိုသိပါ။ [ဤအဓိပ္ပာယ်များအရ ဟာရိယကို ''ဘုရားရှင်''ဟု ယူလိုကြသည်။]
ဒိဋ္ဌိဟရဏဝသေန၊ မိစ္ဆအယူကို ပယ်ရှားခြင်း၏ အစွမ်းဖြင့် လည်းကောင်း။ ဒိဋ္ဌိပ္ပကာသနေ၊ မိစ္ဆာအယူကို ထင်ရှားပြခြင်း၌။ အသမတ္ထဘာဝေနစ၊ မစွမ်းနိုင်ကုန်သည်၏ အဖြစ်ဖြင့် လည်းကောင်း။ ဣဒ္ဓိ အာဒေသနာနုသာသနီဟိ၊ ဣဒ္ဓိ ပါဋိဟာရိယ, အာဒေသနာ ပါဋိဟာရိယ, အနုသာသနီ ပါဋိဟာရိယတို့ဖြင့်။ ဟရိတာ, အပနီတာ၊ ပယ်ရှားအပ်ကုန်ပြီးသည်။ ဟောန္တိ၊ ကုန်၏။
အထဝါ၊ ထို့ပြင် တစ်နည်းကား။ ''တသ္မိံ ပဋိပဝိဌမှိ, အညော အာဂဉ္ဆိ ဗြာဟ္မဏော''တိ အာဒီသုဝိယ၊ တသ္မိံ၊ပေ၊ဗြာဟ္မဏော အစရှိသော ပါဠိရပ်တို့၌ကဲ့သို့။ ပတီတိ အယံ သဒ္ဒေါ၊ ပတိဟူသော ဤသဒ္ဒါသည်။ ပစ္ဆာတိဧတဿ၊ ပစ္ဆာဟူသောဤသဒ္ဒါ၏။ အတ္ထံ၊ အနက်ကို။ ဗောဓေတိ၊ သိစေ၏။ [တသ္မိံ၊ ထို ဗာဝရိယဆရာကြီးသည်။ ပတိ ပဝိဋ္ဌမှိ၊ ဝင်ပြီးလသော် နောက်အခါ၌။ အညော၊ အခြားသော။ ဗြာဟ္မဏော၊ ပုဏ္ဏားသည်။ အာဂဉ္ဆိ၊ လာပြီ။] တသ္မာ၊ ထို့ကြောင့်။ (ထိုသို့ ပတိသဒ္ဒါ၏ ပစ္ဆာအနက်ကို သိစေတတ်သည်၏ အဖြစ်ကြောင့်)။ စိတ္တေ၊ စိတ်သည်။ ဝါ၊ ကို။ သမာဟိတေ၊ ကောာင်းစွာ အာရုံ၌ ထားအပ်ပြီးသော်လည်းကောင်း။ ဝိဂတုပက္ကိလေသေစ၊ ကင်းသော ဥပက္ကိလေသရှိသော်လည်းကောင်း။ ကတကိစ္စေန၊ ပြုအပ်ပြီးသော မဂ်ကိစ္စရှိသော ရဟန္တာပုဂ္ဂိုလ်သည်။ ပစ္ဆာ၊ နောက်၌။ ဝါ၊ နောက်မှ။ ဟရိတဗ္ဗံ ပဝတ္တေတဗ္ဗံ၊ ဖြစ်စေထိုက်၏။ ဣတိ၊ ထို့ကြောင့်။ ပါဋိဟာရိယံ၊ မည်၏။ အထဝါပတီတိ။ ။ဤနည်း၌ကား ပတိသဒ္ဒါ၏ ပစ္ဆာအနက် ဟရဓာတ်၏ ပဝတ္တအနက်ကိုလည်းကောင်း ဏျပစ္စည်း၏ ကံအနက်ကိုလည်းကောင်းပြသည်။ ဤသို့ အကျိုးအနက်လဲလှယ်၍ အကြောင်းသဒ္ဒါကို မလဲလှယ်သောကြောင့် ''အထဝါ''ဟူ၍ပင်တက်သည်။ ''တသ္မိံ ပဋိပဝိဋ္ဌမှိ အညောအာဂဉ္ဆိဗြာဟ္မဏော''ဟူသော ဂါထာနှစ်ပါးဒကား ခုဒ္ဒကနိကာယ် ဥဒါန်းပါဠိ၌လာသော ဗာဝရိယပုဏ္ဏား၏ အကြောင်းအရာကိုပြသော ဂါထာတည်း၊ ထိုဂါထာ၌ ''ပဋိ ပဝိဋ္ဌမှိ''ဝယ် ပဋိသဒ္ဒါ၏ ပစ္ဆာအနက်ကို ဟောသကဲ့သို့ ဤ ''ပဋိဟာရိယံ''၌ ပဋိသဒ္ဒါလည်းပစ္ဆာအနက်ကိုဟောသည်−ဟူလို၊ ''သမာဟိတေ စိတ္ထေ ဝိဂတု ပက္ကိလေသေ'' စသည်ဖြင့် စတုတထဇျာန်စိတ်၏ အင်္ဂရှစ်ပါးနှင့် ပြည့်စုံပြီးနောက်မှ ရဟန္တာပုဂ္ဂိုလ်သည် ဖြစ်စေအပ်သောကြောင့် ဣဒ္ဓိဝိဓစသော တန်ခိုးကို ''ပဋိဟာရိယ''ဟု ခေါ်သည်၊ မြတ်စွာဘုရား၏ ပါဋိဟာရိယကို ရည်ရွယ်၍ ''ကတကိစ္စေန''ဟု ဆိုသည်။ ကတကိစ္စမဟုတ်သော ပုထုဇဉ်သေက္ခတို့လည်း သမာဟိတ ဝိဂတုပက္ကိလေသ ဖြစ်ပြီးနောက်၌ ဣဒ္ဓိဝိဓတန်ခိုးကို ဖြစ်စေနိုင်ပါ၏၊ ဤနည်း၌ ''ဟရိ တဗ္ဗံ ပဝတ္တေတဗ္ဗံတိ ဟာရိယံ၊ ပစ္ဆာ+ဟာရိယံ''ပတိဟာရိယံ''ဟုပြု။ ဝါ၊ တစ်နည်း။ အတ္တနော၊ မိမိ၏။ ဥပက္ကိလလေသေသု၊ ဥပက္ကိလေသတို့ကို။ စတုတ္ထဇ္ဈာနမဂ္ဂေဟိ၊ စတုတ္ထဈာန်, အရဟတ္တမဂ်တို့ဖြင့်။ ဟရိတေသု၊ ပယ်အပ်ကုန်ပြီးလသော်။ ပစ္ဆာ၊ ၌။ အရဏံ၊ ပယ်တတ်သော တန်ခိုးသည်။ ပါဋိဟာရိယံ၊ ၏။ စ၊ ဆက်ဦးအံ့။ ဣဒ္ဓိ အာဒေသနာနုသာသနိယော၊ ဣဒ္ဓိဝိပါဋိဟာရိယ, အာဒေသနာပါဋိဟာရိယ, အနုသာသနီ ပါဋိဟာရိယတိတို့သည်။ [ဘဝန္တိ, ဟောန္တိ၌ လှမ်းစပ်။] ဝါ၊ တို့ကို။ (ပဝတ္တေတဗ္ဗာ၌စပ်)။ ဝိဂတုပက္ကိလေသေန၊ ကင်းသော ဥပက္ကိလေသရှိသည်လည်း ဖြစ်သော။ (ဘဂဝတာ၊ သည်)။ သတ္တဟိတတ္ထံ၊ သတ္တဝါတို့၏ စီးပွားအလို့ငှာ။ ပုန၊ တစ်ဖန်။ ဝါ၊ နောက်။ ပဝတ္တေတဗ္ဗာ၊ ဖြစ်စေထိုက်ကုန်၏။ စ၊ သည်သာမကသေး။ အတ္တနော၊ ကိုယ်တော်၏။ ဥပက္ကိလေသေသု၊ ဥပက္ကိလေသတို့ကို။ ဟရိတေသု၊ ပယ်အပ်ပြီးကုန်သော်။ ပရသတ္တာနံ၊ တစ်ပါးသော သတ္တဝါတို့၏။ ဥပက္ကိလေသဟရဏာနိ၊ ဥပက္ကိလေသတို့ကို ပယ်တတ်ကုန်သည်။ ဟောန္တိ၊ ကုန်၏။ ဣတိ၊ ကြောင့်။ ပါဋိဟာရိယာနိ၊ ပါဋိဟာရိယတို့ မည်သည်။ ဘဝန္တိ၊ ကုန်၏။ ပါဋိဟာရိယမေဝ၊ ပါဋိဟာရိယသည်ပင်။ ပါဋိဟာရိယံ၊ ပါဋိဟာရိယ မည်၏။**အတ္တနောဝါ၊ ပတိသဒ္ဒါ၏ ပစ္ဆာအနက် ဟရဓာတ်၏ ပဝတ္တနအနက် ဏျပစ္စည်း၏ (ကံအနက်မဟုတ်) ကတ္တားအနက်ကို တစ်နည်းပြလို၍ ''အတ္တနောဝါ''စသည်မိန့်၊ ဤသို့ရှေ့ဝိကတ်မှ ကံအနက်နှင့် ကတ္တားအနက်မျှသာ လဲသောကြောင့် ''အထဝါ''ဟု မဆိုဘဲ ''ဝါ''ဟု ခပ်ပေါ့ပေါ့ဆိုသည်၊ ''ပရေသံ ဥပက္ကိလေသေ ဟရတိ အပနေ တီတိ ဟရဏံ''ဟု မဓုဋီကာဝိဂ္ဂဟပြု၏။ ဤအလို ''ဟရတီတိ ဟာရိယံ၊ ပစ္ဆာ−ကိုယ်တော်၏ ဥပက္ကိလေသတို့ကို စတုတ္ထဈာန် အရဟတ္တမဂ်ဖြင့် ပယ်အပ်ပြီးသည်နောက်၌၊ ဟာရိယံ−ဝေနေယျတို့၏ ဥပက္ကိလသတို့ကို ပယ်တတ်သောတရားတည်း၊ ပတိဟာရိယံ−တရာ''ဟုပြု၊ ဣဒ္ဓိဝိဓ အာဒေသနာ အနုသာသနီ ၃−ပါးလုံးရ၏။
ဣဒ္ဓိ၊ပေ၊ဘဝန္တိ။ ။ပတိသဒ္ဒါ၏ ပစ္ဆာအနက်ကိုပြသော အထဝါတက်သောဝါကျ အတ္တနောဝါကျစသော ဝါကျနှစ်ရပ်ကိုပင် ဆက်၍ရှင်းပြလိုသောကြောင့် ''ဣဒ္ဓိ၊ပေ၊ဘဝန္တိ''ဟူသော ၂−ဝါကျမိန့်သည်၊ [မဓုဋီကာ၌ကား ''တမေဝ အတ္တံ ဝိဝရိတုံ''ဟု ဝိတ္ထာရသဘောဖွင့်၏ ဝိတ္ထာရ ဆိုရလောက်အောင် မကျယ်ပါ။] ထိုတွင် ဣဒ္ဓိ၊ပေ၊ပဝတ္တေတဗ္ဗာ''သည် ''တသ္မာ၊ပေ၊ပဝတ္တေတဗ္ဗံ''ဟု ရှင်းပြသော ဝါကျတည်း၊ ပါတိဟာရိယ ၃−မျိုးရှိသောကြောင့် ''ပဝတ္တေတဗ္ဗာ'' ဗဟုဝုစ်ထားခြင်း ရှေ့၌ပါတိဟာရိယသာမညဖြစ်၍ ''ပဝတ္တေတဗ္ဗံ''ဟု ဧကဝုစ်ထားခြင်းသာထူးသည်၊ ''ဟရိတေ သုစ၊ပေ၊ဟောန္တိ''သည် ''အတ္တနောဝါ၊ပေ၊ဟရဏံ ပတိဟာရိယံ''ကို ရှင်းပြသော ဝါကျတည်း။ [ဧကဝုစ် ဗဟုဝုစ် ကွဲလွဲပုံမှာ ရှေ့အတိုင်းသာ။]
ပတိဟာရိယမေဝ။ ။''ပတိပက္ခ ဟရဏတော''မှစ၍ ပြခဲ့သော အနက်များ ကြောင့် ''ပဋိဟာရိယ''ဟုသာ ပုဒ်ပြီးသေးရကား ''ပါတိဟာရိယ''ဟု ပ၌ ဝုဒ္ဓိရောက်ဖို့ရာ ''သွတ္ထအနက်၌ ဏပစ္စည်းသက်၍ သွတ္ထတဒ္ဓိတ် ထပ်ဆင့်ပါ''ဟု ပြလိုသောကြောင့် ''ပတိဟာရိယမေဝ ပါတိဟာရိယံ''ဟု ပဌမနည်းဖွင့်သည်။
ဝါ၊ တစ်နည်း။ ပဋိဟာရိယေ (ဣဒ္ဓိ အာဒေသနာနုသာသနိသယမုဒါယေ)၊ ဣဒ္ဓိ ပါဋိဟာရိယ, အာဒေသနာ ပါဋိဟာရိယ, အနုသာသနီ ပါဋိဟာရိယအပေါင်း၌။ ဘဝံ၊ ဖြစ်သော။ ဝါ၊ ပါဝင်သော။ ဧကေကံ၊ တစ်ပါးတစ်ပါးသော ပါဋိဟာရိယကို။ ပါဋိဟာရိယန္တိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
ဝါ၊ တစ်နည်း။ ပါတိဟာရိယံ၊ ပါတိဟာရိယဟူသည်။ စတုတ္ထဇ္ဈာနံ၊ စတုတ္ထဈာန်လည်းကောင်း။ မဂ္ဂေါစ၊ မဂ်လည်းကောင်းတည်း။ (ကသ္မာ၊ နည်း)။ ပဋိပက္ခဟရဏတော၊ ဆန့်ကျင်ဘက် တရားတို့ကို ပယ်တတ်သည်၏အဖြစ်ကြောင့်တည်း။ တတ္ထ၊ ထိုဆန့်ကျင်ဘက် ကိလေသာတို့ကို ပယ်တတ်သော စတုတ္ထဈာန်, အရဟတ္တမဂ်၌။ ဇာတံ၊ ဖြစ်သော တန်ခိုးတည်း။ ဝါ၊ တစ်နည်း။ နိမိတ္တဘူတေ၊ နိမိတ်ဖြစ်၍ ဖြစ်သော။ တသ္မိံ၊ ထို ဆန့်ကျင်ဘက် ကိလေသာတို့ကိုပယ်တတ်သော စတုတ္ထဈာန်, အရဟတ္တမဂ်ကြောင့်။ (ဇာတံ၊ တည်း။) ဝါ၊ တစ်နည်း။ တယော၊ ထိုဆန့်ကျင်ဘက် ကိလေသာတို့ကို ပယ်တတ်သော စတုတ္ထဈာန်, အရဟတ္တမဂ်မှ။ အာဂတံ၊ လာသော တန်ခိုးတည်း။ ဣတိ၊ ကြောင့်။ ပဋိဟာရိယံ၊ မည်၏။
ပါတိဟာရိယမေဝ၊ ပါတိဟာရိယကိုပင်။ ဣဓ၊ ဤပါတိဟီရာဝသာနမှိဟူသောပါဌ်၌။ ပါဋိဟီရန္တိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တံ၊ ပြီ။ပတိဟာရိယေဝါ၊ပေ၊ဝုစ္စတိ။ ။ဤနည်း၌ကား ဘဝအနက်၌ ဏပစ္စည်းသက်၍ ''ပတိဟာရိယေ−ဣဒ္ဓိ အာဒေသနာ အနုသာသနီဟူသော ပတိဟာရိယ ၃−ပါး အပေါင်း၌ ဘဝံ−ဖြစ်သော (ပါဝင်သော) တစ်ပါးပါးသော တန်ခိုးတည်း၊ ပါတိဟာရိယံ−ခိုး''ဟု ဘဝတဒ္ဓိတ် ပြုစေလိုသည်။
ပဋိဟာရိယံ၊ဝါ၊ပေ၊ အာဂတံ။ ။ဤနည်း၌ကား ''ပတိပက္ခေ+ဟရတီတိပတိ ဟာရိယံ''ဟု ဝိဂ္ဂဟပြု၍ ဆန့်ကျင်ဘက် ကိလေသာတို့ကိုပယ်တတ်သော စတုတ္ထဈာန်နှင့် အရဟတ္တမဂ်ကို အရကောက်ပြီးလျှင် ဇာတအနက် အာဂတအနက်နှင့် ဏပစ္စည်းဖြင့် ပါဋိဟာရိဉပြီးသည်၊ ထိုတွင် တတ္ဖဇာတံဖြင့် ''ပတိဟာရိယေ+ဇာတံ''ဟု ပြ၏၊ မြေပေါ်၌ သစ်ပင်ပေါက်ရသကဲ့သို့ စတုတ္ထဈာန်နှင့် အရဟတ္တမဂ်အပေါ်၌ (ထိုတရားကို အခြေခံ၍)တန်ခိုးပြာဋိဟာ ပေါ်ပေါက်ရသည်−ဟူလို၊ ''တသ္မိံ ဝါ''ဖြင့် ထိုဇာတ တဒ္ဓိတ်၌ပင် သ္မိံဝိဘတ်၏ နိမိတ်အနက်ကိုဖွင့်သည်၊ ''တတော ဝါ အာဂတံ''ဖြင့် ''ပတိဟာရိယတော+အာဂတံ ပါဋိဟာရိယံ''ဟု အာဂတတဒ္ဓိတ်ကိုပြ၏။ တန်ခိုးပြာဋိဟာသည် စတုတ္ထဈာန်နှင့် အရဟတ္တမဂ်မှ ဖြစ်ပေါ်လာခဲ့သည်−ဟူလို၊ [ပတိကို ပဋိပြု၍ ''ပါဋိဟာရိယံ''ဟု စာအများရှိသည်။]
ပါဋိဟာရိယမေဝ ပါဋိဟီရံ။ ။''အဋ္ဌကထာ၌ ပါဋိဟီရပုဒ္သာ ရှိပါလျက် အဘယ့်ကြောင့် ပါဋိဟာရိယံပုဒ်၏ အနက်ကို အကျယ်တင်ဖွင့်ပြနေရသနည်း''ဟု မေးဖွယ်ရှိသောကြောင့် ''ပါဋိဟာရိမေဝ ပါဋိဟီရံ''ဟု မိန့်သည်၊ ပါဋိဟာရိယံနှင့် ပါဋိဟီရံမှာ အနက်တူဖြစ်သောကြောင့် အနက်အဓိပ္ပာယ် အမျိုးမျိုးထွက်နိုင်သော ပါဋိဟာရိယပုဒ်ကိုဖွင့်ပြပါသည်−ဟူလို၊ မဓုဋီကာ၌ ''ပါဋိဟာရိယံ''မှ နိရုတ္တိနည်းအားဖြင့် ဟာ၏ အာကို ဤပြု ရိ၌ဣကို(အ)ပြု ယကိုလည်းချေ၍ ''ပါဋိဟီရ''ပြီးသည်−ဟု ရုပ်တွက်ပြလေသည်။ မိမိကား ဂေါသဒ္ဒေါနှင့် ဂေါဏသဒ္ဒါသည် ''နွား''ဟူသောအနက်ကိုဟောရာဝယ် အလဲအလှယ် ပရိယာယ်ဖြစ်သကဲ့သို့ ''ပါဋိဟာရိယ''နှင့် ''ပါဋိဟီရ'' ၂−ပုဒ်လည်း အလဲအလှယ် ပရိဟာယ်ဟုပင် ထင်သည်။
အဝသာနမှိ ဝသန္တော ဧတေဟိ၊ ဟူသော ဤပုဒ်တို့ဖြင့်။ ကာလံ၊ အဘိဓမ္မကထာအစဉ်ကို ဟောတော်မူရာအခါကို။ နိဒဿေတိ၊ ညွှန်ပြ၏။
ဟိ၊ မှန်။ (တစ်နည်း) ဟိ ယသ္မာ၊ ကြောင့်။ ပါဋိဟီရကရဏာဝသာနေန၊ တန်ခိုးပြာဋိဟာကို ပြတောမူခြင်း၏အဆုံးဖြင့်လည်းကောင်း။ တိဒသာလယဝါသေနစ၊ တာဝတိံ သာဝယ် သီတင်းသုံးတော်မူခြင်းဖြင့် လည်းကောင်း။ အဘိဓမ္မကထာမဂ္ဂ ပဝတ္တနဿ၊ အဘိဓမ္မကထာအစဉ်ကိုဖြစ်စေခြင်း၏။ ကာလော၊ အခါကို။ ပရိစ္ဆိန္နော၊ ပိုင်းခြားအပ်ပြီ။ ဣတိ၊ ကြောင့်။ (အဝသာနမှိ ဝသန္တောတိ ဧတေဟိ၊ တို့ဖြင့်။ ကာလံ၊ ကို။ နိဒဿေတိ၊ ၏။ ဣတိ၊ သို့။ ဝိညာယတိ၊ သိအပ်၏။ ဉာပကဝါကျဖြစ်၍ ''ဣတိ ဝိညာယတိ''ဟု ထည့်ပေးရသည်။)
တိဒသာလယေတိ၊ ဟူသောပုဒ်ဖြင့်။ ဒေသံ၊ တရားဟောတော်မူရာအရပ်ကို။ နိဒဿေတိ၊ ၏။
ဟိ၊ မှန်။ (တစ်နည်း) (ကသ္မာ၊ ကြောင့်။ တိဒသာလယေတိ၊ ဟူသောပါဌ်ဖြင့်။ ဒေသံ၊ ကို။ နိဒဿေတိ၊ ၏။ ဣတိ၊ သို့။ ဝိညာယတိ၊ သိအပ်သနည်း။) ဟိ (ယသ္မာ)၊ ကြောင့်။ သော၊ ထိုတာဝတိံသာအရပ်သည်။ အဘိဓမ္မကထာ မဂ္ဂပ္ပဝတ္တနဿ၊ ၏။ ဒေသော၊ အရပ်တည်း။ (ကသ္မာ၊ အဘယ့်ကြောင့် ဒေသဖြစ်သနည်း)။ တတ္ထ၊ ထိုတာဝတိံသာနတ်ပြည်၌။ ဝသန္တေန၊ သီတင်းသုံးတော်မူစဉ်။ ပဝတ္တိတတ္တာ၊ ဖြစ်စေအပ်သည်၏ အဖြစ်ကြောင့်တည်း။ ဣတိ၊ ထို့ကြောင့်။ (တိဒသာလယေတိ၊ ဟူသောပုဒ်ဖြင့်။ ဒေသံ၊ ကို။ နိဒဿေတိ၊ ၏။ ဣတိဝိညာယတိ၊ ။)ပါဋိ၊ပေ၊ပရိစ္ဆန္နော။ ။ဤ၌ ''ပါဋိဟီရကရဏံ''ဟု ဆိုသောကြောင့် ပါတိဟီရာ ဝသာနမှိဝယ် ''ပါတိဟီရ''၌လည်း ကရဏဟူသော နောက်ပုဒ်ကျေသည်ဟု ကြံပါ၊ ''ပရိစ္ဆန္န''ဟူသည် အဘိဓမ္မကထာမဂ္ဂ ပဝတ္တနကာလကို အခြားကာလတို့နှင့် ရောယှက်ခြင်း မရှိအောင် ပိုင်းခြားထားခြင်း (အထူးပြုထားခြင်း)တည်း၊ ''အဘိဓမ္မကထာ မဂ္ဂပဝတ္တနကာလကို တန်ခိုးပြတော်မူခြင်း၏အဆုံးဖြင့်လည်းကောင်း တာဝတိံသာ၌ သီတင်းသုံးတော်မူခြင်းဖြင့်ခည်းကောာင်း ဤနှစ်မျိုးဖြင့် အခြားကာလတို့နှင့် ရောယှက်ခြင်းမရှိရအောင် ပိုင်းခြားထားသည်''ဟူလို။
ဣတိဝိညာယတိ။ ။ဉာပကဟေတု ဝါကျတိုင်း၌ ဤကဲ့သို့ ပုစ္ဆာဝါကျအပိုထည့်၍ ဤသို့ ဝိသဇ္ဇနဝါကျထည့်ရသည်၊ နောက်၌ကား ပုစ္ဆာဝါကျမထည့်တော့ဘဲ တချို့နေရာ၌ အလွယ်ပေးထားပါသည်။ [''တတ္ထ ဝသန္တေန ပဝတ္တိတ္တာ''ဖြင့် ပရမ္ပရူပစာရကိုပြ၏။ အဘိဓမ္မကထာမဂ္ဂပဝတ္တန ကြိယာသည် မြတ်စွာဘုရားအပေါ်၌တည်၏၊ မြတ်စွာဘုရားသည် တာဝတိံသာနတ်ပြည်၌ တည်၏။ ဤသို့ တာဝတိံသာသည် အဆက်ဆက်အားဖြင့် အဘိဓမ္မကထာမဂ္ဂဝတ္တန၏ တည်ရာဒေသဖြစ်သည်။]
တတ္ထာပိ၊ ထိုတာဝတိံသာနတ်ပြည်၌လည်း။ ဒေသဝိသေသဒဿနတ္ထံ၊ ဒေသ အထူးကို ပြခြင်းအကျိုးငှာ။ ပရိစ္ဆတ္တကမူလမှီတိ အာဒိ၊ မှိ အစရှိသော စကားရပ်ကို။ [အာဒိဖြင့် ''ပဏ္ဍုကမ္ဗလာနာမကေ, သိလာသနေ''တို့ကို ယူ။] ဝုတ္တံ၊ ပြီ။
ယုဂန္ဓရေတိ၊ ကား။ သီဒါပဗ္ဗတေသု၊ သီဒါတောင်တို့တွင်။ ဧကော၊ တစ်လုံးသော။ ဒွေစတ္တာလီသယောဇနာသဟဿုဗ္ဗေဓော၊ ယူဇနာပေါင်း ၄−သောင်း ၂−ထောင် အစောက်ရှိသော တောင်တည်း။ စ၊ ဆက်။ အာဒိစ္စော၊ သည်။ တဒုဗ္ဗေဒမဂ္ဂစာရီ၊ ထိုယုဂန္ဓိုရ်တောင်၏ အစောက်နှင့်တူသော အစောက်ရှိသော ကောင်းကင်လမ်း၌လှည့်လေ့ရှိ၏။ သော၊ ထိုနေမင်းသည်။ သမ္ဘဝေ၊ ဖြင့်သင့်ခြင်းသည်။ သတိ၊ ရှိလသော်။ [သတိသမ္ဘဝေ− အကယ်၍ ဖြစ်သင့်လသော်ဟူ−လို။] ယုဂန္ဓရေ၊ ယုဂန္ဒိုရ်တောင်ပေါ်၌။ သောဘေယျ ယထာ၊ တင့်တယ်ရာသကဲ့သို့။ ဧဝံ၊ ဤအတူ။ သောဘမာနော၊ တင့်တယ်တော်မူသည်။ (ဟုတွာ၊ ၍)။ နိသိန္နော၊ ထိုင်နေတော်မူလျက်။ ဣတိ အတ္ထော၊ နက်။
ဣဒါနိ၊ ကာလဒေသကို ပြပြီးရာ ယခုအခါ၌။ ဓမ္မပဋိဂ္ဂါဟကေ၊ အဘိဓမ္မာတရားကို နာခံတတ်ကုန်သော။ ပုဂ္ဂလေ၊ တို့ကို။ (ပုဂ္ဂိုလ်ဟူသော ပရိသတ်ကို)။ အပဒိသန္တော၊ ညွှန်ပြလိုသည်။ (ဟုတွာ)။ စက္ကဝါဠသဟဿေဟီတိ အာဒိံ၊ အစရှိသောဂါထာစကားကို။ အာဟ၊ ပြီ။ [အာဒိဖြင့် ''ဂဏေနပရိဝါရိတော, မာတရံ ပမုခံ ကတွာ''တိုင်အောင် ယူ။]
သဗ္ဗေသောတိ၊ ကား။ သမန္တတော၊ ပတ်ဝန်းကျင်မှ။ သဗ္ဗေဟိ ဒိသာဘာဂေဟိ၊ အလုံးစုံသော အရပ်လေးမျက်နှာ အဖို့တို့မှ။ အာဂမ္မ၊ လာ၍။ ဝါ၊ တစ်နည်း။ သန္နိဝေသဝသေန၊ တစ်စုတစ်ဝေးတည်း တည်နေခြင်း၏အစွမ်းဖြင့်။ (သဗ္ဗသော၊ အလုံးစုံကုန်သော)။သီဒါပဗ္ဗတေသု။ ။သိဒါန္တရေတိ သီဒါမဟာသမုဒ္ဒဿ အန္တရေ၊ တသ္မိံ ကိရ မဟာသမုဒ္ဒေ ဥဒကံ သုခုမံ၊ မောရပိဉ္ဆမတ္တံပိ ပတိဋ္ဌာနံ နသက္ကောတိ သီဒတေဝ၊ တသ္မာ သော သီဒါသမုဒ္ဒေါတိ ဝုစ္စတိ တဿ အန္တရေ နာဂေ ပဗ္ဗတေ၊−နိမိဇာတကဋ္ဌ [အဒ္ဒါ သီဒါန္တရေနာဂေ'' အဖွင့်၊ ဤအဖွင့်ကိုထောက်၍ ''သီဒတိ ဧတ္ထာတိ သီဒါ−ရေက အလွန်သိမ်မွေ့သောကြောင့် ဥဒေါင်းမြီးကိုမျှ တန့်ထားခြင်းငှာ မစွမ်းနိုင် နစ်ရသည်သာ ဖြစ်သောကြောင့် သီဒါ'' သမုဒ္ဒရာဟုခေါ်၏။ ထိုသမုဒ္ဒရာတို့၏ အကြား၌ တည်ရှိသော ယုဂန္ဓိုရ်စသော တောင်စဉ် ၇−ထပ်ကို ''သီဒါယ+အန္တရာ (အကြင်၌ ဖြစ်ကုန်သော) ပဗ္ဗတာ သီဒါပဗ္ဗတာ''ဟု ခေါ်သည်။ မဓု၌ကား ''သီဒါယ+ဥပလက္ခိတာ ပဗ္ဗတာ သီဒါပဗ္ဗတာ''ဟု ပြု၏။ သီတာပဗ္ဗတဟုလည်း ရွတ်ဆိုကြ၏။]
သဗ္ဗသော။ ။ဤပုဒ်ကိုဋီကာ၌ ၃−မျိုးဖွင့်ထား၏။ (၁) စက္ကဝါလသဟဿေတိစပ်ရသောနည်း၊ (၂) အာဂမ္မ၌ စပ်ရသောနည်း၊ (၃) သန္နိသိန္နေန၌ စပ်ရသော နည်းတည်း၊ ထိုတွင် ၂−နံပါတ်နည်းကို ပဌမဖွင့်၍ ၁−နံပါတ်နည်းကို ဒုတိယဖွင့်ထားသည်။ [သဗ္ဗသော စက္ကဝါဠသဟဿောဟိ သဗ္ဗသော အာဂမ္မ သဗ္ဗသော သန္နိသိန္နေနာတိ သမ္ဗန္ဓဝသေန တယော ဝိကပ္ပါဝုတ္တာ၊−အနုဋီကာ။]
သမန္တတော၊ ပတ်ဝန်းကျင်၌။ သန္နိဝိဋ္ဌေဟိ၊ တစ်စုတစ်ဝေးတည်း တည်နေကြကုန်သော။ ဒသဟိ စက္ကဝါဠသဟဿေဟိ၊ တစ်သောင်းသော စကြဝဠာတို့မှ။ ဣတိ(အယံ)၊ ဤသည်ကား။ အဓိပ္ပာယော၊ အဋ္ဌကထာဆရာ၏ အလိုတည်း။ သဗ္ဗသော၊ ကုန်သော။ ဒသဟိဒသဟိစက္ကဝါဠသ ဟဿေဟိ၊ တစ်သောင်းစီ တစ်သောင်းစီသော စကြဝဠာတို့မှ။ (အာဂမ္မ၊ ၍)။ ဣတိ (အယံ)၊ ဤသည်ကား။ န (အဓိပ္ပာယာ)၊ အလိုမဟုတ်။ (ကသ္မာ၊ ကြောင့်။ န အဓိပ္ပယော၊ အလိုမဟုတ်သနည်း)။
ဧဝံသတိ၊ ဤသို့ဖြစ်လသော်။ (ဤသို့ ဒုတိယနည်းကို ယူလသော်)။ စတ္တာလီသ စက္ကဝါဠသဟဿေဟိ၊ ၄−သောင်းသောစကြဝဠာတို့မှ။ ဝါ၊ တစ်နည်း။ အဓိကေဟိ၊ ၄−သောင်းထက်ပိုလွန်သော စကြဝဠာတို့မှ။ အာဂမနံ၊ လာခြင်းသည်။ ဝါ၊ ကို။ ဝုတ္တံ၊ ဆိုအပ်သည်။ပဌမနည်း။ ။သဗ္ဗသောတိ−သမန္တတော အာဂမ္မ သဗ္ဗေဟိ ဒီသာဘာဂေဟိ၊ ဤနည်း၌ သဗ္ဗသောကို ''သမန္တော''ဟု ဖွင့်၍ ထိုသမန္တတောကိုပင်''သဗ္ဗေဟိ ဒိသာ ဘာဂေဟိ''ဟု ထပ်ဖွင့်သည်၊ ''သဗ္ဗသော−အလုံးစုံသော ရပ် ၄မျက်နှာတို့မှ၊ (တစ်နည်း) အရပ်ရှစ်မျက်နှာတို့မှ''ဟု ပေး၍ အာဂမ္မ၌ သာမညအပါဒါန်ဟပ်၊ ''ဒဿဟိ စက္ကဝ်ဠသဟဿောဟိ''ကား ဝိသေသ အပါဒါန်တည်း။ [အနုဋီကာ၌ ဤနည်းကို ဒုတိယပြသည်။]
ဒုတိယနည်း။ ။သန္နိဝေသဝသေနဝါ သမန္တော သန္နိဝိဋ္ဌေဟိ ဒသဟိ စက္ကဝါဠ သဟဿေဟီတိ အဓိပ္ပာယော၊ ဤနည်း၌ အလုံးစုံသော အရပ်ရှစ်မျက်နှာတို့၌ တစ်စုတစ်ဝေးတည်း တည်နေသော အာလုံးကို ''သဗ္ဗသော''ဟု ဆိုသည်၊ ထို့ကြောင့် သန္နိဝေသ ဝသေနကို မူလတည်ပါဌ်ဖြစ်သော သဗ္ဗသာ၌ လှည့်၍ စပ်ပါ၊ ထို သဗ္ဗသောကိုကား ''ဒသဟိ စက္ကဝါဠသဟဿေဟိ''၌စပ်၊ ''သဗ္ဗသော−အလုံးစုံကုန်သော၊ ဒသဟိ စက္ကဝါဠသဟဿေဟိ− တစ်စုတစ်ဝေး တည်နေသော စကြဝဠာ တစ်သောင်းတို့မှ''ဟုပေး၊ [အနုဋီကာ၌ ပဌမပြအပ်သောနည်းတည်း။]
မှတ်ချက်။ ။ဤနည်း၌ အဓိပ္ပာယ် ၂မျိုးထွက်နေ၏၊ ထွက်ပုံကား ''အလုံးစုံကုန်သော စကြဝဠာ တစ်သောင်းတို့မှ''ဟူသော စကားအရ ပတ်ဝန်းကျင်အားလုံးမှ စကြဝဠာ တစ်သောင်းဟူသော အဓိပ္ပာယ်လည်းဖြစ်နိုင်၏၊ စကြာဝဠာတစ်သောင်းစီတွေ အများအပြားရှိသောကြောင့် ထိုအားလုံးကို ရစေလို၍ ''သဗ္ဗသာ''ဟု ဝိသေသန ကူရသည်−ဟု ကြံလျှင် ''အရပ် ၄မျက်နှာတွင် (သို့မဟုတ် ရှစ်မျက်နှာတွင်) တစ်ခုတစ်ခုသော မျကိနှာ၌ စကြဝဠာ တစ်သောင်းစီ တစ်သောင်းစီ''ဟူသော အဓိပ္ပာယ်လည်း ဖြစ်နိုင်၏၊ ထိုတွင် ''ပဌမအဓိပ္ပာယ်ကိုသာယူပါ''ဟု ပြ၍ ''န သမန္တတော စက္ကဝါဠသဟဿေဟိ ဒသဟိ ဒသဟီတိ''ဟု ဗျတိရေက အဓိပ္ပာယ်ကိုလည်း ဖွင့်သည်။
ဧဝံ သတိ၊ပေ၊အဓိပ္ပေတံ။ ။''နောက်အဓိပ္ပာယ်ကိုယူလျှင် အဘယ် အပြစ်ရှိသနည်း''ဟု မေးဖွယ်ရှိသောကြောင့် ''ဧဝံသတိ''စသည်မိန့်၊ ''အလုံးစုံကုန်သော တစ်သောင်းစီ တစ်သောင်းစီသော စကြဝဠာတို့မှ ''ဟု အဓိပ္ပာယ်ယူလျှင် အရပ် ၄မျက်နှာအတွက် စကြဝဠာ ၄သောင်းတို့မှ လာခြင်း သို့မဟုတ် အရပ် ၈မျက်နှာဆိုလျှင် ထို့ထက်များသော စကြဝဠာ ၈သောင်းတို့မှ လာခြင်းကို ဆိုရာရောက်၏၊ ထိုသို့ ၄သောင်း သို့မဟုတ် ၈သောင်းတို့မှ လညခြင်းကိုလည်း အလိုမရှိအပ်၊ ဘာ့ကြောင့်နည်း၊ တရားနာဖို့ရာ ဇာတိခောတ်ကိုသာ ယူရမည်ဖြစ်သောကြောင့်တည်း။
ဝါ၊ ဒုတိယနည်းမှ တစ်နည်းကား။ သမန္တတော၊ မြတ်စွာဘုရား၏ ပတ်ဝန်းကျင်၌။ သန္နိသိန္နေန၊ အညီအညွတ် ထိုင်နေသော။ ဝါ၊ ကောင်းစွာထိုင်နေသော။ ဣတိ၊ သို့။ ယောဇေတဗ္ဗံ၊ ပုဒ်တို့ကို ယှဉ်စေထိုက်၏။
သမံ၊ အညီအညွတ်။ ဝါ၊ တစ်နည်း။ သမ္မာ၊ ကောင်းစွာ။ နိသိန္နေန၊ ထိုင်နေသော။ သန္နိသိန္နေန၊ အညီအညွတ်ထိုင်နေသော။ ဝါ၊ ကောင်းစွာ ထိုင်နေသော။ (''ဒေဝါနံဂဏေန''၌စပ်)။ အညမညံ၊ အချင်းချင်း။ အဗျာဗာဓေတွာ၊ မနှောင့်ယှက်မူ၍။ ဘဂဝတိ၊ ၌။ ဂါရဝံ၊ ရိုသေလေးစားခြင်းကို။ ကတွာ၊ ၍လည်းကောင်း။ သောတံ၊ နားကို။ ဩဒဟိတွာ၊ ရှေးရှုထား၍လည်းကောင်း။ (တစ်နည်း) သောတံ ဩဒဟိတွာ၊ နားစိုက်၍ လည်းကောင်း။ ဝဇ္ဇိတဗ္ဗေ၊ ရှောင်သင့် ရှောင်ကုန်သော။ နိသဇ္ဇဒေါသေ၊ ထိုင်နေခြင်း၏ အပြစ်တို့ကို။ ဝဇ္ဇေတွာ၊ ရှောင်ကြဉ်၍လည်းကောင်း။ နိသိန္နေန၊ သော။ (ဒေဝါနံ, ဂဏေန၊ သည်။) ဣတိ အတ္ထော၊ ဤကားအနက်။တတိယနည်း။ ။ဤနည်း၌ ''သဗ္ဗသော''ကို ''သမန္တတော''ဟု ဖွင့်၍ သန္နိသိန္နေန၌ကား ''သံ''ကို ''သမံ''ဟုလည်းကောင်း ''သမ္မာ''ဟုလည်းကောင်း ၂ နည်းဖွင့်၏၊ ထိုတွင် ''အညမညံ အဗျာဗာဓေတွာ''သည် သမံ၏ အဓိပ္ပာယ်တည်း၊ ''အချင်းချင်း တိုးဝှေ့ထိခိုက်မှု မဖြစ်စေဘဲ ညီညီမျှမျှ ထိုင်နေကြသော ''ဟူလို၊ ဘဂဝတိ ဂါရဝ၊ပေ၊ ဝဇ္ဇေတွာ''ကား သမ္မာ၏ အဓိပ္ပာယ်တည်း၊ ဘုရား၌ ရိုသေသောအားဖြင့်လည်းကောင်း၊ တရားတော်ကို နားစိုက်သောအားဖြင့် လည်းကောင်း၊ ထိုင်ခြင်း၏ အပြစ်တို့ကို ရှောင်သော အားဖြင့်လည်းကောင်း ထိုင်နေခြင်းကို ''သမ္မာနိသိန္နေန''ဟု ဆိုလိုသည်။
ဝဇ္ဇိတဗ္ဗေ။ ။နိသဇ္ဇဒေါသ (ထိုင်ခြင်း၏ အပြစ်) ၆ပါးကို ပါရာဇိကဋ္ဌကထာဝေရဉ္ဇကဏ္ဍ၌ ဖွင့်ပြထား၏၊ ရှေးရှုလွန်းရာ၊ မြင့်လွန်းရာနှင့်၊ လေညာ− ဝေးလွန်း နောက်−နီးလွန်း ပြညွှန်း ထိုင် ပြစ် ၆ပါးတည်း။ ထိုတွင် ဤပရိသတ်ကြီးဝယ် ဝဇ္ဇေတဗ္ဗ (ရှောင်ကြဉ်၍ ဖြစ်နိုင်သော အပြစ်)ကား ဘုရားမျက်နှာတော်နှင့် အလွန် ရှေးရှုသောနေရာ အလွန်နီးကပ်သော နေရာ ဘုရားထက် မြင့်သောနေရာ ၃မျိုးသာတည်း၊ လေညာ−ဝေးလွန်းနှင့် နောက်ဘက်ကျသော သုံးမျိုးကား ရှောင်၍ မဖြစ်နိုင်၊ ထို့ကြောင့် ဖြစ်နိုင်သမျှ ရှောင်ဖို့ရာ ''ဝဇ္ဇိတဗ္ဗေ''ဟု သက္ကအနက်ပြ တဗ္ဗပစ္စည်းဖြင့် ဆိုသည်။
မာတရံ၊ မယ်တော်ကို။ ပမုခံ၊ အကြီးအမှူးကို။ ကတွာ၊ ၍။ အဘိဓမ္မကထာမဂ္ဂံ၊ ကို။ သမ္ပဝတ္တယိ၊ ကောင်းစွာ အပြားအားဖြင့် ဖြစ်စေတော်မူပြီ။ ဣတိဝါ၊ သော်လည်းကောင်း။ ယောဇနာ၊ ပုဒ်တို့ကို ယှဉ်စေခြင်းကို။ (စာစပ်ခြင်းကို)။ ဝတ္တဗ္ဗာ၊ ပြုထိုက်၏။
ဣဒါနိ၊ ပရိသတ်ကို ပြပြီးရာ ယခုအခါ၌။ ဒေသနာယ၊ ဒေသနာတော်၏။ သမုဋ္ဌာနံ၊ ဖြစ်ကြောင်းကို။ ဒဿေန္တော၊ လိုသည်။ (ဟုတွာ)။ တဿာ ပညာယတေဇ သာတိ၊ ဟူ၍။ (သင်္ဂဟကာရော)အာဟ၊ ။
အာဒိမှိ၊ အစဂါထာ၌။ ကရုဏာယ၊ ဖြင့်။ ဥပမိတာ၊ နှိုင်းယှဉ်အပ်ပြီးသော။ (ပညာ၊ ၌စပ်)။ သဗ္ဗဉေယျဓမ္မာနံ၊ အလုံးစုံသော ဉေယျတရားတို့၏။ ယထာသဘာဝ ဇာနနသမတ္ထာ၊ အကြင် အကြင်ဟုတ်မှန်သော သဘောကို သိခြင်း၌ စွမ်းနိုင်သည်လည်း ဖြစ်သော။ တေသံ၊ ထိုဉေယျတရားတို့၏။ ဒေသေတဗ္ဗပ္ပကာဇာနနသမတ္ထာ၊ ဟောထိုက်သော အပြားကိုသိခြင်း၌ စွမ်းဆောင်နိုင်သည်လည်းဖြစ်သော။ ဗောဓေတဗ္ဗ ပုဂ္ဂလာနံ၊ သိစေထိုက်သော ပုဂ္ဂိုလ်တို့၏။ အာသမာဓိမုတ္တိယာ ဒိဝိဘဝန သမတ္ထာစ၊ အာသယ, အဓိမုတ္ထိအစရှိသည်တို့ကို ထင်ရှားစွာ ပြခြင်း၌ စွမ်းနိုင်သည်လည်း ဖြစ်သော။ ယာသာပညာ၊ အကြင် ပညာသည်။ (အတ္ထိ၊ ၏။ တဿာ ပညာယ၊ ထို သဗ္ဗညုတဉာဏ်ပညာတော်၏။ တေဇသာ၊ အစွမ်းသုံးဘော်, တန်ခိုးတော်ဖြင့်။ သမ္ပဝတ္တယိ၊ ကောင်းစွာဖြစ်စေတော်မူပြီ။ (−−ဤသို့ မူလသံဝဏ္ဏေတဗ္ဗပုဒ်တို့ကိုပြန်၍လှည့်စပ်။) ကသ္မာ၊ ကြောင့်နည်း။ တဿာ၊ ထိုသဗ္ဗညုတဉာဏ်တော်၏။ ယထာ ဝုတ္တဗလယောဂတော၊ အကြင် အကြင် ဆိုအပ်ပြီးသော အစွမ်း ၃−ပါးနှင့် ယှဉ်ခြင်းကြောင့်တည်း။ ဣတိ အတ္ထော၊ ဤကားအနက်။ [''တဿာစ''ဟု စသဒ္ဒါ ရှိသည်ကား ပိုဟန်တူသည်။]
တေန၊ ထို တဿာ ပညာယ တေဇသာ ဟူသောပါဌ်ဖြင့်။ သဗ္ဗညုတဉာဏမေဝ၊ သည်သာ။ အဘိဓမ္မကထာယ၊ အဘိဓမ္မကထာ၏။ သမုဋ္ဌာနဘာဝေ၊ ဖြစ်ကြောင်း၏ အဖြစ်၌။ သမတ္ထံ၊ စွမ်းနိုင်၏။ အညံ၊ သဗ္ဗညုတဉာဏ်တော်မှ တစ်ပါး, အခြားသောဉာဏ်သည်။ (အဘိဓမ္မကထာယ၊ ၏။ သမုဋ္ဌာနဘာဝေ၊ ၌)။ န (သမတ္ထံ)နိုင်။ ဣတိ ဣမမတ္ထံ၊ ဤအနက်အဓိပ္ပာယ်ကို။ ဒီပေန္တော၊ ပြလျက်။ အဘိဓမ္မကထာယ၊ ၏။ အသာဓာရဏဘာဝံ၊ အခြား ပုဂ္ဂိုလ်တို့နှင့် မဆက်ဆံသည်၏အဖြစ်ကို။ [သဗ္ဗညုတဉာဏ်မရှိသော ပစ္စေကဗုဒ္ဓါ ရဟန္တာပုဂ္ဂိုလ်တို့နှင့် မဆက်ဆံသည်၏ အဖြစ်ကို။] ဒဿေတိ၊ ၏။
မဂ္ဂေါတိ၊ ကား။ ဥပါယော၊ အကြောင်းတည်း။
ခန္ဓာယတနာဒီနံ၊ ခန္ဓာ, အာယတန အစရှိသည်လည်း ဖြစ်ကုန်သော။ ကုသလာဒီနံစ၊ ကုသိုလ် အစရှိသည်လည်းဖြစ်ကုန်သော။ ဓမ္မာနံ၊ တို့ကို။ အဝဗောဓဿ၊ ထိုးထွင်း၍သိခြင်း၏။ (ဥပါယဘာဝတာ၊ အကြောင်း၏အဖြစ်ကြောင့်။ အဘိဓမ္မကထာမဂ္ဂေါတိ၊ ဟူ၍။ ဝုတ္တော၊ ပြီ)။
ဝါ၊ တစ်နည်း။ သစ္စပ္ပဋိဝေဓဿေဝ၊ သစ္စာ ၄−ပါးကို ထိုးထွင်း၍သိတတ်သော မဂ်ဉာဏ်၏သာလျှင်။ ဥပါယဘာဝတော၊ ကြောင့်။ အဘိဓမ္မကထာမဂ္ဂေါတိ ဝုတ္တော၊ ။ ဝါ၊ တစ်နည်း။ ပဗန္ဓော၊ အစဉ်အတန်းကို။ မဂ္ဂေါတိ၊ ဟူ၍။ ဝုစ္စတိ၊ ၏။
ဟိ၊ မှန်။ (တစ်နည်း) ဟိ(ယသ္မာ)၊ ကြောင့်။ သော၊ ထိုအဘိဓမ္မတရားတော်သည်။ ဒီဃတ္တာ၊ ရှည်လျားသည်၏အဖြစ်ကြောင့်။ မဂ္ဂေါဝိယ၊ လမ်းနှင့်တူ၏။ ဣတိ၊ ကြောင့်။ အဘိဓမ္မကထာမဂ္ဂေါ၊ မည်၏။ တသ္မာ၊ ကြောင့်။ အဘိဓမ္မကထာ ပဗန္တော၊ အဘိဓမ္မကထာစဉ်ကို။ မဂ္ဂေါတိ၊ ဟူ၍။ ဝုတ္တော၊ ပြီ။
ဒေဝါနံ ဂဏေန ပရိဝါရိတောတိ၊ ဟူ၍။ ဝတွာ၊ ဆိုပြီး၍။ ပုန၊ တစ်ဖန်။ ဒေဝါနန္တိဝစနံ၊ ဒေဝါနံဟူသော သဒ္ဒါသည်။ တေသံ၊ ထိုဥပပတ္ထိနတ်ဗြဟ္မာတို့၏။ ဂဟဏသမတ္ထတံ၊ နာယူခြင်း၌ စွမ်းနိုင်သည်၏အဖြစ်ကို။ ဒီပေတိ၊ ၏။
ဟိ၊ မှန်။ အသမတ္ထာနံ၊ နာယူခြင်း၌ မစွမ်းနိုင်ကုန်သူတို့အား။ ဘဂဝါ၊ သည်။ န ဒေသေတိ၊ ဟောတော်မမူ။ ဣတိ၊ ဤသို့ မှတ်အပ်၏။
ဧဝံ၊ ဤဆိုအပ်ပြီးသော နည်းဖြင့်။ (ဘဂဝတော၊ ၏)။ ကရုဏာ ပညာမုခေဟိ၊ ကရုဏာပညာဟူသော အဦးပဓာနရှိကုန်သော။ ဂုဏေဟိ၊ ဂုဏ်တော်တို့ကြောင့်လည်းကောင်း။မဂ္ဂေါတိ ဥပါယော။ ။အဘိဓမ္မကထာမဂ္ဂ၌ မဂ္ဂေါကို’’ဥပါယော’’ဟု ပဌမ ဖွင့်၏၊ ထိုဥပါယသည် အကြောင်းတည်း၊ ထို့ကြောင့် ‘’ခန္ဓာယတနာဒီနံ၊ ပေ၊ ဥပါယဘာဝတော’’ဟု ဖွင့်သည်။ [ခန္ဓာယတနာဒီနံဖြင့် ခန္ဓဝိဘင်းတရားတို့ကိုပြ၏၊ ကုသလာဒိနံဖြင့် ဓမ္မသင်္ဂဏီတရားစုံကိုပြ၏။] အဘိဓမ္မာတရားဟူသည် ရုပ်နာမ် ၂ပါးကို အမျိုးမျိုး ခွဲခြားပြသော တရားတော်တည်း။ ထိုရုပ်နာမ်ကိုသိမှ သစ္စပဋိဝေဓ (မဂ်ဉာဏ်) ဖြစ်နိုင်၏၊ ဤတရားတော်၏ လိုရင်းအကျိုးမှာလည်း သစ္စပဋိဝေဓသာ ဖြစ်၊ ထို့ကြောင့် ‘’သစ္စပ္ပဋိဝေဓဿေဝ’’ဟု ဧဝဖြင့် ဆိုသည်။
ပဗန္ဓောဝါမဂ္ဂေါတိဝုစ္စတိ။ ။ဤသို့ တစ်နည်းဖွင့်ပြန်၏၊ မဂ္ဂသဒ္ဒါသည် ပကတိ လမ်းစဉ်ကို ဟော၏၊ ဤအဘိဓမ္မကထာလည်း ရှည်လျားသောကြောင့် လမ်းနှင့်တူရကား ‘’မဂ္ဂေါဝိယာတိ မဂ္ဂေါ’’ဟု ဝိဂ္ဂဟပြု၍ လမ်းနှင့်တူသော အစဉ်အတန်းကို မဂ္ဂသဒ္ဒါက ဟောနိုင်သည်။ [ကထီ ယတိ ဧတ္ထ ဧတာယဝါတိ ကထာ၊ အဘိဓမ္မဿ+ကထာ အဘိဓမ္မကထာ၊ အဘိဓမ္မကထာစ+သာ+မဂ္ဂေါစာတိ ိအဘိဓမ္မကထာ၊ဝါ−သစ္စ ပဋိဝေဓ၏ အကြောင်းဖြစ်သော အဘိဓမ္မကထာ၊ တစ်နည်း−အဘိဓမ္မတရားတို့ကို ဟောရာ ဟောကြောင်းဖြစ်သော ဒေသနာအစဉ်။]
ဘဂဝတော၊ ၏။ အဘိဓမ္မကထာမဂ္ဂပဝတ္တေနေန၊ အဘိဓမ္မကထာအစဉ်ကို ဖြစ်စေခြင်းအားဖြင့်။ ဟိတပ္ပဋိပတ္တိယာစ၊ ဝေနေယျတို့၏ အစီးအပွားကိုကျင့်တော်မူခြင်းကြောင့် လည်းကောင်း။ ပရမ ပဏာမာရဟတံ၊ အလွန်ရှိခိုးထိုက်သည်၏အဖြစ်ကို။ ဒဿေတွာ၊ ပြီး၍။ ဣဒါနိ၊ ၌။ အဓိပ္ပေတံ၊ အလိုရှိအပ်သော။ ပဏာမံ၊ ကို။ ကရောန္တော၊ လိုသည်။ (ဟုတွာ)။ တဿ ပါဒေ နမဿိတွာတိ၊ ဟူ၍။ အာဟ၊ ပြီ။
စ၊ ဆက်။ ဘဂဝတော၊ ကို။ ထောမနနေဝ၊ ချီးမွမ်းခြင်းဖြင့်ပင်။ ဝါ၊ ချီးမွမ်းကြောင်း စကားဖြင့်ပင်။ ဓမ္မဿ၊ တရားတော်၏။ သွာက္ခာတတာ၊ သွက္ခာတတာ ဂုဏ်တော်သည်လည်းကောင်း။ ဝါ၊ ကိုလည်းကောင်း။ ဒဿိတာ၊ ပြတော်မူအပ်ပြီးသည်။ ဟောတိ၊ ၏။ (ကသ္မာ၊ နည်း)။ တပ္ပဘဝဿ၊ ထိုဘုရားလျှင် အစအမွန်ရှိသောတရားသံဃာ၏။ အနညထာဘာဝတော၊ ထိုဂုဏ်ရှိသည်၏အဖြစ်မှ တစ်ပါးသောအပြား၏ မဖြစ်ခြင်းကြော်င့တည်း။ တသ္မာ၊ ကြောင့်။ ပဏာမာရဟံ၊ ပဏာမပြုခြင်းကို ထိုက်သော။ တဉ္စ ရတနဒွယံ၊ ထို တရား သံဃာ, ရတနာ ၂−ပါးအပေါင်းကိုလည်း။ ပဏမန္တော၊ ရှိခိုးလိုသည်။ (ဟုတွာ) သဒ္ဓမ္မဉ္စဿ၊ပေ၊စဉ္စလိံတိ၊ ဟူ၍။ အာဟ၊ ပြီ။
တတ္ထ၊ ထိုပဏာမကို ပြုရာ၌။ ယသ္မာ၊ ကြောင့်။ ဗုဒ္ဓေါ၊ ကို။ သဒေဝကေ၊ပေ၊ဝန္ဒနီယော၊ ဟူ၍။ (ဝုတ္တော၊ ဟောတော်မူအပ်ပြီ)။ သံဃောစ၊ ကိုလည်း။ သုပ္ပဋိန္နော၊ပေ၊အဉ္ဇလိကရဏီယောတိ၊ ဟူ၍။ ဝုတ္တော၊ ပြီ။ တသ္မာ၊ ကြောင့်။ တဿ ပါဒေနမဿိတွာတိ၊ ဟူ၍လည်းကောင်း။ ကတွာ သံဃဿ စဉ္ဇလိန္တိ၊ ဟူ၍လည်းကောင်း။ (သင်္ဂဟကာရေန) ဝုတ္တံ။ [ထိုပါဠိတော်တို့အားလျော်စွာ ဆိုအပ်ပြီ−ဟူလို။]
ဓမ္မောပန၊ သည်ကား။ ဝါ၊ ကိုကား။ သွာက္ခာတတာဒိဂုဏ ယုတ္တော၊ သွက္ခာတတာ အစရှိသောဂုဏ်တော်နှင့်ယှဉ်သည်။ (ဟုတွာ)။ ကထာနုဿရဏေန၊ ထို သွာက္ခာတတာ အစရှိသော ဂုဏ်တော်ကို အောက်မေ့ခြင်းဖြင့်။ ပူဇေတဗ္ဗော၊ ပူဇော်ထိုက်သည်။ ဟောတိ၊ ၏။ ဧဝံ၊ပေ၊အာဟ။ ။’’ကရုဏာပညာမုခေဟိ ဂုဏေဟိ’’ဖြင့် ‘’ကရုဏာဝိယ သတ္တေု ပညာ ယဿ မဟေသိနော’’စသော ပဌမဂါထာကို ရည်ရွယ်သည်၊ ထိုဂုဏ်တို့ကြောင့် မြတ်စွာဘုရားသည် ပဏာမာရဟ ဖြစ်တော်မူပြီ၊ ‘’အဘိဓမ္မကထာ မဂ္ဂပ္ပဝတ္တနေနစ ဟိတပ္ပဋိပတ္တိယာ’’ဖြင့် ‘’ဒကာယ တာယ သတ္တေသု၊ပေ၊ဒေဝါနံ သမ္မဝတ္တယိ’’တိုင်အောင်သောစကားကိုရည်ရွယ်သည်၊ အဘိဓမ္မကထာမဂ္ဂကို ဖြစ်စေခြင်းသည် ဝေနေယျတို့၏ အစီးအပွားကို ကျင့်ခြင်းကြောင့် ‘’ပရမပဏာမာရဟ’’ဖြစ်တော်မူပြန်သည်၊ ဤသို့ ပရမပဏာမာရဟ ဖြစ်ကြောင်းကို ပြပြီး၍ ယခုအခါ၌ မိမိအလိုရှိအပ်သော အန္တရာယဝိသောသန အကျိုးရှိသော ပဏာမကို ‘’တဿ ပါဒေ နမဿိတွာ’’စသည်ဖြင့်ပြသည်။ [‘’ဘဂဝတော’’ကို ပရမပဏာမာရဟတံ၌လည်း သမ္ဗန်အဖြစ်ဖြင့်စပ်။] တမေဝဓမ္မံ သက္ကာတွာ၊ပေဝိဟရေယျန္တိဝစနတော၊ တမေဝ၊ပေ၊ဝိဟရေယျံဟု ဟောတော်မူခြင်းကြောင့်။ ကာယဝါစာစိတ္တေဟိ၊ ကိုယ်နှုတ်စိတ်တို့ဖြင့်။ သဗ္ဗထာ၊ ခပ်သိမ်းသော အခြင်းအရာအားဖြင့်။ ပူဇေတဗ္ဗော၊ ပူဇော်ထိုက်၏။ တသ္မာ၊ ကြောင့်။ သဒ္ဓမ္မဉ္စဿ ပူဇေတွာတိ၊ ဟူ၍။ (သင်္ဂဟကာရေန) ဝုတ္တံ၊ ပြီ။
သိရီမတောတိ ဧတ္ထ၊ ဟူသောဤပါဌ်၌။ သိရီတိ၊ သိရီဟူသော သဒ္ဒါသည်။ ပညာပုညာနံ၊ ပညာ, ရှေးဘုန်းရှေးကံတို့ကို။ အဓိဝစနံ၊ ဟောသောသဒ္ဒါတည်း။ ဣတိ၊ သို့။ ဝဒန္တိ၊ ဆိုကြကုန်၏။
အထဝါ၊ ထို့ပြင်တစ်နည်းကား။ ပုညာနိဗ္ဗတ္တာ၊ ရှေးကောင်းမှုကြောင့်ဖြစ်သော။ သရီရသောဘဂ္ဂါဒိသမ္ပတ္တိ၊ ကိုယ်၏ တင့်တယ်သည်၏ အဖြစ်အစရှိသော သမ္ပတ္တိကို။ (နီဿီယတိ, ဝုစ္စတိ၊ ၌စပ်)။ ဝါ၊ သည်။ (နိဿယတိ၌စပ်)။ ကတပုညေ၊ ပြုအပ်ပြီးသော ကောာင်းမှုရှိသော ပုဂ္ဂိုလ်၌။ နိဿယတိ၊ မှီတတ်၏။ (တစ်နည်း) ကတပုညေဟိ၊ ပြုအပ်ပြီးသော ကောင်းမှုရှိသော ပုဂ္ဂိုလ်တို့သည်။ နိဿီယတိ၊ မှီအပ်၏။ ဣတိ၊ ကြောင့်။ သိရီတိ၊ သိရီဟူ၍။ ဝုစ္စတိ၊ ၏။ စ၊ ဆက်။ ဘဂဝတော၊ ၏။ အတိသယဝတီ၊ အလွန်အကဲရှိသော။ သာ(သိရီ)၊ ထိုသိရီသည်။ အတ္ထိ၊ ၏။ ဣတိ၊ ကြောင့်။ သရီမာ၊ သိရီမာမည်တော်မူ၏။ ဘဂဝါ၊ မြတ်စွာဘုရားတည်း။ သရီမတော၊ ရှေးဘုန်း ရှေးကံ, ပညာဉာဏ်တို့, ပိုလျှံယှက်ဝေ, ကျက်သရေ ရှိတော်မူသော။ ဝါ၊ ကိုယ်တော်မြတ်၏, လျောက်ပတ်သပ္ပာယ်, လွန်တင့်တယ်၍, များကြွယ်သတ္တဝါ အုပ်စိုးကာဖြင့်, သံသာငြိမ့်ညောင်း, ခြွေရံကောင်းဟု, စုပေါင်းယှက်ဝေ, ကျက်သရေရှိတော်မူသော။ တဿ (သမ္ဗုဒ္ဓဿ)၊ ၏။ (ပါဒေ နမဿိတွာ၊ ၌စပ်)။အထဝါ။ ။[ဝဒန္တိဝါဒနည်းကို အဋ္ဌကထာနိဿယ၌ ပြထားပြီ]၊ ဤနည်း၌ကား ရှေးဘုန်းရှေးကံကြောင်းဖြစ်သော သရီရသောဘဂ္ဂ (ခန္ဓာကိုယ်၏ လှပခြင်း) အာဒိဖြင့်ယူရသော ကလျာဏဝါက္ကရဏတာ (အသံကောင်းခြင်း စကားလုံးကောင်းခြင်း) အာဓိပစ္စ (အကြီးအကဲ အစိုးရခြင်း) ပရိဝါရသမ္ပတ္တိ (အခြွေအရံ ပြည့်စုံခြင်း)တို့ကို လောက၌ သိရီ(ကျက်သရေ)ဟုခေါ်၏၊ [‘’သိယတိ(ကတပုညေ နိဿယတိ) ဘုန်းကံရှိသူ၌ မှီတတ်၏၊ ကတပုညေဟိ သီယတိ နိဿီယတိ−ဘုန်းကံရှိသူတို့ မှီအပ်၏၊ ဣတိ သိရီ’’ဟု ဝိဂ္ဂဟပြု။ သိဓာတ် ရပစ္စည်း ဤ ပစ္စည်းတည်း]၊ ထိုကျက်သရေသည် ဘုရားရှင်၌ လွန်လွန်ကဲကဲ ထူးထူးခြားခြား ရှိသောကြောင့် အတိသယတ္ထအနက်ဟော မန္တုပစ္စည်းဖြင့် ‘’သိရီမာ’’ဟု ဆိုရသည်။
**သရီရသောဘဂ္ဂ**။ ။’’သုဋ္ဌု+ဘဂေါ ယဿတိ သုဘဂေါ−ကောင်းသော ဘုန်းကံ ရှိသူ’’ဟု ထောမနိဓိ ဝစနတ္ထ ပြု၏၊ ပိယ−ချစ်ခင်ဖွယ်ကောင်းသူ စသော အနက်များကို ဟော၏၊ ‘’သုဘဂဿ+ဘာဝေါ သောဘဂ္ဂံ’’ဟု ပြု၍ လှပတင့်တယ် ချစ်ခင်ဖွယ်ဂုဏ်ကိုယူပါ။ [သုဘဂ၏ ပြောင်းပြန် ‘’ဒုဗ္ဘဂ−ပျက်သော ဘုန်းကံရှိသူ’’ဟူသော ပုဒ်လည်းရှိ၏၊ ထို့ကြောင့် ‘’သုဘံ၊ ဂစ္ဆတီတိ သုဘဝံ−တင့်တယ်ခြင်းသို့ ရောက်သောကိုယ်’’ဟု လည်းကောင်း၊ သောဘဂ္ဂ၌လည်း သောဘာ+အဂ္ဂ−တင့်တယ်သောပစု’’ဟုလည်းကောင်း ခအြားကျမ်းတို့၌ ကြံကြခြင်းကို စဉ်းစားပါ။]
နိပစ္စကာရဿာတိ၊ ကား။ ပဏာမကိရိယာယ၊ ရှိခိုးမှုကိုပြခြင်း။
အနုဘာဝေနာတိ၊ ကား။ ဗလေန၊ အစွမ်းသတ္တိဖြင့်။
ဝါ၊ ကြောင့်။ သောသေတွာတိ၊ ကား။ သုက္ခာပေတွာ၊ ခြောက်စေပြီး၍။ အန္တရဓာပေတွာ၊ ကွယ်ပျောက်စေပြီး၍။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ ပကာသယိဿာမိ၊ ထင်ရှားပြပေအံ့။ ဣတိ၊ သို့။ သမ္ဗန္ဓော၊ ပုဒ်တို့၌ ဆက်စပ်ခြင်းသည်။ (ဟောတိ၊ ၏)။
အန္တရာယေတိ၊ ကား။ အတ္ထပ္ပကာသနဿ၊ အနက်ကို ထင်ရှားပြကြောင်း အဋ္ဌကထာ၏။ ဥပဃာတကေ၊ ကပ်၍နှိပ်စက်တတ်သော အတွင်းအပ ဘေးရန်တို့ကို။
−−အသေသတောတိ၊ ကား။ နိဿေသေ၊ အကြွင်းမရှိကုန်သော။ သကလေ၊ အလုံးစုံကုန်သော။ (အန္တရာယေ၊ တို့ကို)။
ဣဒါနိ၊ ရတနတ္တယ ပဏာမ၏ အကျိုးပယောဇဉ်ကို ပြပြီးရာ ယခုအခါ၌။ အဘိဓမ္မဿ၊ အဘိဓမ္မာပါဠိတော်တရား၏။ ဂမ္ဘီရတ္ထတ္ထာ၊ နက်နဲသော အနက်အဓိပ္ပာယ် ရှိသည်၏အဖြစ်ကြောင့်။ အတ္ထပ္ပကာသနဿ၊ အနက် အဓိပ္ပာယ်ကိုထင်ရှားပြကြောင်း အဋ္ဌကထာ၏။ ဒုက္ကရဘာဝံ၊ ခဲယှဉ်းစွာ ပြုအပ်သည်၏ အဖြစ်ကို။ (ပြုနိုင်ခဲသည်၏ အဖြစ်ကို)။ ဒီပေတုံ၊ သွယ်ဝိုက်သောအားဖြင့် ပြခြင်းငှာ။ ဝိသုဒ္ဓါစာရ သီလေနာတိ အာဒိနာ၊ အစရှိသော ဂါထာဖြင့်။ အဘိယာစနံ၊ ရှေးရှုတောင်းပန်ပုံကို။ ဒဿေတိ၊ ၏။
ထုလ္လစ္စယာဒိ ဝိသုဒ္ဓိယာ၊ ထုလ္လစ္စဉ်း အစရှိသော အောက်အာပတ် ၅−ပုံ၏ စင်ကြယ်ခြင်းကြောင့်။ ဝိသုဒ္ဓါစာရော၊ အထူးသဖြင့် စင်ကြယ်သော အကျင့်ရှိ၏။ ပါရာဇိက, သံဃာဒိသေသဝိသုဒ္ဓိယာ၊ ပါရာဇိက, သံဃာဒိသေသ်တို့၏ စင်ကြယ်ခြင်းကြောင့်။ ဝိသုဒ္ဓသီလော၊ အခူးသဖြင့် စင်ကြယ်သော သီလရှိ၏။
ဝါ၊ တစ်နည်း။ စာရိတ္တ ဝါရိတ္တ ဝိသုဒ္ဓိယာ၊ စာရိတ္တသီလ၏ အထူးသဖြင့် စင်ကြယ်ခြင်း, ဝါရိတ္တသီလ၏ အထူးသဖြင့် စင်ကြယ်ခြင်းကြောင့်။ ဝိသုဒ္ဓါစာရသီလော၊ ဝိသုဒ္ဓါစာရသီလ မည်၏။ တေန ဝိသုဒ္ဓါစာရ သီလေန)၊ ထိုအထူးသဖြင့် စင်ကြယ်သော အကျင့်, အထူးသဖြင့် စင်ကြယ်သောသီလ ရှိထသော။ (ဗုဒ္ဓဃောသေနဘိက္ခုနာ၊ ၌စပ်)။
သက္ကစ္စံတိ၊ ကား။ စိတ္တီကတွာ၊ စိတ်မဟုတ်သော်လည်း စိတ်ကဲ့သို့ ပြု၍။
အဘိယာစိတောတိ၊ ကား။ အဘိမုခံ၊ ရှေးရှု။ ယာစိတော၊ တောင်းပန်အပ်သည်။ (ဟုတွာ၊ ၍)။ [တစ်ဆင့် တောင်းပန်ခိုင်းအပ်သည် မဟုတ်၊ ကိုယ်တိုင်ကိုယ်ကျ မျက်မှောက်သို့လာ၍ တိုက်တွန်းတောင်းပန်အပ်သည်ဖြစ်၍−ဟူလို။]
တေန၊ ထိုသက္ကစ္စံ အဘိယာစိတော ဟူသောပါဌ်ဖြင့်။ အနာဒရိယံ၊ ရိုသေလေးစားခြင်းမရှိ သူ၏ အဖြစ်ဖြင့်။ ဝါ၊ မရိုမသေ။ [ကြိယာဝိသေသန၊ အနာဒရဿ ဘာဝေါ အနာဒရိယံ။] အတ္ထပ္ပကာသေန၊ အနက်ကို ထင်ရှားပြခြင်း၌။ ကာတုံ၊ ငှာ။ အသက္ကုဏေယျံ၊ မတတ်ကောင်းသည်၏အဖြစ်ကို။ (ဘာဝပ္ပဓာန)။ ဒဿေတိ၊ ၏။ [သူကရိုရိုသေသေတောင်းပန်သောကြောင့် မိမိက အဋ္ဌကထာကို စီရင်ခြင်း၌ မလေးမစား မလုပ်ကောင်းတော့−ဟူလို။]
ဣဒါနိ၊ အဘိယာစန ပြပြီးရာ ယခုအခါ၌။ ယဿ၊ အကြင် အဘိဓမ္မာ တရားတော်၏။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ ပကာသေတုကာမော၊ ထင်ရှားပြခြင်းငှာ လိုလား၏။ တံ၊ ထိုအဘိဓမ္မာ တရားတော်ကို။ ဒဿေတုံ၊ ငှါ။ ယံဒေဝဒေဝါတိအာဒိံ၊ အစရှိသော စကားရပ်ကို။ အာဟ၊ ပြီ။
တတ္ထ၊ ထိုယံဒေဝဒေဝေါ အစရှိသော ဂါထာစကား၌။ ယန္တိ၊ ယံ ဟူသည်ကား။
ဝိသုဒ္ဓိသမ္မုတိ ဥပ္ပတ္ထိဒေဝါနံ၊ ဝိသုဒ္ဓိနတ်ဟူသော ရဟန္တာ, သမ္မုတိနတ်ဟူသော မင်း, ဥပ္ပတ္ထိ နတ်ဟူသော နတ်ဗြဟ္မာတို့၏။ ဒေဝေါ၊ နတ်ဖြစ်တော်မူသော။
ဟိ၊ မှန်။ (တစ်နည်း) ဟိယသ္မာ၊ ကြောင့်။ လောကေ၊ ၌။ ယေ၊ အကြင်ပုဂ္ဂိုလ်တို့သည်။ ဝါ၊ တို့ကို။ သရဏန္တိ၊ ကိုးကွယ်ရာဟူ၍။ ပရာယဏန္တိ၊ အလွန်ရောက်အပ်ရာ ဟူ၍။ ဝါ၊ လဲလျောင်းရာဟူ၍။ ဂန္တဗ္ဗာ၊ ဆည်းကပ်ထိုက်ကုန်၏။ ဂတိဘူတာ၊ ဆည်းကပ်အပ်သော အရာဖြစ်၍ဖြစ်ကုန်၏။ ဝါ၊ လဲလျောင်းရာ ဖြစ်၍ဖြစ်ကုန်၏။ တေ၊ ထိုပုဂ္ဂိုလ်တို့ကို။ ဒေဝါတိ၊ ဒေဝတို့ဟူ၍။ ဝုစ္စန္တိ၊ ကုန်၏။ ဘဂဝါစ၊ သည်လည်း။ သဗ္ဗဒေဝါနံ၊ တို့၏။ ဂတိဘူတော၊ ဆည်းကပ်အပ်သော ပုဂ္ဂိုလ်ဖြစ်၍ဖြစ်တော်မူ၏။ ဝါ၊ လဲလျောင်းရာဖြစ်၍ဖြစ်တော်မူ၏။ ဣတိ၊ ကြောင့်။ (ဒေဝဒေဝေါ၊ ဒေဝဒေဝ မည်တော်မူ၏။) [ပရံ- အလွန်+အယနံ−ရောက်အပ်သော ရတနာတည်း၊ ပရာယဏံ−နာ၊ မဓုဋီကာ၌ ‘’ပရေသံ+အာယနန္တိ ပရာယဏံ’’ဟု ဝိဂြိုဟ်ပြုလေသည်မှာ ထုံးစံမကျ။]
နယတောတိ၊ ကား။ သင်္ခေပတော၊ အကျဉ်းအားဖြင့်။
သမာစိက္ခီတိ၊ ကား။ သမ္မာ၊ စွာ။ အာစိက္ခိ၊ ဟောပြတော်မူပြီ။ ယထာ၊ အကြင် အခြင်းအရာအားဖြင့်ဟောပြလသော်။ ထေရော၊ အရှင်သာရိပုတ္တရာထေရ်သည်။ ဗုဇ္ဈတိ၊ သိနိုင်လောက်၏။ (တထာ၊ ထိုသိနိုင်လောက်အောင်သော အခြင်းအရာအားဖြင့်။ အာစိက္ခိ၊ ဟောပြတော်မူပြီ)။ [သမာစိက္ခိ၌ သံကို သမ္မာဟု ဖွင့်၍, ထိုသမ္မာကိုပင် ‘’ယထာထေရော’’စသည်ဖြင့် ထပ်ဖွင့်သည်၊ အရှင်သာရိပုတ္တရာ သိလောက်အောင် ဟောပြတော်မူခြင်းကို ‘’အာစိက္ခန’’ဟု ဆိုသည်−ဟူလို။]
ဝေနေယျသတ္တေ၊ ဝေနေယိ သတ္တဝါတို့ကို။ ဝိနေတိ၊ ဆုံးမတော်မူတတ်၏။ ဣတိ၊ ကြောင့်။ ဝိနာယကော၊ မည်တော်မူ၏။ [‘’ဝိနေတီတိ ဝိနာယကော’’ဟုပြု။] ဝါ၊ တစ်နည်း။ နာယကဝိရဟိတော၊ ရှေ့ဆောင်လမ်းပြ, နာယကမှ ကင်းတော်မူသော မြတ်စွာဘုရားသည်။ [နာယကတော+ဝိဂတော ဝိနာယကာ’’ဟု မဓုပြသည်။] သယမ္ဘူ၊ ကိုယ်တော်တိုင် ဖြစ်တော်မူသော မြတ်စွာဘုရားသည်။ ဣတိ အတ္ထော၊ နက်။
ယဉ္စာတိ၊ ကား။ ယဉ္စ အဘိဓမ္မံ၊ ကိုလည်း။ ဘိက္ခူနံ၊ တို့အား။ ပယိရုဒါဟာသိ၊ ဟောပြော ပို့ချတော်မူပြီ။ ဣတိ၊ သို့။ သမ္ဗန္ဓော၊ ပုဒ်တို့၏ ဆက်စပ်ခြင်းကို။ (ကာတဗ္ဗော၊ ၏။)
ပယိရုဒါဟာသီတိ၊ ကား။ ကတေသိ၊ ဟောပြောပို့ချပြီ။
ဣတီတိ၊ ကား။ ဣမိနာ အနုက္ကမေန၊ ဤ အစဉ်အားဖြင့်။
−−ယန္တိ၊ ယံဟူ၍။ ဥပယောဂဝသေန၊ ဒုတိယာဝိဘတ်၏အစွမ်းဖြင့်။ ဝုတ္တော၊ ဆိုအပ်သော။ ယံ သဒ္ဒေါ၊ သည်။ ဓာရိတောတိ၊ ဓာရိတောဟူသော။ ပစ္စတ္တေန၊ ပဌမာဝိဘတ်နှင့်။ ဝါ၊ ပဌမာဝိဘတျန္တပုဒ်နှင့်။ သမ္ဗဇ္ဈမာနော၊ စပ်အပ်သော်။ ယောဓာရိတောတိ၊ ယောဓာရိတောဟူ၍။ ပစ္စတ္တဝသေန၊ ပဌမဝိဘတ်၏အစွမ်းဖြင့်။ ပရိဏမတိ၊ ညွတ်၏။ တသ္မာ၊ ကြောင့်။ ယော၊ အကြင်အဘိဓမ္မာကို။ ဓာရိတော၊ ရဟန်းတို့ ဆောင်ရွက်မှတ်သားအပ်ပြီ။ ယော၊ ကို။ သင်္ဂီတောစ၊ အရှင်မဟာကဿပစသော ထေရ်တို့ သံဂါယနာလည်းတင်အပ်ပြီ။ တဿ၊ ထိုဆောင်ရွက်အပ် သံဂါယနာတင်အပ်ပြီးသော အဘိဓမ္မာ၏။ အတ္ထံ၊ ကို။ ပကာယိဿာမိ၊ အံ့။ ဣတိ၊ သို့။ ယောဇနာ၊ နိယမ အနိယမဝါကျတို့ကိုယှဉ်စေခြင်းကို။ ကာတဗ္ဗာ၊ ၏။
ဝေဒေန, ပညာယ၊ ပညာဖြင့်။ ဣဟတိ ပဝတ္တတိ၊ ဖြစ်တတ်၏။ ဣတိ၊ ကြောင့်။ ဝေဒေဟော၊ မည်၏။ တေန မုနိနာ၊ ထိုပညာဖြင့် ဖြစ်တတ်သော အရှင်အာနန္ဒာ ဟူသော မုနိသည်။ (သင်္ဂီတော၌စပ်)။
−−အဘိဏှသောတိ၊ ကား။ ဗဟုသော၊ ကြိမ်ဖန်များစွာ။
အဘိဓမ္မာဿာတိ ဧတံ၊ ဟူသော ဤပုဒ်ကို။ အတ္ထံပကာသ ယိဿာမီတိ ဧတေန၊ ဟူသော ဤပုဒ်နှင့်။ ယောဇေတဗ္ဗံ၊ ယှဉ်စေထိုက်၏။
ဣဒါနိ၊ ၌။ (ဒဿေတုံ အာဟ ၌စပ်)။ အတ္ထပ္ပကာသနဿ၊ အနက်အဓိပ္ပာယ်ကို ထင်ရှားပြကြောင်း အဋ္ဌကထာသစ်၏။ ဟောနိဿယော၊ အကြင်မှီရာ ရှေးအဋ္ဌထာဟောင်းသည်။ (အတ္ထိ၊ ၏)။ တံ၊ ထိုမှီရာ အဋ္ဌကထာဟောင်းကို။ [ရှေးအဋ္ဌကထာဟောင်း၏အကြောင်းအရာကို။] ဒဿေတုံ၊ ငှာ။ အာဒိတောတိ အာဒိံ၊ အစရှိသော ဂါထာစကားရပ်ကို။ အာဟ၊ ပြီ။
တတ္ထ၊ ထိုအာဒိတော အစရှိသော ဂါထာစကားရပ်၌။ အာဒိတောတိ၊ ကား။ အာဒိမှိ၊ အစ၌။ ပဌမ သင်္ဂီတိယံ၊ ပဌမ သံဂါယနာတင်ရာအခါ၌။
ယာ အဋ္ဌကထာ၊ ကို။ သင်္ဂီတာ၊ သံဂါယနာတင်အပ်ပြီ။ ပန၊ စောဒနာပါဦးအံ့။ သာ အဋ္ဌကထာ၊ ထိုအဋ္ဌကထာသည်။ ကဿ၊ အဘယ်ပါဠိရပ်၏။ (အဋ္ဌကထာ၊ နည်း)။ ဣတိ၊ ဤကား အမေးတည်း။
အညဿ၊ အဘိဓမ္မာမှ တစ်ပါး အခြားသော။ ဝုတ္တဿ၊ ဆိုအပ်ပြီးသော စကား၏။ အဘာဝါ၊ ဤနေရာ၌ မရှိခြင်းကြောင့်။ ယဿ၊ အကြင်အဘိဓမ္မာ၏။ အတ္ထိံ၊ ကို။ ပကာသယိဿာမိ၊ ထင်ရှားပြပေအံ့။ ဣတိ၊ သို့။ ဝုတ္တံ၊ ပြီ။ အဓိကာရဝသေန၊ အဓိကာရနည်း၏ အစွမ်းဖြင့်။ တဿ အဘိဓမ္မဿ၊ ထို အဘိဓမ္မာ၏။ (အဋ္ဌကထာ၊ တည်း)။ ဣတိ၊ ဤသို့။ ဝိညာယတိ၊ သိအပ်၏။
သင်္ဂီတာတိ၊ ကား။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ ပကာသေတုံ၊ ငှာ။ ယုတ္တဋ္ဌာနေ၊ သင့်လျော်သော အရာ၌။ [''ရှေး၌လည်း မဖွင့်ဆိုရသေး၍, မပေါ်လွင်သော အရာ၌။] အယံ၊ ဤအနက်သည်။ ဧတဿ၊ ဤပုဒ်၏။ အတ္ထော၊ အနက်တည်း။ အယံ၊ ဤအနက်ကား။ ဧတဿ၊ ၏။ အတ္ထော၊ တည်း။ ဣတိ၊ သို့။ သင်္ဂဟေတွာ၊ သိမ်းယူ၍။ ဝုတ္တာ၊ ဆိုအပ်ပြီ။ ပစ္ဆာပိစ၊ နောက်အခါ၌လည်း။ ဒုတိယ တတိယသင်္ဂီတီသု၊ ဒုတိယ သံဂါယနာ, တတိယ သံဂါယနာတင်ရာ အခါတို့၌လည်း။ အနုသင်္ဂီတာ၊ တစ်ဖန်နောက်ထပ်သိမ်း၍ ဆိုအပ်ပြီ။ ဝါ၊ တစ်ဖန်နောက်ထပ်,  သံဂါယနာတင်အပ်ပြီ။
−−အဘိသင်္ခတာတိ၊ ကား။ ရစိတာ၊ ပြုစီရင်အပ်ပြီ။
တတောတိ၊ ကား။ အဋ္ဌကထာတော၊ အဋ္ဌကထာဟောင်းမှ။
တန္တိနယာနုဂန္တိ၊ ကား။ တန္တိဂတိံ၊ ပါဠိတော်၏ အသွားအလာသို့။ အနုဂတံ၊ အစဉ်လိုက်သော။
ဗာသန္တိ၊ ကား။ မာဂတဘာသံ၊ မာဂဓာဘာသာကို
နိကာယန္တရလဒ္ဓီဟီတိ၊ ကား။ အန္တရန္တရာ၊ အကြားအကြား၌။ အနုပ္ပဝေသိတာဟိ၊ လျော်စွာ ထည့်သွင်းအပ်ကုန်သော။ (နိကာယန္တရလဒ္ဓီဟိ၊ ဂိုဏ်းတစ်ပါးတို့၏ အယူတို့နှင့်)။
−−အသမ္မိဿန္တိ၊ ကား။ အဝေါကိဏ္ဏံ၊ ရောပြွမ်းခြင်းမရှိသော။
အနာကုလန္တိ၊ ကား။ သနိကာယေပိ၊ မိမိဂိုဏ်း၌လည်း။ ဝါ၊ မိမိဂိုဏ်း၏ အဖွင့်၌လည်း။ အနာဝိလံ၊ ရှုပ်ထွေးခြင်းမရှိသော။ ပရိစ္ဆိန္နံ၊ ပိုင်းခြား ကန့်သတ်အပ်သော။
...အသမ္မိဿော၊ ဂိုဏ်းတစ်ပါးတို့၏ အယူနှင့် ရောနှောခြင်းလည်း မရှိသော။ အနု ကုလောစ၊ မိမိဂိုဏ်း၏ အယူ၌လည်း ရှုပ်ထွေးခြင်းမရှိသော။ မဟာဝိဟာရဝါသီနံ၊ မဟာဝိဟာရ၌ နေလေ့ရှိကုန်သော ထေရ်တို့၏။ ယော အတ္ထဝိနိစ္ဆယော၊ အကြင်အနက် အဆုံးအဖြတ်သည်။ (အတ္ထိ၊ ၏)။ တံ၊ ထိုအဿမ္မိဿ, အနာကုလဖြစ်သော အဆုံးအဖြတ်ကို။ ဒီပယန္တော၊ ထင်ရှားပြလျက်။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ ပကာသယိဿာမိ၊ ထင်ရှားဖွင့်ပြပေအံ့။ ဣတိ၊ သို့။ (သမ္ဗန္ဓော၊ ကို။ ဒဋ္ဌဗ္ဗော၊ ၏)။
ဧတေန၊ ဤမဟာ ဝိဟာရဝါသီနံ, ဒီပယန္တော ဝိနိစ္ဆယံဟူသောပါဌ်ဖြင့်။ တိပိဋက စူဠနာဂ တ္ထေရာဒီဟိ၊ တိပိဋက စူဠနာဂထေရ် အစရှိသော ပုဂ္ဂိုလ်တို့သည်။ ဝုတ္တော၊ ဆိုအပ်သော။ ထေရဝါဒေါပိ၊ ထေရဝါဒသည် လည်း။ ဝါ၊ ကိုလည်း။ သင်္ဂဟိတော၊ သိမ်းယူအပ်သည်။ ဟောတိ၊ ။ [လောကုတ္တရာ၌ ရှိသော ဗောဇ္ဈင်, မဂ္ဂင်, ဈာနင်တို့၏ အထူးကို သမ္မသိတဈာန်ဖြင့်မှတ်သည်, ပါဒကဈာန်ဖြင့် မှတ်သည်စသော ဝါဒကို ထေရဝါဒဟုခေါ်၏၊ ထိုထေရဝါဒသည် လောကုတ္တရာဈာန်ခန်း၌ထင်ရှားလတ္တံ့။] အသမ္မိဿော၊ပေ၊ဒီပယန္တော။ ။ဤအနက်အဖွင့်၌ အသမ္မိဿံ အနာကုလံတို့သည် ''မဟာဝိဟာရဝါသီနံ ဝိနိစ္ဆယံ''၏ ဝိသေသနတို့တည်း၊ ထိုဝိနိစ္ဆယံကိုလည်း ဒီပယန္တော၏ ကံအဖြစ်ဖြင့် စပ်စေလိုသည်။
အထဝါ၊ ကား။ တမ္ဗပဏ္ဏိဘာသံ၊ သီဟိုဠ်ဘာသာကို။ အပနေတွာ၊ ဖယ်ရှားပြီး၍လည်းကောင်း။ မာဂဓဘာသံ၊ ကို။ အာရောပေတွာစ၊ ပေထက်သို့ တင်၍လည်းကောင်း။ ပကာသိယမာနော၊ ထင်ရှားပြလတ္တံ့သော။ အဘိဓမ္မဿ၊ အဘိဓမ္မာပါဠိတော်၏။ ယော အတ္ထော၊ အကြင် အနက် အဓိပ္ပာယ်သည်။ အသမ္မိဿော၊ ဂိုဏ်းတစ်ပါးတို့၏ အယူနှင့် ရောနှောခြင်းမရှိသည် လည်းကောင်း။ အနာကုလောယေဝစ၊ မိမိဂိုဏ်း၏ အယူ၌လည်း ရှုပ်ထွေးခြင်း မရှိသည်သာလျှင် လည်းကောင်း။ ဟောတိ၊ ၏။ မဟာဝိဟာရဝါသီနံ၊ တို့၏။ ဝိနိစ္ဆယဘူတောစ၊ အဆုံးအဖြတ်ဖြစ်၍လည်း ဖြစ်၏။ တံအတ္ထံ၊ ထို အဿမ္မိဿ အနာကုလ မဟာ ဝိဟာရဝါသီဝိနိစ္ဆယဖြစ်သော အနက်အဓိပ္ပာယ်ကို။ ဧသော၊ ဤအနက် အဓိပ္ပာယ်သည်။ မဟာဝိဟာရဝါသီနံ၊ တို့၏။ ဝိနိစ္ဆယော၊ တည်း။ ဣတိ၊ သို့။ ဒီပယန္တော၊ ပြလျက်။ ပကာသယိဿာမိ၊ အံ့။
ဟိ၊ မှန်။ (တစ်နည်း) ဟိ(ယသ္မာာ)၊ ကြောင့်။ တပ္ပကာ သနေ နေဝ၊ ထို အသမ္မိဿ, အနာကုလဖြစ်သော အနက် အဓိပ္ပာယ်ကို ထင်ရှားပြခြင်းဖြင့်ပင်။ သော၊ ထိုအနက်အဓိပ္ပာယ်သည်။ တထာ၊ ထို မဟာဝိဟာရဝါသီ ဝိနိစ္ဆယအဖြစ်ဖြင့်။ ဒီပိတော၊ ပြအပ်သည်။ ဝါ၊ ပြရာရောက်သည်။ ဟောတိ၊ ၏။ ဣတိ၊ ကြောင့်။ (ဧသော မဟာဝိဟာရဝါသီနံ ဝိနိစ္ဆယောတိ ဒီပယန္တောတိ၊ ဟူ၍။ မယာ၊ သည်။ ဝုတ္တံ၊ ပြီ)။အထဝါ။ ။''ယော၊ပေ၊ ဝိနိစ္ဆယဘူတော တံအတ္ထံ''ကို ကြည့်၍ အသမ္မိဿံ အနာကုလံ ဝိနိစ္ဆယံတို့သည် အတ္ထံ၌စပ်ရသော ဝိသေသနတို့တည်းဟု သိရ၏၊ ဒီပယန္တော၏ အာကာရကိုကား ''ဧသော အဟာဝိဟာရဝါသီနံ ဝိနိစ္ဆယောတိ− ဤ ဖွင့်ပြအပ်လတ္တံ့သော အနက် (အဋ္ဌကထာ)သည် မဟာဝိရဝါသီတို့၏ ဝိနိစ္ဆယဖြစ်သည်''ဟူ၍ အပိုထည့်စေလိုသည်။
တပ္ပကာသ၊ပေ၊ဟောတီတိ။ ။ဤဝါကျသည် အထဝါတက်သော ဝါကျ၏ ဒဠီ တစ်နည်း− ဟေတုဝါကျတည်း၊ မဟာဝိဟာရဝါသီ ဂိုဏ်းသားဖြစ်သော ပုဂ္ဂိုလ်တစ်ပါးက ထိုသို့အနက် (အဋ္ဌကထာ)ကို ဖွင့်ပြလိုက်ခြင်းအားဖြင့် ထိုအနက် (အဋ္ဌကထာ)သည် မဟာ ဝိဟာရဝါသီဂိုဏ်းသားတို့၏ အဆုံးအဖြတ်ဖြစ်ကြောင်း ထင်ရှားပြပြီးဖြစ်နေ၏၊ ထို့ကြောင့် ''ဧသော မဟာဝိဟာရဝါသီနံ ဝိနိစ္ဆယောတိ ဒီပယန္တော''ဟူသော စကားသည်မှန်၏−ဟူလို။ [တပ္ပကာသနေနေဝါတိ အဘိဓမ္မဿ အတ္ထပ္ပ−ကာသနေနေဝ၊ ပကာသိယမာနော သော အဘိ ဓမ္မအတ္ထော၊ တထာတိ မဟာဝိရဝါသီနံ ဝိနိစ္ဆယဘာဝေန။−မဓု။] ဤအထဝါတက်သောနည်းအတိုင်း အဋ္ဌကထာ၌ နိဿယတစ်နည်းပေးပုံကာ'− နိကာယန္တရ လဒ္ဓီဟိ− ဂိုဏ်းတစ်ပါးတို့၏ အယူတို့နှင့်၊ အသ္မိသံ− အကြားကြား၌ ရောနှောခြင်း မရှိသော၊ အနာကုလံ− မိမိဂိုဏ်းတို့၏ အယူ၌လည်း နောက်ကျရှုပ်ထွေးခြင်းမရှိသော၊ မဟာဝိဟာရဝါသီနံ −တို့၏၊ ဝိနိစ္ဆယံ −အဆုံးအဖြတ်လည်းဖြစ်သော၊ အတ္ထံ− အနက်အဓိပ္ပာယ်ကို၊ ဒီပယန္တော− ဤအနက် အဓိပ္ပာယ်သည် မဟာဝိရ ဝါသီထေရ်တို့၏ အဆုံးအဖြတ်ပဲဟု သွယ်ဝိုက်သောအားဖြင့် ပြလျက်၊ပေ၊ ပကာသယိဿာမိ ထင်ရှားဖွင့်ပြပေအံ့။
တောသယန္တော ဝိစက္ခဏေတိ၊ ကား။ ဝိစ္ဆက္ခဏော၊ စူးစမ်းမြော်မြင်, ပညာရှင်တို့ကို။ တောသယန္တော၊ နှစ်သက်စေလျက်။ ဂဟေတဗ္ဗံ၊ ယူသင့်ယူထိုက်သော အနက်အဓိပ္ပာယ်ကို။ ဂဟေတွာန၊ ယူပြီး၍။ ဣတိ ဧဝံ၊ သို့။ ယောဇေတွာ၊ ပုဒ်တို့ကိုယူ ယှဉ်စေ၍။ ဂဟေတဗ္ဗဋ္ဌာနေယေဝ၊ ယူသင့်ယူထိုက်သော အရာ၌သာလျှင်။ ဂတိဟံ၊ ယူအပ်ပေပြီ။ သုဋ္ဌု၊ ကောင်းစွာ။ ကတံ၊ ပြုအပ်ပါပေပြီ။ (တစ်နည်း) သုဋ္ဌုကတံ၊ တယ်ကောင်းပါတကား။ ဣတိ ဧဝံ၊ သို့။ တောသယန္တော၊ လျက်။ ဣတိ၊ သို့။ အတ္ထံ၊ ကို။ ဝဒန္တိ၊ ကုန်၏။
ဧဝံသတိ၊ ဤသို့ဖြစ်လသော်။ (ဤသို့ဆိုတိုင်း မှန်လျှင်)။ ဂဟေတဗ္ဗဂ္ဂဟဏေနေဝ၊ ယူသင့် ယူထိုက်သော အနက်အဓိပ္ပာယ်တို့ကို ယူခြင်းဖြင့်သာလျှင်။ တောသနံ၊ နှစ်သက်စေခြင်းကို။ ကတံ၊ ပြီ။ အညေန၊ ဂဟေတဗ္ဗဂ္ဂဟဏမှ အခြားသော။ အတ္ထပ္ပကာသနေန၊ အနက်အဓိပ္ပာယ်တို့ကို ထင်ရှားပြခြင်းဖြင့်။ (တောသနံ၊ ကို)။ န(ကတံ)၊ အပ်။ ဣတိ၊ သို့။ ဧတံ(ဒေါသဇာတံ၊ ဤအပြစ်သည်။) အာပဇ္ဇေယျ၊ ဖြစ်ရာ၏။
ပန၊ စင်စစ်ကား။ တောသယန္တော၊ လျက်။ အတ္ထံ၊ ကို။ ပကာပယိဿာမိ၊ ထင်ရှားဖွင့်ပြပေအံ့။ ဣတိ ဧဝံ၊ သို့။ ယောဇနာယ၊ သည်။ သတိ၊ ရှိလသော်။ ဂဟေတဗ္ဗဂ္ဂဟဏံ၊ ယူသင့် ယူထိုက်သော အနက်အဓိပ္ပာယ်ကို ယူခြင်းလည်းကောင်း။ အညံ၊ ဂဟေတဗ္ဗဂ္ဂဟဏမှ အခြားသော။ သဗ္ဗံ၊ အလုံးစုံသော။ အတ္ထပ္ပကာသနဉ္စ၊ အနက်အဓိပ္ပာယ်တို့ကို ထင်ရှားဖွင့်ပြခြင်းသည် လည်းကောင်း။ ဟောတိ၊ ၏။ ဣတိ၊ ကြောင့်။ သဗ္ဗန၊ သော။ တေန၊ ထိုဂဟေတဗ္ဗဂ္ဂဟဏ, အညသဗ္ဗတ္ထပ္ပကာသနဖြင့်။ တောသနံ၊ နှစ်သက်စေခြင်းသည်။ ဝါ၊ ကို။ ကတံဟောတိ၊ ။ တသ္မာ၊ ကြောင့်။ဝိစက္ခဏေ၊ပေ၊ ဂဟေတွာန**။ ။ဤဝဒန္တိဝါဒ၌ တောသယန္တောကို “ဂဟေတဗ္ဗံ ဂဟေတွာနနှင့် စပ်စေလို၏၊ ပညာရှိတို့ကို နှစ်သက်စေနိုင်လောက်အောင် ‘’သုတ္တန် အဋ္ဌကထာတို့၌ ယူသင့် ယူထိုက်သော အနက်ဖွင့်ကိုယူ၍ ဖွင့်ပြမည်’’ဟု ဆိုလိုသတတ်။
ဧဝံသတိ၊ပေ၊ အာပဇ္ဇေယျ။ ။ထိုဝစန္တိဝါဒ၌ လဒ္ဓဒေါသ (ရအပ်သော အပြစ်)ကို ပြလို၍ ‘’ဧဝံ သတိ၊ပေ၊ အာပဇ္ဇေယျ’’ဟု မိန့်၊ ဝဲန္တိဝါဲအတိုင်းဆိုလျှင် ယူသင့်သည်ကို ယူခြင်းဖြင့်သာ ဝိစက္ခဏတို့နှစ်သက်စေမှုကိုပြသည်၊ ယူသင့်သည်ကို ယူခြင်းမှ တစ်ပါးသော အခြားအနက် အဖွင့်များဖြင့်ကား ‘’ဝိက္ခဏတို့ နှစ်သက်မှုကို မပြုနိုင်’’ဟူသော အပြစ်ဒေါသရောက်သည်။
တောသယန္တော၊ပေ၊ယုတ္တရူပါ။ ။တောသယန္တောကို ဂဟေတွာပုဒ်နှင့် အဓိပ္ပာယ်မစပ်ပဲ ‘’အတ္ထံ ပကာသယိဿာမိ’’နှင့်စပ်ပါ၊ ‘’ဝိစက္ခဏတို့ကို နှစ်သက်စေလျက် အနက်ကို ဖွင့်ပြမည်’’ဟူလို၊ ဤသို့စပ်လျှင် ‘’ဂဟေတဗ္ဗဂဟဏသည် လည်းကောင်း ဂဟေတဗ္ဗဂဟဏမှ အခြားသော အနက်အဖွင့်သည်လည်းကောင်း အတ္ထံပကာသဟိဿာမိဝယ် အတ္ထပ္ပကာသနအဖြစ်ဖြင့်ပါဝင်ကြ၏၊ ထိုသို့ပါဝင်သောကြောင့် ဂဟေတဗ္ဗဂဟေဏဖြင့် လည်းကောင်း အခြားသောအနက်အဖွင့်ဖြင့် လ်ညးကောင်း ဝိစက္ခဏတို့ကို နှစ်သက်စေရာရောက်သည်၊ ထို့ကြောင့် တောသယန္တော အတ္ထံ ပကာသယိဿာမိ၌ စပ်သောနည်းသာ (အဋ္ဌကထာဆရာ၏ နှစ်သက်စေလိုသောဆန္ဒ ကျယ်ပြန့်ရကား) သင့်လျော်စရာရှိပေသည်။
တောသယန္တော၊ပေ၊ ပကာသယိဿာမီတိ၊ ဟူ၍။ (ယောဇနာ၊ သည်)။ ယုတ္တရူပါ၊ သင့်လျော်သည်၏ အဖြစ်ဟူသော သဘောရှိသည်။ (ဟောတိ၊ ၏)။
ဣဒါနိ၊ ၌။ ယံ အတ္ထပ္ပကာသနံ၊ အကြင်အနက်ကို ထင်ရှားပြကြောင်း အဋ္ဌကထာကို။ ကတ္ထုကာမော၊ ပြုခြင်းငှာ လိုလားသည်။ (ဟောတိ)။ တဿ၊ ထိုအနက်ကို ထင်ရှားပြကြောင်း အဋ္ဌကထာ၏။ မဟတ္တံ၊ ကျယ်ဝန်းသည်၏အဖြစ်ကို။ [‘’မဟန္တဿ ဘာဝေါ မဟန္တတ္တံ’’ဟု ဆိုလိုလျက် ‘’န္တ’’ချေ၍ မဟတ္တံဟုဖြစ်သည်၊ ‘’အရဟန္တဿ ဘာဝေါ အရဟတ္တံ’’ကဲ့သို့တည်း။] ပရိဟရိတုံ၊ ရှောင်လွှဲခြင်းငှာ။ ကမ္မဋ္ဌာနာနီတိ အာဒိံ၊ ကို။ အာဟ၊ ။
အတ္ထဝဏ္ဏနန္တိဧတ္ထ၊ ၌။ ဝဏ္ဏနာနာမ၊ ဝဏ္ဏနာမည်သည်။ ဝိဝရိတွာ၊ ဖွင့်၍။ ဝိတ္ထာရေတွာ၊ ချဲ့၍။ ဝစနံ၊ ဆိုကြောင်း စကားတည်း။
ဣတီတိ၊ ကား။ အပနေတွာ တတော ဘာသန္တိ ဧဝမာဒိနာ၊ သော။ ယထာ ဒဿိတပ္ပကာရေန၊ အကြင် အကြင် ပြအပ်ပြီးသော ကျမ်းပြုပုံ အပြားအားဖြင့်။ (ကရဏပ္ပကာရအားဖြင့်−ဟူလို)။
ဣတိ၊ ဤ အပနေတွာ တတောဘာသံဟူသောပါဌ်ဖြင့်။ သောတူနံ၊ စာသင်သားတို့၏။ ဥဿာဟုပ္ပါဒနဿ၊ အားတက်သရောကိုဖြစ်စေခြင်း၏။ ဟေတုံ၊ အကြောင်းကို။ ဒဿေတိ၊ ၏။ [သီဟိုဠ်ဘာသာကိုပယ်ခြင်း, အသမ္မိဿ အနာကုလဂုဏ်တို့နှင့် ပြည့်စုံအောင် စီရင်ခြင်းစသည်ဖြင့် ပြလိုက်လျှင် စာသင်သားတို့၏ အားတက်သရောကို ဖြစ်စေနိုင်သည်၊ ထို့ကြောင့် ကရဏပ္ပကာရသည် ဥဿဟုပ္ပါဒန၏ အကြောင်းဖြစ်သည်။]
အဘိဓမ္မကထန္တိ၊ ကား။ အဘိဓမ္မဋ္ဌကထံ၊ အဘိဓမ္မာ အဋ္ဌကထာကို။
နိသာမေထာတိ၊ ကား။ သုဏာထ၊ နာယူလိုက်ကြကုန်လော။
ဣဒါနိ၊ ၌။ အဝဿံ၊ မချွတ်ဧကန်။ ယံ၊ ဤအဋ္ဌကထာကို။ သောတဗ္ဗာယေဝ၊ နာယူထိုက်သည်သာ။ ဣတိ၊ သို့။ ဒဠံ၊ မြဲမြံစွာ။ ဥဿာဟေန္တော၊ အားတက်စေလိုသည်။ (ဟုတွာ၊ ၍)။ ဒုလ္လဘာ ဟိ အယံ ကထာတိ၊ ဟူ၍။ အာဟ၊ ပြီ။ [အပနေတွာ တတောဘာသံ စသည်ဖြင့် ပြအပ်သော ဥဿာဟနဟေတု, ဒုလ္လဘာ ဟိ အယံ ကထာဖြင့်ပြအပ်သော ဥဿာဟနဟေတုဟု ဥဿာဟနကြိယာ၏ အကြောင်းပြ ၂−မျိုးဖြစ်နေသောကြောင့် နောက်အကြောင်းပြစကား၌ ‘’ဒဠှံ ဥဿာ ဟေ−န္တော’’ဟု ဒဠံသဒ္ဒါ ထည့်၍ ဆိုသည်။]
ဝီသတိဂါထာဝဏ္ဏနာ၊ နှစ်ဆယ်သော ဂါထာတို့၏ အဖွင့်သည်။ နိဋ္ဌိတာ၊ ပြီ။ ဂန္ထာရမ္ဘအဖွင့် ပြီး၏။