ပရိယာယ ။ပေ။ အဓိကရဏာနီတိ။ ။ ပရိယာယနိပ္ပရိယာယ မဂ္ဂင်္ဂဒဿနတ္ထေပိ အတ္ထဝစနံ ဧဝံ န ဝတ္တဗ္ဗမေဝါတိ ဒဿေန္တော "ပရိယာယ ။ပေ။ အဓိကရဏာနီတိ အာဟ၊ အနု။ "၊ အနက်ကိုဆိုကြောင်းဖြစ်သော
မဂ္ဂင်္ဂသဒ္ဒါ၊ သည် ပရိယာယ်ဖြစ်သော မိစ္ဆာဝါစာစသော မဂ္ဂင်, ပရိယာယ်မဟုတ် မုချဖြစ်သော
သမ္မာဒိဋ္ဌိ။ပေ။ မိစ္ဆာသမာဓိ၊ ဟူသော မဂ္ဂင်ကို ပြခြင်းအကျိုးရှိသော်လည်း ဤ အဋ္ဌကထာ အတိုင်းကား မဆိုထိုက်သည်သာ "ဟုပြလိုသောကြောင့်
"ပရိယာယ ။ပေ။ အဓိကရဏာနိ"၊ ဟု မိန့်သည်။
အညဘာဂိယဿ အဓိကရဏဿဟူသော ဒုတိယဒုဋ္ဌဒေါသ ပါဠိ၊ တော်၌
"အဓိကရဏံ နာမ စတ္တာရိ အဓိကရဏာနိ"၊ ဟု ပါဠိတော်လာ အဓိကရုဏ်းကို ၎င်း, ဝိဝါဒါဓိကရုဏ်းစသော ၃ ပါးကို၎င်း ဟောနိုင်သော
အဓိကရဏ သဒ္ဒါ၊ ကို ထုတ်ပြရာ၌ ပါဠိတော်၌လာ်သော
အဓိကရဏသဒ္ဒ၊ မဟုတ်။ အဓိကရုဏ်း ၄ ပါးကို ဟောနိုင်သော ပါဠိတော်လာ
အဓိကရဏသဒ္ဒါ၊ နှင့်တူသော
အဓိကရဏသဒ္ဒါ၊ တမျိုးဖြစ်သကဲ့သို့ ဤ၌လည်း ပါဠိိတော်လာ
အဓိကရဏသဒ္ဒါ၊ နှင့်တူသော
အဓိကရဏသဒ္ဒါ၊ တမျိးဖြစ်သကဲ့သို့ ဤ၌လည်း ပါဠိတော်လာ မုချမဂ္ဂင်တို့ကို ၎င်း, ပါဠိတော်၌မလာသော မိစ္ဆာဝါစာစသော ပရိယာယ်မဂ္ဂင်တို့ကို၎င်း ပြနိုင်ခြင်းအကျိုးကို လိုလားသည်ရှိသော် ပါဠိတော်၌လာ်သော မဂ္ဂင်္ဂသဒ္ဒါ၏အတုဖြစ်သော မုချမဂ္ဂင် ပရိယာယမဂ္ဂင် ၂ မျိုးဟူသော ပုဒ္နက်ရှိသော အခြား မဂ္ဂင်္ဂသဒ္ဒါတမျိုးကိုသာ သံဝဏ္ဏေတဗ္ဗအဖြစ်ဖြင့် ထုတ်ပြလိုက်ပါသည်။
**တသ္မာ ။ပေ။ ပဌန္တိ**။ ။ ယသ္မာ ပါဠိဂတောယေဝ မဂ္ဂင်္ဂသဒ္ဒါ ဥဒ္ဓဋ္ဌော၊ (ပါဠိတော်၌လာသော မဂ္ဂင်္ဂသဒ္ဒါကို သံဝဏ္ဏေတဗ္ဗ အဖြစ်ဖြင့် ထုတ်ပြအပ်၏)
န တဒညသာဓာရဏော၊ (ပါဠိတော်၌ မလာသော အခြားမဂ္ဂင်နှင့် ဆက်ဆံသော မဂ္ဂင်္ဂသဒ္ဒါကို ထုတ်ပြအပ်သည်မဟုတ်။)
န အတ္ထုဒ္ဓါရ မုခေန အဓိပ္ပေတတ္တော နိယမိတော၊ (အတ္ထုဒွါရကို ထုတ်ပြ၍ အဓိပ္ပေတတ္ထကို သတ်မှတ်မှုလည်းမရှိ)
တသ္မာ၊၊ အနု။ ဤဆိုအပ်ပြီး အကြောင်းကြောင့် "ပါဠိတော်၌လာသော မဂ္ဂင်္ဂသဒ္ဒါ၏ မိစ္ဆာဝါစာ အစရှိသည်တို့ကိုဟောသော သဒ္ဒါ မဖြစ်ပါစေလင့်" ဟု နှလုံးသွင်း၍
"သမ္မာဒိဋ္ဌိ။ပေ။သမာဒယော"၊ ဟု မိစ္ဆာဝါစာ စသည်မပါသော အင်္ဂါ ၁၂ ပါးကို ရွတ်ဆိုကြသည်။