ပုရိမာ သင်္ခါရသိဒ္ဓေန၊ "ဆန္ဒရှိလျှင် အဘယ်အကျိုးသည် မပြီးစီးဘဲရှီအံ့နည်း" စသော ရှေးအဘို့၌ မိမိစိတ်ကို ပြုစီမံခြင်းအားဖြင့် ပြီးသော
ဓောရေယျဘာဝေန၊၊ ဝန်ကို ဆောင်နိုင်သည်၏ အဖြစ်ဖြင့်။
အဘိဘုယျ ပဝတ္တိယာ ဂရုဘာဝေါတိ ဇေဋ္ဌကဘာဝေါ၊
သမ္မာဝါ မိစ္ဆာဝါ။၊ ။ ဤအဖွင့်သည်
ယတော တတောဝါ၊ ၏ သဒ္ဒတ္ထ အဖွင့်မဟုတ်။ အဓိပ္ပါယတ္ထအဖွင့်သာတည်း။ ထို့ကြောင့်
အနုဋီကာ၊ ၌
ယတော တတောဝါတိ ဒုဂ္ဂတိတောဝါ သုဂတိတော ဝါ သံကိလေသတော ဝါ ဝေါဒါနတောဝါ နိယျာနဋ္ဌော၊ ဟု ဖွင့်၍
သွာယံ၊ (ထိုနိယျာနဋ္ဌ သည် )
ယထာက္ကမံ သမ္မာ မိစ္ဆာ ဝါ ဟောတီတိ အာဟ သမ္မာဝါ မိစ္ဆာဝွတိ အတ္ထော၊ တိဟု အဓိပ္ပါယတ္ထ ဖွင့်သည်။
**ဧဝံ အတ္ထေ ဂယှမာနေ**။၊
ဧဝံ ဝုတ္တနယေန ပဌမဒါဝ ဓာရဏဝသေန (အဟေတုကစိတ္တေသုဧဝ၊ ဟု ပဌမ ပုဒ်၌ အဝဓာရ အစွမ်းဖြင့် )
အတ္ထေ ဝိညာယမာနေ၊ အနု။ [နောက်လာမည့် နည်း၌ကား
"န လဗ္ဘန္တိ ဧဝ"၊ ဟု နောက်ပုဒ်၌ အဝဓာဏထည့်၍ အဓိပ္ပါယ်တမျိုးပြလိမ့်မည်။ ]
သမံ အဝိသမံ၊ အညီအညွတ်။
ဝါ၊ တနည်း။
သမ္မာ၊ ကောင်းစွာ။
ဝါ၊ တနည်း။
သဟ၊ တကွ။
**ဒဒမာနံဝိယ**။၊ ။ ရှေးရှေးစိတ်သည် မိမိချုပ်သည်၏ အဖြစ်ဖြင့် နောက်နောက် စိတ်အား အခွင့်ပေးသည်မှာ အမှန်ပင် မဟုတ်ပါလော။ အဘယ့်ကြောင့်
"ဒဒမာနံဝိယ"၊ ဟု ဝိယသဒ္ဒါထည့်၍ မသေမချာ ဆိုရပါသနည်း ဟု မေးဘွယ်ရှိ၏။ အဖြေကား- နောက်စိတ် ဖြစ်ခွင့်ပေးသည်ကား အမှန်ပင်ဖြစ်၏။ သို့သော် ပစ္စည်းတရားတို့မှ ထိုသို့ ဖြစ်ခွင့်ပေးလိုသော အဇ္ဈာသယ မရှိပါသော်လည်း ဖြစ်ခွင့်ပေးလိုသော အဇ္ဈာသယရှိသကဲ့သို့ တင်စား၍ တဒ္ဓမ္ပူပစာရအားဖြင့် (ရူပကအလင်္ကာနည်းအားဖြင့်) ဆိုထားပါသည်။
**ဧတ္ထစ ။ပေ။ ဝိဂတပစ္စယတာ**။ ။ နတ္ထိဘာဝ၊ မရှိသည်၏ အဖြစ််နှင့်
ဝိဂတဘာဝ၊ ကင်းသည်၏ အဖြစ်သည် ပစ္စည်းတရား၏ မရှိတော့ခြင်းအားဖြင့် တူသည် မဟုတ်ပါလော။ အဘယ်သို့ ထူးပါသေးသနည်းဟု မေးဘွယ်ရှိသော ကြောင့်
"ဧတ္ထ စ"၊ စသည်ကို မိန့်သည်။
နတ္ထိဘာဝ၊ နှင့်
ဝိဂတဘာဝ၊ သည် မရှိခြင်းအားဖြင့် တူမျှသော်လည်း မိမိရှိနေသမျှ နောက်စိတ်ဖြစ်ခွင့် မရသောကြောင့် မိမိ၏ မရှိခြင်းမျှဖြင့် ကျေးဇူးပြုခြင်းသည် မတ္ထိ ပစ္စည်း၏ အဖြစ်တည်း။ မိမိတည်းဟူသော
သဘာဝဓမ္မ၊ မကင်းသေးသမျျ နောက်သဘာဝဓမ္မဖြစ်ခွင့်မရသောကြောင့် မိမိတည်းဟူသော
သဘာဝဓမ္မ၊ ၏ ကင်းခြင်းသည် ဝိဂတပစ္စည်း၏ အဖြစ်တည်း။ ထို့ကြောင့်
နတ္ထိတာ နိရောဓာနန္တရသုညတာ၊၊ ချုပ်ပြီး၏ အခြားမဲ့၌ ထိုတရားနှင့်ဆိုင်ရာ ဘာမျှမကျန်တော့ဘဲ သုညဖြစ်ခြင်းသည် နတ္ထိပစ္စည်း၏ အဖြစ်တည်း။
[တတ္ထ နိရောဓာနန္တရာ န နိရောဓသမကာလာတိ အဓိပ္ပါယော အနု။]၊
ဝိဂတဘာ နိရောဓပ္ပတ္တတာ၊၊ ချုပ်ခြင်းသို့ ရောက်ပြီးသည်၏ အဖြစ်သည် ဝိဂတ၏ အဖြစ်တည်း။ ထိုပစ္စည်း ၂ ပါး၏ အထူးတည်း။ ထိုအထူးကို စဉ်းစားသောအခါ
ဝိဂတသဘော၊ သည် ဘင်အခို်၌ ထင်ရှား၏။
နတ္ထိ သဘော၊ ကား ချုပ်ပြီးနောက် (ဘင်၏နောက်) ကာလနှင့်ဆိုင်၏ ဟု ဉာဏ်၌ထင်ရှားလာသည်။
အတ္ထိ အဝိဂတ၊ အထူး။ ။ ပစ္စည်းတရား၏ ထင်ရှားရှိနေသည်၏ အဖြစ်သည် အတ္ထိ၏ အဖြစ်တည်း။ ပစ္စည်းတရား၏ ချုပ်ခြင်းတင်သို့ မရောက်သေးခြင်းသည် အဝိဂတ၏ အဖြစ်တည်း။
[ယထာ ဟိ နိရောဓာနန္တရနိရောဓပ္ပတ္တီဟိ နတ္ထိ ဝိဂတာနံ ဘေဒေါ လက္ခိတော၊ ဧဝံ ပစ္စယဓမ္မဿ ဓရမာနတာ နိရောဓာနုပဂမေဟိ အတ္ထိ အဝိဂတာနန္တိ၊ အနု။]၊