Issues
Select Version
arhaငasaddhammanandī-အရှင်သဒ္ဓမ္
မြန်မာဘာသာ
Nettippakaraṇa-aṭṭhakathā
Nettippakaraṇa-aṭṭhakathā

၁၁. ပညတ္တိဟာရဝိဘင်းအဖွင့်

Author: arhaငasaddhammanandī-အရှင်သဒ္ဓမ္ @ IAPT

၁၁. ပညတ္တိဟာရဝိဘင်းအဖွင့်

၃၉. **တတ္ထ ၊လ၊ ရော**တိ၊ သည်။ ပညတ္တိဟာရဝိဘင်္ဂေါ၊ တည်း။
တတ္ထ၊ ၌။ အယံ ပညတ္တိ၊ သည်။ ကာ ပန၊ နည်း။ ဣတိ၊ ဤသို့။ စောဒနာသမ္ဘဝတော၊ ကြောင့်။
"**ယာ ၊လ၊ ဒေသနာ**"တိ၊ ဟူ၍။ အာဟ၊ ၏။
ဣဒံ အယံ အဓိပ္ပါယော၊ ကို။ ဝုတ္တံ ဝုတ္တော၊ သည်။ ဟောတိ၊ ဖြစ်၏။ ဒေသနာဟာရာဒယော ဝိယ၊ ကဲ့သို့။ အဿာဒါဒိပဒတ္ထဝိသေသနိဒ္ဓါရဏံ၊ အဿာဒ အစရှိသော ပဒတ္ထအထူးကို ထုတ်ခြင်းကို။ အကတွာ၊ ၍။ ဘဂဝတော၊ ၏။ သာဘာဝိကဓမ္မကထာယ ကထာနှင့် ဒေသနာသည် အရမပြားသော်လည်းအဘေ ဒဘေဒူပစာရအားဖြင့်လည်းကောင်း၊ အပေါင်းအစိတ်ကို ဝေဖန်သောအားဖြင့် လည်းကောင်း ဓမ္မကထာယ ဒေသနာ-ဟု ဆိုပါသတည်း။ ၊ မိမိ၏ သဘောအားဖြင့် ဖြစ်သော တရားစကားဖြင့်။ ယာ **ဒေသနာ**၊ သည်။
ပဝတ္တာ၊ ဖြစ်၏။ တဿာ ဒေသနာယ၊ ကို။ ယာ ပညာပနာ၊ အကြင် အပြားအားဖြင့် သိစေခြင်းသည်။ အတ္ထိ၊ ၏။ အယံ ပညာပနာ၊ သည်။ **ပညတ္တိဟာရော**၊ မည်၏။
အဘယ့်ကြောင့် အဘယ်သည် နိက္ခေပ၊ အဘယ်သည် အဘယ့်ကြောင့် နိက္ခေပပညတ်မည်သနည်းဟူသော နှစ်ချက်သော စောဒနာကို ယထာက္ကမအားဖြင့် ဖြေအံ့သောငှာ 'ယသ္မာ ပန' အစရှိသော ပါဌ်ကို မိန့်သတည်း။ ယသ္မာ ပန၊ ကြောင့်ကား။ ဘဂဝတော၊ ၏။ သာ ဒေသနာ၊ သည်။ တထာ တထာ၊ ထိုထိုသို့သော ပရိညေယျ အစရှိသော အပြားအားဖြင့်။ ဝေနေယျသန္တာနေ၊ ဝေနေယျသတ္တဝါတို့၏ သန္တာန်၌။ ယထာဓိပ္ပေတံ၊ ဝေနေယျသတ္တဝါတို့၏အလိုအားလျော်သော။ အတ္ထံ၊ ဒေသေတဗ္ဗ ဖြစ်သော အနက်ကို။ ဝါ၊ ဒုက္ခသစ္စာအစရှိသော အနက်ကို။ နိက္ခိပတိ၊ ထားတတ်၏။ ဣတိ တသ္မာ၊ ကြောင့်။ **နိက္ခေပေါ**၊ မည်၏။
တဿ စ ထိုနိက္ခေပဟု ဆိုအပ်သော ဒေသနာ၏လည်း (အယံ ‌ဟာရောနှင့် သံဝဏ္ဏေတဗ္ဗ သမ္ဗန် သံဝဏ္ဏနာသမ္ဗန္ဓီစပ်)။ အယံ ဟာရော၊ ကို (ဝုတ္တောသို့ စပ်)။ ဒုက္ခာဒိသင်္ခါတေ၊ ကုန်သော။ ဘာဂေ၊ အဖို့တို့ကို (သဘာဂေလည်း ရှိ၏၊ သဘောတို့ကို ပေး)။ ပကာရေဟိ၊ တို့ဖြင့်။ ဉာပေတိ၊ သိစေတတ်၏။ ဝါ၊ ကား။ အသင်္ကရတော၊ အားဖြင့်။ ဌပေတိ၊ ၏။ တသ္မာ၊ ကြောင့်။ "**နိက္ခေပပညတ္တိ**"၊ ဟူ၍။ ဝုတ္တော၊ ၏။
ဣတိ၊ ဤသို့။ ပကတိကထာယ၊ ၏။ ဒေသနာတိ၊ ဟူ၍။ သင်္ခေပေန၊ ဖြင့်။ ဝုတ္တံ၊ သော။ အတ္ထံ၊ ကို။ ဝိတ္ထာရေန၊ ဖြင့်။ ဝိဘဇိတုံ၊ ငှာ။ "**ကာ စ ၊လ၊ ဒေသနာ**"တိ၊ ဟူ၍။ ပုစ္ဆိတွာ၊ ၍။ **စတ္တာရိ သစ္စာနီ**"တိ အာဒိံ၊ ကို။ အာဟ၊ ၏။
တတ္ထ၊ ထိုနိက္ခေပပညတ္တိဒေသနာ၌။ **ဣဒံ ဒုက္ခန္တိ အယံ ပညတ္တီ**တိ၊ ကား။ အတီတာဒိဝသေန၊ ဖြင့်။ အနေကဘေဒဘိန္နေ၊ များသော အပြားအားဖြင့် ပြားကုန်သော။ ကက္ခဠဖုသနာဒိသဘာဝေ၊ ကက္ခဠသဘော, ဖုသနသဘောအစရှိသော။ ရူပါရူပဓမ္မေ၊ ရုပ်နာမ်တရားတို့ကို။ အဘိန္ဒိတွာ၊ မခွဲခြမ်းမူ၍။ ပီဠနသင်္ခတသန္တာပ ဝိပရိဏာမဋ္ဌတာသာမညေန၊ နှိပ်စက်တတ်သောသဘော, အကြောင်းတရားတို့သည် ပြုပြင်အပ်သောသဘော, ပူပန်စေတတ်သောသဘောဖောက်ပြန်တတ်သောသဘော ရှိသည်၏အဖြစ်-ဟူသောအားဖြင့်။ ကုစ္ဆိတဘာဝါဒိမုခေန၊ စက်ဆုပ်အပ်သည်၏အဖြစ် အစရှိသည်ကို အရင်းပြုသဖြင့်။ ဧကဇ္ဈံ၊ တစ်ပေါင်းတည်း။ ဂဟဏဿ၊ ယူခြင်း၏။ ကာရဏဘူတာ၊ သော။ ယာ ပညတ္တိ၊ သည်။ အတ္ထိ၊ ၏။ အယံ ပညတ္တိ၊ သည်။ နိက္ခေပပညတ္တိ၊ မည်၏ (ဤသို့ ပေး)။ သာ ပန ပညတ္တိ၊ သည်ကား။ ကာ၊ နည်း။ ဣတိ၊ သို့။ စေ ဝဒေယျ၊ အံ့။
နာမပညတ္တိနိဗန္ဓနာ၊ နာမပညတ်နှင့် စပ်သော။ တဇ္ဇာပညတ္တိ၊ တဇ္ဇာပညတ်တည်း။
"ဝိညတ္တိဝိကာရသဟိတော၊ ဝိညတ်ဝိကာရနှင့် တကွဖြစ်သော။ သဒ္ဒေါ ဧဝ၊ သဒ္ဒသာတည်း"။ ဣတိ၊ သို့။ အပရေ၊ တိုသည်။ ဝဒန္တိ၊ ကုန်၏။
ဣမိနာ နယေန၊ ဖြင့်။ တတ္ထ တတ္ထ၊ ထိုထိုသို့သောအရာတို့၌။ ပညတ္တိအတ္ထော၊ ပညတ်၏ အနက်ကို။ ဝေဒိတဗ္ဗော၊ ၏။
"**ပဉ္စန္နံ ခန္ဓာန**"န္တိ အာဒိနာ၊ ဖြင့်။ တဿာ ပညတ္တိယာ၊ ၏။ ဥပါဒါနံ၊ စွဲလမ်းရာကို။ ဒဿေတိ၊ ၏။
**ဒသန္နံ ဣန္ဒြိယာန**န္တိ၊ ကား။ အဋ္ဌ၊ ကုန်သော။ ရူပိန္ဒြိယာနိ၊ ရုပ်ဣန္ဒြေတို့လည်းကောင်း။ မိန္ဒြိယံ၊ လည်းကောင်း။ ဝေဒနိန္ဒြိယံ၊ ဝေဒနိန္ဒြေ လည်းကောင်း။ ဣတိ ဧဝံ၊ သို့။ ဒသန္နံ၊ ကုန်သော။
အရှင်အဋ္ဌကထာဆရာ ဝေဒနိန္ဒြေငါးပါးဖြစ်၍ ဣန္ဒြေသည် ဗာဝီသတိ ဖြစ်ပါသည် မဟုတ်တုံလော-ဟု စောဒနာရှိရကား အနု ။လ။ ဧကမိန္ဒြိယံ-ဟူ‌သော ပါဌ်ကို မိန့်သော်။ ယင်းသို့ဆိုသော် သဒ္ဓိန္ဒြေ စသော ရှစ်ပါးနှင့်တကွ အဋ္ဌာရသ ဖြစ်ကောင်းသည်မဟုတ်တုံလော-ဟု စောဒနာရှိရကား 'တထာ သဒ္ဓါဒယော စ မဂ္ဂပက္ခိယာ' ပါဌ်ကို မိန့်သတည်း။ ဟိ၊ စွ။ အနုဘဝနသာမညေန၊ ခံစားခြင်းလက္ခဏာတူသော အားဖြင့်။ ဝေဒနာ၊ သည်။ ဧကံ၊ သော။ ဣန္ဒြိယံ၊ သည်။ ဟောတိ၊ ၏။ သဒ္ဓါဒယော စ၊ တို့ကိုလည်း။ မဂ္ဂပက္ခိယာ၊ မဂ်အဖို့ ရှိသည်တို့ကို။ ကတာ၊ ကုန်၏။ တစ်နည်းကား-မဂ္ဂပက္ခိယာ၊ ကုန်သော။ သဒ္ဓါဒယော စ၊ တို့ကိုလည်း။ ဒုက္ခသစ္စတော၊ မှ။ ဗဟိ၊ ကို။ ကတာ၊ ကုန်၏။ ဣတိ၊ သို့။ ဒဋ္ဌဗ္ဗံ၊ ၏။
ကဗဠံ၊ အလုပ်အလွေးကို။ ကရီယတိ၊ ပြုအပ်၏။ ဣတိ တသ္မာ၊ ကြောင့်။ **ကဗဠီကာရော**၊ မည်၏ (နိဂ္ဂဟိတာဂမအားဖြင့် ကဗဠိံကာရ ပြီးသည်ဟု အဋ္ဌသာလိနီယောဇနာ ဆို၏)။ ဣတိ၊ သို့။ ဝတ္ထုဝသေန၊ ဝတ္ထု၏ အစွမ်းအားဖြင့်။ အယံ နိဒ္ဒေသော၊ ဤသို့ ပြခြင်းသည်။ ဟောတိ၊ ၏။
အလုပ်အလွေး ပြုအပ်သော ခဇ္ဇနီယဘောဇနီယဝတ္ထုပင် ရပါသော် ဝတ္ထု၏ အစွမ်းအားဖြင့် ပြသည်-ဟု ဆိုကောင်းမည်လော စုဒ်ရှိရကား 'ယာယ' စသည်ကို တက်သတည်း။ ဧတံ၊ ဤကဗဠီကာရ-ဟူသော အမည်သည်။ ယာယ ဩဇာယ၊ ဖြင့်။ သတ္တာ၊ တို့သည်။ ယာပေန္တိ၊ မျှကုန်၏။ တဿာ ဩဇာယ၊ ၏။ အဓိဝစနံ၊ အမည်တည်း။
ခဇ္ဇနိယစသော ဝတ္ထုသာ ဩဇဋ္ဌမကရုပ်ကို ဆောင်တတ်သော ဩဇာ၏ အမည်-ဟုဆိုသော စကားလည်း မသင့်သေးစုဒ်ရှိရကား 'သာ ဟိ' စသည်ကိုမိန့်သော်။ ဤအနုသန္ဓေအားဖြင့် 'ဟိ' သဒ္ဒါကို ဒဠှီ ယူ။ တစ်နည်းကား-ကဗဠီကာရ၏ ဝစနတ္ထကိုလည်းကောင်း၊ အရသရုပ်ကိုလည်းကောင်း ဆရာဆိုပြီ။ အဘယ့်ကြောင့် ထိုဩဇာသည် အာဟာရမည် သနည်း-ဟု စုဒ်ရှိရကား 'သာ ဟိ' စသည်ကို မိန့်သော်။ ဤအလိုကား ဟိသဒ္ဒါကို ဝါကျာရမ္ဘပက္ခန္တရ ယူ။ ဟိ၊ စွ။ သာ၊ ထိုဩဇာသည်။ (ဋ္ဌ၊ ၁၂၂) ဩဇဋ္ဌမကဿ၊ ဩဇာလျှင်ရှစ်ခုမြောက်ရှိသော။ ရူပဿ၊ ကို။ အာဟရဏတော၊ ‌ ဆောင်တတ်သော‌ကြောင့်။ **အာဟာရော**၊ မည်၏။
**အတ္ထီ**တိ၊ ကား။ မဂ္ဂေန၊ ဖြင့်။ အသမုစ္ဆိန္နတာယ၊ အကြွင်းမဲ့မဖြတ်အပ်သည်၏ အဖြစ်ကြောင့်။ ဝိဇ္ဇတိ၊ ၏။
**ရာဂေါ**တိ၊ ကား။ ရဉ္ဇနဋ္ဌေန၊ တပ်တတ်သော သဘောကြောင့်။ ရာဂေါ၊ မည်၏။
နန္ဒဋ္ဌေန၊ နှစ်သက်တတ်သော သဘောကြောင့်။ **နန္ဒီ**၊ မည်၏။
တဏှာယနဋ္ဌေန၊ တောင့်တတ်သော သဘောကြောင့်။ **တဏှာ**၊ မည်၏။
သဗ္ဗာနိ၊ ကုန်သော။ ဧတာနိ၊ ဤ ရာဂ အစရှိသည်တို့သည်။ လောဘဿေဝ၊ ၏သာလျှင်။ နာမာနိ၊ တို့တည်း။
**ပတိဋ္ဌိတံ တတ္ထ ဝိညာဏံ ဝိရုဠှ**န္တိ၊ ကား။ ကမ္မံ၊ ကို။ ဇဝါပေတွာ၊ ဖြစ်စေ၍။ ပဋိသန္ဓိအာကဍ္ဎနသမတ္ထတာယ၊ ပဋိသန္ဓေကိုငင်ခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်ကြောင့်။ ဝိညာဏံ၊ သည်။ ပတိဋ္ဌိတဉ္စေဝ၊ တည်လည်းတည်၏။ ဝိရုဠှဉ္စ၊ တက်လည်း တက်၏။
**ယတ္ထာ**တိ၊ ကား။ တေဘူမကဝဋ္ဋေ၊ ၌။ ဘုမ္မံ၊ သတ္တမီဝိဘတ်တည်း ('တွာ‌ဒယော ဝိဘတ္တိသညာယော' သုတ်ဖြင့် ဝိဘတ်မည်ရကား တ္ထပစ္စည်းကိုပင် ဘုမ္မ-ဟူပါသည်)။ သဗ္ဗတ္ထ ဝါ၊ အလုံးစုံသော အရာ၌လည်း။ ပုရိမပုရိမပဒေ၊ ၌။ ဧတံ ဘုမ္မံ၊ ဤသတ္တမီဝိဘတ်သည်။ ဟောတိ၊ ၏။
**အတ္ထိ တတ္ထ သင်္ခါရာနံ ဝုဒ္ဓီ**တိ ဣဒံ ဝစနံ၊ ကို။ ဣမသ္မိံ ဝိပါကဝဋ္ဋေ၊ ၌။ ဌိတဿ၊ တည်သော သူအား။ အာယတိံ၊ နောင်အခါ၌။ ဝဍ္ဎနဟေတုကာ၊ ပွားခြင်း၏အကြောင်းဖြစ်ကုန်သော။ ယေ သင်္ခါရာ၊ တို့သည်။ သန္တိ၊ ကုန်၏။ တေ သင်္ခါရေ၊ တို့ကို။ သန္ဓာယ၊ ၍။ ဝုတ္တံ၊ ၏။
"**ယတ္ထ အတ္ထိ အာယတိံ ပုနဗ္ဘဝါဘိနိဗ္ဗတ္တီ**"တိ၊ ကား။ ယသ္မိံ ဌာနေ၊ အကြင်ဘဝ ရှိသည်ဟု ဆိုအပ်သော အရပ်၌။ အာယတိံ၊ ၌။ ပုနဗ္ဘဝါဘိနိဗ္ဗတ္တိ၊ ဘဝသစ်၏ ဖြစ်ခြင်းသည်။ အတ္ထိ၊ ၏။
**အတ္ထိ တတ္ထ အာယတိံ ဇရာမရဏ**န္တိ၊ ကား။ ယတ္ထ၊ အကြင်အရပ်၌။ ပဋိသန္ဓိဂ္ဂဟဏံ၊ ပဋိသန္ဓေယူခြင်းသည်။ ဟောတိ၊ ၏။ တတ္ထ၊ ထိုအရပ်၌။ ခန္ဓာနံ၊ တို့၏။ အဘိနိဗ္ဗတ္တိလက္ခဏာ၊ ထင်ရှားဖြစ်ခြင်းလက္ခဏာရှိသော။ ဇာတိ စ၊ သည် လည်းကောင်း။ ပရိပါကလက္ခဏာ၊ ရင့်ခြင်း လက္ခဏာရှိသော။ ဇရာ စ၊ သည် လည်းကောင်း။ ဘေဒနလက္ခဏံ၊ ပျက်ခြင်းလက္ခဏာရှိသော။ မရဏဉ္စ၊ သည် လည်းကောင်း။ အတ္ထိ၊ ၏။
**အယံ ၊လ၊ စာ**တိ ဧတ္ထ၊ ၌။ ယထာဝုတ္တာ၊ သော။ အယံ ဒေသနာ၊ သည်။ ဝိပါကဝဋ္ဋဿ စ၊ ၏လည်းကောင်း။ သင်္ခါရာနဉ္စ၊ တို့၏ လည်းကောင်း။ တဏှာပစ္စယနိဒ္ဒေသတော၊ တဏှာဟူသောအကြောင်းကို ပြခြင်းကြောင့်။ ဒုက္ခသစ္စဿ စ၊ ၏လည်းကောင်း။ သမုဒယသစ္စဿ စ၊ ၏လည်းကောင်း။ သမုဋ္ဌာနပညတ္တိ၊ ဖြစ်စေတတ်သော အကြောင်းကို သိစေတတ်သော ပညတ်မည်၏။ ဣတိ အယံ၊ လျှင်။ အဓိပ္ပါယော၊ တည်း။
နတ္ထိ ရာဂေါ 'ကဗဠီကာရေ စေ'၌ စေ သဒ္ဒါကို 'နတ္ထိ'ပုဒ်နှင့် ယှဉ်၍ ယောဇနာ အပ်သောကြောင့် 'နတ္ထိ စေ ‌ရာဂေါ'-ဟု ပုဒ်ကို တည်ထုတ်အပ်သတည်း။ တိ၊ ကား။ အဂ္ဂမဂ္ဂဘာဝနာယ၊ အရဟတ္တမဂ်ကို ပွားစေသဖြင့်။ သမုစ္ဆိန္နတ္တာ၊ ကြောင့်။ ရာဂေါ၊ သည်။ စေ နတ္ထိ၊ အံ့။
**အပ္ပတိဋ္ဌိတံ တတ္ထ ဝိညာဏံ အဝိရူဠှ**န္တိ ဧတ္ထ၊ ၌။ ကမ္မံ၊ ကို။ ဇဝါပေတွာ၊ ၍။ ပဋိသန္ဓိအာကဍ္ဎနသမတ္ထတာယ၊ ပဋိသန္ဓေကို ငင်ခြင်းငှာ စွမ်းနိုင်သည်၏ အဖြစ်၏။ အဘာဝေန၊ မရှိသဖြင့်။ ဝါ၊ မရှိခြင်းကြောင့်။ အပ္ပတိဋ္ဌိတဉ္စေဝ၊ လည်းမတည်။ အဝိရုဠှဉ္စ၊ ရောက်လည်း မရောက်။ ဣတိ၊ သို့။ ဝုတ္တပဋိပက္ခနယေန၊ ဆိုအပ်ပြီးသည်မှ ဆန့်ကျင်သော နည်းဖြင့်။ အတ္ထော၊ ကို။ ဝေဒိတဗ္ဗော၊ ၏။
"**အယံ ပရိညာပညတ္တီ**"တိ အာဒိနာ၊ ဖြင့်။ ဧကာဘိသမယဝသေနေဝ၊ တစ်ပြိုင်နက်သိခြင်း၏ အစွမ်းအားဖြင့်သာလျှင်။ မဂ္ဂသမ္မာဒိဋ္ဌိ၊ သည်။ စတူသု၊ ကုန်သော။ အရိယသစ္စေသု၊ တို့၌။ ပဝတ္တတိ၊ ၏။ ဣတိ၊ သို့။ ဒဿေတိ၊ ၏။
**အယံ ဘာဝနာပညတ္တီ**တိ၊ ကား။ ဒွါရာရမ္မဏေဟိ၊ ဒွါရ အာရုံတို့နှင့်။ သဟ၊ ကွ။ ဆဒွါရပ္ပဝတ္တဓမ္မာနံ၊ ခြောက်ပါးသော ဒွါရတို့၌ ဖြစ်ကုန်သော တရားတို့၏။ အယံ အနိစ္စာနုပဿနာ၊ ဤအနိစ္စအားဖြင် ရှုခြင်းကို ပြသော ဒေသနာသည်။ မဂ္ဂဿ၊ ၏။ ဝါ၊ ကို။ ဘာဝနာပညတ္တိ၊ ပွားစေခြင်းကို အပြားအားဖြင့် သိစေတတ်သော ပညတ်တည်း။
**နိရောဓပညတ္တိ နိရောဓဿာ**တိ၊ ကား။ ရောဓသင်္ခါတာယ၊ ရောဓဟုဆိုအပ်သော။ တဏှာယ၊ ၏။ မဂ္ဂေန၊ ဖြင့်။ အနဝသေသနိရောဓပညတ္တိ၊ အကြွင်းမဲ့ချုပ်ခြင်းကို အပြားအားဖြင့် သိစေသော ပညတ်တည်း။
**ဥပ္ပါဒပညတ္တီ**တိ၊ ကား။ ဥပ္ပါဒဿ၊ ဖြစ်ခြင်းကို။ ပညာပနာ၊ အပြားအားဖြင့် သိစေခြင်းတည်း။
**ဩကာသပညတ္တီ**တိ၊ ကား။ ဌာနဿ၊ တည်ခြင်းကို။ ပညာပနာ၊ တည်း။
**အာဟဋနာပညတ္တီ**တိ၊ ကား။ နီဟရဏပညတ္တိ၊ ထုတ်ခြင်းကို အပြားအားဖြင့် သိစေသော ပညတ်တည်း။
**အာသာဋိကာန**န္တိ၊ ကား။ ဂုန္နံ၊ နွားတို့၏။ ဝဏေသု၊ အမာတို့၌။ နီလမက္ခိကာဟိ၊ ယင်မဲရိုင်းတို့သည်။ ဌပိတအဏ္ဍကာ၊ ထားအပ်သောအဥတို့သည်။ အသာဋိကာ နာမ၊ မည်ကုန်၏။
ဧတ္ထ၊ ဤအရာ၌။ ယဿ၊ အကြင်သတ္တဝါအား (ဤကား ဧတ္ထ ယဿ-ဟု ရှိသော ပါဌ်အတိုင်း ပေးသည်၊ ယတ္ထ အယံ-ဟူ၍လည်း ရှိ၏၊ ဆင်ခြင်ပါ)။ ဥပ္ပန္နာ၊ ကုန်၏။ တဿ သတ္တဿ၊ ၏။ အနယဗျသနဟေတုတာယ၊ အကျိုးမဲ့ပျက်စီးခြင်း၏ အကြောင်းဖြစ်သည်၏အဖြစ်ကြောင့်။ အာသာဋိကာ ဝိယ၊ ယင်ဥတို့ကဲ့သို့။ ဟောန္တိ၊ ကုန်၏။ ဣတိ တသ္မာ၊ ကြောင့်။ အာသာဋိကာ၊ မည်ကုန်၏။ ကိလေသာ၊ တို့ကို။ လဗ္ဘန္တိ၊ ကုန်၏။ တေသံ၊ အာသာဋိကာနံ= ထိုယင်ဥနှင့်တူသော ကိလေသာတို့ကို။
သမုဂ္ဃါတပညတ္တိ၊ အကြွင်းမဲ့ဖြတ်ခြင်းကို အပြားအားဖြင့် သိစေခြင်းသည်။ **အဘိနိဃာတပညတ္တီ**တိ၊ မည်၏။
၄၁. ဧဝံ၊ သို့။ ဝဋ္ဋဝိဝဋ္ဋမုခေန စ၊ ဝဋ္ဋဝိဝဋ္ဋကို အရင်းပြုသဖြင့်လည်းကောင်း။ သမ္မသနဥပါဒါနက္ခန္ဓမုခေန စ၊ တရားကို သုံးသပ်ခြင်း ဥပါဒါနက္ခန္ဓာတို့ကို အရင်းပြုသဖြင့်လည်းကောင်း။ သစ္စေသု၊ တို့၌။ ပညတ္တိဝိဘာဂံ၊ ပညတ်ကို ဝေဖန်ခြင်းကို။ ဒဿေတွာ၊ ၍။ ဣဒါနိ၊ ၌။ သစ္စေသု၊ တို့၌ (လိုက်စေသည်)။ တေပရိဝဋ္ဋဝသေန၊ သုံးပါးသော အပြန်၏ အစွမ်းအားဖြင့် (သစ္စာဉာဏ်, ကိစ္စဉာဏ်, ကတဉာဏ်သုံးပါးကို တေပရိဝဋ္ဋ ယူ)။ ဒဿေတုံ၊ ငှာ။ "**ဣဒံ ၊လ၊ (ဋ္ဌ၊ ၁၂၃) ဘိက္ခဝေ**"တိ အာဒိ၊ ကို။ အာရဒ္ဓံ၊ ၏။
တတ္ထ ဝစနေ၊ ၌။ ဒဿနဋ္ဌေန၊ မြင်တတ်သော သဘောကြောင့်။ **စက္ခု**၊ မည်၏။
ယထာသဘာဝတော ဇာနနဋ္ဌေန၊ သဘောအား လျော်စွာ သိတတ်သောသဘောကြောင့်။ ဝါ၊ အကြင်အကြင်သို့သော သဘောကို သိတတ်သောသဘောကြောင့်။ **ဉာဏံ**၊ မည်၏။
ပဋိဝိဇ္ဈနဋ္ဌေန၊ ကြောင့်။ **ပညာ**၊ မည်၏။
ဝိဒိတကရဏဋ္ဌေနာ၊ ထင်ရှားပြုတတ်သော သဘောကြောင့်။ **ဝိဇ္ဇာ**၊ မည်၏။
ဩဘာသနဋ္ဌေန၊ ထွန်းလင်းတတ်သော သဘောကြောင့်။ **အာလောကော**၊ မည်၏။
သဗ္ဗံ၊ အလုံးစုံသည်။ ပညာဝေဝစနမေဝ၊ ပညာ၏ ဝေဝုစ်သာတည်း။
အယံ၊ ဤစက္ခုံ ဥဒပါဒိ အစရှိသော ဒေသနာသည်။ ဝေဝစနပညတ္တိ၊ ဝေဝုစ်ကို အပြားအားဖြင့် သိစေသော ပညတ်တည်း။
**သစ္ဆိကိရိယာပညတ္တီ**တိ၊ ကား။ ပစ္စက္ခကရဏပညတ္တိ၊ မျက်မှောက်ပြုခြင်းကို အပြားအားဖြင့် သိစေသော ပညတ်တည်း။
**တုလမတုလဉ္စာ**တိ ဂါထာယံ၊ ၌။ ပစုရဇနာနံ၊ အပြိန်အဖျင်းဖြစ်သောလူတို့၏။ ဝါ၊ တို့သည်။ ပစ္စက္ခဘာဝတော၊ မျက်မှောက်ပြုအပ်သည်၏ အဖြစ်ကြောင့်။ တုလိတံ ပရိစ္ဆိန္နံ၊ ပိုင်းခြားအပ်၏။ ဣတိ တသ္မာ၊ ကြောင့်။ **တုလံ**၊ မည်၏။ ကာမာဝစရံ၊ ကာမာဝစရကံ တည်း။ ဝါ၊ ကို။ လဗ္ဘတိ၊ ၏။
တုလံ၊ ပိုင်းခြားအပ်သည်။ န၊ မဟုတ်။ ဣတိ တသ္မာ၊ ကြောင့်။ **အတုလံ**၊ မည်၏။ ဝါ၊ ကား။ အဿ၊ ထိုမဟဂ္ဂုတ်ကံအား။ တုလံ သဒိသံ၊ သော။ အညံ၊ သော။ လောကိယကမ္မံ၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ တသ္မာ၊ ကြောင့်။ **အတုလံ**၊ မည်၏။ မဟဂ္ဂတကမ္မံ၊ တည်း။
ဝါ၊ ကား။ ကာမာဝစရရူပါဝစရကမ္မံ၊ သည်။ **တုလံ**၊ မည်၏။ အရူပါဝစရံ၊ အရူပါဝစရကံသည်။ **အတုလံ**၊ မည်၏။ ဝါ၊ ကား။ အပ္ပဝိပါကံ၊ နည်းသော အကျိုးရှိသော ကံသည်။ **တုလံ**၊ မည်၏။
ဗဟုဝိပါကံ၊ သည်။ **အတုလံ**၊ မည်၏။
ဧတေန ကမ္မေန၊ ဖြင့်။ သမ္ဘဝတိ၊ ဖြစ်တတ်၏။ ဣတိ တသ္မာ၊ ကြောင့်။ **သမ္ဘဝံ**၊ မည်၏။ သမ္ဘဝဟေတုဘူတံ၊ ဘဝ၏ အကြောင်းဖြစ်၍ဖြစ်သော။
**ဘဝသင်္ခါရံ** ပုနဗ္ဘဝသင်္ခရဏကံ၊ ဘဝသစ်ကို ပြုပြင်တတ်သော။
**အဝဿဇီ**တိ၊ ကား။ ဝိဿဇ္ဇေသိ၊ စွန့်၏။
**မုနီ**တိ၊ ကား။ ဗုဒ္ဓမုနိ၊ ဘုရားတည်းဟူသော မုနိသည်။
**အဇ္ဈတ္တရတော**တိ၊ ကား။ နိယကဇ္ဈတ္တရတော၊ မိမိသန္တာန်ဖြစ်သောတရားတို့၌ မွေ့လျော်သည်ဖြစ်၍ (ဝိပဿနာ၏ အစွမ်းအားဖြင့်လည်းကောင်း၊ ဂေါစရာသေဝန၏ အစွမ်းအားဖြင့်လည်းကောင်း မွေ့လျော်သည်-ဟူလိုသော်)။
**သမာဟိတော**တိ၊ ကား။ ဥပစာရပ္ပနာသမာဓိဝသေန၊ ဥပစာရသမာဓိအပ္ပနာသမာဓိ၏ အစွမ်းအားဖြင့်။ သမာဟိတော၊ ၍။
**အဘိန္ဒိ ကဝစမိဝါ**တိ၊ ကား။ ကဝစံ ဝိယ၊ ချပ်ကိုကဲ့သို့။ ဘိန္ဒိ၊ ဖျက်ဆီးပြီ။
**အတ္တသမ္ဘဝ**န္တိ၊ ကား။ အတ္တနိ၊ ၌။ သဉ္ဇာတံ၊ သော။ ကိလေသံ၊ ကို။
ဣဒံ အယံ အဓိပ္ပါယော၊ ကို။ ဝုတ္တံ ဝုတ္တော၊ သည်။ ဟောတိ၊ ၏။ သဝိပါကဋ္ဌေန၊ အကျိုးပေးတတ်သော သဘောကြောင့်။ သမ္ဘဝန္တိ စ၊ ဟူ၍လည်းကောင်း။ ဘဝသင်္ခါရန္တိ စ၊ ဟူ၍လည်းကောင်း။ လဒ္ဓနာမံ၊ ရအပ်သောအမည်ရှိသော။ တုလာတုလသင်္ခါတံ၊ တုလ, အတုလဟု ဆိုအပ်သော။ လောကိယကမ္မဉ္စ၊ ကိုလည်း။ ဩဿဇိ၊ စွန့်ပြီ။ သင်္ဂါမသီသေ၊ စစ်မြေအဝ၌။ မဟာယောဓော၊ သူရဲကြီးသည်။ ကဝစံ၊ ချပ်ကို။ ဘိန္ဒတိ ဝိယ၊ ဖျက်ဆီးသကဲ့သို့။ အတ္တသမ္ဘဝံ၊ မိမိ၌ဖြစ်သော။ ကိလေသဉ္စ၊ ကိုလည်း။ အဇ္ဈတ္တရတော၊ မိမိသန္တာန်၌ ဖြစ်သောတရားတို့၌ မွေ့လျော်သည်။ သမာဟိတော၊ သည်။ ဟုတွာ၊ ၍။ အဘိန္ဒိ၊ ဖျက်ဆီးပြီ။ ဣတိ၊ သို့။ ဝုတ္တံ ဝုတ္တော၊ သည်။ ဟောတိ၊ ၏။
အထ ဝါ၊ ကား။ **တုလ**န္တိ၊ ကား။ တုလယန္တော တီရေန္တော၊ စူးစမ်းသည်ဖြစ်၍။
**အတုလဉ္စ သမ္ဘဝ**န္တိ၊ ကား။ နိဗ္ဗာနဉ္စေဝ၊ ကိုလည်းကောင်း။ သမ္ဘဝဉ္စ၊ ဘဝကိုလည်းကောင်း။
**ဘဝသင်္ခါရ**န္တိ၊ ကား။ ဘဝဂါမိကမ္မံ၊ ဘဝသို့ လားစေတတ်သော ကံကို။
**အဝဿဇိ မုနီ**တိ၊ ကား။ "ပဉ္စက္ခန္ဓာ၊ တို့သည်။ အနိစ္စာ၊ ကုန်။ တေသံ၊ ထိုခန္ဓာငါးပါးတို့၏။ နိရောဓော၊ ချုပ်ရာဖြစ်သော။ နိဗ္ဗာနံ၊ သည်။ နိစ္စံ၊ ၏"။ ဣတိ အာဒိနာ၊ သော။ နယေန၊ ဖြင့်။ တုလယန္တော၊ စူးစမ်းသည်ဖြစ်၍။ ဗုဒ္ဓမုနိ၊ သည်။ ဘဝေ၊ ၌။ အာဒီနဝဉ္စ၊ အပြစ်ကိုလည်းကောင်း။ နိဗ္ဗာနေ၊ ၌။ အာနိသံသဉ္စ၊ ကိုလည်းကောင်း။ ဒိသွာ၊ ၍။ ခန္ဓာနံ၊ တို့၏။ မူလဘူတံ၊ သော။ တံ ဘဝသင်္ခါရံ၊ ထိုဘဝကို ပြုပြင်တတ်သော ကံကို။ ကမ္မက္ခယကရေန၊ ကံ၏ကုန်ခြင်းကို ပြုတတ်သော။ အရိယမဂ္ဂေန၊ ဖြင့်။ အဝဿဇိ၊ စွန့်ပြီ။
ကထံ အဝဿဇိ၊ နည်းဟူမူကား။
အဇ္ဈတ္တရတော၊ ၍။ အဝဿဇိ၊ ပြီ။
ဟိ၊ စွ။ သော၊ ထိုဘုရားတည်းဟူသော မုနိသည်။ ဝိပဿနာဝသေန၊ ဖြင့်။ **အဇ္ဈတ္တရတော**၊ ၍။ သမထဝသေန၊ ဖြင့်။ **သမာဟိတော**၊ ၍။ **ကဝစမိဝ**၊ ကိုကဲ့သို့။ အတ္တဘာဝံ၊ ကို။ ပရိယောနန္ဓိတွာ၊ မြှေးယှက်၍။ ဌိတံ၊ သော။ အတ္တနိ၊ ၌။ သမ္ဘဝတ္တာ၊ ဖြစ်သည်၏ အဖြစ်ကြောင့်။ "**အတ္တသမ္ဘဝ**"န္တိ၊ ဟူ၍။ လဒ္ဓနာမံ၊ သော။ သဗ္ဗံ၊ သော။ ကိလေသဇာတံ၊ ကိလေသာ အပေါင်းကို။ အဘိန္ဒိ၊ ဖျက်ဆီးပြီ။ ကိလေသာဘာဝေ စ၊ ကိလေသာ မရှိသည်၏ အဖြစ်ကြောင့်။ ကမ္မံ၊ သည်။ ဝါ၊ ကို။ အပ္ပဋိသန္ဓိကတ္တာ၊ ပဋိသန္ဓေကို မဖြစ်စေသည်၏ အဖြစ်ကြောင့်။ အဝဿဋ္ဌံ နာမ၊ စွန့်အပ်သည် မည်သည်။ ဟောတိ၊ ၏။ ကိလေသာဘာဝေန၊ ကိလေသာ မရှိသဖြင့်။ ကမ္မံ၊ ကို။ ဇဟိ၊ ၏။ ဣတိ အယံ၊ လျှင်။ အတ္ထော၊ တည်း။
သင်္ခတာသင်္ခတဓာတုဝိနိမုတ္တဿ၊ သင်္ခတအသင်္ခတဓာတ်မှ လွတ်သော။ အဘိညေယျဿ၊ ထူးသော ဉာဏ်ဖြင့် သိအပ်သော တရား၏။ အဘာဝတော၊ ကြောင့်။ "**တုလ ၊လ၊ ဓမ္မာန**"န္တိ၊ ဟူ၍။ ဝုတ္တံ၊ ၏။
တေန၊ ထိုတုလမတုလသမ္ဘဝံ ဟူသောပါဌ်ဖြင့်။ ဓမ္မပဋိသမ္ဘိဒါ၊ ကို။ ဝုတ္တာ၊ သည်။ ‌ဟောတိ၊ ၏။
ဣတိ တသ္မာ၊ ကြောင့်။ "**နိက္ခေပပညတ္တိ ဓမ္မပဋိသမ္ဘိဒါယာ**"တိ၊ ဟူ၍။ အာဟ၊ ၏။
ဘဝသင်္ခါရေသု၊ ဘဝကို ပြုပြင်တတ်သော ကံတို့တွင်။ သမုဒယပက္ခိယံ၊ သမုဒယသစ္စာ၏ အဖို့၌ဖြစ်သော ကံကို။ သန္ဓာယ၊ ၍။ "**ပရိစ္စာဂပညတ္တီ**"တိ၊ ၍။ အာဟ၊ ၏။
ဒုက္ခသစ္စပက္ခိယဝသေန၊ ဒုက္ခသစ္စာ၏ အဖို့၌ဖြစ်သော ကံ၏အစွမ်းဖြင့်။ "**ပရိညာပညတ္တီ**"တိ၊ ဟူ၍။ အာဟ၊ ၏။
'ဘာဝနာပညတ္တိ ကာယဂတာယ သတိယာ'ဆိုက ဌိတိပညတ္တိ-စိတ္တေကဂ္ဂတာကိုမဆိုမနေကောင်းပါ။ 'ဌိတိပညတ္တိ စိတ္တေကဂ္ဂတာယ' ဆိုကလည်း 'ဘဝနာပညတ္တိ ကာယဂတာယ သတိယာ'ကို မဆိုမနေကောင်းပါသလော-ဟု စောဒနာရှိရကား 'သမာဓာနဝိသိဋ္ဌဿ' အစရှိသော ပါဌ်ကို ဆိုသတည်း။ (ဋ္ဌ၊ ၁၂၄) သမာဓာနဝိသိဋ္ဌဿ၊ တည်ကြည်ခြင်းဖြင့် အထူးပြုအပ်သော။ အဇ္ဈတ္တရတဘာဝဿ၊ မိမိသန္တာန်၌ ဖြစ်သော တရားတို့၌ မွေ့လျော်သည်၏ အဖြစ်၏။ ဝသေန၊ ဖြင့်။ "**ဘာဝနာ ၊လ၊ သတိယာ**"တိ၊ ၍။ ဝုတ္တံ၊ ၏။
အဇ္ဈတ္တရတတာ ဝိသိဋ္ဌဿ၊ မိမိသန္တာန်၌ဖြစ်သော တရားတို့၌ မွေ့လျော်သည်၏ အဖြစ်ဖြင့်အထူးပြုအပ်သော။ သမာဓာနဿ၊ တည်ကြည်ခြင်း၏။ ဝသေန ပန၊ ဖြင့်ကား။ "**ဌိတိပညတ္တိစိတ္တေကဂ္ဂတာယာ**"တိ၊ ၍။ ဝုတ္တံ၊ ၏။ ဣတိ၊ သို့။ ဒဋ္ဌဗ္ဗံ၊ ၏။
**အဘိနိဗ္ဗိဒါပညတ္တိ စိတ္တဿာ**တိ၊ ကား။ အာယုသင်္ခါရောဿဇ္ဇနဝသေန၊ အာယုသင်္ခါရကို လွှတ်ခြင်း၏ အစွမ်းအားဖြင့်။ စိတ္တဿ၊ ကို။ အဘိနီဟရဏပညတ္တိ၊ ပရိနိဗ္ဗာန်ပြုခြင်းသို့ ရှေးရှုဆောင်ခြင်းကို အပြားအားဖြင့် သိစေတတ်သောပညတ်တည်း။
**ဥပါဒါနပညတ္တီ**တိ၊ ကား။ ဂဟဏပညတ္တိ၊ ယူခြင်းကို အပြားအားဖြင့်သိစေသော ပညတ်တည်း။
**သဗ္ဗညုတာယာ**တိ၊ ကား။ သမ္မာသဗ္ဗုဒ္ဓဘာဝဿ၊ အလုံးစုံသော တရားကို မဖောက်မပြန် ကိုယ်တော်တိုင် သိသည်၏ အဖြစ်ကို။
ဧတေန၊ ဤသဗ္ဗညုတာယဟူသော ပါဌ်ဖြင့်။ အသမ္မာသမ္ဗုဒ္ဓဿ၊ သမ္မာသမ္ဗုဒ္ဓ မဟုတ်သော သူအား။ ဝါ၊ ၏။ အာယုသင်္ခါရော‌ဿဇ္ဇနံ၊ သည်။ နိတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ဒဿေတိ၊ ၏။
ကိလေသာဘာဝေန၊ ကိလေသာ မရှိသဖြင့်။ ဘဂဝါ၊ သည်။ ကမ္မံ၊ ကို။ ဇဟတိ၊ ၏။ ဣတိ၊ သို့။ ဒဿေန္တော၊ ၍။ "**ပဒါလနပညတ္တိ အဝိဇ္ဇဏ္ဍကောသာန**"န္တိ၊ ၍။ အာဟ၊ ၏။
**ယော ဒုက္ခမဒ္ဒက္ခိ ယတောနိဒါန**န္တိ၊ ကား။ အာရဒ္ဓဝိပဿကော၊ သော။ ယော ဇန္တု၊ အကြင်ပုဂ္ဂိုလ်သည်။ သဗ္ဗံ၊ သော။ တေဘူမကံ၊ ဘုံသုံးပါး၌ ဖြစ်သော။ ဒုက္ခံ၊ ကို။ အဒက္ခိ ပဿိ၊ မြင်မြီ။ တဉ္စ၊ ထိုတေဘူမကဒုက္ခသည်လည်း။ **ယတော နိဒါနံ** ယံဟေတုကံ၊ အကြင်တဏှာလျှင် အကြောင်းရှိ၏။ တမ္ပိ တဏှံ၊ ကိုလည်း။ အဿ၊ ထိုတေဘူမကဒုက္ခ၏။ ကာရဏဘာဝေန၊ ဖြင့်။ ပဿိ၊ ပြီ။
**ကာမေသု သော ဇန္တု ကထံ နမေယျာ**တိ၊ ကား။ ဧဝံ၊ သို့။ ပဋိပန္နော၊ ကျင့်သော။ သော ပုရိသော၊ ထိုပုဂ္ဂိုလ်သည်။ သဝတ္ထုကာမေသု၊ ဝတ္ထုကာမနှင့်တကွ ဖြစ်ကုန်သော။ ကိလေသကာမေသု၊ တို့၌။ ယေန ပကာရေန၊ ဖြင့်။ နမေယျ အဘိနမေယျ၊ ရှေုးရှုညွတ်ရာ၏။ သော ပကာရော၊ သည်။ နတ္ထိ၊ မရှိ။
ကသ္မာ၊ ကား။
**ဟိ** ယသ္မာ၊ ကြောင့်။ **လော‌ကေ**၊ ၌။ **ကာမာ**၊ တို့သည်။ **သင်္ဂေါ**၊ ငြိကပ်တတ်‌သော အရာတည်း။ ဣတိ၊ သို့။ ဉတွာ၊ ၍။ ဝါ၊ ကြောင့်။ သော ပကာရော၊ သည်။ နတ္ထိ၊ မရှိ။
ကာမာ ဟိ လောကေ သင်္ဂေါတိ ဉတွာကို ဖွင့်လိုရကား 'ယသ္မာ' စသည်ကို မိန့်သတည်း။ ယသ္မာ၊ ကြောင့်။ ဣမသ္မိံ လောကေ၊ ၌။ ကာမသဒိသံ၊ သော။ ဗန္ဓနံ၊ သည်။ နတ္ထိ၊ မရှိ။
ဟိ၊ စွ။ ဘဂဝတာ၊ သည်။ "န တံ ဒဠှံ ဗန္ဓနမာဟု ဓီရာ"တိအာဒိ ဧတံ ဝစနံ၊ ကို။ ဝုတ္တံ၊ ၏။ တသ္မာ၊ ကြောင့်။ သင်္ခါရေ၊ တို့ကို။ အာသဇ္ဇနဋ္ဌေန၊ ကပ်ငြိတတ်သောသဘောကြောင့်။ သင်္ဂေါတိ၊ ကပ်ငြိတတ်သော အရာ-ဟူ၍။ ဝိဒိတွာ၊ သိ၍။ ဝါ၊ ကြောင့်။
**တေသံ ၊လ၊ သိက္ခေ**တိ ဧတ္ထ ပါဌေ၊ ၌။ ကာယဂတာသတိယောဂေန၊ ကာယဂတာသတိနှင့် ယှဉ်သဖြင့်။ သတိမာ၊ သတိရှိသည်ဖြစ်၍။ တေသံ ကာမာနံ၊ တို့၏။ ဝူပသမာယ၊ ငှာ။ တီသုပိ သိက္ခာသု၊ တို့၌လည်း။ အပ္ပမတ္တော၊ မမေ့လျော့သည်ဖြစ်၍။ ဘိက္ခေယျ၊ ကျင့်ရာ၏။ ဣတိ အယံ၊ လျှင်။ အတ္ထော၊ တည်း။
**ဝေဝစနပညတ္တီ**တိ၊ ကား။ ခန္ဓာဒီနံ၊ တို့၏။ ဝေဝစနပညတ္တိ၊ တည်း။
ဝေဝစနပညတ္တိသာ ဆိုပါလော။ အဘယ့်ကြောင့် 'ဒုက္ခဿ ပရိညာ ပညတ္တိ စ'ဟူ၍လည်း ဆိုသနည်း-ဟူသော အမေးကို ဖြေလိုရကား 'အဒက္ခီတိ ပန ပဒေန'စသည်ကို မိန့်သော်။ အဒက္ခီတိ ပန ပဒေန၊ နှင့်ကား။ သမ္ဗန္ဓတ္တာ၊ စပ်သည်၏ အဖြစ်ကြောင့်။
"ဒုက္ခဿ ပရိညာ ပညတ္တိ ဒုက္ခံ-ဟူသော ပုဒ်သည် အဒက္ခိ-ဟူသော ကြိယာပုဒ်နှင့် စပ်သောကြောင့် ပိုင်းခြား၍ သိ၏-ဟူသော အနက်ကို ပြရကား ပရိညာပညတ်ဖြစ်ပါသတည်း။ **စာ**"တိ၊ ၍။ ဝုတ္တံ၊ ၏။
**ပစ္စတ္ထိကတော ဒဿနပညတ္တီ**တိ၊ ကား။ အနတ္ထဇနနတော၊ အကျိုးမဲ့ကို ဖြစ်စေတတ်သောကြောင့်။ ပစ္စတ္ထိကတော၊ ဆန့်ကျင်ဘက်ရန်သူအားဖြင့်။ ဒဿနပညတ္တိ၊ မြင်ခြင်းကို အပြားအားဖြင့် သိစေသောပညတ်တည်း။
**ပါဝကကပ္ပါ**တိ၊ ကား။ ဇလိတအဂ္ဂိက္ခန္ဓသဒိသာ၊ ပြောင်ပြောင်တောက်သော မီးပုံနှင့် တူကုန်၏။
**ပပါတဥရဂေါပမာ**တိ၊ ကား။ ပပါတူပမာ စ၊ ကမ်းပါးပြတ် ဥပမာလည်း ရှိကုန်၏။ ဥရဂေါပမာ စ၊ မြွေဥပမာလည်း ရှိကုန်၏။
**မောဟသမ္ဗန္ဓနော လောကော**တိ၊ ကား။ အယံ လောကော၊ ‌ဤသတ္တလောကသည်။ အဝိဇ္ဇာဟေတုကေဟိ၊ အဝိဇ္ဇာလျှင် အကြောင်းရှိကုန်သော။ သံယောဇနေဟိ၊ တို့သည်။ ဗန္ဓော၊ နှောင်ဖွဲ့အပ်သည်ဖြစ်၍။
**ဘဗ္ဗရူပေါဝ ဒိဿတီ**တိ၊ ကား။ ဝိပန္နဇ္ဈာသယောပိ၊ ပျက်စီးဖောက်ပြန်သော အဇ္ဈာသယရှိသော်လည်း။ မာယာယ စ၊ လှည့်ပတ်ခြင်းဖြင့်လည်းကောင်း။ သာဌေယျေန စ၊ စဉ်းလဲခြင်းဖြင့် လည်းကောင်း။ ပဋိစ္ဆာဒိတသဘာဝေါ၊ ဖုံးလွှမ်းအပ်သော သဘောရှိသည်ဖြစ်၍။ ဘဗ္ဗဇာတိကံ ဝိယ၊ ကျွတ်ထိုက်သော သဘောရှိသကဲ့သို့။ အတ္တာနံ၊ ကို။ ဒဿေတိ၊ ၏။
**ဥပဓိ ၊လ၊ ပရိဝါရိတော**တိ၊ ကား။ တဿ ပန ဗာလဿ၊ ထိုမိုက်သော သူ၏ကား။ တထာဒဿနေ၊ ထိုသို့ ကျွတ်ထိုက်သော သဘောရှိသကဲ့သို့ မိမိကိုယ်ကို ပြခြင်း၌။ သမ္မောဟတမသာ၊ အလွန်တွေဝေသော မောဟတည်းဟူသော အမိုက်ဖြင့်။ ဝါ၊ သည်။ ပရိဝါရိတတ္တာ၊ ခြံရံအပ်သည်၏ အဖြစ်ကြောင့်။ ကာမဂုဏေသု၊ တို့၌။ အနာဒီနဝဒဿိတာယ၊ အပြစ်ကို မမြင်သည်၏ အဖြစ်ကြောင့် (ဗန္ဓတ္တာ၌ စပ်)။ ကိလေသာဘိသင်္ခါရေဟိ၊ တို့သည်။ ဗန္ဓတ္တာ၊ နှောင်ဖွဲ့အပ်သည်၏ အဖြစ်ကြောင့်။
တထာ ဘူတော (ဋ္ဌ၊ ၁၂၅) စ၊ ထိုသို့သော အခြင်းအရာအားဖြင့် ဖြစ်သည်လည်းဖြစ်သော။ အယံ ဗာလော၊ သည်။ ပဏ္ဍိတာနံ၊ တို့အား။ **အဿိရီ ဝိယ**၊ အသရေမရှိသကဲ့သို့။ **ခါယတိ**၊ ထင်၏။ အလက္ခိကော ဧဝ၊ အသရေ မရှိသည်သလျှင်။ ဟုတွာ၊ ၍။ ဥပဋ္ဌာတိ၊ ထင်၏။
တယိဒံ တံ ဣဒံ သဗ္ဗံ၊ ထိုမောဟလျှင် အကြောင်းရှိသော သံယောဇဉ်တို့ဖြင့် နှောင်ဖွဲ့ခြင်း အစရှိသော အလုံးစုံသည်။ ဗာလဿ၊ မိုက်သည်။ သတော၊ ဖြစ်သောသူအား။ ရာဂါဒိကိဉ္စနတော၊ ရာဂအစရှိသောကြောင့်ကြရှိသည်၏ အဖြစ်ကြောင့်။ အတ္ထိ၊ ၏။
တံ သဗ္ဗံ၊ ကို။ ပညာစက္ခုနာ၊ ဖြင့်။ ပဿတော၊ သော။ ပဏ္ဍိတဿ ပန၊ အားကား။ ကိဉ္စနံ၊ ရာဂအစရှိသောကြောင့်ကြသည်။ နတ္ထိ၊ မရှိ။ ဣတိ အယံ၊ လျှင်။ သင်္ခေပတ္ထော၊ တည်း။
'မောဟသမ္ဗန္ဓနော လောကောတိ ဒေသနာပညတ္တိ မောဟဿ'ဟူ၍သာ ဆိုပါလော။ အသို့မူ၍ 'ဝိပလ္လာသာနံ'-ဟု ဆိုလေသနည်း-ဟု စောဒနာရှိရာသည်ကို နှလုံးပိုက်၍ 'မောဟသီသေန' အစရှိသော ပါဌ်ကို မိန့်သတည်း။ မောဟသီသေန၊ မောဟကို ပဓာနပြုသဖြင့်။ ဝိပလ္လာသာ၊ တို့ကို။ ဂဟိတာ၊ ကုန်၏။ ဣတိ တသ္မာ၊ ကြောင့်။
**ဒေသနာပညတ္တိ ဝိပလ္လာသာန**န္တိ၊ ၍။ အာဟ၊ ၏။
**ဝိပရီတပညတ္တီ**တိ၊ ကား။ ဝိပရီတာကာရေန၊ ဖောက်ပြန်သော အခြင်းအရာဖြင့်။ ဥပဋ္ဌဟမာနဿ၊ ထင်ခြင်းကို။ ပညာပနာ၊ အပြားအားဖြင့် သိစေခြင်းတည်း။
နိဗ္ဗာနံ၊ သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ ဝစနံ၊ ဆိုခြင်းသည်။ သမဏဗြာဟ္မဏာနံ၊ တို့၏။ ဝါစာဝတ္ထုမတ္တမေဝ၊ စကားတည်းဟူသော အကြောင်းမျှသည်သာလျှင်။ ဟောတိ၊ ၏။ တစ်နည်းကား-နိဗ္ဗာနံ၊ သည်။ အတ္ထိ၊ ၏။ ဣတိ၊ သို့။ ဝဒန္တာနံ၊ ကုန်သော။ သမဏဗြာဟ္မဏာနံ၊ ရဟန်းပုဏ္ဏားတို့၏။ ဝစနံ၊ သည်။ ဝါစာဝတ္ထုမတ္တမေဝ၊ သာလျှင်။ ဟောတိ၊ ၏။
ပရမတ္ထတော၊ အားဖြင့်။ အလဗ္ဘမာနသဘာဝတ္တာ၊ မရအပ်သောသဘောရှိသည်၏ အဖြစ်ကြောင့်။ နိဗ္ဗာနံ၊ သည်။ နတ္ထိ၊ မရှိ။ ဣတိ၊ သို့။ ဝိပ္ပဋိပန္နာနံ၊ ဖောက်ပြန်သော အကျင့်ရှိကုန်သော သူတို့၏။ မိစ္ဆာဝါဒံ၊ မှားသောအယူကို။ ဘဉ္ဇိတုံ၊ ဖျက်ဆီးအံ့သောငှာ။ ဘဂဝတာ၊ သည်။
"**အတ္ထိ ၊လ၊ အသင်္ခတ**"န္တိ၊ ဟူ၍။ ဝုတ္တံ၊ ၏။
တတ္ထ၊ ထိုနိဗ္ဗာန်ရှိ၏ဟု ဟောတော်မူခြင်း၌။ ဟေတုံ၊ ကို။ ဒဿေတုံ၊ ငှာ။ "‌**နော စေတံ ဘိက္ခဝေ**"တိ အာဒိ၊ ကို။ ဝုတ္တံ၊ ၏။
တဿ၊ ၏။ အတ္ထော၊ ကို။ ဧဝံ၊ သို့။ ဝေဒိတဗ္ဗော၊ ၏။ ဘိက္ခဝေ၊ တို့။ အသင်္ခတာ ဓာတု၊ သည်။ ယဒိ န အဘဝိဿ၊ အကယ်၍ မရှိသည်ဖြစ်အံ့။ ဣဓ၊ ဤလောက၌။ သဗ္ဗဿ၊ သော။ သင်္ခတဿ၊ သင်္ခတတရား၏။ နိဿရဏံ၊ ထွ‌က်မြောက်ရာသည်။ န သိယာ၊ ရာ။ ဟိ၊ စွ။
နိဗ္ဗာနံ၊ ကို။ အာရမ္မဏံ ကတွာ၊ အာရုံပြု၍။ ပဝတ္တမာနာ၊ ကုန်သော။ သမ္မာဒိဋ္ဌိအာဒယော၊ ကုန်သော။ မဂ္ဂဓမ္မာ၊ တို့သည်။ အနဝသေသကိလေသေ၊ အကြွင်းမရှိသောကိလေသာတို့ကို။ သမုစ္ဆိန္ဒန္တိ၊ ကုန်၏။ တတော၊ ထိုသို့ဖြတ်သောကြောင့်။ တိဝိဓဿပိ၊ လည်းဖြစ်သော။ ဝဋ္ဋဿ၊ ၏။ အပ္ပဝတ္တိ၊ မဖြစ်ခြင်းသည်။ ဟောတိ၊ ၏။ ဣတိ အယံ၊ လျှင်။ အတ္ထော၊ တည်း။
တတ္ထ ဝစနေ၊ ၌။ အယံ၊ ကား။ အဓိပ္ပါယော၊ တည်း။ ပရိညေယျတာယ၊ ပိုင်းခြား၍ သိအပ်သည်၏ အဖြစ်ဖြင့်။ သဥတ္တရာနံ၊ လွန်ကဲ့သော တရားနှင့် တကွဖြစ်ကုန်သော။ ကာမာနဉ္စ ကာမာဝစရတရားတို့၏ ထွက်မြောက်ရာကားရူပါဝစနတရားတည်း။ ရူပါဝစရတရားတို့၏ ထွက်မြောက်ရာကား အရူပါဝစရတရားတည်း။ ၊ ကာမာဝစရတရားတို့၏လည်းကောင်း။ **ရူပါနဉ္စ**၊ ရူပါဝစရတရားတို့၏လည်းကောင်း။ ပဋိပက္ခဘူတံ၊ ဆန့်ကျင်ဘက်ဖြစ်၍ဖြစ်သော။ တဗ္ဗိဓုရသဘာဝံ၊ ထိုကာမာဝစရတရားတို့နှင့် ဆန့်ကျင်ခြင်းသဘော ရှိသော။ **နိဿရဏံ**၊ ထွက်မြောက်ရာသည်။ ပညာယတိ ယထာ၊ ထင်သကဲ့သို့။ ဧဝံ တထာ၊ တူ။ တံသဘာဝါနံ၊ ထိုလွန်ကဲသော တရားတို့နှင့်တကွ ဖြစ်ခြင်းသဘော ရှိကုန်သော။ သင်္ခတဓမ္မာနံ၊ တို့၏။ ပဋိပက္ခဘူတေန၊ သော။ တဗ္ဗိဓုရတာသဘာဝေန၊ ထိုသင်္ခတတရားတို့နှင့် ဆန့်ကျင်ခြင်း‌သဘော ရှိသော။ နိဿရဏေန၊ ထွက်မြောက်သည်။ ဘဝိတဗ္ဗံ၊ ဖြစ်ရာ၏။ တံ နိဿရဏံ၊ ထိုသင်္ခတတရားတို့၏ထွက်မြောက်ရာဖြစ်သော။ ယဉ္စ ဓမ္မဇာတံ၊ အကြင်သဘောတရားသည်လည်း။ အတ္ထိ၊ ရှိ၏။
သာ၊ ဤသင်္ခတရားတို့၏ ထွက်မြောက်ရာဖြစ်သော သဘောတရားသည်။ အသင်္ခတာ ဓာတု၊ တည်း။
ကိဉ္စ ဘိယျော၊ ဆိုဖွယ်တစ်ပါးရှိသေး၏။
သင်္ခတဓမ္မာရမ္မဏံ၊ သင်္ခတတရားလျှင် အာရုံရှိသော။ ဝိပဿနာဉာဏံ၊ သည်။
အနုလောမဉာဏံ အပိ၊ အနုလောမဉာဏ်ဖြစ်သော်လည်း။ ကိလေသေ၊ တို့ကို။ သမုစ္ဆေဒဝသေန၊ အကြွင်းမဲ့ဖြတ်သည်၏ အစွမ်းအားဖြင့်။ ပဇဟိတုံ၊ ပယ်ခြင်းငှာ။ န သက္ကောတိ၊ မစွမ်းနိုင်။
သမ္မုတိသစ္စာရမ္မဏမ္ပိ၊ သမ္မုတိသစ္စာလျှင် အာရုံရှိသည်လည်း ဖြစ်သော။ ပဌမဇ္ဈာနာဒီသု၊ တို့၌။ ပဝတ္တံ၊ သော။ ဉာဏံ၊ သည်။ ကိလေသာနံ၊ တို့ကို။ ဝိက္ခမ္ဘနမတ္တမေဝ၊ ခွါခြင်းမျှကိုသာလျှင်။ ကရောတိ၊ ပြုနိုင်၏။ သမုစ္ဆေဒံ၊ အကြွင်းမဲ့ဖြတ်ခြင်းကို။ န ကရောတိ၊ နိုင်။ အရိယမဂ္ဂဉာဏဉ္စ၊ သည်ကား။ သမုစ္ဆေဒပ္ပဟာနကရံ၊ အကြွင်းမဲ့ဖြတ်သောအားဖြင့် ပယ်ခြင်းကို ပြုတတ်၏။ တဿ၊ ထိုအရိယမဂ်၏။ သင်္ခတဓမ္မသမ္မုတိသစ္စဝိပရီတေန၊ သင်္ခတတရား, သမ္မုတိသစ္စာတို့မှ ပြန်သော။ အာရမ္မဏေန၊ သည်။ ဘဝိတဗ္ဗံ၊ ရာ၏။ သာ၊ ထိုအာရုံသည်။ အသင်္ခတာ ဓာတု၊ တည်း။
တထာ၊ ထိုမြို့။ ကတ္ထစိ ဝိသယေ၊ အချို့သောအရာ၌ (အသင်္ခတဓာတ်ကိုရည်သည်)။ "သီဟသဒ္ဒေါ"တိ ယထာ၊ သီဟသဒ္ဒါကဲ့သို့ (တံကား အနက်မရှိ၊ နိပါတ်မျှသာ)။ ဥပစာရဝုတ္တိသဗ္ဘာဝတော၊ တင်စားသောအားဖြင့် ဖြစ်ခြင်းသဘောရှိသည်၏ အဖြစ်ကြောင့်။ အဝိပရီတတ္ထော၊ မဖောက်မပြန်ဟုတ်မှန်သောအနက်ရှိသော။ နိဗ္ဗာနသဒ္ဒေါ သီဟော မာဏဝကော စသည်ဖြင့် လုလင်အစရှိသည်တို့၌ ဥပစာရအားဖြင့် ဖြစ်သော သီဟသဒ္ဒါသည် ခြင်္သေ့မင်း၌ ဟုတ်မှန်သော အနက်လျှင်အရာရှိသကဲ့သို့ ထို့အတူ 'ယတော ခေါ ဘော အယံ အတ္တာ ပဉ္စဟိ ကာမဂုဏေဟိ သမပ္ပိတော သမင်္ဂီဘူတော ပရိစာရေတိ၊ ဧတ္တာဝတာ ခေါ ဘော အယံ အတ္တာ ပရမဒိဋ္ဌဓမ္မနိဗ္ဗာနပတ္တောဟောတိ' အစရှိသည်တို့၌ ကာမဂုဏ်နှင့် ပြည့်စုံသည်၏အဖြစ် ရူပဈာန်နှင့် ပြည့်စုံသည်၏ အဖြစ်တို့၌ ဥပစာရအားဖြင့် ဖြစ်သော နိဗ္ဗာနသဒ္ဒါသည် အချို့သောအရာ၌ အဝိပရီတအနက်ရှိ၏။ အကြင်အရာ၌ အဝိပရီတအနက် ရှိ၏။ ထိုအရာသည်ကား အသင်္ခတဓာတ်ဖြစ်၏-ဟူလိုသော်။ ၊ နိဗ္ဗာနသဒ္ဒါကို။ ဝေဒိတဗ္ဗော၊ ၏။
အထ ဝါ၊ ကား။ "အတ္ထိ ၊လ၊ အသင်္ခတ"န္တိ ဣဒံ ဝစနံ၊ သည်။ ဘဂဝတာ၊ သည်။ ဘာသိတတ္တာ၊ ကြောင့်။ အဝိပရီတတ္ထံ၊ မဖောက်မပြန် ဟုတ်မှတ်သောအနက်ရှိ၏။ ဟိ၊ စွ။ ယံ ဝစနံ၊ ကို။
ဘဂဝတာ၊ သည်။ ဘာသိတံ၊ ၏။ တံ ဝစနံ၊ သည်။ အဝိပရီတတ္ထံ၊ ၏။
ယထာ တံ ဝစနံ ဝိယ၊ အဘယ်စကားကဲ့သို့ နည်းဟူမူကား (ဤ၌လည်း တံသဒ္ဒါကား နိပါတ်မျှသာ)။ "သဗ္ဗေ ၊လ၊ အနတ္တာ"တိ ဣဒံ ဝစနံ ယထာ၊ ကဲ့သို့တည်း။ ဧဝမ္ပိ၊ သို့လည်း။ ယုတ္တိဝသေန၊ အသင့်၏ အစွမ်းအားဖြင့်။ အသင်္ခတာယ ဓာတုယာ၊ ၏။ ပရမတ္ထတော၊ အားဖြင့်။ သဗ္ဘာဝေါ၊ ထင်ရှားဖြစ်သည်၏ အဖြစ်ကို။ ဝေဒိတဗ္ဗော၊ ၏။
လက်ဝါးပြင်ဝယ် တင်၍ ထားသော ပတ္တမြားကဲ့သို့ ဉေ ယျဓံတရားကို ပစ္စက္ခအားဖြင့် မြင်တော်မူသော မြတ်စွာဘုရားစကားတော်သာ ဤ၌ ပမာဏ ဖြစ်သတည်း-ဟု ပြလိုရကား 'ကိံ ဝါ ဧတာယ ယုတ္တိစိန္တာယ' အစရှိသောပါဌ်ကို မိန့်သတည်း။ ဝါ၊ ကား။ ဧတာယ ယုတ္တိစိန္တာယ၊ ဤသို့ယုတ္တိကို ကြံသဖြင့်။ ကိံ၊ အဘယ်မူစအံ့နည်း။ ကသ္မာ၊ ကား။
ယသ္မာ၊ ကြောင့်။ (ဋ္ဌ၊ ၁၂၆) ဘဂဝတာ၊ သည်။ "အတ္ထိ ၊လ၊ အသင်္ခတ"န္တိ အာဒိနာ စ၊ ဖြင့်လည်းကောင်း။ "အပ္ပစ္စယာ ဓမ္မာ အသင်္ခတာ ဓမ္မာ"တိ အာဒိနာ စ၊ ဖြင့်လည်းကောင်း။ "အသင်္ခတဉ္စ ဝေါ ၊လ၊ ပဋိပဒ"န္တိ အာဒိနာ စ၊ ဖြင့်လည်းကောင်း။ အနေကေဟိ၊ ကုန်သော။ သုတ္တပဒေဟိ၊ သုတ်ပုဒ်တို့ဖြင့်။ နိဗ္ဗာနဓာတုယာ၊ ၏။ ပရမတ္ထတော၊ အားဖြင့်။ သဗ္ဘာဝေါ၊ ကို။ ဒေသိတော၊ ၏။ ဣတိ တသ္မာ၊ ကြောင့်။ ဧတာယ ယုတ္တိစိန္တာယ၊ ဖြင့်။ ကိံ၊ နည်း။
တတ္ထ ဝစနေ၊ ၌။ **ဥပနယနပညတ္တီ**တိ၊ ကား။ ပဋိပက္ခတော၊ အားဖြင့်။ ဟေတု ဥပနယနဿ၊ နိဗ္ဗာန်ရှိသောအဖြစ်၏ အကြောင်းကို ဆောင်ခြင်းကို။ ပညာပနာ၊ အပြားအားဖြင့် သိစေခြင်းတည်း။
**ဇောတနာပညတ္တီ**တိ၊ ကား။ ပဋိညာတဿ၊ ဝန်ခံအပ်သော။ အတ္ထဿ၊ ၏။ သိဒ္ဓိယာ၊ ပြီးခြင်းကို။ ပကာသနာပညတ္တိ၊ ပြသော ပညတ်တည်း။
သေသံ၊ သော။ သဗ္ဗံ၊ သည်။ သုဝိညေယျမေဝ၊ လျှင်ကတည်း။
**ပညတ္တိဟာရဝိဘင်္ဂဝဏ္ဏနာ**၊ ဝိဘင်းအဖွင့်သည်။ **နိဋ္ဌိတာ**၊ ပြီးပြီ။