အရှင်မဟာကစ္စည်းမထေရ်သည် အထူးထူးသော သုတ်အရပ်ရပ်တို့ကို ထုတ်၍တစ်ဆယ့်ခြောက်ပါးသော ဟာရတို့ကို ဝေဖန်ပြီး မဟုတ်တုံလော။ယင်းသို့လျက်အဘယ်အကျိုးငှာ ဟာရသမ္ပာတဝါရကို အားထုတ်ပြန်သနည်းဟု စောဒနာဖွယ်ရှိ၍ ဟာရသမ္ပာတဒေသနာ၏ အနုသန္ဓေသမ္ဗန္ဓကို ပြအံ့သောငှာ ဧဝံ။လ။အာရဘိဟူသော ပါဌ်ကို မိန့်သတည်း။ ယင်းသို့ ဟာရသမ္ပာတကို အားထုတ်ပါသော် တတ္ထ ကတမော ဒေသနာဟာရသမ္ပာတော စသည်ကိုသာ ဆိုပါလော။အဘယ့်ကြောင့် သောဠသ ဟာရာပဌမံ-စသည်ကို ဆိုသနည်း။ဟာရဝိဘင်္ဂဝါရ၌ကဲ့သို့ ထိုသောဠသ ဟာရာပဌမံ-ဟူသော ဂါထာကို မဆိုသော်လည်း ဟာရသမ္ပာတဝါရကို အားထုတ်ခြင်းကိစ္စသည် ပြီးကောင်းပါ၏ မဟုတ်တုံလော စောဒနာရှိရကား အာရဘန္တော စယာယံ ဂါထာ ဝုတ္တာ။ယသ္မာ တံ ဟာရဝိဘင်္ဂဝါရော နပ္ပယောဇေတိ၊ ဟာရသမ္ပာတဝါရော ပန တံ ပယောဇေတိ၊ တသ္မာ။ လ။ အာဟ-ဟူသော ပါဌ်ကိုမိန့်သတည်း။ ထိုဂါထာကား အဘယ်နည်းဟူသော အမေးကို ဖြေလို၍ သောဠသ။ လ။ သုတ္တန္တိ-ဟူသော ပါဌ်ကို မိန့်သတည်း။ အဘယ်၌ ဆိုအပ်သနည်းဟူသော အမေးကို ဖြေလို၍ နိဒ္ဒေသဝါရေဟူသော ပါဌ်ကို မိန့်သတည်း။ ပိဋကသုံးပုံ၏ သံဝဏ္ဏနာချည်း ဖြစ်ကြလျက် ထိုဂါထာကို “ဟာရဝိဘင်္ဂဝါရကား အဘယ့်ကြောင့် မယှဉ်စေအပ်သနည်း။ ဟာရသမ္ပာတဝါရကားအဘယ့်ကြောင့် ယှဉ်စေသနည်း”ဟူသော ပုစ္ဆာကို ဖြေလို၍ ဝိပ္ပကိဏ္ဏ ။ လ။ အန္တရိတတ္တာ ဧကသ္မိံ ယေဝ ။ လ။ ကထိတတ္တာ-ဟူသော ပါဌ်ကို ဆိုသတည်း။ ဟာရဝိဘင်္ဂဝါရသည် ဟာရသမ္ပာတဝါရနှင့် သံဝဏ္ဏနာ၏ အဖြစ်ဖြင့်တူသည် မဟုတ်ပါလောဟူသော စောဒနာကို ဖြေလို၍ အနေကေဟိ ။ လ။ ဝိဘင်္ဂဝါရော-ဟူသော ပါဌ်ကို မိန့်သတည်း။
[ဋ္ဌ၊ ၁၄၁] ဧဝံ ဣမိနာ ဝုတ္တနယေန၊ ဖြင့်။ သုပရိကမ္မကတာယ၊ ကောင်းစွာအပြေအပြစ် ပြုအပ်ပြီးသော။ ဘူမိယာ၊ ၌။ နာနာဝဏ္ဏာနိ၊ အထူးထူးသောအဆင်းရှိကုန်သော။ မုတ္တပုပ္ဖာနိ၊ ပုလဲပန်းတို့ကို။ ပကိရန္တော ဝိယ စ၊ ကြဲသကဲ့သို့လည်းကောင်း။ သုသိက္ခိတသိပ္ပါစရိယဝိစာရိတေသု၊ ကောင်းစွာ သင်အပ်ပြီးသောအတတ်ရှိသော ဆရာသည် စီရင်အပ်ကုန်သော။ သုရတ္တသုဝဏ္ဏာလင်္ကာရေသု၊ အလွန်နီသော ရွှေဖြင့် ပြီးသော တန်ဆာတို့၌။ နာနာဝိဓရံသိဇာလ သမုဇ္ဇလာနိ၊ အထူးထူးအပြားပြားရှိသော ရောင်ခြည်ကွန်ရက်တို့ဖြင့် တောက်ပ ကုန်သော။ ဝိဝိဓာနိ၊ ကုန်သော။ မဏိရတနာနိ၊ ပတ္တမြား ရတနာတို့ကို။ ဗန္ဓန္တော ဝိယ စ၊ ဖွဲ့ယှက်သကဲ့သို့လည်းကောင်း။ မဟာပထဝိံ၊ ကို။ ပရိဝတ္တေတွာ၊ လှန်၍။ ပပ္ပဋကောဇံ၊ မြေဆီဩဇာကို။ ခါဒါပေန္တောဝိယ စ၊ ခဲစေဘိသကဲ့သို့လည်းကောင်း။ ယောဇနိကမဓုဂဏ္ဍံ၊ တစ်ယူဇနာရှိသော ပျားလဖို့ကို။ ပီဠေတွာ၊ ညှစ်၍။ သုမဓုရသံ၊ ကောင်းသော ပျားရည်အရသာကို။ ပါယေန္တော ဝိယ စ၊ သောက်စေဘိသကဲ့သို့လည်းကောင်း။ အာယသ္မာ၊ ရှည်သောအသက်ရှိသော။ မဟာကစ္စာနော၊ အရှင်မဟာကစ္စည်း မထေရ်သည်။ နာနာသုတ္တပဒေသေ၊ အထူးထူးသော သုတ်အရပ်ရပ်တို့ကို။ ဥဒါဟရန္တော၊ ထုတ်ဆောင်တော်မူသည်ဖြစ်၍။ သောဠသ၊ ကုန်သော။ ဟာရေ၊ တို့ကို။ ဝိဘဇိတွာ၊ ၍။ ဣဒါနိ၊ ၌။ တေသောဠသဟာရေ၊ တို့ကို။ ဧကသ္မိံယေဝ သုတ္တေ၊ ၌သာလျှင်။ ယောဇေတွာ၊ ၍။ ဒဿေန္တော၊ ရကား။ ဟာရသမ္ပာတဝါရံ၊ ကို။ အာရဘိ၊ ပြီ။