Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Tikanipāta-aṭṭhakathā
Tikanipāta-aṭṭhakathā

၅-သစေတနသုတ္တဝဏ္ဏနာ ၁။ နိဿယမူဟောင်း၌ပါ။

Author: miuthi-မိုးထိ @ IAPT

၅-သစေတနသုတ္တဝဏ္ဏနာ ၁။ နိဿယမူဟောင်း၌ပါ။

၁၅။ ပဉ္စမေ၊ ပဉ္စမသုတ်၌။ ဣသိပတနေသိ၊ ဣသိပတနေ-ဟူသည်ကား။ ဗုဒ္ဓပစ္စေကဗုဒ္ဓသင်္ခါတာနံ၊ ဘုရား ပစ္စေကဗုဒ္ဓါ ဟု ဆိုအပ်ကုန်သော။ ဣသီနံ၊ သီလ, သမာဓိ-စသော ဂုဏ်ကျေးဇူးကို ရှာတော်မူကုန်ပြီးသော အရှင်မြတ်တို့ ၏။ ဓမ္မစက္ကပ္ပဝတ္တနတ္ထာယ စေဝ၊ တရားတည်းဟူသော စက်ကို လည်စေခြင်း အကျိုးငှာလည်းကောင်း။ ဥပေါသထကရဏတ္ထာယ စ၊ ဥပုသ်ပြုခြင်းအကျိုး ငှာ လည်းကောင်း။ အာဂန္တွာ၊ လာ၍။ ပတနေ ၂။ နိဿယမူဟောင်းတွင်-ပတနေ သနိပါဘဋ္ဌာနေ၊ စည်းဝေးရာအရပ်ဖြစ်သော။ -ဟု ပုဒ်မခွဲပဲပေါင်း၍ယောဇနာသည်။ ၊ သက်ဆင်းရာ ဖြစ်သော။ သန္နိပါတဌာနေ၊ စည်းဝေးရာ အရပ်ဖြစ်သော။ ဣတိ အယံ)၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
ပဒနေတိပိ၊ ပဒနေ ဟူ၍လည်း။ ပါဌော၊ ပါဌ်သည်။ (အတ္တိ၊ ရှိ၏။) အယမဝ အတ္ထော၊ ဤဆိုအပ်ပြီးသောအနက်ကိုသာလျှင်။ ဝေဒိ တဗ္ဗော၊ သိအပ်၏။
(ဋ္ဌ၊ ဒု-ဂ၀) မိဂဒါယေတိ၊ မိဂဒါယေ-ဟူသည်ကား။ မိဂါနံ၊ သားတို့အား။ အဘယတ္ထာယ၊ ဘေးမရှိစေခြင်း အကျိုးငှာ။ ဒိန္နေ၊ ပေးအပ်သော။
ဆဟိ မာသေဟိ ဆာရတ္တူ နေဟီတိ၊ ဆဟိ မာသေဟိ ဆာ ရတ္တူ နေဟိ-ဟူသည်ကား။ သော၊ ထိုရထားထိန်းသည်။ ရညာ၊ သစေတန မင်းသည်။ အာဏတ္တဒိဝသေယေဝ၊ စေခိုင်းသော နေ့၌ပင်လျှင်။ သဗ္ဗူ ပ ကရဏာနိ၊ အလုံးစုံသော တံစည်း, ပုဆိန် စသော အဆောက်အဦတို့ကို။ သဇ္ဇေတွာ၊ စီရင်၍။ အန္တေ၀ါသိကေဟိ၊ အနီး၌နေသော တပည့်လက်သား အစရှိသည်တို့နှင့်။ သဒ္ဓိံ၊ တကွ။ အရညံ၊ တောသို့။ ပဝိသိတွာ၊ ဝင်၍။ ဂါမဒွါရဂါမမဇ္ဈဒေဝကုလသုသာနာဒီသု၊ ရွာတံခါး,ရွာလယ် နတ်ကွန်း သုသာန် အစရှိသောအရပ်တို့၌။ ဌိတရုက္ခေ စေဝ၊ တည်သော သစ်ပင်တို့ကို လည်းကောင်း။ ဈာမပတိတသုက္ခရုက္ခေ စ၊ မီးလောင်သော သစ်, အလိုလို လဲကျသောသစ်, ခြောက်သောသစ်တို့ကို လည်းကောင်း။ ဝိဝဇ္ဇေတွာ၊ ကြဉ်၍။ သမ္ပန္နပဒေသေ၊ ပြည့်စုံသော မြေအရပ်၌။ ဌိတေ၊ တည်ကုန်သော။ သဗ္ဗဒေါသဝိဝဇ္ဇိတေ၊ အလုံးစုံသော အပြစ်တို့မှ ကင်းကုန်သော။ နာဘိ အရနေမီနံ၊ ပုံတောင်း, အကန့်, အကွပ်တို့အား။ အနုရူပေ၊ လျောက် ပတ်ကုန်သော။ ရုက္ခေ၊ သစ်တို့ကို။ ဂဟေတွာ၊ ယူ၍။ တံ စက္ကံ၊ ထို ရထားလှည်းဘီးစက်ကို။ အကာသိ၊ ပြု၏။
ရုက္ခေ၊ သစ်တို့ကို။ ဝိစိနိတွာ၊ ရွေးချယ် စိစစ်၍။ ဂဏှန္တဿာ စေ၊ ယူသည်လည်းဖြစ်ထသော။ ကရောန္တဿ၊ ပြုသည်လည် ဖြစ်ထသော။ တဿ၊ ထိုရထားထိန်းအား။ ဧတ္ထကော၊ ဤမျှလောက်သော။ ကာလော၊ ခြောက်လ-ခြောက်ညဉ့် ဟုဆိုအပ်သော ကာ လသည်။ ဝီတိဝတ္တော ကိရ= လွန်ပြီးသတတ်။
တေန၊ ထိုကြောင့်။
“ဆဟိ မာသေဟိ ဆာရတ္တူနေဟိ” တိ၊ ဆဟိ မာသေဟိ ဆာရတ္ထူနေဟိ ဟူ၍။ ဝုတ္တံ၊ ဆိုအပ်၏။
နာနာကရဏန္တိ၊ နာနာကရဏံ-ဟူသည်ကား။ နာနတ္တံ၊ ထူးသည် ၏အဖြစ်သည်။
နေသန္တိ (ပဒဿ)၊ နေသံ-ဟူသောပုဒ်ကို။ နဧသန္တိ (ပဒစ္ဆေဒေါ)၊ န ဧသံ-ဟူ၍ ပုဒ်ဖြတ်ခြင်းကို။ ကာတဗ္ဗော၊ ပြုအပ်၏။
ဧသံ၊ ထိုနှစ်ဘက်သော လှည်းဘီးစက်တို့အား။ န (ပဿာမိ)၊ မမြင်။ အတ္ထေသ- န္တိ(ပဒဿ)၊ အတ္ထေသံဟူသောပုဒ်ကို။ အတ္ထိဧသ-န္တိ (ပဒစ္ဆေဒေါ)၊ အတ္ထိ ဧသံ ဟူ၍ပုဒ်ဖြတ်ခြင်းကို။ ကာတဗ္ဗော၊ ပြုအပ်၏။ ဧသံ၊ ထိုနှစ်ဘက်သော လှည်းဘီး စက်တို့အား။ (ကိဉ္စိ၊ စိုးစဉ်းသော။ နာနာကရဏံ၊ အထူးသည်။) အတ္ထိ၊ ရှိ၏။
အဘိသင်္ခါရဿ ဂတီတိ၊ အဘိသင်္ခါ ရဿ ဂတိ-ဟူသည်ကား။ ပယောဂဿ၊ ပြုပြင်စီရင်ခြင်း၏။ ဂမနံ၊ ဖြစ်ခြင်းကို။
စိင်္ဂုလာယိတွာတိ၊ စိင်္ဂုလာယိတွာ-ဟူသည် ကား။ ပရိဗ္ဘမိတွာ၊ လည်၍။
အက္ခာဟတံ မညေတိ၊ အက္ခာတံ မည ဟူသည်ကား။ အက္ခေ၊ ဝင်ရိုး၌။ ပဝေသေတွာ၊ သွင်း၍။ ဌပိတမိဝ၊ ထားအပ်သကဲ့သို့။ မညာမိ ၁။ ဆဋ္ဌမူ၌မပါ ၊ မှတ်ထင်၏။
သဒေါသာတိ၊ သဒေါသာ-ဟူသည်ကား။ သဂဏ္ဍာ၊ ငယ်ငယ် ကြီးကြီး ဖြစ်သော အမျက်-အဖုနှင့်တကွဖြစ်ကုန်၏ ။ ဥဏ္ဏတောဏတဋ္ဌာနယုတ္တာ၊ အမြင့် အနိမ့်ဖြစ်သော အရပ်နှင့်ယှဉ်ကုန်၏။
သကသာဝါကိ၊ သကသာဝါ-ဟူသည် ကား။ ပူတိသာရေန စေဝ၊ ပုပ်သောအနှစ်နှင့်လည်းကောင်း။ ဖေဂ္ဂုနာ စ၊ အကာနှင့် လည်းကောင်း။ ယုတ္တာ၊ ယှဉ်ကုန်၏။
ကာယဝင်္ကာတိအာဒီနိ၊ ကာယဝင်္ကာ-ဤသို့အစရှိသော အမည်တို့သည်။ ကာယဒုစ္စရိတာဒီနံ၊ ကာယ ဒုစ ရိုက်အစရှိသည်တို့၏။ နာမာနိ၊ အမည်တို့တည်း။
ဧဝံ ပပတိတာတိ၊ ဧဝံ ပပတိတာ ဟူသည်ကား။ ဧဝံ၊ ဤသို့။ ဂုဏပတနေန၊ ဂုဏ်ကျေးဇူး၏ လဲပြိုခြင်းဖြင့်။ ပတိတာ၊ လဲပြိုကုန်၏။
ဧဝံ ပတိဋ္ဌိတာကိ၊ တံ ပတိဋ္ဌိတာ-ဟူသည်ကား။ ဧဝံ၊ ဤသို့။ ဂုဏေဟိ၊ ဂုဏ်ကျေဇူးတို့ဖြင့်။ ပတိပဋ္ဌိတာ၊ တည်ကုန်၏။
တတ္ထ၊ ထိုပုဂ္ဂိုလ် အပေါင်းတို့တွင်။ လောကိယမဟာဗနာ၊ လောကီဖြစ်သော လူအပေါင်းတို့ သည်။ ပပတိတာ နာမ၊ လဲပြိုသောပုဂ္ဂိုလ်တို့မည်ကုန်၏။ သောတာပန္နော ဒယော၊ သောတာပန် အစရှိသောပုဂ္ဂိုလ်တို့သည်။ ပတိဋ္ဌိတာ နာမ= တည် သောပုဂ္ဂိုလ်တို့ မည်ကုန်၏။
တေသုပိ၊ ထိုသောတာပန်အစရှိသော ပုဂ္ဂိုလ် တို့တွင်လည်း။ ပုရိမာ၊ ရှေး၌ဖြစ်ကုန်သော။ တယော၊ သုံးယောက်သော ပုဂ္ဂိုလ်တို့သည်။ ကိလေသာနံ၊ ကိလေသာတို့၏။ သမုဒါစာရက္ခဏ၊ ဖြစ် သောခဏ၌။ ပပတိတာ နာမ၊ လဲပြိုသောပုဂ္ဂိုလ်တို့ မည်ကုန်၏။ ခီဏာသဝါ ပန၊ ရဟန္တာပုဂ္ဂိုလ်တို့သည်ကား။ ဧကန္တေနေဝ၊ စင်စစ်သဖြင့်သာလျှင်။ ပတိဋ္ဌိတာ နာမ၊ တည်တံ့သောပုဂ္ဂိုလ်တို့ မည်ကုန်၏။
တသ္မာတိ၊ တသ္မာ ဟူသည်ကား။ ယသ္မာ၊ အကြင်ကြောင့်။ အပ္ပဟီနကာယဝင်္ကာဒယော၊ မပယ်အပ်သေးသောကိုယ်၏ကောက်ခြင်း စသည်ရှိသော ပုဂ္ဂိုလ်တို့သည်။ ပပတန္တိ၊ လဲပြိုသောပုဂ္ဂိုလ်တို့ မည်ကုန်၏။ ပဟီနကာယဝင်္ကာဒယော၊ ပယ်အပ်ပြီးသော ကိုယ်၏ကောက်ခြင်း စသည်ရှိသော ပုဂ္ဂိုလ်တို့သည်။ ပတိဋ္ဌဟန္တိ၊ တည်တံံ့သောပုဂ္ဂိုလ်တို့ မည်ကုန်၏။ တသ္မာ၊ ထိုကြောင့်။
ကာယဝင်္ကာဒီနံ ပန၊ ကိုယ်၏ကောက်ခြင်း အစရှိသည်တို့ကိုကား။ ဧဝံ= ဤသို့ ဆိုလတ္တံ့ သောနည်းဖြင့်။ ပဟာနံ၊ ပယ်ခြင်းကို။ ဝေဒိတဗ္ဗံ၊ သိအပ်၏။ - ပါဏာတိ ပါတော၊ သူ၏အသက်ကို လျင်စွာချခြင်းလည်းကောင်း။ အဒိန္နာဒါနံ၊ အရှင်သည် ကိုယ်,နှုတ်တို့ဖြင့်မပေးအပ်သော သူတပါး၏ဥစ္စာကို ခိုးယူခြင်း လည်းကောင်း။ မိစ္ဆာစာရော၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်း လည်းကောင်း။ မုသာဝါ ဒေါ၊ မဟုတ်မမှန်ဘောစကားကို ပြောဆိုခြင်း လည်းကောင်း။ ပိသုဏာဝါစာ၊ ချောပစ်ကုန်းတိုက်သောစကားကို ပြောဆိုခြင်း လည်းကောင်း။ မိစ္ဆာဒိဋ္ဌိ၊ ဖောက်ပြန်သောအားဖြင့် မြင်ခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ တာဝ၊ ရှေးဦးစွာ။ ဣမေ ဆ၊ ဤခြောက်ပါးသောတရားတို့ကို။ သောတာပတ္တိမဂ္ဂေန၊ သောတာပတ္တိမဂ်သည်။ ပဟီယန္တိ၊ ပယ်အပ်ကုန်၏။ ဖရုသာဝါစာ၊ လွှကဲ့သို့ ကြမ်းတမ်းသော အတွေ့ရှိသော စကားလည်းကောင်း။ ဗျာပါဒေါ၊ စီးပွါးချမ်းသာကို ဖျက်ဆီးကြောင်းဖြစ်သော ဒေါသလည်း ကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးသောတရားတို့ကို။ အနာဂါမိမဂ္ဂေန၊ အနာဂါမိမဂ်သည်။ (ပဟီယန္တိ၊ ပယ်အပ်ကုန်၏။) အဘိဇ္ဈာ၊ သူတပါး၏ စည်းစိမ်ကို ရှေးရှုကပ်သောအားဖြင့် ကြံခြင်းလည်းကောင်း။ သမ္ဖပ္ပလာပေါ၊ ပြိန်ဖျင်းသောစကားကို ပြောဆိုခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒွေ၊ နှစ်ပါးသောတရားတို့ကို။ အရဟတ္တမဂ္ဂေန၊ အရဟတ္တမဂ်သည်။ (ပဟီယန္တိ၊ ပယ်အပ်ကုန်၏။ ) ဣတိ၊ ဤသည်လျှင် ပဉ္စမသုတ်၏အဖွင့်ကို ဆိုသောစကားရပ် အပြီးသတ်တည်း။