၁၀ - သင်္ဂါရဝ သုတ္တဝဏ္ဏနာ
၁−၂။ နိဿယမူဟောင်း၌မပါ။
၆၁။ ဒသမေ၊ ဒသမသုတ်၌။
သင်္ဂါရဝေါတိ၊ သင်္ဂါရဝေါ-ဟူသည်ကား။
ဧဝံနာမကော၊ ဤသို့ သင်္ဂါရဝ-ဟူသော အမည်ရှိသော။
ရာဇဂဟနဂရေ၊ ရာဇဂြိုဟ်ပြည်၌။
ဇိဏ္ဏပဋိသင်္ခရဏကာရကော၊ ဆွေးမြည့်သော ဆင်တင်းကုပ် အစရှိသည်ကို ပြုပြင်စီရင်ခြင်းကို ပြုတတ်သော။
အာယုတ္တကဗြာဟ္မဏော၊ မင်း၏အမှုကိစ္စ၌ အားထုတ်တတ်သော ပုဏ္ဏားတည်း။
ဥပသင်္ကမီတိ၊ ဥပသင်္ကမိ-ဟူသည်ကား။
ဘုတ္တပါတရာသော၊ ထမင်း နံနက်စာစားပြီးသည်။
ဟုတွာ၊ ဖြစ်၍။
မဟာဗနပရိဝုတော၊ လူများအပေါင်း ခြံရံအပ်သည်ဖြစ်၍။
ဥပ သင်္ကမိ၊ ကုပ်၏။
မယမဿူတိ ဧတ္ထ၊ မယမဿု-ဟူသော ဤပါဌ်၌။
(ဋ္ဌ၊ ဒု-၁၅၀)အဿူတိ(ဣဒံ)၊ အဿု-ဟူသော ဤသဒ္ဒါသည်။
နိပါတမတ္တံ၊ နိပါတ် မျှသာတည်း။
မယံ ဘော ဂေါတမ ဗြာဟ္မဏာ နာမာတိ ဣဒမေ၀၊ မယံ ဘော ဂေါတမ ဗြာဟ္မဏာ မှာမ-ဟူသော ဤစကားသည်သာလျှင်။
အတ္ထပဒံ၊ အနက် ရှိသောပုဒ်တည်း။
ယညံ ယဇာမာတိ၊ ယညံ ယဇာမ-ဟူသည်ကား။
ဗာဟိရသ မယေ၊ သာသနာတော်မှအပဖြစ်သော တိတ္ထိတို့၏အယူ၌။
သဗ္ဗစတုက္ကေန၊ အလုံး စုံလေးခုသော သတ္တဝါတို့၏အပေါင်းဖြင့် လည်းကောင်း။
သဗ္ဗဋ္ဌကေန၊ အလုံး စုံရှစ်ခုသာ သတ္တဝါတို့၏အပေါင်းဖြင့် လည်းကောင်း။
သဗ္ဗပသာဋ္ဌသကေန၊ အလုံးစုံဘစ်ဆယ့်ခြောက်ခုသော သတ္တဝါတို့၏အပေါင်းဖြင့် လည်းကောင်း။
သဗ္ဗဒွတ္တိံဿယ၊ အလုံးစုံသုံးဆယ့်နှစ်ခု သာ သတ္တဝါတို့၏အပေါင်းဖြင့်လည်း ကောင်း။
သဗ္ဗစတုသဋ္ဌိယာ၊ အလုံးစုံခြောက်ဆယ့်လေးခုသော သတ္တဝါတို့၏ အပေါင်းဖြင့် လည်းကောင်း။
သဗ္ဗသတေန၊ အလုံးစုံတစ်ရာသော သတ္တဝါတို့ ၏ အပေါင်းဖြင့် လည်းကောင်း။
သဗ္ဗပဉ္စသတေန၊ အလုံးစုံငါးရာသော သတ္တဝါတို့၏ အပေါင်းဖြင့် လည်းကောင်း။
ဣတိ စ ဧဝံ၊ ဤသို့လည်း။
ပါ ဏဃာတပဋိသံယုတ္တော၊ သတ္တဝါတို့ကိုသတ်ခြင်းနှင့် စပ်သော။ ယညော နာမ= ယဇ်ပူဇော်ခြင်း မည်သည်။
ဟောတိ၊ ဖြစ်၏။
တံ၊ ထိုအလုံးစုံလေးခုတို့၏ အပေါင်းဖြစ်သော သတ္တဝါကိုသတ်၍ ယဇ်ပူဇော်ခြင်းကို။
သန္ဓာယ၊ ရှည်၍။
ဧဝံ၊ ဤသို့ ယညံ ယဇာမ-ဟူသောစကားကို။
ဗြာဟ္မဏော၊ သင်္ဂါရ၀ အမည်ရှိသော ပုဏ္ဏားသည်။
အာဟ၊ ဆို၏။
အနေကသရီရိကန္တိ၊ အနေက သာရီရိုကံ-ဟူသည်ကား။
အနေကသရီရဘမ္ဘဝံ၊ များစွာသော ကိုယ်၌ဖြစ် သော။
ယဒိဒန္တိ၊ ယဒိဒံ-ဟူသည်ကား။
ယာ ဧသာ၊ အကြင်ကောင်းမှုဟု ဆိုအပ်သော အကျင့်သည်။
ယညာဓိကရဏန္တိ၊ ယညာဓိကရဏံ-ဟူသည်ကား။
ယညာကာရဏာစ၊ ယဇ်ပူဇော်ခြင်းလျှင် အကြောင်းရှိသည်လည်း ဖြစ် သော။
ယဇနကာရဏာစ
၁+၁။ ယဇနကာရဏာ စေဝ ယာဇနကာရဏာ စ-(ဆဋ္ဌ)
၊ ယဇ်ပူဇော်ခြင်းလျှင် အကြောင်းရှိသည် လည်း ဖြစ်သော။
ဣတိ (အယံ)၊ ဤသည်ကား။
အတ္ထော၊ အနက်တည်း။
(သစ္စံ)၊ မှန်၏။
ဧကသ္မိံ၊ တစ်ယောက်သောသူသည်။
ဗဟူနံ၊ များစွာသောသူ တို့အား။
ဒဒန္တေပိ၊ မိမိ ပေးသော်လည်းကောင်း။
ဒါပေန္တေပိ၊ သူတပါးကို ပေးဝေသော်လည်းကောင်း။
ဗဟူသုပိ၊ များစွာဖြစ်သော သူတို့သည်လည်း။
ဗဟူနံ၊ များစွာသော သူတို့အား။
ဒေန္တေသုပိ၊ မိမိ ပေးကုန်သော်လည်း ကောင်း။
ဒါပေန္တေသုပိ၊ သူတပါးတို့ကို ပေးကုန်သော် လည်းကောင်း။
ပုညပဋိပဒါ၊ ကောင်းမှုဟုဆိုအပ်သော အကျင့်သည်။
အနေကသာရီရိကာ နာမ၊ များစွာသော ကိုယ်၌ဖြစ်သည်မည်သည်။ဟောတိ= ဖြစ်၏။
တံ၊ ထို တစ် ယောက်သောသူ၏ များစွာသောသူတို့အား မိမိပေးခြင်း-သူတပါးကိုပေး စေခြင်း, များစွာသောသူတို့၏ များစွာသောသူတို့အား မိမိပေးခြင်း- သူတပါး ကိုပေးစေခြင်းကို။
သန္ဓာယ၊ ရည်ညွှန်း၍။
ဧတံ၊ ဤ အနေကသာရီရိကံ-ဟူ သောစကားကို။
(ဗြာဟ္မဏန၊ သင်္ဂါရဝ-အမည်ရှိသော ပုဏ္ဏားသည်။)
ဝုတ္တံ၊ ဆိုအပ်၏။
တုယှဉ္စ
၁၊ တုယှဉ္စ တုယှဉ္စ-(ဆဋ္ဌ)
၊ သင်အားလည်း။
ယဇာမိ၊ ပူဇော်၏။
ဣတိ၊ ဤ သို့။
ဝဒန္တဿာပိ၊ ဆိုသောသူ၏လည်းကောင်း။
တွဉ္စ
၂။ တွဉ္စ တွဉ္စ-(ဆဋ္ဌ)
၊ သင်သည်လည်း။
ယဇာဟိ၊ ပူဇော်လော့။
ဣတိ၊ ဤသို့။
အာဏာပေန္တဿပိ စ၊ စေခိုင်းသော သူလည်းကောင်း။
(ပုညပဋိပဒါ၊ ကောင်းမှုဟုလိုအပ်သော အကျင့်သည်။)
အနေကသာရီရိကာဝ၊ များစွာသောကိုယ်၌ ဖြစ်သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
တမ္ပိ၊ ထိုသင်အားလည်းပူဇော်၏ ဟုဆိုသောသူ၏ ပူဇော်ခြင်း, သင် သည်လည်းပူဇော်လော့ ဟုစေခိုင်းသောသူ၏ ပူဇော်ခြင်းကိုလည်း။ သန္ဓာယ= ရည်ညွှန်း၍။
ဧတံ၊ ဤ အနေကသာရီရိကံ-ဟူသောစကားကို။
(ဗြာဟ္မဏေန၊ သင်္ဂါရဝ-အမည်ရှိသော ပုဏ္ဏားသည်။)
ဝုတ္တံ၊ ဆိုအပ်၏။
ယဿ ဝါ တဿ ဝါတိ၊ ယဿ ဝါ တဿဝါ-ဟူသည်ကား။
ယသ္မာ ဝါ တသ္မာ ဝါ၊ ဟုတ် ဟုတ်ညားညားလည်းဖြစ်သော။
ဧကမတ္တာနံ ဒမေတီတိ၊ ဧကမတ္တာနံ ဒမေတိ ဟူသည်ကား။
အတ္တနော၊ မိမိ၏။
ဣန္ဒြိယဒမနဝသေန၊ စက္ခုအစရှိသောဣန္ဒြေ ကို ဆုံးမခြင်း၏အစွမ်းဖြင့်။
ဧကံ၊ တစ်ခုသော။
အတ္တာနမေဝ၊ မိမိကိုယ်ကို သာလျှင်။
ဒမေတိ၊ ဆုံးမ၏။
ဧကေမတ္တာနံ သမေတီတိ၊ ဧကေမတ္တာနံ သမေတိ- ဟူသည်ကား။ အတ္တနော= မိမိ၏။
ရာဂါဒိဥပသမနဝသေန
၃။ ရာဂါဒိသမနဝသေန- (ဆဋ္ဌ)
၊ ရာဂ-အစရှိ သည်ကို ငြိမ်းစေခြင်း၏အစွမ်းဖြင့် ။
ဧကံ၊ တစ်ခုသော။
အတ္တာနမေ၀၊ မိမိ ကိုယ်ကိုသာလျှင်။
သမေတိ၊ ငြိမ်းစေ၏။
ပရိနိဗ္ဗာပေတီတိ၊ ပရိနိဗ္ဗာပေတိ -ဟူသည်ကား။
ရာဂါဒိပရိနိဗ္ဗာနေနဝ၊ ရာဂ-အစရှိသည်ကို ငြိမ်းစေခြင်းဖြင့် သာလျှင်။
ပရိနိဗ္ဗာပေတိ၊ ငြိမ်းစေ၏။
ဧဝမဿာယန္တိ၊ ဧ၀မဿာယံ-ဟူသည် ကား။
ဧဝံ၊ ဤသို့။
သန္တိပိ၊ ဖြစ်သည်ရှိသော်လည်း ။
အယံ၊ ဤကောင်းမှု ဟုဆိုအပ်သော အကျင့်သည်။
ဧဝံ၊ ဤသို့။
ဗြာဟ္မဏဿ၊ သင်္ဂါရဝ-ပုဏ္ဏား၏။
ဣဒံ ကထံ၊ ဤစကားကို။
သုတွာ၊ ကြားပြီး၍။
သတ္ထာ၊ မြတ်စွာဘုရားသည်။
စိန္တေသိ၊ ကြံတော်မူ၏။
(ကိံ စိန္တေသိ၊ အဘယ်သို့ကြံတော်မူသနည်း။)
“အယံ ဗြာဟ္မဏော၊ ဤ ပုဏ္ဏားသည်။
ပသုဃာတကသံယုတ္တံ၊ သတ္တဝါတို့ကိုသတ်ခြင်းနှင့်စပ်သော။
မဟာယညံ၊ ကြီးစွာသော ယဇ်ပူဇော်ခြင်းဟုဆိုအပ်သော။
အနေကသာရီရိကံ၊ များစွာသောကိုယ်၌ဖြစ်သော အကျင့်ကို။
ပုညပဋိပဒံ၊ ကောင်းမှုဟုဆိုအပ် သောအကျင့်ကို။
ဝဒေတိ၊ ဆို၏။
ပဗ္ဗဇ္ဇာမူလကံ၊ ရဟန်းအဖြစ်လျှင် အကြောင်း ရင်းရှိသော။
ပုညုပ္ပတ္တိပဋိပဒါ
၁။ ပုညုပ္ပတ္တိပဋိပဒံ-(ဆဋ္ဌ)
ပန၊ ကောင်းမှု၏ပြည့်စုံခြင်းဟုဆိုအပ်သော အကျင့်ကိုကား။
ဧကသာရီရိကန္တိ၊ တစ်ခုသောကိုယ်၌ဖြစ်သော အကျင့်ဟူ၍။
ဝဒေတိ၊ ဆို၏။
အယံ(ဗြာဟ္မဏော)၊ ဤပုဏ္ဏားသည်။
ဧကသာရီရိကံ၊ တစ် ခုသောကိုယ်၌ဖြစ်သော အကျင့်ကို။
နေဝ ဇာနာတိ၊ မသိ။
အနေကသာရီရိကံ၊ များစွာသောကိုယ်၌ဖြစ်သော အကျင့်ကို။
န ဇနာတိ၊ မသိ။
ဟန္ဒ၊ ယခု။
အဿ၊ ထို သင်္ဂါရဝ - အမည်ရှိသော ပုဏ္ဏားအား။
ဧကေသာရီရိကံ၊ တစ်ခုသောကိုယ်၌ ဖြစ်သော။
ပဋိပဒဉ္စ၊ အကျင့်ကိုလည်းကောင်း။
အနေကသာရီရိကံ၊ များစွာ သောကိုယ်၌ဖြစ်သော။
ပဋိပဒဉ္စ၊ အကျင့်ကိုလည်းကောင်း။
ဒေသေဿာမိ၊ ဟောအံ့။”
ဣတိ၊ ဤသို့။
စိန္တေသိ၊ ကြံတော်မူ၏။
(စိန္တေတွာ၊ ကြံတော်မူပြီး၍။)
ဥပရိ၊ အထက်၌။
ဒေသနံ၊ ဒေသနာကို။
ဝဍ္ဎေန္တော၊ ပွားတော်မူလို သည်ဖြစ်၍။
တေန ဟိ ဗြာဟ္မဏာတိအာဒိံ၊ တေန ဟိ ဗြာဟ္မဏ- ဤသို့အစရှိ သော စကားကို။
အာဟ၊ မိန့်တော်မူ၏။
တတ္ထ၊ ထို တေန ဟိ ဗြာဟ္မဏ အစရှိသော ပါဌ်၌။
ယထာ တေ ခမေယျာတိ၊ ယထာ တေ ခမေယျ-ဟူသည် ကား။
ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့် ။
တုယှံ၊ သင်သည်။
ရုစ္စေယျ၊ နှစ်သက်အပ်ရာ၏။
ဣဓ တထာဂတော လောကေ ဥပ္ပဇ္ဇတိတိအာဒိ၊ ဣဓ တထာဂတောလောကေ ဥပ္ပဇ္ဇတိ-ဤသို့အစရှိသောစကားကို။
ဝိသုဒ္ဓိမဂ္ဂေ၊ ဝိသုဒ္ဓိမဂ်၌။
(မယာ၊ ငါသည်။)
ဝိတ္ထာရိတမေဝ၊ ချဲ့အပ်ပြီးသည်သာလျှင် တည်း။
ဧထာယံ မဂ္ဂေါတိ၊ ဧထာယံ မဂ္ဂေါ-ဟူသည်ကား။
တုမှေ၊ သင်တို့ သည်။
ဧထ၊ လာလှည့်ကုန်လော့။
အဟံ၊ ငါသည်။
အနုသာသာမိ၊ ဆုံးမအံ့။
အယံ၊ ဤသည်ကား။
မဂ္ဂေါ၊ အကြောင်းဖြစ်သော အကျင့်တည်း။
အယံ ပဋိပဒါတိ(ဣဒံ)၊ အယံ ပဋိပဒါ-ဟူသော ဤသဒ္ဒါသည်။
တဿေဝ၊ ထို အယံ မဂ္ဂေါ-ဟူသော ပုဒ်၏သာလျှင်။
ဝေဝစနံ၊ ဝေဝုစ်တည်း။
ယထာ ပဋိ ပန္နောတိ၊ ယထာပဋိပန္နော-ဟူသည်ကား။
ယေန မဂ္ဂေန၊ အကြင် အကြောင်း ဖြစ်သော မဂ်ဖြင့်။
ပဋိပန္နော၊ ကျင့်သော။
အနုတ္တရံ ဗြဟ္မစရိယောဂဓန္တိ၊ အနုတ္တရံ ဗြဟ္မစရိယောဂဓံ ဟူသည်ကား။
အရဟတ္တမဂ္ဂသင်္ခါတဿ၊ အရဟတ္တမဂ်ဟုဆို အပ်သော။
ဗြဟ္မစရိယဿ၊ မြတ်သောအကျင့်၏။
အနုတ္တရံ၊ အတုမရှိသော။
ဩဂဓံ၊ တည်ရာဖြစ်သော။
ဥတ္တမပတိဋ္ဌာဘူတံ၊ မြတ်သောတရာဖြစ်သော။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
ဣစ္စာယန္တိ(ပဒဿ)၊ ဣစ္ဆာယံ-ဟူသောပုဒ်ကို။
ဣတိ အယ န္တိ (ပဒစ္ဆေဒေါ)၊ ဣတိ+အယံ- ဟူ၍ ပုဒ်ဖြတ်ခြင်းကို။ (ကာတဗ္ဗော= ပြုအပ်၏။)
ဣတိ၊ ဤသို့။
အယံ(ပုညပဋိပဒါ)၊ ဤ ကောင်းမှုဟုဆိုအပ်သော အကျင့်သည်။
အပ္ပတ္ထတရာတိ
၁။ အပ္ပဋ္ဌတရာတိ-(ဆဋ္ဌ)
၊ အပ္ပတ္ထတရာ- -ဟူသည်ကား။
ယတ္ထ၊ အကြင်ကောင်းမှုဟု ဆိုအပ်သော အကျင့်၌။
ဗဟူတိ၊ များစွာကုန်သော။
ဝေယျာဝစ္စကရေဟိဝါ၊ အမှုကြီးငယ်ကို ပြုသောသူတို့ဖြင့်လည်းကောင်း။
ဥပကရဏေဟိ ၀ါ၊ အဆောက်အဦတို့ဖြင့်လည်းကောင်း။
အတ္ထော၊ အလိုသည်။
နတ္ထိ၊ မရှိ။
(သာ ပုညပဋိပဒါ၊ ထိုကောင်းမှုဟုဆိုအပ်သော အကျင့်သည်။
အပ္ပတ္ထတရာ၊ အပ္ပတ္ထ တရာ-မည်၏။)
အပ္ပသမာရမ္ဘတရာတိ၊ အပ္ပသမာရမ္ဘတရာ-ဟူသည်ကား။
ယတ္တ၊ အကြင် ကောင်းမှုဟုဆိုအပ်သော အကျင့်၌။
ဗဟူနံ၊ များစွာသောသူ တို့ကို။
ကမ္မစ္ဆေဒဝသေန၊ အမှုကိုဖြတ်ခြင်း၏ အစွမ်းဖြင့်။
(ဋ္ဌ၊ ဒု-၁၅၁) ပီဠာသင်္ခါတော၊ နှိပ်စက်ခြင်းဟုဆိုအပ်သော ။
သမာရမ္ဘော၊ နှိပ်စက်ခြင်းသည်။
နတ္ထိ၊ မရှိ။
(သာ ပုညပဋိပဒါ၊ ထို ကောင်းမှုဟုဆိုအပ်သော အကျင့်သည်။
အပ္ပသမာရမ္ဘာ၊ အပ္ပသမာရမ္ဘ- မည်၏။)
သေယျထာပိ ဘဝံ ဂေါတမော ဘဝံ စာနန္ဒော၊ ဧတေ မေ ပုဇ္ဇာတိ၊ သေယျထာပိ ဘဝံ ဂေါတမော ဘဝံ စာနန္ဒော၊ ဧတေ မေ ပုဇ္ဇာ-ဟူသည်ကား။
ဘဝံ ဂေါတမော စ၊ အရှင်ဂေါတမသည် လည်းကောင်း။
ဘဝံ အာနန္ဒာ စ၊ အရှင်အာနန္ဒာသည် လည်းကောင်း။
(ပူဇိ တာ)ယထာ၊ ပူဇော်အပ်ကုန်သကဲ့သို့။
ဧဝရူပါ၊ ဤ အရှင်ဂေါတမ အရှင် အာနန္ဒာကဲ့သို့ သဘောရှိသောပုဂ္ဂိုလ်တို့ကို။
မမ၊ ငါသည်။
ပူဇိတာ၊ ပူဇော်အပ် ကုန်၏။
ဒွေဇနာ၊ နှစ်ဦးသောသူ-ဟု ဆိုအပ်ကုန်သော။
တုမှေယေဝ၊ အရှင် ဘုရားတို့ကိုသာလျှင်။
မယှံ၊ အကျွန်ုပ်သည်။
ပုဇ္ဇာစ၊ ပူဇော်လည်း ပူဇော်အပ် ကုန်၏။
ပသံသာ စ၊ ချီးပွမ်းလည်း ချီးမွှမ်းအပ်ကုန်၏။
ဣတိ ဣမံ အတ္ထံ၊ ဤ သို့သောအနက်ကို။
သန္ဓာယ၊ ရည်၍။
ဧတံ၊ ဤ သေယျထာပိဘဝံ ဂေါတမော အစရှိသော စကားကို။
(ဗြာဟ္မဏော၊ သင်္ဂါရ၀-ပုဏ္ဏားသည်။)
ဝဒတိ၊ ဆို၏။
တဿ၊ ထို သင်္ဂါရ၀- အမည်ရှိသော ပုဏ္ဏားအား။
ဧဝံ၊ ဤသို့သောစိတ်အကြံသည်။
အဟောသိ ကိရ၊ ဖြစ်သတတ်။
“ အာနန္ဒတ္ထေရော၊ အာနန္ဒာ-မထေရ် သည်။
မံယေဝ၊ ငါ့ကိုပင်လျှင်။
ဣမံ ပဉှံ၊ ဤပြဿနာကို။
ကထပေတု ကာမော၊ ဖြေဆိုစေခြင်းငှာ အလိုရှိ၏။
ခေါပန၊ စင်စစ်။
အတ္တနော၊ မိမိ၏။
၀ဏ္ဏေ၊ ဂုဏ်ကျေးဇူးကို။
ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
အတုဿနကော နာမ
၁။ ပဒုဿနကော နာမ- (ဆဋ္ဌ)
၊ မနှစ်သက်သောသူ မည်သည်။
နတ္ထိ၊ မရှိ။”
တသ္မာ၊ ထိုကြောင့်။
ပဉှံ၊ ပြဿနာကို။
အကထေတုကာမော၊ ဖြေဆိုခြင်းငှာအလိုမရှိသည်ဖြစ်၍။
ဝဏ္ဏ ဘဏနေန၊ ဂုဏ်ကျေးဇူးကို ဆိုသဖြင့်။
ဝိက္ခေပံ၊ ပျံ့လွင့်ခြင်းကို။
ကရောန္တော၊ ပြု၍။
ဧဝံ၊ ဤသို့ သေယျထာပိ ဘဝံ ဂေါတမော-အစရှိသော စကားကို။ အာဟ= ဆို၏။
န ခေါ တျာဟန္တိ(ပဒဿ)၊ န ခေါ တျာဟံ-ဟူသောပုဒ်ကို။
ခေါ တေ အဟ(န္တိ-ပဒစ္ဆေဒေါ)၊ န+ခေါ+တေ+အဟံ-ဟူ၍ ပုဒ်ဖြတ်ခြင်းကို။
ကာ တဗ္ဗော၊ ပြုအပ်၏။
အဟံ၊ ငါသည်။
တေ၊ သင်အား။
ဧဝံ၊ ဤသို့။
န ခေါ (ပုစ္ဆာမိ)၊ မမေး။
ထေရောပိ၊ အရှင်အာနန္ဒာ-မထေရ်သည်လည်း။
“အယံ ဗြာဟ္မဏော၊ ဤပုဏ္ဏားသည်။
ပဉှံ၊ ပြဿနာကို။
အကထေတုကာမော၊ ဖြေ ဆိုခြင်းငှာ အလိုမရှိသည်ဖြစ်၍။
ပရိဝတ္တတိ၊ လူးလည်း၏။
ဣမံ ပဉှံ၊ ဤ ပြဿနာကို။
ဧတံယေ၀၊ ထို သင်္ဂါရဝ-အမည်ရှိသော ပုဏ္ဏားကိုပင်လျှင်။
ကထာပေဿာမိ၊ ဖြေဆိုစေအံ့။”
ဣတိ၊ ဤသို့။
စိန္တေသိ ကိရ၊ ကြံသတတ်။
တသ္မာ၊ ထိုကြောင့်။
နံ၊ ထို သင်္ဂါရဝ-အမည်ရှိသော ပုဏ္ဏားကို။
ဧဝံ၊ ဤသို့ န ခေါ တျာဟံ-အစရှိသော စကားကို။
အာဟ၊ ဆိုတော်မူ၏။
သဟဓမ္မိကန္တိ၊ သဟဓမ္မိကံ-ဟူသည်ကား။
သကာရဏံ၊ အကြောင်းနှင့်တကွ ဖြစ်သော။
သံသာဒေတီတိ၊ သံသာဒေတိ-ဟူသည်ကား။
သံသီဒါပေတိ၊ ဆုတ် နစ်စေ၏။
နော ဝိဿဇ္ဇေတီတိ၊ နော ဝိဿဇ္ဇတိ-ဟူသည်ကား။
န ကထေတိ၊ မဖြေ ဆို။
ယံနူနာဟံ ပရိမောစေယျန္တိ၊ ယံနူနာဟံ ပရိမောစေယျံ-ဟူသည်ကား ။
ယံ နူနာ၊ အကယ်၍။
အဟံ၊ ငါသည်။
ဥဘောပိ၊ နှစ်ဦးလည်းဖြစ်ကုန်သော။
ဧတေ၊ ထိုပုဏ္ဏား, အာနန္ဒာတို့ကို။
ဝိဟေသတော၊ ပင်ပန်းခြင်းမှ။
ပရိမောစေယျံ၊ လွတ်စေရမူကား။
(သာဓု- ဝက၊ ကောင်းလေစ္စ။)
ဟိ(ဝိတ္ထာရေမိ)၊ အကျယ်ချဲ့ ဦးအံ့။
ဗြဟ္မဏာ၊ ပုဏ္ဏားသည်။
အာနန္ဒေန၊ အာနန္ဒာသည်။
ပုစ္ဆိတံ၊ မေးအပ် သော။
ပဉှံ၊ ပြဿနာကို။
အကထေန္တော၊ မဖြေဆိုနိုင်သည်ဖြစ်၍။
ဝိဟေသေ တိ၊ ပင်ပန်း၏။
အာနန္ဒာပိ၊ အာနန္ဒာသည်လည်း။
အကထေန္တံ၊ မဖြေဆိုသော။
ဗြာဟ္မဏံ၊ သင်္ဂါရ၀-အမည်ရှိသော ပုဏ္ဏားကို။
ကထာပေန္တော၊ ဖြေဆိုစေ သည်ဖြစ်၍။
ဝိဟေသေတိ၊ ပင်ပန်း၏။
ဣတိ၊ ဤသို့။
ဥဘောပိ၊ နှစ်ဦး လည်း ဖြစ်ကုန်သော။
ဧတေ၊ ထို ပုဏ္ဏား အာနန္ဒာတို့ကို။
ဝိဟေသတော၊ ပင်ပန်းခြင်းမှ။
မောစေဿာမိ၊ လွှတ်စေအံ့။
ဣတိ၊ ဤသို့။
စိန္တေတွာ၊ ကြံ၍။
ဧဝံ၊ ဤသို့ယံနူနာဟံ ပရိမောစေယျံ-အစရှိသော စကားကို။
အာဟ၊ မိန့်တော်မူ၏။
ကာ နွဇ္ဇာတိ(ပဒဿ)၊ ကာနွဇ္ဇ-ဟူသောပုဒ်ကို။
ကာနု အဇ္ဇာ (တိ ပဒစ္ဆေဒေါ)၊ ကာ+နု+အဇ္ဇ- ဟူ၍ ပုဒ်ဖြတ်ခြင်းကို။
ကာတဗ္ဗော၊ ပြုအပ်၏။
အဇ္ဇ၊ ယခု။
ကာ၊ အဘယ်သို့သဘောရှိသော။
ကထာ၊ စကားသည်။
ဥဒပါဒိ နု၊ ဖြစ်သနည်း။
အန္တရာထာ ဥဒပါဒိတိ၊ အန္တရာကထာ ဥဒပါဒိ-ဟူ သည်ကား။
အညိဿာ၊ တပါးသော။
ကထာယ၊ စကား၏။
အန္တရန္တရေ၊ အကြားအကြား၌။
ကတရာ၊ အဘယ်သို့သဘောရှိသော။
ကထာ၊ စကားသည်။
ဥပ္ပဇ္ဇိ၊ ဖြစ်သနည်း။
ဣတိ၊ ဤသို့။
ပုစ္ဆတိ၊ မေးတော်မူ၏။
တဒါ၊ ထိုအခါ ၌။
အန္တေပုရေ
၁။ ရာဇန္တေပုရေ-(ဆဋ္ဌ)
၊ နန်းတော်တွင်း၌။
တီဏိ၊ သုံးပါးကုန်သော။
ပါဋိဟာရိ ယာနိ၊ တန်ခိုး ပြာဋိဟာတို့ကို။
အာရဗ္ဘ၊ အကြောင်းပြု၍။
ကထာ၊ စကား သည်။
ဥဒပါဒိ ကိရ၊ စွဲ၍ဖြစ်သတတ်။
တံ၊ ထို စကားကို။
ပုစ္ဆာမိ၊ မေးအံ့။
ဣတိ၊ ဤသို့နှလုံးပိုက်တော်မူ၍။
သတ္ထာ၊ မြတ်စွာဘုရားသည်။
ဧဝံ၊ ဤ ကာနွဇ္ဇ- အစရှိသောစကားကို။
အာဟ၊ ဟောတော်မူ၏။
အထ၊ ထိုအခါ၌။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
“ဣဒါနိ၊ ယခုအခါ၌။
ဝတ္တုံ၊ ဖြေဆိုခြင်းငှာ။
သက္ခိဿာမိ၊ စွမ်းနိုင်အံ့။”
ဣတိ၊ ဤသို့နှလုံးပိုက်၍ ။
ရာဇန္တေပူရေ၊ နန်းတော် တွင်း၌။
ဥပ္ပန္နံ၊ ဖြစ်သော။
ဇာတံ၊ စကားကို။
အာရောစေန္တော၊ ကြားလို သည်ဖြစ်၍။
အယံ ခွဇ္ဇ ဘော ဂေါတမာတိအာဒိံ၊ အယံ ခွဇ္ဇ ဘော ဂေါတမ ဤသို့အစရှိသောစကားကို။
အာဟ၊ ဆို၏။
တတ္ထ၊ ထို အယုံ ခွဇ္ဇ ဘော ဂေါတမ အစရှိသောပါဌ်၌။
အယံ ခွဇ္ဇာတိ(ပဒဿ)၊ အယံ ခွဇ္ဇ-ဟူသောပုဒ်ကို။
အယံ ခေါ အဇ္ဇာ(တိ ပဒစ္ဆေဒေါ)၊ အယံ+ခေါ+အဇ္ဇ-ဟူ၍ ပုဒ်ဖြတ်ခြင်းကို။
ကာတဗ္ဗော၊ ပြုအပ်၏။
အဇ္ဇ၊ ယခု။
အယံ ကထာ၊ ဤ အကြားအကြား၌ ဖြစ်သောစကားသည်။
ပုဗ္ဗေ သုဒန္တိ ဧတ္ထ၊ ပုဗ္ဗေ သုဒံ-ဟူသော ဤပါဌ်၌။
သုဒန္တိ(ဣဒံ-ပဒံ)၊ သုဒံ-ဟူသော ဤပုဒ်သည်။
နိပါတမတ္တံ၊ နိပါတ်မျှသာ တည်း။
ဥတ္တရိ မနုဿဓမ္မာတိ၊ ဥတ္တရိ မနုဿဓမ္မာဟူသည်ကား။
ဒသကုသလ ကမ္မပထသင်္ခါတာ၊ ဆယ်ပါးသာ ကုသလကမ္မပကတရားဟု ဆိုအပ်သော။
မနုဿဓမ္မာ၊ လူတို့၏ တရားထက်။
ဥတ္တရိံ၊ လွှန်မြတ်သော။
ဣဒ္ဓိပါဋိဟာရိယံဒဿေသုန္တိ၊ ဣဒ္ဓိပါဋိဟာရိယံ ဒဿေသုံ-ဟူသည့်ကား။
ဘိက္ခာစာရံ၊ ဆွမ်းခံရာ သို့။
ဂစ္ဆန္တာ၊ သွားကုန်သော ရဟန်းတို့သည်။
အာကာသေနေဝ၊ ကောင်းကင်ဖြင့် သာလျှင်။
ဂမိံသု စေဝ၊ သွားလည်းသွားကုန်၏။
အာဂမိံသု စ၊ လာလည်း လာကုန်၏။
ဣတိ ဧဝံ၊ ဤသို့။
ပုဗ္ဗေ၊ ရှေးအခါ၌။
ပဝတ္ထံ၊ ဖြစ်သော။
အာ ကာသဂမနံ၊ ကောင်းကင်ဖြင့် သွားခြင်းကို။
သန္ဓာယ၊ ရှည်၍။
ဧဝံ၊ ဤပုဗ္ဗေ သုဒံ ဘိက္ခူ-အစရှိသော စကားကို။
အာဟ၊ ဆို၏။
ဧတရဟိ ပန ဗဟုတရာ စ ဘိက္ခူ တိ ဣဒံ၊ ဧတရဟိ ပန ဗဟုတရာ စ ဘိက္ခု -ဟူသောဤစကားကို။
သော ဗြာဟ္မဏော၊ ထိုပုဏ္ဏားသည်။
“ပုဗ္ဗေ၊ ရှေးအခါ၌။
ဘိက္ခူ၊ ရဟန်းတို့သည်။
“စတ္တာရော၊ လေးပါးကုန်သော။
ပစ္စယေ၊ ပစ္စည်းတို့ကို။
ဥပ္ပါဒေဿာမိ၊ ဖြစ် စေအံ့။
ဣတိ မညေ၊ ဤသို့ဆောက်မေ့ကုန်သည်ဖြစ်၍။
ဧ ဝံ၊ ဤသို့။
အကံသု၊ ပြုကုန်၏။
ဣဒါနိ၊ ယခုအခါ၌။
ပစ္စယာနံ၊ ပစ္စည်းတို့၏။
ဥပ္ပန္နဘာဝံ၊ ဖြစ်သည် ၏ အဖြစ်ကို။
ဉတွာ၊ သိ၍။
သောပ္ပေန စေဝ၊ အိပ်ခြင်းဖြင့်လည်းကောင်း။
ပမာဒေန စ၊ သတိလွတ်ခြင်းဟုဆိုအပ်သော မေ့လျော့ခြင်းဖြင့် လည်းကောင်း။
ဝီတိနာမေန္တိ၊ လွန်စေကုန်၏။
”ဣတိ လဒ္ဓိယာ၊ ဤသို့သောအယူဖြင့်။
ဧဝ၊ ဤသို့ ဧတရဟိ ပန ဗဟုတရာ စ ဘိက္ခု -အစရှိသော စကားကို။
အာဟ၊ ဆို၏။
(ဋ္ဌ၊ ဒု-၁၅၂)။ ပါဋိဟာရိယာနီတိ၊ ပါဋိဟာရိယာနိ-ဟူသည်ကား။
ပစ္စနီ ကပဋိဟရဏဝသေန၊ ဆန့်ကျင်ဘက်ဖြစ်သော မိစ္ဆာဒိဋ္ဌိတို့ကို ပယ်ဖျောက်ခြင်း၏ အစွမ်းဖြင့်။
ပါဋိဟာရိယာနိ၊ ပါဋိဟာရိယာနိ−မည်ကုန်၏။
ဣဒ္ဓိပါဋိဟာရိ ယန္တိ၊ ဣဒ္ဓိပါဋိဟာရိယံ-ဟူသည်ကား။
ဣဇ္ဈနဝသေန၊ ပြည့်စုံခြင်း၏အစွမ်းဖြင့်။
ဣဒ္ဓိ၊ ဣဒ္ဓိမည်၏။
ပဋိသုဏဝသေန၊ ဆန့်ကျင်ဘက်ဖြစ်သော မိစ္ဆာဒိဋ္ဌိကို ပယ် ခြင်း၏ အစွမ်းဖြင့်။
ပါဋိဟာရိယံ၊ ပါဋိဟာရိယ-မည်၏။
ဣဒ္ဓိယေဝ၊ ဣဒ္ဓိဝိဓ အဘိညာဉ်သည်ပင်လျှင်။
ပါဋိဟာရိယံ၊ တန်ခိုးပြာဋိဟာတည်း။
ဣဒ္ဓိပါဋိဟာ ရိယံ၊ ဣဒ္ဓိဝိဓအဘိညာဉ်သည်ပင်လျှင် တန်ခိုးပြာဋိဟာ။
ဣတရေသုပိ၊ ဤမူ တပါးသော အာဒေသနာပါဋိဟာရိယံ, အနုသာသနိပါဋိဟာရိယံ-ဟူသော ပုဒ် တို့၌လည်း။
ဧသဝ နယော၊ ဤနည်းလျှင် နည်းရှိ၏။
အနေကဝိဟိတံ ဣဒ္ဓိ ဝိဓန္တိ အာဒီနံ၊ အနေဝိဟိတံ ဣဒ္ဓိဝိဓံ-ဤသို့အစရှိသော ပုဒ်တို့၏။
အတ္ထော စေဝ၊ အနက်ကိုလည်းကောင်း။
ဘာဝနာနယော စ၊ ပွားစေရာသော နည်းကို လည်းကောင်း။
ဝိသုဒ္ဓိမဂ္ဂေ၊ ဝိသုဒ္ဓိမဂ်၌။
(မယာ၊ ငါသည်။)
ဝိတ္ထာရိတောဝ၊ ချွဲအပ်သည်သာလျှင်တည်း။
နိမိတ္တေန အာဒိသတိတိ၊ နိမိတ္တေန အာဒိသတိ-ဟူသည်ကား။
အာဂတ နိမိတ္တေန ၀ါ၊ လာရောက်သော အခြင်းအရာကို မှတ်ခြင်းဖြင့် လည်းကောင်း။
ဂတနိမိတ္တေန ဝါ၊ သွားသောအခြင်းအရာကိုမှတ်ခြင်းဖြင့်လည်းကောင်း။
ဌိတ နိမိတ္တေန ဝါ၊ ရပ်သောအခြင်းအရာကို မှတ်ခြင်းဖြင့်လည်းကောင်း။
“ဣဒံ နာမ၊ ဤမည်သော အကျိုး-အပြစ်သည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။
” ဣတိ၊ ဤသို့။
ကထေတိ၊ ဆို၏။
တတြ(ဝစနေ)၊ ထိုစကား၌။
ဣဒံ၊ ဤ ဆိုလတ္တံ့သည် ကား။
ဝတ္ထု၊ ဝတ္ထု တည်း။-
ကိရ (ဝိတ္ထာရေမိ)၊ အကျယ်ချဲ့ဦးအံ့။
ဧကော၊ တစ်ယောက်သော။
ရာဇာ၊ မဓူရာဇ်ပြည်ကို အစိုးရသော ဗဏ္ဍု အမည်ရှိ သော မင်းသည်။
တိဿော၊ သုံးလုံးကုန်သော။
မုတ္တာ၊ ပုလဲတို့ကို။
ဂဟေတွာ၊ ကိုင်၍။
ပုရောဟိတံ၊ ပုရောဟိတ်ပုဏ္ဏားကို။
“အာစရိယ၊ ဆရာ။
မေ၊ ငါ ၏။
ဟတ္တေ၊ လက်၌။
ကိံ၊ အဘယ်ဝတ္ထုနည်း။
”ဣတိ၊ ဤသို့။
ပုစ္ဆိ၊ မေး၏။
သော၊ ထို ပုရောဟိတ်ပုဏ္ဏားသည်။
ဣတော စိတော စ၊ ဤမှ ထိုမူလည်း။
ဩလောကေသိ၊ ကြည့်၏။
တေန စ သမယေန၊ ထိုအခါ၌လည်း။
ဧကော၊ တစ် ခုသော။
သရဗူ၊ တက်တူသည်။
“မက္ခိကံ၊ ယင်ကို။
ဂဟေဿာမိ၊ ဖမ်းယူအံ့။”
ဣတိ၊ ဤသို့ နှလုံးပိုက်၍။
ပက္ခန္ဓာ
၁။ ပက္ခန္တာ- (ဆဋ္ဌ)
၊ ပြေးဝင်၏။
ဂဟဏကာလေ၊ ဖမ်းယူသော အခါ၌။
မက္ခိကာ၊ ယင်သည်။
ပလာတာ၊ ပြေး၍။
သော၊ ထို ပုရောဟိတ်ပုဏ္ဏား သည်။
မက္ခိကာယ၊ ယင်၏။
မုတ္တတ္တာ၊ လွှတ်သည်၏ အဖြစ်ကြောင့်။
“မဟာ ရာဇာ၊ မင်းမြတ်။
မုတ္တာ၊ ပုလဲတည်း။”
ဣတိ၊ ဤသို့။
အာဟ၊ လျှောက်ဆို၏။
မုတ္တာ၊ ပုလဲသည်။
တာဝ ဟောန္တု၊ ဖြစ်စေကုန်လော့။
ကတိမုတ္တာ၊ အဘယ်မျှ သောပုလဲတို့နည်း။
ဣတိ၊ ဤသို့။
(ပုစ္ဆိ၊ မေး၏။)
သော၊ ထို ပုရောဟိတ်ပုဏ္ဏား သည်။
ပုန၊ တဖန်။
နိမိတ္တံ၊ အကြောင်းကို။
ဩလောကေသိ၊ ကြည့်၏။
အထ၊ ထိုအခါ၌။
အဝိဒူရေ၊ မနီးမဝေးသောအရပ်၌။
ကုက္ကုဋော၊ ကြက်သည်။
တိက္ခတ္တုံ၊ သုံးကြိမ်။
သဒ္ဒံ၊ အသံကို။
နိစ္ဆာရေသိ၊ မြွက်၏။
ဗြာဟ္မဏော၊ ပုဏ္ဏား သည်။
“မဟာရာဇ၊ မင်းမြတ်။
တိဿော၊ သုံးလုံးတို့တည်း။”
ဣတိ၊ ဤသို့။
အာဟ၊ လျှောက်ဆို၏။
ဧဝံ၊ ဤသို့။
ဧကစ္စော၊ အချို့သောသူသည်။
အဂတ နိမိတ္တေန၊ လာရောက်သောအခြင်းအရာကို နှုတ်ခြင်းဖြင့်။
ကထေတိ၊ ဆို၏။
ဧတေနုပါယေန၊ ဤသို့သော အကြောင်းဖြင့်။
ဂဌိတနိမိတ္တေဟိပိ၊ သွား သောအခြင်းအရာကိုမှတ်ခြင်း, ရုပ်သောအခြင်းအရာကို မွတ်ခြင်းတို့ဖြင့်လည်း။
ကထနံ၊ ဆိုခြင်းကို။
ဝေဒိတဗ္ဗံ၊ သိအပ်၏။
ဧဝမ္ပိ တေ မနောတိ၊ ဧဝမ္ပိ တေ မနော-ဟူသည်ကား။
ဧဝံ၊ ဤသို့သော အခြင်းအရာဖြင့်။
တဝ၊ သင်၏။
မနော၊ စိတ်သည်။
(ပဝတ္တတေ၊ ဖြစ်၏။)
သောမနဿိတော ဝါ၊ ဝမ်း မြောက်ခြင်းရှိသည် လည်းကောင်း။
ဒေါမနဿိတော ၀ါ၊ နှလုံးမသာယာခြင်းရှိသည် လည်းကောင်း။
ကာမဝိတက္ကာဒိသံယုတ္တောဝါ၊ ကာမဝိတက် အစရှိသည်နှင့် ယှဉ်သည့်လည်းကောင်း။
ဟောတိ၊ ဖြစ်၏။
ဒုတိယံ၊ နှစ်ခု မြောက်သော ဣတိပိ တေ မနော-ဟူသောပုဒ်သည်။ တဿေ၀= ထို ဧဝမ္ပိ တေ မနော-ဟူသော ပုဒ်၏သာလျှင်။
ဝေ၀စနံ၊ ဝေဝုစ်တည်း။
ဣတိပိ တေ စိတ္တန္တိ၊ ဣတိပိ တေ စိတ္တံဟူသည်ကား။
ဣတိပိ၊ ဤသို့သဘောရှိသည်လည်းဖြစ် သော။
တဝ၊ သင်၏။
စိတ္တံ၊ စိတ်သည်။
ဣမဉ္စ ဣမဉ္စ အတ္တံ၊ ဤသို့သော ဤသို့သောအနက်ကို။
စိန္တယမာနံ၊ ကြံလျက် ။
ပဝတ္တတိ၊ ဖြစ်၏။
ဣတိ(အယံ)၊ ဤသည်ကား။
အတ္တော၊ အနက်တည်း။
ဗဟုံ စေပိအာဒိသတီ၊ ဗဟုံ စေပိ အာဒိသတိ-ဟူသည်ကား။
ဗဟုံ၊ များစ္စာ။
စေပိ ကထေတိ၊ အကယ်၍မူ လည်း ဆိုသည်ဖြစ်အံ့။
တထေဝ တံ ဟောတီတိ၊ တထေဝ တံ ဟောတိ-ဟူ သည်ကား။
ယထာ၊ အကြင်သို့သော အခြင်းအရာအားဖြင့်။
ကထိတံ၊ ဆိုအပ် ၏။
တထေဝ၊ ထိုဆိုသောအခြင်းအရာအားဖြင့်သာလျှင်။
ဟောတိ၊ ဖြစ်၏။
အမနုဿာနန္တိ၊ အမနုဿာနံ-ဟူသည်ကား။
ယက္ခပိသာစာဒီနံ၊ ဘီလူး မြေဘုတ် အစရှိသည်တို့၏။
ဒေဝတာနန္တိ၊ ဒေဝတာနံ-ဟူသည်ကား။
စာတု မဟာရာဇိကာဒီနံ၊ စာတုမဟာရာဇ်နတ်-အစရှိသည်တို့၏။
သဒ္ဒံ သုတွာတိ၊ သဒ္ဒံ သုတွာ-ဟူသည်ကား။
အညဿ၊ တပါးသောသူ၏။
စိတ္တံ၊ စိတ်ကို။
ဉတွာ၊ သိ၍။
ကထေန္တာနံ၊ ဆိုကုန်သောသူတို့၏။
(သဒ္ဒံ၊ အသံကို။)
သုတွာ၊ ကြား၍။
ဝိဘက္ကပိပ္ဖါရသဒ္ဒန္တိ၊ ဝိတက္ကဝိပ္ဖါရသဒ္ဒံ-ဟူသည်ကား။
ဝိတက္ကဝိပ္ဖာရဝသေန၊ ဝိတက်ပြုခြင်း၏ အစွမ်းအားဖြင့်။
ဥပ္ပန္နံ၊ ဖြစ်သော။
ဝိပ္ပလပန္တာနံ၊ မြည်တမ်း ယောင်ယမ်းကုန်သော။
သုတ္တပ္ပမတ္တာဒီနံ၊ အိပ်ပျော်သောသူ, မေ့လျော့သော သူ-အးရှိသည်တို့၏။
သဒ္ဒံ၊ အသံကို။
သုတွာတိ၊ သုတွာ-ဟူသည်ကား။
တံ၊ ထိုဝိတက်ပံ့ခြင်းကြောင့်ဖြစ်သော အသံကို။
သုတွာ၊ ကြား၍။
ယံ၊ အကြင် အကြံကို။
ဝိတက္ကယတော၊ ကြံသော။
တဿ၊ ထိုသူအား။
သောသဒ္ဒေါ၊ ထို အသံသည်။
ဥပ္ပန္နော၊ ဖြစ်၏။
တဿ၊ ထိုကြံအပ်သော အကြံ၏။
ဝသေန၊ အစွမ်းဖြင့်။
“ဧဝမ္ပိ၊ ဤသို့သော အခြင်းအရာအားဖြင့်လည်း။
တေ၊ သင်၏။
မနော၊ စိတ်သည်။
(ပဝတ္တတိ၊ ဖြစ်၏။)”
ဣတိ၊ ဤသို့။
အာဒိသတိ၊ ညွှန်း၏။
တတြ(ဝစနေ)၊ ထိုစကား၌။
ဣမာနိ၊ ဤဆိုလတ္တံ့ သည်တို့ကား။
ဝတ္ထူနိ၊ ဝတ္ထုတို့တည်း။
ကိရ (ဝိတ္ထာရေမိ)၊ အကျယ်ချဲ့ဦးအံ့။
ဧကော၊ တစ်ယောက် သော။
မနုဿော၊ လူသည်။
“အဇ္ဇံ၊ တရားကို။
ကရိဿာမိ၊ တွေ့အံ။
ဣတိ၊ ဤသို့ နှလုံးပိုက်၍။
ဂါမာ၊ ရွာမှ။
နဂရံ၊ မြို့သို့။
ဂစ္ဆန္တော၊ သွားသည်ရှိသော်။
နိက္ခန္တဋ္ဌာနတော၊ ထွက်ရာအရုပ်မှ။
ပဋ္ဌာယ၊ စ၍။
“ဝိနိစ္ဆယသဘာယံ၊ တရားဆုံးဖြတ်ရာ လွှတ်ရုံးသဘင်၌။
ရညော စ၊ မင်းအားလည်းကောင်း။
ရာဇာမဟာမတ္တာနဉ္စ၊ မင်း၏ အမတ်ကြီးဖြစ်သော သူတို့အားလည်းကောင်း။
ဣဒံ၊ ဤစကားကို။
ကလေဿာမိ၊ လျောက်ဆိုအံ့။
ဣဒံ၊ ဤစကားကို။
ကထေဿာမိ၊ လျောက်ဆိုအံ့။”
ဣတိ၊ ဤသို့။
ပိတက္ကေန္တော၊ ကြံလျက်။
ရာဇကုလံ၊ မင်းအိမ်သို့။
ဂတောဝိယစ၊ ရောက်သကဲ့သို့လည်းကောင်း။
ရညော၊ မင်း၏။
ပုရတော၊ ရှေ့၌။
ကထိတော
၁။ ဌိတာ-(ဆဋ္ဌ)
ဝိယ စ၊ ဆိုအပ်သကဲ့သို့လည်း ကောင်း။
အဋ္ဋကာရကေန၊ တရားပြုဘက်ဖြစ်သောသူနှင့်။
(ဋ္ဌ၊ ဒု-၁၅၃)သဒ္ဓိံ၊ တကွ ။
ကထေန္တော ဝိယ စ၊ ဆိုအပ်သကဲ့သို့ လည်းကောင်း။
အဟောသိ၊ ဖြစ်၏။
တဿ၊ ထိုတရားတွေ့ခြင်းငှာ သွားသောသူ၏။
ဝိတက္ကဝိပ္ဖါရဝသေန၊ ဝိတက်ပျံ့ ခြင်း၏ အစွမ်းဖြင့်။
နိစ္ဆရန္တံ၊ မြွက်သော။
တံ သဒ္ဒံ၊ ထိုအသံကို။
သုတွာ၊ ကြား၍။
ဧကော၊ တစ်ယောက်သော ။
ပုရိသော၊ ယောက်ျားသည်။
“ကေနဋ္ဌေန၊ အဘယ်အကြောင်းကြောင့်။
(တွံ၊ သင်သည်။)
အာဂစ္ဆသိ
၂။ ဂစ္ဆသိ-(ဆဋ္ဌ)
၊ လာသနည်း။ ”
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
အဋ္ဋကမ္မေန၊ တရားတွေ့လိုသော အမှုကြောင့်။
(အဟံ၊ ငါ့သည်။
အာဂစ္ဆာမိ၊ လာ၏။)
ဣတိ၊ ဤသို့။
(ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။)
ဂစ္ဆ၊ သွားလော့။
တေ၊ သင့်အား။
ဇယော၊ အောင်ခြင်းသည်။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
ဣတိ၊ ဤသို့။
အာဟ၊ ဆို၏။
သော၊ ထို တရားတွေ့ခြင်းငှာ သွားသောသူသည်။
ဂန္တွာ၊ သွား၍။
အဋ္ဋံ၊ တရား ကို။
ကတွာ၊ ပြု၍။
ဇယမေဝ၊ အောင်ခြင်းသို့သာလျှင်။
ပါပုဏိ၊ ရောက်၏။
အပရောပိ၊ တစ်ယောက်လည်းဖြစ်သော။
မောဠိယဝါသီ
၃။ မောဠိယဂါမေ-(ဆဋ္ဌ)
၊ မောလိယ အရပ်၌ သီတင်းသုံးနေသော။
ထေရော၊ မထေရ်သည်။
ဂါမေ၊ ရွာ၌။
ပိဏ္ဍော ယ၊ ဆွမ်းအလို့ငှာ။
စရိ၊ လှည့်လည်၏။
အထ၊ ထိုသို့လှည့်လည်သောအခါ၌။
နိက္ခမန္တံ၊ ရွာမှထွက်သော။
နံ၊ ထိုမထေရ်ကို။
ဧသော၊ တစ်ယာက်သော။
ဒါရိ ကာ၊ သတို့သမီးသည်။
အညဝိဟိတာ၊ တစ်ပါးကိုနှလုံးသွင်းသည်ဖြစ်၍။
န အဒ္ဒ သ၊ မမြင်။
သော၊ ထို မောဠိယအရပ်၌သီတင်းသုံးနေသော မထေရ်သည်။
ဂါမ ဒွါရေ၊ ရွာတံခါး၌။
ဌတွာ၊ ရပ်၍။
နိဝတ္တိတွာ၊ ပြန်နစ်၍။
ဩလောကေတွာ၊ ကြည့်၍။
တံ၊ ထိုသတို့သမီးကို။
ဒိသွာ၊ မြင်၍။
ဝိတက္ကေန္တော၊ ကြံလျက်။
အဂမာသိ၊ သွား၏။
ဂစ္ဆန္တောယေဝ စ၊ သွားဆဲပင်လျှင်လည်း ။
“ကိံ၊ အဘယ် အမှုကို။
ကုရုမာနာ၊ ပြုသည်ဖြစ်၍။
ဒါရိကာ၊ သတို့သမီးသည်။
န အဒ္ဒသနု ခေါ၊ မမြင်သနည်း။”
ဣတိ၊ ဤသို့။
ဝစီဘေဒံ၊ နှုတ်မြွက်ခြင်းကို။
အကာသိ၊ ပြု၏။
ပဿေ၊ နံပါး၌။
ဌိတော၊ တည်သော။
ဧကော၊ တစ်ယောက်သော ။
ပုရိသော၊ ယောက်ျားသည်။
သုတွာ၊ ကြား၍။
“ဘန္တေ၊ အရှင်ဘုရား။
တုမှေ၊ အရှင်ဘုရားတို့သည်။
မောဠိယဂါမေ၊ မောဠိယရွာ၌။
စရိတ္ထာ၊ လှည့်လည်ကုန် ၏။”
ဣတိ၊ ဤသို့။
အာဟ၊ လျှောက်ဆို၏။
မနောသင်္ခါရာ ပဏိဟိတာတိ၊ မနောသင်္ခါရာ ပဏိဟိတာ- ဟူသည်ကား။
စိတ္တသင်္ခါရာ၊ စိတ္တသင်္ခါရတို့ကို။
သုဋ္ဌပိတာ၊ ကောင်းစွာထားအပ်ကုန်၏။
ဝိတက္ကေဿတီတိ၊ ဝိတက္ကေဿတိ-ဟူသည်ကား။
ဝိက္ကယိဿတိ၊ ကြံလတ္တံ့။
ပဝတ္တယိဿတိ၊ ဖြစ်စေလတ္တံ့ ။
ဣတိ၊ ဤသို့။
ပဇာနာတိ၊ အပြားအားဖြင့်သိ ၏။
ပဇာနန္တော စ၊ အပြားအားဖြင့် သိသော်လည်း။
အာဂမနေန၊ ရောက် ကြောင်းဖြင့်။
ဇာနာတိ၊ သိ၏။
ပုဗ္ဗဘာဂေန၊ ရှေ့ အဖို့အားဖြင့်။
ဇာနာတိ၊ သိ၏။
အန္တောသမာပတ္တိယံ၊ သမာပတ်၏အတွင်း၌။
စိတ္တံ၊ စိတ်ကို။
အပလော ကေတွာ၊ ကြည့်၍။
ဇာနာတိ၊ သိ၏။
အာဂမနေန၊ လာခြင်းဖြင့်။
ဇာနာတိ နာမ၊ သိခြင်းမည်သည်ကား။
ကသိဏပရိကမ္မာလေယေဝ၊ ကသိုဏ်းပရိကံကို ပြုသောအခါ၌ပင်လျှင်။
“ယေနာကာရေန၊ အကြင်အကြောင်းဖြင့်။
ဧသ ဧသော၊ ဤပုဂ္ဂိုလ်သည်။
ကသိဏဘာဝနံ၊ ကသိုဏ်းကိုပွားစေခြင်းကို။
အာ ရဒ္ဓေါ၊ အားထုတ်အပ်၏။
ပဌမဇ္ဈာနံ ၀ါ၊ ပဌမဈာန်ကိုလည်းကောင်း။
ပ။ စတုတ္ထဇ္ဈာနံ ဝါ၊
စတုတ္ထဈာန်ကို လည်းကောင်း။
အဋ္ဌ ဝါ သမာပတ္တိယော၊ ရှစ်ပါးသော သမာပတ်တို့ကိုလည်းကောင်း။
နိဗ္ဗတ္တေဿတိ၊ ဖြစ်စေလတ္တံ့ ။
” ဣတိ၊ ဤသို့။
(တံ အာကာရံ၊ ထိုအကြောင်းကို။ )
ဇာနာတိ၊ သိ၏။
ပုဗ္ဗဘာ ဂေနေ၊ ရှေ့ အဖို့အားဖြင့်။
ဇာနာတိ နာမ၊ သိခြင်းမည်သည်ကား။
ပဌမပိပဿာ နာယ၊ ရှေးဦးစွာသော ဝိပဿနာကို။
အာရဒ္ဓါယေယေဝ၊ အားထုတ်အပ် သော် သာလျှင်။
ဇာနာတိ၊ သိ၏။
“ယေနာကာရေန၊ အကြင်သို့သော အကြောင်းအား ဖြင့်။
ဧသ-ဧသော၊ ဤပုဂ္ဂိုလ်သည်။
ဝိပဿနံ၊ ဝိပဿနာကို။
အာရဒ္ဓေါ၊ အား ထုတ်၏။
သောတာပတ္တိမဂ္ဂံ ဝါ၊ သောတာပတ္တိမဂ်ကိုမူလည်း။
နိဗ္ဗတ္တေဿတိ၊ ဖြစ်စေလတ္တံ့။
ပ။အရဟတ္တမဂ္ဂံဝါ၊
အရဟတ္တမဂ်ကိုမူလည်း။
နိဗ္ဗတ္တေသာတိ၊ ဖြစ်စေသတ္တံ ။
ဣတိ၊ ဤသို့။
(တံ အာကာရံ၊ ထိုအကြောင်းကို။)
ဇာနာတိ၊ သိ၏။
အန္တောသမာပတ္တိယံ၊ သမာပတ်၏ အတွင်း၌။
စိတ္တံ၊ စိတ်ကို။
ဩလော ကေတွာ၊ ကြည့်၍။
ဇာနာတိ နာမ၊ သိခြင်းမည်သည်ကား။
“ယေနာကာရေန၊ အကြင်သို့သော အကြောင်းဖြင့်။
ဣမဿ၊ ဤ ပုဂ္ဂိုလ်သည်။
မနောသင်္ခါရာ၊ စိတ္တသင်္ခါရတို့ကို။
သုဋ္ဌပိတာ၊ ကောင်းစွာထားအပ်ကုန်၏။
ဣမဿ နာမ စိတ္တဿ၊ ဤမည်သောစိတ်၏။
အနန္တရာ၊ အခြားမဲ့၌။
ဣမံ နာမ ဝိတက္ကံ၊ ဤမည်သောအကြံကို။
ဝိတက္ကေဿတိ၊ ကြံလတ္တံ့။
ဣတော၊ ဤသမာပတ်မှု။
ဝုဋ္ဌိကဿ၊ ထသော။
ဧတဿ၊ ဤပုဂ္ဂိုလ်အား။
ဟာနဘဒဂိယော၊ ယုတ်သော အဖို့ရှိသော။
သမာဓိ ဝါ၊ သမာဓိသည်မူလည်း။
ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။
ဌိတိ ဘာဂိယော၊ တည်ခြင်းအဖို့ရှိသော။
သမာဓိ ဝါ၊ သမာဓိမူသည်လည်း။
ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။
ဝိသေသဘာဂိယော၊ ထူးသောအဖို့ရှိသော။
သမာဓိ ဝါ၊ သမာဓိသည် မူလည်း။
ဘဝိဿတိ၊ ဖြစ်လတ္တံ့။
နိဗ္ဗေဓဘာဂိယော၊ ကိလေသာကို ဖောက်ထွင်း ခြင်းအဖို့ရှိသော။
သမာဓိ ၀ါ၊ သမာဓိသည်မူလည်း။
ဘဝိဿတိ၊ ဖြစ်လတ္တံ့ ။
အဘိညာသစ္ဆိကိရိယာ
၁။ အဘိညာယော - (ဆဋ္ဌ)
ဝါ၊ အဘိညာဉ်ကို မျက်မှောက်ပြုခြင်းရှိသည် မူလည်း။
နိဗ္ဗတ္တေဿဘိ၊ ဖြစ်လတ္တံ့ ။”
ဣတိ၊ ဤသို့။
ဇာနာတိ၊ သိ၏။
တတ္ထ၊ ထိုသို့သိ ရာ၌။
စေတောပရိယဉာဏလာဘီ၊ စေတောပရိယဉာဏ်ကိုရခြင်းရှိသော။ ပုထုဇ္ဇ နော= ပုထုဇဉ်သည်။
ပုထုဇ္ဇနာနံယေဝ၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့၏သာလျှင်။
စိတ္တံ၊ စိတ် ကို။
ဇာနာတိ၊ သိ၏။
အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့၏။
စိတ္တံ၊ စိတ်ကို။
န ဇာ နာတိ၊ မသိ။
အရိယေသုပိ၊ အရိယာပုဂ္ဂိုလ်တို့တွင်လည်း။
ဟေဋ္ဌိမော၊ အောက် ဖြစ်သော သောတာပန် အစရှိသောပုဂ္ဂိုလ်သည်။
ဥပရိမဿ၊ အထက်ဖြစ်သော သကဒါဂါမ် အစရှိသော ပုဂ္ဂိုလ်၏။ စိတ္တံ= စိတ်ကို။
န ဇာနာတိ၊ မသိ။
ဥပရိမော ပန၊ အထက်ဖြစ်သော သကဒါဂါမ်အစရှိသော ပုဂ္ဂိုလ် သည်ကား။
ဟေဋ္ဌိမဿ၊ အောက်ဖြစ်သော သောတာပန်အစရှိသော ပုဂ္ဂိုလ် ၏။ စိတ္တံ= စိတ်ကို။
ဇာနာတိ၊ သိ၏။
ဧတေသု စ၊ ထိုအရိယာပုဂ္ဂိုလ်တို့တွင် လည်း။
သောတာပန္နော၊ သောတာပန်ပုဂ္ဂိုလ်သည်။
သောတာပတ္တိဖလသမာ ပတ္တိံ၊ သောတာပတ္တိဖလသမာပတ်ကို။
သမာပဇ္ဇတိ၊ ဝင်စား၏။
ပ။ အရဟာ၊
ရဟန္တာပုဂ္ဂိုလ်သည်။
အရဟတ္တဖလသမာပတ္တိံ၊ အရဟတ္တဖလသမာပတ်ကို ။
သမာပဇ္ဇတိ၊ ဝင်စား၏။
ဥပရိမော၊ အထက်ဖြစ်သော သကဒါဂါမ်အစရှိသော ပုဂ္ဂိုလ်သည်။ ဟေဋ္ဌိမံ= အောက်ဖြစ်သော။
(ဖလသမာပတ္တိံ၊ ဖလသမာပတ် ကို။)
န သမာပဇ္ဇတိ၊ မဝင်စား။
ဟိ (သစ္စံ)၊ မှန်၏။
တေသံ၊ ထိုအရိယာ ပုဂ္ဂိုလ်တို့၏။
ဟေဋ္ဌိမာ ဟေဋ္ဌိမာ၊ အောက်အောက်၌ဖြစ်သော။
သမာပတ္တိ၊ သမာ ပတ်သည်။
တတြဝတ္တိယေဝ၊ ထိုထို အောက်အောက်ဖြစ်သောပုဂ္ဂိုလ်၌ ဖြစ် သည်သာလျှင်။
ဟောတိ၊ ဖြစ်၏။
တထေဝ (ဋ္ဌ၊ ဒု-၁၅၄) တံ ဟောတီတိ၊ တထေဝတံ ဟောတိ-ဟူသည်ကား။
ဣဒံ
၂။ ဧတံ-(ဆဋ္ဌ)
၊ ဤသို့ ညွှန်းခြင်းသည်။
ဧကံသေန၊ စင်စစ်သဖြင့် ။
တထေဝ၊ ထို ညွှန်းတိုင်းသော အခြင်းအရာဖြင့်သာလျှင်။
ဟောတိ၊ ဖြစ်၏။
ဟိ (သစ္စံ)၊ ထိုစကားမှန်၏။
စေတောပရိယဉာဏဝ သေန၊ စေတာပရိယဉာဏ်၏အစွမ်းဖြင့်။
ဉာတံ၊ သိပ်တရားသည်။
အညထာ ဘာဝိနာမ၊ တပါးသောအခြင်းအရာအားဖြင့် ဖြစ်ခြင်းရှိသည်မည်သည်။
နတ္ထိ၊ မရှိ။
ဧဝံ ဝိဘတ္တေထာတိ၊ ဧဝံ ဝိတက္ကေထ-ဟူသည်ကား။
ဧဝံ၊ ဤသို့။
နေက္ခမ္မဝိတက္ကာဒယော၊ ဝနက္ခမ္မဝိတက် အစရှိသည်တို့ကို။
ပဝတ္တေန္တာ၊ ဖြစ်စေ ကုန်သည်ဖြစ်၍။
ဝိတက္ကေထ၊ ကြံကုန်လော့။
မာ ဧဝံ ဝိတက္ကယိတ္ထာတိ၊ မာ ဧဝံ ဝိဘက္ကယိတ္တ-ဟူသည်ကား။
ဧဝံ၊ ဤသို့။
ကာမဝိတက္ကာဒယော၊ ကာမဝိတက် အစရှိသည်တို့ကို။
ပဝတ္တေန္တာ၊ ဖြစ်စေကုန်သည့်ဖြစ်၍။
မာဝိတက္ကယိတ္ထ၊ မကြံကုန်လင့်။
ဧဝံ မနသိကရောတတိ၊ ဧဝံ မနသိကရာထ-ဟူသည်ကား။
ဧဝံ၊ ဤသို့။
အနိစ္စသည်မေဝ ဝါ၊ အနိစ္စသညာကိုသာလျှင် လည်းကောင်း။
ဒုက္ခသညဒီသု၊ ဒုက္ခသညာ အစရှိသည်တို့တွင်။
အညတရံ ၀ါ၊ တပါးပါး သော သညာကိုလည်းကောင်း။
မနသိ ကရောထ၊ နှလုံးသွင်းကုန်လော့။
မာ ဧဝန္တိ၊ မာ ဧဝံ-ဟူသည်ကား။
နိစ္စံ၊ မြဲ၏။
ဣတိအာဒိနာ၊ ဤသို့အစရှိသော။
နယေန၊ နည်းဖြင့်။
မနသာ၊ စိတ်ဖြင့်။
မာ ကရိတ္တ၊ မပြုကုန်လင့်။
ဣဒန္တိ၊ ဣဒံ ဟူသည်ကား။
ဣဒံ ပဉ္စကာမဂုဏရာဂုံ၊ ဤ ငါးပါးသော ကာမဂုဏ်လျှင်အရုံ ရှိသော ရာဂကို။
ပဇဟထ၊ စွန့်ကုန်လော့။
ဣဒဉ္စဥပသမ္ပဇ္ဇာတိ၊ ဣဒဉ္စ ဥပသမ္ပဇ္ဇ-ဟူသည်ကား။
ဣဒံ စတုမဂ္ဂဖလပ္ပဘေဒံ၊ ဤလေးပါးသော မဂ်ဖိုလ် အပြားရှိသော။လောကုတ္တရဓမ္မမေဝ= လောကုတ္တရာတရားသို့သာလျှင်။
ဥပသမ္ပဇ္ဇ၊ ကပ်၍။
ပါပုဏိတွာ၊ ရောက်၍။
နိပ္ဖာဒေတွာ၊ ပြီးစေ၍။
ဝိဟရထ၊ နေ ကုန်လော့။
မာယာသဟဓမ္မရှုပံ ဝိယ ခါယတီတိ၊ မာယာသဟဓမ္မရူပံ ဝိယ ဓါယတိ-ဟူသည်ကား။
မာယာယ သမနကာရဏ ဇာတိကံ ဝိယ၊ မျက်လှည့်သည်နှင့်တူ သော အကြောင်းသဘောရှိသကဲ့သို့။
ဟုတွာ၊ ဖြစ်၍။
ဥပဋ္ဌာတိ၊ ထင်၏။
ဟိ (သစ္စံ)၊ မှန်၏။
မာယာကာရောပိ၊ မျက်လှည့်သည်သည်လည်း။
ဥဒကံ၊ ရေကို။
ဂဟေတွာ၊ ယူ၍။
တေလံ၊ ဆီကို။
ကရောတိ၊ ပြု၏။
တေလံ၊ ဆီကို။
ဂဟေတွာ၊ ယူ၍။
ဥဒကံ၊ ရေကို။
ကရောတိ၊ ပြု၏။
ဣတိ ဧဝံ၊ ဤသို့။
အနေကရှုပံ၊ များသောသဘောရှိသော။
မာယံ၊ မျက်လှည့်အဝတ်ကို။
ဒဿေတိ၊ ပြ၏။
ဣဒမ္ပိ ပါဋိဟာရိယံ တထာရူပမေဝါတိ
၁။ သံဝဏ္ဏေကဗ္ဗယူပုံ ဆဋ္ဌမူနှင့်မတူ။ ပါဠိ၌လည်းမထင်။
၊ ဣဒမ္ပိ ပါဋိဟာရိယံ တထာရူပမေဝ-ဟူသည်ကား။
ဘော ဂေါတမ၊ အရှင်ဂေါတမ။
ဣဒမ္ပိ ပါဋိဟာရိယံ၊ ဤ ဣဒ္ဓိဝိဓဟုဆိုအပ်သော တန်ခိုးပြာဋိဟာသည်လည်း။
မာယာသဟဓမ္မရူပံ ဝိယ၊ မျက်လှည့်သည်နှင့်တကွဖြစ်သော သဘောရှိသကဲ့သို့။
မေ၊ အကျွန်အား။
ခါယတိ၊ ထင်၏။
ဣတိ၊ ဤသို့။
စိန္တာမဏိကဝိဇ္ဇာသရိက္ခ ကတံ၊ စိန္တာမဏိ-အမည်ရှိသော အတတ်နှင့်တူသည်အဖြစ်ကို။
သန္ဓာယ၊ ရှည်၍။
ဧဝံ၊ ဤသို့။
အာဟ၊ ဆို၏။
ဟိ(သစ္စံ)၊ မှန်၏။
စိန္တာမဏိဝိဇ္ဇံ၊ စိန္တာမဏိက အမည်ရှိသောအတတ်ကို။
ဇာနန္တာပိ၊ တတ်ကုန်သော သူတို့သည်လည်း။
အာဂစ္ဆန္တမေဝ၊ လာသောသူကိုသာလျှင်။
ဒိသွာ၊ မြင်၍။
“အယံ၊ ဤသူသည်။
ဣဒံ နာမ၊ ဤမည်သောအကြံကို။
ဝိတက္ကေန္တော၊ ကြံလျက်။
အာဂစ္ဆတိ၊ လာ၏။”
ဣတိ၊ ဤသို့။
ဇာနန္တိ၊ သိကုန်၏။
တထာ၊ ထို့အတူ။
“ဣဒံ နာမ၊ ဤမည်သောအကြံကို။
ဝိတက္ကေန္တော၊ ကြံလျက်။
ဌိတော၊ ရပ်၏။
ဣဒံ နာမ၊ ဤမည်သောအကြံကို။
ဝိတက္ကေန္တော၊ ကြံလျက်။
နိသိန္နော၊ ထိုင်၏။
ဣဒံ နာမ၊ ဤမည်သောအကြံကို။
ဝိတက္ကေန္တော၊ ကြံလျက်။
နိပန္နော၊ လျောင်း၏။”
ဣတိ၊ ဤသို့။
ဇာနန္တိ၊ သိကုန်၏။
အဘိက္ကန္တတရန္တိ၊ အဘိက္ကန္တတရံ-ဟူသည်ကား။
သုန္ဒရတရံ၊ အထူးသဖြင့် ကောင်း၏။
ပဏီဘတရန္တိ၊ ပဏီတကရံ-ဟူသည်ကား။
ဥတ္တမတရံ၊ အထူးသဖြင့် မြတ်၏။
ဘဝဉှိ ဂေါတမောအဝိတက္ကံ အဝိစာရန္တိ ဣဓ၊ ဘဝန္တိ ဂေါတမော အဝိတက္ကံ အဝိစာရံ-ဟူသောဤပါဌ်၌။
ဗြာဟ္မဏော၊ ပုဏ္ဏားသည်။
အနဝသေသ
၁။ အဝသေသံ-(ဆဋ္ဌ)
အာဒသနာပါဋိဟာရိယံ၊ အကြွင်းမရှိသော အားဖြင့် သူတပါးအားဟော ကြားခြင်းဟုဆိုအပ်သော တန်ခိုးပြာဋိဟာကို။
ဗာဟိရကန္တိ၊ သာသနာတော်မူ အပဖြစ်၏ ဟူ၍။
န ဂဏှိ၊ မယူ။
ပန၊ ဆက်၍ဆိုဦးအံ့။
သဗ္ဗံ၊ အလုံးစုံသော။
ဣဒဉ္စ၊ ဤဘဝဉှိ ဂေါတမော-အစရှိသော စကားကိုလည်း။
သော ဗြာဟ္မဏော၊ ထို သင်္ဂါရဝ-အမည်ရှိသော ပုဏ္ဏားသည်။
တထာဂတဿ၊ မြတ်စွာဘုရား၏။
ဝဏ္ဏံ၊ ကျေဇူးကို။
ကထေန္တောယေဝ၊ ဆိုလိုသည်ဖြစ်၍သာလျှင်။
အာဟ၊ ဆို၏။
အဒ္ဓါ ခေါ တျာဟန္တိ
၂။ တျာယန္တိ-(ဆဋ္ဌ)
၊ အဒ္ဓါ ခေါ တျာဟံ-ဟူသည်ကား။
ဧကံ သေနေဝ၊ စင်စစ်သဖြင့် သာလျှင်။
တယာ၊ သင်သည်။
အဟံ
၃။အယံ-(ဆဋ္ဌ)
၊ ငါ့ကို။
အာသဇ္ဇ ဥပနီယ ဝါစာ ဘာသိဘာတိ၊ အာသဇ္ဇ ဥပနီယ ဝါစာ ဘာသိဟာ-ဟူသည် ကား။
မမ၊ ငါ၏။
ဂုဏေ၊ ဂုဏ်ကျေ ဇူးတို့ကို။
ဃဋ္ဋေတွာ၊ ထိပါး၍။
မမေဝ၊ ငါ၏သာလျှင်။
ဂုဏာနံ၊ ဂုဏ်ကျေးဇူးတို့၏။
သန္တိကံ၊ အနီးသို့။
ဥပနီတာ၊ ဆောင်အပ်သော။
ဝါစာ၊ စကားကို။
ဘာတိတာ၊ ဆိုအပ်၏။
အပိစ တျာဟံ ဗျာကရိဿာမီတိ၊ အပိစ တျာဟံ ဗျာကရိဿာမိ-ဟူသည်ကား။
အပိစ၊ စင် စစ်သော်ကား။
တေ၊ သင့်အား။
အဟမေဝ၊ ငါသည်သာလျှင်။
ကထေဿာမိ၊ ဟောအံ့။
ဣတိ (အယံ)၊ ဤသည်ကား။
(အတ္တော၊ အနက်တည်း။)
သေသံ၊ အကြွင်းသည်။
ဥတ္တာနတ္ထမေဝ၊ ပေါ်လွင်သော အနက်ရှိသည်သာလျှင်တည်း။
ဣတိ၊ ဤသည်လျှင် ဒသမသုတ်၏အဖွင့်ကိုဆိုသောစကားရပ် အပြီးသတ်တည်း။
ဗြာဟ္မဏဝဂ္ဂေါ၊ ဗြာဟ္မဏဝဂ်သည်။
ပဌမော၊ ရှေးဦးစွာတည်း။