ဆဋ္ဌေ၊ ဆဋ္ဌေသုတ်၌။
**ဝတ္တာ**တိ၊ ဝတ္တာဟူသည်ကား။
ဝစနကုသလော၊ ဆိုဆုံးမကြောင်းဖြစ်သောစကား၌လိမ္မာသည်။
**ဝစနက္ခမော**တိ၊ ဝစနက္ခမောဟူသည်ကား။
၀စနံ၊ ဆုံးမကြောင်းဖြစ်သောစကားကို။
ခမတိ၊ သည်းခံနိုင်၏။
ဒိန္နံ၊ ပေးအပ်သော။
ဩဝါဒံ၊ အဆုံးအမကို။
ကရောတိ၊ လိုက်နာ၏။
**ဂမ္ဘီရန္တိ**၊ ဂမ္ဘီရံဟူသည်ကား။
ဂုယှံရဟဿံ၊ လျှို့ဝှက်အပ်သော။
ဈာနနိဿိတံဝိပဿနာမဂ္ဂဖလနိဗ္ဗာနနိဿိတံ၊ ဈာန်ကိုမှီသောစကား၀ိပဿနာမဂ်ဖိုလ်နိဗ္ဗာန်ကိုမှီသောစကားဟုဆိုအပ်သော။