Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
Dasakanipāta-aṭṭhakathā
Dasakanipāta-aṭṭhakathā

4. Kusinārasuttavaṇṇanā

Author: miuthi-မိုးထိ @ IAPT

ပဉ္စမဝဂ္ဂဿ၊ ပဉ္စမဝဂ်၏။ စတုတ္ထေ၊ စတုတ္ထသုတ်၌။ **ကုသိနာရာယန္တိ**၊ ကုသိနာရာယံဟူသည်ကား။ ဧဝံနာမကေ၊ ဤသို့ကုသိနာရဟူသော အမည်ရှိသော။ နဂရေ၊ မြို့၌။
ဧတ္ထ၊ ဤတောအုပ်၌။ ဒေဝတာနံ၊ နတ်တို့၏။ အတ္ထာယ၊ အလို့ငှာ။ ဗလိံ၊ ဗာလိနပ်စာကို။ ဟရန္တိ၊ ဆောင်ကုန်၏။ ဣတိတသ္မာ၊ ထိုသို့ဆောင်ရာဖြစ်သော သတ္တိကြောင့်။ **ဗလိဟရဏော**၊ ဗလိဟရဏမည်၏။ တသ္မိံဗလိဟရဏေ၊ ထိုနတ်တို့၏အလို့ငှါ ဗာလိနပ်စာကိုဆောင်ရာဖြစ်သောတောအုပ်၌။
**အစ္ဆိဒ္ဒေနအပ္ပဋိမံသေနာတိအာဒီသု**၊ အစ္ဆိဒ္ဒေနအပ္ပဋိမံသေန ဤသို့အစရှိသောပုဒ်တို့၌။ ယေနကေနစိဒေဝ၊ တစုံတယောက်သောသူသည်သာလျှင်။ ပဟဋောဝါ၊ ပုတ်ခတ်အပ်သည်မူလည်း။ ဟောတိ၊ ဖြစ်၏။ ဝေဇ္ဇကမ္မာဒီနိ ဝါ၊ ဆေးကုခြင်းအမှုအစရှိသည်တို့ကိုမူလည်း။ ကတာနိ၊ ပြုအပ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တဿ၊ ထိုရဟန်း၏။ ကာယသမာစာရော၊ ကိုယ်အကျင့်သည်။ ဥပစိကာဒီတိ၊ ခြအစရှိသည်တို့သည်။ ခါယိတတာလပဏ္ဏံ ဝိယ၊ ကိုက်အပ်သောထန်းရွက်ကဲ့သို့။ ဆိဒ္ဒေါ စ၊ အပေါက်သည်လည်းကောင်း။ ပဋိမထိတုံ၊ ဆွဲခြင်းငှါ။ ယတ္ထကတ္ထစိ၊ အမှတ်မရှိသောအရပ်၌။ ဂဟေတွာ၊ ကိုင်၍။ အာကဍ္ဎိတုံ၊ ဆွဲငင်ခြင်းငှါ။ သက္ကုနေယျတာယ၊ တတ်ကောင်းသည်၏အဖြစ်ကြောင့်။ ပဋိမံသော စ၊ ဆွဲခြင်းငှါတတ်ကောင်းသည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏။ ဝိပရီတော၊ ထိုမှပြန်သောကိုယ်အကျင့်သည်။ အစ္ဆိဒ္ဒေါ နာမ၊ အပေါက်မရှိသည်လည်မည်၏။ အပ္ပဋိမံသော နာမ၊ ဆွဲခြင်းငှါမတတ် ကောင်းသည်မည်၏။
ဝစီသမာစာရောပန၊ နှုတ်အကျင့်သည်ကား။ မုသာဝါဒ ဩမသဝါဒ ပေသုည အမူလကာ နုဒ္ဓံသနာဒီတိ၊ မဟုတ်မမှန်သောစကားကိုဆိုခြင်း နားနှစ်ဘက်ကိုထိုးကျင့်သောစကားကိုဆိုခြင်း ချောပစ် ဂုံးတိုက်သော စကားကိုဆိုခြင်း မြင်ခြင်း ကြားခြင်း ရွံရှာခြင်းလျှင် အရင်းမရှိသောအားဖြင့် စွပ်စွဲခြင်း အစရှိသည်တို့ဖြင့်။ ဆိဒ္ဒေါစ၊ အပေါက်ရှိသည်လည်း။ ဟောတိ၊ ဖြစ်၏။ ပဋိမံသောစ၊ ဆွဲခြင်းငှာတတ်ကောင်းသည်လည်း။ ဟောတိ၊ ဖြစ်၏။ ဝိပရီတော၊ ထိုမှပြန်သော နှုတ်အကျင့်သည်။ အစ္ဆိဒ္ဒေါ၊ မပေါက်သည်မည်၏။ အပ္ပဋိမံသော၊ ဆွဲခြင်းငှါမတတ်ကောင်းသည်မည်၏။
**မေတ္တံ နု ခေါ မေ စိတ္တန္တိ**၊ မေတ္တံ နု ခေါ မေ စိတ္တံဟူသည်ကား။ ပလိဗောဓံ၊ ကြောင့်ကြခြင်းကို။ ဆိဒ္ဒိတွာ၊ ဖြတ်၍။ ကမ္မဋ္ဌာနဘာဝနာ နုယောဂေန၊ ကမ္မဋ္ဌာန်းကိုပွါးစေခြင်း၌ အားထုတ် ခြင်းဖြင့်။ မေ၊ ငါသည်။ ဧတံ မေတ္တာစိတ္တံ၊ ထိုမေတ္တာစိတ်ကို။ အဓိဂတံ၊ ရအပ်၏။
**အနာဃာတန္တိ**၊ အနာဃာတံဟူသည်ကား။ အာဃာတဝိရဟိတံ၊ ရန်ငြိုးဖွဲ့ခြင်းမှကင်းသည်။ ဝိက္ခမ္ဘနေန၊ ဝိက္ခမ္ဘ နပဟဝန်ဖြင့်။ ဝိဟတာဃာတံ၊ ဖျောက်အပ်သော ရန်ငြိုးဖွဲ့ခြင်းရှိ၏။ ဣတိအယံ၊ ဤသည်ကား။ အတ္ထော၊ အနက်တည်း။
**ကတ္ထ ဝုတ္တန္တိ**၊ ကတ္ထ ဝုတ္တံဟူသည်ကား။ ဣဒံ သိက္ခာပဒံ၊ သိက္ခာပုဒ်ကို။ ကသ္မိံ နဂရေ၊ အဘယ်မြို့၌။ ဝုတ္တံ၊ ဟောတော်မူအပ်သနည်း။
**ကာလေန ဝက္ခာမီ**တိအာဒီသု၊ ကာလေနဝက္ခာမိဤသို့အစရှိသည်တို့၌။ ဧကော၊ တယောက်သောရဟန်းသည်။ ဧကံ၊ တယောက်သောရဟန်းကို။ ဩကာသံ၊ အခွင့်ကို။ ကာရေတွာ၊ ပြုစေ၍။ စောဒေန္တော၊ စောဒနာသည်ရှိသော်။ **ကာလေန**၊ သင့်တင့်လျောက်ပတ်သောအခါ၌။ **ဝဒတိ** နာမ၊ ဆိုသည်မည်၏။
သံဃမဇ္ဈေ ဝါ၊ သံဃအလယ်၌လည်းကောင်း။ ဂဏမဇ္ဈေ ဝါ၊ ဂိုဏ်းအလယ်၌လည်းကောင်း။ သလာကဂ္ဂယာဂဂ္ဂဝိတက္ကမာလကဘိက္ခာစာရမဂ္ဂအာသနသလာသု၊ စာရေးတံဆွမ်းလှူရာတင်းကုပ် ယာဂုလှူရာတင်းကုပ် ယနေ့အဘယ်မည်သော အရပ်၌ဆွမ်းခံရအံ့နည်း အစရှိသည်ဖြင့်ကျရာဖြစ်သောတန်ဆောင်း ဆွမ်းခံသွားရာခရီး ဆွမ်းစားစရပ်တို့၌လည်းကောင်း။ ဥပဋ္ဌာကေဟိ၊ အလုပ်အကျွေးဖြစ်သောဒါယကာတို့သည်။ ဝါရိတက္ခဏေဝါ၊ ခြံရံသော ခဏ၌ လည်း ကောင်း။ စောဒေန္တော၊ စောဒနာသောရဟန်းသည်။ **အကာလေန**၊ မသင့်တင့်မလျောက်ပတ်သောအခါ၌။ **ဝဒတိ** နာမ၊ ဆိုသည်မည်၏။
တစ္ဆေန၊ မှန်သောစကားဖြင့်။ ဝဒန္တော၊ ဆိုသောရဟန်းသည်။ **ဘူတေန**၊ ဟုတ်မှန်သောစကားဖြင့်။ **ဝဒတိ** နာမ၊ ဆိုသည်မည်၏။
အမ္ဘောမဟလ္လက၊ အိုမထေရ်ကြီး။ အမ္ဘော ပရိသာဝစရ၊ အို ပရိသတ်၏ကျင်လည်ရာဖြစ်သောသူ။ အမ္ဘော ပံသုကူလိက၊ အို ပံသုကူကိုဆောင်တတ်သော ရဟန်း။ အမ္ဘော ဓမ္မကထိက၊ အို တရားဟောတတ်သော ရဟန်း။ ဣဒံ၊ ဤအမူအရာသည်။ တုမှာကံ၊ သင်တို့အား။ ပတိရူပံ၊ လျောက်ပတ်မည်လော။ ဣတိ၊ ဤသို့။ ဝဒန္တော၊ ဆိုသော ရဟန်းသည်။ **ဖရုသေန**၊ ကြမ်းကြုတ်သောစကားဖြင့်။ **ဝဒတိ** နာမ၊ ဆိုသည်မည်၏။
ပန၊ ထိုမှတစ်ပါး။ ကာရဏနိဿိတံ၊ သင့်တင့်လျောက်ပတ်သောအကြောင်းကိုမှီသည်ကို။ ကတွာ၊ ပြု၍။ ဘန္တေ၊ အရှင်ဘုရား။ တုမှေ၊ သင်တို့သည်။ မဟလ္လကာ၊ ကြီးရင့်ကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ တုမှေ၊ သင်တို့သည်။ ပရိသာဝစရံ၊ ပရိသတ်၏ကျင်လည်ရာတို့သည်။ အတ္ထ၊ ဖြစ်ကုန်၏။ တုမှေ၊ သင်တို့သည်။ ပံသုကူလိကာ၊ ပံသုကူသင်္ကန်းကိုဆောင်ကုန်သည်။ အတ္ထ၊ ဖြစ်ကုန်၏။ တုမှေ၊ သင်တို့သည်။ ဓမ္မကထိကာ၊ ဓမ္မကထိကတို့သည်။ အတ္ထ၊ ဖြစ်ကုန်၏။ တုမှေ၊ သင်တို့သည်။ ဣဒံ၊ ဤသည်ကား။ တုမှာကံ၊ သင်တို့အား။ ပတိရူပံ၊ လျာက်ပတ်သလော။ ဣတိ၊ ဤသို့။ ဝဒန္တော၊ ဆိုသောရဟန်းသည်။ **သဏှေန**၊ သိမ်မွေ့သောစကားဖြင့်။ **ဝဒတိ** နာမ၊ ဆိုသည်မည်၏။
ကာရဏနိဿိတံ၊ သင့်တင့်သောအကြောင်းကိုမှီသည်ကို။ ကတွာ၊ ပြု၍။ ဝဒန္တော၊ ဆိုသောရဟန်းသည်။ **အတ္ထသံဟိတေန**၊ အကျိုးစီးပွါးနှင့်စပ်သောစကားဖြင့်။ **ဝဒတိ** နာမ၊ ဆိုသည်မည်၏။
**မေတ္တာစိတ္တော ဝက္ခာမိ နော ဒေါသန္တရော**တိ၊ မေတ္တာစိတ္တော ဝက္ခာမိ နော ဒေါသန္တရောဟူသည်ကား။ မေတ္တာစိတ္တံ၊ မေတ္တာစိတ်ကို။ ပစ္စုပဋ္ဌာပေတွာ၊ ရှေးရှုဖြစ်စေ၍။ ဝက္ခာမိ၊ ဆိုအံ့။ ဒုဋ္ဌစိတ္တော၊ ဒေါသသည်ဖျက်ဆီးအပ်သော စိတ်ရှိသည်။ ဟုတွာ၊ ဖြစ်၍။ နဝက္ခာမိ၊ မဆိုအံ့။