ဒသမေ၊ ဒသမသုတ်၌။
**အနုကမ္ပံ ဥပါဒါယာ**တိ၊ အနုကမ္ပ ဥပါဒါယဟူသည်ကား။
ဂိရိမာနန္ဒတ္ထေရေ၊ ဂိရိမာနန္ဒမထေရ်၌။
အနုကမ္ပံ၊ အစဉ်သနားသည်ကို။
ပဋိစ္စ၊ စွဲ၍။
**စက္ခုရောဂေါ**တိအာဒယော၊ စက္ခုရောဂေါဤသို့အစရှိသောအနာတို့ကို။
ဝတ္ထုဝသေန၊ တည်ရာဖြစ်သောဝတ္ထုတို့၏အစွမ်းအားဖြင့်။
ဝေဒိတဗ္ဗာ၊ သိအပ်ကုန်၏။
ဟိသစ္စံ၊ မှန်၏။
နိဗ္ဗတ္တိတပသာဒါနံ၊ ကံသည်ဖြစ်စေအပ်သောပသာဒရုပ်တို့အား။
ရောဂါနာမ၊ ရောဂါမည်သည်။
နတ္ထိ၊ မရှိ။
**ကဏ္ဏရောဂေါ**တိ၊ ကဏ္ဏရောဂေါဟူသည်ကား။
ဗဟိကဏ္ဏ ရောဂေါ၊ နား၏အပ၌ဖြစ်သောအနာတည်း။
**ပိနာသော**တိ၊ ဝိနာသောဟူသည်ကား။
ဗဟိနာသိကာယ၊ နှာခေါင်း၏အပ၌။
ရောဂေါ၊ ဖြစ်သောအနာတည်း။
**နခဿ**တိ၊ နခဿဟူသည်ကား။
နခေဟိ၊ ခြေသည်းလက်သည်းတို့ဖြင့်။
ဝိလေခိတဋ္ဌာနေ၊ ခြစ်မိရာအရပ်၌။
ရောဂေါ၊ အနာတည်း။
**ပိတ္တသမုဋ္ဌာနာ**တိ၊ ပိတ္တသမုဋ္ဌာနာဟူသည်ကား။
ပိတ္တသမုဋ္ဌိတာ၊ သည်းခြေကြောင့်ဖြစ်သောအနာတို့သည်။
တေ၊ ထိုသည်းခြေကြောင့်ဖြစ်သောအနာတို့သည်။
ဒွတ္တိံသ၊ သုံးဆယ့်နှစ်ပါးတို့သည်။
ဟောန္တိ ကိရ၊ ဖြစ်ကုန်သတတ်။
**သေမှသမုဋ္ဌာနာ**ဒီသုပိ၊ သလိပ်ကြောင့်ဖြစ်သောအနာအစရှိသည်တို့၌လည်း။
ဧသေဝ နယော၊ ဤနည်းလျှင်နည်းရှိ၏။
**ဥတုပရိဏာမဇာ**တိ၊ ဥတုပရိဏာမဇာဟူသည်ကား။
ဥတုပရိဏာမေန၊ ဥတု၏ဖောက်ပြန်ခြင်းကြောင့်။
ဥပ္ပဇ္ဇနရောဂါ၊ ဖြစ်သောရောဂါတို့သည်။
**ဝိသမပရိဟာရဇာ**တိ၊ ဝိသမပရိဟာရဇာဟူသည်ကား။
အတိဋ္ဌာနနိသဇ္ဇာဒိနာ၊ အလွန်ရပ်ခြင်းအလွန်ထိုင်ခြင်းအစရှိသော။
ဝိသမပရိဟာရေန၊ မညီမညွတ်ခန္ဓာကိုယ်ကိုဆောင်ခြင်းကြောင့်။
ဇာတာ၊ ဖြစ်သောအနာတို့သည်။
**ဩပက္ကမိကာ**တိ၊ ဩပက္ကမိကာဟူသည်ကား။
ဝဓဗန္ဓနာဒိ ဥပက္ကမေန၊ သတ်ခြင်းနှောင်ဖွဲ့ခြင်းအစရှိသောသူတစ်ပါးလုံ့လကြောင့်။
ဇာတာ၊ ဖြစ်သောအနာတို့သည်။
**ကမ္မဝိပါကဇာ**တိ၊ ကမ္မဝိပါကဇာဟူသည်ကား။
ဗလဝကမ္မဝိပါကသံဘူတာ၊ အားကြီးသောအကုသိုလ်ကံ၏အကျိုးဖြစ်၍ဖြစ်သောအနာတို့တည်း။
**သန္တန္တိ**၊ သန္တံဟူသည်ကား။
ရာဂါဒိသန္တတာယ၊ ရာဂအစရှိသည်တို့၏ငြိမ်းသည်၏အဖြစ်ကြောင်းသည််။
သန္တံ၊ ငြိမ်သက်၏။
အတ္တပ္ပကဋ္ဌေန၊ ရောင့်ရဲခြင်းကိုမဖြစ်စေတတ်သောအနက်သဘောကြောင့်။
**ပဏီတံ**၊ မွန်မြတ်၏။
သေသံ၊ ကြွင်းသောစကားရပ်သည်။
သဗ္ဗတ္ထ၊ အလုံးစုံတို့၌။
ဥတ္တာနတ္ထမေဝ၊ ပေါ်သောအနက်ရှိသည်သာလျှင်တည်း။
ဣတိ၊ ဤသည်လျှင် ဒသမသုတ်၏အဖွင့်အပြီးတည်း။
ပဌမော၊ ရှေးဦးစွာသော။
သစိတ္တဝဂ္ဂေါ၊ သစိတ္တဝဂ်တည်း။