Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
覓寂尊者
中文
胜嗣Jinadāyāda
中文
Khuddakapāṭha-aṭṭhakathā
Khuddakapāṭha-aṭṭhakathā

မင်္ဂလပဉှသမုဋ္ဌာနကထာ

Author: miuthi-မိုးထိ @ IAPT

မင်္ဂလပဉှသမုဋ္ဌာနကထာ

တတ္ထ၊ ထိုမင်္ဂလသုတ္တန်၌။ ဧဝမိစ္စာဒိပါဌဿ၊ ဧဝမိစ္စာအစရှိသောပါဌ်၌။ အတ္ထံ၊ အနက်ကို။ နာနာပ္ပကာရတော၊ အထူးထူးအပြားပြားအားဖြင့်။
ဝဏ္ဏယန္တော၊ ဖွင့်လိုသောဗုဒ္ဓဃောဆရာသည်။ သမုဋ္ဌာနံဝတွာတိ၊ သမုဋ္ဌာနံဝတွာဟူ၍။ မာတိကာယ၊ မာတိကာ၌။ ဌပိတဿ၊ ထားအပ်သော။ သမုဋ္ဌာနဿ၊ သမုဋ္ဌာန်၏ ။ အယံ၊ ဤဆိုလတ္တံ့သည်ကား။ ဝတ္တဗ္ဗတာယ၊ ဆိုအပ်သည်၏အဖြစ်ဖြင့်။ ဩကာသော၊ အခွင့်အရာသည်။ ယသ္မာ၊ အကြင်ကြောင့်။ ဟောတိ၊ ဖြစ်၏ ။ တသ္မာ၊ ထိုကြောင့်။ မင်္ဂလပဉှာသမုဋ္ဌာနံ၊ မင်္ဂလာပြဿနာ၏ဖြစ်ကြောင်းကို။ တာဝ၊ ရှေးဦးစွာ။ ဝတွာ၊ ဆိုဦး၍။ ပစ္ဆာ၊ နောက်မှ။ ဣမေသံဂါထာပဒါနံ၊ ဤဂါထာပုဒ်တို့၏ ။ အတ္ထံ၊ အနက်ကို။ မယံ၊ ငါတို့သည်။ ဝဏ္ဏယိဿာမ၊ ဖွင့်ကုန်အံ့။
ကိဉ္စ၊ အဘယ်သို့လျှင်။ မင်္ဂလပဉှာသမုဋ္ဌာနံ၊ မင်္ဂလာပဉှာ၏ဖြစ်ကြောင်းသည်။ ဟောတိ၊ ဖြစ်လေသနည်းဟူမူကား။
ဇမ္ဗုဒီပေ၊ ဇမ္ဗူဒီပါကျွန်း၌။ တတ္ထတတ္ထနဂရဒွါရသန္ဓာဂါရသဘာဒီသု၊ ထိုထိုသို့သော မြို့တံခါးစုဝေးရာ သဘင် အစရှိသည်တို့၌။ မဟာဇနော၊ လူများသည်။ သန္နိပတိတွာ၊ စည်းဝေး၍။ ဟိရညသုဝဏ္ဏံ၊ ရွှေငွေကို။ ဒတွာ၊ ပေး၍။ နာနာပ္ပကာရံ၊ အထူးထူးအပြားပြားသော။ သီတာဟရဏာဒိ၊ သီတာမိဖုရားကိုဆောင်ခြင်းအစရှိသော။ ကထံ၊ စကားကို။ ကထာပေတိကိရ၊ ပြောဟောစေသတတ်။ ဧကေကာကထာ၊ တစ်ခုတစ်ခုသောစကားသည်။ စတုမာသစ္စယေန၊ လေးလလွန်သဖြင့်။ နိဋ္ဌာတိ၊ အပြီးသို့ရောက်၏ ။
တတ္ထ၊ ထိုအခါ၌။ ဧကဒိဝသံ၊ တစ်နေ့သ၌။ မင်္ဂလကထာ၊ မင်္ဂလာစကားသည်။ သမုဋ္ဌာတိ၊ ဖြစ်၏ ။ ကိံ သမုဋ္ဌာတိ၊ အဘယ်သို့ဖြစ်သနည်း။ ကိံ နုခေါ၊ အဘယ်သို့လျှင်။ မင်္ဂလံ၊ မင်္ဂလာမည်သနည်း။ ဒိဋ္ဌံ၊ မြင်ရခြင်းရူပါရုံသည်။ မင်္ဂလံကိံ၊ မင်္ဂလာမည်သလော။ သုတံ၊ ကြားရခြင်းသဒ္ဒါရုံသည်။ မင်္ဂလံကိံ၊ မင်္ဂလာ မည်သလော။ မုတံ၊ ဂန္ဓရသဖောဋ္ဌဗ္ဗတည်းဟူသောအာရုံသည်။ မင်္ဂလံကိံ၊ မင်္ဂလာမည်သလော။ ကော၊ အဘယ်သူသည်။ မင်္ဂလံ၊ မင်္ဂလာကို။ ဇာနာတိ၊ သိသနည်း။ ဣတိ၊ ဤသို့။ သမုဋ္ဌာတိ၊ ဖြစ်၏ ။
အထ၊ ထိုအခါ၌။ ဒိဋ္ဌမင်္ဂလိကောနာမ၊ ဒိဋ္ဌမင်္ဂလိကအမည်ရှိသော။ ဧကော၊ တစ်ယောက်သော။ ပုရိသော၊ ယောက်ျားသည်။ အာဟ၊ ဆို၏။ ကိံ အာဟ၊ အဘယ်သို့ဆိုသနည်း။ အဟံ၊ ငါသည်။ မင်္ဂလံ၊ မင်္ဂလာကို။ ဇာနာမိ၊ သိ၏ ။ လောကေ၊ လောက၌။ ဒိဋ္ဌံ၊ ကောင်းသောရူပါရုံကိုမြင်ရခြင်းသည်။ မင်္ဂလံ၊ မင်္ဂလာမည်၏ ။ ဒိဋ္ဌံနာမ၊ ကောင်းသည်ကိုမြင်ရခြင်းမည်သည်။ အဘိမင်္ဂလ သမ္မတံ၊ အလွန်ကောင်းသောမင်္ဂလာဟု သမုတ်အပ်သော။ ရူပံ၊ ရူပါရုံတည်း။
သေယျထိဒံ သေယျထာ ကတမံ၊ ထိုရူပါရုံမင်္ဂလာ အဘယ်နည်းဟူမူကား။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သောပုဂ္ဂိုလ်သည်။ ကာလဿေဝ၊ စောစောကလျှင်။ ဝုဋ္ဌာယ၊ ထ၍။ စာဖသကုဏံဝါ၊ ပိန်ညင်းငှက်ကိုမူလည်း။ ပဿဘိ၊ မြင်၏ ။ ဝေမုပလဋ္ဌိဝါ၊ ကြာစည်းကိုကိုင်လျက်နေသောသူကိုလည်းကောင်း။ ဂဗ္ဘိနိံ ဝါ၊ ကိုယ်ဝန်စွဲသောမိန်းမကိုလည်းကောင်း။ အလင်္ကတပဋိယတ္တေ၊ တန်ဆာဆင်ခြင်းနှင့်စပ်ယှဉ်ကုန်သော။ ကုမာရကေဝါ၊ သတို့သားငယ်တို့ကိုလည်းကောင်း။ ပုဏ္ဏဃဋေဝါ၊ ရေပြည့်သောအိုးတို့ကိုလည်းကောင်း။ အလ္လရောဟိတမစ္ဆံဝါ၊ စိုသောငါးကြင်းကိုလည်းကောင်း။ အာဇညံဝါ၊ အာဇာနည်မြင်းကိုလည်းကောင်း။ အာဇညရထံဝါ၊ အာဇာနည်မြင်းကသော ရထားကိုလည်း‌ကောင်။ ဥသဘံဝါ၊ နွားလားဥသဘကိုလည်းကောင်း။ ဂါဝိံ ဝါ၊ နွားမကိုလည်းကောင်း။ ကပိလံဝါ၊ မျောက်ကိုလည်းကောင်း။ အညံပိ၊ တစ်ပါးလည်းဖြစ်သော။ ယံကိဉ္စိ၊ အမှတ်မရှိတစ်ခုခုသော။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ အဘိမင်္ဂလသမ္မတံ၊ အလွန်သောမင်္ဂလာဟု သမုတ်အပ်သော။ ရူပံ၊ ရူပါရုံကို။ ပဿတိ၊ မြင်ရ၏ ။ ဣဒံ၊ ဤသို့မြင်ရခြင်းကို။ ဒိဋ္ဌမင်္ဂလန္တိ၊ ဒိဋ္ဌမင်္ဂလာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏ ။
တဿ၊ ထိုဒိဋ္ဌမင်္ဂလိကအမည်ရှိသောယောက်ျား၏ ။ ဝစနံ၊ စကားကို။ ဧကစ္စေ၊ အချို့သောသူတို့သည်။ အဂ္ဂဟေသုံ၊ ယူကြကုန်၏ ။ ဧကစ္စေ၊ အချို့သောသူတို့သည်။ နအဂ္ဂဟေသုံ၊ မယူကြကုန်။
ယေ၊ အကြင်သူတို့သည်။ နအဂ္ဂဟေသုံ၊ မယူကြကုန်။ တေ၊ ထိုသူတို့သည်။ တေန၊ ထိုဒိဋ္ဌမင်္ဂလိကအမည်ရှိသောသူနှင့်။ သဟ၊ တကွ။ ဝိဝဒိံသု၊ ငြင်းခုံ၍ပြောဆိုကြကုန်၏ ။
အထ၊ ထိုအခါ၌။ သုတမင်္ဂလိကော၊ သုတမင်္ဂလာအယူရှိသော။ ပုရိသော၊ ယောက်ျားသည်။ အာဟ၊ ဆို၏ ။ ကိံ အာဟ၊ အဘယ်သို့ဆိုသနည်း။
ဘော၊ အချင်းတို့။ ဧတံ၊ ထိုရူပါရုံကို။ စက္ခုနာ၊ မျက်စိဖြင့်။ သုစိမ္ပိ၊ စင်ကြယ်သည်ကိုလည်း။ ပဿတိ၊ မြင်၏။ အသုစိမ္ပိ၊ မစင်ကြယ်သည်ကိုလည်း။ ပဿတိ၊ မြင်၏ ။ တထာ၊ ထိုအတူ။ သုန္ဒရမ္ပိ၊ ကောင်းသောအာရုံကိုလည်း။ ပဿတိ၊ မြင်ရ၏ ။ အသုန္ဒရမ္ပိ၊ မကောင်းသောအာရုံကိုလည်း။ ပဿတိ၊ မြင်ရ၏ ။ မနာပမ္ပိ၊ နှစ်လိုဖွယ်ကိုလည်း။ ပဿတိ၊ မြင်၏ ။ အမနာပမ္ပိ၊ မနှစ်လိုဖွယ်ကိုလည်း။ ပဿတိ၊ မြင်၏ ။
တေန၊ ထိုကြောင့်။ ဒိဋ္ဌံ၊ မြင်အပ်သောရူပါရုံသည်။ မင်္ဂလံ၊ မင်္ဂလာသည်။ ယဒိသိယာ၊ အကယ်၍ဖြစ်အံ့။ သဗ္ဗံ၊ အလုံးစုံကောင်း‌သောအာရုံ မကောင်းသောအာရုံသည်။ မင်္ဂလံ၊ မင်္ဂလာ မည်သည်။ သိယာ၊ ဖြစ်လေရာ၏ ။
တသ္မာ၊ ထိုကြောင့်။ ဒိဋ္ဌံ၊ မြင်အပ်သောရူပါရုံသည်လည်း။ မင်္ဂလံ၊ မင်္ဂလာမည်သည်။ န၊ မဟုတ်။ အပိစခေါပန၊ စင်စစ်သဖြင့်သော်ကား။ သုတံ၊ သဒ္ဒါရုံသည်။ မင်္ဂလံ၊ မင်္ဂလာမည်၏ ။
သုတံနာမ၊ သဒ္ဒါရုံကိုကြားရခြင်းသည်။ အဘိမင်္ဂလသမ္မတော၊ အလွန်သောမင်္ဂလာဟုသမုတ်အပ်သော။ သ‌ဒ္ဒေါ၊ သဒ္ဒါရုံတည်း။
သေယျထိဒံ သေယျထာကတမံ၊ ထိုသဒ္ဒါရုံအဘယ်နည်းဟူမူကား။
ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သောသူသည်။ ကာလဿေဝ၊ စောစောကလျှင်။ ဝုဋ္ဌာယ၊ ထ၍။ ဝဍ္ဎမာနာတိဝါ၊ ပွါးများ၏ဟူ၍လည်းကောင်း။ ပုဏ္ဏာတိဝါ၊ ပြည့်စုံ၏ဟူ၍လည်းကောင်း။ ဖုဿာတိဝါ၊ ဖုဿဟူ၍လည်းကောင်း။ သုမနာတိဝါ၊ သုမနဟူ၍လည်းကောင်း။ သိရီတိဝါ၊ သိရီဟူ၍လည်းကောင်း။ သိရိဝဍ္ဎာတိဝါ၊ သိရိဝဍ္ဎဟူ၍လည်းကောင်း။ အဇ္ဇ၊ ယနေ့။ သုနက္ခတ္တံ၊ ကောင်းသောနက္ခတ်နှင့်ယှဉ်၏ ။ သုမုဟုတ္တံ၊ ကောင်းသောတစ်မုဟုတ်နှင့်ယှဉ်၏ ။ သုဒိဝသံ၊ ကောင်းသောနေ့တည်း။ သုမင်္ဂလံ၊ ကောင်းသောမင်္ဂလာတည်း။ ဣတိဝါ၊ ဤသို့လည်းကောင်း။ ဧဝရူပံဝါ၊ ဤသို့သဘောရှိသည်လည်းဖြစ်သော။ ယံကိဉ္စိ၊ တစ်စုံတစ်ခုဖြစ်သော။ အဘိမင်္ဂလသမ္ပတံ၊ အလွန်သောမင်္ဂလာဟု သမုတ်အပ်သော။ သဒ္ဒံ၊ အသံကို။ သုဏာတိ၊ ကြား၏ ။ ဣဒံသဗ္ဗံ၊ ဤအလုံးစုံသောသဒ္ဒါရုံကို။ သုတမင်္ဂလန္တိ၊ သုတမင်္ဂလာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏ ။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏ ။
တဿာပိ၊ ထိုသုတမင်္ဂလာကိုအယူရှိသောသူ၏လည်း။ ဝစနံ၊ စကားကို။ ဧကစ္စေ၊ အချို့သောသူတို့သည်။ အဂ္ဂဟေသုံ၊ ယူကုန်၏ ။ ဧကစ္စေ၊ အချို့သောသူတို့သည်။ နအဂ္ဂဟေသုံ၊ မယူကြကုန်။
ယေ၊ အကြင်သူတို့သည်။ န အဂ္ဂဟေသုံ၊ မယူကြကုန်။ တေ၊ ထိုမယူသောသူတို့သည်။ တေန၊ ထိုသုတမင်္ဂလာအယူရှိသောသူနှင့်။ သဟ၊ အတူတကွ။ ဝိဝဒိံသု၊ ငြင်းခုံပြောဆိုကြကုန်၏ ။
အထ၊ ထိုအခါ၌။ မုတမင်္ဂလိကောနာမ၊ မုတမင်္ဂလိကအမည်ရှိသော။ ဧကော၊ တစ်ယောက်သော။ ပုရိသော၊ ယောက်ျားသည်။ အာဟ၊ ဆို၏ ။ ကိံ အာဟ၊ အဘယ်သို့ဆိုသနည်း။ ဘော၊ အိုအချင်းတို့။ ဧတံသောတံပိနာမ၊ ဤကြားနာရခြင်းမည်သည်ကား။ သာဓုမ္ပိ၊ ကောင်းသောအာရုံကိုလည်းကောင်း။ အသာဓုမ္ပိ၊ မကောင်းသောအာရုံကိုလည်းကောင်း။ မနာပမ္ပိ၊ နှစ်လိုဖွယ်ကိုလည်းကောင်း။ အမနာပမ္ပိ၊ မနှစ်လိုဖွယ်ကိုလည်းကောင်း။ သုဏာတိ၊ ကြားရတတ်၏ ။
တေန၊ ထိုကြောင့်။ သုတံ၊ သဒ္ဒါရုံသည်။ မင်္ဂလံ၊ မင်္ဂလာသည်။ ယဒိသိယာ၊ အကယ်၍ဖြစ်အံ့။ သဗ္ဗမ္ပိ၊ အလုံးစုံသောသဒ္ဒါရုံသည်လည်း။ မင်္ဂလံ၊ မင်္ဂလာသည်။ သိယာ၊ ဖြစ်လေရာ၏ ။
တသ္မာ၊ ထိုကြောင့်။ သုတံ၊ သဒ္ဒါရုံသည်။ မင်္ဂလံ၊ မင်္ဂလာသည်။ န၊ မဟုတ်။ အပိစခေါပန၊ စင်စစ်သဖြင့်သော်ကား။ မုတံ၊ ဂန္ဓရသဖောဋ္ဌဗ္ဗ တည်းဟူသောအာရုံသည်။ မင်္ဂလံ၊ မင်္ဂလာမည်၏ ။
မုတံနာမ၊ မုတံမည်သည်ကား။ အဘိမင်္ဂလသမ္မတံ၊ အလွန်သောမင်္ဂလာဟုသမုတ်အပ်သော။ မုတံ၊ တွေ့အပ်သော။ ဂန္ဓရသဖောဋ္ဌဗ္ဗံ၊ ဂန္ဓာရုံရသာရုံဖောဋ္ဌဗ္ဗာရုံတည်း။
သေယျထိဒံ သေယျထာ ကတမံ၊ ထိုမုတာရုံ အဘယ်နည်း ဟူမူကား။ ဣဓ၊ ဤလောက၌။ ဧကစ္စော၊ အချို့သောသူသည်။ ကာလဿေဝ၊ စောစောကလျှင်။ ဝုဋ္ဌာယ၊ ထ၍။ ပဒုမဂန္ဓာဒိ ပုပ္ဖဂန္ဓံဝါ၊ ကြာပဒုမ္မာ အနံ့အစရှိသောပန်း၏အနံ့ကိုလည်း။ ဃာယတိ၊ နမ်းရ၏ ။ ဖုဿဒန္တကဋ္ဌံဝါ၊ အတွေ့ကောင်းသောတစ်ပူကိုလည်း။ ဃာယတိ၊ နမ်းရအံ့။ ပထဝိံ ဝါ၊ မြေကြီးကိုလည်း။ အာမသတိ၊ သုံးသပ်ရအံ့။ ဟရိတ သဿံဝါ၊ စိမ်းရှင်သောကောက်ပင်ကိုလည်းကောင်း။ အလ္လဂေါမယံဝါ၊ စိုသောနွားချေးကိုလည်းကောင်း။ ကစ္ဆံပံဝါ၊ လိပ်ကိုလည်းကောင်း။ တိလံဝါ၊ နှမ်းကိုလည်းကောင်း။ ပုပ္ဖံဝါ၊ ပန်းကိုလည်းကောင်း။ ဖလံဝါ၊ အသီးကိုလည်းကောင်း။ အာမသတိ၊ သုံးသပ်ရအံ့။ ကာယံ၊ ကိုယ်ကို။ ဖုဿမတ္တိကာယဝါ၊ အတွေ့ကောင်းသောမြေညက်ဖြင့်လည်း။ သမ္မာလိမ္ပတိ၊ ကောင်းစွာလိမ်းကျံရအံ့။ ဖုဿသာဋကံဝါ၊ အတွေ့ကောင်းသောပုဆိုးကိုလည်း။ နိဝါသေတိ၊ ဝတ်ရအံ့။ ဖုဿဝေဋ္ဌနံဝါ၊ အတွေ့ကောင်းသောဦးရစ်ကိုလည်း။ ဓာရေတိ၊ ဆောင်ရပေါင်းရအံ့။ အညမ္ပိ၊ ဆိုအပ်ပြီးသည်မှတစ်ပါးလည်းဖြစ်သော။
ယံဝါပနကိဉ္စိ၊ တစ်စုံတစ်ခုလည်းဖြစ်သော။ ဧဝရူပံ၊ ဤသို့သဘောရှိသော။ အဘိမင်္ဂလသမ္မတံ၊ အလွန်‌သောမင်္ဂလာဟုသမုတ်အပ်သော။ ဂန္ဓံဝါ၊ နံ့သာကိုမူလည်း။ ဃာယတိ၊ နမ်းရအံ့။ ရသံဝါ၊ ရသာရုံကိုလည်း။ သာယတိ၊ လျက်ရအံ့။ ဖောဋ္ဌဗ္ဗံဝါ၊ ဖောဋ္ဌဗ္ဗာရုံကိုလည်း။ ဖုသတိ၊ တွေ့ရအံ့။ ဣဒံသဗ္ဗံ၊ ဤအလုံးစုံကို။ မုတမင်္ဂလန္တိ၊ မုတမင်္ဂလာဟူ၍။ ဝုစ္စတိ၊ ဆိုအပ်၏ ။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏ ။
တဿာပိ၊ ထိုမုတမင်္ဂလိကအယူရှိသောယောက်ျား၏လည်း။ ဝစနံ၊ စကားကို။ ဧ‌ကစ္စေ၊ အချို့သောသူတို့သည်။ အဂ္ဂဟေသုံ၊ ယူကြကုန်၏ ။ ဧကစ္စေ၊ အချို့သောသူတို့သည်။ နအဂ္ဂဟေသုံ၊ မယူကြကုန်။
တတ္ထ၊ ထိုသုံးပါး‌သောအယူရှိသောသူတို့တွင်။ ဒိဋ္ဌမင်္ဂလိကော၊ မြင်အပ်သည်ကိုမင်္ဂလာဟုအယူရှိသော‌ယောက်ျားသည်။ သုတမုတမင်္ဂလိကေ၊ သုတမင်္ဂလာမုတမင်္ဂလာအယူရှိသောယောက်ျားတို့ကို။ ဉာပေတုံ၊ သိစေခြင်းငှါ။ နအသက္ခိ၊ မတတ်နိုင်လေ။ တေသံ၊ ထိုသုံးယောက်သောယောက်ျားတို့တွင်။ အညတရော၊ တစ်ယောက်သည်။ ဣတရေ၊ ဤမှတစ်ပါးကုန်သော။ ဒွေ၊ နှစ်ယောက်သောယောက်ျားတို့ကို။ ဉာပေတုံ၊ သိစေခြင်းငှါ။ နအသက္ခိ၊ မတတ်နိုင်လေ။
တေသုစမနုဿေသု၊ ထိုလူအပေါင်းတို့တွင်လည်း။ ‌ယေ၊ အကြင်သူတို့သည်။ ဒိဋ္ဌမင်္ဂလိကဿ၊ မြင်အပ်သည်ကိုမင်္ဂလာဟုအယူရှိသောသူ၏ ။ ဝစနံ၊ စကားကို။ ဂဏှိံသု၊ ယူကြကုန်၏ ။ တေ၊ ထိုလူတို့သည်။ ဒိဋ္ဌံယေဝ၊ မြင်အပ်သောရူပါရုံသည်သာလျှင်။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဂတာ၊ အယူသဘောရှိကုန်၏ ။
ယေ၊ အကြင်သူတို့သည်။ သုတမုတမင်္ဂလိကာနံ၊ သုတမင်္ဂလာမုတမင်္ဂလာအယူရှိကုန်သောသူတို့၏ ။ ဝစနံ၊ စကားကို။ ဂဏှိံ သု၊ ယူကြကုန်၏ ။ တေ၊ ထိုလူအပေါင်းတို့သည်။ သုတံယေဝ၊ သဒ္ဒါရုံကိုသာလျှင်။ မုတံယေဝ၊ မုတာရုံကိုသာလျှင်။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဂတာ၊ အယူသဘောရှိကုန်၏ ။
ဧဝံ၊ ဤသို့။ အယံမင်္ဂလကထာ၊ ဤသို့သုံးကြောင်းသုံးသွယ်ယူအပ်သော မင်္ဂလာစကားသည်။ သကလဇမ္ဗုဒီပေ၊ အလုံးစုံသောဇမ္ဗူဒီပါကျွန်း၌။ ပါကဋာ၊ ထင်ရှားသည်။ ဇာတာ၊ ဖြစ်၏ ။
အထ၊ ထိုအခါ၌။ သကလဇမ္ဗုဒီပေ၊ အလုံးစုံသောဇမ္ဗူဒီပါကျွန်း၌။ မမုဿာ၊ လူတို့သည်။ ဂုမ္ဗဂုမ္ဗာ၊ အစုအစုတို့သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ ကိံ နုခေါ၊ အဘယ်သည်လျှင်။ မင်္ဂလန္တိ၊ မင်္ဂလာမည်သနည်းဟု။ မင်္ဂလာနိ၊ မင်္ဂလာတို့ကို။ စိန္တယိံသု၊ ကြံကြကုန်၏ ။
တေသံမနုဿာနံ၊ ထိုလူတို့၏။ အာရက္ခဒေဝတာ၊ ကိုယ်စောင့်နတ်တို့သည်။ တံကထံ၊ ထိုစကားကို။ သုတွာ၊ ကြားကြကုန်၍။ တထေဝ၊ ထိုလူတို့နည်းတူပင်လျှင်။ မင်္ဂလာနိ၊ မင်္ဂလာတို့ကို။ စိန္တယိံသု၊ ကြံကြကုန်၏ ။
တေသံဒေဝတာနံ၊ ထိုကိုယ်စောင့်နတ်တို့၏ ။ မိတ္တာ၊ အဆွေခင်ပွန်းဖြစ်ကုန်သော။ ဘုမ္မဒေဝတာ၊ ဘုမ္မစိုးနတ်တို့သည်။ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏ ။ အထ၊ ထိုအခါ၌။ တတော၊ ထိုကိုယ်စောင့်နတ်တို့အထံမှ။ သုတွာ၊ ကြားကုန်၍။ ဘုမ္မဒေဝတာပိ၊ ဘုမ္မစိုးနတ်တို့သည်လည်း။ တထေဝ၊ ထိုအတူသာလျှင်။ မင်္ဂလာနိ၊ မင်္ဂလာတို့ကို။ စိန္တယိံသု၊ ကြံကြကုန်၏ ။ တာသံဒေဝတာနံ၊ ထိုဘုမ္မစိုးနတ်တို့၏ ။ မိတ္တာ၊ အဆွေခင်ပွန်းဖြစ်ကုန်သော။ အာကာသဋ္ဌဒေဝတာ၊ အာကာသစိုးနတ်တို့သည်။ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏ ။ အာကာသဋ္ဌဒေဝတာနံ၊ ကောင်းကင်၌တည်ကုန်သောနတ်တို့၏ ။ မိတ္တာ၊ အဆွေခင်ပွန်းဖြစ်ကုန်သော။ စာတုမဟာရာဇိကာ၊ စာတုမဟာရာဇ်၌နေကုန်သော။ ဒေဝတာ၊ နတ်တို့သည်။ ‌ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏ ။ ဧတေနုပါယေန၊ ဤသို့သောအကြောင်းဖြင့်။ သုဒဿီဒေဝတာနံ၊ သုဒဿီနတ်တို့၏ ။ မိတ္တာ၊ အဆွေခင်ပွန်းတို့သည်။ ယာဝအကနိဋ္ဌာ၊ အကနိဋ္ဌ တိုင်အောင်။ ဒေဝတာ၊ နတ်တို့သည်။ ဟောန္တိ၊ ရှိသည်ဖြစ်ကုန်၏ ။ အထ၊ ထိုအခါ၌။ တတော၊ ထိုသုဒဿီ ဗြဟ္မာတို့၏အထံမှလည်း။ သုတွာ၊ ကြားကုန်၍။ အကနိဋ္ဌာ၊ အကနိဋ္ဌဘုံ၌နေကုန်သော။ ဒေဝတာပိ၊ နတ်တို့သည်လည်း။ တထေဝ၊ ထိုအတူသာလျှင်။ ဂုမ္ဗဂုမ္ဗာ၊ အစုအစုရှိကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ မင်္ဂလာနိ၊ မင်္ဂလာတရားတို့ကို။ စိန္တယိံသု၊ ကြံကြကုန်၏ ။
ဧဝံ၊ ဤသို့။ ယာဝဒသ သဟဿစက္ကဝါဠေ၊ တစ်သောင်းသောစကြာဝဠာ တိုင်တိုင်။ သဗ္ဗတ္ထ၊ ခပ်သိမ်းသောအရပ်တို့၌။ မင်္ဂလစိန္တာ၊ မင်္ဂလာကိုကြံခြင်းသည်။ ဥဒပါဒိ၊ ထင်ရှားဖြစ်၏ ။
ဥပန္နာစ၊ ဖြစ်သောစကားသည်လည်း။ ဣဒံ၊ ဤသည်ကား။ မင်္ဂလံ၊ မင်္ဂလာတည်း။ ဣဒံ၊ ဤသည်ကား။ မင်္ဂလံ၊ မင်္ဂလာတည်း။ ဣတိ၊ ဤသို့။ ဝိနိစ္ဆမာနာပိ၊ ဆုံးဖြတ်အပ်ကုန်သော်လည်း။ ဝိနိစ္ဆယံ၊ အဆုံးအဖြတ်သို့။ အပတ္တာဧဝ၊ မရောက်နိုင်ကုန်သည်ဖြစ်၍လျှင်။ ဒွါဒသဝဿာနိ၊ တစ်ဆယ့်နှစ်နှစ်တို့ပတ်လုံး။ အဋ္ဌာသိ၊ တည်လေ၏။
အရိယသာဝကေ၊ ဘုရားတပည့်သားတော်တို့ကို။ ဌပေတွာ၊ ထား၍။ သဗ္ဗေမနုဿာစ၊ လူခပ်သိမ်းတို့သည်လည်းကောင်း။ သဗ္ဗေဒေဝတာစ၊ နတ်ခပ်သိမ်းတို့သည်လည်းကောင်း။ သဗ္ဗေဗြဟ္မာနောစ၊ ဗြဟ္မာခပ်သိမ်းတို့သည်လည်းကောင်း။ ဒိဋ္ဌသုတမုတဝသေန၊ ဒိဋ္ဌမင်္ဂလာအယူသုတမင်္ဂလာအယူ ရတမင်္ဂလာအယူရှိသောသူတို့၏အစွမ်းဖြင့်။ တိဓာဘိန္နာ၊ သုံးစုကွဲကုန်၏ ။
ဧကောပိ၊ တစ်ယောက်မျှသည်လည်း။ ဣဒမေဝ၊ ဤအချက်သည်လျှင်။ မင်္ဂလန္တိ၊ မင်္ဂလာတည်းဟု။ ယထာဘုစ္စတော၊ ဟုတ်မှန်သောအားဖြင့်။ နိဋ္ဌံဂတော၊ ဆုံးဖြတ်ခြင်းသို့ရောက်နိုင်သည်။ နာဟောသိ၊ မဖြစ်လေ။ မင်္ဂလကောလာဟလံ၊ မင်္ဂလာကောလာဟလသည်။ လောကေ၊ လောက၌။ ဥပ္ပဇ္ဇိ၊ ထင်ရှား‌ဖြစ်၏ ။
ကောလာဟလံနာမ၊ ကောလာဟလမည်သည်ကား။ ကပ္ပကောလာဟလံ၊ ကမ္ဘာပျက်အံ့သော ကောလာဟလည်းကောင်း။ စက္ကဝတ္တိကောလာဟလံ၊ စကြာဝတေးမင်းဖြစ်အံ့သောကောလာဟလလည်းကောင်း။ ဗုဒ္ဓကောလာဟလံ၊ ဘုရားဖြစ်အံ့သောကောလာဟလ လည်းကောင်း။ မင်္ဂလကောလာဟလံ၊ မင်္ဂလာကောလာဟလလည်းကောင်း။ မောနေယျကောလာဟလံ၊ မောနေယျကောလာဟလလည်းကောင်း။ ဣတိ၊ ဤသို့။ ပဉ္စဝိဓံ၊ ငါးပါးအပြားရှိ၏ ။
တတ္ထ၊ ထိုငါးပါးသောကောလဟလတို့တွင်။ ကာမာဝစရာ၊ ကာမာဝစရဖြစ်ကုန်သော။ ဒေဝါ၊ နတ်တို့သည်။ မုတ္တာသိရာ၊ ဦးခေါင်း၌ကင်းသောတန်ဆာရှိကုန်သည်ဖြစ်၍။ ဝိကိဏ္ဏကေသာ၊ ဆံဖါးရားရှိကုန်လျက်။ ရုဒမုခါ၊ ငိုသောမျက်နှာရှိကုန်သည်ဖြစ်၍။ အဿူနိ၊ မျက်ရည်တို့ကို။ ဟတ္ထေဟိ၊ လက်တို့ဖြင့်။ ပုဉ္ဆမာနာ၊ သုတ်ကုန်လျက်။ ရတ္တဝတ္ထနိဝတ္ထာ၊ နီသောအဝတ်ကိုဝတ်ကုန်၍။ အတိဝိယ၊ အလွန်လျှင်။ ဝိရူပဝေသဓာရိနော၊ အဆင်းမလှသည်ကိုဆောင်ကုန်သည်။ ဟုတွာ၊ ဖြစ်ကုန်၍။ ဝဿသတသဟဿစ္စယေန၊ အနှစ်တစ်သိန်းလွန်သဖြင့်။ ကပ္ပုဋ္ဌာနံ၊ ကမ္ဘာပျက်သည်။ ဟောဟိတိ၊ ဖြစ်လတ္တံ့။ အယံလောကော၊ ဤလောကသည်။ ဝိနဿိဿတိ၊ ပျက်စီးလတ္တံ့။ မဟာသမုဒ္ဒေါ၊ မဟာသမုဒ္ဒရာသည်။ သုဿိဿတိ၊ ခြောက်လတ္တံ့။ အယံမဟာပထဝီစ၊ ဤမြေကြီးသည်လည်းကောင်း။ အယံသိနေရု ပဗ္ဗတရာဇာစ၊ ဤမြင့်မိုရ်တောင်မင်းသည်လည်းကောင်း။ ဥဍ္ဎယှိဿတိ၊ လောင်ကုန်လတ္တံ့။ ယာဝဗြဟ္မ လောကာ၊ ဗြဟ္မာပြည်တိုင်အောင်။ ဝိနာသော၊ ပျက်စီးခြင်းသည်။ ဘဝိဿတိ၊ ဖြစ်လတ္တံ့။ မာရိသာ၊ အချင်းတို့။ မေတ္တံ၊ မေတ္တာကို။ တုမှေ၊ သင်တို့သည်။ ဘာဝေထ၊ ပွါးစေကုန်လော။ ကရုဏံ၊ ကရုဏာကို။ မုဒိတံ၊ မုဒိတာကို။ မာရိသာ၊ အချင်းတို့။ ဥပေက္ခံ၊ ဥပေက္ခာကို။ ဘာဝေထ၊ ပွါးစေကုန်လော။ တုမှေ၊ သင်တို့သည်။ မာတရံ၊ အမိကို။ ဥပဋ္ဌဟထ၊ လုပ်ကျွေးကုန်လော။ ပိတရံ၊ အဘကို။ ဥပဋ္ဌဟထ၊ လုပ်ကျွေးကုန်လော။ ကုလေ၊ အမျိုး၌။ ဇေဋ္ဌာပစာယိနော၊ ကြီးသူတို့အားအရိုအသေရှိကုန်သည်။ ဟောထ၊ ဖြစ်ကုန်လော။ ဇာဂရထ၊ နိုးကြားကုန်လော။ မာပမာဒထ၊ မမေ့မလျော့ကြကုန်လင့်။ ဣတိ၊ ဤသို့။ မနုဿပထေ၊ လူ့ပြည်ခရီး၌။ ဝိစရိတွာ၊ လှည့်ပတ်သွားလာကုန်၍။ အာရောစေန္တိ၊ ကြားကုန်၏ ။
ဣဒံ၊ ဤကောလာဟလသည်။ ကပ္ပကောလာဟလာနာမ၊ ကပ္ပကောလာဟလမည်၏ ။
ကာမာဝစရဒေဝါစယေဝ၊ ကာမာဝစရနတ်တို့သည်ပင်လျှင်။ ဝဿသတစ္စယေန၊ အနှစ်တစ်ရာလွန်သဖြင့်။ စက္ကဝတ္တိရာဇာ၊ စကြာဝတေးမင်းသည်။ လောကေ၊ လောက၌။ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ မနုဿပထေ၊ လူ့ပြည်ခရီး၌။ ဝိစရိတွာ၊ လှည့်ပတ်သွားလာကုန်၍။ အာရောစေန္တိ၊ ကြားကုန်၏။
ဣဒံ၊ ဤကောလာဟလသည်။ စက္ကဝတ္တိကောလာဟလံနာမ၊ စက္ကဝတ္တိကောလာဟလမည်၏ ။
သုဒ္ဓါဝါသာ၊ သုဒ္ဓါဝါသဘုံ၌နေကုန်သော။ ဒေဝါပန၊ ဗြဟ္မာတို့သည်ကား။ ဗြဟ္မာဘရဏေန၊ ဗြဟ္မာတို့ဆင်အပ်သောတန်ဆာဖြင့်။ အလင်္ကရိတွာ၊ တန်ဆာဆင်၍။ ဗြဟ္မဝေဌနံ၊ ဗြဟ္မာတို့၏ဥရစ်မကိုဋ်တန်ဆာကို။ သီသေ၊ ဦးခေါင်း၌။ ကတွာ၊ ပြု၍။ ပီတိသောမနဿဇာတာ၊ နှစ်လိုဝမ်းသာသော သဘောရှိကုန်သည်ဖြစ်၍။ ဗုဒ္ဓဂုဏဝါဒိနော၊ ဘုရားရှင်ဂုဏ်ကျေးဇူးကိုပြောဆိုကြကုန်လျက်။ ဝဿသဟဿစ္စယေန၊ အနှစ်တစ်ထောင်လွန်သဖြင့်။ ဗုဒ္ဓေါ၊ ဘုရားသည်။ လောကေ၊ လောက၌။ ဥပ္ပဇ္ဇိဿတိ၊ ဖြစ်လတ္တံ့။ ဣတိ၊ ဤသို့။ ဝတွာ၊ ဆို၍။ မနုဿပထေ၊ လူ့ပြည်ခရီး၌။ ဝိစရိတွာ၊ လှည့်ပတ်သွားလာကုန်၍။ အာရောစေန္တိ၊ ကြားကုန်၏ ။
ဣဒံ၊ ဤကောလာဟလသည်။ ဗုဒ္ဓကောလာဟလံနာမ၊ ဗုဒ္ဓကောလာဟလမည်၏ ။
သုဒ္ဓါဝါသာဧဝ၊ သုဒ္ဓါဝါသဘုံ၌သာလျှင်နေကုန်သော။ ဒေဝါ၊ ဗြဟ္မာတို့သည်။ မနုဿာနံ၊ လူတို့၏ ။ စိတ္တံ၊ စိတ်ကို။ ဉတွာ၊ သိကုန်၍။ ဒွါဒသန္နံဝဿာနံ၊ တစ်ဆယ့်နှစ်နှစ်တို့၏ ။ အစ္စယေန၊ လွန်သဖြင့်။ သမ္မာသမ္ဗုဒ္ဓေါ၊ သဗ္ဗညုဘုရားသည်။ မင်္ဂလံ၊ မင်္ဂလာတရားကို။ ကထေဿတိ၊ ဟောတော်မူလတ္တံ့။ ဣတိ၊ ဤသို့။ မနုဿပထေ၊ လူ့ပြည်ခရီး၌။ ဝိစရိတွာ၊ လှည့်ပတ်သွားလာကုန်၍။ အာရောစေန္တိ၊ ကြားကုန်၏ ။
ဣဒံ၊ ဤကောလာဟလသည်။ မင်္ဂလကောလာဟလံနာမ၊ မင်္ဂလကောလာဟလမည်၏ ။
သုဒ္ဓါဝါသာဧဝ၊ သုဒ္ဓါဝါသဘုံ၌နေကုန်သည်သာဖြစ်ကုန်သော။ ဒေဝါ၊ ဗြဟ္မာတို့သည်။ သတ္တန္နံဝဿာနံ၊ ခုနစ်နှစ်တို့၏ ။ အစ္စယေန၊ လွန်သဖြင့်။ အညတရော၊ တစ်ယောက်‌သော။ ဘိက္ခု၊ ရဟန်းသည်။ ဘဂဝတာ၊ မြတ်စွာဘုရားနှင့်။ သဒ္ဓိံ၊ တကွ။ သမာဂမ္မ၊ ပေါင်းဆုံမိ၍။ မောနေယျပဋိပဒံ၊ မောနေယျအကျင့်ကို။ ပုစ္ဆိဿတိ၊ မေးလျောက်လတ္တံ့။ ဣတိ၊ ဤသို့။ မနုဿပထေ၊ လူ့ပြည်ခရီး၌။ ဝိစရိတွာ၊ လှည့်ပတ်သွားလာ၍။ အာရောစေန္တိ၊ ကြားကုန်၏ ။
ဣဒံ၊ ဤကောလာဟလသည်။ မောနေယျကောလာဟလံနာမ၊ မောနေယျကောလာဟလမည်၏ ။
ဣမေသု၊ ဤသို့သဘောရှိကုန်သော။ ပဉ္စသု၊ ငါးပါးကုန်သော။ ကောလာ ဟလေသု၊ ကောလာဟလတို့တွင်။ ဒေဝ မနုဿာနံ၊ နတ်လူတို့အား။ ဣဒံမင်္ဂလ ကောလာဟလံ၊ ဤမင်္ဂလာကောလာဟလသည်။ လောကေ၊ လောက၌။ ဥပ္ပဇ္ဇိ၊ ဖြစ်၏ ။
အထ၊ ထိုအခါ၌။ ဒေဝေသုစ၊ နတ်ပြည်တို့၌လည်းကောင်း။ မနုဿေ သုစ၊ လူ့ပြည်တို့၌လည်းကောင်း။ ဝိစရိတွာ၊ လှည့်ပတ်သွားလာကုန်၍။ မင်္ဂလာနိ၊ မင်္ဂလာတို့ကို။ အလဘမာနေသု၊ မရအပ်ကုန်သည်ရှိသော်။ ဒွါဒသန္နံဝဿာနံ၊ တစ်ဆယ့်နှစ်နှစ်တို့၏ ။ အစ္စယေန၊ လွန်သဖြင့်။ တာဝတိံ သကာယိက၊ တာဝတိံသာနတ်ပြည်၌နေကုန်သော။ ဒေဝတာ၊ နတ်တို့သည်။ သင်္ဂမ္မ၊ ကောင်းစွာစုဝေး၍။ သမာဂမ္မ၊ အညီအညွတ်လာကုန်၍။ ဧဝံ၊ ဤသို့။ သဟစိန္တေသုံ၊ အတူတကွကြံကြကုန်၏ ။ သေယျထာပိနာမ၊ ဥပမာသော်ကား။ ဃရသာမိကော၊ အိမ်ရှင်သည်။ အန္တောပရိဇနာနံ၊ အိမ်၌နေကုန်သောသူတို့အား။ စိန္တေသိယထာ၊ ကြံစည်သကဲ့သို့လည်းကောင်း။ ဂါမဝါသိကော၊ ရွာသူကြီးသည်။ ဂါမဝါသီနံ၊ ရွာ၌နေသောသူတို့အား။ စိန္တေသိယထာ၊ တိုင်ပင်ကြံစည်သကဲ့သို့လည်းကောင်း။ ရာဇာ၊ ပြည့်ရှင်မင်းသည်။ သဗ္ဗမနုဿာနံ၊ ခပ်သိမ်းသောလူတို့အား။ စိန္တေသိယထာ၊ ကြံစည်သကဲ့သို့။ ဧဝမေဝံ ဧဝံတထာ၊ ထိုအတူ။ ဒေဝါနမိန္ဒော၊ နတ်တို့ကိုအစိုးရသော။ အယံသက္ကော၊ ဤသိကြားမင်းသည်။ အမှာကံ၊ ငါတို့ထက်။ အဂ္ဂေါစ၊ မြတ်လည်းမြတ်၏ ။ သေဋ္ဌောစ၊ အထူးသဖြင့်လည်း ချီးမွမ်းအပ်၏ ။ ယဒိဒံယံဣဒံယောဧသောသက္ကော၊ ဤသိကြားမင်းသည်။ ပုညေန၊ ဘုန်းဖြင့်လည်းကောင်း။ တေဇေန၊ တန်ခိုးဖြင့်လည်းကောင်း။ ဣဿရိယေန၊ အစိုးရခြင်းဖြင့်လည်းကောင်း။ ပညာယ၊ ပညာဖြင့်လည်းကောင်း။ ဒွိန္နံ၊ နှစ်ထပ်ကုန်သော။ ဒေဝလောကာနံ၊ နတ်ပြည်တို့၏ ။ အဓိပတိ၊ အရှင်တည်း။ ယံနုနယဒိပန၊ အကယ်၍ကား။ မယံ၊ ငါတို့သည်။ ဒေဝါနမိန္ဒံ၊ နတ်တို့ကိုအစိုးရသော။ သက္ကံ၊ သိကြားမင်းကို။ ဧတမတ္ထံ၊ ထိုမင်္ဂလာဟုအကြံအစည်ကို။ ပုစ္ဆေယျာမ၊ မေးကြကုန်အံ့။ ဣတိ၊ ဤသို့။ စိန္တေသုံ၊ ကြံကြကုန်၏ ။
တာ၊ ထိုနတ်တို့သည်။ သက္ကဿ၊ သိကြားမင်း၏ ။ သန္တိကံ၊ အထံသို့။ ဂန္တွာ၊ သွားကုန်၍။ ဒေဝါနမိန္ဒံ၊ နတ်တို့ကိုအစိုးရသော။ သက္ကံ၊ သိကြားမင်းကို။ တံခဏာနုရူပံ၊ ထိုခဏအားလျော်သော။ နိဝါသနာဘရဏသဿိရီကသရီရံ၊ ဝတ်အပ်သောတန်ဆာတို့ဖြင့်တင့်တယ်သော အသရေရှိသောကိုယ်ရှိသော။ အဍ္ဎတေယျကောဋိအစ္ဆရာဂဏပရိဝုတံ၊ နှစ်ဆယ့်ငါးကုဋေသော နတ်သ္မီးအပေါင်းခြံရံလျက်။ ပါရိစ္ဆတ္တကမူလေ၊ ပင်လယ်ကသစ်ပင်၏အရင်း၌။ ပဏ္ဍုကမ္ဗလဝရာသနေ၊ ပဏ္ဍုကမ္ဗလာမြတ်သောနေရာ၌။ နိသိန္နံ၊ ထိုင်နေသည်ကို။ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုးကုန်၍။ ဧကမန္တံ၊ လျောက်ပတ်သောအရပ်၌။ ဌိတာ၊ ရပ်ကုန်လျက်။ ဧတံ၊ ဤသို့သောစကားကို။ အဝေါစုံ၊ ဆိုကြကုန်၏ ။ ကိံ အဝေါစုံ၊ အဘယ်သို့ဆိုကြကုန်သနည်း။ မာရိသ၊ အချင်းသိကြားမင်း။ ယဂ္ဃေအာစာယာမ၊ ငါတို့တောင်းပန်ပါကုန်၏ ။ တွံ၊ ရှင်သိကြားမင်းသည်။ ဇာနေယျာသိ၊ သိပါ‌လော။ ဧတရဟိ၊ ဤယခု။ မင်္ဂလပဉှာ၊ မင်္ဂလာမည်အံ့သောပြဿနာသည်။ သမုဋ္ဌိတာ၊ ဖြစ်ခဲ့၏ ။ ဧကေ၊ အချို့သောနတ်တို့သည်။ ဒိဋ္ဌံ၊ မြင်အပ်သောရူပါရုံကို။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝဒန္တိ၊ ဆိုကြကုန်၏။ ဧကေ၊ အချို့သောနတ်တို့သည်။ သုတံ၊ ကြားအပ်သောသဒ္ဒါရုံကို။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝဒန္တိ၊ ဆိုကြကုန်၏ ။ ဧကေ၊ အချို့သောနတ်တို့သည်။ မုတံ၊ မုတာရုံကို။ မင်္ဂလန္တိ၊ မင်္ဂလာဟူ၍။ ဝဒန္တိ၊ ဆိုကြကုန်၏ ။ တတ္ထ၊ ထိုသုံးသွယ်‌သောအယူဝါဒတို့တွင်။ မယဉ္စ၊ ငါတို့သည်လည်းကောင်း။ အညေစ၊ တစ်ပါးသောနတ်တို့သည်လည်းကောင်း။ အနိဋ္ဌံ၊ မပြီးနိုင်သောအဆုံးအဖြတ်သို့။ ဂတာ၊ ရောက်ကုန်၏ ။ သာဓုဝတ၊ ကောင်းစွာလျှင်။ နော၊ ငါတို့အား။ တွံ၊ အရှင်သိကြားမင်းသည်။ ယာထာဝတော၊ ဟုတ်မှန်သော သဘောအားဖြင့်။ ဗျာကရောဟိ၊ ကြားပါ‌လော။ ဣတိ၊ အသို့။ အဝေါစုံ၊ ဆိုကြကုန်၏ ။
ဒေဝရာဇာ၊ သိကြားမင်းသည်။ ပကတိယာပိ၊ ပြကတေ့အားဖြင့်လည်း။ ပညဝါ၊ ပညာရှိသည်ဖြစ်၍။ မယံမင်္ဂလကထာ၊ ဤမင်္ဂလာစကားသည်။ ကတ္ထ၊ အဘယ်အရပ်၌။ ပဌမံ၊ ရှေးဦးစွာ။ သမုဋ္ဌိတာ၊ ကောင်းစွာဖြစ်စဖြစ်လေသနည်း။ ဣတိ၊ ဤသို့။ အာဟ၊ ဆို၏ ။
သက္က၊ သိကြားမင်း။ မယံ၊ ငါိတို့သည်။ စာတုမဟာရာဇိကာနံ၊ စာတုမဟာရာဇ်နတ်တို့၏ ။ သန္တိကာ၊ အထံမှ။ အသုမှာ၊ ကြားရကုန်၏ ။ ဣတိ၊ ဤသို့။ အာဟံသု၊ ဆိုကြကုန်၏ ။
တတော၊ ထိုနောင်မှ။ စာတုမဟာရာဇိကာ၊ စာတုမဟာရာဇ်နတ်တို့သည်။ အာကာသဋ္ဌဒေဝတာနံ၊ ကောင်းကင်၌နေကုန်သောနတ်တို့၏ ။ အာကာသဋ္ဌဒေဝတာ၊ ကောင်းကင်၌နေကုန်သောနတ်တို့သည်။ ဘုမ္မဒေဝတာနံ၊ ဘုမ္မစိုးနတ်တို့၏ ။ ဘုမ္မဒေဝတာ၊ ဘုမ္မစိုးနတ်တို့သည်။ မနုဿာရက္ခဒေဝတာနံ၊ လူစောင့်နတ်တို့၏ ။ သန္တိကာ၊ အထံမှ။ တာပိ၊ ထိုလူစောင့်နတ်တို့သည်လည်း။ မနုဿလောကေ၊ လူ့ပြည်၌။ သမုဋ္ဌိတာတိ၊ ဖြစ်၏ဟူ၍။ အာဟံသု၊ ဆိုကြကုန်၏ ။
အထ၊ ထိုအခါ၌။ ဒေဝါနမိန္ဒော၊ နတ်တို့ကိုအစိုးရသောသိကြားမင်းသည်။ သမ္မာသမ္ဗုဒ္ဓေါ၊ သဗ္ဗညုဘုရားရှင်သည်။ ကတ္ထ၊ အဘယ်အရပ်၌။ ဝသတိ၊ နေတော်မူသနည်း။ ဣတိ၊ ဤသို့။ ပုစ္ဆိ၊ မေး၏ ။
ဒေဝ၊ သိကြားမင်း။ မနုဿလောကေ၊ လူ့ပြည်၌။ ဝသတိ၊ သီတင်းသုံးနေတော်မူ၏ ။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
တံဘဂဝန္တံ၊ ထိုဘုရားရှင်ကို။ ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။ ပုစ္ဆိ၊ မေးလျှောက်လေပြီးလော။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။ ဒေဝ၊ သိကြားမင်း။ ကောစိ၊ တစ်စုံတစ်ယောက်သောသူသည်။ နပုစ္ဆိ၊ ‌မမေးမလျှောက်ချေသေး။ ဣတိ၊ ဤသို့။ ဝုတ္တေ၊ ဆိုအပ်သည်ရှိသော်။
မာရိသာ၊ အိုအချင်းနတ်တို့။ တုမှေ၊ သင်တို့သည်။ ကိံ နာမ၊ အဘယ်ကြောင့်ကား။ အဂ္ဂိံ၊ မီးစင်စစ်ကို။ ဆဋ္ဋေတွာ၊ ပစ်စွန့်၍။ ခဇ္ဇောပနကံ၊ ပိုးစုန်းကြူးကို။ ဥဇ္ဇာလေထ၊ မီးညှိရှာလေကုန်သနည်း။ ယေန၊ အကြင်အကြောင်းဖြင့်။ အနဝသေသမင်္ဂလဒေသကံ၊ အကြွင်းမရှိသောမင်္ဂလာကိုဟောပေတတ်သော။ တံဘဂဝန္တံ၊ ထိုဘုရားရှင်ကို။ အတိက္ကမိတွာ၊ လွန်ကျူး၍။ မံ၊ ငါ့ကို။ ပုစ္ဆိတဗ္ဗန္တိ၊ မေးအပ်သောသူဟူ၍။ တုမှေ၊ သင်တို့သည်။ မညေထ၊ အောက်မေ့ကြကုန်၏ ။ မာရိသာ၊ အိုအချင်းတို့။ တုမှေ၊ သင်တို့သည်။ အာဂစ္ဆထ၊ လာကြလှည့်ကုန်။ တံဘဂဝန္တံ၊ ထိုဘုရားရှင်ကို။ မယံ၊ ငါတို့သည်။ ပုစ္ဆာမ၊ မေးလျှောက်ကြကုန်အံ့။ အထ၊ ထိုသို့မေးလျှောက်ရသည်ရှိသော်။ သဿီရိကံ၊ အသရေရှိသော။ ပဉှာဝေယျာကရဏံ၊ ပြဿနာ၏အဖြေကို။ လဘိဿာမာတိ၊ ငါတို့ရကုန်လတ္တံ့ဟု။ ဧကံ၊ တစ်ယောက်သော။ ဒေဝပုတ္တံ၊ နတ်သားကို။ တွံ၊ သင်သည်။ တံဘဂဝန္တံ၊ ထိုဘုရားရှင်ကို။ ပုစ္ဆ၊ မေးလျှောက်ပါလော။ ဣတိ၊ ဤသို့။ အာဏာပေသိ၊ စေ၏ ။
သောဒေဝပုတ္တော၊ ထိုနတ်သားသည်။ တံခဏာနုရူပေန၊ ထိုခဏအားလျော်သော။ အလင်္ကာရေန၊ အဝတ်တန်ဆာဖြင့်။ အလင်္ကရိတွာ၊ တန်ဆာဆင်၍။ ဝိဇ္ဇုရိဝ၊ လျှပ်စစ်နွယ်ကဲ့သို့။ ဝိဇ္ဇောတမာနော၊ ထွန်းတောက်ပလျက်။ ဒေဝဂဏပရိဝုတော၊ နတ်အပေါင်းခြံရံလျက်။ ဇေတဝနံ၊ ဇေတဝန်အမည်ရှိသော။ မဟာဝိဟာရံ၊ ကျောင်းတော်မြတ်သို့။ ဂန္တွာ၊ သွားလေ၍။ ဘဂဝန္တံ၊ မြတ်စွာဘုရားကို။ အဘိဝါဒေတွာ၊ ရိုသေစွာရှိခိုးဦး၍။ ဧကမန္တံ၊ လျောက်ပတ်သောအရပ်၌။ ဌတွာ၊ ရပ်၍။ မင်္ဂလပဉှံ၊ မင်္ဂလာပြဿနာကို။ ပုစ္ဆန္တော၊ မေးလျှောက်လိုသည်ဖြစ်၍။ ဗဟူဒေဝါမနုဿာစာတိ၊ ဗဟူဒေဝါမနုဿာစအစရှိသော။ ဂါထာယ၊ ဂါထာဖြင့်။ အဇ္ဈဘာသိ၊ လျှောက်လေ၏ ။
ဣဒံ၊ ဤသည်ကား။ မင်္ဂလပဉှာသမုဋ္ဌာနံ၊ မင်္ဂလပဉှာဖြစ်ကြောင်းတည်း။