Issues
Select Version
miuthi-မိုးထိ
မြန်မာဘာသာ
覓寂尊者
中文
Khuddakapāṭha-aṭṭhakathā
Khuddakapāṭha-aṭṭhakathā

ဘေဒါဘေဒဖလဒီပနာ

Author: miuthi-မိုးထိ @ IAPT

ဘေဒါဘေဒဖလဒီပနာ

ဣဒါနိ၊ ယခုအခါ၌။ ဘေဒါဘေဒဉ္စ၊ ပျက်စီးရာသည်မပျက်စီးရာသည်ကို၎င်း။ ဖလဉ္စာပိ၊ အကျိုးကိုလည်းကောင်း။ ဂမနီယဉ္စ၊ ကိုးကွယ်ခြင်းသို့‌ရောက်ခြင်းကိုလည်းကောင်း။ ပရိဒီပယေ၊ ပြရာ၏ ။ ဣတိ၊ ဤသို့။ ဝုတ္တာနံ၊ ဆိုအပ်ကုန်သော။ ဘေဒါဒီနံ၊ ဘေဒအစရှိကုန်သောပုဒ်တို့၏ ။ အယံ၊ ဤဆိုလတ္တံ့သည်ကား။ ပရိဒီပနာ၊ ပြကြောင်းတည်း။ ဧဝံ၊ ဤသို့ပြအပ်သည်ရှိသော်။ သရဏဂတဿ၊ ကိုးကွယ်ခြင်းသို့ရောက်သော။ ပုဂ္ဂလဿ၊ ပုဂ္ဂိုလ်၏ ။ သရဏဂမနဘေဒေါ၊ သရဏဂုံ၏ပျက်စီးခြင်းသည်။ သာဝဇ္ဇောစ၊ အပြစ်ရှိသောပျက်စီးခြင်းလည်းကောင်း။ အနဝဇ္ဇောစ၊ အပြစ်မရှိသောပျက်စီးခြင်းလည်းကောင်း။ ဣတိ၊ ဤသို့။ ဒုဝိ‌‌ဓော၊ နှစ်ပါးအပြားရှိ၏ ။
အနဝဇ္ဇော၊ အပြစ်မရှိသောပျက်စီးခြင်းသည်။ ကာလံကိရိယာယ၊ စုတေခြင်းကိုပြုသဖြင့်။ အနဝဇ္ဇဘေဒေါ၊ မပြစ်မရှိသောပျက်စီးခြင််းမည်၏ ။ သာဝဇ္ဇော၊ အပြစ်ရှိသောပျက်စီးခြင်းသည်။ အညသတ္ထရိ၊ ရတနာသုံးပါးမှတစ်ပါး‌သောဆရာ၌။ ဝုတ္တပကာရာယ၊ ဆိုအပ်ပြီးသောသတ္တသန္နိယျာတန ပါဏိပါတအစရှိသည် ပြားသော။ ပဝတ္တိယာ၊ ဖြစ်ခြင်းဖြင့်လည်းကောင်း။ တသ္မိဉ္စ၊ ထိုရတနာသုံးပါး၌လည်း။ ဝုတ္တပကာရဝိပရီတပဝတ္တိယာ၊ ဆိုအပ်ခဲ့ပြီးသောအတ္တသန္နိယျာတန ပါဏိပါတအစရှိသောဆောက်တည်ခြင်းတို့၌ဖောက်ပြန်သောမှားသောအယူဖြင့်။ သာဝဇ္ဇဘေဒေါ၊ အပြစ်ရှိသောပျက်စီးခြင်းမည်၏ ။
ဒုဝိဓောပိ၊ နှစ်ပါးအပြားရှိသည်လည်းဖြစ်သော။ သော၊ ထိုအပြစ်ရှိသောပျက်စီးခြင်း အပြစ်မရှိသောပျက်စီးခြင်းသည်။ ပုထုဇ္ဇနာနမေဝ၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့အားသာလျှင်။ အတ္ထိ၊ ရှိ၏ ။ အရိယာနံ၊ အရိယာပုဂ္ဂိုလ်တို့အား။ နတ္ထိဧဝ၊ မရှိသည်သာတည်း။
ဗုဒ္ဓဂုဏေသု၊ မြတ်စွာဘုရားကျေးဇူးတော်တို့၌။ အညာဏသံသယမိစ္ဆာဉာဏပဝတ္တိယာစ၊ မသိသောအားဖြင့် တွေးတောသင်္ကာရှိခြင်း မှားသောအမှတ်ရှိခြင်းဖြင့်လည်းကောင်း။ အနာဒရာဒိပဝတ္တိယာစ၊ မရိုသေခြင်းအစရှိသည်ဖြစ်သောအားဖြင့်လည်းကောင်း။ တေသံ၊ ထိုသရဏဂုံ ဆောက်တည်သောပုထုဇဉ်ပုဂ္ဂိုလ်တို့အား။ သရဏံ၊ သရဏဂုံသည်။ သံကိလိဋ္ဌံ၊ ညစ်နွမ်းသည်။ ဟောတိ၊ ဖြစ်၏ ။
အရိယပုဂ္ဂလာပန၊ အရိယာပုဂ္ဂိုလ်တို့သည်ကား။ အဘိန္နသရဏာစေဝ၊ မပျက်သောသရဏဂုံရှိကုန်သည်လည်းကောင်း။ အသံကိလိဋ္ဌ သရဏာစ၊ မညစ်နွမ်းသော သရဏဂုံရှိကုန်သည်လည်းကောင်း။ ဟောန္တိ၊ ဖြစ်ကုန်၏ ။
ယထာဟကိံ အာဟ၊ ဘုရားအဘယ်သို့ဟောတော်မူသနည်း။ ဘိက္ခဝေ၊ ရဟန်းတို့။ ဒိဋ္ဌိသမ္ပန္နော၊ သောတာပတ္တိမဂ်ဉာဏ်ဖိုလ်ဉာဏ်နှင့်ပြည့်စုံသော။ သံ‌ယောပုဂ္ဂလော၊ အကြင်ပုဂ္ဂိုလ်သည်။ အညံ၊ ဘုရားရှင်မှတစ်ပါးသောပုဂ္ဂိုလ်ကို။ သတ္ထာရန္တိ၊ ဆရာဟူ၍။ ဥဒ္ဒိသေယျ၊ ညွှန်းရာ၏ ။ ဧတံ၊ ဤဘုရားမှတစ်ပါးသောပုဂ္ဂိုလ်ကို ဆရာဟုညွှန်ခြင်းသည်။ တဿ၊ ထိုသောတာပန်ပုဂ္ဂိုလ်အား။ အဋ္ဌာနံ၊ အရာမဟုတ်။ အနဝကာသော၊ အခွင့်မဟုတ်။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏ ။
ပုထုဇ္ဇနာတု၊ ပုထုဇဉ်ပုဂ္ဂိုလ်တို့သည်ကား။ ယာဝဒေဝ၊ အကြင်မျှ‌လောက်။ သရဏဘေဒံ၊ သရဏဂုံပျက်ခြင်းသို့။ နပါပုဏန္တိ၊ မရောက်ကုန်။ တာဝဒေဝ၊ ထိုမျှလောက်သောကာလပတ်လုံးသာလျှင်။ အဘိန္နသရဏာ၊ မပျက်စီးသောသရဏဂုံရှိကုန်၏ ။
သာဝဇ္ဇောဝ၊ အပြစ်ရှိသည်သာလျှင်ဖြစ်သော။ နေသံ၊ ထိုပုထုဇဉ်ပုဂ္ဂိုလ်တို့၏ ။ သရဏဘေဒေါ၊ သရဏဂုံ၏ပျက်စီးခြင်းသည်။ သံကိလေသောစ၊ ညစ်နွမ်းသည်လည်းကောင်း။ အနိဋ္ဌဖလဒေါစ၊ အလိုမရှိအပ်သောမကောင်းသောအကျိုးကိုပေးတတ်သည်လည်းကောင်း။ ဟောတိ၊ ဖြစ်၏ ။
အနဝဇ္ဇော၊ အပြစ်မရှိသောသေ၍ ပျက်စီးသောသရဏဂုံသည်။ အဝိပါကတ္တာ၊ အကျိုးပေးခွင့်မရှိသည်၏အဖြစ်ကြောင့်။ အဖလော၊ အကျိုးမရှိ။ အဘေဒေါပန၊ မပျက်စီးသော သရဏဂုံမည်သည်ကား။ ဖလတော၊ အကျိုးအားဖြင့်။ ဣဋ္ဌမေဝ၊ လိုအပ်သည်သာဖြစ်သော။ ဖလံ၊ အကျိုးကို။ ဒေတိ၊ ပေး၏ ။
ယထာဟကိံ အာဟ၊ ဘုရားအဘယ်သို့ဟောတော်မူသနည်း။
ယေကေစိ၊ အကြင်တစ်စုံတစ်ယောက်အမှတ်မရှိသောသူတို့သည်။ ဗုဒ္ဓံ၊ ငါဘုရားကို။ သရဏံသရဏံဣတိ၊ ကိုးကွယ်ရာဟူ၍။ ဂတာသေ၊ ဆည်းကပ်ခြင်းသို့ရောက်ကုန်အံ့။ တေ၊ ထိုသူတို့သည်။ အပါယဘူမိံ၊ အပါယ်ဘုံသို့။ နဂမိဿန္တိ၊ မလားရကုန်လတ္တံ့။ မာနုသံ၊ လူဖြစ်သော။ ဒေဟံ၊ ကိုယ်ကို။ ပဟာယ၊ စွန့်ပစ်၍။ ဒေဝကာယံ၊ နတ်၏ကိုယ်ကို။ ပရိပူရေဿန္တိ၊ ပြည့်စေကုန်လတ္တံ့။ ဣတိ၊ ဤသို့။ အာဟ၊ ဟောတော်မူ၏ ။
တတြစ၊ ထိုဟောတော်မူအပ်သော သာဓကပါဌ်၌လည်း။ ယေ၊ အကြင်သူတို့သည်။ သရဏဂမနုပက္ကိလေသသမုစ္ဆေဒနသရဏဂတာ၊ သရဏဂုံ၏ညစ်နွမ်းခြင်းကိုကောင်းစွာပယ်ဖြတ်၍ဆောက်တည်ခြင်းသို့ရောက်ကုန်၏ ။ တေ၊ ထိုသူတို့သည်။ အပါယံ၊ အပါယ်ဘုံသို့။ နဂမိဿန္တိ၊ မလားကုန်လတ္တံ့။
ဣတရေပန၊ ဤသူတို့မှတစ်ပါး ကိုးကွယ်ကာမျှဖြစ်သောသူတို့သည်ကား။ သရဏ ဂမနေန၊ ကိုးကွယ်ခြင်းသို့ရောက်ကာမျှဖြင့်။ အပါယံ၊ အပါယ်ဘုံသို့။ နဂမိဿန္တိ၊ မလားရကုန်လတ္တံ့။ ဣတိဧဝံ၊ ဤသို့။ ဂါထာယံ၊ ဂါထာ၌။ အဓိပ္ပါယော၊ အဓိပ္ပါယ်ကို။ ဝေဒိတဗ္ဗော၊ သိအပ်၏ ။
အယံ၊ ဤဆိုအပ်ခဲ့ပြီးသည်ကား။ တာဝ၊ ‌ရှေးဦးစွာ။ ဘေဒါ ဘေဒဖလဒီပနာ၊ ပျက်စီးရာသည် မပျက်စီးရာသည် အကျိုးရှိသည်ကိုပြကြောင်းတည်း။