ပဝိဝိတ္ထောတိ၊ ပဝိဝိတ္တာဟူသည်ကား။
ကာယ ပဝိဝေကော၊ ကာယ ပဝိဝေက လည်းကောင်း။
စိတ္တပဝိဝေကော၊ စိတ္တ ပဝိဝေကလည်း ကောင်း။
ဥပဓိပဝိဝေကော၊ ဥပဓိပဝိဝေက၎င်း။
ဣတိ၊ ဤသို့။
ဣမေဟိတီတိ ပဝိဝေကေဟိ၊ ဤသုံးပါးကုန်သော ပဝိဝေကတို့နှင့်။
သမန္နာဂတော၊ ပြည့်စုံ၏။
တတ္ထ၊ ထိုသုံးပါးကုန်သော ပဝိဝေကတို့တွင်။
ဧကော၊ တယောက် အထည်းလည်း။
ဂစ္ဆတိ၊ သွား၏။
ဧကော၊ တယောက်အထည်းတည်း။
တိဋ္ဌတိ၊ ရပ်၏။
ဧကော၊ တယောက်တည်းလည်း။
နိသီဒတိ၊ ထိုင်နေ၏။
ဧကော၊ တယောက်အထည်းလည်း။
သေယျံ၊ အိပ်ခြင်း ကို။
ကပ္ပေတိ၊ ပြု၏။
ဧကော၊ တယောက်အတည်းလည်း။
ဂါမံ၊ ရွာသို့။
ပိဏ္ဍာယ၊ ဆွမ်းအလို့ငှာ။
ပဝိသတိ၊ ဝင်၏။
ဧကော၊ တယောက်အထည်းတည်း။
ပဋိက္ကမတိ၊ ဆွမ်းခံရွာမှ ဖဲ့ခဲ့၏။
ဧကော၊ တယောက်အထည်းတည်း။
စင်္ကမံ၊ စင်္ကြံသွားခြင်းကို။
အဓိဋ္ဌာတိ၊ ဆောက်တည်၏။
ဧကော၊ တယောက်အထည်းတည်း။
ဝိဟရတိ၊ နေ၏။
ဣတိ အယံ၊ ဤသို့ တယောက်အထ်းတည်း။
ဝိဟရတိ၊ နေ၏။
ဣတိ အယံ၊ ဤသို့ တယောက်အထည်းတည်း နေခြင်း သွား'ခြင်း အစရှသည်ကို ပြုခြင်းသည်။
ကာယပဝိဝေကောနာမ၊ ကာယပဝိဝေကမည်၏ ။
ပန၊ အဘို့တပါးကို ဆိုဦးအံ့။
အဋ္ဌသမာပတ္တိယော၊ ရှစ်ပါးကုန်သော ဈာန်သမာပတ်တို့သည်။
စိတ္တ ပဝိဝေကောနာမ၊ စိတ္တ ပဝိဝေကမည်၏။
နိဗ္ဗာနံ၊ နိဗ္ဗာန်သည်။
ဥပဓိပဝိဝေကောနာမ၊ ဥပဓိပဝိဝေကမည်၏။
ဟိ သစ္စံ၊ မှန်၏
ကာယပဝိဝေကော (ပ)၊
ပုဂ္ဂလာနံ သင်္ခါရဂတာနန္တိ၊ ကာယပဝိဝေကော (ပ) ပုဂ္ဂလာနံ သင်္ခါရဂတာနံ ဟူ၍။
ဧတံ ဝစနံ၊ ဤစကားကို။
ဘဂဝတာ၊ မြတ်စွာဘုရားသည်။
ဝုတ္တမ္ပိဝုတ္တံဧဝ၊ ဟောတော်မူအပ်ပြီးသည်သာလျှင်တည်း။
ကာယ ပဝိဝေကော၊ ကာယပဝိဝေက သည်။
ဟောတိ၊ ဖြစ်၏။
ပဝိဝေကဋ္ဌကာယာနံ၊ ဈာန်ကို ရခြင်းငှာ နှလုံးသွင်း သည်ဖြစ်၍ ဘာဝနာကိုအားထုတ်သည်၏ အဖြစ်ဟု ဆိုအပ်သော ကာယဝိဝေကနှင့် ပြည့်စုံကုန်သော။
နေက္ခမ္မာဘိရတာနံ၊ ဈာန်၌ မွေ့လျော်ခြင်း ရှိကုန်သော ပုဂ္ဂိုလ် တို့အား။
စိတ္တ ပဝိဝေကောစ၊ စိတ္တ ပဝိဝေကသည်လည်းကောင်း။
ဟောတိ၊ ဖြစ်၏။
ပရိသုဒ္ဓစိတ္တာနံ၊ နီဝရဏစသော အညစ် အကြေးမှ စင်ကြယ်သော စိတ်ရှိကုန်သော။
ပရမဝေါဒန ပတ္တာနံ၊ ဝိတက် အစရှိသော ထိုထိုသို့သော ဈာန်၏ ပဋိပက္ခမှ ကင်းသဖြင့် လွန်စွာစင်ကြယ်ခြင်းသို့ ရောက်ကုန်သော။
နိရုပဓီနံ၊ ခန္ဓုပဓိ - ကိလေသုပဓိ အစရှိသော ဥပဓိတို့မှ ကင်းခြင်းကြောင့် ဥပဓိ မရှိကုန်သော။
ဝိသင်္ခါရဂတာနံ၊ နိဗ္ဗာန်သို့ အာရုံပြုသော အားဖြင့် ရောက်ကုန်သော။
ပုဂ္ဂလာနံ၊ ပုဂ္ဂိုလ်တို့အား။
ဥပဓိပဝိဝေကောစ၊ ဥပဓိပဝိဝေကသည်လည်း။
ဟောတိ၊ ဖြစ်၏
ပဝိဝေကကထန္တိ၊ ပဝိဝေကကထံဟူသည်ကား။
ဘိက္ခူနမ္ပိစ၊ ရဟန်းတို့အားလည်း။
ဣမံ ပဝိဝေကကထံ၊ ဤပဝိဝေကကထာကို။
ကတ္တာ၊ ပြောဟောတတ်၏။