Issues
Select Version
依词释-达摩难陀
中文
Bhikkhu Bodhi
English
miuthi-မိုးထိ
မြန်မာဘာသာ
(MN) Mūlapaṇṇāsa-aṭṭhakathā
(MN) Mūlapaṇṇāsa-aṭṭhakathā

တဏှာဝါရဝဏ္ဏနာ။

Author: miuthi-မိုးထိ @ IAPT

တဏှာဝါရဝဏ္ဏနာ။

တဏှာဝါရေ၊ တဏှာဝါရ၌။ ရူပတဏှာ။(ပ)၊ ဓမ္မတဏှာတိ၊ ရူပတဏှာ။(ပ)၊ ဓမ္မတဏှာဟူသည်ကား။ ဧဝံ၊ ဤသို့။ စက္ခုဒွါရာဒီသု၊ စက္ခုဒွါရအစရှိသည်တို့၌။ ဇာဝနဝီထိယာ၊ ဇောအစဉ်အားဖြင့်။ ပဝတ္တာယ၊ ဖြစ်သော။ တဏှာယ၊ တဏှာ၏။ သေဋ္ဌိပုတ္တော၊ သူဋ္ဌေးသား။ ဗြဟ္မဏပုတ္တော၊ ပုဏ္ဏားသား။ ဣတိဧဝမာဒီသု၊ ဤသို့အစရှိသည်တို့၌။ ပိတိတော၊ အဘမှ။ အာဂတံ၊ လာသော။ နာမံဝိယ၊ အမည်ကဲ့သို့။ ပိတိသဒိသာရမ္မဏတော၊ အဘနှင့်တူသောအာရုံမှ။ အာဂတံ၊ လာသော။ နာမံဝိယ၊ အမည်တည်း။
စ၊ ဆက်၍ဆိုဉီးအံ့။ ဧတ္ထ၊ ဤရူပတဏှာစသောပုဒ်၌။ ရူပါရမ္မဏာ၊ ရူပါရုံလျှင်အာရုံရှိသော။ ကမာမတဏှာ၊ ကာမတဏှာသည်။ ရူပေ၊ ရူပါရုံ၌။ တဏှာ၊ ကာမပသာဒအားဖြင့်တပ်စွန်းတတ်သောတဏှာတည်း။ ဣတိတသ္မာ၊ ထိုကြောင့်။ ရူပတဏှာ၊ ရူပတဏှာမည်၏။ ရူပတဏှာ၊ ရူပါရုံ၌ကာမပသာဒအားဖြင့်တပ်စွမ်းတတ်သောတဏှာ။
သာ၊ ထိုရူပတဏှာသည်။ ကာမရာဂဘာဝေန၊ ကာမရာဂ၏အဖြစ်ဖြင့်။ ရူပံ၊ ရူပါရုံကို။ အဿာဒေန္တီ၊ သာယာသည်ဖြစ်၍။ ပဝတ္တမာနာ၊ ဖြစ်သောတဏှာသည်။ ဘဝတဏှာ၊ ဘဝတဏှာမည်၏။
သဿတဒိဋ္ဌိနှင့်တကွဖြစ်သောရာဂ၏အဖြစ်ဖြင့်။ ရူပံ၊ ရူပါရုံသည်။ နိစ္စံ၊ မြဲ၏။ ဓုဝံ၊ အရှည်တည်၏။ သဿတံ၊ မပြတ်ဖြစ်၍တည်၏။ ဣတိဧဝံ၊ ဤသို့။ အဿဒေန္တီ၊ သာယာသည်ဖြစ်၍။ ပဝတ္တမာနာ၊ ဖြစ်သောတဏှာသည်။ ဘဝတဏှာ၊ ဘဝတဏှာမည်၏။
ဥစ္ဆေဒဒိဋ္ဌိသဟဂတရာဂဘာဝေန၊ ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သောရာဂ၏အစွမ်းဖြင့်။ ရူပံ၊ ရူပါရုံသည်။ ဥစ္ဆိဇ္ဇတိ၊ ပြတ်လတ္တံ့။ ဧတိဧဝံ၊ ဤသို့။ အဿာဒေန္တီ၊ သာယာသည်ဖြစ်၍။ ပဝတ္တမာနာ၊ ဖြစ်သောတဏှာသည်။ ဝိဘဝတဏှာ၊ ဝိဘဝတဏှာမည်၏။ ဣတိဧဝံ၊ ဤသို့။ တိဝိဓာ၊ သုံးပါးအပြားရှိသည်။ ‌ဟောတိ၊ ဖြစ်၏။
ရူပတဏှာ၊ ရူပတဏှာသည်။ တိဝိဓါယထာ၊ သုံးပါးအပြးသကဲ့သို့လည်း။ တထာ၊ ထိုအတူ။ သဒ္ဒတဏှာဒယောပိ၊ သဒ္ဒတဏှာအစရှိသည်တို့သည်လည်း။ တိဝိဓာ၊ သုံးပါးသုံးပါးစီပြားကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ ဧတာနိ၊ ထိုတဏှာတို့သည်။ အဋ္ဌာရသတဏှာဝိစရိတာနိ၊ တစ်ဆယ့်ရှစ်ပါးကုန်သောတဏှာဝိစရိုက်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
တာနိ၊ ထိုတစ်ဆယ့်ရှစ်ပါးကုန်သောတဏှာဝိစရိုက်တို့သည်။ အဇ္ဈတ္တရူပါရုံအစရှိသည်တို့၌။ အဋ္ဌာရသ၊ တစ်ဆယ့်ရှစ်ပါးကုန်သောတဏှာဝိစရိုက်တို့လည်းကောင်း။ ဗဟိဒ္ဓါရူပါဒီသု၊ ဗဟိဒ္ဓါရူပါရုံအစရှိသည်တို့၌။ အဋ္ဌာရသ၊ တစ်ဆယ့်ရှစ်ပါးကုန်သောတဏှာဝိစရိုက်တို့လည်းကောင်း။ ဣတိ၊ ဤသို့။ ဆတ္တိံသ၊ သုံးဆယ့်ခြောက်ပါးကုန်သောတဏှာဝိစရိုက်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ဣတိ၊ ဤသို့။ အတီတာနိ၊ အတိတ်ကာလ၌ဖြစ်ကုန်သောတဏှာဝိစရိုက်တို့သည်။ ဆတ္တိံသ၊ သုံးဆယ့်ခြောက်ပါးတို့လည်းကောင်း။ အနာဂတာတိ၊ အနာဂတ်ကာလ၌ဖြစ်ကုန်သောတဏှာဝိစရိုက်တို့သည်။ ဆတ္တိံသ၊ သုံးဆယ့်ခြောက်ပါးတို့လည်းကောင်း။ ပစ္စုပ္ပန္နာနိ၊ ပစ္စုပ္ပန်ကာလ၌ဖြစ်ကုန်သောတဏှာဝိစရိုက်တို့သည်။ ဆတ္တိံသ၊ သုံးဆယ့်‌ခြောက်ပါးတို့လည်းကောင်း။ ဣတိ၊ ဤသို့။ အဋ္ဌသတံ၊ တရာ့ရှစ်ပါးသောတဏှာဝိစရိုက်သည်။ ဟောတိ၊ ဖြစ်၏။
အဇ္ဈတ္တိကဿ၊ အဇ္ဈတ္တိကခန္ဓာကို။ ဥပါဒါယ၊ စွဲ၍။ ဣမိနာ၊ ဤပုဂ္ဂိုလ်သည်။ အသ္မီတိ၊ ငါဟူ၍စွဲလမ်းခြင်းသည်။ သတိ၊ ရှိသော်။ ဣတ္တသ္မိံ၊ ဤသို့မင်းအစရှိသည်တို့တွင်ငါးပါးသောအပြားအားဖြင့်ငါဖြစ်၏ဟူသောအမှတ်သည်။ သတိ၊ ရှိသော်။ တဏှာမာနဒိဋ္ဌိဝသေန၊ တဏှာမာနဒိဋ္ဌိတို့၏အစွမ်းအားဖြင့်။ ဂါဟော၊ စွဲလမ်းမှတ်ယူခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိဝါ၊ ဤသို့လည်းကောင်း။ ဧဝမာဒီနိ၊ ဤသို့အစရှိကုန်သော။ အဇ္ဈတ္တိကရူပါဒိနိဿီတာနိ၊ အဇ္ဈတ္တရူပါရုံအစရှိသည်တို့ကိုမှီ၍ဖြစ်ကုန်သောတဏှာဝိစရိုက်တို့သည်။ အဋ္ဌာရသ၊ တစ်ဆယ့်ရှစ်ပါးတို့လည်းကောင်း။ ဗာဟိရသ၊ ဗာဟိရသန္တာန်ကို။ ဥပါဒါယ၊ စွဲ၍။ ဣမိနာ၊ ဤပုဂ္ဂိုလ်သည်။ အသ္မိံတိ၊ ငါဟူ၍စွဲလမ်းခြင်းသည်။ သတိ၊ ရှိသော်။ ဣတ္ထသ္မိတိ၊ ဤမင်းအစရှိသည်တို့တွင်တစ်ပါးပါးသောအပြားအားဖြင့်ငါြဖစ်၏ဟူသောအမှတ်သည်။ သတိ၊ ရှိသော်။ တဏှာမာနဒိဋ္ဌိဝသေန၊ တဏှာမာနဒိဋ္ဌိတို့၏အစွမ်းအားဖြင့်။ ဂါဟော၊ စဲလမ်းမှတ်ယူခြင်းသည်။ ဟောတိ၊ ဖြစ်၏။ ဣတိ၊ ဤသို့။ ဗာဟိရရူပါဒိနိဿိတာနိ၊ ဗာဟိရရူပါရုံအစရှိသည်တို့ကိုမှီ၍ဖြစ်ကုန်သောတဏှာဝိစရိုက်တို့သည်။ အဋ္ဌာရသ၊ တစ်ဆယ့်ရှစ်ပါးတို့လည်းကောင်း။
ဣတိ၊ ဤသို့။ ဆတ္တိံသ၊ သုံးဆယ့်‌‌ခြောက်ပါးတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိ၊ ဤသို့။ အတီတာနိ၊ အတိတ်တို့သည်။ ဆတ္တိံသ၊ သုံးဆယ့်ခြောက်ပါးတို့လည်းကောင်း။ အနာဂတာနိ၊ အနာဂတ်တို့သည်။ ဆတ္တိံသ၊ သုံးဆယ့်‌ခြောက်ပါးတို့လည်းကောင်း။ ဣတိဧဝမ္ပိ၊ ဤသို့လည်း။ အဋ္ဌသတတဏှာဝိစရိတာနိ၊ တရာ့ရှစ်ပါးသောတဏှာဝိစရိုက်တို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။
ပုန၊ တဘန်။ သင်္ဂဟေ၊ ပေါင်းခြင်းကို။ ကရိယမာနေ၊ ပြုအပ်သည်ရှိသော်။ ရူပါဒီသု၊ ရူပါရုံအစရှိကုန်သော။ အာရမ္မဏေသု၊ အာရုံတို့၌။ ဆဠေဝစတဏှာကာယာ၊ ခြောက်ပါးကုန်သောတဏှာအစရှိကုန်သော။ တိ‌ဿောယေဝ၊ သုံးပါးကုန်သောတဏှာတို့သည်လျှင်။ ဟောန္တိ၊ ဖြစ်ကုန်၏။ ဣတိဧဝံ၊ ဤသို့။
နိဒ္ဒေသတ္ထေန၊ နိဒ္ဒေသပါဠိ၌လာသောအနက်ကိုအကျယ်ဆိုခြင်းဖြင့်လည်းကောင်း။ နိ‌ဒ္ဒေသဝိတ္တာရာ၊ ထိုနိဒ္ဒေသ၏တရာ့ရှစ်ပါးသောတဏှာဝိစရိုက်အကျယ်ဖြင့်လည်းကောင်း။ ဝိတ္တာရဿစ၊ ချဲ့အပ်ပြီးသောတဏှာဝိစရိုက်အပြား၏လည်း။
ပုန၊ တဘန်။ သင်္ဂဟတော၊ ပေါင်းရုံးသောအားဖြင့်။ တဏှာ၊ တဏှာကို။ ဝိဘာဝိနာ၊ ပညာရှိသည်။ ဝိညာတဗ္ဗာ၊ သိအပ်၏။ ဣတိ၊ ဤတွင်စကားတစ်ရပ်အပြီးသတ်သတည်း။
ဝေဒနာသမုဒယာတိဧတ္ထပန၊ ဝေဒနာသမုဒယာဟူသောဤပုဒ်၌ကား။ ဝေဒနာတိ၊ ဝေဒနာဟူသည်ကား။ ဝိပါကဝေဒနာ၊ ဝိပါတ်နှင့်ယှဉ်သောဝေဒနာကို။ အဓိပ္ပေတော၊ အလိုရှိအပ်၏။
သာ၊ ထိုဝိပါတ်နှင့်ယှဉ်သောဝေဒနာသည်။ ကထံ၊ အဘယ်သို့လျှင်။ ဆသုဒ္ဓါရေသု၊ ‌ခြောက်ပါးသောဒွါရတို့၌။ တဏှာယ၊ တဏှာအား။ ပစ္စယော၊ ကျေးဇူးပြုသည်။ ဟောတိ၊ ဖြစ်သနည်း။ ဣတိ၊ ဤသို့။ စေဝဒေယျ၊ အကယ်၍ဆိုငြားအံ့။ သာ၊ ထိုဝေဒနာကို။
အဿာဒနီယတော၊ သာယာအပ်သောကြောင့်။ ပစ္စယော၊ ကျေးဇူးပြုသည်။ ဟောတိ၊ ဖြစ်၏။ ဟိဝိတ္တာရေမိ၊ ချဲ့ဉီးအံ့။
သုခါယ၊ သုခဖြစ်သော။ ဝေဒနာယ၊ ‌ဝေဒနာ၌။ အဿာဒေန၊ သာယာခြင်းကြောင့်။ ဝေဒနာ၊ ဝေဒနာ၌။ အဿာဒေန၊ သာယာခြင်းကြောင့်။ ဝေဒနာ၊ ဝေဒနာကို။ မမာယန္တာနံ၊ မြတ်နိုးကုန်သော။ သတ္တာနံ၊ သတ္တဝါတို့အား။ ဝေဒနာယ၊ ‌‌ေဝဒနာ၌။ တဏှံ၊ တဏှာကို။ ဥပ္ပါဒေတွာ၊ ဖြစ်စေ၍။ ဝေဒနာရာဂရတ္တာ၊ ဝေဒနာ၌တပ်ခြင်းရာဂရှိကုန်သည်။ ဟုတွာ၊ ဖြစ်စေ၍။ ပုဂ္ဂလာ၊ ပုဂ္ဂိုလ်တို့သည်။ စက္ခုဒွါရေ၊ စက္ခုဒွါရ၌။ ဣဋ္ဌမေဝရူပံ၊ ကောင်းသောရူပါရုံကိုသာလျှင်။ ပတ္ထေန္တိ၊ တောင့်တကုန်၏။ လဒ္ဒါစ၊ ရကုန်ပြီး၍လည်း။ နံ၊ ထိုရူပါရုံကို။ အဿာဒေန္တိ၊ သာယာကုန်၏။ အာရမ္မဏဒါယကာနဉ္စ၊ အာရုံကိုပေးတတ်သည်လည်းဖြစ်ကုန်သော။ စိတ္တကာရာဒိနံ၊ ပန်းချီသ္မားအစရှိကုန်သောသူတို့အား။ သက္ကာရံ၊ ပူဇော်သက္ကာရကို။ ကရောန္တိ၊ ပြုကုန်၏။
တထာ၊ ထိုအတူ။ သောတဒွါရာဒီသု၊ သောဒွါရအစရှိသည်တို့၌။ ဣဋ္ဌေစ၊ ဝဋ္ဌာရုံသာလျှင်ဖြစ်ကုန်သော။ သဒ္ဒါဒယော၊ သဒ္ဒါရုံအစရှိသည်တို့ကို။ ပတ္တေန္တိ၊ တောင့်တကုန်၏။ လဒ္ဓါစ၊ ရကုန်ပြီး၍လည်း။ နေ၊ ထိုသဒ္ဒါရုံအစရှိသည်တို့ကို။ အဿာဒေန္တိ၊ သာယာကုန်၏။ အာရမ္မဏဒါယကာနံ၊ အာရုံကိုပေးတတ်ကုန်သော။ ဝီဏာဝါဒကဂန္ဓကသူဒတန္တဝါယနာနာဝိဓသိပ္ပသန္ဒဿကာဒီနံ၊ စောင်းသမား နံသာသည် စဖိုသည် ယက်ကန်းသည်အထူးထူးအပြားပြားသောအတတ်ကိုသိမြင်သည်ဖြစ်၍ ပြုလုပ်တတ်ကုန်သောသူအစရှိသည်တို့အား။ သက္ကာရံ၊ ပူဇော်သက္ကာရကို။ ကရောန္တိ၊ ပြုတတ်ကုန်၏။
ဝုတ္တသိနေဟေန၊ သား၌ချစ်ခြင်းဖြင့်။ ပုတ္တ၊ သားကို။ မမာယန္တာ၊ မြတ်နိုးကုန်သောအမိအဘတို့သည်။ ဓာတိယာ၊ အထိန်းတို့ကို။ သက္ကာရံ၊ ပူဇော်သက္ကာရကို။ ကရောန္တိ၊ ပြုတတ်ကုန်၏။ သပ္ပာယသပ္ပိခီရာဒီနိယေဝ၊ လျောက်ပတ်သောထောပတ်နို့့ရည်အစရှိသည်တို့ကိုသာလျှင်။ နံ၊ ထိုသားငယ်ကို။ ပါယေန္တိစေဝယတာ၊ ကျွေးကုန်သကဲ့သို့လည်းကောင်း။ တထာ၊ ထိုအတူ။ သက္ကာရံ၊ ပူဇော်သက္ကာရကို။ က‌ရောန္တိ၊ ပြုတတ်ကုန်၏။
သေသံ၊ ကြွင်းသောစကားရပ်သည်။ ဝုတ္တနယမေဝ၊ ဆိုအပ်ပြီးသောနည်းရှိသည်သာလျှင်တည်း။
တဏှာဝါရဝဏ္ဏနာ နိဋ္ဌိတာ။