Issues
Select Version
နိဿယ
မြန်မာဘာသာ
Therāpadānapāḷi(Dutiyo bhāgo)
Therāpadānapāḷi(Dutiyo bhāgo)

၈. ဗောဓိသမ္မဇ္ဇကတ္ထေရအပဒါန်

Author: နိဿယ @ IAPT

၈. ဗောဓိသမ္မဇ္ဇကတ္ထေရအပဒါန်

အဟံ၊ ငါသည်။ ပုဗ္ဗေ၊ ရှေး၌။ စေတိယင်္ဂဏေ၊ စေတီရင်ပြင်၌။ ဥဇ္ဈိတံ၊ စွန့်အပ်သော။ တံဗောဓိပတ္တံ၊ ထိုဗောဓိရွက်ကို။ ဂဟေတွာန၊ ယူ၍။ ဆေဋ္ဋေသိံ၊ စွန့်ပြီ။ ဝီသတိဂုဏေ၊ နှစ်ဆယ်သောအကျိုးတို့ကို။ အလဘိံ၊ ရပြီ။
တဿကမ္မဿ၊ ထိုကောင်းမှုကံ၏ ။ တေဇေန၊ တန်ခိုးကြောင့်။ ဘဝါဘဝေ၊ ဘဝကြီးငယ်၌။ သံသရန္တော၊ ကျင်လည်ရသည်ရှိသော်။ ဒေဝတ္တေစာပိ၊ နတ်ပြည်၌လည်းကောင်း။ မာနုသေစ၊ လူပြည်၌လည်းကောင်း။ ဒုဝေဘဝေ၊ နှစ်ခုသောဘဝ၌။ သံသရာမိ၊ ကျင်လည်ရ၏ ။
ဒေဝလောကာ၊ နတ်ပြည်မှ။ စဝိတွာန၊ စုတေ၍။ မာနုသံဘဝံ၊ လူ၏ဘဝသို့။ အာဂန္တွာ၊ လာ၍။ ခတ္တိယေစာပိ၊ မင်းမျိုး၌လည်းကောင်း။ ဗြာဟ္မဏေစာပိ၊ ပုဏ္ဏားမျိုး၌လည်းကောင်း။ ဒုဝေကုလေ၊ နှစ်ပါးသောအမျိုး၌။ ပဇာယာမိ၊ ဖြစ်ရ၏ ။
အင်္ဂပစ္စင်္ဂသမ္ပန္နော၊ အင်္ဂါကြီးငယ်နှင့်ပြည့်စုံ၏ ။ အာရောဟပရိဏာယဝါ၊ လုံးရပ်သဏ္ဌာန်နှင့်ပြည့်စုံ၏ ။ အဘိရူပေါ၊ အလွန်အဆင်းလှ၏ ။ သုစိ၊ စင်ကြယ်သည်။ ဟောမိ၊ ဖြစ်ရ၏ ။ သမ္ပုဏ္ဏင်္ဂေါ၊ ပြည့်စုံသောအင်္ဂါရှိ၏။ အနူနကော၊ မယုတ်။
ဒေဝလောကေ၊ နတ်ပြည်၌လည်းကောင်း။ မနုဿေဝါ၊ လူပြည်၌လည်းကောင်း။ ယတ္ထကတ္ထစိ၊ အမှတ်မရှိသော။ ဘဝေ၊ ဘဝ၌။ သုဝဏ္ဏဝဏ္ဏောစ၊ ရွှေအဆင်းကဲ့သို့အဆင်းရှိသည်လည်း။ ဘဝေ၊ ဖြစ်ရ၏ ။ ဥတ္တတ္တကနကူပမော၊ ဦးသစ်တော်ရွှေနှင့်တူ၏ ။
နိဒ္ဒါ၊ အိပ်ရာသည်။ မုဒုကာ၊ နူးညံ့၏ ။ မဒ္ဒဝါ၊ ပြေပြစ်၏ ။ မမ၊ ငါ၏ ။ ဆဝိ၊ အရေသည်။ သုခုမာ၊ သိမ်မွေ့၏ ။ သုကုမာရိကာ၊ နုပျို၏ ။ ဣဒံဖလံ၊ ဤအကျိုးသည်။ သုဆဋ္ဋိသေ၊ ကောင်းစွာစွန့်အပ်သော။ ဗောဓိပတ္တေ၊ ဗောဓိသစ်ရွက်၏။ ဖလံ၊ အကျိုးတည်း။
ယတောကုတောစိဂတီသု၊ အမှတ်မရှိသောဂတိတို့၌။ သရိရေ၊ ကိုယ်သည်။ သမုဒါဂတေ၊ ဖြစ်သည်ရှိသော်။ ရဇောဇလ္လံ၊ မြူအညစ်အကြေးသည်။ နလိမ္ပတိ၊ မလိမ်းကျံ။ ပတ္တဆဋ္ဋိတေပတ္တဆဋ္ဋိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏။ ဖလံ၊ အကျိုးတည်း။
တဿမေ၊ ထိုငါအား။ ဥဏှေ၊ ပူသော။ ဝါတာတပေန၊ လေနေပူဖြင့်လည်းကောင်း။ ဝါပန၊ ထိုမှတစ်ပါးလည်း။ အဂ္ဂိတာပေန၊ မီးပူဖြင့်လည်းကောင်း။ ဂတ္တေ၊ ကိုယ်၌။ သေဒါ၊ ချွေးတို့သည်။ နမုစ္စန္တိ၊ မထွက်ကုန်။ ပတ္တဆဋ္ဋိတေပတ္တဆဋ္ဋိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏။ ဝိပါကော၊ အကျိုးတည်း။
ကုဋ္ဌံ၊ နူနာသည်လည်းကောင်း။ ဂဏ္ဍောစ၊ အိုင်းအနာသည်လည်းကောင်း။ ကိလာသောစ၊ ကုတ်ဟီးနာသည်လည်းကောင်း။ တိလကာ၊ မှဲ့သည်လည်းကောင်း။ ပီဠကာ၊ အိုင်းသည်လည်းကောင်း။ တထာ၊ ထိုမှတစ်ပါး။ ကာယေ၊ ကိုယ်၌။ ဒဒ္ဒုစ၊ ဆိတ်လည်နူနာသည်။ နဟောန္တိ၊ မဖြစ်ကုန်။ ပတ္တဆဋ္ဋိတေပတ္တဆဋ္ဋိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏။ ဝိပါကော၊ အကျိုးတည်း။
အပရမ္ပိ၊ ထိုမှတစ်ပါးလည်း။ တဿ၊ ထိုဗောဓိရွက်ကိုစွန့်ခြင်း၏ ။ ဂုဏံ၊ အကျိုးသည်ကား။ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌။ နိဗ္ဗတ္တတေ၊ ဖြစ်၏ ။ ကာယသ္မိံ၊ ကိုယ်၌။ ရောဂါ၊ ရောဂါတ်ို့သည်။ နဟောန္တိ၊ မဖြစ်ကုန်။ ပတ္တဆဋ္ဋိတေပတ္တဆဋ္ဋိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏ ။ ဝိပါကော၊ အကျိုးတည်း။
အပရမ္ပိ၊ ထိုမှတစ်ပါးလည်း။ တဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏။ ဂုဏံ၊ အကျိုးသည်ကား။ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌။ နိဗ္ဗတ္တတိ၊ ဖြစ်၏ ။ စိတ္တဇာ၊ စိတ်ကြောင့်ဖြစ်သော။ ပီဠာ၊ နှိပ်စက်ခြင်းသည်။ နဟောတိ၊ မဖြစ်။ ပတ္တဆဋ္ဋိတေပတ္တဆဋ္ဋိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏ ။ ဝိပါကော၊ အကျိုးတည်း။
အပရမ္ပိ၊ ထိုမှတစ်ပါးလည်း။ တဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏။ ဂုဏံ၊ အကျိုးသည်ကား။ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌။ နိဗ္ဗတ္တတိ၊ ဖြစ်၏ ။ တဿမေ၊ ထိုငါအား။ အမိတ္တာ၊ ရန်သူတို့သည်။ နဘဝန္တိ၊ မနှိပ်စက်နိုင်ကုန်။ ပတ္တဆဋ္ဋိတေပတ္တဆဋ္ဋိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏ ။ ဝိပါကော၊ အကျိုးတည်း။
အပရမ္ပိ၊ ထိုမှတစ်ပါးလည်း။ တဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏။ ဂုဏံ၊ အကျိုးသည်ကား။ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌။ နိဗ္ဗတ္တတိ၊ ဖြစ်၏ ။ အနုနဘောဂေါ၊ မယုတ်သောစည်းစိမ်ဥစ္စာရှိသည်။ ဘဝတိ၊ ဖြစ်၏ ။ ပတ္တဆဋ္ဋိတေပတ္တဆဋ္ဋိတဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏ ။ ဖလံ၊ အကျိုးတည်း။
အပရမ္ပိ၊ ထိုမှတစ်ပါးလည်း။ တဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏။ ဂုဏံ၊ အကျိုးသည်ကား။ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌။ နိဗ္ဗတ္တတိ၊ ဖြစ်၏ ။ အဂ္ဂိရာဇူဟိ၊ မီးမင်းတို့ကြောင့်လည်းကောင်း။ စောရေဟိ၊ ခိုးသူတို့ကြောင့်လည်းကောင်း။ ဥဒကေ၊ ရေ၌လည်းကောင်း။ ဘယံ၊ ဘေးသည်။ နဟောတိ၊ မဖြစ်။
အပရမ္ပိ၊ ထိုမှတစ်ပါးလည်း။ တဿ၊ ဗောဓိရွက်ကိုစွန့်ခြင်း၏။ ဂုဏံ၊ အကျိုးသည်ကား။ ဘဝါဘဝေ၊ ဘဝတိုင်းဘဝတိုင်း၌။ နိဗ္ဗတ္တတိ၊ ဖြစ်၏ ။ ဒါသိဒါသာ၊ ကျွန်မိန်းမ ကျွန်ယောက်ျားတို့သည်။ အနုစရော၊ အခြံအရံတို့သည်။ ဟောန္တိ၊ ဖြစ်ကုန်၏ ။ စိတ္တာနုဝတ္တကာ၊ စိတ်၏အလိုသို့အစဉ်လိုက်ကုန်၏ ။
ယမှိအာယုပ္ပမာဏမှိ၊ အကြင်အသက်အပိုင်းအခြား၌။ မာနုသေဘဝေ၊ လူပြည်၌။ အာယတေ၊ ရှည်လတ်သော်။ တတော၊ ထိုအသက်အပိုင်းအခြားအောက်။ အာယု၊ အသက်သည်။ နဟာယတေ၊ မယုတ်။ ယာဝတာယုကံ၊ အသက်အတိုင်း။ တိဋ္ဌေတေ၊ တည်၏။
အမ္ဘန္တရာ၊ အတွင်း၌လည်းကောင်း။ ဗဟိစရာ၊ အပ၌လည်းကောင်း။ သရဋ္ဌကာ၊ တိုင်းသားနှင့်တကွကုန်သော။ နေဂမာစ၊ နိဂုံးသူတို့သည်လည်းကောင်း။ အနုယုတ္တာ၊ အမြဲမယှဉ်ကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏ ။ သဗ္ဗေပိ၊ အလုံးစုံသောသူတို့သည်လည်း။ ဝုဒ္ဓိကာမာ၊ ကြီးပွါးခြင်းကိုအလိုရှိကုန်၏။ သုခိစ္ဆိကာ၊ ချမ်းသာကိုအလိုရှိကုန်၏ ။
ဘောဂဝါ၊ စည်းစိမ်ဥစ္စာရှိသည်လည်းကောင်း။ ယသဝါ၊ အခြံအရံများသည်လည်း‌ကောင်း။ ဟောမိ၊ ဖြစ်၏ ။ သိရိမာ၊ အသရေရှိ၏ ။ ဉာတိပက္ခဝါ၊ အဆွေအမျိုးအပင်းအသင်းရှိ၏ ။ အပေတဘယသန္တာသော၊ ကင်းသောထိတ်လန့်ခြင်းရှိ၏။ အဟံ၊ ငါသည်။ သဗ္ဗတော၊ ခပ်သိမ်းသောအခြင်းအရာအားဖြင့်။ ဘဝေ၊ ဘဝ၌။ ဘဝေ၊ ဖြစ်ရ၏ ။
ဒေဝါ၊ နတ်တို့သည်လည်းကောင်း။ မနုဿာ၊ လူတို့သည်လည်းကောင်း။ အသုရာ၊ အသုရာတို့သည်လည်းကောင်း။ ဂန္ဓဗ္ဗာ၊ ဂန္ဓဗ္ဗနတ်တို့သည်လည်းကောင်း။ ယက္ခရက္ခသာ၊ ဘီလူးရက္ခိုက်တို့သည်လည်းကောင်း။ တေသဗ္ဗေ၊ ထိုအလုံးစုံတို့သည်။ ဘဝေ၊ ဘဝ၌။ သံသရတော၊ ကျင်လည်ရသည်ရှိသော်။ သဒါ၊ အခါခပ်သိမ်း။ ပရိရက္ခန္တိ၊ စောင့်ရှောက်ကုန်၏ ။
ဒေဝလောကေ၊ နတ်ပြည်လည်းကောင်း။ မနုဿေစ၊ လူပြည်၌လည်းကောင်း။ ဥဘောယသေ၊ နှစ်ပါးသောစည်းစိမ်တို့ကို။ အနုဘုတွာ၊ ခံစား၍။ အဝသာနေစ၊ အဆုံး၌လည်း။ အနုတ္တရံ၊ အတုမရှိသော။ သိဝံ၊ ချမ်းအေးရာဖြစ်သော။ နိဗ္ဗာနံ၊ နိဗ္ဗာန်သို့။ ပတ္တော၊ ရောက်၏။
သမ္ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။ ဥဒ္ဒိသိတွာန၊ ရည်၍။ တဿသတ္ထုနော၊ ထိုမြတ်စွာဘုရား၏ ။ ဗောဓိံဝါ၊ ဗောဓိကိုလည်းကောင်း။ ယောပေါသော၊ အကြင်ယောက်ျားသည်။ ပုညံ၊ ကောင်းမှုကို။ ပသဝေ၊ ပွါးစေ၏ ။ တဿ၊ ထိုသူအား။ ဒုလ္လဘံ၊ ရခဲခြင်းသည်။ ကိံနာမ၊ အဘယ်မှာရှိအံ့နည်း။
မဂ္ဂေစ၊ မဂ်၌လည်းကောင်း။ ဖလေစ၊ ဖိုလ်၌လည်းကောင်း။ အာဂမေစ၊ အာဂုံ၌လည်းကောင်း။ ဈာနာဘိညာဂုဏေသုစ၊ ဈာန်အဘိညာဉ်ကျေးဇူးတို့၌လည်းကောင်း။ အညေသံ၊ တစ်ပါးသောသူတို့ထက်။ အဓိကော၊ လွန်သည်။ ဟုတွာ၊ ဖြစ်၍။ အနာသဝေါ၊ အာသဝေါမရှိသည်ဖြစ်၍။ နိဗ္ဗာယာမိ၊ ငြိမ်း၏ ။
အဟံ၊ ငါသည်။ ပုရေ၊ ရှေး၌။ ဗောဓိယာ၊ ဗောဓိပင်၏ ။ ပတ္တံ၊ အရွက်ကို။ ဟဋ္ဌမာနသော၊ ရွှင်သောစိတ်ရှိသည်ဖြစ်၍။ ဆဋ္ဋေတွာ၊ စွန့်၌။ ဣမေဟိဝီသတင်္ဂေဟိ၊ ဤနှစ်ဆယ်သောအကျိုးတို့ဖြင့်။ သဗ္ဗဒါ၊ အခါခပ်သိမ်း။ သမင်္ဂီ၊ ပြည့်စုံသည်။ ဟောမိ၊ ဖြစ်ရ၏ ။
မယှံ၊ ငါသည်။ ကိလေသာ၊ ကိလေသာတို့ကို။ (ပ) ။ အနာသ‌ဝေါ၊ အာသဝေါမရှိဘဲ။ ဝိဟရာမိ၊ နေရ၏ ။
မေ၊ ငါ၏။ အာဂတံ၊ လာခြင်းသည်။ ဝတ၊ စင်စစ်။ သွာဂတံ၊ ကောင်းသောလာခြင်းသည်။ (ပ) ။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။
စတဿော၊ ‌လေးပါးကုန်သော။ ပဋိသမ္ဘိဒါစ၊ ပဋိသမ္ဘီဒါတို့ကိုလည်းကောင်း။ (ပ) ။ သာသနံ၊ အဆုံးအမတော်ကို။ ကတံ၊ ပြုအပ်ပြီ။
ဣတ္ထံ၊ ဤသို့လျှင်။ အာယသ္မာ၊ ရှည်သောသက်တော်ရှိသော။ ‌ဗောဓိသမ္မဇ္ဇကောထေရော၊ ဗောဓိသမ္မဇ္ဇကမထေရ်သည်။ ဣမာဂါထာယော၊ ဤဂါထာတို့ကို။ အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။
ဣတိဣမိနာနုက္ကမေန၊ ဤသို့သောသဒ္ဒါအစဉ်အနက်အစဉ်ဖြင့်။ ဗောဓိသမ္မဇ္ဇကတ္ထေရဿ၊ ဗောဓိသမ္မဇ္ဇကမထေရ်၏ ။ အဋ္ဌမံ၊ ရှစ်ခုမြောက်သော။ အပဒါနံ၊ အပဒါန်သည်။ သမတ္တံ၊ ပြီးပြီ။