၁၀. သုဂန္ဓတ္ထေရအပဒါန်
ဣမမှိဘဒ္ဒကေကပ္ပေ၊ ဤဘဒ္ဒကပ်၌။
ဗြာဟ္မဗန္ဓု၊ ပုဏ္ဏားမျိုးဖြစ်သော။
မဟာယသော၊ များသောအခြံအရံအကျော်အစောရှိတော်မူသော။
ဝဒတံ၊ ဆိုတတ်သောသူတို့ထက်။
ဝရော၊ မြတ်တော်မူသော။
နာမေန၊ အမည်အားဖြင့်။
ကဿပေါနာမ၊ ကဿပအမည်တော်ရှိသောဘုရားသည်။
ဥပ္ပဇ္ဇိ၊ ပွင့်တော်မူ၏ ။
အနုဗျဉ္ဇနသမ္ပန္နော၊ လက္ခဏာတော်ငယ်နှင့်ပြည့်စုံတော်မူ၏ ။
ဗာတ္တိံသဝရလက္ခဏော၊ သုံးဆယ့်နှစ်ပါးသောယောက်ျားမြတ်တို့၏လက္ခဏာတော်ကြီးရှိတော်မူ၏ ။
ဗျာမပ္ပဘာပရိဝုတော၊ တစ်လံမျှသောရောင်ခြည်တော်တို့ဖြင့်ခြံရံအပ်၏ ။
ရံသိဇာလသမာဟတော၊ ရောင်ခြည်တော်ကွန်ယက်ဖြင့်ဖုံးလွှမ်းအပ်၏။
စန္ဒောယထာ၊ လကဲ့သို့။
အဿာသေတာ၊ သက်သာရာကိုရစေတော်မူ၏ ။
သူရိယောဝ၊ နေကဲ့သို့။
ပဘင်္ကရော၊ အရောင်ကိုပြုတော်မူ၏ ။
မေဃောယထာ၊ မိုးကဲ့သို့။
နိဗ္ဗာပေတာ၊ ငြိမ်းစေတော်မူတတ်သော။
သာဂရောဝ၊ သမုဒ္ဒရာကဲ့သို့။
ဂုဏာကရော၊ ကျေးဇူး၏တည်ရာကိုပြုတော်မူ၏ ။
သီလေန၊ သီလဖြင့်။
ဓရဏိဝ၊ မြေနှင့်တူတော်မူ၏။
သမာဓိနာ၊ သမာဓိဖြင့်။
ဟိမဝါဝ၊ ဟိမဝန္တာတောင်နှင့်တူတော်မူ၏။
ပညာယ၊ ပညာဖြင့်။
အာကာသောဝိယ၊ ကောင်းကင်နှင့်တူတော်မူ၏ ။
အသင်္ဂေ၊ မကပ်ငြိခြင်း၌။
အနီလောယထာ၊ လေနှင့်တူတော်မူ၏ ။
မဟာဝီရော၊ ကြီးမြတ်သောလုံ့လရှိတော်မူသော။
သသောဗုဒ္ဓေါ၊ ထိုမြတ်စွာဘုရားသည်။
ကဒါစိ၊ တစ်ရံသောအခါ၌။
ဝိသာရဒေါ၊ ရဲရင့်သည်ဖြစ်၍။
မဟာဇနံ၊ လူများအပေါင်းကို။
ဥဒ္ဓရန္တော၊ သံသရာဝဋ်မှထုတ်ဆောင်သည်ဖြစ်၍။
သစ္စာနိ၊ သစ္စာတို့ကို။
သမ္ပကာသေတိ၊ ပြတော်မူ၏ ။
တဒါ၊ ထိုအခါ၌။
အဟံ၊ ငါသည်။
ဗာရာဏသိယံ၊ ဗာရာဏသီပြည်၌။
အနန္တဓနဓညဿ၊ များသောဥစ္စာစပါးရှိသောသူဋ္ဌေး၏ ။
မဟာယသော၊ များသောအခြံအရံအကျော်အစောရှိသော။
သေဋ္ဌိပုတ္တော၊ သူဋ္ဌေးသားသည်။
ဟုတွာ၊ ဖြစ်၍။
ဗဟုတဿ၊ များသောဥစ္စာဖြင့်။
တဒါ၊ ထိုအခါ၌။
ဗဟူ၊ များကုန်၏ ။
ဇင်္ဃဝိဟာရံ၊ မြင်းခေါင်းဖြင့်လှည့်လည်ခြင်းကို။
ဝိစရံ၊ လှည့်လည်သည်ရှိသော်။
အဟံ၊ ငါသည်။
မိဂဒါယံ၊ မိဂဒါဝုန်တောသို့။
ဥပေသိံ၊ ကပ်ပြီ။
အမတံပဒံ၊ အမြိုက်နိဗ္ဗာန်ကို။
ဒေသေန္တံ၊ ဟောတော်မူတတ်သော။
ဝိသဋ္ဌကန္တဝစနံ၊ သန့်ရှင်းသောစကားနှစ်သက်သောစကားရှိတော်မူသော။
ကရဝိကသမဿရံ၊ ကရဝိက်ငှက်မင်း၏အသံနှင့်တူသောအသံရှိတော်မူသော။
ဟံသရုဒါဟိနိဏ္ဃောသံ၊ ဟင်္သာမင်း၏တွန်မြူးသံနှင့်တူသောအသံရှိတော်မူသော။
မဟာဇနံ၊ လူများအပေါင်းကို။
ဝိညာပေန္တံ၊ သိစေတော်မူတတ်သော။
ဝိရဇံ၊ ကိလေသာမြူကင်းတော်မူသော။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကို။
အဒ္ဒသံ၊ မြင်ပြီ။
ဒေဝါတိဒေဝံ၊ နတ်ထက်နတ်မြတ်ဖြစ်တော်မူသော။
တံဗုဒ္ဓံ၊ ထိုမြတ်စွာဘုရားကို။
ဒိသွာ၊ မြင်၍။
မဓုရံဂိရံ၊ သာယာသောအသံတော်ကို။
သုတွာ၊ ကြား၍။
အနပ္ပကေဘောဂေ၊ များစွာသောစည်းစိမ်ဥစ္စာတို့ကို။
ပဟာယ၊ ပယ်စွန့်၍။
အနဂါရိယံ၊ အိမ်ရာမထောင်ရဟန်းဘောင်၌။
ပဗ္ဗဇိ၊ ရဟန်းပြုပြီ။
ဧဝံ၊ ဤသို့။
ပဗ္ဗဇိတောစ၊ ရဟန်းပြုသည်လည်းဖြစ်သော။
အဟံ၊ ငါသည်။
နစိရေန၊ မကြာမြင့်မှီ။
ဗဟုဿုတော၊ များသောအကြားအမြင်ရှိသော။
ဓမ္မကထိကော၊ တရားဟောပုဂ္ဂိုလ်သည်။
အဟောသိံ၊ ဖြစ်ပြီ။
ဝိစိတ္တပဋိဘာနဝါ၊ ဆန်းကြယ်သောပညာရှိ၏။
အဟံ၊ ငါသည်။
မဟာပရိသမဇ္ဈေ၊ များစွာသောပရိသတ်၏အလယ်၌။
ဟဋ္ဌစိတ္တော၊ ရွှင်သောစိတ်ရှိသည်ဖြစ်၍။
ပုနပ္ပုနံ၊ အဖန်ဖန်အထပ်ထပ်။
ဟေမဝဏ္ဏဿ၊ မြတ်စွာဘုရား၏ ။
ဝဏ္ဏံ၊ ကျေးဇူးတော်ကို။
ဝဏ္ဏဝိသာရဒေါ၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်း၌ရဲရင့်သည်ဖြစ်၍။
ဝဏ္ဏယိံ၊ ချီးမွမ်းပြီ။
ဧသဗုဒ္ဓေါ၊ ဤမြတ်စွာဘုရားသည်။
ခီဏာသဝေါ၊ ကုန်ပြီးသောအာသဝေါရှိတော််မူ၏ ။
အနိဃော၊ ဆင်းရဲမရှိ။
ဆိန္နသံသယော၊ ဖြတ်အပ်ပြီးသောယုံမှားခြင်းရှိတော်မူ၏ ။
သဗ္ဗကမ္မက္ခယံ၊ ခပ်သိမ်းသောကံ၏ကုန်ခြင်းသို့။
ပတ္တော၊ ရောက်တော်မူ၏။
ဥပဓိသံခယေ၊ ဥပဓိ၏ကုန်ရာနိဗ္ဗာန်၌။
ဝိမုတ္တော၊ ကိလေသာမှလွတ်တော်မူ၏ ။
ဧသဗုဒ္ဓေါ၊ ဤမြတ်စွာဘုရားသည်။
ဘဂဝါ၊ ဘုန်းတော်ရှိတော်မူ၏ ။
ဧသဗုဒ္ဓေါ၊ ဤမြတ်စွာဘုရားသည်။
သီဟော၊ ခြင်္သေ့နှင့်တူတော်မူ၏ ။
အနုတ္တရော၊ အတုမရှိ။
သဒေဝကဿ၊ နတ်နှင့်တကွသော။
လောကဿ၊ လူအပေါင်းအား။
ဗြဟ္မစက္ကပဝတ္တကော၊ မြတ်သောစက်ကိုဖြစ်စေတတ်၏ ။
ဒန္တော၊ ကိုယ်တော်ယဉ်ကျေးသည်ဖြစ်၍။
ဒမေတာ၊ သူတစ်ပါးကိုလည်းယဉ်ကျေးစေတော်မူ၏ ။
သန္တော၊ ကိုယ်တော်ငြိမ်သက်သည်ဖြစ်၍။
သမေတာ၊ သူတစ်ပါးကိုလည်းငြိမ်သက်တော်မူစေ၏ ။
နိဗ္ဗုတော၊ ငြိမ်းတော်မူပြီးသော။
ဣသိ၊ မြတ်စွာဘုရားသည်။
နိဗ္ဗာပေတာစ၊ ငြိမ်းလည်းငြိမ်းတော်မူ၏ ။
အဿတ္ထော၊ သက်သာရာရသည်ဖြစ်၍။
မဟာဇနံ၊ လူများအပေါင်းကို။
အဿသေတာ၊ သက်သာရာကိုရစေတော်မူ၏ ။
ဝီရော၊ လုံ့လရှိတော်မူ၏။
သူရောစ၊ ရဲလည်းရဲရင့်တော်မူ၏။
ဝိက္ကန္တော၊ နှစ်သက်ခြင်းကိုပြုတော်မူတတ်၏ ။
ပညော၊ ပညာရှိတော်မူ၏။
ကာရုဏိကော၊ ကရုဏာရှိတော်မူ၏။
ဝသိ၊ ဝသီဘော်ရှိတော်မူ၏ ။
သသောဇိနော၊ ထိုမြတ်စွာဘုရားသည်။
ဝိဇိတာဝီ၊ အောင်အပ်ပြီးသောရန်သူရှိတော်မူ၏။
အပ္ပဂဗ္ဗော၊ မာန်မူခြင်းရှိတော်မမူ။
အနာလယော၊ အလယကင်းတော်မူ၏ ။
အနဉ္ဇော၊ တုန်လှုပ်ခြင်းမရှိ။
အစလော၊ မတုန်မလှုပ်။
ဓီမာ၊ ပညာရှိ၏ ။
အမောဟော၊ မောဟမရှိ။
အသမော၊ အတုမရှိ။
မုနိ၊ ရှစ်ပါးသောလောကကိုသိတော်မူ၏ ။
ဓောရယှော၊ ဝန်ကိုဆောင်သော။
ဥသဘော၊ နွားမင်းဥသဘနှင့်တူတော်မူ၏ ။
နာဂေါ၊ ဆင်ပြောင်နှင့်တူတော်မူ၏။
သီဟော၊ ခြင်္သေ့နှင့်တူတော်မူ၏။
ဂရူသုပိ၊ အလေးအမြတ်ပြုအပ်သောသူတို့တွင်။
သက္ကော၊ သိကြားနှင့်တူတော်မူ၏ ။
ဝိရာဂေါ၊ ကင်းသောရာဂရှိတော်မူ၏။
ဝိမလော၊ အညစ်အကြေးကင်းတော်မူ၏ ။
ဗြဟ္မာ၊ ဗြဟ္မာမင်းနှင့်တူတော်မူ၏ ။
ဝါဒီသူရော၊ အယူရှိသောသူတို့ထက်ရဲရင့်တော်မူ၏ ။
ရဏဉ္ဇဟော၊ ကိလေသာကိုစွန့်တတ်၏။
အခိလောစ၊ နှလုံးတံသင်းလည်းမရှိ။
ဝိသလ္လောစ၊ ငြောင့်ကိုနှုတ်တတ်၏ ။
အသမော၊ အတူမရှိ။
သံယတော၊ စောင့်စည်း၏ ။
သုစိ၊ စင်ကြယ်၏ ။
ဗြဟ္မဏော၊ မကောင်းမှုကိုအပပြုတော်မူ၏ ။
သမဏော၊ ကိလေသာငြိမ်းတော်မူ၏ ။
နာထော၊ ကိုးကွယ်ရာဖြစ်တော်မူ၏ ။
ဘိသက္ကော၊ ဆေးသမားနှင့်တူတော်မူ၏ ။
သလ္လကတ္တကော၊ မြှားငြောင့်ကိုနှုတ်တတ်သောဆေးသမားနှင့်တူတော်မူ၏ ။
ယောဓော၊ သူရဲကြီးနှင့်တူတော်မူ၏ ။
ဗုဒ္ဓေါ၊ သစ္စာလေးပါးကိုသိတော်မူ၏ ။
သုတာ၊ ကျော်စောသောသူတို့ထက်။
သုတော၊ ကျော်စောတော်မူ၏ ။
အစလော၊ မတုန်လှုပ်။
မုဒုကော၊ နူးညံ့၏ ။
သိတော၊ ချမ်းအေး၏ ။
ဓာတာ၊ ဆောင်တော်မူတတ်၏ ။
ရတာစ၊ မွေ့လျော်တော်မူတတ်၏ ။
သန္တိစ၊ ငြိမ်လည်းငြိမ်သက်တော်မူ၏။
ကတ္တာ၊ ပြုတော်မူတတ်၏။
နေတာ၊ နိဗ္ဗာန်သို့ဆောင်တော်မူတတ်၏။
ပကာသိတာ၊ နိဗ္ဗာန်ကိုပြတော်မူတတ်၏။
သံပဟံသိတာ၊ ကောင်းစွာရွှင်စေတတ်၏ ။
ဘေတ္တာစ၊ ကိလေသာကိုလည်းဖျက်ဆီးတတ်၏။
ဆေတ္တာ၊ ကိလေသာကိုဖြတ်တတ်၏။
သောတာ၊ နာတော်မူ၏ ။
ပသံသိတာ၊ ချီးမွမ်းတော်မူတတ်၏ ။
အခိလောစ၊ တံသင်းလည်းမရှိ။
ဝိသလ္လောစ၊ ငြောင့်ကိုလည်းနှုတ်တတ်၏ ။
အနီဃော၊ ဆင်းရဲမရှိ။
အနေဇော၊ ကိလေသာမရှိ။
ဝိရဇော၊ ကိလေသာတည်းဟူသောမြူမရှိ။
ပတ္တာ၊ ရောက်အပ်သောတရားသို့ရောက်တော်မူ၏ ။
ဂန္ဓာ၊ သီလတည်းဟူသောအနံ့ရှိတော်မူ၏ ။
ဝတ္တာ၊ ဆိုအပ်သည်ကိုဆိုတော်မူတတ်၏ ။
ပသံသိတာ၊ ချီးမွမ်းတော်မူတတ်၏ ။
တာရေတာ၊ ကယ်တင်တော်မူတတ်၏ ။
အတ္ထကာရေတာ၊ အကျိုးရှိသည်ကိုပြုတော်မူတတ်၏ ။
ကာရေတာ၊ ပြုစေတော်မူတတ်၏ ။
သမ္ပဒါရိတာ၊ ကိလေသာကိုဖျက်ဆီးတော်မူတတ်၏ ။
ပါပေတာ၊ ရောက်စေအပ်သောတရားသို့ရောက်စေတတ်၏ ။
သဟိတာကန္တာ၊ နှစ်သက်အပ်ကုန်၏ ။
ဟန္တာ၊ ကိလေသာကိုသတ်တတ်၏ ။
သော၊ ထိုမြတ်စွာဘုရားသည်။
ကတာဝိတာဝ၊ ပြုအပ်သည်ကိုပြုတော်မူပြီးသည်သာတည်း။
သမစိတ္တော၊ မျှသောစိတ်ရှိတော်မူ၏ ။
သမသမော၊ တူမျှတော်မူ၏ ။
အသဟာယော၊ အဖော်မရှိ။
ဒယာ၊ သနားတော်မူတတ်၏ ။
ယသော၊ အကျော်အစောရှိတော်မူ၏ ။
အစ္ဆေဒသတ္ထော၊ ကိလေသာကိုသတ်တတ်သောလက်နက်ရှိတော်မူ၏ ။
အကုဟော၊ ပလွှားခြင်းမရှိ။
ကတာဝီ၊ ပြုကောင်းဖွယ်ကိုပြုတော်မူ၏ ။
ဣသိသတ္တမော၊ ခုနစ်ဆူမြောက်သောဘုရားဖြစ်တော်မူ၏ ။
နိတိဏ္ဏကင်္ခေါ၊ ကူးမြောက်ပြီးသောယုံမှားခြင်းရှိတော်မူ၏ ။
နိမာနော၊ ချအပ်ပြီးသောမာန်ရှိ၏ ။
အပ္ပမေယျော၊ မနှိုင်းယှဉ်နိုင်။
အနုပမော၊ ဥပမာမရှိ။
သဗ္ဗဝါကျပထာတီတော၊ ခပ်သိမ်းသောစကား၏အကြောင်းကိုလွန်တော်မူ၏ ။
ဇိနော၊ မြတ်စွာဘုရားသည်။
သစ္စနေယျန္တဂူ၊ သစ္စာအဆုံးနေယျဓံအဆုံးသို့ရောက်တော်မူ၏ ။
သတ္တသာရဝရေ၊ သတ္တဝါတို့၏အနှစ်ဖြစ်၍မြတ်တော်မူ၏ ။
တသ္မိံ၊ ထိုမြတ်စွာဘုရား၌။
ပသာဒေါ၊ ကြည်ညိုခြင်းသည်။
အမတာဝဟော၊ အမြိုက်နိဗ္ဗာန်ကိုပေးတတ်၏ ။
တသ္မာ၊ ထိုကြောင့်။
ဗုဒ္ဓေစ၊ ဘုရား၌လည်းကောင်း။
ဓမ္မေစ၊ တရားတော်၌လည်းကောင်း။
သံဃေစ၊ သံဃာတော်၌လည်းကောင်း။
သဒ္ဓါ၊ ယုံကြည်ခြင်းသည်။
မဟိဒ္ဓိကာ၊ ကြီးသောတန်ခိုးရှိ၏ ။
ဧဝမာဒီဟိ၊ ဤသို့သဘောရှိကုန်သော။
ဂုဏေဟိ၊ ဂုဏ်တို့ဖြင့်။
တိလောကသရဏုတ္တမံ၊ သုံးပါးသောလောက၏ကိုးကွယ်ရာဖြစ်၍မြတ်တော်မူသောမြတ်စွာဘုရားကို။
ပရိသာမဇ္ဈေ၊ ပရိသတ်၏အလယ်၌။
ဝဏ္ဏေသန္တော၊ ချီးမွမ်းလျက်။
အဟံ၊ ငါသည်။
ဓမ္မကထံ၊ တရားစကားကို။
အကံ၊ ပြုပြီ။
တတော၊ ထိုဘဝမှ။
စုတော၊ စုတေသည်ရှိသော်။
အဟံ၊ ငါသည်။
တုသိတေ၊ တုသိတာနတ်ပြည်၌။
မဟာသုခံ၊ ကြီးစွာသောချမ်းသာကို။
အနုဘောတွာ၊ ခံစား၍။
တတော၊ ထိုတုသိတာနတ်ပြည်မှ။
စုတော၊ စုတေသည်ရှိသော်။
မနုဿေသု၊ လူ့ပြည်တို့၌။
ဇာတော၊ ဖြစ်၏ ။
သုဂန္ဓိတော၊ ကောင်းသောရနံ့ရှိသည်။
ဟောမိ၊ ဖြစ်ရ၏ ။
မုခဂန္ဓောစ၊ ခံတွင်းအနံ့သည်လည်း။
နိဿာသော၊ မကောင်းသည်မရှိ။
မေ၊ ငါ၏ ။
ဒေဟဂန္ဓော၊ ကိုယ်အနံ့သည်။
တထေဝ၊ ထို့အတူသာတည်း။
သောဝဂန္ဓောစ၊ ထိုအနံ့သည်။
သတတံ၊ အမြဲ။
မေ၊ ငါအား။
သဗ္ဗဂန္ဓောစ၊ ခပ်သိမ်းသောအနံ့သည်သာလျှင်။
ဟောတိ၊ ဖြစ်၏ ။
မယှံ၊ ငါ၏ ။
မုခဂန္ဓော၊ ခံတွင်းအနံ့သည်။
ပဒုမုပ္ပလစမ္ပကော၊ ပဒုမာနံ့စကားနံ့ရှိ၏ ။
သဒါ၊ အခါခပ်သိမ်း။
ပရိသန္တော၊ ပရိသတ်၏အဆုံးတိုင်အောင်။
ဝါတိ၊ လှိုင်၏ ။
မေ၊ ငါ၏ ။
သရိရောစ၊ ကိုယ်သည်လည်း။
တထေဝ၊ ထို့အတူသာလျှင်တည်း။
ဂုဏတ္ထဝဿ၊ ဂုဏ်ကိုချီးမွမ်းခြင်းငှါထိုက်တော်မူသောမြတ်စွာဘုရားအား။
ဇလန္တံ၊ ထွန်းတောက်ပတော်မူသော။
ပရမ္ဘုတံ၊ မဖြစ်ဖူးမြဲသော။
တံသဗ္ဗံ၊ ထိုအလုံးစုံကို။
ဝဏ္ဏယိဿံ၊ ချီးမွမ်းအံ့။
သဗ္ဗေ၊ အလုံးစုံသောသင်တို့သည်။
ဧကဂ္ဂမနသာ၊ တည်ကြည်သောစိတ်ရှိကုန်သည်ဖြစ်၍။
မေ၊ ငါ၏ ။
ဝစနံ၊ စကားတော်ကို။
သုဏာထ၊ နာကြကုန်လော။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
ဂုဏံ၊ ကျေးဇူးတော်ကို။
ဝတွာန၊ ပြောဆိုသောကြောင့်။
ဟိတာယစ၊ အကျိုးစီးပွား၌လည်း။
သဒိသံ၊ သူနှင့်တူသည်။
နစဟောတိ၊ မဖြစ်။
သဗ္ဗတ္ထ၊ အလုံးစုံသောဘဝတို့၌။
သုခိတော၊ ချမ်းသာသည်။
ဟောမိ၊ ဖြစ်၏ ။
သံဃော၊ သံဃာတော်သည်။
ဝီရသမာယုတော၊ ရဲရင့်သောသဘောနှင့်ယှဉ်တော်မူ၏ ။
ယသဿီ၊ အခြံအရံအကျော်အစောရှိတော်မူ၏ ။
သုခိတော၊ ချမ်းသာတော်မူ၏ ။
ကန္တော၊ နှစ်သက်တော်မူ၏ ။
ဇုတိမာ၊ အရောင်ရှိတော်မူ၏ ။
ပိယဒဿိနော၊ ချစ်ဖွယ်ကိုမြင်လေ့ရှိ၏ ။
ဝတ္တာ၊ ဆိုတတ်၏ ။
အပရိဘူတောစ၊ သူတစ်ပါးတို့သည်လည်းမနှိပ်စက်နိုင်။
နိဒ္ဒေါသော၊ အပြစ်မှကင်း၏ ။
တထာ၊ ထိုမှတစ်ပါး။
ပညဝါ၊ ပညာရှိ၏ ။
ဗုဒ္ဓဘတ္တိနော၊ ဘုရားကိုဆည်းကပ်သောသူ၏ ။
အာယု၊ အသက်သည်။
ခီဏေစ၊ ကုန်သော်လည်း။
နိဗ္ဗာနံ၊ နိဗ္ဗာန်ကို။
သုလဘံ၊ ရလွယ်၏ ။
တေသံ၊ ထိုတရားတို့၏ ။
ဟေတုံ၊ အကြောင်းကို။
ယထာတထံ၊ ဟုတ်မှန်သည်အတိုင်း။
ပဝက္ခာမိ၊ ဆိုအံ့။
တံ၊ ထိုစကားကို။
သုဏာထ၊ နာကြကုန်လော။
သန္တံ၊ ငြိမ်သက်တော်မူသော။
ယသံ၊ ကျော်စောတော်မူသော။
ဘဂဝတော၊ မြတ်စွာဘုရားအား။
ဝိဓိနာ၊ ထူးသောအစီရင်ဖြင့်။
အဟံ၊ ငါသည်။
အလိဝါဒယံ၊ ချီးမွမ်းလျက်။
တတ္ထ တတ္ထ၊ ထိုထိုဘဝ၌။
ဥပပန္နောပိ၊ ဖြစ်ရသော်လည်း။
အဟံ၊ ငါသည်။
တေန၊ ထိုကောင်းမှုကြောင့်။
ယသဿီ၊ အခြံအရံအကျော်အစောရှိသည်။
ဟောမိ၊ ဖြစ်ရ၏ ။
ဒုက္ခဿန္တကရံ၊ ဒုက္ခ၏အဆုံးကိုပြုတော်မူတတ်သော။
ဗုဒ္ဓံ၊ မြတ်စွာဘုရားကိုလည်းကောင်း။
ဓမ္မသန္တမသင်္ခတံ၊ တရားတော်၏ငြိမ်သက်ခြင်းကို။
ဝဏ္ဏယံ၊ ချီးမွမ်းသောကြောင့်။
သုခိတော၊ ချမ်းသာခြင်းသို့ရောက်သည်။
အာသိံ၊ ဖြစ်ပြီ။
တတော၊ ထိုကောင်းမှုကြောင့်။
သတ္တာနံ၊ သတ္တဝါတို့အား။
သုခိတော၊ ချမ်းသာစေ၏ ။
ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
ဂုဏံ၊ ကျေးဇူးတော်ကို။
ဝဒန္တော၊ ဆိုလျက်။
ဗုဒ္ဓပီတိသမာယုတော၊ ဘုရားအားနှစ်သက်ခြင်းနှင့်ယှဉ်၏ ။
သကန္တိ၊ မိမိနှစ်သက်၏ ။
ပရကန္တိ၊ သူကိုနှစ်သက်စေ၏ ။
တေန၊ ထိုကောင်းမှုကြောင့်။
ကန္တိမာ၊ နှစ်သက်ခြင်းရှိသည်။
အာသိံ၊ ဖြစ်ပြီ။
ဇိနော၊ မြတ်စွာဘုရားသည်။
တေတိတ္ထိကာကိဏ္ဏေ၊ ထိုတိတ္ထိဖြင့်ပြွမ်းသောလောက၌။
ကုတိတ္ထိယေ၊ မှားသောမိစ္ဆာတိတ္ထိတို့ကို။
အဘိဘုယျ၊ လွှမ်းမိုး၍။
ဂုဏံ၊ ဂုဏ်ကျေးဇူးကို။
ဝဒန္တော၊ ဆိုလျက်။
နာယကံ၊ မြတ်စွာဘုရားကို။
ဇောတေသိံ၊ ထွန်းပစေပြီ။
တတော၊ ထိုကြောင့်။
ဇုတိမာ၊ အရောင်ရှိတော်မူ၏ ။
ဇနဿာပိ၊ လူအပေါင်းအားလည်း။
ပိယကာရံ၊ ချစ်ဖွယ်ကိုပြုပြီ။
သမ္ဗုဒ္ဓဿ၊ မြတ်စွာဘုရား၏ ။
ဂုဏံ၊ ကျေးဇူးကို။
ပဒံ၊ ဆိုသော။
အဟံ၊ ငါသည်။
သရဒေ၊ တန်ဆောင်းမုန်းလ၌။
သသင်္ကောဝ၊ လကဲ့သို့။
တေန၊ ထိုကောင်းမှုကြောင့်။
ပိယဒဿနော၊ ချစ်အပ်သည်ကိုမြင်လေ့ရှိသည်။
အသိံ၊ ဖြစ်ပြီ။
အဟံ၊ ငါသည်။
ယထာသတ္ထိဝသေန၊ အကြင်သတ္ထိရှိသည်၏အစွမ်းအားဖြင့်။
သဗ္ဗဝါစာဟိ၊ အလုံးစုံသောစကားတို့ဖြင့်။
သန္ထဝိံ၊ ချီးမွမ်းပြီ။
တေန၊ ထိုကောင်းမှုကြောင့်။
ဝင်္ဂိသော၊ စကားကိုအစိုးရသော။
ဝိစိတ္တပဋိဘာနဝါ၊ ဆန်းကြယ်သောပညာရှိ၏ ။
ယေဗာလာ၊ အကြင်မိုက်သောသူတို့သည်။
ဝိမတိံ၊ ယုံမှားခြင်းသို့။
ပတ္တာ၊ ရောက်ကုန်၏ ။
မဟာမုနိံ၊ မြတ်စွာဘုရားကို။
ပရိဘောန္တိ၊ နှိပ်စက်ကုန်၏ ။
သဓမ္မေန၊ သဘောအားဖြင့်။
တေ၊ ထိုသူမိုက်တို့ကို။
နိဂ္ဂဟိံ၊ နှိပ်ပြီ။
တေန၊ ထိုကောင်းမှုကံကြောင့်။
အဟံ၊ ငါသည်။
ပရိဘူတော၊ သူတစ်ပါးကိုနှိပ်စက်ခြင်းသည်။
နဟောတိ၊ မဖြစ်။
ဗုဒ္ဓဝဏ္ဏေန၊ ဘုရားကိုချီးမွမ်းခြင်းဖြင့်။
သတ္တာနံ၊ သတ္တဝါတို့အား။
အဟံ၊ ငါသည်။
ကိလေသာ၊ ကိလေသာတို့ကို။
အပနေသိံ၊ ပယ်ပြီ။
တဿကမ္မဿ၊ ထိုကံ၏။
ဝါဟသာ၊ အစွမ်းကြောင့်။
နိက္ကိလေသမနော၊ ကိလေသာမှကင်းသောစိတ်ရှိသည်။
ဟောမိ၊ ဖြစ်ရ၏ ။
ဗုဒ္ဓါနုဿတိဒေသကော၊ ဗုဒ္ဓါနုဿတို့ကိုဟောသောသူသည်။
သောတူနံ၊ နာကုန်သောသူတို့၏ ။
ဝဍ္ဎိံ၊ ကြီးပွါးခြင်းကို။
အဇနိံ၊ ဖြစ်စေပြီ။
တေနာပိ၊ ထိုကောင်းမှုကြောင့်လည်း။
သပညော၊ ပညာရှိသည်။
အာသိ၊ ဖြစ်၏ ။
နိပုဏတ္ထဝိပဿကော၊ သိမ်မွေ့သောအနက်ကိုမြင်လေ့ရှိ၏ ။
သဗ္ဗာသဝပရိက္ခီဏော၊ အလုံးစုံသောအာသဝေါတရားကုန်ပြီ။
တိဏ္ဏသံသာရသာဂရော၊ သံသရ သာဂရကိုကူးမြှောက်ပြီ။
အနုပါဒါနော၊ လောင်စာမရှိသော။
သိခီဝ၊ မီးကဲ့သို့။
နိဗ္ဗုတိံ၊ ငြိမ်းခြင်းသို့။
ပါပုဏိဿာမိ၊ ရောက်အံ့။
ဣမသ္မိံယေဝကပ္ပသ္မိံ၊ ဤဘဒ္ဒကမ္ဘာ၌သာလျှင်။
အဟံ၊ ငါသည်။
ယံဇီနံ၊ အကြင်မြတ်စွာဘုရားကို။
သန္ထဝိံ၊ ချီးမွမ်းပြီ။
တတော၊ ထိုအခါမှ။
ပဘုတိ၊ စ၍။
ဒုဂ္ဂတိံ၊ ဒုဂ္ဂတိဘဝကို။
နာဘိဇာနာမိ၊ မသိစဖူး။
ဣဒံဖလံ၊ ဤအကျိုးသည်။
ဗုဒ္ဓဝဏ္ဏဿ၊ ဘုရားကိုချီးမွမ်းခြင်း၏ ။
ဖလံ၊ အကျိုးတည်း။
မယှံ၊ ငါသည်။
ကိလေသာ၊ ကိလေသာတို့ကို။ (ပ) ။
အနာသဝေါ၊ အာသဝေါမရှိဘဲ။
ဝိဟရာမိ၊ နေရ၏ ။
မေ၊ ငါ၏။
အာဂတံ၊ လာခြင်းသည်။
ဝတ၊ စင်စစ်။
သွာဂတံ၊ ကောင်းသောလာခြင်းသည်။ (ပ) ။
သာသနံ၊ အဆုံးအမတော်ကို။
ကတံ၊ ပြုအပ်ပြီ။
စတဿော၊ လေးပါးကုန်သော။
ပဋိသမ္ဘိဒါစ၊ ပဋိသမ္ဘီဒါတို့ကိုလည်းကောင်း။ (ပ) ။
သာသနံ၊ အဆုံးအမတော်ကို။
ကတံ၊ ပြုအပ်ပြီ။
ဣတ္ထံ၊ ဤသို့လျှင်။
အာယသ္မာ၊ ရှည်သောသက်တော်ရှိသော။
သုဂန္ဓောထေရော၊ သုဂန္ဓမထေရ်သည်။
ဣမာဂါထာယော၊ ဤဂါထာတို့ကို။
အဘာသိတ္ထ၊ ရွတ်ဆိုတော်မူပြီ။
ဣတိဣမိနာနုက္ကမေန၊ ဤသို့သောသဒ္ဒါအစဉ်အနက်အစဉ်ဖြင့်။
သုဂန္ဓတ္ထေရဿ၊ သုဂန္ဓမထေရ်၏။
ဒသမံ၊ ဆယ်ခုမြောက်သော။
အပဒါနံ၊ အပဒါန်သည်။
သမတ္တံ၊ ပြီးပြီ။
တေပညာသမော၊ ငါးဆယ့်သုံးခုမြောက်သော။
တိဏဒါယကဝဂ္ဂေါ၊ တိဏဒါယကဝဂ်သည်။
နိဋ္ဌိတော၊ ပြီးပြီ။
ဥဒါနံ၊ ဥဒါန်းကား။
တိဏေဒေါ၊ တိဏဒါယကမထေရ်။
မဉ္စဒေါစေဝ၊ မဉ္စဒါယကမထေရ်။
သရဏံ၊ သရဏဂမနိယမထေရ်။
အဗ္ဘဉ္ဇနဒေါ၊ အဗ္ဘဉ္ဇနဒါယကမထေရ်။
သုပဋော၊ သုပဋဒါယကမထေရ်။
ဒဏ္ဍဒါယီစ၊ ဒဏ္ဍဒါယကမထေရ်။
နေလပူဇိတမေဝစ၊ ဂိရိနေလပုပ္ဖိယမထေရ်။
ဗောဓိသမ္မဇ္ဇကော၊ ဗောဓိသမ္မဇ္ဇကမထေရ်။
မဏ္ဍော၊ အာမဏ္ဍဖလဒါယကမထေရ်။
ဒသမော၊ ဆယ်ခုမြောက်သော။
သုဂန္ဓော၊ သုဂန္ဓမထေရ်။
ဧတ္ထ၊ ဤဝဂ်၌။
သဗ္ဗသော၊ ခပ်သိမ်းသောအပြားအားဖြင့်။
ဂဏိတာ၊ ရေတွက်အပ်ကုန်သော။
ဂါထာ၊ ဂါထာတို့သည်။
သတေဝီသံ၊ နှစ်ဆယ့်သုံးဂါထာနှင့်တကွ။
သတံ၊ တစ်ရာသည်။
ဟောတိ၊ ဖြစ်၏ ။