ဒွတ္တိံသာကာရ
ဣမသ္မိံကာယေ၊ ဤခန္ဓာကိုယ်၌။
ကေသာ၊ ဆံတို့သည်လည်းကောင်း။
လောမာ၊ အမွေးတို့သည်လည်းကောင်း။
နခါ၊ လက်သည်း ခြေသည်းတို့သည်လည်းကောင်း။
ဒန္တာ၊ သွားတို့သည်လည်းကောင်း။
တစော၊ အရေသည်လည်းကောင်း။
မံသံ၊ အသားသည်လည်းကောင်း။
နှာရု၊ အကြောသည်လည်းကောင်း။
အဋ္ဌိ၊ အရိုးသည်လည်းကောင်း။
အဋ္ဌိမိဉ္ဇံ၊ ရိုးတွင်းခြင်ဆီသည်လည်းကောင်း။
ဝက္ကံ၊ အညှို့သည်လည်းကောင်း။
ဟဒယံ၊ နှလုံးသည်လည်းကောင်း။
ယကနံ၊ အသည်းသည်လည်းကောင်း။
ကိလောမကံ၊ အမြှေးသည်လည်းကောင်း။
ပိဟကံ၊ အဖြင်းသည်လည်းကောင်း။
ပပ္ဖာသံ၊ အဆုတ်သည်လည်းကောင်း။
အန္တံ၊ အူမသည်လည်းကောင်း။
အန္တဂုဏံ၊ အူသိမ်သည်လည်းကောင်း။
ဥဒရိယံ၊ အစာသစ်သည်လည်းကောင်း။
ကရိသံ၊ အစာဟောင်းသည်လည်းကောင်း။
မတ္ထလုင်္ဂံ၊ ဦးနှောက်သည်လည်းကောင်း။
ပိတ္တံ၊ သည်းခြေသည်လည်းကောင်း။
သေမှံ၊ သလိပ်သည်လည်းကောင်း။
ပုဗ္ဗော၊ ပြည်သည်လည်းကောင်း။
လောဟိတံ၊ သွေးသည်လည်းကောင်း။
သေဒေါ၊ ချွေးသည်လည်းကောင်း။
မေဒေါ၊ အဆီခဲသည်လည်းကောင်း။
အဿု၊ မျက်ရေသည်လည်းကောင်း။
ဝသာ၊ ဆီကြည်သည်လည်းကောင်း။
ခေဠော၊ တထွေးသည်လည်းကောင်း။
သိင်္ဃာဏိကာ၊ နှပ်သည်လည်းကောင်း။
လသိကာ၊ အစေးသည်လည်းကောင်း။
မုတ္တံ၊ ကြင်ငယ်သည်လည်းကောင်း။
ဣတိ၊ ဤသို့။
ဒွတ္တိံသာကာရာ၊ သုံးဆယ့်နှစ်ပါးသော အချင်းအရာတို့သည်။
အတ္ထိသန္တိ၊ ရှိကုန်၏။ ။
ဒွတ္တိံသာကာရံ၊ ဒွတ္တိံသာကာရသည်။
နိဋ္ဌိတံ၊ ပြီးခြင်းသို့ရောက်ပြီ။ ။