ကုမာရပညာ
ဧကံနာမ၊ တစ်ခုမည်သည်ကား။
ကိံ၊ အဘယ်နည်း။
သဗ္ဗေ၊ သိမ်းကုန်သော။
သတ္တာ၊ သတ္တဝါတို့သည်။
အာဟာရဋ္ဌိကာ၊ အာဟာရလျှင်တည်ရာရှိကုန်၏။
ဒွေနာမ၊ နှစ်ခုတို့မည်သည်။
ကိံ၊ အဘယ်နည်း။
နာမဉ္စ၊ နာမ်၎င်း။
ရူပဉ္စ၊ ရုပ်၎င်းတည်း။
တီဏိနာမ၊ သုံးခုတို့မည်သည်။
ကိံ၊ အဘယ်နည်း။
တိဿော၊ သုံးပါကုန်သော။
ဝေဒနာ၊ ဝေဒနာတို့တည်း။
စတ္တာရိနာမ၊ လေးခုတို့မည်သည်။
ကိံ၊ အဘယ်နည်း။
စတ္တာရိ၊ လေးပါးကုန်သော။
အရိယသစ္စာနိ၊ အရိယသစ္စာတို့တည်း။
ပဉ္စနာမ၊ ငါးခုတို့မည်သည်။
ကိံ၊ အဘယ်နည်း။
ပဉ္စ၊ ငါးပါးကုန်သော။
ဥပါဒါနက္ခန္ဓာ၊ ဥပါဒါနက္ခန္ဓာတို့တည်း။
ဆနာမ၊ ခြောက်ခုတို့မည်သည်။
ကိံ၊ အဘယ်နည်း။
ဆ၊ ခြောက်ပါးကုန်သော။
အဇ္ဈတ္တိကာနိ၊ အတွင်း၌ရှိကုန်သော။
အာယတနာနိ၊ အာယတနတို့တည်း။
သတ္တနာမ၊ ခုနစ်ခုတို့မည်သည်။
ကိံ၊ အဘယ်နည်း။
သတ္တ၊ ခုနစ်ပါးကုန်သော။
ဗောဇ္ဈင်္ဂါ၊ ဗောဇ္ဈင်တို့တည်း။
အဋ္ဌနာမ၊ ရှစ်ခုတို့မည်သည်။
ကိံ၊ အဘယ်နည်း။
အရိယော၊ မြတ်သော။
အဋ္ဌင်္ဂိကော၊ အင်္ဂါရှစ်ပါးရှိသော။
မဂ္ဂေါ၊ မဂ်တည်း။
နဝနာမ၊ ကိုးခုတို့မည်သည်။
ကိံ၊ အဘယ်နည်း။
နဝ၊ ကိုးပါးကုန်သော။
သတ္တာဝါသာ၊ သတ္တဝါသတို့တည်း။
ဒသနာမ၊ ဆယ်ခုတို့မည်သည်။
ကိံ၊ အဘယ်နည်း။
ဒသဟိ၊ ဆယ်ပါးကုန်သော။
အင်္ဂေဟိ၊ အင်္ဂါတို့နှင့်။
သမ္ပန္နာဂတော၊ ပြည့်စုံသော။
အရဟာ၊ ရဟန္တာတည်း။
ဣတိ၊ ဤသို့။
ဝုစ္စတိ၊ ဆိုအပ်၏။ ။
ကုမာရပဉှာ၊ ကုမာရပဉှာတည်း။ ။