Issues
Select Version
ဝိနည်းငယ်လေးစောင်ပါဌ်
မြန်မာဘာသာ
玛欣德尊者
中文
Bhikkhupātimokkhapāḷi
Bhikkhupātimokkhapāḷi

Suddhapācittiyā

Author: ဝိနည်းငယ်လေးစောင်ပါဌ် @ sirīnanda

အသျှင်တို့ ဤ၉၁-ပါးသော ပါစိတ်ကုသိုလ်စိတ်ကို လျှောကျစေတတ်သောကြောင့် ပါစိတ်မည်၏။အာပတ်တို့သည် သရုပ်အားဖြင့် ပြဆိုအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏။
သိလျက် မဟုတ်မမှန်ကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂)
ထိခိုက်နာကျင်အောင် ပြောဆိုခြင်းကြောင့်ထိခိုက်နာကျင်အောင် ပြောဆိုခြင်း ဟူသည် အမျိုးဇာတ်,အမည်,အနွယ်,အလုပ်,အတတ်ပညာ,အနာရောဂါ,အသွင်ပုံသဏ္ဌာန်,ကိလေသာ,အာပတ်,ဆဲရေးခြင်းဟူသော အခြင်းအရာ ဆယ်ပါးတို့ဖြင့် ထိခိုက်နာကျင်အောင် ပြောဆိုခြင်း။ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၀)
ရဟန်းတို့အား ချောပစ် ကုန်းတိုက်သောစကားကို ပြောဆိုခြင်းကြောင့် ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၂၄)
အကြင်ရဟန်းသည် ရဟန်း မဟုတ်သူအားရဟန်း မဟုတ်သူ ဟူသည် ရဟန်း,ရဟန်းမကို ချန်ထား၍ ကြွင်းကျန်သူတို့တည်း။တရားကိုပုဒ်ပြိုင်ပို့ချပုဒ်ပြိုင်ပို့ချခြင်းဟူသည် တစ်ပြိုင်နက် ရွတ်ဆို၍ တစ်ပြိုင်နက် ပြီးဆုံးစေခြင်း၊အချီအချ ပြိုင်တူရွတ်ဆိုခြင်းတည်း။ငြားအံ့၊(ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၂၉)
အကြင်ရဟန်းသည် ရဟန်းမဟုတ်သူနှင့်ရဟန်းမဟုတ်သူ ဟူသည် ရဟန်းကို ချန်ထား၍ ကြွင်းကျန်သူတို့တည်း။နှစ်ညဉ့်သုံးညဉ့်ထက် အလွန် (တစ်မိုးတစ်ရံတည်းသော ကျောင်း၌) အတူတကွအိပ်ခြင်းကိုပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၃၂)
အကြင်ရဟန်းသည် မာတုဂါမနှင့် အတူအိပ်ခြင်းကို ပြုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၃၅)
အကြင်ရဟန်းသည် သိကြားလိမ္မာသူ လူယောကျာ်း မရှိဘဲ မာတုဂါမအား ငါးခွန်း, ခြောက်ခွန်းထက်အလွန် တရားဟောငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၃၉)
အကြင်ရဟန်းသည် ရဟန်းမဟုတ်သောသူအား လူတို့၏ကုသိုလ်ကမ္မပထတရား ဆယ်ပါးထက် လွန်မြတ်သော ဈာန်မဂ်ဖိုလ်တရားတို့ကိုပြောကြားငြားအံ့၊ ပြောတိုင်း ဟုတ်မှန်သော်(ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၄၃)
အကြင်ရဟန်းသည် ရဟန်း၏ ရုန့်ရင်းသော အာပတ်ကိုရုန့်ရင်းသော အာပတ် ဟူသည် ပါရာဇိကလေးပါး သံဃာဒိသိသ် တစ်ဆယ့်သုံးပါးတည်း။ရဟန်းတို့၏ သမ္မုတိမရဘဲ ရဟန်း မဟုတ်သူအား ပြောကြားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၅၂)
အကြင်ရဟန်းသည် မြေကို ကိုယ်တိုင်မူလည်း တူးငြားအံ့၊သူတစ်ပါးကိုမူလည်း တူးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၅၄)
ကြီးပွားပပြီးကြီးပွားဆဲဖြစ်သောမျိုးစေ့မျိုးစေ့ ဟူသည် အမြစ်မျိုးစေ့ ပင်စည်မျိုးစေ့၊ အဆစ်မျိုးစေ့၊ အညွန့်မျိုးစေ့၊ အစေ့မျိုးစေ့ ဟူသော အပင်ပေါက်နိုင်သော မျိုးစေ့ငါးမျိုးတည်း၊ ဤငါးမျိုးကိုဘုဉ်းပေး သုံးဆောင်လိုသောအခါ ရဟန်းတော်က"ကပ္ပိယံ ကရောဟိ"ဟု ဆို၍လူသာမဏေက "ကပ္ပိယံ ဘန္တေ"ဟု ဆိုလျက် မီးဖြင့်လည်းကောင်း၊ ဓားဖြင့်လည်းကောင်း၊ လက်သည်းဖြင့်လည်းကောင်း ထိုးခုတ် ဆိတ်ဖြင့်လည်းကောင်း ထိုးခုတ် ဆိတ်ဖြတ်လိုက်ရသည်၊ ယင်းသို့ ကပ္ပိစေပြီးမှ ဘုဉ်းပေး သုံးဆောင်ရသည်မြက်သစ်ပင် အပေါင်း ကို ခုတ်ဖြတ် ဖျက်ဆီးခြင်းကြောင့် ပါစိတ် အာပတ်သင့်၏။ (ဝိ မြန် ၂၊၅၇)
မေးသည်မှ တ်စပါးသောစကားကိုပြောဆိုခြင်း၊ ဆိတ် ဆိတ်နေခြင်းဖြင့်သံဃာကိုညှဉ်းဆဲခြင်းကြောင့်ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၆၁)
ကဲ့ရဲ့ခြင်း, ရှုတ်ချပြောဆိုခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၆၃)
အကြင်ရဟန်းသည် သံဃာ၏ဥစ္စာ (သံဃိက)ဖြစ်သောညောင်စောင်းခုတင်ကိုသော်လည်းကောင်း၊အင်းပျဉ်ခုံရှည်ကိုသော်လည်းကောင်း၊ ဘုံလျှိုဖုံကိုသော်လည်းကောင်း၊ ဖျာအခင်းကိုသော်လည်းကောင်း၊လွင်တီးခေါင်၌ (ကိုယ်တိုင်)ခင်း၍လည်းကောင်း၊ (သူတစ်ပါး ကို)ခင်းစေ၍လည်းကောင်း ဖဲသွားသော် ထိုသံဃိကညောင်စောင်းအင်းပျဉ် စသည်ကို ကိုယ်တိုင်မူ၍လည်း မသိမ်းငြားအံ့၊ သူတစ်ပါးကိုမူလည်း မသိမ်းစေငြားအံ့၊ မပန်ကြားမူ၍လည်း ဖဲသွားငြားအံ့၊ (ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၆၅)
အကြင်ရဟန်းသည် သံဃိကကျောင်း၌ အိပ်ရာနေရာကို ခင်း၍လည်းကောင်း၊ ခင်းစေ၍သော်လည်းကောင်း ဖဲသွားသော် ထိုအိပ်ရာနေရာကို ကိုယ်တိုင်မူလည်း မသိမ်းငြားအံ့၊ သူတစ်ပါးကိုမူလည်းမသိမ်းစေးငြားအံ့၊ မပန်ကြားမူ၍သော်လည်း ဖဲသွားငြားအံ့၊ (ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၆၈)
အကြင်ရဟန်းသည် သံဃိကကျောင်း၌ရှေးဦးနေလင့်သော ရဟန်းကို သိလျက် တိုးဝှေ့၍ အကြင်ရဟန်းအား ကျဉ်းမြောင်းကျပ်တည်းလတ္တံ့၊ ထိုရဟန်းသည် ဖဲသွားလတ္တံ့ဟု ဖဲသွားစေလိုခြင်းကိုသာ အကြောင်းပြု၍ အကြောင်းတစ်ပါးမရှိဘဲ အိပ်ခြင်းကို ပြုခြင်းကိုသာ အကြောင်းပြု၍ အကြောင်းတစ်ပါးမရှိဘဲ အိပ်ခြင်းကို ပြုငြားအံံ၊ (ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၇၀)
အကြင်ရဟန်းသည် (တစ်ပါးသော)ရဟန်းကို အမျက်ထွက်ကာ နှလုံးမသာသဖြင့် သံဃိကကျောင်းမှ ကိုယ်တိုင် နှင်ထုတ်ငြားအံ့၏၊သူတစ်ပါးကိုမူလည်း နှင်ထုတ်စေငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၇၃)
အကြင်ရဟန်းသည် သံဃိကကျောင်းဝယ် အထက်ဆင့်တွင် ပျဉ်မခင်း၍ ဟင်းလင်းအပြင်ရှိသော ကုဋ္ဍိ၌ အပေါင်တွင် အခြေတပ်သော ညောင်စောင်းကိုသော်လည်းကောင်း၊ အင်းပျဉ်ကိုသော်လည်းကောင်း ဖိ၍မူလည်း ထိုင်ငြားအံ့၊ဖိငမူလည်း အိပ်ငြားအံ့၊ (ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၇၅)
ကြီးသောကျောင်းကို ဆောက်လုပ်စေလိုသော ရဟန်းသည်တံခါးအိမ်တိုင်အောင် တံခါရွက်ကို ထားခြင်းငှာလည်းကောင်း ၊ တံခါးပေါင်နှင့် တံခါးရွက်ကို မတုန်လှုပ်စေခြင်းငှာလည်းကောင်း၊ လေသာတံခါးရွက်ကို အပြေအပြစ်ပြုခြင်းငှာလည်းကောင်း အထပ်ထပ် လိမ်းကျံအပ်၏၊ အထပ်ထပ်လိမ်းကျံစေအပ်၏၊ အမိုးနှစ်ထပ်, သုံးထပ်မိုးခြင်းကိုစိမ်းသော ကောက်ပဲမရှိရာ အရာ၌ရပ်၍ စီရင်အပ်၏၊ ထိုမှစ်ထပ်, သုံးထပ် မိုးခြင်းထက် ပိုလွန်၍ စိမ်းသော ကောက်ပဲမရှိရာ အရပ်၌လည်းရပ်လျက် စီရင်ငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၇၇)
အကြင်ရဟန်းသည် သိလျက် ပိုးရှိသောရေကို မြက်၌သော်လည်းကောင်း၊ မြေ၌သော်လည်းကောင်း ကိုယ်တိုင်မူလည်း သွန်းလောင်းငြားအံ့၊ သူတစ်ပါးကိုမူလည်း သွန်းလောင်းစေငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၇၉)
အကြင်ရဟန်းသည် သမ္မုတိမရဘဲ ရဟန်းမတို့ကို ဆုံးမငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၈၂)
သမ္မုတိရသောရဟန်းသည်လည်း နေဝင်သည်တိုင်အောင်ရဟန်းမတို့ကို အကယ်၍ ဆုံးမငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၈၉)
အကြင်ရဟန်းသည် အခါသမယမှတစ်ပါး ရဟန်းမတို့ကျောင်းသို့ ချဉ်းကပ်လျက် ရဟန်းမတို့ကိုဆုံးမငြားအံ့၊ ထိုရဟန်းအားပါစိတ်အာပတ်သင့်၏၊ ထိုရဟန်းမတို့ကျောင်းသို့ သွား၍ ဆုံးမရာ၌ဤဆိုလတ္တံ့သည်ကား အခါသမယတည်း၊ ရဟန်းမသည်ဖျားနာ၏၊ ဤကားထိုရဟန်းမတို့ ကျောင်းသို့ သွား၍ ဆုံးမရာ၌ အခါသမယတည်း။ (ဝိ မြန် ၂၊၉၁)
အကြင်ရဟန်းသည် (သင်္ကန်းစသော) အာမိသ ဟူသော အကြောင်းကြော့ မထေရ်ကြီးဖြစ်ကုန်သောရဟန်းတို့သည် ရဟန်းမ တို့ကို ဆုံးမကုန်၏ဟု ဆိုငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၉၃)
အကြင်ရဟန်သည် ဆွေမျိုး မ‌တော်စပ်သော ရဟန်းမအား လဲလှယ်ခြင်းမှတစ်ပါး သင်္ကန်းကို ပေးငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၉၆)
အကြင်ရဟန်သည် ဆွေမျိုး မ‌တော်စပ်သော ရဟန်းမ၏ သင်္ကန်းကို ကိုယ်တိုင်မူလည်း ချုပ်ငြားအံ့၊ သူတစ်ပါးကိုမူလည်းချုပ်စေငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၉၈)
အကြင်ရဟန်သည် ရဟန်းမနှင့်အတူ တိုင်ပင်ညီညွတ်၍ (သွားသင့်သော) အခါသမယမှတစ်ပါး တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးအဓွန့်ရှည်သောခရီး ဟူသည် ခရီးရှည် ခရီးဝေး သွားခြင်းတည်း။သို့သွားငြားအံ့၊ အယုတ်ဆုံးအားဖြင့် ရွာတစ်ပါးသို့မူလည်းသွားငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏၊ ထိုတိုင်ပင်၍ သွားရာ၌ ဤဆိုလတ္တံ့သည်ကား အခါသမယတည်း၊ လမ်းခရီးသည်အဖော်ကုန်သည်နှင့်အတူ သွားအပ်၏၊ ရွံရှာ (ဘုံမှားတွေးတော) ဖွယ်ရှိ၏ဟု သမုတ်အပ်၏၊ ဘေးဘျမ်းနှင့်တကွ ဖြစ်၏၊ (ဘေးရန်အန္တရာယ်ရှိ၏)။ ဤကား ထိုတိုင်ပင်၍ သွားရာ၌ အခါသမယတည်း။ (ဝိ မြန် ၂၊၁၀၀)
အကြင်ရဟန်သည် ရဟန်းမနှင့်အတူ တိုင်ပင်ညီညွတ်၍ ကန့်လန့်ဖြတ် ကူးခြင်းမှတစ်ပါး အထက်သို့ ဆန်တက်သည်လည်း ဖြစ်သော,အောက်သို့ စုန်ဆင်းသည်လည်းဖြစ်သော တစ်စင်းတည်းသော လှေကျု စီးငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၀၃)
အကြင်ရဟန်သည် (ရဟန်းမ စီရင်သည်မှ) ရှေး၌ လူတို့စီရင်အပ်သော ဆွမ်းမှတစ်ပါး ရဟန်းမ စီရင်အပ်သော ဆွမ်းကိုသိလျက် သုံးဆောင်ငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၀၆)
အကြင်ရဟန်သည် ရဟန်းမနှင့်အတူ တစ်ယောက်ချင်းချင်းဆိတ်ကွယ်ရာအရပ်၌ နေထိုင်ခြင်းကို ပြုငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၁၈)
မနာမဖျားသော ရဟန်းသည် ဧည့်သည်တို့တည်းခိုရန်ဇရပ်၌ ဝတ်တည်ထားသောဆွမ်းကို တစ်ကြိမ်သာလျှင် သုံးဆောင်အပ်၏၊ ထိုတစ်ကြိမ်ထက်အလွန် အကယ်၍ သုံးဆောင်ငြားအံ့၊(ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၁၁)
အခါသမယမှတစ်ပါး ဂဏဘောဇဉ်ကိုဂဏဘောဇဉ် ဟူသည် လူတို့က မအပ်သောနည်းဖြင့် ပင့်ဖိတ်၍ လေးပါး,လေးပါးထက် အလွန်ဖြစ်သော ရဟန်းတို့ တပေါင်းတည်း ရအပ်သောဆွမ်း၊မအပ်သောနည်းဖြင့် တောင်း၍ ရအပ်သောဆွမ်းတည်း။သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏၊ ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အခါသအယတည်း၊ နာဖျားသောအခါ၊သင်္ကန်းလှူသောအခါ၊ သင်္ကန်းချုပ်သောအခါ၊ အဓွန့်ရှည်သောခရီးသို့သွား‌သောအခါ၊ လှေစီးသောအခါ၊ ဤကား ထိုဂဏဘောဇဉ်ကိုသုံးဆောင်ရာ၌ဤ အခါသမယတည်း။ (ဝိ မြန် ၂၊၁၁၉)
အခါသမယမှတစ်ပါး ဂဏဘောဇဉ်ကိုပရမ္ပရဘောဇဉ် ဟူသည် မအပ်သောနည်းဖြင့် ရှေးရှေး ပင့်ဖိတ်သော ဘောဇဉ်မှ တစ်ပါး နောက်နောက် ပင့်ဖိတ်သော ဘောဇဉ်တည်း။ဘောဇဉ် ဟူသည် ထင်း,မုယောမုန့်,မုန့်လုံး,ငါး,အသား ဟင်းလျာ ဟူ၍ ငါးမျိုးတည်းစားခြင်းကြောင့်ပါစိတ်အာပတ်သင့်၏၊ ထိုပရမ္ပရဘောဇဉ်ကို စားရာ၌ ဤဆိုလတ္တံ့သည်ကား အခါသမယတည်း၊ နာဖျားသောအခါ၊ သင်္ကနါးလှူသောအခါ၊သင်္ကန်းချုပ်သောအခါ၊ ဤကား ထိုပရမ္ပရဘောဇဉ် ကို စားရာ၌အခါသမယတည်း။ (ဝိ မြန်၂၊၁၂၀)
အမျိုးအိမ်သို့ ကပ်သော ရဟန်းကိုသာလျှင် မုန့်ကြော်မုန့်ရှက်တို့ဖြင့်လည်းကောင်း၊ မုန့်ကြွက်ကျစ် (မုန့်ဆုပ်,နှမ်း, ဆန်စသည်)တို့ဖြင့်လည်းကောင်း ခံယူခြင်းငှာ ပင့်ဖိတ်ငြားအံ့၊ အလိုရှိသောရဟန်းသည် နှစ်သပိတ်,သုံးသပိတ်ပြည့်အောင် မုန့်တို့ကို ခံယူအပ်ကုန်၏။ ထိုနှစ်သပိတ်,သုံးသပိတ်ထက် အလွန် အကယ်၍ ခံယူငြားအံ့၊ (ထိုရဟန်းအား)ပါစိတ်အာပတ်သင့်၏၊ နှစ်သပိတ်,သုံးသပိတ်ပြည့်အောင် မုန့်တို့ကို ခံယူပြီး၍ ထိုခံယူရာအရပ်မှ ဆောင်ပြီးလျှင်ရဟန်းတို့နှင့်အတူ ခွဲဝေသုံးဆောင်အပ်၏၊ ဤသို့ ခွဲဝေသုံးဆောင်ခြင်းသည် ထိုနှစ်သပိတ်,သုံးသပိတ်ပြည့်အောင် မုန့်ကို ခံယူရာ၌ ကျင့်ဝတ်တည်း။ (ဝိ မြန် ၂၊၁၂၃)
အကြင်ရဟန်းသည် ဆွမ်းစားစဉ် "တော်ပြီတန်ပြီ"ဟု တားမြစ်ပြီး၍ အတိရိက်ဝိနည်းကံဆွမ်းစားနေစဉ် တန်ပြီဟု တားမြစ်မိသော ရဟန်းသည် နောက်ထပ် စားလိုလျှင် အတိရိကဝိနည်းကံ ပြု၍ စားရမည်၊ အတိရိက်ဝိနည်းကံပြုပုံကား-နောက်ထပ်စားလိုသော ခဲဖွယ်ဘောဇဉ်ကို ရဟန်းတစ်ပါးထံယူသွား၍ အတိရိက် (အကြွင်းအကျန်) ပြုလုပ်ပေးတော်မူပါဟု လျှောက်ရသည်။ ထိုရဟန်းက အနည်းငယ်စားပြီးမှ ဤအလုံးစုံကို ငါ တော်ပြီဟု ဆို၍ ပြန်ပေးရသည်၊ ထိုခဲဖွယ်ဘောဇဉ်သည် အတိရိက် ဝိနည်းကံ ပြုပြီးသော ခဲဖွယ်ဘောဇဉ် မည်၏၊ လူမမာတို့ စားကြွင်းကိုကား အတိရိက်ဝိနည်းကံ ပြုဖွယ် မလို။မြုဘဲ ခဲဖွယ်ကိုသော်လည်းကောင်းခဲဖွယ် ဟူသည် ဘောဇဉ်ငါးပါး ဟူသော ယာဝဏာလိက, တစ်အရုဏ်အတွင်းသုံးဆောင်ကောင်းသည့် အဖျော် ရှစ်ပါးဟူသော ယာမကာလိက, အကပ်ခံပြီ ခုနစ်ရက်အတွင်း၌သုံးဆောင်ကောင်းသည့် ထောပတ်, ပျားရည် စသော သတ္တာဟကာလိက, အကပ်ခံပြီးလျှင် မကုန်မချင်း သုံးဆောင်ကောင်းသည့် ဆေးဟူသော ယာဝဇီဝက များမှ ကြွင််းကျန်သော စားဖွယ် အာဟာရတည်း။ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်းစားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၂၆)
အကြင်ရဟန်းသည် ဆွမ်းစားစဉ် "တန်ပြီ"ဟု တားမြစ်မိ (ပဝါရိတ်သင့်)သော ရဟန်းကို အတိရိက်ဝိနည်းကံ မပြုသော ခွဲဖွယ်ဖြင့်သော်လည်းကောင်း၊ ဘောဇဉ်ဖြင့်သော်လည်းကောင်း ဆောင်ယူခဲ့၍"ရဟန်း ခဲမူလည်း ခဲ‌လော့"ဟု (ပဝါရိတ်သင့်မှန်း)သိလျက် အရှိန်အစော်မဲ့ ဂုဏ်သတင်း ပျက်စေခြင်းကို အလိုရှိသည်ဖြစ်၍ ဖိတ်ငြားအံ့၊ စားသည်ရှိသော် (ထိုဖိတ်သော ရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၂၉)
အကြင်ရဟန်းသည် မွန်းလွဲသောအခါ၌ ခဲဖွယ်ကိုသော်လည်းကောင်း၊ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၃၁)
အကြင်ရဟန်းသည် သိုမှီးသိမ်းဆည်းခြင်းကို ပြု၍ ခဲဖွယ်ကို သော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၃၁)
အကြင်မွန်မြတ်သော ဘောဇဉ်တို့သည် ရှိကုန်၏၊ ထိုမွန်မြတ်သော ဘောဇဉ်တို့ဟူသည်အဘယ်တို့နည်း၊ ထောပတ်,ဆီဥ,ဆီ,ပျားရည်,တင်လဲ,ငါး,အသား,ဟင်းလျာ,နို့ရည်နို့ဓမ်း (ဤသည်တို့ ပင်တည်း)၊အကြင်ရဟန်းသည် ဤသို့သဘောရှိ‌သော မွန်မြတ်သော ဘောဇဉ်တို့ကို မနာဖျားဘဲ မိမိ၏ အကျိုးငှာ တောင်း၍ စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၃၅)
အကြင်ရဟန်းသည် ရေနှင့် ဒန်ပူမှတစ်ပါး မပေးအပ်(အကပ်မခံရသေး)သောအကပ်မြောက်ခြင်း အင်္ဂါငါးပါး၊ (၁)ကပ်မည်ဟု ရေူးရှုယူဆောင်လာခြင်း၊ (၂) နှစ်တောင့်ထွာ ဟတ္ထပါသ်အတွင်းသို့ ရောက်ခြင်း၊ (၃) အားအလတ်တန်းစားရှိသော ပုဂ္ဂိုလ် ချီမ,နိုင်ခြင်း၊ (၄) ကိုယ်ဖြင့်သော်လည်းကောင်း၊ ကိုယ်နှင့် တစ်စပ်တည်းဖြစ်သော ဝတ္ထုဖြင့်သော်လည်းကောင်း၊ ပစ်လွှင့်၍သော်လည်းကောင်း ကပ်ခြင်း။ (၅) ကိုယ်ဖြင့်သော်လည်းကောင်း၊ ကိုယ်နှင့်တစ်စပ်တည်းဖြစ်သော ဝတ္ထုဖြင့်သော်လည်းကောင်း အကပ်ခံခြင်းတည်း။ အကပ်ပျက်ခြင်း၊ အင်္ဂါခြောက်ပါး၊ (၁) အာလယပြတ် စွန့်လိုက်ခြင်း၊ (၂) သိက္ခာချခြင်း၊ (၅) သေခြင်း၊ (၆) လိင်ပြန်ခြင်း။အာဟာရကို ခံတွင်းဝသို့ ဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၃၇)
အကြင်ရဟန်းသည် တက္ကတွန်းအားလည်းကောင်းတက္ကတွန်း ဟူသည် အဝတ်မဆည်း အချည်းနှီး ကျင့်သောသူတည်း။၊ ပရိဗိုဇ် ယောကျာ်းအားလည်းကောင်းပရိဗိုဇ် ဟူသည် ရဟန်း,ရဟန်းမ,သာမ‌ဏေ,သာမဏေမ, သိက္ခမာန်မဟူသော သီတင်းသုံးဖော် ငါးယောက်မှတစ်ပါး ဖန်ရည်စွန်းသော အဝတ်ကိုဝတ်၍ တိတ္ထိအယူကို ယူသူအားလုံးတည်း။ပရိဗိုဇ်မအားလည်းကောင်း(ကိုယ်တိုင်) ခဲဖွယ်ကိုသော်လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ပေးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၄၀)
အကြင်ရဟန်းသည် ရဟန်းအား ငါ့သျှင် လာလော့၊ ရွာသို့ သော်လည်းကောင်း၊ နိဂုံးသို့ သော်လည်းကောင်း ဆွမ်းအလို့ငှာ ဝင်ကုန်အံ့ဟု (ဆို၍)ထိုရဟန်းအား အာမိသကို ပေးစေ၍သော်လည်းကောင်း၊မပေးစေမူ၍သော်လည်းကောင်း"ငါ့အား သင်နှင့်အတူစကားပြောရခြင်းသည်လည်းကောင်း၊ နေထိုင်ရခြင်းသည်လည်းကောင်းမချမ်းသော၊ တစ်ယောက်တည်းသော ငါ့အား စကားပြောရခြင်းသည်လည်းကောင်း၊ နေထိုင်ရခြင်းသည်လည်းကောင်း ချမ်းသာ၏" ဟု ထိုအကြောင်းကိုသာလျှင် အကြောင်းတစ်ပါးမရှိဘဲ လွှတ်လိုက်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၄၂)
အကြင်ရဟန်းသည် လင်မယားနှစ်ယောက်သာရှိသောအိမ်၌ အိပ်ခန်းတွင်းသို့ ဝင်၍ ထိုင်နေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၄၄)
အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ (မျက်စိ) ဆိတ်ကွယ်ရာ (နံရံစသည်) ဖုံးလွှမ်းသောနေရာ၌ ထိုင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၄၆)
အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ တစ်ယောက်ချင်းချင်း (နား) ဆိတ်ကွယ်ရာအရပ်၌ထိုင်နေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၄၇)
အကြင်ရဟန်းသည် ပင့်ဖိတ်ထားသော ဆွမ်းစားရှိပါလျက်ထင်ရှားရှိသော ရဟန်းကို မပန်ကြားမူ၍ ဆွမ်းမစားမီ ရှေးအဖို့၌သော်လည်းကောင်း၊ ဆွမ်းစားပြီးသည့်နောက်၌သော်လည်းကောင်း (အခြား) ဒါယကာအိမ်တို့သို့ အခါသမယမှတစ်ပါး လှည့်လည်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ ထိုအိမ်မှ တစ်ပါးသို့ သွားရာ၌ ဤဆိုလတ္တံ့သည်ကား အခါသမယတည်း၊ သင်္ကန်လှူသောအခါ၊ သင်္ကန်းချုပ်သောအခါ ဤကား ထိုအိမ်မှသွားရာ၌ အခါသမယတည်း။ (ဝိ မြန် ၂၊၁၅၁)
မနာ မဖျားသော ရဟန်းသည် နောက်ထပ် ဖိတ်ကြားခြင်းနှင့် အမြဲ ဖိတ်ကြားခြင်းမှတစ်ပါး လေးလတို့ပတ်လုံး ဆေးဖြင့်ဖိတ်ကြားခြင်းကို လက်ခံ (သာယာ) အပ်၏၊ ထိုလေးလထက်အလွန်သာယာငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၅၅)
အကြင်ရဟန်းသည် ထိုသို့ သဘောရှိသော (သွားသင့်သော)အကြောင်းကို ကြဉ်၍ ချီတက်သော စစ်တပ်ကို ကြည့်ရှုခြင်းငှာသွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၅၈)
ထိုရဟန်းအား စစ်တပ်သို့သွားခြင်းငှာ အကြောင်း တစ်စုံတစ်ရာ ရှိငြားအံ့၊ ထိုရဟန်းသည် နှစ်ညဉ့်တို့ပတ်လုံး စစ်တပ်၌နေအပ်၏၊ ထို နှစ်ညဉ့်,သုံးညဉ့်ထက် အလွန် နေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၆၀)
နှစ်ညဉ့်,သုံးညဉ့်ပတ်လုံး စစ်တပ်၌နေသောရဟန်းသည်စစ်တိုက်ရာသို့လည်းကောင်း၊ စစ်သည်ကို ရေတွက်စစ်ဆေးရာသို့လည်းကောင်း၊ စစ်ဆင်ရာသို့လည်းကောင်း၊ စစ်ရေးပြရာသို့လည်းကောင်း သွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၁၆၁)
သေအရက်ကို သောက်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၆၄)
လက်ချောင်းဖြင့် ကလိထိုးခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၆၅)
ရေ၌ မြူးထူးပျော်ပါး ကစားခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၆၉)
(ပုဂ္ဂလဓမ္မကို)မရိုသေခြင်းကြောင့်ဝိနည်းသိက္ခာပုဒ်ဖြင့် ဆုံးမ ပြောဆိုသော ရဟန်းကို မလေးစားခြင်းသည် ပုဂ္ဂလကို မရိုသေသည် မည်၏၊ ထိုရဟန်း ဆုံးမ ပြောဆိုသော ဝိနည်းသိက္ခာပုဒ်ကို မလေးစား မလိုက်နာခြင်းသည် ဓမ္မကို မရိုသေသည် မည်၏။ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၆၉)
အကြင်ရဟန်းသည် ရဟန်းကို ခြောက်လှန့်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၇၀)
အကြင်ရဟန်းသည် မနာမဖျားဘဲ (ဆီမီးထွန်းခြင်း စသော) အကြောင်းမှတစ်ပါး မီးလှုံလို၍ မီးကို ကိုယ်တိုင်မူလည်း မွှေးငြားအံ့၊ သူတစ်ပါးကိုမူလည်း မွှေးစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၇၂)
အကြင်ရဟန်းသည် အခါသမယမှတစ်ပါး လဝတ် (တစ်ဆယ့်ငါးရက်)အတွင်း၌ ရေချိုးငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ ထိုရေချိုးရာ၌ ဤဆိုလတ္တံ့ သည်ကား အခါသမယတည်းနယုန်လဆန်း တစ်ရက်နေ့မှ ဝါဆိုလပြည့်နေ့အထိ တစ်လခွဲသည် နွေလတို့၏ ကြွင်းကျန်သော တစ်လခွဲ မည်၏၊ ဝါဆိုလပြည့်ကျော် တစ်ရက်နေ့မှ ဝါခေါင်လပြည့်နေ့အထိ တစ်လသည် မိုးဦးတု၏ ပဌမ တစ်လမည်၏၊ ဤသိက္ခာပုဒ်သည် ပဒေသသိက္ခာပုဒ်ဖြစ်၍ မဇ္ဈိမဒေသအတွက်သာ မညတ်ခြင်းဖြစ်သည်၊ မြန်မာနိုင်ငံ စသော ပစ္စန္တရစ်များ၌မူ အလိုရှိသောအခါတိုင်း ရေချိုးနိုင်သည်။၊ နွေလတို့၏ ကြွင်းသော တစ်လခွဲ၊ မိုးဥတု၏ ပဌမ တစ်လ၊ ထိုနှစ်လခွဲတည်းဟူသော ပူသောအခါ၊အိုက်သောအခါ၊ နာဖျားသောအခါ၊ အလုပ်လုပ်သောအခါ၊ ခရီးရှည်သွားသောအခါ၊ လေပြင်းထ၍မိုးကျသောအခါ၊ ဤကားထိုရေချိုးရာ၌ အခါသမယတည်း။ (ဝိ မြန် ၂၊ ၁၇၆)
သင်္ကန်းအသစ်ကို ရသော ရဟန်းသည် ညိုသောအဆင်းကိုသော်လည်းကောင်း၊ညွန်အဆင်းကိုသော်လည်းကောင်း၊ မည်းနက်သောအဆင်းကိုသော်လည်းကောင်း (ဤ) အဆင်းပျက်အောင် ပြုခြင်းသုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက်အောင် ပြုခြင်းကို ယူအပ်၏ဤသိက္ခာပုဒ်အရ သင်္ကန်းသစ်ကို သုံးဆောင်မည်ပြုသောအခါ အဆင်းပျက်စေရန်သင်္ကန်း အစွန်းအနား၌ ဥဒေါင်းမျက်ကွင်းပမာဏ၊ ကြမ်းပိုး ကျောကုန်းပမာဏမျှ စိမ်းညိုသောအဆင်း၊ ညွန်ပျောင်းအဆင်း၊ မည်းနက်သော အဆင်တို့တွင်တစ်ခုခုဖြင့် ကပ္ပဗိန္ဓုထိုး၍ ဆောင်ရမည်။အကယ်၍ ရဟန်းသည် အဆင်းပျက်အောင် ပြုခြင်း သုံးမျိုးတို့တွင် တစ်ခုခုသော အဆင်းပျက်အောင် ပြုခြင်းကို မယူမူ၍ သင်၍ကန်းအသစ်ကိုဝတ်ရုံ သုံးဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၇၈)
အကြင်ရဟန်းသည် ရဟန်းအားလည်းကောင်း၊ ရဟန်းမအားလည်းကောင်း၊ သိက္ခာမာန်အားလည်းကောင်း၊ သာမဏေအားလည်းကောင်း၊ သာမဏေမအားလည်းကောင်း သင်္ကန်းကို ကိုယ်တိုင် ဝိကပ္ပနာပြုပြီး၍ဝိကပ္ပနာပြု ဟူသည် မိမိဥစွာအဖြစ်မှ ကင်းအောင်ပြုခြင်းတည်း၊ ဝိကပ္ပနာပြုလိုသော ရဟန်းသည် ပြုလိုသော သင်္ကန်းကို ယူ၍ ရဟန်းတစ်ပါးထံ သွားပြီးလျှင်"ဣမံ စီဝရံ တုယှံ ဝိကပ္ပေမိ=ဤသင်္ကန်းကို အသျှင့်အား ဝိကပ္ပနာပြုပါ၏"ဟုဆို၍ ပေးရသည်၊ ဤမျှဖြင့် သင်္ကန်းကို သိမ်းဆည်းရုံသာ သိမ်းဆည်းကောင်းသည်၊မသုံးဆောငကောင်းသေး။ပစ္စုဒ္ဓိုရ်ပစ္စုဒ္ဓိုရ်ပြုပုံ ကား လက်ခံသော ရဟန်းက "မယှံ သန္တကံ ပရိဘုဉ္စ ဝါ ဝိဿဇ္ဇေဟိ ဝါ ယထာပစ္စယံ ဝါ ကရောဟိ=ငါ၏ဥစ္စာဖြစ်သော ဤသင်္ကန်းကို သုံးဆောင်လိုမူလည်းပြုလော"ဟု ပစ္စုဒ္ဓိုရါ ပြုရမည်၊ ထိုအခါမှသာ ဝတ်ရုံသုံးဆောင်ကောင်းတော့သည်။မပြုဘဲ သုံးဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၈၀)
အကြင်ရဟန်းသည် အယုတ်သဖြင့် ရယ်မြူးလိုသည်ဖြစ်၍လည်း ရဟန်း၏ သပိတ်ကိုသော်လည်းကောင်း၊ သင်္ကန်းကိုသော်လည်းကောင်း၊ နိသီဒိုင်အခင်းကိုသော်လည်းကောင်း၊ အပ်ကျည်(အပ်ဘူး)ကိုသော်လည်းကောင်း၊ ခါးပန်းကြိုးကိုသော်လည်းကောင်း ကိုယ်တိုင်မူလည်း ဝှက်ထားငြားအံ့၊ သူတစ်ပါးကိုလည်း ဝှက်ထားစေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၈၂)
အကြင်ရဟန်းသည် သေစေလိုသော စေတနာရှိသည် ဖြစ်၍ သတ္တဝါကို သတ်ဖြတ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၈၄)
အကြင်ရဟန်းသည် သိလျက် ပိုးရှိသော ရေကို သုံးဆောင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၈၅)
အကြင်ရဟန်းသည် သိလျက် တရားအားလျော်စွာ ငြိမ်းလေပြီးသော အဓိကရုဏ်းကိုအဓိကရုဏ်း ဟူသည် (က) ဓမ္မ,အဓမ္မဟု ငြင်းခုံခြင်းဟူသော ဝိဝါဒါဓိကရုဏ်း (ခ) သီလဖြင့်သော်လည်းကောင်း၊ အကျင့်ဖြင့် သော်လည်းကောင်း စွပ်စွဲခြင်းဟူသော အနုဝါဒါ ဓိကရုဏ်း၊ (ဂ) အာပတ် ခုနစ်ဖုံ ဟူသော အာပတ္တာဓိကရုဏ်း၊ (ဃ) အပလောက နကံ,ဉတ္တိ ဒုတိယကံ,ဉတ္တိစတုတ္ထကံ ဟူသော ကိစ္စာဓိကရုဏ်း၊ ဤလေးမျိုးတည်း။တစ်ဖန် ကံဖြင့် ဖြစ်ခြင်းငှာ လှုံ့ဆော်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၈၆)
အကြင်ရဟန်းသည် သိလျက် ရဟန်း၏ ရုန့်ရင်းသော (သံဃာဒိသိသ်) အာပတ်ကို ဖုံးလွှမ်းငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၈၆)
အကြင်ရဟန်းသည် သိလျက်နှင့် အသက်နှစ်ဆယ် မပြည့်သေးသော ပုဂ္ဂိုလ်ကို ပဉ္စင်းခံပေးငြားအံ့၊ ထို (အသက်နှစ်ဆယ်မပြည့်သေးသော) ပုဂ္ဂိုလ်သည် လည်း ရဟန်းမဖြစ်၊ ထို (ပဉ္စင်းခံပေးသောရဟန်းတို့ကိုလည်း ကဲ့ရဲ့ထိုက်ကုန်၏ကဲ့ရဲ့ထိုက်ကုန်၏ ဟူသည် ဉပဇ္ဈာယ်မှတစ်ပါး ရဟန်းခံပေးသော ကာရကသံဃာအား ဒုက္ကဋ်အာပတ် သင့်၏ ဟူလို။၊ ထိုဥဇ္ဈာယ်ပြု၍ ပဉ္စင်းခံပေးသောရဟန်းအား ဤ ပါစိတ်အာပတ် သင့်၏။(ဝိ မြန် ၂၊၁၉၁)
အကြင်ရဟန်းသည် သိလျက် ခိုးသူကုန်သည်နှင့်ခိုးသူကုန်သည် ဟူသည် ဆိုင်ရာ အကောက်ဌာန၌ အခွန်အကောက်ကို မပေးလိုသဖြင့် ရှောင်လွှဲသွားမည့် ကုန်သည်ကို ဆိုလိုသည်။အတူတိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားငြားအံံ့ အယုတ်သဖြင့် ရွာတစ်ပါးသို့သော်လည်းသွားငြားအံံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၉၃)
အကြင်ရဟန်းသည် မာတုဂါမနှင့်အတူ တိုင်ပင်၍ တစ်ကြောင်းတည်း အဓွန့်ရှည်သော ခရီးသို့ သွားငြားအံ့၊ အယုတ်သဖြင့်ရွာတစ်ပါးသို့သော်လည်းသွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၉၅)
အကြင်ရဟန်းသည် "(ဈာန်မဂ်ဖိုလ်၏)အန္တရာယ်ကိုပြုတတ်ကုန်၏ ဟု မြတ်စွာဘုရား ဟောသော တရားတို့ကို ဟောထားတော်မူသည့်အတိုင်း ငါ သိ၏၊ ထိုတရားကို မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှာ မစွမ်းနိုင်"ဟု ပြောဆိုငြားအံ့၊ ထိုရဟန်းကို အခြားသော ရဟန်းတို့က "အသျှင်သည် ဤသို့ မဆိုပါလင့်၊မြတ်စွာဘုရားကို ဤသို့ မစွပ်စွဲပါလင့်၊မြတ်စွာဘုရားအား စွပ်စွဲခြင်းသည်မကောင်းချေ၊ မြတ်စွာဘုရားသည်ကား ဤသို့ ဟောတော်မမူခဲ့ရာ၊ငါ့သျှင် (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ကိုများစွာသောအကြောင်းဖြင့်(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သောတရားတို့ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲသောရဟန်းအား အန္တရာယ်ကိုပြုခြင်းငှာ စွမ်းနိုင်ကုန်သည်သာ လျှင်တည်း"ဟု ဆိုဆုံးမရာ၏၊ ဤသို့ လျှင် ထိုရဟန်းကို ရဟန်းတို့က ဆုံးမပါလျက်ထိုဆေရှးအတူသာလျှင် ဆက်လက်ယူငြားအံ့၊ ထိုရဟန်းကို ရဟန်းတို့သည်သုံးကြိမ်တိုင်အောင် ထိုအယူကို စွန့်စိမ့်သောငှာဉတ်ကမ္မဝါစာဖြင့် ဆိုဆုံးမသည်ရှိသော်ထိုမိစ္ဆာအယူကို စွန့်ငြားအံ့၊ ဤသို့ စွန့်ခြင်းသည် ကောင်း၏၊ အကယ်၍မစွန့်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၁၉၈)
အကြင်ရဟန်းသည် သိလျက် ဝိနည်းတရားနှင့်အညီ မပြုရသေးသော ထိုမိစ္ဆာအယူကို မစွန့်သေးသော ထိုသို့သော စကားကိုပြောဆိုတတ်သောရဟန်းနှင့် အတူလည်း သုံးဆောင်ငြားအံ့၊ အတူလည်းနေငြားအံ့၊ အတူလည်း အိပ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၀၁)
အကြင်ရဟန်းသည် "(ဈာန်မဂ်ဖိုလ်၏)အန္တရာယ်ကိုပြုတတ်ကုန်၏ ဟု မြတ်စွာဘုရား ဟောထားသော တရားတို့ကို မြတ်စွာဘုရား ဟောထားတော်မူသည့်အတိုင်း ငါသိပါ၏၊ ထိုတရားတို့သည်မှီဝဲသောသူအား (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုခြင်းငှာ မစွမ်းနိုင်"ဟု သာမဏေသည်လည်း အကယ်၍ဆိုငြားအံ့၊ထိုသာမဏေကို ရဟန်းတို့က "ငါ့သျှင်သာမဏေ ဤသို့ မစွပ်စွဲလင့်၊မြတ်စွာဘုရားကို စွပ်စွဲခြင်းသည်မကောင်းချေ၊ မြတ်စွာဘုရားသည် ဤသို့ဟောတော်မူရာ၊ငါ့သျှင်သာမဏေ (ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သော တရားတို့ကိုများစွာသောအကြောင်းဖြင့်(ဈာန်မဂ်ဖိုလ်၏) အန္တရာယ်ကို ပြုတတ်သောတရားတို့ဟူ၍ မြတ်စွာဘုရား ဟောတော်မူ၏၊ ထိုတရားတို့သည် မှီဝဲသောရဟန်းအား အန္တရာယ်ကိုပြုခြင်းငှာ စွမ်းနိုင်ကုန်သည်သာ လျှင်တည်း"ဟု ဆိုဆုံးမရာ၏၊ ဤသို့ လျှင် ထိုသာမဏေသည်ရဟန်းတို့က ဆုံးမပါလျက် ရှေးနည်းအတူသာလျှင် ဆက်လက်ယူငြားအံ့၊ ထိုသာမဏေကို ရဟန်းတို့သည် "ငါ့သာမဏေ ယနေ့မှ အစပြု၍သင်သည် မြတ်စွာဘုရားကိုကို ဆရာဟူ၍ မညွှန်းနှင့်တော့၊ သင်မှတစ်ပါးသော သာမဏေတို့သည် ရဟန်းတို့နှင့်အတူ နှစ်ညဉ့်,သုံးညဉ့်ပတ်လုံး အတူအိပ်ခြင်းကို ရကြကုန်၏၊ ထို့အတူ အိပ်ခြင်းသည်လည်း သင့်အား မရှိတော့ချေ၊ မမြတ်နိုးအပ်သော သာမဏေ သွားလေတော့၊ ပျက်စီးလေတော့"ဟုပြောဆိုရာ၏၊ အကြင်ရဟန်းသည် သိလျက် ထိုသို့ ဖျက်ဆီးထား ပြီးသောသာမ‌ဏေကိုဖြားယောင်းမူလည်းဖြားယောင်းငြားအံ့၊လုကျွေးမူလည်း လုပ်ကျွေးစေငြားအံ့၊အတူမူလည်း သုံးဆောင်ငြားအံ့၊ အတူမူလည်းအိပ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၀၆)
အကြင်ရဟန်းသည် ရဟန်းတို့က တရားနှင့် လျော်ညီစွာပြောဆိုဆုံးမသည်ရှိသော် "ငါ့သျှင်တို့ ကျီမ်းကျင်လိမ္မာသော အခြားဝိနည်းဓိုရ်ရဟန်းကို မမေးရသေးသမျှကာလပတ်လုံး ငါသည် ဤသိက္ခာပုဒ်၌ ကျင့်လိမ့်မည် မဟုတ်"ဟု ပြောဆိုငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ် သင့်၏၊ ရဟန်းတို့ ကျင့်လိုသော ရဟန်းသည် သိအောင်ပြုရမည်၊ အဖန်တလဲလဲ မေးမြန်းရမည်၊ အဖန်တလဲလဲ စုံစမ်း ဆင်ခြင်ရမည်၊ ဤသို့ ပြုခြင်းသည် ထိုသိက္ခာပုဒ်ကို ကျင့်ရာ၌ ကျင့်ဝတ်တည်း။ (ဝိ မြန် ၂၊၂၀၉)
အကြင်ရဟန်းသည် (ရဟန်းတို့၏ သိက္ခာပုဒ်) ပါတိမောက်ကို ပြဆိုသည်ရှိသော "ငယ်ကုန် အလွန်ငယ်ကုန်သော ဤခုဒ္ဒါနုခုဒ္ဒကသိက္ခာပုဒ်တို့ကို ပြဆိုခြင်းကြောင့် အဘက်အကျိုးရှိအံ့နည်း၊ အတိုင်းထက်အလွန် တွေးတောမှု (သံသယကုက္ကုစ္စ) ဖြစ်ရုံမျှသာ ဖြစ်ကုန်၏"ဟု ပြောဆိုငြားအံ့၊ သိက္ခာပုဒ်တော်ကို ကဲ့ရဲ့ခြင်းကြောင့် (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၁၁၊၂)
အကြင်ရဟန်းသည် လခွဲတိုင်း ပါတိမောက်ပြသည်ရှိသော်"ငါသည် ယခုမှသာလျှင် သိ၏၊ ဤတရားသည်လည်းပါတိမောက်၌ လာသတတ်၊ ပါတိမောက်၌ အကျုံးဝင်သတတ်၊ လခွဲတိုင်း လခွဲတိုင်း အကျဉ်းပြခြင်းသို့ ရောက်သတတ်"ဟု ဆိုငြားအံ့၊ ဤရဟန်းသည် နှစ်ကြိမ်, သုံးကြိမ် ပါတိမောက်ပြရာ၌ နေဖူး၏ ဟု ထိုရဟန်းကို တစ်ပါးသော ရဟန်းတို့က သိငြားအံ့၊ ထို့ထက် အလွန်နေဖူးသည်ကိုကား ဆိုဖွယ်ရာမရှိ၊ ထိုရဟန်းအား မသိယောင်ဆောင်သဖြင့် အာပတ်မှမလွတ်နိုင်၊ ထိုမသိယောင်ဆောင်ခြင်းကြောင့် သင့်သောအာပတ်ကိုလည်း တရားအားလျော်စွာ ဆုံးဖြတ်ရမည်၊ ထို့ထက်အလွန်လည်း ထိုရဟန်းအား "ငါ့သျှ အကြင်သင်သည် ပါတိမောက်ကိုပြသည်ရှိသော် ကောင်းကောင်းမွန်မွန် ရိုရိုသေသေ နှလုံးမသွင်း၊ ထိုသင့်အား ရဟန်း၏အဖြစ်ကို အရမတော်၊ ထိုသင်သည် ရဟန်းဘဝကိုမကောင်းသဖြင့် ရအပ်၏"ဟု (ကဲ့ရဲ့၍) မိုက်မဲတွေဝေသောအဖြစ်သို့(ဉတ္တိဒုတိယကံဖြင့်) တင်ရမည်၊ မိုက်မဲတွေဝေသောအဖြစ်သို့ တင်ပြီးသည်ရှိ‌သော် ထိုမသိယောင်ဆောင်သော ရဟန်း၌ ဤပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၁၃-၄)
အကြင်ရဟန်းသည် ရဟန်းအား အမျက်ထွက်သည်ဖြစ်၍, နှလုံးမသာသည်ဖြစ်၍ ပုတ်ခတ်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၁၆)
အကြင်ရဟန်းသည် ရဟန်းအား အမျက်ထွက်သည်ဖြစ်၍, နှလုံးမသာသည်ဖြစ်၍ လက်ဝါးဖြင့် (ပုတ်ခတ်ရန်) ရွယ်အံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၁၇)
အကြင်ရဟန်းသည် ရဟန်ကို မြင်ခြင်း,ကြားခြင်း,ရွံရာခြင်း) အကြောင်းရင်းမရှိဘဲ သံဃာဒိသိသ်အာပတ်ဖြင့် စွပ်စွဲငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၁၉)
အကြင်ရဟန်းသည် ရဟန်းအား ဤသို့ ပြောဆိုလျှင်တစ်ခဏမျှလည်း မချမ်းသာခြင်း ဖြစ်လတ္တံ့ ဟု ထိုမချမ်းသာစေလိုခြင်းကိုသာလျှင် အကြောင်းပြု၍ အကြောင်းတစ်ပါး မရှိဘဲ စေတနာရှိသည် ဖြစ်လျက် တွေးတောမှု (သံသယကုက္ကုစ္စ)ကို ဖြစ်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၂၀)
အကြင်ရဟန်းသည် ခိုက်ရန်ဖြစ်ကုန်သော,ငြင်းခုံကုန်သော,ဆန့်ကျင်သည့်စကားကို ဆိုကုန်သောရဟန်းတို့၏ စကားကိုကြားလောက်ရာ အနီးအရပ်၌ ဤရဟန်းတို့ ပြောဆိုလတ္တံ့သော စကား ကို နားထောင်အံ့ဟု ထိုအကြောင်းကိုသာလျှင် အကြောင်းပြု၍အခြားအကြောင်းမရှိဘဲ တည်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၂၂)
အကြင်ရဟန်းသည် တရားနှင့်လျော်သော ကံတို့အတွက်ဆန္ဒပေးပြီးနောက် ကဲ့ရဲ့ရှုတ်ချခြင်းသဘောသို့ ရောက်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၂၄)
အကြင်ရဟန်းသည် သံဃာ၌ အဆုံးအဖြတ်စကား ဖြစ်လတ်သော် ဆန္ဒမပေးမူ၍ နေရာမှ ထကာ ဖဲသွားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၂၅)
အကြင်ရဟန်းသည် ညီညွတ်သော သံဃာက သင်္ကန်းကို ပေးပြီးနောက်"ရဟန်းတို့သည် ချစ်ကျွမ်းဝင်သည်အားလျော်ဏွာ သံဃိကဖြစ်သော လာဘ်ကို ညွတ်စေကုန်၏"ဟု နောက်မှ ရှုတ်ချခြင်းသဘောသို့ရောက်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၂၇)
အကြင်ရဟန်းသည် သိလျက် သံဃာသို့ ညွတ်ပြီးသော (သံဃိက) လာဘ်ကို ပုဂ္ဂိုလ်အား ညွတ်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၂၉)
အကြင်ရဟန်းသည် ဦးထိပ်၌ အဘိသိက် သွန်းအပ်ပြီးသောမင်းမျိုးဖြစ်သော မင်း၏ မင်းနှင့် မိဖူရားရတနာ မထွက်သေးသောအိပ်ရာတိုက်ခန်း၌ (မိမိလာကြောင်းကို)ရှေးက တင်ကြိုင်၍ အသိမပေးဘဲ တံခါးကို လွန်စေငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၃၄)
အကြင်ရဟန်းသည် ရတနာကို သော်လည်းကောင်းရတနာ ဟူသည် ပုလဲ,မြ,ကျောက်မျက်ရွဲ, ခရုသင်း, ကျောက်သလင်း, သန္တာ,ငွေ,ရွှေ,ပတ္တမြားနီ,ပတ္တမြားပြောက်တည်း။ရတနာဟု သမုတိအပ်သော ဝတ္တုကို သော်လည်းကောင်းရတနာဟု သမုတ်အပ်သော ဝတ္တု ဟူသည် လူတို့၏ အတွင်းအပ အသုံးအဆောင်တည်း။အရံအတွင်းနှင့်တည်းခိုရာဌာန အတွင်းမှတစ်ပါး (အခြားနေရာတို့၌) မိမိကိုယ်တိုင်မူလည်း ကောက်ယူစေငြားအံံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏၊ ရဟန်းသည် ရတနာကိုသော်သော်လည်းကောင်း၊ ရတနာဟုသမုတ်အပ်သော ဝတ္တုကိုသော်လည်းကောင်း၊ အရံအတွင်းနှင့် တည်းခိုရာရာဌာနအတွင်း၌ (မိမိကိုယ်တိုင်) ကောက်ယူ၍ သော်လည်းကောင်း၊ (သူတစ်ပါးကို) ကောက်ယူစေ၍သော်လည်းကောင်းဥစ္စာရှင်သည် ဆောင်ယူလတ္တံ့ဟု နှလုံးသွင်း၍ သိမ်းထားရမည်၊ ဤကား ထိုဥစ္စာကို မေ့ကျန်ရာ၌ပြုရာသောဝတ်တည်း။ (ဝိ မြန် ၂၊၂၃၈)
အကြင်ရဟန်းသည် ထိုသို့ သဘောရှိသော အဆောတလျင်ပြုဖွယ်ကိစ္စကိုအဆောတလျင် ပြုဖွယ်ကိစ္စ ဟူသည် ခိုးသူဘေး,မီးဘေး စသော ရှောင်တခင်ရုတ်တရက် ဖြစ်ပေါ်လာသော ကိစ္စမျိုးတည်း။ကြဉ်၍ နေလွဲသောအခါ၌ ထင်ရှားရှိသော ရဟန်းကိုမပန်ကြားဘဲပန်ကြားပုံကား ရဟန်းတစ်ပါးထံသို့ သွား၍"ဝိကာလေဂါမပ္ပဝေသနံ အာပုစ္ဆာမိ=နေလွဲအခါ ရွာတွင်းဝင်ခြင်းကို ပန်ကြားပါ၏"ဟု လျှောက်ထား၍ သွားရမည်။ရွာတွင်းသို့ ဝင်ငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၄၂)
အကြင်ရဟန်းသည် အရိုး,အစွယ်,ဦးချိုတို့ဖြင့် ပြီးသောအပ်ကျည်ကို ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) ခြွပစ်ခြင်း ရှေးရှိသောခွဲပစ်ခြင်း ရှေးရှိသော ဟူသည် ပါစိတ်အာပတ်ကို ဒေသနာမကြားမီ အပ်ကျည်ကို ခွဲပစ်ရမည် ဟူ၏ ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၄၄)
ညောင်းစောင်းသစ်ကိုသော်လည်းကောင်း၊ အင်းပျဉ်သစ်ကိုသော်လည်းကောင်း ပြုလုပ်လိုသော ရဟန်းသည် အပေါင် (ဘောင်) အောက်စွန်းကို ကြဉ်၍ မြတ်စွာဘုရား လက်သစ်တော်ဖြင့် လက်ရှစ်သစ် (ပကတိလူတို့၏ တစ်တောင့်ထွာ)အခြေရှိသော ရဟန်းအား (လွန်သမျှကို)ဖြတ်ခြင်း ရှေးရှိသော ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၂၄၅)
အကြင်ရဟန်းသည် ညောင်းစောင်းကိုလည်းကောင်း၊ အင်းပျဉ်ကိုလည်းကောင်း လဲဖြင့်ဖွဲ့ယှက်၍ ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) လဲကို ထုတ်ခြင်း ရှေးရှိသော ပါစိတ် အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၄၆)
နိသီဒိုင်ကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည်ပမာဏနှင့်ယှဉ်သော နိသီဒိုင်ကို ပြုလုပ်ရမည်၊ ထိုနိသီဒိုင်၌ ဤဆိုလတ္တံ့သည်ကား ပမာဏတည်း၊ မြတ်စွာဘုရားအထွာတော်ဖြင့် အလျားနှစ်ထွာ၊ အနံ တစ်ထွာခွဲ၊ အဆာမမြိတ်ကား တစ်ထွာတည်း၊ ထိုပမာဏကိုလွန်စေသော ရဟန်းအား ဖြတ်ခြင်း ရှေးရှိသော ပါစိတ် အာပတ် သင့်၏။ (ဝိ မြန် ၂၊၂၄၈)
အမာလွှမ်းသင်္ကန်းကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်း အရှည် ပမာဏနှင့်ယှဉ်သော အမာလွှမ်းသင်္ကန်းကို ပြုလုပ်ရမည်၊ထိုအမာလွှမ်း သင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား ပမာဏတည်း၊ မြတ်စွာဘုရားအထွာတော်ဖြင့် အလျားလေးထွာ၊ အနံနှစ်ထွာတို့တည်း၊ ထိုပမာဏကို လွန်စေသော ရဟန်းအား ဖြတ်ခြင်းရှေးရှိသော ပါစိတ်အာပတ်သင့်၏။ (ဝိ မြန် ၂၊၂၅၀)
မိုးရေခံသင်္ကန်းကို ပြုလုပ်လိုသော ရဟန်းသည် အတိုင်းအရှည်ပမာဏနှင့် ယှဉ်သော မိုး‌ရေခံသင်္ကန်းကို ပြုလုပ်ရမည်၊ ထိုမိုးရေခံသင်္ကန်း၌ ဤဆိုလတ္တံ့သည်ကား အတိုင်းအရှည် ပမာဏတည်း၊မြတ်စွာဘုရား၏ အထွာတော်ဖြင့် အလျားခြောက်ထွာ၊ အနံ နှစ်ထွာခွဲတို့တည်း၊ ထိုအတိုင်းအရှည်ပမာဏကို လွန်စေသော ရဟန်းအားဖြတ်ခြင်းရှေးရှိသော ပါစိတ်အာပတ် သင့်၏။ (ဝိ မြန် ၂၊၂၅၁)
အကြင်ရဟန်းသည် မြတ်စွာဘုရား၏ သင်္ကန်းတော်ပမာဏရှိသော သင်္ကန်းကိုလည်းကောင်း၊ ထို့ထက်လွန်သော သင်္ကန်းကိုလည်းကောင်း ပြုလုပ်စေငြားအံ့၊ (ထိုရဟန်းအား) ဖြတ်ခြင်းရှေးရှိသောပါစိတ်အာပတ် သင့်၏။ ထိုမြတ်စွာဘုရား သင်္ကန်းတော် ပမာဏရှိသောသင်္ကန်းဟူရာ၌ ဤဆိုလတ္တံ့သည်ကား မြတ်စွာဘုရား သင်္ကန်းတော်ပမာဏတည်း၊ မြတ်စွာဘုရား၏ အထွာတော်ဖြင့် အလျားကိုးထွာ၊အနံခြောက်ထွာတို့တည်း၊ ဤကား မြတ်စွာဘုရား၏ သင်္ကန်းတော်ပမာဏတည်း။ (ဝတ မြန် ၂၊၂၅၃)
အသျှင်တို့ ကိုးဆယ့်နှစ်ပါးကုန်သော ပါစိတ်အာပတ်တို့ကိုသရုပ်အားဖြင့် ပြအပ်ပြီးပါကုန်ပြီ၊ ထိုပါစိတ်အာပတ်တို့၌ အသျှင်တို့ကိုမေးပါ၏၊ အာပဘ်မှ စင်ကြယ်ကြပါကုန်၏လော၊ နှစ်ကြိမ်မြောက်လည်းမေးပါ၏၊ အာပဘ်မှ စင်ကြယ်ကြပါကုန်၏လော၊ သုံးကြိမ်မြောက်လည်းမေးပါ၏၊ အာပဘ်မှ စင်ကြယ်ကြပါကုန်၏လော၊ အသျှင်တို့သည်ဤ ကိုးဆယ့်နှစ်ပါးသော ပါစိတ်အာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤပါစိတ်အာပတ်မှ စင်ကြယ်သည့်အဖြစ်ကို သိမှတ်ရပါသည်