Issues
Select Version
ဝိနည်းငယ်လေးစောင်ပါဌ်
မြန်မာဘာသာ
玛欣德尊者
中文
Bhikkhupātimokkhapāḷi
Bhikkhupātimokkhapāḷi

Pāṭidesanīyā

Author: ဝိနည်းငယ်လေးစောင်ပါဌ် @ sirīnanda

အသျှင်တို့ ပါဋိဒေသနီ(သီးခြားပြောကြားရသော)အာပတ်လေးပါးတို့သည် သရုပ်အားဖြင့် ပြဆိုအပ်သည်၏အဖြစ်သို့ ရောက်ကုန်၏။
အကြင်ရဟန်းသည် ရွာတွင်းသို့ ဝင်သော ဆွေမျိုးမတော်စပ်သော ရဟန်းမ၏ လက်မှ ခဲဖွယ်ကိုသော်လည်းကောင်း၊ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်းစားငြားအံ့၊ ထိုရဟန်းသည် "ငါ့သျှင်တို့ တပည့်တော်သည် ကဲ့ရဲ့အပ်သည့် မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ၊ ထို ပါဋိဒေသနီ အာပတ် ပြော‌ကြားပါ၏"ဟု ပြောကြားရမည်။ (ဝိ မြန် ၂၊၂၅၆)
ရဟန်းတို့သည်သာလျှင် ပင့်ဖိတ်အပ်ကုန်သည်ဖြစ်၍ ဒါယကာတို့အိမ်၌ ဆွမ်းစားကုန်၏၊ ထိုသို့ စားရာ၌ ထိုရဟန်းမသည် "ဤ(သပိတ်)၌ ဟင်းကို ထည့်ပေးကုန်လော့၊ ဤ(သပိတ်)၌ ဆွမ်းကိုထည့်ပေးကုန်လော့"ဟု စီမံသောသဘောရှိသည်ဖြစ်၍ တည်နေငြားအံ့၊ထိုရဟန်းသည် ထိုရဟန်းမကို "နှမ ရဟန်းတို့ ဆွမ်းစားနေသမျှ ဖက်ရှားလေဦး"ဟု ပြစ်တင်မောင်းမဲရမည်၊"နှမ ရဟန်းတို့ ဆွမ်းစားနေသမျှဖယ် ရှားလေဦး"ဟု ထိုရဟန်းမကို ပြစ်တင်မောင်မဲခြင်းငှာ တစ်ပါးသော ရဟန်းမျှလည်း မဆိုငြားအံ့၊ ထိုရဟန်းတို့သည် "ငါ့သျှင်တို့ တပည့်တော်တို့သည် ကဲ့ရဲ့အပ်သည့် မလျောက်ပတ်သော ပါဋိဒေသနီအာပတ်သို့ ရောက်ကုန်ပြီ၊ ထိုပါဋိဒေသနီအာပတ်ကို ပြောကြားပါကုန်၏"ဟု ပြောကြားရမည်။ (ဝိ မြန် ၂၊၂၅၈)
သေက္ခဟု သမုတ်အပ်ကုန်သော အကြင်အမျိုးတို့သည်သေက္ခဟု သမုတ်အပ်သော အမျိုး ဟူသည် သဒ္ဓါတရားအားဖြင့် ပွားများ၍ပစ္စည်းဥစ္စာဆုတ်ယုတ်သောအမျိုးအား ဉတ္တိဒုတိယကံဖြင့် သေက္ခဟု သမုတ်ထားသော အမျိုးတည်း။ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘောရှိကုန်သော,သေက္ခဟုသမုတ်အပ်ပြီးသော အမျိုးတို့၌ ရှေးအခခါက မပင့်ဖိတ်ဘဲ မနားမဖျားမူ၍ခဲဖွယ်ကိုသော်လည်းကောင်း၊ဘောဇဉ်ကိုသော်လည်းကောင်း မိမိလက်ဖြင့် ခံယူ၍ ခဲမူလည်း ခဲငြားအံ့၊ စားမူလည်းစားငြားအံ့၊ ထိုရဟန်းသည် "ငါ့သျှင်တို့ တပည့်တော်သည် ကဲ့ရဲ့အပ်သည့် မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ၊ ထို ပါဋိဒေသနီ အာပတ် ပြော‌ကြားပါ၏"ဟု ပြောကြားရမည်။ (ဝိ မြန် ၂၊၂၆၀)
ကြောက်ရွံ့ဖွယ်ရှိသည်ဟု သမုတ်အပ်သော ဘေးဘျမ်းနှင့်တကွဖြစ်သော အကြင်တောကျောင်းတို့သည် ရှိကုန်၏၊ အကြင်ရဟန်းသည် ထိုသို့ သဘောရှိသော ကျောင်းတို့၌ ရှေးက မကြား မသိစေအပ်ဘဲခဲဖွယ်ကိုသော်လည်းကောင်း၊ဘောဇဉ်ကိုသော်လည်းကောင်း အရံ၏အတွင်း၌ မိမိလက်ဖြင့် ခံယူ၍ မနာ မဖျားဘဲ ခဲမူလည်း ခဲငြားအံ့၊စားမူလည်း စားငြားအံ့၊ ထိုရဟန်းသည် "ငါ့သျှင်တို့ တပည့်တော်သည် ကဲ့ရဲ့အပ်သည့် မလျောက်ပတ်သော ပါဋိဒေသနီ အာပတ်သို့ ရောက်ပြီ၊ ထို ပါဋိဒေသနီ အာပတ် ပြော‌ကြားပါ၏"ဟု ပြောကြားရမည်။ (ဝိ မြန် ၂၊၂၆၄)
အသျှင်တို့ လေးပါးဋိဒေသနီအာပတ်တို့ကို အကျဉ်းအားဖြင့် ပြဆိုအပ်ပြီးပါကုန်ပြီ၊ ထိုအာပတ်တို့၌ အသျှင်တို့ကိုမေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်လော၊ နှစ်ကြိမ်မြောက်လည်းမေးပါ၏၊ အာပတ်မှ စင်ကြယ်ကြပါကုန်လော၊ သုံးကြိမ်မြောက်လည်းမေးပါ၏၊အာပတ်မှ စင်ကြယ်ကြပါကုန်လော၊ အသျှင်တို့သည် ဤပါဋိဒေသနီ အာပတ်တို့၌ အာပတ်မှ စင်ကြယ်ကြပါကုန်၏၊ ထို့ကြောင့် ဆိတ်ဆိတ်နေကြကုန်၏၊ ဤသို့ ဆိတ်ဆိတ်နေသဖြင့် ဤပါဋိဒေသနီ အာပတ်မှ စင်ကြယ်သည့်အဖြစ်ကို သိမှတ်ရပါသည်။