ဘုဥ္ဇစ၊ မိမိလည်းသုံးဆောင်လော့။ ဧကာသီ၊ မိမိတစ်ယောက်တည်း။
ဧကာသီ၊ သက္ကတ၌ဧကာသိန်= ဟုဗျည်းဆုံးပုဒ်ဖြစ်သည်။ ပါဠိ၌အဆုံးဗျဥ်းချေ၍ရှေ့သရကိုဒီဃပြုထားသည်။ ဧက၊ တစ်ယောက်တည်း။ အသ၊ စားခြင်း။ ဤ၊ အလေ့ရှိသူ= ဟုအဓိပ္ပါယ်ရ၏။ ဘုဥ္ဇန္တော၊ သုံးဆောင်စားသောက်သောသူသည်။ သုခံ၊ ချမ်းသာသုံးပါးကို။ နလဘတေ၊ မရရာ။
ယထောဓိကာနီတိ၊ ယထောဓိကာနိဟူသည်ကား။
ယထောဓိကာနိ၊ ယထာ+ဩဓိ+က= အကြင်အကြင်အပိုင်းအခြားအားဖြင့်တည်သော= ဟုသဒ္ဒတ္ထဖြစ်၏။ တည်မြဲတိုင်း တည်ရှိနေသောဝတ္ထုကာမနှင့်ဖြစ်မြဲတိုင်းဖြစ်နေသောကိလေသာကာမတို့ကိုပယ်စွန့်၍၊ ဟုဆိုလိုသည်။ ဝတ္ထုကာမကိလေသကာမဝသေန၊ ဝတ္ထုကာမကိလေသကာမ၏အစွမ်းဖြင့်။ ယထာဌိတကောဌာသာနိယေဝ၊ အကြင်အကြင်တည်မြဲတိုင်းသောအဖို့အစုတို့ကိုပင်လျှင်။
သံကလဟန္တိ၊ သံကလဟံဟးသည်ကား။
သံကလဟံ၊ ငြင်းခုံခြင်းနှင့်တကွဖြစ်သောစကား= ဟုအနက်ပေး၏။ တစ်ဦးနှင့်တစ်ဦးအပြိင်အဆိုင်ငြင်းခုံမှုဖြစ်အောင်"သူမှားတယ်ငါမှန်တယ်သူညံ့တယ်ငါတော်တယ်"စသဖြင့်ငြင်းခုံမှုဖြစ်ပွါးအောင်အားပေးသောစကားမျိုးတည်း။ ရန်တိုက်ပေးသောစကားဟုလည်းဆိုနိုင်သည်။ နာနာဂါဟံ၊ အမျိုးမျိုးသောအယူရှိသော။ ကလဟဝၒ္ဍနံ၊ ငြင်းခုံခြင်းကိုတိုးပွါးစေတတ်သော။ ကထံ၊ စကားကို။ ဥဒရယိ၊ မြွက်ဆိုပြီ။
မာတလိ၊ မာတလိနတ်သား။ ပုဗ္ဗေ၊ မစားမီရှေးအဖို့၌။
ပုဗ္ဗေတိ၊ ပဌမနည်း၌ပုဗ္ဗေကိုအဒတွာ= သို့စပ်သည်။ ဒုတိယနည်း၌ဣတိ၊ ကို ဣဒံ= ဟု၎င်း။ ပုဗ္ဗေ၊ ကို ပုဗ္ဗေဝ= ဟု၎င်း။ မေ၊ ကို မယာ= ဟု၎င်း။ ဝတုက္ကမံ၊ ကိုဝတံ= ဟုဖွင့်၍ သမာဒိန္နံ= ကြိယာပုဒ်ထည့်စပ်ပြထားသည်။ ပါဌ်နေပုံရှုပ်ထွေး၏။ အဒတွာ၊ မပေးမလှူဘဲ။ မယှံ၊ ငါ့အား။ ဘုဥ္ဇိတုံ၊ စားခြင်းငှာ။ နကပ္ပတီ၊ မသင့်။ ဣတိ၊ ဤသို့။ မေ၊ ငါသည်။ ဥတ္တမံ၊ မြတ်သော။ ဝတံ၊ ကျင့်ဝတ်ကို။ သမာဒိန္နံ၊ ဆောက်တည်အပ်၏။
တသ္မာတိ၊ တသ္မာဟူသည်ကား။ ယသ္မာ၊ အကြင့်ကြောင့်။ အဟံ၊ ငါသည်။ ပဥ္စမအဓမဘာဝဘယေန၊ ငါးခုမြောက်အဓမဘာဝဟုဆိုအပ်သောဝန်တိုခြင်းတရားကိုကြောက်သောကြောင့်။ အဒတွာ၊ သူတစ်ပါးအားမပေးမူ၍။ ဥဒကမ္ပိ၊ ရေကိုမျှကိုလည်း။ (နှာ- ၄၂၄)နာသ္နိယေနပရိဘုဥ္ဇိဿာမိ၊ မသုံးဆောင်အံ့။
အသ္နိယေ၊ အသ= ဓာတ်။ စားခြင်း။ နာ= ပစ္စည်းသက်။ ဧ= ဝိဘတ်ဆက်။ ကြား၌ယ်= ဗျည်းထည့်၍ အသ္နာယေ= ဟုမူလရုပ်ဖြစ်၏။ အာ၊ ကို ဣ= ပြု၍ အသ္နိယေ= ဟုဆင့်ပွားရုပ်ဖြစ်သည်။ တိ၊ ဝိဘတ်ဖြင့်အသ္နာတိ= ဟုရှိ၏။ ဣတိ၊ ဤသို့။ ဣမံဝတံ၊ ဤအကျင့်ကို။ သမာဒိယံ၊ ဆောက်တည်ခဲ့ပြီ။
ကဥ္စနဝေလ္လိဝိဂ္ဂဟေတိ၊ ကဥ္စနဝေလ္လိဝိဂ္ဂဟေဟူသည်ကား။
ကဥ္စနဝေလ္လိဝီဂ္ဂဟ၊ ကဥ္စန= ရွှေ။ ဝေလ္လိ၊ အစုအပုံ။ အတုံးအခဲ။ ဝိဂ္ဂဟ၊ ကိုယ်ခန္ဓာ= ထို့ကြောင့်ရွှေရုပ်နှင့်တူသော ကိုယ်ရှိသူ= ဟုအဌကထာဖွင့်သည်။ ကဥ္စနရူပသဒိသသရီရေ၊ ရွှေရုပ်နှင့်တူသောကိုယ်ခန္ဓာရှိကုန်သော။
ဇာတိမာမပီတိ၊ ဇာတိမာမပိဟူသည်ကား။
ဇာတိမာမပိ၊ နိဿယ၌ ဇာတိမာပိ= ဟုရှိ၏သီဟိုဠ်မူ၌ ဇာတိမံအပိ= ဟုရှိ၏။ ဇာတိမာ+အပိ၊ ဟုပုဒ်ခွဲ။ အလယ်၌ မ၊ ဗျည်းလာထားသည်။ အာဂုံမလာဘဲသရသန္ဓိစပ်လျှင်ဇာတိမာပိ၊ ဟုဖြစ်၏။ ဇာတိသမ္ပန္နမ္ပိ၊ ဇာတ်နှင့်ပြည့်စုံသူကိုလည်းကောင်း။ သိပ္ပဝိဇ္ဇာစရဏဗုဒ္ဓိကမ္မေဟိ၊ အတတ်ဗေဒင်သုံးပုံအကျင့်သီလဉာဏ်ယောကျာ်းတို့၏အားထုတ်မှုတို့နှင့်။ သမ္ပန္နမ္ပိ၊ ပြည့်စုံသူငိုလည်းကောင်း။
ဝိဒုရာနုပါတိနိန္တိ၊ ဝိဒုရာနုပါတိနိံဟူသည်ကား။
ဝိဒုရာနုပါတိနိံ၊ ဝိဒူရ+အနုပါတိနိံ= အနုပါတိလဲကျစေသူ။ ညှင်းဆဲသူ၊ ဟုအနက်ရ၏။ မိုးထိမူ၍မှားနေသည်။ ပဏ္ဍိတာနုပါတိနိံ၊ ပညာရှိတို့ကိုညှဥ်းဆဲလေ့ရှိသော။ ပဏ္ဍိတေ၊ ပညာရှိတို့ကို။ ပါတေတွာ၊ လဲကျစေ၍။ ပေါထေတွာ၊ ထုရိုက်၍။ ဝိဟေဌေတွာ၊ ညဥ်းဆဲ၍။ စရမာနံ၊ သွားသော။
တတ္ထ၊ ထို'နမေဒုတီယော'အစရှိသောဂါထာ၌။ မသက္ကသာရပ္ပဘဝါတိ၊ မသက္ကသာရပ္ပဘဝါဟူသည်ကား။
မသက္ကသာရ၊ ဤအဌကထာ(၁၇၉)၌မသက္က= ကိုဩသက္ကနပရိသက္ကနာဘာဝေန= ဟု၎င်း။ သာရ၊ ကိုဃနသာရတာယ= ဟု၎င်းဖွင့်ဆိုသည်။ မ၊ သဒ္ဒါအဘာဝတ္ထ= ဟုဇာတ်ဋီကာသစ်ဆရာဆို၏။ အဘိဓာန်ဋီကာဆရာကား မ၊ သဒ္ဒါပရိသတ်အနက်ဟောဟုကြံ၍မောစသက္ကောစ သရန္တိဂစ္ဆန္တိဧတ္ထာတိမသက္ကသာရံ= ဟုဝိဂ္ဂဟပြုသည်။ တာဝတိ့သဘဝနေ၊ တာဝတိံသာနတ်ပြည်၌။ သမ္ဘဝါ၊ ဖြစ်သော။ (ဒေဝတာ၊ ၌စပ်)
ဇိဃညနာမဝှယနန္တိ၊ ဇိဃညနာမဝှယနံဟူသည်ကား။ အပရာတိစ၊ အပရာဟူ၍လည်းကောင်း။ ပစ္ဆိမာတိစ၊ ပစ္ဆိမာဟူ၍လည်းကောင်း။ ဧဝံ၊ ဤသို့။ ဇိဃညေနလာမကေန၊ ယုတ်ညံ့သော။
ဇိဃညေန၊ ဇိဃညပုဒ်မှာ ဃသ= ဓာတ်စားခြင်းဖြင့်ပြီးသောပုဒ်နှင့် ဟန= ဓာတ်ညှင်းဆဲသတ်ဖြတ်ခြင်းဖြင့်ပြီးသောပုဒ်ဟူ၍နှစ်မျိုးရှိ၏။ ဤ၌ဟန၊ ဓာတ်ဖြင့်ပြီးသောပုဒ်ဖြစ်သည်။ ယုတ်ညံ့သောသဘောသည်ပယ်သတ်အပ်သောတရားဖြစ်သည်။ အကောင်းကိုအဦးအဖျားဟုဆိုသကဲ့သို့အညံကိုအဆုံးနောက်ဆုံးဟုဆိုရသည် ထို့ကြောင့်အဆုံးကိုလည်းဟော၏။ နာမေန၊ အမည်အားဖြင့်။ ဝုစ္စမာနံ၊ ဆိုအပ်သော။ ဒိသံ၊ အရပ်မျက်နှာကို။ ပတိ၊ အစိုးရ၍။ ဒဒ္ဒလ္လမာနာ၊ တောက်ပလျက်။ တိဌသိ၊ တည်ဘိ၏။
တတ္ထ၊ 'ထိုသဒ္ဓါ'ဟ'စသောဂါထာ၌။ သဒ္ဓါတိ၊ သဒ္ဓါဟူသည်ကား။
သဒ္ဓါတိ၊ နတ်သမီး၏အမည်မှာသဒ္ဓါဖြစ်သည်။ ထိုသဒ္ဒါ၊ ဟူသောယုံကြည်ခြင်းကြောင့်အပြစ်ရှိသောအမှုကိုလည်းပြုမိတတ်သည်။ အပြစ်မရှိသောအမှုကိုလည်းပြုမိတတ်သည်။ ထို့ကြောင့်သဒ္ဓါသည်ဿာဝဇ္ဇလည်းဖြစ်သည်။ အနဝဇ္ဇလည်းဖြစ်သည်၊ ဟုဆိုလိုသည်။ ယဿကဿစိ၊ တစ်စုံတစ်ယောက်သောပုဂ္ဂိုလ်၏။ ဝစနပတ္တိယာယနာ၊ စကားကိုယုံကြည်ခြင်းကြောင့်။ သာဝဇ္ဇာပိ၊ အပြစ်နှင့်တကွဖြစ်သည်လည်း။ ဟောတိ၊ ဖြစ်၏။ အနဝဇ္ဇာပိ၊ အပြစ်မရှိသည်လည်း။ (ဟောတိ၊ ဖြစ်၏။)
ပုနဝိစ္စုတာတယာတိ၊ ပုနဝိစ္စတာတယာဟူသည်ကား။ ပုန၊ တစ်ဖန်။ တယာ၊ သင်သည်။ ဝိသုတ္တာ၊ မစပ်ယှဥ်အပ်သောပုဂ္ဂိုလ်တို့သည်။
တယာဝိသုတ္တာ၊ ဝိစ္စုတာ= ကိုဝိသုတ္တာ= ဟုဖွင့်ခြင်းဖြစ်သည်။ သဒ္ဓါနှင့်ယှဥ်သည့်အခါယုံကြည်တတ်ပြီး မယှဥ်သည့်အခါမယုံကြည်တတ်ပေ။ ထိုသို့မယုံကြည်တတ်သောကြောင့်မကောင်းမှုသည်အပြစ်ရှိ၏။ ဆင်းရဲသောအကျိုးကိုပေးတတ်၏ဟုဆိုသော်လည်းမယုံသဖြင့်ပြုမှားမိတတ်သည်၊ ဟုဆိုလိုသည်။ သာဝဇ္ဇဒုက္ခဝိပါကာနိ၊ အပြစ်နှင့်တကွဖြစ်ကုန်သောဆင်းရဲသောအကျိုးကိုပေးကုန်သော။ ဧတာနိ၊ ဤအမှုတို့ကို။ နကတ္တဗ္ဗာနိ၊ မပြုအပ်ကုန်။ ဣတိ၊ ဤသို့။ ဝဒတံ၊ ဆိုသော။ ဝစနံ၊ စကားကို။ အပတ္တိယာယိတွာပိ၊ မယုံကြည်မူ၍လည်း။ ကရောန္တိ၊ ပြုကြကုန်၏။
ဇဟိတွဇီဝိတန္တိ၊ ဇဟိတွဇီဝိတံဟူသည်ကား။ ယေ၊ အကြင်သူတို့သည်။ ဟိရိမန္တော၊ ရှက်ခြင်းရှိကုန်သည်။ ဟောန္တိ၊ ဖြစ်ကုန်၏။ တေ၊ ထိုသူတို့သည်။ အတ္တနော၊ မိမိ၏။ ဇီဝိတံ၊ အသက်ကို။ ဇစိတွာ၊ စွန့်၍။ ဟိရိယာ၊ ရှက်သဖြင့်။ နိဝတ္တန္တိ၊ ပြန်၍ခုခံကုန်၏။
ဟိရိယာနိဝတ္တန္တိ၊ တိုက်ပွဲတွင်ရှုံးနိမ့်သဖြင့်ထွက်ပြေးသူဒဏ်ရာရ၍လဲကျနေသူတို့၌ရှက်သဖြင့်ပြေးနေရာမှရပ်၍ခုခံခြင်း။ လဲကျနေရာမှထ၍ပြန်တိုက်ခြင်းပြုသည်ကိုဆိုလိုသည်။ ဧဝံ၊ ဤသို့။ နိဝတ္တာစပန၊ ဆုတ်နစ်ပြီး၍ကား။ တေ၊ ထိုသူတို့သည်။ ဟိရီမနာ၊ ရှက်သောစိတ်ရှိကုန်သည်ဖြစ်၍။ ပုန၊ တစ်ဖန်။ အတ္တနော၊ မိမိ၏။ သာမိကံ၊ အရှင်ကို။ သမ္ပဋိစ္ဆန္တိ၊ လက်ခံကုန်၏။ သာမိကံသမ္ပဋိစ္ဆန္တိ၊ အရှင်ကို(ဝါ)ခေါင်းဆောင်ကိုစွန့်၍ထွက်ပြေးရာမှရှက်သဖြင့်အရှင်ကို(ဝါ)ခေါင်းဆောင်ကိုပြန်၍အရှင်အဖြစ်(ဝါ)ခေါင်းဆောင်အဖြစ်လက်ခံပြီးရန်သူလက်မှလွတ်အောင်ပြုသည်ကိုဆိုလိုသည်။ အမိတ္တဟတ္ထတော၊ ရန်သူ၏လက်မှ။ မောစေတွာ၊ လွတ်စေ၍။ ဂဏှန္တိ၊ ယူကုန်၏။