တဏှာဝါရေ တဏှာဝါရ၌။
ရူပတဏှာ။(ပ)၊ ဓမ္မတဏှာတိ ရူပတဏှာ။(ပ)၊ ဓမ္မတဏှာဟူသည်ကား။
ဧဝံ ဤသို့။
စက္ခုဒွါရာဒီသု စက္ခုဒွါရအစရှိသည်တို့၌။
ဇာဝနဝီထိယာ ဇောအစဉ်အားဖြင့်။
ပဝတ္တာယ ဖြစ်သော။
တဏှာယ တဏှာ၏။
သေဋ္ဌိပုတ္တော သူဋ္ဌေးသား။
ဗြဟ္မဏပုတ္တော ပုဏ္ဏားသား။
ဣတိဧဝမာဒီသု ဤသို့အစရှိသည်တို့၌။
ပိတိတော အဘမှ။
အာဂတံ လာသော။
နာမံဝိယ အမည်ကဲ့သို့။
ပိတိသဒိသာရမ္မဏတော အဘနှင့်တူသောအာရုံမှ။
အာဂတံ လာသော။
နာမံဝိယ အမည်တည်း။
စ ဆက်၍ဆိုဉီးအံ့။
ဧတ္ထ ဤရူပတဏှာစသောပုဒ်၌။
ရူပါရမ္မဏာ ရူပါရုံလျှင်အာရုံရှိသော။
ကမာမတဏှာ ကာမတဏှာသည်။
ရူပေ ရူပါရုံ၌။
တဏှာ ကာမပသာဒအားဖြင့်တပ်စွန်းတတ်သောတဏှာတည်း။
ဣတိတသ္မာ ထိုကြောင့်။
ရူပတဏှာ ရူပတဏှာမည်၏။
ရူပတဏှာ ရူပါရုံ၌ကာမပသာဒအားဖြင့်တပ်စွမ်းတတ်သောတဏှာ။
သာ ထိုရူပတဏှာသည်။
ကာမရာဂဘာဝေန ကာမရာဂ၏အဖြစ်ဖြင့်။
ရူပံ ရူပါရုံကို။
အဿာဒေန္တီ သာယာသည်ဖြစ်၍။
ပဝတ္တမာနာ ဖြစ်သောတဏှာသည်။
ဘဝတဏှာ ဘဝတဏှာမည်၏။
သဿတဒိဋ္ဌိနှင့်တကွဖြစ်သောရာဂ၏အဖြစ်ဖြင့်။
ရူပံ ရူပါရုံသည်။
နိစ္စံ မြဲ၏။
ဓုဝံ အရှည်တည်၏။
သဿတံ မပြတ်ဖြစ်၍တည်၏။
ဣတိဧဝံ ဤသို့။
အဿဒေန္တီ သာယာသည်ဖြစ်၍။
ပဝတ္တမာနာ ဖြစ်သောတဏှာသည်။
ဘဝတဏှာ ဘဝတဏှာမည်၏။
ဥစ္ဆေဒဒိဋ္ဌိသဟဂတရာဂဘာဝေန ဥစ္ဆေဒဒိဋ္ဌိနှင့်တကွဖြစ်သောရာဂ၏အစွမ်းဖြင့်။
ရူပံ ရူပါရုံသည်။
ဥစ္ဆိဇ္ဇတိ ပြတ်လတ္တံ့။
ဧတိဧဝံ ဤသို့။
အဿာဒေန္တီ သာယာသည်ဖြစ်၍။
ပဝတ္တမာနာ ဖြစ်သောတဏှာသည်။
ဝိဘဝတဏှာ ဝိဘဝတဏှာမည်၏။
ဣတိဧဝံ ဤသို့။
တိဝိဓာ သုံးပါးအပြားရှိသည်။
ဟောတိ ဖြစ်၏။
ရူပတဏှာ ရူပတဏှာသည်။
တိဝိဓါယထာ သုံးပါးအပြးသကဲ့သို့လည်း။
တထာ ထိုအတူ။
သဒ္ဒတဏှာဒယောပိ သဒ္ဒတဏှာအစရှိသည်တို့သည်လည်း။
တိဝိဓာ သုံးပါးသုံးပါးစီပြားကုန်သည်။
ဟောန္တိ ဖြစ်ကုန်၏။
ဣတိ ဤသို့။
ဧတာနိ ထိုတဏှာတို့သည်။
အဋ္ဌာရသတဏှာဝိစရိတာနိ တစ်ဆယ့်ရှစ်ပါးကုန်သောတဏှာဝိစရိုက်တို့သည်။
ဟောန္တိ ဖြစ်ကုန်၏။
တာနိ ထိုတစ်ဆယ့်ရှစ်ပါးကုန်သောတဏှာဝိစရိုက်တို့သည်။
အဇ္ဈတ္တရူပါရုံအစရှိသည်တို့၌။
အဋ္ဌာရသ တစ်ဆယ့်ရှစ်ပါးကုန်သောတဏှာဝိစရိုက်တို့လည်းကောင်း။
ဗဟိဒ္ဓါရူပါဒီသု ဗဟိဒ္ဓါရူပါရုံအစရှိသည်တို့၌။
အဋ္ဌာရသ တစ်ဆယ့်ရှစ်ပါးကုန်သောတဏှာဝိစရိုက်တို့လည်းကောင်း။
ဣတိ ဤသို့။
ဆတ္တိံသ သုံးဆယ့်ခြောက်ပါးကုန်သောတဏှာဝိစရိုက်တို့သည်။
ဟောန္တိ ဖြစ်ကုန်၏။
iti atītāni 在过去发生的贪寻【复数】【主语】chattiṃsa anāgatāti chattiṃsa paccuppannāni chattiṃsa iti aṭṭhasataṃ hoti
အဇ္ဈတ္တိကဿ အဇ္ဈတ္တိကခန္ဓာကို။
ဥပါဒါယ စွဲ၍။
ဣမိနာ ဤပုဂ္ဂိုလ်သည်။
အသ္မီတိ ငါဟူ၍စွဲလမ်းခြင်းသည်။
သတိ ရှိသော်။
ဣတ္တသ္မိံ ဤသို့မင်းအစရှိသည်တို့တွင်ငါးပါးသောအပြားအားဖြင့်ငါဖြစ်၏ဟူသောအမှတ်သည်။
သတိ ရှိသော်။
တဏှာမာနဒိဋ္ဌိဝသေန တဏှာမာနဒိဋ္ဌိတို့၏အစွမ်းအားဖြင့်။
ဂါဟော စွဲလမ်းမှတ်ယူခြင်းသည်။
ဟောတိ ဖြစ်၏။
ဣတိဝါ ဤသို့လည်းကောင်း။
ဧဝမာဒီနိ ဤသို့အစရှိကုန်သော။
အဇ္ဈတ္တိကရူပါဒိနိဿီတာနိ အဇ္ဈတ္တရူပါရုံအစရှိသည်တို့ကိုမှီ၍ဖြစ်ကုန်သောတဏှာဝိစရိုက်တို့သည်။
အဋ္ဌာရသ တစ်ဆယ့်ရှစ်ပါးတို့လည်းကောင်း။
ဗာဟိရသ ဗာဟိရသန္တာန်ကို။
ဥပါဒါယ စွဲ၍။
ဣမိနာ ဤပုဂ္ဂိုလ်သည်။
အသ္မိံတိ ငါဟူ၍စွဲလမ်းခြင်းသည်။
သတိ ရှိသော်။
ဣတ္ထသ္မိတိ ဤမင်းအစရှိသည်တို့တွင်တစ်ပါးပါးသောအပြားအားဖြင့်ငါြဖစ်၏ဟူသောအမှတ်သည်။
သတိ ရှိသော်။
တဏှာမာနဒိဋ္ဌိဝသေန တဏှာမာနဒိဋ္ဌိတို့၏အစွမ်းအားဖြင့်။
ဂါဟော စဲလမ်းမှတ်ယူခြင်းသည်။
ဟောတိ ဖြစ်၏။
ဣတိ ဤသို့။
ဗာဟိရရူပါဒိနိဿိတာနိ ဗာဟိရရူပါရုံအစရှိသည်တို့ကိုမှီ၍ဖြစ်ကုန်သောတဏှာဝိစရိုက်တို့သည်။
အဋ္ဌာရသ တစ်ဆယ့်ရှစ်ပါးတို့လည်းကောင်း။
ဣတိ ဤသို့။
ဆတ္တိံသ သုံးဆယ့်ခြောက်ပါးတို့သည်။
ဟောန္တိ ဖြစ်ကုန်၏။
ဣတိ ဤသို့။
အတီတာနိ အတိတ်တို့သည်။
ဆတ္တိံသ သုံးဆယ့်ခြောက်ပါးတို့လည်းကောင်း။
အနာဂတာနိ အနာဂတ်တို့သည်။
ဆတ္တိံသ သုံးဆယ့်ခြောက်ပါးတို့လည်းကောင်း။
ဣတိဧဝမ္ပိ ဤသို့လည်း။
အဋ္ဌသတတဏှာဝိစရိတာနိ တရာ့ရှစ်ပါးသောတဏှာဝိစရိုက်တို့သည်။
ဟောန္တိ ဖြစ်ကုန်၏။
ပုန တဘန်။
သင်္ဂဟေ ပေါင်းခြင်းကို။
ကရိယမာနေ ပြုအပ်သည်ရှိသော်။
ရူပါဒီသု ရူပါရုံအစရှိကုန်သော။
အာရမ္မဏေသု အာရုံတို့၌။
ဆဠေဝစတဏှာကာယာ ခြောက်ပါးကုန်သောတဏှာအစရှိကုန်သော။
တိဿောယေဝ သုံးပါးကုန်သောတဏှာတို့သည်လျှင်။
ဟောန္တိ ဖြစ်ကုန်၏။
ဣတိဧဝံ ဤသို့။