**အဟေတုက ။ပေ။ ဝိညာယေယျ**။၊ ။ ဤပြခဲ့သည့်အတိုင်း အနက်ကို ယူအပ်သော် အဟိတ်စိတ်တို့၌ ဈာနမဂ္ဂပစ္စည်းရခြင်းကို
"နလဗ္ဘန္တိဧဝ"၊ ဟု ဧဝဖြင့် မဆိုသောကြောင့်
ကတ္ထစိ၊ (အချို့သော အဟိတ်စိတ်၌ )
ကဿစိ၊ (အချို့သော ဈာန, သို့ မဟုတ် မဂ္ဂပစ္စည်းကို )
လာဘောန ဝါရိတော၊ (ရခြင်းကို မတားမြစ်အပ် )
ဣတိ ဧတ္တကမေဝ ဝိညာယေယျ၊ ဤမျှလောက်ကိုသာ သိနိုင်စရာ ရှိသည်။ [မည်သည့်စိတ် မည်သည့်ပစ္စည်းဟု
ဝိသေသန၊ မပြုဘဲ
"ကတ္ထစိ ကဿစိ"၊ ဟု ဆိုသောကြောင့် မသေမချာသာ သိနိုင်စရာရှိသည် ဟူလို။ ]
**န သဝိတက္ကာ။ပေ။ ကတံ**။ ။၊
"ဧတ္တက မေဝဝိညာယေယျ"၊ ၌ ဧဝဖြင့် တားမြစ်အပ်သော အနက်ကို ပြလို၍
"န သဝိတက္ကာဟေတုတစိတ္တေသု"၊ စသည်ကို မိန့်သည်။
"သဝိတက္ကအဟိတ်စိတ်၊ ၈ ပါးတို့၌
(ကတ္ထစိ၊ သရုပ်ကို ဖော်သည်။) ဈာနပစ္စည်းကိုသာ
(ကဿစိ၊ အရ သရုပ်ဖော်သည်။ ဧဝဖြင့် မဂ္ဂပစ္စည်းကို ကန့်) မရမရှိ ရသည်၏ အဖြစ်ကို ပြမှုကို အဋ္ဌကထာဆရာ ပြုအပ်၏" ဟူ၍ မသိနိုင်ရာ။ [ရှေ့ဝါကျ၏ ပြောင်းပြန်ဖြစ်သောကြောင့်
"န"၊ သဒ္ဒါနှင့် တွဲဘို့ရန်
"ဝိညာယေယျ"၊ ဟု ကြီယာထည့်ရသည်။
"ဒဿနတ္ထံ ကတံ"၊ ၌
"ဒဿနံ ကတံ"၊ ဟု ရှိမှ ကောင်းမည်ထင်သည်။]