အမှာ။ ။ရှေးရှေး သုတ်များ၌ အနက်ရေးအပ်ပြီးသောပုဒ်များ နှင့် လွယ်ကူသောပုဒ်များကို အနက်မပေးတော့ပါ။ ပို့ချသော ဆရာများကမူ တပည့်များနှုတ်တက်အောင် မကျော်ပဲ ပို့ချကြပါ။
၂၄၁။ ဧဝံ မေ သုတံ-ဧကံ သမယံ ဘဂဝါ။ [မဟာပဒါနသုတ်တော် အစ-အတိုင်း အနက်ပေးပါ။ “မဟာသုဒဿနသုတ္တံ၊ မဟာသုဒဿန သုတ်တော်ကို”ဟု ဆိုရုံသာထူး၏။ ] ကုသိနာရာယံ၊ ကုဿိန္နာရုံမြို့၌။ ဝါ၊ ကုဿိန္နာရုံမြို့၏ အနီးဖြစ်သော။ ဥပဝတ္တနေ၊ အကွေ့ဖြစ်သော။ မလ္လာနံ၊ တို့၏။ သာလဝနေ၊ အင်ကြင်းဥယျာဉ်၌။ ယမကသာလာနံ၊ အစုံဖြစ်သော အင်ကြင်းပင်ပျိုတို့၏။ အန္တရေန၊ အလယ်၌။ ပရိနိဗ္ဗာနသမယေ၊ ပရိနိဗ္ဗာန် စံတော်မူခါနီးအချိန်၌။ ဝိဟရတိ၊ နေတော်မူ၏။