Issues
Select Version
နိဿယ
မြန်မာဘာသာ
PTS
English
Bhāsāṭīkā-ဘာသာဋီကာ
မြန်မာဘာသာ
Dhammasaṅgaṇī-aṭṭhakathā
Dhammasaṅgaṇī-aṭṭhakathā

Ganthārambhakathā

Author: Bhāsāṭīkā-ဘာသာဋီကာ @ IAPT

မဟေသိနော၊ မြတ်သောသီလ,စသည် ကျေးဇူး, ဂုဏ်အထူးကို, ရွှင်မြူးဝမ်းသာရှာတော်မူပြီးထသော။ ယဿ(သမ္ဗုဒ္ဓဿ)၊ အကြင်မြတ်စွာဘုရား၏။ ကရုဏာ၊ ပစ္စေက ဗုဒ္ဓါ, သာဝက အစရှိသော အခြားပုဂ္ဂိုလ်တို့နှင့် ဆက်ဆံခြင်း မရှိသော မဟာကရုဏာ တော်သည်။ သဗ္ဗေသု၊ ကြွင်းမဲ့ဥဿုံ, အလုံးစုံကုန်သော။ သတ္တေသု၊ သတ္တဝါတို့၌။ ယထာရုစိ၊ အကြင် အကြင် အလိုတော်အတိုင်း။ ဝါ၊ အလိုတော်အားလျော်စွာ။ (ပဝတ္တိတ္ထ) ဝိယ၊ ဖြစ်တော််မူပြီကဲ့သို့။ (တထာ၊ ထို့အတူ)။ ပညာ(ပိ)၊ မဟာကရုဏာ သမာပတ္တိဉာဏ်မှ ကြွင်းသော ပညာတော်သည်လည်း။ သဗ္ဗေသု၊ ကုန်သော။ ဉေယျဓမ္မေသု၊ သိသင့် သိဖွယ်, အသွယ်သွယ်သော တရားတို့၌။ ယထာရုစိ၊ အတိုင်း။ ဝါ၊ စွာ။ ပဝတ္တိတ္ထ၊ ဖြစ်တော်မူပြီ။အနုသန္ဓေ။ ။ ပရိယတ်ပါဠိတော်ဓမ္မကို ဖွင့်ပြရာ အဋ္ဌကထာ၏ အစ၌တရားတော်၏အရှင်ဖြစ်သော မြတ်စွာဘုရား၌လည်းကောင်း, ပါဠိတော်ဓမ္မ၌လည်းကောင်း, ကြည်ညိုခြင်းပသာဒသဒ္ဓါကို ဖြစ်စေခြင်း အကျိုးငှာ သတ္ထုပဏာမကို ပြုတော်မူလိုသောအရှင်ဗုဒ္ဓဃောသဆရာသည် ''ကရုဏာဝိယ သတ္တေသု၊ ပေ၊ တဿ ပါဒေ နမဿိတွာ'' ဟူသောပါဌ်ကိုမိန့်တော်မူအပ်သတည်း။ [ဤကျမ်းတက် သည် ''တဿ ပါဒေ နမဿိတွာ'' တိုင်ရုံမြှော်ကာ သတ္ထုပဏာမကိုသာ ရည်ရွယ်သော ကျမ်းတက်တည်း။]
ချဲ့ဦးအံ၊ - ယခုဖွင့်ပြလတ္တံသော ပါဠိတော်သည်သွာက္ခာတ (အစ, အလယ်, အဆုံးကောင်းသော) ဂုဏ်နှင့် ပြည့်စုံတော်မူသော ဓမ္မဖြစ်၏၊ ထိုဓမ္မကို ဖွင့်ပြခါနီးဝယ် ထိုဓမ္မ၏ အရှင်ဖြစ်တော် မူသော မြတ်စွာဘုရား၏ ကရုဏာတော်ကျယ်ပြန့်ပုံ, ပညာတော်, ကြီးကျယ်ပုံစသောဂုဏ်များကို ''ကရုဏာဝိယ သတ္တေသု, ပညာယဿ မဟေသိနော'' စသည်ဖြင့်ထုတ်ဖော်ညွှန်ပြ၍ ပဏာမပြုခြင်းကြောင့် ပညာဉာဏ် အခြေခံပါလာသော ဝိညူ ပုဂ္ဂိုလ်တို့မှာ ဤ အဋ္ဌကထာကို သင်ယူပို့ချခါနီးဝယ် ဗုဒ္ဓမြတ်စွာ၏ အပေါ်၌ ကြည်ညိုသော ပသာဒသဒ္ဓါ ဖြစ်ပေါ်လာ၏။
''ကြီးမားသော ပညာတော်ရှင် မြတ်ဘုရား၏ တရားတော်သည် ချွတ်ချော် မှားယွင်းခြင်း မရှိနိုင်'' ဟုလည်း ထိုပဏာမစကားသည်(ကာရဏူပစာရ အားဖြင့်) ဖော်ပြပြီးဖြစ်ရကား တရားတော် အပေါ်၌ ဝိညူပုဂ္ဂိုလ်တို့ ကြည်ညိုသော ပသာဒသဒ္ဓါကိုလည်း ထိုပဏာမစကားသည်ပင် ဖြစ်စေနိုင်၏၊ ထို ဘုရား တရား ရတနာတော် ၂−ပါး၌ယုံကြည်မှုပသာဒအရင်းခံပြီးလျှင် တရားတော်၌ (လိုက်နာသော) အားဖြင့် ကောင်းစွာကျင့်သော ပုဂ္ဂိုလ်မှာ များစွာသော သီလ အစ အနုပါဒါပရိနိဗ္ဗာန် အဆုံးရှိသော အကျိုးကို ပွားတိုးစေနိုင်သောကြောင့် ဓမ္မသံဝဏ္ဏနာ(အဋ္ဌကထာ ကျမ်းစာ)၏ အစ၌ သတ္ထုပဏာမကို ပြုတော်မူရပေသည်၊ [ဓမ္မသံဝဏ္ဏနာယံ သတ္ထရိ ပဏာမကရဏံ၊ ပေ၊ မဟတောစ အတ္ထ သိဒ္ဓိ ဟောတီတီ၊ −ဋီကာ။]
တစ်နည်း။ ။ပါဠိတော်ဓမ္မကို ဖွင့်ပြရာ အဋ္ဌကထာ၏ အစဝယ် ရတနာ ၃−ပါး၌ မိမိ၏ ကြည်ညိုကြောင်းကို လူအပေါင်းသိစေလိုခြင်း, ထို သိစေခြင်းမှတစ်ဆင့် ပညာရှိ သူတော်ကောင်းတို့၏ စိတ်ကို (မိမိအပေါ်)နှစ်သက်စေခြင်း, ထို နှစ်သက်စေခြင်းမှတစ်ဆင့် မိမိစီရင်အပ်သော အဋ္ဌကထာကို ပုဂ္ဂိုလ်ခင်၍ တရားမင်သောအားဖြင့် သင်ယူကြစေခြင်း, ထိုသင်ယူကြစေခြင်းမှတစ်ဆင့် အလုံးစုံသော လောကီ လောကုတ္တရာသမ္ပတ္တိကို ပြီးစီးစေ(ရရှိကြစေ)ခြင်း, ဤသို့ အကျိုးအရင်းအကျိုးဆက်ကို မြှော်တွေးကာ ရတနတ္တယပဏာမမင်္ဂလာကို ပြုတော်မူလိုသော အရှင်ဗုဒ္ဓဃောသဆရာသည် ''ကရုဏာ ဝိယ သတ္တေသု'' စသော ဂါထာကို မိန့်တော်မူအပ်သတည်း။ [''ကတွာ သံဃဿ စဉ္ဇလိံ'' တိုင်အောင် မြှော်သော ဋီကာကျမ်းတက်တည်း။]
မှတ်ချက်။ ။ပဏာမပြုမှုအတွက် ပြခဲ့သော အကျိုးအမျိုးမျိုးကို ရနိုင်ပါသော်လည်း ကျမ်းဆရာ၏ အလိုရှိအပ်သော အကျိုးမှာ ကျမ်းပြုစဉ် အခိုက်အခါဝယ် ကိုယ်တွင်း၌ အနာရောဂါ, ကိုယ်ပ၌ အနှောင့်အယှက် ဘေးရန်ဟူသော အန္တရာယ်များကို ကာကွယ်နိုင်ခြင်းသာဖြစ်သည်၊ ထို့ကြောင့် ''နိပစ္စကာရ၊ပေ၊သောသေတွာ, အန္တရာယေ အသေသတော''ဟု နောက်၌ မိန့်ဆိုသည်။
ကရုဏာ၊ပေ၊ယထာရုစိ။ ။ဤဂါထာသည် ဥပမာအလင်္ကာဖြင့်တန်ဆာဆင်အပ်သောဂါထာတည်း၊ ဥပမာနဝါကျကိုလည်း ''ကရုဏာဝိယ သတ္တေသု''ဟု အကျဉ်းချုပ်မျှသာဖြစ်၍ သဗ္ဗေသု ယထာရုစိ ပဝတ္တိတ္ထပုဒ်တို့ကို ဥပမေယျတစ်ဘက်၌သာပြထား၏၊ ဧကပက္ခဒဿနနည်းတည်း၊ ထို့ကြောင့် ဥပမေယျဝါကျ၌ပါသော ''သဗ္ဗေသုယထာရုစိ ပဝတ္တိတ္ထ'' ပုဒ်တို့ကို ဥပမာနဘက်သို့လည်း လိုက်စေ၍ အနက်ပေးရိုးရှိ၏၊ ထို့ကြောင့်ပင် ဋီကာ၌ ''ယဿ ယထာ ကရုဏာ သဗ္ဗေသု သတ္တေသု ပဝတ္တိတ္ထ၊ ဧဝံ သဗ္ဗေသု ဉေယျဓမ္မေသု ပညာပိ ပဝတ္တိတ္ထာတိ အတ္ထော''ဟု ယောဇနာသည်။
ပညာပိ။ ။ ဋီကာ၌ ''ပညာပိ'' ဟု ပိသဒ္ဒါကိုရသင့်၍အပိုထည့်သည်၊ ထိုပိသဒ္ဒါဖြင့် အလုံးစုံတို့၌ ဖြစ်ခြင်းတူသော ကရုဏာကို ပေါင်းသည်၊ ''မဟာကရုဏာတော်သည်သာ သတ္တဝါအားလုံးအပေါ်၌ ဖြစ်သင့်သည် မဟုတ်သေး, ပညာတော်သည်လည်း ဉေယျဓမ်အားလုံး၌ဖြစ်သည် ''ဟူလို၊ ဥပမာန ဥပမေယျ ၂−ဘက်လုံး၌ပင် ''ပဝတ္တိတ္ထ''ဟု အတိတ်ကြိယာကို သုံးစွဲခြင်းငှာ ထိုအဋ္ဌကထာ စီရင်ချိန်၌ ဘုရားရှင်ကွယ်လွန်တော်မူပြီးဖြစ်၍ ကရုဏာ ပညာတရားတော် ၂−ပါးလုံးပင် အတိတ်ဖြစ်သော ကြောင့်တည်း။
ဤဂါထာ၌ ဆိုလိုရင်းကား− ''မြတ်စွာဘုရား၏ မဟာကရုဏာတော်သည် သတ္တွဝါ အားလုံးအပေါ် ၌ အလိုတော်အားလျော်စွာ (သတ္တဝါတစ်ယောက်အပေါ်၌ အာရုံပြုလိုလျှင် တစ်ယောက်အပေါ်၌, သတ္တဝါများအပေါ်၌ အာရုံပြုလိုလျှင် သတ္တဝါအများအပေါ်၌ အာရုံပြုသောအားဖြင့်) ဖြစ်ပေါ် ပျံ့နှံ့သကဲ့သို့ ထို့အတူပညာတော်သည်လည်း သိသင့်သိထိုက်သောတရားအားလုံးအပေါ်၌ အလိုတော် အားလျော်စွာ (သိတော်မူသောအားဖြင့်) ဖြစ်တော်မူပြီ'' ဟူလို။
ကရုဏာ။ ။[ကရုဏာပုဒ်၏ ဝစနတ္ထကို ပါရာဇိကဏ်ဘာသာဋီကာ ပထမဂါထာ၌ ဖွင့်ပြခဲ့ပြီ၊] ''ကရုဏာဝိယ''ဟု အများနှင့်ဆက်ဆံသော ကရုဏာဿမညကို ပြထားသော်လည်း ပညာတော်၏ ဥပမာန ဖြစ်ထိုက်သော ကရုဏာဟူသည်မှာ မြတ်စွာဘုရား၏ သန္တာန်တော်၌ဖြစ်သော မဟာကရုဏာတော်သာတည်း၊ မှန်၏ ၊−ပစ္စေက ဗုဒ္ဓါ သာဝက စသော အခြားပုဂ္ဂိုလ်တို့သန္တာန်၌ဖြစ်သော ကရုဏာသည် သတ္တဝါအာလုံးအပေါ်၌ မပျံ့နှံ့ရကား ပညာတော်၏ ဥပမာနမဖြစ်ထိုက်၊ ထို့ကြောင့် ''ပစ္စေကဗုဒ္ဓါ သာဝကစသော အခြားပုဂ္ဂိုလ်တို့နှင့် ဆက်ဆံခြင်းမရှိသော မဟာကရုဏာတော်သည်''ဟု ပေးသည်။ [တတ္ထ ဘဂဝတိ ပဝတ္တာဝ ကရုဏာ ဘဂဝတော ပညာယ နိဒဿနန္တိ ဂဟေတဗ္ဗာ၊ သာ ဟိ အသာဓာရဏာ မဟာကရုဏာ၊ န အညာ၊−ဋီကာ။]
အသာဓာရဏဖြစ်ပုံ။ ။သံသရာဝဲဩဃ၌ သက်ဝင်နစ်မြုပ်နေသော သတ္တဝါတို့ကို မြတ်စွာဘုရားနှင့် တကွ အခြားပုဂ္ဂိုလ်များသည် မြင်စရာရှိ၏၊ ထိုသို့မြင်ကြရာဝယ် ပစ္စေဗုဒ္ဓါသာဝက စသော ပုဂ္ဂိုလ်တို့မှာ ''ဤသတ္တဝါတွေကို ငါမှမကယ်တင်လျှင် မည်သူကကယ်တင်မည်နည်း, ငါသာကယ်တင် ရမည်''ဟူသော ကရုဏာ မဖြစ်ကြ၊ ဘာကြောင့်နည်း၊−ဤကဲ့သို့ ကရုဏာ ဖြစ်ဖို့ရန် ကျင့်ကြံအားထုတ်မှု မရှိခြင်း, မိမိအတွက် ကိုယ်လွတ်ရုန်းဖိုသာ ကျင့်ကြခြင်းကြောင့်တည်း၊ ဘုရားရှင်ကား သုမေဓာဘဝ မူလကပင် အများအတွက် ကျင့်ခဲ့ခြင်းကြောင့် ''ငါမှ မကယ်တင်လျှင် မည်သူကယ်တင်မည်နည်း''ဟု ကရုဏာဖြစ်တော်မူသည်၊ ထို့ကြောင့်ဘုရားရှင်၏ ကရုဏာတော်ကိုသာ ''အသာဓာရဏ မဟာကရုဏ''ဟု ခေါ်သည်၊ [ယဒိပိ ပရေ ပဿေယျုံ၊ တထာပိ န တေသံ ဘဂဝတောဝိယ ကရုဏောက္ကမနံ အတ္ထိ၊ အပ္ပဋိပတ္တိတော အတ္တဟိတမတ္တပဋ္ဋိပတ္တိတောစ၊−အနူဋီကာ။]
သုခိတတ္တဝါ၌ ကရုဏာဖြစ်ပုံ။ ။ကရုဏာသည် ဒုက္ခိတသတ္တဝါ ပညတ်ကိုသာအာရုံပြု၏၊ ''သဗ္ဗေသု သတ္တေသု''ဟု ဒုက္ခိတ သုခိတ သတ္တဝါအားလုံးကို သိမ်းကျုံးထားရာဝယ်သုခိသတ္တဝါအပေါ်၌ အဘယ်သို့ ကရုဏာဖြစ်ပါသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား− ''အတာဏော လောကော− ဤသတ္တလောကသည် အို နာ သေရေး ဒုက္ခသေးနှင့် တွေ့ကြုံသောအခါ ကိုးကွယ်ရာမရှိပါတကား''ဟု စဉ်းစားတော်မူလိုက်လျှင် ချမ်းသာအတိ သုခပြည့်နေသော သတ္တဝါများလည်း ကိုးကွယ်ရာမဲ့ပင်ဖြစ်နေ၍ သနားဖွယ်ရာ ဒုက္ခိတချည်းသာ ဖြစ်ရလေသည်၊ ဤနည်းအားဖြင့် သုခိတသတ္တဝါကိုလည်း ဒုက္ခိတ သတ္တဝါအနေအားဖြင့် စဉ်းစားတော်မူကာ မဟာကရုဏာဖြစ်တော်မူရပေသည်၊ အကျယ်ကို ပဋိသမ္ဘိ ဒါ မဂ် ပါဠိတော် မဟာကရုဏာ သမာပတ္တိဉာဏ်အခန်းမှာ ရှူပါ။
** မဟာ ဟု ဝိသေသနပြုပုံ**။ ။အာရုံပြုရာ သတ္တဝါတွေ၏ များပြားခြင်းကြောင့် အာရုံ၏ မဟန္တ အမည်ကို အာရမဏိက ကရုဏာပေါ်၌ တင်စား၍ ကာရဏူပစာရအားဖြင့် ကရုဏာကိုမဟာ ဟု ဝိသေသနပြုရသည်၊ ထို့ပြင်−သတ္တဝါအများကို အာရုံပြုနိုင်လောက်အောင် ကရုဏာတော်ကိုယ် တိုင်က အားစွမ်းသတ္တိကြီးမားသောကြောင့်လည်း မဟာဟု ဝိသေသနပြုနိုင်သည်၊ တန်ခိုးရှိန်စော်၏ အာနုဘော်၏ ကျန်ပြန့်ကြီးမားခြင်းကြောင့်လည်းကောင်း မဟာ ဟု ဝိသေသနပြုနိုင်သည်။ [မဟာဝိသယတ္တာ မဟာဗလတ္တာ မဟာနုဘာဝတ္တာစ မဟတီစ သာ ကရုဏာစာတိ မဟာကရုဏာ၊− မမုဋီကာ။]
သတ္တေသု။ ။ရူပါဒီသု−ရူပ သဒ္ဒ စသည့်အာရုံ, ကာမဂုဏ်တို့၌၊ သဉ္ဇန္တိ−ကပ်ငြိတတ် (တက်မက်တတ်)ကုန်၏၊ ဣတိ သတ္တာ၊ [သန္ဓဓာတ်, ပစ္စည်း။] ဋီကာ၌ ''ရူပါဒီ သု သတ္တာ ဝိသတ္တာတိ သတ္တာ''ဟု ကိတ်ပုဒ်ဖြင့်ပင် သပဒဝိဂ္ဂဟပြုသည်။ သတ္တာ အရ ထင်ရှားဖြစ်ခြင်းအနက်ကို ယူမည်စိုးသောကြောင့် ''သတ္တာ ဝိသတ္တာ''ဟု ဖွင့်သည်၊ ဤဝိင်္ဂြိုဟ်အရ ရူပါရုံစသောအာရုံတို့၌ ဆန္ဒရာဂ မကင်းသေးသော ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ်တို့သာ မုချရ၏၊ ဆန္ဒရာဂကင်းပြီးသော ရဟန္တာတို့အား အထင်ရဠှီအားဖြင့် သတ္တအမည်ရသည်။ [သတ္တဟူသော နာမည်က ခန္ဓာအစဉ်ပေါ်၌ တက်ရောက်နေခြင်း ထင်ရှားနေခြင်းကို ''အထင်ရဠှီ''ဟု ဆိုလိုသည်။]
ဋီကာ။ ။တဿာ ပန ပညတ္တိယာ−ထို သတ္တ ဟူသော နာမည်ပညတ်၏၊ ခန္ဓသန္တာနေ−ခန္ဓအစဉ်၌၊ နိရုဠှဘာဝတော−တက်ရောက်ထင်ရှားသည်၏ အဖြစ်ကြောင့်၊ နိစ္ဆန္ဒရာဂါပိ သတ္တာတိ ဝုစ္စန္တိ၊ အနူဋီကာ၌ ''တတ္ထ နိစ္ဆန္ဒရာဂါနံ ဘူတပုဗ္ဗဂတိယာဝါ သတ္တတာ (သတ္တ၏ အဖြစ်, သတ္တဟူသော နာမည်ကို) ဝေဒိတဗ္ဗာ''ဟု ဝါသဒ္ဒါဖြင့် မူလဋီကာနည်းမှ တစ်နည်း ဖွင့်သေး၏၊ ပုထုဇဉ်, သောတာပန်, သကဒါဂါမ်, အနာဂါမ် ဘဝတုန်းက တပ်မက်တတ်သောကြောင့် ရခဲ့သော သတ္တအမည်သည် ရဟန္တာဖြစ်သော်လည်း မပျက်တော့ဘဲ အတွင် ရုဠှီဘူတပုဗ္ဗဂတိက နည်းအားဖြင့် ရမြဲ ရနေသည်ဟု ဆိုလိုသတတ်။ [ဆောင်] သကတ္ထကြောင့်, ရသော ပညတ်, သကတ်ပျောက်လျက်, မည်မပျက်, သက်သက် အတွင်ရဠှီတည်း။
မှတ်ချက်။ ။ရူပါဒီသု သတ္တာ ဝိသတ္တာ''ဟူသော ဋီကာပါဠိသည် ''ရူပေ ခေါ ရာဓ ၊ပေ၊ ဝေဒနာယ ၊ပေ၊ဝိညာဏေ ယော ဆန္ဒော ယော ရာဂေါ ၊ပေ၊ တတြ သတ္တော တတြ ဝိသတ္တော၊ တသ္မာ သတ္တောတိ ဝုစ္စတိ'' စသော ခန္ဓဝဂ္ဂရာဓ သံယုတ်ကိုမှီသော စကားဖြစ်ဟန်တူ၏၊ ထိုပါဠိကို မှီရိုးမှန်လျှင် ရူပါဒီသုကို ''ရူပက္ခန္ဓာ အစရှိသည်တို့၌''ဟု အနက်ပေးရလိမ့်မည်။
မဟေသိနော။ ။ပါဠိအဘိဓာန်၌ ''မဟေသ''သက္ကတအဘိဓာန် ''မဟရိသိ'' ဟု ဣကာရန္တ ပုဒ်သည် ဣသိတို့တွင် ''အမြတ်ဆုံး ဣသိ'' ဟူသော အနက်ကိုဟော၏၊ ထို့ကြောင့် မဟေသိကို ''မဟာ+ ဣသိ''ဟု ပုဒ်ခွဲ၊ ဣသိ၌ ဣသဓာတ်, ဣပစ္စည်း ဣသဓာတ်သည် ဧသဓာတ်ကဲ့သို့ ရှာမှီးခြင်းအနက်ကိုလည်းဟော၏၊ ဣတိ ဧဝုဒ္ဓိပြု၍ ဧသတိဟု ရုပ်ဖြစ်၏၊ ထို့ကြောင့် ဘုရားရှင်အတွက် ''ရှာတော် မူပြီး''ဟူသော အတိတ်အနက်ကိုယူ၍ ''မဟန္တေ သီလက္ခန္ဓာဒယော ဧသိ ဂဝေ သီတိ မဟေသိ''ဟု ဋီကာ ဝိဂ္ဂဟပြုသည်၊ ဤဝိဂ္ဂဟ၌ ခန္ဓသဒ္ဒါသည် ဂုဏ (ဂုဏ်ကျေးဇူး)အနက်ကိုဟော၏၊ ''သီလက္ခန္ဓော သမာဓိက္ခန္ဓောတိ အာဒီသု ဂုဏတော ခန္ဓော နာမ''− ခန္ဓဝိဘင်းအဋ္ဌကထာ။ [အာဒိဖြင့် ပညာ, ဝိမုတ္တိ, ဝိမုတ္တိဉာဏဒဿနခန္ဓတို့ကိုယူ။]
ဤကာရန္တ။ ။''မိဖုရား''အနက်ကိုဟောသော မဟေသီကား ဤကာရန္တတည်း၊ ထိုပုဒ်၌ ''မဟတီ+ဣသော ယဿာတိ မဟေသီ''ဟု ပြု၊ ကြီးကျယ်သော အစိုးရခြင်း တင့်တယ်ခြင်းရှိသောမိဖုရား၊ ''မဟာဣသ''ကို သန္ဓိစပ်၍ ''မဟေသေ''ဖြစ်ပြီးမှ ဣတ္ထိ ဇောတက(ဤ)ပစ္စည်းသက်၊ ''မြတ်သောဘုရား'' စသော ဣသိကို ဟောရာ၌လည်း ''မဟေသီ''ဟု ဤကာရန္တ လည်းရှိသေး၏−ဟု ကြံကြ၏၊ ထိုဆရာတို့ကား သံကိစ္စဇာတ်၌ ''ခိပ္ပံ ပဿ မဟေသိနံ''ဟု ''ဒဏ္ဍိနံ'' ကဲ့သို့ ဒုတိယန္တ ''မဟေသိနံ''ကို သာဓကပြုကြသည်၊ သို့သော် ''သာရမတိ''ဟု ဣကာရန္တ သည် ''အသာရေ သာရမတိနော''ဟု ဓမ္မပဒ၌ ''ဒဏ္ဍိနော''ကဲ့သို့တွေ့ရ၏၊ ထိုသို့တွေ့ရာ၌ကတရဿာဟူသော အလိုက်ကိုကြဉ်၍ ''ဟောနံ နော''ဟူသော ဝိနာဓိကာရ ဟောဂဝိဘာဂဖြင့် စီရင်သကဲ့သို့၊ ''မဟေသိနံ''၌လည်း ကတရဿာကိုဖြုတ်၍ ''နံ ဈတော'' ဟူသော ဒွိဓာကရဏယောဂဝိဘာဂဖြင့် ''မဟေသိ''ဟူသော ဣကာရန္တ နောင် အံကို နံပြုနိုင်၏၊ ထို့ကြောင့် ဤကာရန္တ ဝါဒကို ပါဠိ သက္ကတအဘိဓာန်၌ မရှိသောကြောင့် ဆရာတို့ မနှစ်သက်ကြ။
ပညာ။ ။မဟာကရုဏာ သမာပတ်နှင့်ယှဉ်သော ဉာဏ်ကို ကရုဏာသဒ္ဒါဖြင့် ယူအပ်ပြီးဖြစ်သော ကြောင့် (ပါရိသေသနည်း, ဂေါဇလိဗဒ္ဓနည်း, ပုညဉာဏသမ္ဘာရနည်းအားဖြင့်) ထိုဉာဏ်မှ ကြွင်းသော ဉာဏ်ဟူသမျှကိုသာ ယူပါ၊ ထိုဉာဏ်တို့ကား−
၁။ ''အတီတံသေ ဗုဒ္ဓဿ ဘဂဝတော အပ္ပဋိဟတံ ဉာဏံ'' စသည်ဖြင့် လာသော ကာလ ၃−ပါး၌ရှိသော တရားစုကို အပိတ်အပင် အဆီးအတားမရှိ သိတော်မူသော အတီတံသဉာဏ်၊ [ဤဉာဏ်ကို ခန္ဓဝိဘင်းအနုဋီကာ၌ သဗ္ဗညုတဉာဏ်ဟု ဆိုထားသည်။] ၂။ ''ဣဒံ ဒုက္ခံ အရိယသစ္စံ၊ ဇာတိပိ ဒုက္ခာ''စသည်ဖြင့် လာသော သစ္စာ ၄−ပါးကို သိတော်မူသော သစ္စဉာဏ်။ ၃။ အတ္ထပဋိသမ္ဘိဒါစသော ၄−ပါးသော ပဋိသမ္ဘိဒါဉာဏ်။ ၄။ဣန္ဒြိယ ပရောပရိယတ္တိဉာဏ်, အာသယာနုသယဉာဏ်, ယမကပါဋိဟာရိယဉာဏ်, သဗ္ဗညုတ ဉာဏ်, အနာဝရဏဉာဏ်, ဤငါးပါးသည် ဘုရားရှင်၌သာ ဖြစ်သောကြောင့် အသာဓာရဏ ဉာဏ်မည်၏၊ [ကရုဏာ အရ၌ ပါဝင်ပြီးဖြစ်သော မဟာကရုဏာ သမာပတ္တိဉာဏ်ကို ထည့်လျှင် အသာဓာရဏဉာဏ် ၆−ပါး ဖြစ်၏။] ၅။ စတုဝေသာရဇ္ဇဉာဏ်, ၆−ဒသဗလဉာဏ်, ၇−ဆ အဘိညာဉာဏ်, ၈−စတု စတ္တာလီသဉာဏ ဝတ္ထု, သတ္တသတ္တတိဉာဏဝတ္ထု, စသည်တို့တည်း၊ ထိုဉာဏ်များ၏ ဖြစ်ပုံနှင့် မဟာကရုဏာ သမာပတ္တိဉာဏ်၏ဖြစ်ပုံကို ပဋိသမ္ဘိဒါမဂ် ပါဠိတော် ဉာဏကထာ၌ ရူပါ။
ဉေ ယျ ဓမ္မေသု။ ။''ဉာတဗ္ဗာ−သိသင့်သိထိုက်ကုန်၏၊ ဣတိဉေ ယျာ'' သိသင့်သိထိုက်သော တရားဟူသမျှကို ''ဉေ ယျ''ဟုခေါ်၏၊ ထိုဉေ ယျတို့သည် သတ္တ, ဇီဝ, အတ္တ, ပုဂ္ဂလ မဟုတ်ကြ၊ မိမိဆိုင်ရာ သဘောကိုဆောင်သော ''ဓမ္မ'' တို့သာဟု သိစေလို၍ ''ဓမ္မာ''ဟု ဝိသေသနပြုသည်၊ ဉေ ယျာစ+တေ+ဓမ္မာစာတိ ဉေ ယျဓမ္မာ၊ ထိုဉေ ယျဓမ်တို့ကား−ပြခဲ့သော ဉာဏ်တို့၏အာရုံဖြစ်သော အတိတ်တရားအစု စသည်, သစ္စ ၄−ပါးစသည်, အတ္ထ, ဓမ္မ, နိရုတ္တိ စသည်တည်း၊ ထိုအားလုံးကို ချုံးလိုက်လျှင် ၅−ပါးသာရသောကြောင့် ''ဉေယျဓမ် ၅−ပါး''ဟုဆိုကြသည်။ [ထိုငါးပါးကို အများပြောရုံး အတိုင်း ရတနာ့ဂုဏ်ရည် သမ္မာသမ္ဗုဒ္ဓဂုဏ်တော်၌ပြထားပြီ။]
သဗ္ဗေသု။ ။သဗ္ဗသဒ္ဒါသည် အလုံးစုံ, အားလုံးစုံ, အားလုံးအကုန်, ခပ်သိမ်း (ဘာမျှမကျန်အောင် ခပ်၍သိမ်းယူ)ဟူသော အနက်ကိုဟော၏၊ ထို့ကြောင့် ဋီကာ၌ ''သ​ဗ္ဗေသူတိ အနုဝသေသပရိယာဒါနံ− အကြွင်းမရှိအောင် သိမ်းကျုံး၍ယူကြောင်း သဒ္ဓါ''ဟု ဖွင့်သည်၊ ဤသဗ္ဗေသုကို သတ္တေသု၌လည်း လိုက်စေ။
သဗ္ဗ၂မျိုး။ ။''သဗ္ဗေ ဘာယန္တိ မစ္စုနော−သတ္တဝါအားလုံးတို့သည် သေခြင်းမှကြောက်ကြကုန်၏'' ဟူရာ၌ ကြောက်ခြင်းသဘောသည် ဒေါသတည်း၊ ထို့ကြောင့် ဒေါသကင်းပြီးသော အနာဂါမ်ရဟန္တာတို့ မကြောက်ကြသဖြင့် သဗ္ဗေအရတွင် အနာဂါမ် ရဟန္တာများ မပါဝင်ကြ၊ အာဇာနည် ဆင် မြင်း လူတို့လည်း သေခြင်းမှ မကြောက်ကြ−ဟုဆို၏၊ ထိုသဗ္ဗကို ''သာဝသေသ− အကြွင်းရှိသော အနက်ဟောသဗ္ဗ''ဟုလည်းကောင်း ''သဗ္ဗေ သင်္ခါရာ အနိစ္စာ'' စသည်၌ကား သင်္ခါရ အားလုံးပင် အနိစ္စချည်းဖြစ်သောကြောင့် အနဝသေသ (အကြွင်းမရှိသော အနက်ဟော) သဗ္ဗဟု လည်းကောင်း ခွဲကြသည်၊ ဤသဗ္ဗေသု၌ သဗ္ဗသည် ''အနဝသေသ အနက်ဟော သဗ္ဗတည်း''ဟု သိစေလို၍ ''အနဝသေသပရိယာဒါနံ''ဟု ဋီကာဖွင့်သည်။
ယထာရုစိ။ ။ယာယာ+ရုစိ ယထာရုစိ (''ယေ ယေ ဝုဍ္ဎ ယထာဝုဍ္ဎံ''ကဲ့သို့)ယထာ သဒ္ဒါဝိစ္ဆာအနက်ကို ဟောသောကြောင့် ဝိစ္ဆတ္ထအဗျယီဘောတည်း၊ ရုစီသဒ္ဒါသည် ဤနေရာ၌ ''တင့်တယ်ခြင်း အနက်, အ​ရောင်အနက်တို့ကို မဟော၊ အလိုဆန္ဒကို ဟော၏''ဟု သိစေလို၍ ဋီကာ၌ ''ရုစီတိစ ဣစ္ဆာာ၊ ကတ္တုကာမတာ သာ''ဟုဖွင့်သည်၊ ''ယာယာ ပဝတ္တာ တပ္ဖဘေဒါ''ကားယထာ၏ ဝိစ္ဆာ အနက်ကို အဓိပ္ပာယ်ဖွင့်ခြင်းတည်း၊ သိလိုသော ဆန္ဒက များသလောက် လိုက်၍သိသော များသော ပညာကို ''ယထာရုစိ ပဝတ္တိတ္ထ''ဟုဆိုသည်၊ [ယခု ဋီကာစာအုပ်များ၌ အခြား ၂−နည်းကိုလည်း တွေ့ရသေး၏၊ ထိုနည်းများကို ဋီကာနိဿယ၏ အဓိပ္ပာယ်၌ စိစစ်ထားသည်။]
ရှေးနိဿယ။ ။''ပဝတ္ထမာနာစ ရုစိဝသေန ဧကသ္မိံ အနေကေသု''ဟူသော ဋီကာစကားနှင့် ''ပုရိမဂါထာယ ပန သတ္တေသု ကရုဏာ ယထာရုစိ ပဝတ္ထိတ္ထာတိ သပ္ပဒေသသတ္တဝိသယာ နိပ္ပဒေသသတ္တဝိသယာစ သဗ္ဗာ ဝုတ္တာ''ဟူသော နောက်စကားကိုထောက်၍ ''သတ္တေသု− အကြွင်းရှိသော သတ္တဝါ, အကြွင်းမရှိသော သတ္တဝါတို့၌''ဟု ပေးလေသည်၊ ထိုဋီကာ၏အလိုကား မဟာကရုဏာ တော်သည် သတ္တဝါတစ်ယောက်ကို အာရုံပြုတော်မူလိုလျှင် ပြုနိုင်, သတ္တဝါအများကို အာရုံပြုတော် မူလိုလျှင်လည်း ပြုနိုင်သည်ကို ''ယထာရုစိ''အရ ဖွင့်ပြခြင်းသာဖြစ်၏၊ ထိုအတိုင်း အနက်ပေးစေလိုရင်း မဟုတ်ပါ။
ပဝတ္တိတ္ထ။ ။ဋီကာ၌ ''ဥပ္ပဇ္ဇိတ္ထ''ဟုဖွင့်၏ ။ ပပုဗ္ဗ ဝတုဓာတ်, အဇ္ဇတနီ အာ−ဝိဘတ်ကိုတ္ထ ပြုထားသည်၊ ''ပဝတ္တိတေ စ ပန ဘဂဝတာ ဓမ္မစက္ကေ''စသည်၌ အဖန်ဖန်ဖြစ်ခြင်း, လည်ခြင်းအနက်ကို ဟောရကား ဤနေရာ၌ ထိုအနက်ကို ယူမည်စိုး၍ ''ဥပ္ပဇ္ဇိတ္ထ''ဟု ဖွင့်ခြင်းဖြစ်သည်၊ မဓုဋီကာ၌ကား ''ပဝတ္တနံနာမ ဥပ္ပတ္တိဋ္ဌိတိ ဝသေန ဒုဝိဓံ၊ တေသု ဥပ္ပတ္တိံ ဒဿေတုံ ဥပ္ပဇ္ဇိတ္ထာတိ ဝုတ္တံ''ဟုဆို၏၊ ကျမ်းဆရာ၏အာဘော်ကျမည် မထင်၊ ''စိတ္တံ ဥပ္ပန္နံ ဟောတိ''ဟူသော ပါဌိ၌ ခဏတ္တယသို့ ရောက် ခြင်းကို ''ဥပ္ပန္န''ဟု ဤအဋ္ဌကထာ ဖွင့်လိမ့်မည်၊ ဥပ္ပန္နနှင့် ဥပ္ပဇ္ဇိတ္ထတည်း သဘောတူပင်။
ဒယာယ တာယ၊ပေ၊သမ္ပဝတ္တယိ။ ။ဤဆိုအပ်ပြီးသော ပထမဂါထာဖြင့် ဘုရားဂုဏ်တော် အားလုံးကို သိမ်းကျုံးနိုင်သော ကရုဏာ ပညာတော်ဖြင့် မြတ်စွာဘုရားကို အကျဉ်းချုပ်အားဖြင့် ချီးမွမ်းတော်မူပြီး၍ ယခုအခါ ပစ္စေကဗုဒ္ဓါသာဝကတို့နှင့် ဆက်ဆံခြင်းမရှိသော အဘိဓမ္မာဒေသနာတော်ဖြင့် ချီးမွမ်းခြင်းငှာ ဒယာယ တာယ အစရှိသော ဂါထာစကားရပ်ကို မိန့်ဆိုအပ်သတည်း၊ထိုဂါထာတော်၏ ဆိုလိုရင်းကား−''ပညာ၏ ဥပမာနအဖြစ်ဖြင့် ပြအပ်ခဲ့သော ထိုမဟာကရုဏာတော်သည် နှိုးဆော် တိုက်တွန်းအပ်သည်ဖြစ်၍ အဘိဓမ္မကထာအစဉ်ကို ဟောတော်မူသည်''ဟူလို၊ [သမုဿာဟိတော ဟုတွာကို အဘိဓမ္မထာမဂ္ဂံ သမ္ပဝတ္တယိ၌ လှမ်းစပ်ပါ။ဩ
(ယော သမ္ဗုဒ္ဓေါ−အကြင်မြတ်စွာဘုရားသည်။) သတ္တေသု၊ သတ္တဝါတို့၌။ တာယ ဒယာယ၊ ပညာ၏ ဥပမာနဖြစ်သော ထိုမဟာကရုဏာတော်သည်။ သမုဿာဟိတ မာနသော၊ ကောင်းစွာအားထုတ်စေအပ်သော စိတ်ရှိတော်မူသည်။ ဝါ၊ ကောင်းစွာ တိုက်တွန်း အပ်သော စိတ်ရှိတော်မူသည်။ (ဟုတွာ၊ ၍လည်းကောင်း)။ (တစ်နည်း) တာယ ဒယာယ၊ သည်။ သတ္တေသု၊ သတ္တဝါတို့၌။ ဝါ၊ သတ္တဝါတို့ကြောင့်။ သမုဿဟိတမာန သော၊ သည်။ ဝါ၊ သည်။ (ဟုတွာ၊ ၍လည်းကောင်း)။ ပါဋိဟီရာဝသာနမှိ၊ တန်ခိုးပြာဋိဟာကို ပြုတော်မူခြင်း၏ အဆုံး၌။ တိဒသာလယေ၊ တာဝတိံသာနတ်ပြည်၌။ ဝသန္တော၊ ‌နေတော်မူစဉ်။ဒယာယ တာယ။ ။ တာယ၌ တ သဒ္ဒါသည် ဝုတ္တာပေက္ခ (ဆိုအပ်ခဲ့ပြီးအနက်ကိုငဲ့သော)တ သဒ္ဒါ, ဝုစ္စမာနာပေက္ခ(အိုအပ်လတ္တံ့ အနက်ကိုငဲ့သော) တသဒ္ဒါဟု ၂−မျိုးရှိ၏၊ ဤနေရာ၌ကား ဝုတ္တာပေက္ခတည်း၊ ထို့ကြောင့် ဋီကာ၌ ''တာယာတိ အယံ တသဒ္ဒေါ ဝုတ္တဿ ပဋိနိဒ္ဒေသော ဟောတိ''ဟု ဖွင့်သည်။
အပဓာနကို ပြန်ညွှန်းနိုင်ပုံ။ ။တ သဒ္ဒါဖြင့် ပြန်၍ညွှန်းပြရာ၌ ရှေ့ဝါကျက ပဓာနကို ပြန်၍ညွှန်းပြရိုးဖြစ်၏၊ ရှေ့ဝါကျ၌လည်း ''မဟာကရုဏာနှင့် တူသော ပညာ''ဟု ဆိုလိုရင်းဖြစ်သာကြောင့် ကရုဏာသည် ပညာ၏ ဝိသေသန ဥပမာနမျှဖြစ်ရကား အပဓာနတည်း၊ ပညာသည်သာ ဥပမေယျဝိသေသျ ဖြစ်သောကြောင့် ပဓာနတည်း၊ ထို့ကြောင့် ''တသဒ္ဒါဖြင့် ရှေ့ဝါကျက ပဓာနဖြစ်သော ပညာကို ပြန်၍ညွှန်းထိုက်သည် မဟုတ်ပါလော''ဟု စောဒနာဖွယ်ရှိ၏။
**အဖြေကား**−ပညာသည် ရှေ့ဝါကျ၌ ပဓာနဖြစ်သည်ကား မှန်ပါ၏၊ သို့သော် ထိုပညာသည် သမုဿာဟိတမာနသောအရ တိုက်တွန်းတတ်သော ကတ္တားမဟုတ်, ကရုဏာသည်သာ တိုက်တွန်းတတ် သော ကတ္တားဖြစ်၏၊ ထိုသို့ ကရုဏာက ''သမုဿာဟိတော''အရ တိုက်တွန်းတတ်သော ကတ္တား ဖြစ်သောကြောင့်လည်းကောင်း, ''တာယ ဒယာယ''ဟု ကရုဏာအနက်ဟော ဒယာသဒ္ဒါကို တိုက်ရိုက်ပြထားသောကြောင့်လည်းကောင်း, ထိုဒယာနှင့် တာယ၏ အရတူ သမာနာဓိကရဏ ဖြစ်သောကြောင့်လည်းကောင်း ''သုတာနုမိတေသု သုတမေဝ ဗလဝံ၊ တိုက်ရိုက်ကြားသိအပ်သောအရာ, မှန်းဆအပ်သောအရာတို့တွင် တိုက်ရိုက်ကြားသိအပ်သော အရာသည်သာ အားရှိ၏''ဟု ပရိဘာသာ ရှိသောကြောင့်လည်းကောင်း, တာယ၌ တသဒ္ဒါဖြင့် ရှေ့ဝါကျက ကရုဏာကိုသာ ပြန်၍ညွှန်းပြရပါသည်။
ဒယာယလည်း ပဋိနိဒ္ဒေသ။ ။''တာယသဒ္ဒါက ရှေ့ဂါထာ၌လာသော ကရုဏာကို ပြန်၍ညွှန်း သော ပဋိနိဒ္ဒေသသဒ္ဒါဖြစ်လျှင် ဒယာယသဒ္ဒါသည် အပိုဖြစ်နေသည် မဟုတ်ပါလော''ဟု စောဒနဖွယ် ရှိ၏၊ အဖြေကား−ဒယာယသည် တာယနှင့် တုလျာဓိကရဏ ဖြစ်သော ကြောင့် တာယသဒ္ဒါ၏ ပဋိနိဒ္ဒေသသဒ္ဒါဖြစ်ဖြင့် သုံးစွဲရသောသဒ္ဒါဖြစ်သည်။ [တဿ စ ယထာ ဝိသေသနံ ဟောတိ တာယာတိ ဣဒံ ဝစနံ၊ တထာ တဿ ပဋိနိဒ္ဒေသဘာဝေါ ယောဇေတဗ္ဗော၊− ဋီကာ။]
ဒယာ၏ အနက် ၂−မျိုး။ ။''ဒယဓာတ်သည် ဒါနအနက်, ဂတိအနက်, ရက္ခဏအနက်ကိုဟော၏'' ဟု ဓာတ်ကျန်းတို့၌ဆို၏၊ ထိုတွင် ရက္ခဏအနက်ကိုယူ၍ ''ဒယတိ− သတ္တဝါတို့ကို စောင့်ရှောက်တတ်၏၊ ဣတိ ဒယာ''ဟု ဝစနတ္ထပြု၍ ဒယာ သဒ္ဒါသည် သတ္တဝါတို့ကို စောင့်ရှောက်တတ်သော မေတ္တာကိုလည်းကောင်း, ကရုဏာကိုလည်းကောင်းဟော၏၊ ထို့ကြောင့် အဋ္ဌကထာတို့၌ ''ဒယာပန္နေတိ−မေတ္တစိတ္တတံ အာပန္နော''ဟုလည်းကောင်း, ''အဒယာပန္နောတိ−နိက္ကရုဏတံ အာပန္နော''ဟုလည်းကောင်း အရာဌာနကိုလိုက်၍ ရသင့်ရာအနက်ကို ဖွင့်ကြသည်၊ ဤ၌လည်း တိုက်တွန်းတတ်သော တရားမှာ ကရုဏာသာဖြစ်သောကြောင့် ''ဒယာယ''အရ ကရုဏာကိုသာ ယူရပေသည်၊ ထို့ကြောင့် ''ဧကံ သမယံ, တေန သမယေန'' ပုဒ်တို့ကိုဖွင့်ပြရာ သီလက္ခန်ပါရာဇိကဏ် အဋ္ဌကထာတို့၌ ''အစ္စန္တမေဝ ဟိတံ သမယံ (ထိုတရားဟောတော်မူရာအခါ၌) ဘဂဝါ ကရုဏာဝိဟာရေန ဝိဟာတိ'' ဟု မိန့်ကြသည်။
သတ္တေသု။ ။ဤပုဒ်ကို တာယ ဒယာယ၌ စပ်ရသောနည်း, သမုဿာဟိတ၌ စပ်ရသောနည်းနည်းဟု ဋီကာ၌ ၂−နည်းဖွင့်၏၊ ဒယာယ၌စပ်လျှင် ''ဒယာ၏ အာရုံဖြစ်သောသတ္တဝါများ''ဟု မှတ်ပါ၊ သမုဿာဟိတ၌ စပ်လျှင်ကား''သမုဿာဟနကြိယာ၏ ဝိသယာဓရ, တစ်နည်း−သမုဿာဟန ကြိယာ၏ အကြောင်းနိမိတ်''ဟု မှတ်ပါ၊ ထိုတွင် ဒယာယ၌စပ်သောအခါ ''သတ္တေသု−အကြွင်းမရှိ သော သတ္တဝါတို့၌၊ တာယ ဒယာယ−သည်''ဟု သတ္တေသုကို တာယ ဒယာယ၏အလျင်ပေးရသည်၊ သမုဿာဟိတဝယ် စပ်ရာ၌ကား ''တာယ ဒယာယ'' နောက်မှပေးရသည်၊ နိသျ၌ ဤအတိုင်းပင် ၂−နည်းပေးထားသည်။
သတ္တေသုအတွက် မေးဖွယ်။ ။ပထမနည်းအရ သတ္တေသုသည် ကရုဏာ၏ အာရုံဖြစ်လျှင် ရှေ့ဂါထာ၌လည်း ''ကရုဏာပိယ သတ္တေသု''ဟု အာရုံကိုပြသော သတ္တေသုသဒ္ဒါရှိပြီးဖြစ်သောကြောင့် ဤဂါထာ၌ ''သတ္တေသု''ဟု ထပ်၍ဆိုခြင်းသည် ပုနရုတ္တိဒေါသ ရောက်စရာ မရှိပါလော−ဟု စောဒနာဖွယ်ရှိ၏၊ အဖြေကား−ရှေ့ဂါထာ၌ ''သတ္တေသု ကရုဏာယထာရုစီ ပဝတ္တိတ္ထ''ဟု ယထာရုစိသဒ္ဒါဖြင့် ဆိုခဲ့၏၊ ထိုယထာရုစိ၏ အဓိပ္ပာယ်ကား သတ္တဝါတစ်ယောက်အပေါ်၌ ဖြစ်စေလိုလျှင် ကရုဏာသည် တစ်ယောက်အပေါ်၌ဖြစ်နိုင်၏၊ ထိုကရုဏာကို သပ္ပဒေသသတ္တဝိသယကရုဏာဟု ခေါ်၏၊ အများအပေါ်၌ဖြစ်စေလိုလျှင်လည်း ထိုကရုဏာသည် အားလုံးအပေါ်၌ ဖြစ်နိုင်၏၊ ထိုကရုဏာကို နိပ္ပဒေသသတ္တဝိသယ ကရုဏာဟုခေါ်သည်၊ ဤဂါထာ၌လာသော ကရုဏာကား နိပ္ပဒေသသတ္တ(သတ္တဝါအားလုံးကို) အာရုံပြ၏၊ ဤသို့ရှေ့ဂါထာလာ သတ္တေသုအရ၌ သပ္ပဒေသသတ္တ, နိပ္ပဒေသသတ္တဟု အဓိပ္ပာယ် ၂−မျိုးရခြင်း, ဤဂါထာလာ သတ္တေသုအရ၌ နိပ္ပဒေသသတ္တ တစ်မျိုးကိုသာ ရခြင်းကြောင့် နောက် သတ္တေသုကို ဆိုသည့်အတွက် ပုနရုတ္တိဒေါသ မရောက်ပါ−ဟူလို။
သပ္ပဒေသ။ ။ပဒိဿတေတိ ပဒေသော (မည်သည့်သတ္တဝါများ ကျန်သေး၏ဟုညွှန်ပြအပ်သော အစိတ်အပိုင်း) သဟ+ပဒေသေန ယေ ဝတ္တန္တီတိ သပ္ပဒေသာ−ညွှန်ပြအပ်သောအစိတ်အပိုင်းနှင့်တကွ ဖြစ်ကြသော သတ္တဝါတို့၊ ဤသို့ သဒ္ဒါနက်သာဖြစ်သင့်၏၊ ''သပ္ပဒေသ−အကြွင်းရှိသောသတ္တဝါ''ဟု ပေးအပ်သောအနက်မှာ အဓိပ္ပာယ်နက်သာ၊ ''နိပ္ပဒေသာ−ညွှန်ပြအပ်သောအစိတ်အပိုင်းမရှိကြသော သတ္တဝါတို့၊ ဝါ−အကြွင်းမရှိသော သတ္တဝါတို့''ဟု အနက်ပေးရာ၌လည်း နည်းတူ။
သတ္တေသု၏ နောက်နည်း။ ။သတ္တေသုကို သမုဿာဟိတဝယ် စပ်ရသော နောက်နည်း၌ကား ''မြတ်စွာဘုရား၏ ကရုဏာတော်သည် ဒေဝတို့အပေါ်သာမက, သတ္တဝါအားလုံးအပေါ်၌တိုက်တွန်းအပ်သည်ဖြစ်၍ အဘိဓမ္မကထာအစဉ်ကို ဟောတော်မူသည်''ဟု သတ္တေသုကို သမုဿာဟန ကြိယာ၏ ဝိသယာဓာရအဖြစ်ဖြင့်လည်းကောင်း, ''ထိုသတ္တဝါအားလုံးကြောင့် (သတ္တဝါအားလုံး၏စီးပွားအလို့ငှာ) အဘိဓမ္မကထာစဉ်ကိုဟောတော်မူသည်''ဟု သတ္တေသုကို နိမိတ်အနက်အဖြစ်ဖြင့်လည်းကောင်း, ဋီကာဖွင့်သည်၊[ နိမိတ်အနက်ပေးရာ၌ ''စမ္မနိ ဒီပိနံ ဟန္တိ+သစ်ကို အရေကြောင့်သတ်၏'' ဟုဆိုလျှင် အရေသည် သတ်ခြင်းကြောင့် ရအပ်သော အကျိုးလည်း ဖြစ်နိုင်သကဲ့သို့, သတ္တေသု၌လည်း ''သတ္တဝါတို့ကြောင့်''ဟု နိမိတ်အနက်ဆိုလျှင် ''သတ္တဝါတို့အကျိုးငှာ''ဟူသော အဓိပ္ပာယ်လည်း ဖြစ်နိုင်၏၊ ထို့ကြောင့် ဋီကာ၌ ''သဗ္ဗေသံ အတ္ထာယ''ဟု တဒတ္ထသမ္ပဒါန်ဖြင့် စကားသုံးသည်။]
သမုဿာဟိတမာနသော။ ။[သံ+ဥ+သာဟိတ၊]သာဟိတ၌ သဟဓာတ်, ကာရိတ်ဏေပစ္စည်းကြေ, တပစ္စည်း၊ ''ဥဿာဟ−အားထုတ်ခြင်း၊ ဥဿာဟိတ−အားထုတ်စေအပ်''ဤသို့ သဒ္ဒတ္ထမှတ်ပါ၊ ''အားထုတ်စေ''ဟူသည်လည်း အဘိဓမ္မာတရားတော်ကို ဟောဖြစ်အောင် တိုက်တွန်းခြင်းတည်း၊ ထို့ကြောင့် ''ဥယျောဇိတ''ဟု ဋီကာ၌ အဓိပ္ပာယ်ဖွင့်သည်၊ [ဥဿာဟီယတေတိ ဥဿာဟိတံ၊ မနောဧဝ+မာနသံ၊ သွတ္ထ၌ ဏပစ္စည်းသက်, သ−လာ၊ သမ္မာ+ဥဿာဟိတံ သမုဿာဟိတံ၊ သမုဿာဟိတံ+မာနသံ ယဿာတိ သမုဿာဟိတမာနသော။]
ပါဋိဟီရာ၊ပေ၊ဝသန္တော။ ။''ဒယာယ၊ပေ၊မာနသော''တိုင်အောင်သာ စကားဖြင့် အဗ္ဘန္တ ရနိဒါန်းကို ပြပြီး၍ ယခုအခါ ဗာဟိရနိဒါန်းကိုပြလိုသောကြောင့် ''ပါဋိဟီရာဝသာနမှိ''စသော စကားရပ်ကို မိန့်တော်မူသည်၊ ကရုဏာကို ဒေသကပုဂ္ဂိုလ်၏ အတွင်း၌ဖြစ်သောကြောင့် ''အဗ္ဘန္တ ရနိဒါန်း''ဟုခေါ်၏၊ အဗ္ဘန္တ ရ−ခန္ဓာကိုယ်၏ အတွင်းဖြစ်သော+နိဒါန−အဘိဓမ္မာဒေသနာ ၏ အကြောင်း၊ ထိုအဗ္ဘန္တ ရနိဒါန်းကို ''ဒယာယ၊ပေ၊ သမုဿာဟိတမာနသော'' ပါဌ်ဖြင့်ပြခဲ့၏၊ ကာလ, ဒေသ, ပရိသတ်ကို ''ဗာဟိရနိဒါန်း''ဟု ခေါ်၏၊ [ဗာဟိရ−ခန္ဓာကိုယ်၏ ပြင်ပဖြစ် သော+နိဒါန၊] ဟောရာကာလ, ဟောရာအရ,ပ် တရားနာမည့် ပရိသတ်မရှိလျှင် ထိုဒေသနာမဖြစ်နိုင်၊ ထိုကာလစသည်တို့ရှိမှသာ ထိုဒေသနာဖြစ်နိုင်၏၊ ထို့ကြောင့် ကာလစသည်ကို ''ဗာဟိရနိဒါန်း''ဟု ခေါ်သည်။
ကာလနိဒါန်း။ ။ထို ဗာဟိရနိဒါန်းတို့တွင် ''ဟောရာကာလ''ဟူသော ကာလနိဒါန်းကို ပြလိုသောကြောင့် ''ပါဋိဟီရာဝသာနမှိ ဝသန္တော''ကို မိန့်သည်၊ မှန်၏ ၊−''တန်ခိုးပြာဋိဟာကို ပြခြင်း ကိစ္စ၏အဆုံး၌ တာဝတိံ သာဝယ်နေတော်မူစဉ် အဘိဓမ္မကထာအစဉ်ကို ဟောတော်မူပြီ''ဟုဆိုသဖြင့် တန်ခိုးပြပြီးအဆုံး၌ နေတော်မူခြင်းဖြင့် အဘိဓမ္မာတရားတော်၏ ဟောရာကာလကို(အခြားကာလတို့နှင့် မရောအောင်)ပိုင်းခြားထား၏၊ ထိုသို့ပိုင်းခြားသောကြောင့် ''တန်ခိုးပြပြီး၏အဆုံးတာဝတိံသာ၌ နေတော်မူစဉ်''ဟူသော စကားဖြင့် ဟောရာကာလကိုပြ၏ဟုဆိုရသည်၊ ဥပမာ− ''အက္ကောစ္ဆိမန္တိဣမံ ဓမ္မဒေသနံ သတ္ထာ ဇေတဝနေ ဝိဟရန္တော ၊ပေ၊ ကထေသိ''ဟူရာ၌ ဝိဟရန္တောဖြင့် ''နေတော်မူစဉ်, နေတော်မူတုန်း, နေတော်မူရာအခါ''ဟူသော ကာလကိုပြသကဲ့သို့တည်း၊ ထို့ကြောင့်ပင် ''ဝသန္တော− နေတော်မူပြီးထသော''ဟု ရှေးနိဿယပေးသလို မပေးဘဲ ''နေတော်မူစဉ်''ဟု ပေးသည်၊ [ယသ္မိံ ကာလေဘဂဝတာ အဘိဓမ္မကထာမဂ္ဂေါ ပဝတ္တိတော၊ တံ−ထိုကာလကို၊ ဒဿေတုံ ပါဋိဟီရာဝသာနမှိ ဝသန္တောတိ ဝုတ္တံ၊−ဋီကာ။]
ပါဋိဟီရာဝသာနမှိ။ ။ပတိပုဗ္ဗ, ဟိ(ဂဟိမှိ)ဓာတ်ကို ဟီရဏ်ပြု, ပ၏ အကိုဝုဒ္ဓိပြု၍ ''ပါဋိဟီရံ''ဟု ကစ္စည်းရှိ၏၊ ပတိပက္ခေ−ဆန့်ကျင်ဘက်ကိလေသာ ဆန့်ကျင်ဘက် တိတ္ထိတို့ကို၊ မဒ္ဒိတွာ−နှိမ်နင်း၍၊ ဟိနောတိ ဂစ္ဆတိ ပဝတ္တတိ−ဖြစ်တတ်၏ ၊ ဣတိပါဋိဟီရံ၊ ဤ''ပါဋိဟီရံ''ပုဒ်နှင့်ပါဋိဟာရိယံပုဒ်သည် အနက်အရတူ၏၊ ထို့ကြောင့် ပါဋိဟာရိယံပုဒ်ကို ရှေးဦးစွာဖွင့်ပြီးမှ''ပါဋိဟာရိယမေဝ ဣဓ ပါဋိဟီရန္တိ ဝုတ္တံ''ဟု ဋီကာမိန့်သည်။ [ထို ပါဋိဟာရိယပုဒ်၏ ဝစနတ္ထကို ဋီကာနှင့် ဋီကာနိဿယ၌ရှုပါ။]
ပါဋိဟာရိယ ၃ မျိုး။ ။သီလက္ခန် ကေဝဋ္ဋသုတ်၌ ပါဋိဟာရိယ ၃မျိုးကို ဟောတော်မူ၏၊ ဣဒ္ဓိပါဋိဟာရိယ, အာဒေသနာပါဋိဟာရိယ, အနုသာသနီပါဋိဟာရိယတည်း၊ ထိုတွင် ဣဒ္ဓိဝိဓ အဘိညာဉ်၌လာသော ရေမီးအစုံထွက်အောင် ဓိဋ္ဌာန်ခြင်း စသော တန်ခိုးအမျိုးမျိုးကို ဣဒ္ဓိပါဋိဟာရိယဟု ခေါ်၏ ၊သူတစ်ပါးစိတ်ကို ပရစိတ္တဝိဇာနန(စေတောပရိယ)အဘိညာဉ်ဖြင့်သိ၍ ''သင့်မှာယခု မည်သည့်စိတ်ဖြင့်နေ၏''ဟု ညွှန်ပြခြင်းကို အာဒေသနာပါဋိဟာရိယဟု ခေါ်၏၊ ''ဤသို့မကြံနှင့်, ဤသို့ ကြံလော၊ ဤသို့ မပြောနှင့်, ဤသို့ မပြုနှင့်, ဤသို့ပြောလော, ဤသို့ပြုလော''ဟု သွန်သင်ခြင်း (တရားဟောပြော၍ဆုံးမခြင်း) ကို အနုသာသနီပါဋိဟာရိယ ဟု ခေါ်၏။
ဣဒ္ဓိပါဋိဟာရိယ ယူ။ ။ထို ၃ မျိုးတွင် ပါဋိဟီရာဝသာနမှိ၌ ပါဋိဟီရ အရ ဣဒ္ဓိပါဋိဟာရိယကို ယူပါ၊ ထို ဣဒ္ဓိပါဋိဟာရိယသည်လည်း ဗောဓိပင်အောက်၌ ပြုအပ်သော ယမကပါဋိဟာရိယ, ကပိလဝတ်ပြည်သို့ ပထမအကြိမ် ရောက်တော်မူသောအခါ ဆွေတော်မျိုးတော်အလယ်၌ ပြုအပ်သော ယမကပါဋိဟာရိယ, သာဝတ္ထိမြို့−ကဏ္ဍဥယျာဉ်စောင့် စိုက်အပ်သော သရက်ပင် (ကဏ္ဍမ္ဗ)အနီး၌ပြုအပ် သော ယမကပါဋိဟာရိယ, စသည်ဖြင့် အများအပြားရှိ၏၊ ထိုတွင် ''အဝသာနေ ဝသန္တော တိဒသာလယေ''ကို ထောက်၍ ကဏ္ဍမ္ဗမူလ၌ပြုအပ်သော ပါဋိဟာရိယကိုသာ ယူရသည်၊ ဘာ့ကြောင့်နည်း၊ ထိုကဏ္ဍမ္ဗမူလ၌ ပြုအပ်သော ပါဋိဟာရိယ၏ အဆုံးဝယ် တာဝတိံသာနတ်ပြည်၌ သီတင်းသုံးတော်မူသောကြောင့်တည်း။
တိဒသာလယေ။ ။ဤ ''တိဒသာလယေပါဌ်ဖြင့် အဘိဓမ္မာတရား ဟောတော်မူရာဒေသကိုပြ၏၊ ဆက်ဦးအံ့−နတ်အနက်ဟော ပရိယာယ်ပုဒ်တို့ကိုပြရာ၌ ''တိဒသာတွမရာ ဒေဝေါ''စသည်ဖြင့်ပြ၏၊ ထို့ကြောင့် တိဒသာ သဒ္ဒါသည် (တာဝတိံသာနတ်သာမက) နတ်အားလုံးကို ဟော၏၊ တိအဓိကာစ+ တိအာဝတ္တာစ+ဒသ ယေသံတိတိဒသာ''ဟု ပြု၊ ယေသံ−အကြင်နတ်တို့၏၊ တိအဓိကာစ− ၃ ယောက်အလွန်ရှိသည်လည်း ဖြစ်ကုန်သော၊ တိအာဝတ္တာစ−၃−ပြန်သည်လည်းဖြစ်ကုန်သော၊ (၃−ခုတို့ဖြင့် မြှောက်အပ်သည်လည်းဖြစ်ကုန်သော၊) ဒသ−တစ်ဆယ်တို့သည်၊ သန္တိ ဣတိ တိဒသာ၊ [''တိအဓိက တိအာဝတ္တဒသာ''ဟု ဖြစ်သင့်လျက်တိအဓိက အာဝတ္တပုဒ်တို့ကိုချေ၊] ''၃−ကျိပ် ၃−ယောက်သောနတ်တို့''ဟူလို၊ ''၃−ကျိပ် ၃−ယောက်''ကား အက္ကနတ်မျိုး (၁၂), ရုဒ္ဓနတ်မျိုး (၁၁), ဝသုနတ်မျိုး (၈), ဝိဿ(ဝိသု)နတ်မျိုး(၂)တည်း၊ ဤကား နတ်အားလုံးနှင့်ဆိုင်အောင်ပြသော ထောမနိဓိ ဝိဂ္ဂဟတည်း၊ ဤဝိဂ္ဂဟသည်သာ နတ်အားလုံးကို ''တိဒသာ''ဟုပြသော အဘိဓာန်(၁၁)ဂါထာ နှင့်ညီသည်၊ အလ္လိယတိ ဧတ္ထာတိ အာလယော−ငြိကပ်တွယ်တာ တည်နေရာအရပ်၊ တိဒသာနံ−၃−ကျိပ် ၃−ပါး နတ်အမျိုးအစားတို့၏ +အာလယော−ငြိကပ်တွယ်တာ တည်နေရာတည်း၊ တိဒသာလယော−ရာ၊ ဤစကားအရ နတ်ပြည် ၆−ထပ်လုံးကို ''တိဒသာလယ''ဟုခေါ်သည်၊ [''ဒေဝလောကော ဒိဝေါ သဂ္ဂေါ, တိဒိဝေါ တိဒသာလယော'' (၁၀)အဘိဓာန်၊] သို့သော် မြတ်စွာဘုရားတို့၏ အဘိဓမ္မာတရားဟောတော်မူရာ ဒေသသည် တာဝတိံသာနတ်ပြည်သာဖြစ်၍ ဤနေရာ၌ တာဝတိံသာကို ဧကဒေသျူပစာရအားဖြင့် ''တိဒသာလယ''ဟု ယူပါ။
ပါရိစ္ဆတ္တကမူလမှိ၊ ပင်လယ်ကသစ်ပင်၏ အနီးအောက်၌။ ပဏ္ဍုကမ္ဗလနာမကေ၊ ပဏ္ဍုကမ္ဗလာ အမည်ရှိသော။ သိသာသနေ၊ ကျောက်နေရာ၌။ (သမ္ဘဝေ၊ ဖြစ်သင့်ခြင်းသည်။ သတိ၊ ရှိလသော်)။ ယုဂန္ဓရေ၊ ယုဂန္ဓိုရ်တော်ပေါ်၌။ အာဒိစ္စော၊ နေမင်းသည်။ သောဘေယျ ဣဝ၊ တင့်တယ်ရာသကဲ့သို့။ ဧဝံ၊ ဤအတူ။ သန္နိသိန္နော၊ တင့်တယ်စွာ ထိုင်နေတော်မူသည်။ ဟုတွာ၊ ဖြစ်၍လည်းကောင်း။ (သမ္ပဝတ္တယိ၌စပ်)။မြန်မာသုံး။ ။''တယော+ဒသ တိဒသ (၃ ကျိပ်တို့)၊ တီဟိ+အဓိကာ+တိဒသတိတိဒသ''ဟု ဆိုလိုလျက် တိတစ်လုံးကြေဟု မဓုဋီကာဖွင့်၏၊ ထို၃−ကျိပ် ၃−ယောက်တို့ကား ''မဃလုလင် ဘဝတုန်းက ကောင်းမှုပြုဘက်ဖြစ်ကြသော သိကြားနှင့်နတ်မင်းကြီးများ''ဟု ယူကြသည်၊ ထိုသို့ယူ၍ထိုနတ်တို့၏တည်နေရာဖြစ်သော တာဝတိံသာကိုသာ ''တိဒသာလယ''ဟု ဆိုကြ၏၊ ထိုအဆိုသည် ပြခဲ့သော အဘိဓာန်နှင့် မညီ။ [အခြားတစ်နည်းကို ရူပသိဒ္ဓိဘာသာဋီကာ ဗဟုဗ္ဗီဟိသမာသ်၌ ရှူပါ။]
ပါရိစ္ဆတ္တကမူလမှိ။ ။ဤပါဌ်ဖြင့် ဒေသဝိသေသကိုပြ၏၊ ''သာဝတ္ထိယံ ဇေတဝနေ'' ကဲ့သို့ တိဒသာလယေသည် သာမညဒေသ, ပါရိစ္ဆတ္တမူလမှိကား ဝိသေသဒေသတည်း၊ ထောမနိဓိ အဘိဓာန်၌ ''ပါရိစ္ဆတ္တက''ဟုမရှိ၊ ''ပါရိဇာတ (ပါရိဇာတက)''ဟုသာရှိ၏၊ ပါရံ ယဿာတိ ပါရီ−ဟိုဘက်ကမ်းရှိ သမုဒ္ဒရာ၊ ပါရိမှိ−သမုဒ္ဒရာ၌(ပင်လယ်၌)+ဇာတော−ဖြစ်သော ကသစ်ပင်တည်း၊ ပါရိဇာတော−သမုဒ္ဒရာ ပင်လယ်၌ဖြစ်သော ကသစ်ပင်၊ သွတ္ထ၌ ကပစ္စည်းသက်လျှင်၊ ''ပါရိဇာတကော''ဟုဖြစ်၏၊ ထိုသစ်ပင်နှင့်တူသောကြောင့် တာဝတိံသာ၌ရှိသော သစ်ပင်ကိုလည်း ''ပင်လယ်ကသစ်ပင်''ဟုပင် ခေါ်ကြဟန် တူသည်။
**ပါရိစ္ဆတ္တကပုဒ်ကိုကား**−''ဆတ္တံ ဝိယာတိ ဆတ္တကော၊ ပရိ(သမန္တ တော)+ဆတ္တကော+ ပရိစ္ဆတ္တကော၊ ထက်ဝန်းကျင် ထီးနှင့်တူသောသစ်ပင်၊ ပရိစ္ဆတ္တကောဝ+ပါရိစ္ဆတ္တကော''ဟု သွတ္ထတဒ္ဓိတ်ဆင့်၍ ဏပစ္စည်းသက်၊ ပါရိစ္ဆတ္တကဿ+မူလံ ပါရိစ္ဆတ္တကမူလံ၊ ''မူလ''သဒ္ဒါသည် သမီပ (သန္တိက) အနက်ဟောတည်း။
ပဏ္ဍု၊ပေ၊သနေ။ ။ဤပါဌ်ဖြင့်လည်း ဒေသဝိသေသကိုပင် ထပ်၍ပြသည်၊ ပင်လယ်ကသစ်ပင်၏ အနီးအောက်ဝယ် ပဏ္ဍုကမ္ဗလာ​ကျောက်နေရာ(ကျောက်ဖျာ)ပေါ်၌ထိုင်တော်မူသည်−ဟူလို၊ ပဏ္ဍုစ−ဖျော့တော့ဝင်းဝါသည်လည်းဟုတ်၏၊ သော+ကမ္ဗလောစ−ကမ္ဗလာလည်းဟုတ်၏၊ ဣတိ ပဏ္ဍုကမ္ဗလော၊ ပဏ္ဍုကမ္ဗလသဒိသာ+သိလာ ပဏ္ဍုကမ္ဗလသိလာ၊ သာယေဝ+အာသနံ ပဏ္ဍုကမ္ဗုလသိလာသနံ၊ ''သိလာသန−ကျောက်နေရာ''ဆိုသော်လည်းမာကျောသည်မဟုတ်, နူးညံ့ပျော့ပျောင်း၏၊ ပျော့ပျောင်းပုံကို ဓမ္မပဒ အပ္ပမာဒဝဂ် မဃဝတ္ထုအဋ္ဌကထာ၌ရှုပါ၊ ထို၌ ''ဇယသုမနရတ္တ ကမ္ဗလဝဏ္ဏာ−လယ်ခေါင်ရန်းပွင့် အသွေးနီတွေးသော ကမ္ဗလာ အဆင်းရှိသော၊ ပဏ္ဍုကမ္ဗလသိလာ နိဗ္ဗတ္တိ''ဟု ရှိ၏။
သန္နိသိန္နော ၊ပေ၊ ယုဂန္ဓရေ။ ။သံ+နိသိန္နော၌ သံကို ''သောဘမာနော''ဟုဖွင့်၏၊ တင့်တယ်စွာ နေပုံကို ''အာဒိစ္စောဝ ယုဂန္ဓရေ''ဟု ဥပမာပြသည်၊ ဤဥပမာသည် တကယ်ဖြစ်နိုင်သောဥပမာမဟုတ်, နေမင်းသည် ယုဂန္ဓိုရ်တောင်ပေါ်၌မနေ၊ သို့သော် ''တကယ်ဖြစ်နိုင်လျှင် တင့်တယ်စရာရှိသကဲ့သို့''ဟု မဖြစ်နိုင်သောအရာကို ဥပမာပြသော ပရိကပ္ပေါလည်းပမာတည်း၊ အလင်္ကာကျမ်း (၁၉၈)ဂါထာကို ကြည့်ပါ၊ ထို့ကြောင့် ဋီကာ၌ ''သတိ သမ္ဘဝေ(အကယ်၍ဖြစ်နိုင်လျှင်) ယုဂန္ဓရေ သောဘေယျ''ဟု ''သတိသမ္ဘဝေ''ပုဒ်ကိုလည်းကောင်း, သောဘေယျဟူသော ပရိကပ္ပကြိယာကိုလည်းကောင်း ထည့်၍ဖွင့်သည်။
အမှာ။ ။မဓုဋီကာ၌ကား−ဤနည်းကို ဒုတိယဖွင့်၍ ''သမ္ဘဝေတိ−အဗ္ဘ မဟိကာဓူမရဇောရာဟူဟိ ဝိဂတဘာဝေ သမ္ဘဝေ''ဟု [ပထမအဖွင့်၏၊ ''သမ္ဘဝေ−ဆီးနှင်းမြူတိမ်, သူရိန်အခိုး, ညစ်မျိုးငါးအင်, ကင်းစင်ပျောက်လွင့်, ဖြစ်သင့်သည်ရှိသော် ''ဟု အနက်ပေး၊သို့သော် ထိုနည်းမှာ အာဘော်ကျမည်မထင်၊ ရှေးနိဿယလည်း ဤအဖွင့်ကိုယူသည့်အပြင် သမ္ဘဝသဒ္ဒါ၏ အကြောင်းဟော ပရိယာယ်တွင်ပါဝင်သောကြောင့် ''သမ္ဘဝေ−ဆီးနှင်းမြူတိမ်, သူရိန်မီးခိုး, ညစ်မျိုးငါးဆင့်, လွင့်ပျောက်ခြင်းဟူသော တင့်တယ်ခြင်း၏အကြောင်းသည်''ဟု ပေးထားလေသည်။
မေးဖွယ်။ ။''အခြားတောင်ပေါ်၌ နေးမင်း၏ တင့်တယ်စရာရှိပုံကိုမပြဘဲ အဘယ့်ကြောင့် ယုဂန္ဓိုရ်တောင်ပေါ်၌ တင့်တယ်စရာရှိပုံကို ပြသနည်း''ဟု မေးဖွယ်ရှိ၏၊ အဖြေကား−နေသည်ယုဂန္ဓိုရ်တောင်၏ အစောက်နှင့်ညီမျှသော ကောင်းကင်ခရီးဝယ် လှည့်လည်၏၊ ထို့ကြောင့် ယုဂန္ဓိုရ် တောင်ပေါ်၌ နေ၏ တင့်တယ်စရာရှိပုံကိုသာ ဥပမာပြရသည်။ [ယုဂံ−နေ လ အစုံကို+ဓာရေတိ− ဆောင်ထားသကဲ့သို့ဖြစ်၏၊ ဣတိ ယုဂန္ဓရော၊ ယုဂန္ဓရ−စသော တောင်စဉ် ၇−ထပ်၏ အကြား၌ သီဒါသမုဒ္ဒရာ ၇−စင်းရှိ၏၊ သီဒတိ ဧတ္ထာတိ သီဒါ−ဥဒေါင်းမွှေးကလေးမျှကျလျှင်ပင် နစ်မြုပ်ရာဖြစ်သောကြောင့်သီဒါမည်၏၊ သီဒါယ+ဥပလက္ခိတော ပဗ္ဗတော သီဒါပဗ္ဗတော၊ ဒကို တပြု၍ ''သီတပဗ္ဗတ''ဟုလည်း ရှိသည်။
သဗ္ဗသော၊ အလုံးစုံသော အရပ်မျက်နှာတို့မှ။ ဒသဟိ စက္ကဝါဠသဟဿေဟိ၊ တစ်သောင်းသောစကြဝဠာတို့မှ။ အာဂမ္မ၊ လာ၍။ သန္နိသိန္နေန၊ အညီအမျှနေထိုင်သော။ ဝါ၊ ကောင်းစွာနေထိုင်သော။ ဒေဝါနံ၊ ဥပပတ္တိနတ်, ဗြဟ္မာတို့၏။ ဂဏေန၊ အပေါင်းသည်။ ပရိဝါရိတော၊ ခြံရံအပ်တော်မူသည်။ (ဟုတွာ၊ ဖြစ်၍လည်းကောင်း)။
မာတရံ၊ နတ်မယ်တော်ကို။ ပမုခံ၊ အဦးပဓာနကို။ ကတွာ၊ ပြု၍။ တဿာ ပညာယ၊ မဟာကရုဏာတော်ဖြင့် နှိုင်းယှဉ်အပ်ခဲ့သော ထိုသဗ္ဗညုတဉာဏ်ပညာတော်၏။ တေဇသာ၊ အစွမ်းသုံးဘော် တန်ခိုးတော်ဖြင့်။ အဘိဓမ္မကထာ မဂ္ဂံ၊ ခန္ဓာစသောတရားတို့ကို သိခြင်း၏ အကြောင်းအရင်းဖြစ်သော အဘိဓမ္မာဒေသနာတော်ကို။ ဝါ၊ သစ္စပဋိဝေဓ၏ အကြောင်းဖြစ်သော အဘိဓမ္မာဒေသနာတော်ကို။ (တစ်နည်း)အဘိဓမ္မကထာမဂ္ဂံ၊ အဘိဓမ္မာကို ဟောရာဟောကြောင်းဖြစ်သော ဒေသနာအစဉ်ကို။ ဒေဝါနံ၊ ဥပပတ္တိ နတ်ဗြဟ္မာတို့အား။ သမ္ပဝတ္တယိ၊ ကောင်းစွာ အပြားအားဖြင့် ဖြစ်တော်မူပြီ။ ဝါ၊ ဟောတော်မူပြီ။သဗ္ဗသော။ ။ဤပုဒ်၏ စပ်ပုဒ်ကို ဋီကာ၌ ၃−မျိုးပြထား၏၊ ဤ၌ ပထမတစ်မျိုးကိုသာ အနက်ပေးထားသည်၊ [၃−မျိုးဖွင့်ပုံနှင့် အနက်ပေးပုံကို ဋီကာနိဿယအဓိပ္ပာယ်မှာ ကြည့်ပါ။]
သန္နိသန္နောန။ ။သံကို သမံဟုလည်းကောင်း, သမ္မာဟုလည်းကောင်း ဋီကာဖွင့်၏၊ ထိုအဖွင့်၏ အဓိပ္ပာယ်ကိုလည်း ဋီကာအဓိပ္ပာယ်၌ ရှုပါ။
မာတရံ၊ပေ၊ကတွာ။ ။ဤကတွာကို သိန္နိသိန္နေန၌ စပ်သောနည်း, အဘိဓမ္မကထာမဂ္ဂံ ဒေဝါနံ သမ္ပဝတ္တယိ၌ စပ်သောနည်းဟု ဋီကာ၌ ၂−နည်းဖွင့်ပြ၏၊ ပထမနည်းအလို ''မယ်တော်ကိုအမှူး ပြု၍ ထိုင်နေသောနတ်ဗြဟ္မာအပေါင်း''ဟု အဓိပ္ပာယ်မှတ်၍ ကတွာ၏ ကတ္တားကိုလည်း ''ဒေဝါနံ ဂဏေန''ဟုမှတ်ပါ၊ ဒုတိယနည်းအလို ''မယ်တော်ကို ပဓာနပြု၍ အဘိဓမ္မဒေသနာတော်ကို ဖြစ်စေတော် မူသည်''ဟု အဓိပ္ပာယ်ယူ၍ ကတွာ၏ ကတ္တားကို ''သမ္ဗုဒ္ဓေါ''ဟု မှတ်ပါ။
မှတ်ချက်။ ။''မာတရံ ပမုခံ ကတွာ''ဟု ဆိုသောကြောင့် ''မယ်တော် မာယာသည် ဘုရား အလောင်းတော်ကို ဖွားမြင်ပြီးနောက် ၇−ရက်မြောက်သောအခါ စုတေ၍ တုသိတာနတ်ပြည်၌ မိန်းမ အဖြစ်ဖြင့်သာ ဖြစ်၏'' ဟု ယူသောဝါဒလည်းရှိ၏၊ ''မိန်းမမဟုတ်, သန္တုဿိတနတ်သားအဖြစ်ဖြင့် ဖြစ်၏''ဟု ယူသောဝါဒလည်းရှိ၏၊ ထိုတွင် ''ယောက်ျားအဖြစ်ဖြင့်ဖြစ်၏'' ဟူသော ဝါဒသည် ထေရအဋ္ဌကထာဝါဒတည်း၊ ထိုဝါဒအတိုင်း ''မာတရံ''ဟုဆိုသည်မှာ ရှေးလူဘဝက မယ်တော်အဖြစ်ကို ရည်ရွယ်သည်၊ အမှန်ကား နတ်သားအဖြစ်ဖြင့်သာ ဖြစ်ပါသည်−ဟု ဆိုလိုသည်၊ သို့သော် ထိုထေရ အဋ္ဌကထာသည် ရှေးသံဂါယနာတင် အဋ္ဌကထာမဟုတ်၊ အခြားအဋ္ဌကထာ ဋီကာတို့၌ ထိုစကားမျိုးမရှိ၊ ယောက်ျားဖြစ်ဖို့ရန် ဆုတောင်းလည်း မလာ၊ ဓမ္မတာ၃၀−တွင် ''ဗုဒ္ဓမယ်တော်၏နတ်ပြည်၌ နတ်ယောက်ျားဖြစ်ခြင်း''ဟူသော ဓမ္မတာမပါ၊ ဤသို့အကြောင်းပြ၍ နောက်ပညာရှိတို့က ထေရအဋ္ဌကထာကို စဉ်းစားထိုက်၏−ဟု ဆိုကြသတတ်။ [ထေရဋ္ဌကထာ ပန န သင်္ဂဟာရုဠာ၊ပေ၊တသ္မာ ဝီမံသိတဗ္ဗန္တိပိ ဝိဒူ ဝဒန္တိ၊−မဓုဋီကာ။] ဤဋီကာစကားကိုလည်း ဂဏ္ဌိ၌ ပယ်ထား၏။
**တဿ ပညာယ တေဇသာ **။ ။ကာလ, ဒေသ, ဓမ္မပဋိဂ္ဂါဟကဖြစ်သော ပရိသတ်, ဤ ၃−ရပ်သော ဗာဟိရနိဒါန်းကို ပြပြီး၍ ယခုအခါ ဒေသနာသမုဋ္ဌာန်ကို ပြလိုသောကြောင့် ''တဿာ ပညာယ တေဇသာ''ဟု မိန့်သည်၊ [ဒေသနာယ−အဘိဓမ္မာ ဒေသနာတော်၏+သမုဋ္ဌာနံ− ဖြစ်ကြောင်းတည်း၊] တဿာ ပညာယ၌ တသဒ္ဒါဖြင့် ပထမဂါထာ၌ ပြအပ်ခဲ့သောပညာကို ပြန်၍ညွှန်းသည်၊ ထိုပညာဟူသည်လည်း ပစ္စေကဗုဒ္ဓါ, သာဝကနှင့် အခြားပုဂ္ဂိုလ်တို့၌ မရှိနိုင်သော (မဆက်ဆံသော)−သဗ္ဗညုတဉာဏ်ပညာတော်တည်း၊ မှန်၏− ရှေး၌ ပညာအမျိုးမျိုးကို ပြခဲ့သော်လည်း အဘိဓမ္မာဒေသနာတော်ကို ဖြစ်စေတတ်သောပညာမှာ အသာဓာရဏဖြစ်သော သဗ္ဗညုတဉာဏ် ပညာ်တော်သာ ဖြစ်သင့်သည်။
အစွမ်း ၃−ပါး။ ။တေဇသာ၌ ''တေဇ''ကို ဋီကာ၌ ၃−မျိုးဖွင့်ထား၏၊ (၁) သဗ္ဗဉေ ယျဓမ္မာနံ ယထာသဘာဝဇာနနသမတ္ထာ−သိဖွယ်မှန်က မကျန်ရအောင် မုချဧကန် အမှန်အတိုင်း သိစွမ်းနိုင်သောပညာ၊ (၂) တေသံ ဒေသေတဗ္ဗပကာရဇာနနသမတ္ထာ−သိသည့်အလိုက် ဟောလိုက်သောအပြား တရားဆင်ပြင်နည်း အမျိုးမျိုးကို သိစွမ်းနိုင်သောပညာ၊ (၃) ဗောဓနေယျာနံ အာသယာဓိမုတ္တိယာဒိ ဝိဘာဝနသမတ္တာ−ဝေနေယျတို့ အဇ္ဈသယနှင့် စွဲလမ်းမှုစသည်တို့ကို ခွဲခြား၍ သိနိုင်စွမ်းသောပညာတည်း၊ (ဤအစွမ်း ၃−ပါးကို သင်္ဂြုဟ်ဘာသာဋီကာ၌ ဂန္ထာရမ္ဘဂါထာ ပြုခဲ့ပါသည်။] ဤသို့သိတော်မူပြီးသော တရားအမျိုးမျိုးတွင် တစ်မျိုးမျိုးကို ''ဤနည်းဖြင့်လည်းဟောနိုင်, ဤနည်းဖြင့်လည်း ဟောနိုင်၏''ဟု ဟောနည်း ဆင်ပြင်နည်းအမျိုးမျိုးကို သိတော်မူပြီး ဖြစ်ရကား ဝေနေယျတို့၏ လိုအင်ဆန္ဒဟူသော အာသယကိုလည်းကောင်း, စွဲလမ်းမှု အဓိမုတ္တိကိုလည်းကောင်း, နှိုက်နှိုက်ချွတ်ချွတ် ကြည့်တော်မူကာ ထိုဝေနေယျ၏အာသယအဓိမုတ္တိနှင့် အံ့ကိုက်ဖြစ်လောက်သော တရားဆင်နည်းဖြင့် ပြင်ဆင်၍ ဟောတော်မူလိုက်သောအခါ အဆင်သင့် တရားထူးကို ရကြပေသည်၊ ထို့ကြောင့် ထိုမျှလောက် အစွမ်းရှိသော သဗ္ဗညုတဉာဏ်တော်သည်သာအဘိဓမ္မာဒေသနာတော်၏ ဖြစ်ကြောင်း သမုဋ္ဌာန်ဖြစ်ရပေသည်။ [အဘိဓမ္မ ကထာမဂ္ဂံ၏ အဖွင့်ကို ဋီကာနိဿယ၌ ရှုပါ။]
ဒေဝါနံ သမ္ပဝတ္တယိ။ ။''ဒေဝါနံ ဂဏေန''ဟု ရှေ့၌ ဒေဝါနံပါပြီးဖြစ်ပါလျက် ''ဒေဝါနံ''ဟု ထပ်၍ဆိုခြင်းသည် ''အတ္ထန္တရဝိညာပန−အနက်ထူးတစ်မျိုးကို သိစေရခြင်း အကျိုးရှိ၏ ။ [''သိဒ္ဓေ သတိပိ အာရမ္ဘော နိယမာယဝါ ဟောတိ အတ္ထန္တ ရဝိညာပနာယဝါ'' ဟူသော ပရိဘာသာနှင့် အညီတည်း။] ထိုအနက်ထူးကား− ''ဝါတွင်း ၃−လ ဟောရလောက်အောင် ရှည်လျားသော အဘိဓမ္မာ ဒေသနာတော်အစဉ်ကို နတ်ဗြဟ္မာတို့သည် နာယူစွမ်းနိုင်ကြသည်''ဟူသော အနက်အဓိပ္ပာယ်တည်း၊ သမ္ပဝတ္တယိ−၌ သံ+ပ+ဝတ္ထုဓာတ်, ဏယစ္စည်း၊ ''ကောင်းစွာ အပြားအားဖြင့် ဖြစ်စေပြီ''ဟု သဒ္ဒတ္ထ၊ ''ဟောတော်မူပြီ''ဟု အဓိပ္ပာယတ္ထဖြစ်၏၊ ဤသို့ အာရောစနတ္ထအဓိပ္ပာယ်ရသောကြောင့်ပင် ''ဒေဝါနံ''ဟု အာရောစနတ္ထသမ္ပဒါန်ထားသည်။
သိရီမတော၊ ရှေးဘုန်းကံ, ပညာဉာဏ်တို့, ပိုလျှံယှက်ဝေ, ကျက်သရေရှိတော်မူသော။ ဝါ၊ ကိုယ်တော်မြတ်၏, လျှောက်ပတ်သပ္ပာယ်, လွန်တင့်တယ်၍များကြွယ်သတ္တဝါ, အုပ်စိုးကာဖြင့် သံသာငြိမ့်ညောင်း, ခြွေရံကောင်းဟု, စုပေါင်းယှက်ဝေ ,ကျက်သရေရှိတော်မူသော။ တဿ သမ္ဗုဒ္ဓဿ၊ ထိုမြတ်စွာဘုရား၏။ ပါဒေ၊ ခြေတော်တို့ကို။ (နမဿာမိ၊ ရှိခိုးပါ၏)။ နမဿိတွာ၊ ရှိခိုးပြီး၍လည်းကောင်း။ အဿ(သမ္ဗုဒ္ဓဿ)၊ ထိုမြတ်စွာဘုရား၏။ သဒ္ဓမ္မံ၊ မဂ် ဖိုလ် နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်သောတရားတော်မြတ်ကို။ (ပူဇေမိ၊ ပူဇော်ပါ၏)။ ပူဇေတွာစ၊ ပူဇော်ပြီး၍လည်းကောင်း။ သံဃဿ၊ အရိယာ သံဃာတော်အား။ အဉ္ဇလိံ၊ လက်အုပ်ချီမိုး, ရှိခိုးခြင်းကို။ (ကရောမိ၊ ပြုပါ၏)။ ကတွာစ၊ ပြုပြီး၍လည်း၍ကောင်း။တဿ ပါဒေ နမဿိတွာ။ ။ဤပြခဲ့သော စကားအစဉ်ဖြင့် ဘုရားရှင်၏ ကရုဏာပညာအမှူးရှိသော ဂုဏ်တော်တို့ကြောင့်လည်းကောင်း, အဘိဓမ္မာဒေသနာကိုဟောတော်မူခြင်းဖြင့် ဝေနေယျတို့၏စီးပွားကို ကျင့်တော်မူခြင်းကြောင့်လည်းကောင်း, အလွန်ရှိခိုးထိုက်သော ပုဂ္ဂိုလ်ဖြစ်ကြောင်းကို ပြခဲ့ပြီ၊ ယခုအခါ မိမိအလိုရှိအပ်သော အန္တ ရာယ ဝိသောသန အကျိုးရှိသော ပဏာမကို ပြုတော် မူလိုရကား ''တဿ ပါဒေ နမဿိတွာ''ဟူသော ပါဌ်ကို မိန့်၊ [နမဿိတွာ၌ နမဿဓာတ်ဟု ဓာတ်ကျမ်း၌ လည်းကောင်း, နာမော နိပါတ်နောင် ကရောတိ အနက်၌ အဿပစ္စည်း သက်ထားသော ဓာတုပစ္စယန္တ ပုဒ်ဟု မောဂ္ဂလ္လာန်(၅)ကဏ္ဍ(၁၁)သုတ်၌လည်းကောင်း ဆိုသည်။]
သိရီမတော။ ။သက္ကတ၌ ''ဩီ''ပုဒ်သည် ပါဠိ၌ ''သိရီ''ဟု ဤကာရန္တ ပုဒ်ဖြစ်လာ၏၊ ထိုပုဒ် သည် အနက်များစွာကိုဟောသော်လည်း ဤနေရာ၌ ပညာကိုလည်းကောင်း ရှေးဘုန်းရှေးကံကိုလည်း ကောင်း အထင်ရဠှီအားဖြင့် ဟော၏ဟု သိစေလို၍ ''သိရီတိ ပညာ ပုညာနံ အမိဝစနံ''ဟု ဝဒန္တိ ဝါဒကို ဋီကာပြသည်၊ ထိုပညာနှင့်ဘုန်းကံသည် ဘုရားရှင်၌ လွန်လွန်ကဲကဲရှိကြောင်းကိုပြ၍ အတိသယ အနက်ဟောမန္တုပစ္စည်းဖြင့် ''သိရီမတော''ဟုမိန့်သည်။ ဤအတိုင်း နိဿယ၌ အနက်ပေး ထား၏။
မှတ်ချက်။ ။မဓုဋီကာ၌ ဤနည်းဝယ်''သရဓာတ် အပစ္စည်းနှင့် ဣတ္ထိဇောတက ဤပစ္စည်းကြံ၍ ''သရန္တိ ဇာနန္တိ ဧတာယတိ သိရီ'' (ပညာ−သိကြောင်းပညာ)ဟုလည်းကောင်း, ''သရတိ ပဝတ္တတိ ဖလံ ဧတာယာတိ သိရီ'' (ပုညံ−အကျိုးတရား၏ ဖြစ်ကြောင်း ကောင်းမှု)ဟုလည်းကောင်း၊ ဝိဂ္ဂဟပြု၏၊ သက္ကတ၌ကား ''ဩီ−ပါကေ''ဟူသော ဓာတ်နောင် ကွိပစ္စည်းဖြင့်ပြီးဟေ၏၊ [သိရီပုဒ်၏ ဝစနတ္ထကို ဋီကာ၌ တစ်နည်းကြံသေး၏ ။ ဋီကာနိဿယ၌ရှုပါ၊ ထိုနည်းအတိုင်းလည်း ဒုတိယတစ်နည်း ပေးထားသည်။]
တရားသံဃာလည်း ရှိခိုးထိုက်။ ။ဆိုအပ်ခဲ့ပြီးသော စကားအစဉ်ဖြင့် ဘုရားရှင်၏ ဂုဏ်တော် တို့ကိုသာပြခဲ့၍ တရားသံဃာ၏ ဂုဏ်တော်ကို အထူးမပြခဲ့သောကြောင့် တရားသံဃာသည် အဘယ်နည်းဖြင့် ရှိခိုးထိုက်ပါသနည်းဟု မေး​ဖွယ်ရှိ၏၊ အဖြေကား−ဘုရားရှင်၏ ဂုဏ်တော်ကို တိုက်ရိုက်ပြလိုက်သဖြင့် တရားတော်၏ သွာက္ခာတတာ စသောဂုဏ်, အရိယာသံဃာတော်၏ သုပ္ပဋိပန္နစသော ဂုဏ်တော်များကိုလည်း ပြပြီးဖြစ်၏၊ ဘာကြောင့်နည်း−တပ္ပဘဝဿ အနညထာဘာဝတော− ထိုဘုရားလျှင် အမွန်အစရှိသော (ထိုဘုရားမှစ၍ဖြစ်သော) တရားတော်နှင့် သံဃာတော်မှာ ထိုဂုဏ်များ ရှိခြင်းမှတစ်ပါး မရှိခြင်းဟူသော အခြင်းအရာ၏ မဖြစ်ထိုက်သောကြောင့်တည်း။ [''ကရုဏာ ပညာ စသော ဂုဏ်တော်၏အရှင် ဘုရားသခင်မှ ဖြစ်လာသော တရားသံဃာသည် ဂုဏ်မရှိသော တရားသံဃာ မဖြစ်နိုင်, သွာက္ခတတာ စသောဂုဏ် သုပ္ပဋိပန္နတာ စသော ဂုဏ်တော် များ အသီးသီးရှိသော တရားသံဃာတော်သာ ဖြစ်ထိုက်၏'' ဟူလို။]
ရတနတ္တယေ၊ ရတနာ ၃−ပါးအပေါင်း၌။ ကတဿ၊ ပြုအပ်ပြီးသော။ ဧတဿ နိပစ္စကာရဿ၊ ဤပျပ်ဝပ်ညွတ်လျှိုး, ရှိခိုးမှုကိုပြုခြင်း၏။ ဝါ၊ ဤပျပ်ဝပ်ညွတ်လျှိုး, ရှိခိုးမှုကိုပြုကြောင်း စေတနာ၏။ အာနုဘာဝေန၊ တန်ခိုးရှိန်စော် အာနုဘော်ဖြင့်။ ဝါ၊ ကြောင့်။ အသေသတော၊ အကြွင်းမရှိကုန်သော။ အန္တ ရာယေ၊ အန္တရာယ်တို့ကို။ ဝါ၊ သတ္တဝါ သန္တာန်၏ အကြားအကြား၌ဖြစ်ပွားတတ်သော အတွင်းအပ ဘေးရန်တို့ကို။ သောသေတွာ၊ ချုပ်ငြိမ်းသွေ့ခြောက်, ကွယ်ပျောက်စေပြီး၍။ [အတ္ထံ ပကာသ ယိဿာမိ၊ ၌ လှမ်းစပ်။]ရှိခိုးရာ၌ ကြိယာအမျိုးမျိုးသုံးစွဲပုံ။ ။ရတနာ ၃−ပါးကို ရှိခိုးရာဝယ် ''ဘုရား ရတနာအတွက် နမဿိတွာ, တရားရတနာအတွက် ပူဇေတွာ, သံဃာ့ရတနာအတွက် အဉ္ဇလိံကတွာ''ဟု ကြိယာအမျိုး မျိုးလဲလျက် အဘယ့်ကြောင့် သုံးစွဲရသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား−ဗုဒ္ဓ, သံဃ ပဏာမအတွက် ထိုထိုပါဠိတော်များကို နည်းမှီးသောကြောင့်လည်းကောင်း, ဓမ္မ ပဏာမအတွက် ပူဇနကြိယာဖြင့် သုံးစွဲသင့်သောကြောင့်လည်းကောင်း ကြိယာ အမျိုးမျိုး သုံးစွဲရပါသည်။
ချဲ့ဦးအံ့−''သဒေဝကေ လောကေ ၊ပေ၊ တထာဂတော ၊ပေ၊ ဝန္ဒနီယော''ဟု ဝိနည်းပရိဝါပါဠိတော်ရှိ၏၊ ထိုပါဠိတော်အားလျော်စွာ ဝန္ဒနကြိယာ၏ ကိုယ်စား ''နမဿိတွာ''ဟု ဗုဒ္ဓပဏာမ အတွက် သုံးစွဲထား၏၊ ''သုပ္ပဋိပန္နော ၊ပေ၊ အဉ္ဇလိ ကရဏီယော'' ဟူသောသံဃာ့ဂုဏ်တော် ပါဠိတော်အားလျော်စွာ ''သံဃဿ အဉ္ဇလိံကတွာ''ဟု သံဃာ့ပမာဏအတွက်သုံးစွဲထား၏၊ ဓမ္မကိုကား သွာက္ခာတတာ စသော ဂုဏ်တော်ကို အောက်မေ့နေ (အမှတ်ရနေသောအားဖြင့် ပူဇော် ထိုက်၏၊ ထို့ပြင် ''တံ ယေဝ ဓမ္မံ သက္ကတွာ ဂရုံ ကတွာ ဥပနိဿာယ ဝိဟရေယျံ''ဟု ဗြဟ္မ သံယုတ် ပထမဝဂ္ဂ ပါဠိတော်ရှိ၏၊ ထိုပါဠိတော်အလိုအားဖြင့်လည်းဓမ္မသည် ပူဇော်ထိုက်၏၊ ထို့ရောင့် ဓမ္မရတနာအတွက် ''သဒ္ဓမ္မဉ္စဿ ပူဇေတွာ''ဟု ဆိုရကြောင်းကို ဋီကာ မိန့်သည်။
နိပစ္စကာရဿ။ ။မိမိပြုအပ်သော ပဏာမ၏ အကျိုးပယောဇဉ်ကို ပြလိုသောကြောင့် ''နိပစ္စ'' စသည် မိန့်၊ ''ပဏာမကြိယာ၏အာနုဘော်ကြောင့် (အာနုဘော်ဖြင့်) အန္တရာယ်တို့ကို ကွယ်ပျောက် ခြောက်သွေ့စေလိုသည်''ဟူလို။ နိပတနံ−ပျပ်ဝပ်ခြင်း၊ နိပစ္စံ−ခြင်း၊ [နိ+ပတ+ဏျ။] ''ပျပ်ဝပ်''ဟူသည် ကိုင်းညွတ်ခြင်း ရှိသေခြင်း ရှိခိုးခြင်းတည်း၊ နိပစ္စဿ−ကို+ကာရော−ပြုခြင်း(ပြုကြောင်းစေတနာ)တည်း၊ နိပစ္စကာရော− ခြင်း၊ [အာနုဘာဝေန သောသေတွာ အန္တ ရာယေတို့၏အနက်နှင့် အဓိပ္ပာယ်ကို ပါရာဇိကဏ်ဘာသာဋီကာ ဂန္ထာရမ္ဘအဖွင့်၌ ပြထားပြီ၊ အန္တရာယ်ပယ်ဖျောက်ပုံကိုလည်း ထိုဘာသာဋီကာ၌ပင် အကျယ်ပြထားပြီ။]
ဝိသုဒ္ဓါစာရသီလေန၊ အထူးသဖြင့် စင်ကြယ်သော အောက်အာပတ် ၅−ပုံဟူသော အကျင့်, အထူးသဖြင့် စင်ကြယ်သော ပါရာဇိက သံဃာဒိသေသ်ဟူသော သီလရှိထ သော။ (တစ်နည်း) ဝိသုဒ္ဓါစာရသီလေန၊ အထူးသဖြင့် စင်ကြယ်သောစာရိတ္တသီလ, အထူးသဖြင့် စင်ကြယ်သော ဝါရိတ္တသီလရှိထသော။ နိပုဏာမလ ဗုဒ္ဓိနာ၊ သိမ်မွေ့သန့်ရှင်း, ညစ်ကြေးကင်းသော ဉာဏ်ပညာလည်းရှိထသော။ ဗုဒ္ဓဃောသေန၊ စူဠဗုဒ္ဓဃောသ မည်သော။ ဘိက္ခုနာ၊ ရဟန်းသည်။ သက္ကစ္စံ၊ ရိုသေစွာ။ အဘိယာစိတော၊ ရှေးရှုပျပ်ဝပ်, တောင်းပန်အပ်သည်။ (ဟုတွာ၊ ၍)။ [အတ္ထံ ပကာသယိဿာမိ၊ ၌ လှမ်းစပ်။]သောသေတွာ။ ။သုသဓာတ်သည် သုဿန (ခြောက်သွေ့ခြင်း) အနက်ဟော၊ ကာရိတ်ဏေ ပစ္စည်း၊ ထို့ကြောင့် ခြောက်သွေ့ခြင်း အနက်ဟော သုက္ခဓာတ်, ဏာပေပစ္စည်းဖြင့် ''သုက္ခာပေတွာ'' ဟု ဓာတ်ပစ္စည်းအနက်တို့ကို ဋီကာဖွင့်သည်၊ ဋီကာ၌ ''အန္တ ရဓာပေတွာ''ကား သုက္ခပေတွာကို ထပ်ဖွင့်သော အနုသံဝဏ္ဏာနာတည်း၊ ''ခြောက်သွေ့စေ''ဟူရာ၌ ရှိပြီးသော အန္တရာယ်ကို ခြောက်သွေ့စေခြင်းမဟုတ်၊ အတွင်း အပ အန္တရာယ်များမဖြစ်လာစေဘဲ ပျောက်ကွယ်နေခြင်းကို ဆိုလိုသည်ဟု အဓိပ္ပာယ်ဖွင့်ပြခြင်းတည်း။
သေသတော။ ။''နတ္ထိ+သေသော ယေသံတိ အသသာ''ဟု ဝိဂ္ဂဟပြု၍ အကြွင်းမရှိသော အန္တရာယ်များကို ရသောကြောင့် ''အန္တရာယေ''နှင့် အရတူရကား ဋီကာ၌ ''နိဿေသေ''ဟု ဖွင့်သည်၊ သကလေကား နိဿေသေကို ထင်ရှားစေဖို့ရာ ပရိယာယ်ဖွင့်တည်း၊ တောပစ္စည်းလည်း ဒုတိယာဝိဘတ်၏ အနက်၌သက် ''အသေသတော−အကြွင်းမရှိသောအားဖြင့်''ဟုလည်း ပေးကြသေး၏၊ ထို့သို့ပေးလျှင် တော−ပစ္စည်းသည် ကြိယာဝိသေသနအနက်၌ သက်ရလိမ့်မည်၊ အရတူရာ၌ တစ်ဝါကျတည်းဝယ် ဝိဘတ်တူမြဲဖြစ်သောကြောင့် ထိုအနက်ကို မဓုဋီကာ၌ တားမြစ်ထားပါသည်။
တောင်းပန်ခြင်း။ ။ရတနတ္တယပဏာမ၏ ပယောဇဉ်ကို ပြပြီးသောအခါ ပဋိညာဉ်ကိုပြ၍ တစ်ဆက်တည်း ကျမ်းဂန်ကိုသာ စီရင်ထိုက်ပါလျက် အဘယ်အကျိုးငှာ တောင်းပန်ပုံကို ပြနေရပါသနည်းဟု မေးဖွယ်ရှိ၏၊ အဖြေကား−အဘိဓမ္မာအဋ္ဌကထာကို တောင်းပန်သော ပုဂ္ဂိုလ်သည် ဝိသုဒ္ဓါစာရသီလ ဂုဏ် နိပုဏာမလဗုဒ္ဓိတ်တို့နှင့် ပြည့်စုံပေရကား ထိုတောင်းပန် သော အရှင်မြတ်ကိုယ်တိုင် သူတော်ကောင်းပညာရှိပုဂ္ဂိုလ်တစ်ပါးဖြစ်၏၊ ''ထိုသို့ ပညာရှိပုဂ္ဂိုလ် ကိုယ်တိုင် အဘိဓမ္မာအဋ္ဌကထာကို စီရင်ပါရန်တောင်းပန်ရသည်''ဟု ဆိုသဖြင့် ''ထိုအဋ္ဌကထာစီရင်ခြင်းကိစ္စသည် မခဲယှဉ်းလှလျှင် တောင်းပန်ဖွယ်မလို, အလွန်ခဲယဉ်းသောကြောင့်သာ တောင်းပန်ရသည်''ဟူသော အဓိပ္ပာယ်ကို သွယ်ဝိုက်သောနည်းအားဖြင့် ပြခြင်းငှာလည်းကောင်း, ထိုကဲ့သို့ ဝိသုဒ္ဓါစာရစသော ဂုဏ်ရှိသောပုဂ္ဂိုလ် က မိမိကို ''စီရင်စွမ်းနိုင်၏''ဟု ယုံကြည်၍တောင်းပန်သောကြောင့် ''မစီရင်လို''ဟု ဆန့်ကျင် ပယ်လှန်ဖို့ရန် မသင့်ချေ, ဧကန် စီရင်ရပေမည်−ဟု ပြခြင်းအကျိုးငှာလည်းကောင်း ''ဝိသုဒ္ဓါစာရ'' စသော တောင်းပန်ကြောင်းစကားကို ပြဆိုရပါသည်။
ဒေဝဒေဝေါ၊ နတ်တို့၏နတ် ဖြစ်တော်မူသော။ ဝိနာယကော၊ ဝေနေယျ သတ္တဝါတို့ကို ဆုံးမတော်မူတတ်သော မြတ်စွာဘုရားသည်။ ဝါ၊ ရှေ့ဆောင် လမ်းပြ, နာယကမှ ကင်းတော်မူသော မြတ်စွာဘုရားသည်။ ယံ (အဘိဓမ္မံ)၊ အကြင်အဘိဓမ္မာကို။ ဒေဝါနံ၊ နတ်ဗြဟ္မာတို့အား။ ဒေသေတွာ၊ အကျယ်ဟောပြ တော်မူခဲ့ပြီး၍။ ပုန၊ တစ်ဖန်။ နယတော၊ နည်းအမြွက်အားဖြင့်။ ဝါ၊ အကျဉ်းချုပ်အားဖြင့်။ သာရိပုတ္တဿ၊ သာရိပုတြာမည်တော်မူသော။ ထေရဿ၊ ထေရ်သား။ သမာစိက္ခိ၊ ကောင်းစွာ ဟောပြတော်မူပြီ။ဝိသုဒ္ဓါစာရသီလေန။ ။ထုလ္လစ္စဉ်းစသော အောက်အာပတ် ၅−ပုံသည် များသောအားဖြင့် အာစာရ ဝိပတ္တိ (အကျင့်ပျက်မှုအာပတ်)တည်း၊ [မုသာဝါဒ, တိရစ္ဆာနပါဏဃာတသိက္ခာပုဒ်စသော သီလဝိပတ္တိ အနည်းငယ်ပါသေးသောကြောင့် ''များသောအားဖြင့်''ဟု ဆိုသည်၊] ပါရာဇိက သံဃာဒိသေသ် သည် သီလဝိပတ္တိတည်း၊ အာစာရဝိပတ္တိမှ စင်ကြယ်သည်ကို ဝိသုဒ္ဓါစာရ, သီလဝိပတ္တိမှ စသင်ကြယ် သည်ကို ဝိသုဒ္ဓသီလဟုဆိုသည်၊ တစ်နည်း−ခန္ဓကဝတ် စသည်၌လာသော အကျင့်များကို စာရိတ္တသီလ ဟုခေါ်၍, ''မပြုလုပ်ရ''ဟု တားမြစ်အပ်သော ပါရာဇိက စသောသီလကို ဝါရိတ္တသီလဟုခေါ်၏၊ စာရိတ္တ၏ စင်ကြယ်ခြင်းကို ဝိသုဒ္ဓါစာရ, ဝါရိတ္တ၏ စင်ကြယ်ခြင်းကို ဝိသုဒ္ဓသီလဟုခေါ်သည်။ [ဝိသုဒ္ဓံ+အာစာရသီလံ ယဿာတိ ဝိသုဒ္ဓါစာရသီလော။]
နိပုဏာမလဗုဒ္ဓိနာ။ ။ဉာဏ်ပညာသည် သိမ်မွေ့နက်နဲသော အာရုံကို ယူတတ်သောပညာဖြစ်လျှင် (အကြောင်းအာရုံ၏ သိမ်မွေ့မှုကို အကျိုးဉာဏ်၌တင်စား၍ ကာရဏူပစာရအားဖြင့်) နိပုဏာမည်၏၊ ထိုသို့ နိပုဏာဖြစ်သည့်အပြင် ရာဂစသော အညစ်အကြေးကင်းမှ သန့်ရှင်း၏၊ ဥပမာ−သိမ်မွေ့ ထက်မြက်သော အပ်သည် သံကြေးမတက်မှ သာ၍ထက်သကဲ့သို့တည်း၊ နတ္ထိမလံ ယဿာတိ အမလာ၊ နိပုဏာစ+သာ+အမလာစာတိ နိပုဏာမလာ (ဝိသေသနောဘယပဒကမ္မဓာရည်းသမာသ်)၊ နိပုဏာ မလာ+ဗုဒ္ဓိ ယဿာတိ နိပုဏာမလဗုဒ္ဓိ။
ဗုဒ္ဓဃောသေန။ ။အတောင်းပန်ခံရသော အရှင်နှင့် တောင်းပန်သော အရှင်သည် နာမည်ချင်း တူနေ၏၊ ထို့ကြောင့် တောင်းပန်သောအရှင်ကို ''စုဠဗုဒ္ဓဃောသ'' (ဗုဒ္ဓဃောသငယ်)ဟု ခေါ်ကြသည်။
သက္ကစ္စံ။ ။''အာဒရတ္ထနိပါတ်''ဟုလည်းကောင်း, သံပုဗ္ဗ+ကရ−တွာဖြင့် ''သက္ကစ္စ''ဟုပြီးမှ ဝါစာသိလိဋ္ဌနိဂ္ဂဟိတ်လာထားသောပုဒ်အရလည်းကောင်း ကြံကြ၏၊ ဋီကာ၌ ''စိတ္တီကတွာ''ဟုဖွင့်၏၊ ထိုစိတ္တီကတွာလည်း ''စိတ္တ+ကတွာ''ပုဒ်ကို သမာသ်စပ်ထားသော ပုဒ်တည်း၊ အဗ္ဘုတတဗ္ဘော အနက်၌ စီ(စ အနုဗန်ရှိသောဤ)ပစ္စည်းသက်၍ စိတ္တီကတွာ ပြီးသည်၊ ''စိတ်မဟုတ်သော်လည်း စိတ်ကဲ့သို့ပြု၍''ဟု ပေး၊ မိမိစိတ်ကို မိမိအလွန်အလေးပြု၍ စိတ်ချမ်းသာမှုကို ဂရုစိုက်သကဲ့သို့ ထိုတောင်းပန်မှု၌လည်း မိမိစိတ်ကဲ့သို့ပင် အလေးပြုသည်−ဟူလို၊ မဓုဋီကာ၌လည်းရိုသေခြင်းအနက်ကို ဟောသော ''စိတ္တိ''ပုဒ်ဟုကြံ၍ ''စိတ္တံ−ရိုသေခြင်းကို၊ ကတွာ−ပြု၍''ဟု ဆိုသည်။
သော ထေရော၊ ထိုအရှင်သာရိပုတြာထေရ်သည်။ အနောဒတ္တဒဟေ၊ အနဝတတ်အိုင်၌။ ဝါ၊ အနဝတတ်အိုင်၏အနီးဖြစ်သော စန္ဒကူးတော၌။ မဟေသိနော၊ မြတ်စွာဘုရားအား။ ဥပဋ္ဌာနံ၊ ဆည်းကပ်လုပ်ကျွေးမှုကို။ ကတွာ၊ ပြုပြီး၍လည်းကောင်း။ ယံ၊ ယင်းအဘိဓမ္မာကို။ သုတွာနစ၊ နာယူပြီး၍လည်းကောင်း။ မဟီတလံ၊ ဇမ္ဗူသောင်းခွင်, မြေအပြင်သို့။ အာဟရိတွာ၊ ဆောင်ယူခဲ့ပြီး၍။ ဘိက္ခူနံ၊ လင်းနို့သားဖြစ်ခဲ့ဖူးသော တပည့်ရဟန်း ငါးရာတို့အား။ ပယိရုဒါဟာသိ၊ ဟောပြော, ပြသ, ပို့ချတော်မူပြီ။ယံ ဒေဝ ဒေဝေါ။ ။တောင်းပန်ပုံကို ပြပြီး၍ ယခုအခါ ဖွင့်ပြအပ်လတ္တံ့သော ပါဠိတော်၏ ဖြစ်ပေါ်လာပုံကို အစီအစဉ်ကို ပြလိုသောကြောင့် ''ယံ ဒေဝဒေဝေါ''စသော ဂါထာစကားကို မိန့်သည်၊ ''ဝေဒေဟမုနိနာပု''တိုင်အောင် မြှော်သည်။ [ဒေဝဒေဝါ၏ အဖွင့်ကို ဋီကာ၌ တိုက်ရိုက်ဖွင့်ထားပြီ ဖြစ်၍ ဋီကာနိဿယ၌ ရှုပါ။]
နယတော။ ။''နီယတိ ဉာယတိ ဧတေနာတိ နယော''နှင့်အညီ သိစေအပ်သောအနက်ကို သိကြောင်းစကားသည် ''နယ''မည်၏၊ မြတ်စွာဘုရားသည် အနဝတ်ရေအိုင်၏အနီး၌ ဆည်းကပ်လာသော အရှင်သာရိပုတြာအား အဘိဓမ္မာတရားကို အရှင်သာရိပုတြာသိလောက်အောင် နည်းပေးတော်မူ၏ ။ [သာရိပုတြာ တာဝတိံသာ၌ ဤမျှလောက်သောတရားကို ဟောတော်မူခဲ့ပြီ''ဟု အကျဉ်းချုပ်မျှ ဟောတော်မူခြင်းကို ''နည်းပေးတော်မူခြင်း''ဟု ဆိုသည်၊] ထိုကြောင့်နယတောကို ''သင်္ခေပတော''ဟု ဋီကာ၌ အဓိပ္ပာယ်ဖွင့်ပြသည်။ [''သမ္မာသမ္ဗုဒ္ဓေ နယံ ဒေန္တေ''ဟု နောက်၌ လာတ္တံ့။]
မှတ်ချက်။ ။ရှေးဆရာတို့ကား နယတောကို သင်္ခေပတော''ဖွင့်ပုံထောက်၍ ''နယ''အတွက် သင်္ခေပနယ, ဝိတ္ထာရနယ, နာတိသင်္ခေပ နာတိဝိတ္ထာရနယ''ဟု ၃−မျိုးခွဲ၍ ''အရှင်သာရိပုတြအား ဟောတော်မူအပ်သောနည်းသည် သင်္ခေပနယမည်၏၊ တာဝတိံသာ၌ ဟောတော်မူအပ်သော နည်းသည် ဝိတ္ထာရနယမည်၏၊ အရှင်သာရိပုတြက လင်းနို့သားဖြစ်ခဲ့ဖူးသော ရဟန်းငါးရာတို့အား ဟောတော်မူအပ် သောနည်းသည် နာတိသင်္ခေပနာတိဝိတ္ထာနယမည်၏''ဟု ခွဲပြကြသည်။
သမာစိက္ခိဝိနာယကော။ ။သံ+အာစိက္ခိ၌ သံကို သမ္မာဟု ဋီကာဖွင့်၏၊ ထိုသို့ဖွင့်သဖြင့် သံ၏ သမံအနက်စသည်ကို တားမြစ်သည်၊ ထိုသမ္မာ၏ အဓိပ္ပာယ်ကိုကား ''ယထာ ထေရော ဗုဇ္ဈိ''ဟု ထည့်သည်၊ အရှင်သာရိပုတြာထေရ်၏ အကျယ်သိလောက်အောင် ဟောတော်မူခြင်းကို ''သမ္မာအာစိက္ခန''ဟု ဆိုလိုသည်။
ဝိနာယကော။ ။ဋီကာ၌ ၂−နည်းဖွင့်ထား၏၊ ဝေနေယျသတ္တေ ဝိနေတီတိ ဝိနာယကော− ဤနည်း၌ ဝိပုဗ္ဗ နီဓာတ်ဟုကြံ၊ ''နာယကဝိရဟိတောဝါ''ဟူသော ဒုတိယနည်း၌ ဝိကို ဝိဂတ အနက်ကြံ၍ ''နာယကတော+ဝိဂတော ဝိနာယကော−နာယကမှကင်းသော (မိမိကို ရှေ့ဆောင်မည့်ပုဂ္ဂိုလ် မရှိဘဲ မိမိကသာ ရှေ့ဆောင်ဖြစ်သော) ပုဂ္ဂိုလ်''ဟုဆိုလိုသည် ၊ ထို့ကြောင့် ဝိဂတနာယကကို ''သယမ္ဘူ−ကိုယ်တိုင် ကိုယ့်ဘာသာဖြစ်သော ဘုရား''ဟု ဋီကာ၌ အဓိပ္ပာယ်ပြသည်။
ဣတိ၊ ဤအစဉ်အားဖြင့်။ (ယော အဘိဓမ္မော၊ အကြင်အဘိဓမ္မာကို)။ ဘိက္ခူဟိ၊ ရဟန်းတို့သည်။ ဓာရိတော၊ ဆောင်ရွက်မှတ်သားအပ်ပြီ။ ပုန၊ တစ်ဖန်။ ဝေဒေဟမုနိနာ၊ ပညာဖြင့် ဖြစ်တတ်သော ရှင်အာနန္ဒာဟူသော မုနိသည်။ ဝါ၊ ပညာဖြင့်အားထုတ်တတ်သော အရှင်အာနန္ဒာဟူသော မုနိသည်။ သင်္ဂီတိကာလေ၊ ပထမသံဂါယနာတင်ရာအခါ၌။ (ယော အဘိဓမ္မော၊ ကို)။ သင်္ဂီတော၊ သံဂါယနာတင်အပ်ပြီ။အနောတတ္ထ၊ပေ၊ပုန။ ။တာဝတိံသာနတ်ပြည်၌ အဘိဓမ္မာတရား ဟောတော်မူစဉ် ဆွမ်းဘုဉ်းပေး တော်မူစဉ်၌ လူ့ပြည်သို့ဆင်းတော်မူကာ မြောက်ကျွန်း၌ဆွမ်းခံတော်မူ၍ ဟိမဝန္တာဝယ် အနဝတတ်အိုင်၏ အနီး၌ ဆွမ်းဘုဉ်းပေးတော်မူ၏၊ ထိုနောက် စန္ဒကူးတောသို့ ကြွတော်မူ၏၊ အရှင်သာရိပုတြာသည် ထိုတော၌ ဝတ်ကြီး ဝတ်ငယ်ပြု၍ထိုင်နေစဉ် ဘုရားရှင်သည် ဟောတော်မူအပ်ပြီးသော အဘိဓမ္မာ တရားကို အရှင်သာရိပုတြာသိလောက်ရုံ နည်းပေးတော်မူ၏၊ အရှင်သာရိပုတြာသည် ထိုအဘိဓမ္မာတရားကို နာယူခဲ့၍ မိမိ၏ တပည့်ဖြစ်သော ရှေးလင်းနို့သားဘဝတုန်းက အဘိဓမ္မာတရား၌ အထုံပါခဲ့သော ရဟန်းတို့အား ဟောပြောပို့ချတော်မူ၏၊ ဤအစီအစဉ်အတိုင်း ရဟန်းတော်တို့သည် ဆောင်ရွက်မှတ်သား ခဲ့ကြသည်၊ [ဤအကြောင်းအရာကို နောက်၌ အကျယ်ပြဦးလတ္တံ့၊] ပထမသံဂါယာတင်သောအခါ အရှင်အာနန္ဒာသည် (အရှင်မဟာ ကဿပအမေးကို ဖြေသောအားဖြင့်) သံဂါယနာတင်ခဲ့ပေသည်။
မှတ်ချက်။ ။ယဉ္စသုတွာ၌ ဒုတိယန္တဖြစ်ခဲ့သော ယံ သဒ္ဒါသည် ဓာရိ တောင်္သဂီတောတို့၌လည်း အဓိကာရနည်းအားဖြင့် လိုက်လာ၏၊ ထိုသို့လိုက်လာသောအခါ ''အတ္ထဝသာ လိင်္ဂ ဝိဘတ္တိ ဝစန ဝိပရိဏာမော ကာတဗ္ဗော''နှင့်အညီ လိုက်ရ၏၊ ထို့ကြောင့် ''ယော''ဟု ပထမန္တ အနေအားဖြင့် လိုက်လာရသည်။
ပယိရုဒါဟာသိ။ ။ပရိ−ဥ−အာပုဗ္ဗ ဟရဓာတ်သည် ကထနအနက်ဟောတည်း၊ ထို့ကြောင့် ကထေသိ''ဟု ဋီကာဖွင့်သည်၊ သက္ကတ၌− ''ပရ်ယ''ဟုရှိ၏၊ ထို့ကြောင့် ပါဠိ၌ ပရိနောက်ဝယ်ကပ်ဖွယ်သရရှိလျှင် (ယ)လာလေ့ရှိသည်၊ ဥပမာ−ပရိယောသာနံ, ပရိယေသတိ, ပရိယာပုဏာတိ, ပရိယတ္တိစသည်တည်း၊ ဤ၌လည်း ယ လာ၍ ယနှင့်ရကို ရှေ့နောက်ပြုပြီးလျှင် ''ပရိရု''ဟု ဖြစ်၏၊ သက္ကတ၌ ''ဥတ်""ဟု ဥပသာရရှိ၏၊ သန္ဓိစပ်သောအခါ ထို(တ်)သည် (ဒ်)ဖြစ်၍စပ်၏၊ ဥပမာ− ယသ္မာတ် အပေတိ (ယသ္မာဒပေတိ) ပစ္စယာတ် အနိဋ္ဌာ (ပစ္စယာဒနိဋ္ဌာ) စသည်တည်း၊ ထို့ကြောင့် ဥနောက်၌ ကပ်ဖွယ်သရရှိလျှင် ဒ လာလေ့ရှိ၏၊ ဤ၌လည်း ဒ လာ၍ ''ပယိရုဒါ''ဟုဖြစ်၏၊ ဟရဓာတ်ကိုကား မေဂ္ဂလ္လာန်သုတ်ဖြင့် ဟာပြု၊ အဇ္ဇတနီ ဤဝိဘတ်သတ်၊ အဇ္ဇတနီနှောင်းရာ၌ သ လာ၍ ''ပယိရုဒါဟာသိ''ဟု ပြီးရသည်။
ဂမ္ဘီရဉာဏေဟိ၊ နက်နဲသော ဉာဏ်ရှိသော ပုဂ္ဂိုလ်တို့သည်။ အဘိဏှသော၊ မပြတ် မလပ်။ ဩဂါဠဿ၊ ဉာဏ်ဖြင့် သက်ဝင်အပ်သော။ နာနာနယဝိစိတ္တဿ၊ အမျိုးမျိုးသောနည်းတို့ဖြင့် ထူးဆန်းသော။ [ပဋိစ္စသမုပ္ပါဒ်လာသော ဧကတ္တနည်း, နာနတ္တနည်း, အဗျာပါရနည်း, ဧဝံဓမ္မတာနည်းတို့ကို ရည်ရွယ်ဟန်တူသည်၊] တဿ အဘိဓမ္မဿ၊ ထိုအဘိဓမ္မာ၏။ [အတ္ထံ ပကာသိဿာမိ၌ ပဓာနအဖြစ်ဖြင့်စပ်၊ အဋ္ဌကထာ၌လည်း ပဓာနအဖြစ်ဖြင့်စပ်။ အာဒိတော၊ ရှေးဦးအစ, ပထမသံဂါယနာတင်ရာကာလ၌။**ဝေဒေဟမုနိနာ**။ ။ဝိဒန္တိ ဇာနန္တိ ဧတေနာတိ ဝေဒေါ၊ ဤဟတိ ပဝတ္တတီတိဤဟော၊ ဝေဒေန+ဤဟော ဝေဒေဟော၊ ပညာဖြင့် ဖြစ်တတ်သော မုနိ၊ သာမညဖလသုတ် အဋ္ဌကထာ၌ကား ဤဟဓာတ်၏ အားထုတ်ခြင်းအနက်ကိုယူ၍ ''ဝေဒေန ဤဟတိဃဋတိ ဝါယမတီတိ ဝေဒေဟီ''ဟု ဖွင့်၏၊ မဓုဋီကာ၌ အရှင်မဟာကဿပ စသော ပထမသံဂါယနာတင် ရဟန္တာအများကို ''ဝေဒေဟမုနိ''ဟု ဖွင့်၏၊ အရှင်အာနန္ဒာကို အရကောက်သောနည်းကို ကေစိဝါဒဟု ဆိုလေသည်၊ သို့သော် ပါဠိတော်၌ပင် အရှင်အာနန္ဒာကိုသာ ''ဝေဒေဟမုနိ''ဟု သုံးစွဲထားသည်ကို တွေ့ရသည်။ [ကိံပန အယျော မဟာကဿပေါ အယျဿ အာနန္ဒဿ ဝေဒေဟမုနိနော သမ္မုခါ ဓမ္မံ ဘာသိတဗ္ဗံ မညတိ၊−နိဒါနဝဂ္ဂ, ကဿပသံယုတ် ပထမဝဂ္ဂ။]
အဘိဏှသော။ ။''ပုနပ္ပုနံ အဘိဏှဉ္စာ သကိံစာဘိက္ခဏံ မုဟုံ''ဟူသော အဘိဓာန်(၁၁၃၇)၌ အဘိဏှံနှင့် အသကိံကို ပရိယာယ်အဖြစ်ဖြင့် ဆိုထား၏၊ ''အသကိံ− တစ်ကြိမ်မက'' ဟုဆိုလျှင် ''အကြိမ်များစွာ''ဟု ဆိုရာရောက်၏၊ ထို့ကြောင့် အဘိဏှသောကို ''ဗဟုသော−အကြိမ်များစွာ''ဟု ဋီကာ၌ ပရိယာယ်ဖွင့်သည်။
အာဒိတော ၊ပေ၊အဘိသင်္ခတာ။ ။ဤစကားဖြင့် မိမိအဋ္ဌကထာသစ်၏ မှီရာဖြစ်သော အဋ္ဌကထာ ဟောင်းပြ၏၊ ထိုအဋ္ဌကထာဟောင်းကိုမှီ၍ အဋ္ဌကထာသစ် စီရင်ပါမည်−ဟူလို၊ယာ အဋ္ဌကထာကို သင်္ဂီတာ, အနုသင်္ဂီတာ, အာဘတာ, အဘိသင်္ခတာတို့၌စပ်၊ [အတ္ထော ကထီယတိ ဧတာယာတိ အဋ္ဌကထာ−ပါဠိတော်၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုကြောင်းကျမ်းစာ၊ တ္ထကို ဋ္ဌပြု၍ ''အဋ္ဌကထာ''ဟု ဖြစ်သည်။]
မှတ်ချက်။ ။''ယာ အဋ္ဌကထာ သင်္ဂီတာ−အကြင်အဋ္ဌကထာကို သံဂါယနာတင်အပ်ပြီ''ဟု ဆိုသောကြောင့် ''ပထမ သံဂါယနာမတင်မီ ဘုရားလက်ထက်တော်၌ပင် အဋ္ဌကထာရှိပြီးဖြစ်သည်''ဟု သိသာ၏၊ ထို့ကြောင့် ယာ အဋ္ဌကထာပါဌ်ဖြင့် ယခုအဋ္ဌကထာသစ်၏မှီရာ ရှေးအဋ္ဌကထာဟောင်းဟူသည် ဘုရားရှင်မှစ၍ ဖြစ်လာခဲ့ရကား ဘုရားစကားတော်ကဲ့သို့ လေးစားလောက်သော အဋ္ဌကထာ ဖြစ်သည်ဟု သိသာ၏၊ [ပထမသင်္ဂီတိယံ ယာ အဋ္ဌကထာ သင်္ဂီတာတိဝစနေန သာ ဘဂဝတော ဓရမာနကာလေပိ အဋ္ဌကထာ ဝိဇ္ဇတိ၊ တေန ပါဌောဝိယ (ပါဠိတော်ပါဌ်ကဲ့သို့) ဘဝဝံမူလိကာဝါတိ ဝိညာယတိ၊−အနုဋီကာ။]
ပုရာ၊ ရှေးအခါ၌။ ယာ အဋ္ဌကထာ၊ အကြင်အဋ္ဌကထာကို။ မဟာကဿပါဒီဟိ၊ အရှင်မဟာကဿပ အစရှိကုန်သော။ ဝသီဟိ၊ စိတ်စွမ်းသတ္တိ ရှိတော်မူကြသော ရဟန္တာ အရှင်မြတ်တို့သည်။ ဝါ၊ ဝသီဘော် ငါး, နိုင်သောအားဖြင့် စွမ်းအားသတ္တိရှိတော်မူကြသော ရဟန္တာအရှင်မြတ်တို့သည်။ သင်္ဂီတာ၊ သံဂါယနာတင်အပ်ပြီ။ ပစ္ဆာပိ၊ ဒုတိယ တတိယ သံဂါယနာတင်ရာ နောက်အခါ၌လည်း။ ဣသီဟိ၊ အရှင်မဟာကဿပ, အရှင်မောဂ္ဂလိပုတ္တတိဿ အစရှိသော ရဟန္တာအရှင်မြတ်တို့သည်။ ယာ (အဋ္ဌကထာ)၊ ကို။ အနုသင်္ဂီတာစ၊ တစ်ဖန်ထပ်၍လည်း သံဂါယနာတင်အပ်ပြီ။
ပန၊ ထိုသို့ပင် သံဂါယနာ ၃−တန်တင်အပ်ပါသော်လည်း။ မဟိန္ဒေန၊ မဟိန္ဒမည်သော။ ထေရေန၊ ထေရ်သည်။ ယာ (အဋ္ဌကထာ)၊ အကြင်အဋ္ဌကထာကို။ ဥတ္တမံ၊ မြတ်သော။ ဧတံ ဒီပံ၊ ဤ သီဟိုဠ်ကျွန်းသို့။ အာဘတာ၊ ဆောင်ယူအပ်ပြီ။ (ပစ္ဆာ နောက်၌။) ဒီပဝါသီနံ၊ သီဟိုဠ်ကျွန်း၌နေလေ့ရှိသူတို့၏။ ဘာသာယ၊ သီဟိုဠ်ဘာသာဖြင့်။ (ယသ္မာ၊ အကြင်ကြောင့်)။ အဘိသင်္ခတာ၊ ပြောင်းလွဲပြုပြင်စီရင်အပ်ပြီ။ တသ္မာ၊ ထို့ကြောင့်။ (''အတ္ထံ ပကာသယိဿာမိ'' ၌ စပ်)။ အဘိဓမ္မဿလိုက်စေ။ ။တဿ ဂမ္ဘီရညာဏေဟိဂါထာ၌ တဿ အဘိဓမ္မဿကို အတ္ထံ ပကာသယိဿာမိ၌ ပဓာနအားဖြင့် စပ်စေလိုရင်းတည်း၊ သို့သော် ယာ အဋ္ဌကထာဟူသော ဤပုဒ်၌ လည်း ပဓာနအားဖြင့်စပ်၍ ''ထိုအဘိဓမ္မာ၏ အကြင်အဋ္ဌကထာ''ဟု မှတ်ပါ၊ ဤသို့ ပုဒ်တစ်ခုတည်းက ၂−နေရာ ၃−နေရာစပ်ရာဝယ် ''အဓိကာရနည်း, အာဝုတ္တိနည်း''ဟု အနုဋီကာဆိုသည်။ [အဓိကာရဝသေန တမေဝ အဘိဓမ္မ ပဒံ အာကဍ္ဎတိ၊ အာဝုတ္တိအာဒိဝသေန ဝါ အယမတ္ထော ဝိဘာဝေတဗ္ဗော။
သံဂီတာ။ ။သံကို ''သင်္ဂဟေတွာ''ဟုလည်းကောင်း, ဂီတာကို ''ဝုတ္တာ''ဟု လည်းကောင်း ဋီကာဖွင့်၏၊ အနက်ကိုဖွင့်ပြသင့်ရာဌာနတိုင်း၌ ''အယံ ဧတဿ အတ္ထော−ဤ အနုဝဇ္ဇသုခဝိပါကအနက် သည် ဤ ကုသလသဒ္ဒါ၏ အနက်တည်း၊ အယံ ဧတဿ အတ္ထော−ဤ သာဝဇ္ဇ ဒုက္ခဝိပါကအနက် သည် ဤအကုသလသဒ္ဒါ၏ အနက်တည်း'' ဤသို့စသည်ဖြင့် သိမ်းယူ၍ဆိုအပ်သည်ကို သံဂီတိ (သံဂါယနာ)ဟုဆိုသည်။
အာဘတာ ၊ပေ၊ သင်္ခတာ။ ။သံဂါယနာ ၃−တန် တင်အပ်ပြီး အဋ္ဌကထာရှိပါလျက် ''အဘယ်ကြောင့် အတ္ထံ ပကာသယိဿတိ−အဋ္ဌကထာသစ်ကို စီရင်ဦးလတ္တံ့နည်း''ဟု မေးဖွယ်ရှိသောကြောင့် ''အာဘတာ ပန'' စသည်ကိုမိန့်၊ ပါဌ်လျှောက်အတိုင်း အဓိပ္ပာယ်သိပါ၊ အရှင်မဟိန္ဒထေရ်သည် ပါရာဇိကကဏ္ဍ အဋ္ဌကထာ၏နိဒန်း၌ ပြအပ်သည့်အတိုင်း သီဟိုဠ်ကျွန်းသို့ သာသနာပြု ကြွတော် မူ၍ သီဟိုဠ်ရဟန်းတို့အား ပို့ချသောကြောင့် ''အရှင်မဟိန္ဒ မထေရ်သည် ဤအဋ္ဌကထာကို သီဟိုဠ် ကျွန်းသို့ ဆောင်အပ်ပြီ''ဟု ဆိုသည်၊ ထို့နောက် သီဟိုဠ်ဘာသာဖြင့် ပြင်ဆင်ပြုပြင်ထားမှ သီဟိုဠ် သားတို့နားလည်ဖွယ်ရှိသောကြောင့် မူလက မဂဓဘာသာဖြင့်ရှိသော အဋ္ဌကထာကို သီဟိုဠ်ဘာသာဖြင့် ပြောင်းလွှဲလိုက်ကြသည်။
တတော၊ ထိုအဋ္ဌကထာဟောင်းမှ။ (သံဂါယနာ ၃−တန်သို့လည်း တင်အပ်, သီဟိုဠ်ကျွန်းသို့လည်း ဆောင်အပ်, သီဟိုဠ်ဘာသာဖြင့်လည်း စီရင်အပ်သော အဋ္ဌကထာ ဟောင်းမှ)။ တမ္ဗပဏ္ဏိနိဝါသိနံ၊ သီဟိုဠ်ကျွန်း၌ နေလေ့ရှိသူတို့၏။ (သီဟိုဠ်ကျွန်းသူ, ကျွန်းသားတို့၏)။ ဘာသံ၊ သီဟိုဠ်ဘာသာကို။ အပနေတွာ၊ ဖယ်ရှားပြီး၍လည်းကောင်း။ နိဒ္ဒေါသံ၊ အသဘာဝနိရုတ္တိ ဟူသော အပြစ်မရှိသော။ တန္တိ နယာနုဂံ၊ ပါဠိတော်နည်းနာ အသွားအလာသို့ အစဉ်လိုက်သော။ ဘာသံ၊ မဂဓဘာသာကို။ အာရောပယိတွာ၊ ပေထက်သို့တင်၍ လည်းကောင်း။အပနေတွာ တတောဘာသံ။ ။[မိမိအဋ္ဌကထာသစ်၏ မှီရာနိဿယကိုပြပြီး၍ ယခုအခါ ကျမ်းပြုပုံ အစီအစဉ်ဟူသော ကရဏပ္ပကာရကို ပြလိုသောကြောင့် ''အပနေတွာ တတောဘာသံ'' စသည်ကိုမိန့်၊ ''တောသယန္တော ဝိစက္ခဏေ'' တိုင်အောင်မြှော်သည်။] ဘာသံကို ''ကဉ္စုကသဒိသံ သီဟဠဘာသံ''ဟု သာရတ္ထဖွင့်၏၊ ထိုအဖွင့်အရ ကဉ္စကနှင့် တူပုံကို ပါရာဇိကဏ် ဘာသာဋီကာ၌ ပြထားပြီ။
တမ္ဗပဏ္ဏိ။ ။''တမ္ဗော+ပါဏိမှိ ယဿာတိ တမ္ဗပါဏိ''ဟု ဆိုလိုလျက် ဏဒွေဘော်လာ, ပါ၏ အာကို အရဿပြု၍ ''တမ္ဗပဏ္ဏိ'' ဟုဖြစ်သည်၊ ''ယဿ−အကြင်လူအပေါင်းတို့၏''ဟုပေး၊ ဝိဇယ မင်းသားတို့ ဖောင်ဖြင့် မျောသွားကြရာဝယ် သီဟိုဠ်ကျွန်းနေရာရောက်၍ ကမ်းပါး၌ လက်ထောက် သောအခါ လက်တွေနီသောကြောင့် ထိုသူတို့ကို ''တမ္ဗပဏ္ဏိ''ဟုခေါ်၏၊ နေရာကျွန်းကိုလည်း ဌာနျူ ပစာရအားဖြင့် ''တမ္ဗပဏ္ဏိ''ဟု ခေါ်ကြသတတ်၊ ''တမ္ဗော+ပါဏိ ယသ္မိံ''ဟုပြုလျှင် ထိုကမ်းပါးကို မုချ, တစ်ကျွန်းလုံးကို ဧကဒေသူပစာရအားဖြင့် ''တမ္ဗပဏ္ဏိ''ဟု ခေါ်၊ ''သီဟဠဒီပ''ဟုလည်း ခေါ်ရပုံကို ပါရာဇိကဏ် ဂန္ထာရမ္ဘအဖွင့်၌ ပြထားပြီ။
အာရောပယိတွာ နိဒ္ဒေါသံ။ ။''အာပုဗ္ဗ, ရုဟ−ဏာပယ'' ဖြင့် ''အာရောပယ−တက်ရောက်စေ'' ဟု ဖြစ်၏၊ ''တက်ရောက်စေခြင်း''ဟူသည် တင်ပေးခြင်းတည်း၊ သီဟိုဠ်ဘာသာကိုဖယ်၍ မာဓဘာသာကို ပေထက်သို့တက်ရောက်စေမည်၊ ''မာဂဓဘာသာဖြင့်စီရင်ရမည်'' ဟူလို၊ ထိုမာဂဓဘာသာသည် နိဒ္ဒေါသဖြစ်၏၊ ဘာ့ကြောင့်နည်း−သဘာဝနိရုတ္တိ (အစစ်အမှန် သဒ္ဒါ)ဖြစ်သောကြောင့်တည်း၊ ပါဠိဘာသာမှ တစ်ပါးသော အခြားဘာသာတို့သည် သဘာဝနိရုတ္တိ မဟုတ်သောကြောင့် အနည်းနှင့်အများ ထိုက်သလို အပြစ်ရှိကြ၏၊ မာဂဓဘာသာကား အပြောင်းအလွဲ မပြစ်မရှိသောကြောင့် နိဒ္ဒေါသ ဖြစ်သည်၊ မာဂဓဘာသာ၏ မပြောင်းလွဲပုံကို ရူပသိဒ္ဓိဘာသာဋီကာ နာမ်အပိုင်းအစ၌ ပြထားပြီ။
တန္တိနယာနုဂံ။ ။တနောတိ ဝိတ္ထာရေတီတိ တန္တိ၊ အနက်အဓိပ္ပာယ်ကို ချဲ့ဖွင့်တတ်သောပါဠိ၊ [တနုဓာတ်, တိပစ္စည်း၊] တန္တိယာ+နယော တန္တိနယော−ပါဠိတော်၏နည်း (ပါဠိတော်၏ အသွား)၊ တန္တိနယံ+အနုဂစ္ဆတီတိ တန္တိနယာနုဂါ(ဘာသာ)၊ ပါဠိတော်သွားပုံသို့ အစဉ်လိုက်သော ပါဠိတော် သွားပုံနှင့်တူသော မာဂဓဘာသာ။ [ပါရာဇိကဏ်အဋ္ဌကထာ၌ ''ပါဠိနယာရူပံ''ဟုရှိ၏၊ အဓိပ္ပာယ် တူပင်။]
နိကာယန္တ ရလဒ္ဓီဟိ၊ ဂိုဏ်းတစ်ပါးတို့၏ အယူတို့နှင့်။ အသမ္မိဿံ၊ အကြားအကြား၌ ရောနှောခြင်းမရှိသော။ အနာကုလံ၊ မိမိဂိုဏ်း၏ အယူ၌လည်း ရှုပ်ထွေးခြင်းမရှိသော။ မဟာဝိဟာရ ဝါသီနံ၊ မဟာဝိဟာရ၌ နေလေ့ရှိသော ထေရ်တို့၏။ ဝိနိစ္ဆယံ၊ အဆုံးအဖြတ် ကို။ ဒီပယန္တော၊ ထင်ရှားပြလျက်။နိကာယန္တ လဒ္ဓိဟိ။ ။လဘဓာတ်, တိပစ္စည်းဖြင့် ''လဒ္ဓိ''ဟု ဖြစ်၏၊ လဘဓာတ်သည် လာဘ(ရခြင်း) ပတ္တိ(ရောက်ခြင်း)အနက်ကိုဟော၏၊ လဗ္ဘတေ−ရအပ်ရောက်အပ်၏၊ ဣတိ လဒ္ဓိ၊ မိမိစိတ်ဖြင့် ရောက်အပ်သော (ယူထားအပ်သော) အယူဝါဒ ၊ [မဓုဋီကာ၌ ''လဘန္တိ ဝစန္တိ ဧတာယတိ လဒ္ဓိ''ဟု ဆိုလေသည်၊] နိကာယသဒ္ဒါသည် အပေါင်း (သမူဟ)အနက်ကိုဟော၏၊ အန္တရသဒ္ဒါကား ''တစ်ပါး တခြား''ဟူသော အနက်ကိုဟော၏၊ အပေါင်းတစ်ပါးကို ''ဂိုဏ်းတစ်ပါး''ဟုခေါ်ကြသည်၊ နိကာ ယန္တရာနံ+လဒ္ဓိ−နိကာယန္တရလဒ္ဓိ။
ဂိုဏ်းတစ်ပါးအယူ။ ။''တေဇောဓာတ်လွန်ကဲသော မဟာဘုတ်တို့၏ ကြည်လင်ခြင်းသည် စက္ခုပသာဒမည်၏၊ ဝါယောဓာတ် ပထဝီဓာတ် အာပေါဓာတ်လွန်ကဲသော မဟာဘုတ်တို့၏ ကြည်လင်ခြင်းသည် သောတပသာဒ, ဃာနပသာဒ, ဇိဝှာပသာဒမည်၏၊ အလုံးစုံလွန်ကဲသော မဟာဘုတ်တို့၏ ကြည်လင်ခြင်းသည် ကာယပသာဒမည်၏၊ ဤသို့ စသောအယူတည်း''ဟု မဓုဋီကာ ဖွင့်၏ ၊ [ဤအယူသည် ရူပကဏ္ဍအဋ္ဌကထာ၌ ကေစိဝါဒအဖြစ်ဖြင့် လာလတ္တံ့၊] ထိုအယူအတိုင်း ဖွင့်ပြအပ်သော အယူကိုလည်း ကာရဏူပစာရအားဖြင့် ''နိကာယန္တရလဒ္ဓိ''ဟု ခေါ်ရသည်။
မှတ်ချက်။ ။ဤအဋ္ဌကထာကို စီရင်ချိန်၌ သီဟိုဠ်ကျွန်းဝယ် မဟာဝိဟာရဝါသီဂိုဏ်း, ဇေတဝါနဝါသီဂိုဏ်း, အဘယဂိရိဝါသီဂိုဏ်းဟု ၃−ဂိုဏ်းရှိ၏၊ အရှင်ဗုဒ္ဓဃောသသည် မဟာဝိဟာရဝါသီဂိုဏ်းဝင်တည်း၊ ထို့ကြောင့် မဟာဝိဟာရဝါသီပုဂ္ဂိုလ်တို့၏ အယူနှင့် ဆန့်ကျင်နေသော အခြား ၂ ဂိုဏ်း၏အယူကို ''နိကာယန္တရလဒ္ဓိ''ဟု ဆိုသည်။
**အသမ္မိဿံ အနာကုလံ**။ ။ထိုသို့ ဂိုဏ်းတစ်ပါး၏အယူဖြစ်သော အဖွင့်နှင့် မရောသည်ကို အသမ္မိဿ''ဟု ဆို၏၊ သီဟိုဠ်ဘာသာဖြင့် စီရင်အပ်သော ရှေးအဋ္ဌကထာဟောင်း၌ကား အကြားအကြား၌ ထိုနိကာယန္တရလဒ္ဓိများ ပါရှိနေသေး၏၊ ''ဤအဋ္ဌကထာသစ်၌ ထိုသို့ရောနှော၍မပါစေရပါ''ဟူလို၊ မိမိဂိုဏ်းသား၏ အယူဝါဒကား ဤအဋ္ဌကထာသစ် ၌ပါဝင်လိမ့်မည်၊ သို့သော် ''အနာကုသလ၊ ဤကား တိပိဋကစူဠနာဂထေရ်၏ အယူ၊ ဤကား မောရဝါပိဝါသီ မဟာဒတ္တထေရ်၏အယူ'' စသည်ဖြင့် သူ့အယူနှင့်သူ ခွဲခြားမည်ဖြစ်၍ မရှုပ်ထွေးစေရပါ−ဟူလို၊−ဋီကာ။
မဟာဝိဟာရ၊ပေ၊ဝိနိစ္ဆယံ။ ။ဝိနိစ္ဆိနာတိ ဧတေနာတိ ဝိနိစ္ဆယော−ဆုံးဖြတ်ကြောင်းစကား၊ တစ်နည်း−ဝိနိစ္ဆယဉာဏ်၊ ထိုဉာဏ်ဖြင့် ဆုံးဖြတ်အပ်သော စကားအစဉ်ကို ကာရဏူပစာရအားဖြင့် ''ဝိနိစ္ဆိယ''ဟုဆိုသေး၏၊ [အသမ္မိဿံ အနာကုလံတို့၏ စပ်ရာပုဒ်ကို ဋီကာ၌ ၂−နည်းပြထား၏၊ ဤ၌ ရှေ့နည်းအတိုင်း ဝိနိစ္ဆယံ၌ စပ်၍ နိဿယပေးထားသည်။]
အာဂမဋ္ဌကထာသုပိ၊ သတ္တန် အဋ္ဌကထာတို့၌လည်း။ ဂဟေတဗ္ဗံ၊ ယူသင့်ယူထိုက် သော အနက်အဖွင့်ကို။ ဂဟေတွာန၊ ယူပြီး၍လည်းကောင်း။ ဝိစက္ခဏေ၊ စူးစမ်းမြော်မြင်, ပညာ့ရှင်တို့ကို။ တောသယန္တော၊ နှစ်သက်စေလျက်။ အတ္ထံ၊ အနက်အဓိပ္ပာယ်ကို။ ပကာသယိဿာမိ၊ ထင်ရှားဖွင့်ပြပေအံ့။
ပန၊ ဂန္ထ ဂရု, ပြစ်မရှုဖို့, ယခုအနေ, မှာခဲ့ပေအံ့။ သဗ္ဗာနိ၊ အလုံးစုံကုန်သော။ [ပါဠိတော်၌ အာလောက ကသိုဏ်းနှင့် အာကာသကသိုဏ်း မပါ, ဤ၌ ထို၂−ပါးနှင့် တကွ အားလုံး−ဟူလို။] ကမ္မဋ္ဌာနာနိ၊ ကမ္မဋ္ဌာန်း ၄၀−တို့လည်းကောင်း။ စရိယာဘိညာ ဝိပဿနာ၊ စရိုက်, အဘိညာဉ်, ဝိပဿနာတို့၌လည်းကောင်း။ (ဣတိ၊ သို့)။ ဣဒံ သဗ္ဗံ၊ ဤအလုံးစုံကို။ ဝိသုဒ္ဓိမဂ္ဂေ၊ ဝိသုဒ္ဓိမဂ်၌။ ယသ္မာ၊ အကြင်ကြောင့်။ (မယာ၊ ငါသည်)။ ပကာသိတံ၊ ထင်ရှားပြအပ်ခဲ့ပြီ။
တသ္မာ၊ ကြောင့်။ (ထိုသို့အလုံးစုံ၏ ဝိသုဒ္ဓိမဂ်၌ ထင်ရှားပြအပ်ပြီး၏ အဖြစ်ကြောင့်)။ တံ၊ ထိုအလုံးစုံကို။ အဂ္ဂဟေတွာန၊ ဤကျမ်း၌ မယူမူ၍။ သကလာယပိ၊ အလုံးစုံလည်းဖြစ်သော။ တန္တိယာ၊ ပါဠိတော်၏။ ပဒါနုက္ကမတောဧဝ၊ ပုဒ်တို့၏ အစဉ်အားဖြင့်သာ လျှင်။ အတ္ထဝဏ္ဏနံ၊ အနက်ကို ဖွင့်ကြောင်းဖွင့်ရာ အဋ္ဌကထာကို။ ကရိဿာမိ၊ ပြုပေအံ့။ [ရှေး၌ ''အတ္ထံ ပကာသယိဿာမိ'' ဟု မူလပဋိညာဉ်ပါပြီးဖြစ်၍ ''ကရိဿာမိ အတ္ထဝဏ္ဏနံ''ကို အနုပဋိညာဉ်ဟု မှတ်ပါ။]တောသယန္တော။ ။တောသယန္တောကို ဂဟေတဗ္ဗံ ဂဟေတွာနနှင့် တွဲစေလိုသော ဝဒန္တိဝါဒကို ဋီကာပြု၍ ထိုဝါဒကိုပယ်ချပြီးလျှင် တောသယန္တောကို အတ္ထံ ပကာသယိဿာမိ၌စပ်မှ ယုတ္တရူပ (သင့်တော်သော ယောဇနာခြင်း)ဟု ပြထား၏၊ အကျယ်ကို ဋီကာနိဿယ အဓိပ္ပာယ်၌ ရှုပါ။
ကမ္မဋ္ဌာနာနိ၊ပေ၊အဂ္ဂဟေတွာန။ ။''အာဂမဋ္ဌကထာတို့၌ ယူသင့်သော အနက်တို့ကိုယူ၍''ဟုဆိုသောကြောင့် ကမ္မဋ္ဌာန်းစသည်တို့ကိုပါ ယူခွင့်ရှိသော်လည်း ဂန္ထ ဂရုဒေါသကို ရှောင်လွှဲလို့ရကား ''ကမ္မဋ္ဌာနာနိ''စသော အမှာစကားချပ်ကိုထည့်သွင်းအပ်ပေသည်၊ ဝါကျအားဖြင့်ကား ဝါကျာရမ္ဘပင်တည်း၊ ဈာန်စိတ် မဂ်စိတ်တို့ကိုပြခန်း၌ ကမ္မဋ္ဌာန်း, စရိုက်, ဈာန်၏ အကျိုးဖြစ်သော အဘိညာဉ်နှင့် ဝိပဿနာတို့ကိုပြဖွယ်ရှိ၏၊ ထိုအားလုံးကိုပြနေရလျှင် ကျမ်းဂန် ကျယ်ဝန်းသွားမည်စိုးသောကြောင့် မပြတော့ဘဲ ပါဠိတော်ကို တိုက်ရိုက်လာသော အစဉ်အားဖြင့်သာ ဖွင့်ပြတော့မည်−ဟူလို။
အတ္ထဝဏ္ဏနံ။ ။ဝဏ္ဏီယတိ အတ္ထော ဧတ္ထ, ဧတာယ ဝါတိ ဝဏ္ဏနာ−ပါဠိတော်၏အနက်ကို အကျယ်ဖွင့်ပြရာ ဖွင့်ပြကြောင်းဖြစ်သောအဋ္ဌကထာသည် ဝဏ္ဏနာမည်၏၊ အတ္ထဿ−ပါဠိတော်၏အနက်၏၊ ဝါ−ကို+ဝဏ္ဏနာ အတ္ထဝဏ္ဏနာ။
ဣတိ၊ ဤဆိုအပ်ပြီးသောကျမ်းပြုပုံ အစီအစဉ်ဖြင့်။ [အပနေတွာ တတောဘာသံ အစရှိသောကျမ်းပြုပုံအစီအစဉ်ဖြင့်။] ဘာသမာနဿ၊ ဖွင့်ဆိုလတ္တံ့ သော။ မေ၊ ငါ၏။ ဣမံ အဘိဓမ္မကထံ၊ ဤအဘိဓမ္မအဋ္ဌကထာကို။ အဝိက္ခိတ္တာ၊ အထူးထူးသောအာရုံ၌ ပစ်ချအပ်သောစိတ်မရှိကုန်သည်။ ဝါ၊ ပျံ့လွင့်သော စိတ်မရှိကုန်သည်။ (ဟုတွာ၊ ၍။ တုမှေ၊ သောတု အပေါင်းအသင် သူတော်ကောင်းတို့သည်။) နိသာမေထ၊ စူးစူး စိုက်စိုက် နာယူလိုက်ကြကုန်လော။ ဟိ၊ တိုက်တွန်းသင့်စွ။ အယံကထာ၊ ဤအဘိဓမ္မ အဋ္ဌကထာ ကို။ ဒုလ္လဘာ၊ ခဲယဉ်းသဖြင့် ရအပ်၏။ ဝါ၊ ရနိုင်ခဲ၏။ (တစ်နည်း) ဟိ(ယသ္မာ)၊ အကြင့်ကြောင့်။ အယံ ကထာ၊ ဤ အဘိဓမ္မာအဋ္ဌကထာကို။ ဒုလ္လဘာ၊ ခဲယဉ်းသဖြင့် ရအပ်၏။ ဝါ၊ ရနိုင်ခဲ၏။ (တသ္မာ၊ ထိုသို့ အဘိဓမ္မအဋ္ဌကထာ၏ ဒုလ္လဘ၏အဖြစ်ကြောင့်။ အဝိက္ခိတ္တာ၊ ကုန်သည်။ ဟုတွာ၊ ၍။ တုမှေ၊ တို့သည်။ နိသာမေထ၊ ကုန်လော။) ဣတိ၊ ရတနတ္တယ ပဏာမအစရှိသည်ကို ဆိုရာစကားရပ် အပြီးသတ်သတည်း။ဣတိ၊ပေ၊နိသာမေထ။ ။ရတနတ္တယ ပဏာမမှစ၍ ပဋိညာဉ်တိုင်အောင်ပြပြီး၍ သောတုတို့ အားတက်သရော ဖြစ်စေခြင်း၏အကြောင်းဖြစ်သော ဥယျောဇဉ်(တိုက်တွန်းမှု)ကိုပြခြင်းငှာ ''ဣတိ၊ပေ၊ နိသာမေထ''ဟု မိန့်သည်၊ ''အပနေတွာ တတောဘာသံ''စသည်ဖြင့် ကျမ်းပြုပုံကိုပြသောအစဉ်ကို ဣတိ သဒ္ဒါဖြင့် ပြန်၍ညွှန်းသည်၊ သီဟိုဠ်ဘာသာကို ပယ်ခြင်းစသည်ဖြင့် ပြုအပ်လတ္တံ့ဖြစ်သောကြောင့် အလွန်နာယူဖွယ်ကောင်းရကား ဤအဋ္ဌကထာကို စူးစူးစိုက်စိုက်နာယူကြ သင်ယူကြပါ−ဟူလို။
အဘိဓမ္မကထံ။ ။''အဘိဓမ္မ အဋ္ဌကထံ''ဟုဆိုလိုလျက် အတ္ထပုဒ်ကိုချေ၍ ''အဘိဓမ္မ ကထံ''ဟု ဆိုထားသည် [အဘိဓမ္မကထန္တိ အဘိဓမ္မဋ္ဌကထံ၊−ဋီကာ၊] အဘိဓမ္မဿ−အဘိဓမ္မာ ပါဠိတော်+ အဋ္ဌကထာ−တည်း၊ အဘိဓမ္မဋ္ဌကထာ။
နိသာမေထ။ ။နိပုဗ္ဗ+စုရာဒိ သမဓာတ်သည် ဒဿန, သဝန, ၂−နက်ကိုဟော၏၊ ဤနေရာ၌ သဝနအနက်ကိုယူစေလို၍ ''နိသာမေထာတိ သုဏထ''ဟု ဋီကာဖွင့်သည်။
ဒုလ္လဘာဟိ အယံကထာ။ ။တိုက်တွန်းသင့်ပုံကို ပြသော ဒဠှီဝါကျ၊ [ဣဒါနိအဝဿံအယံ သောတဗ္ဗာယေဝါတိ ဒဠံ ဥဿဟေန္တော ဒုလ္လဘာ ဟိ အယံ ကထာတိ၊−ဋီကာ၊] တစ်နည်း−ကြားနာဖို့ရန် တိုက်တွန်းရခြင်း၏အကြောင်းကိုပြသော ဟေတုဝါကျတည်း၊ ဤအဘိဓမ္မာ အဋ္ဌကထာ၏အလွန်ရခဲသောကြောင့် ''အဝိက္ခိတ္တာ နိသာမေထ''ဟု တိုက်တွန်းရပါသည်၊ ဤအဋ္ဌကထာကျမ်းစာမျိုးသည် ဗုဒ္ဓုပ္ပါဒနဝမခဏနှင့် ဆက်စပ်နေ၏၊ ထိုဗုဒ္ဓုပ္ပါဒနဝမခဏက ရခဲသောကြောင့် ဤအဋ္ဌကထာလည်း ဒုလ္လဘဖြစ်သည်−ဟူလို။ [ကထာတိ၌ ဣတိသဒ္ဒါကား−ဂန္တာရမ္ဘ အခန်းတစ်ရပ်ပြီးစီးကြောင်းကိုပြသော ပရိသမာပနတ္ထနိပါတ်ပုဒ်တည်း။]